အခန်း (၁၀၄၇-၁၀၄၈)
Vol. 105 Ch. 1047-1048
အခန်း (၁၀၄၇) ဇွန်ရှန်ဓား
လီယန်ချူသည် ထိုမဟာရှန်းခေတ် ကျင့်ကြံသူအား နတ်မီးလျှံဖြင့် အောင်မြင်စွာ သုတ်သင်ပြီးနောက်၊ တိမ်တိုက်များကို စီးနင်းကာ ဝေမြို့တော်ဆီသို့ ပြန်လည် ဦးတည်ခဲ့တော့သည်။
သူက ရှေးကျလှသော ထိုပျက်စီးနေသည့် ဓားငယ်လေးအား ဆိုင်ရှင်မထံသို့ ကမ်းပေးလိုက်ရာ... ဆိုင်ရှင်မက ထိုဓားကို မြင်မြင်ချင်းပင် ချက်ချင်း မှတ်မိသွားခဲ့ပးသည်။
“ဒါက... ဇွန်ရှန်ဓား မဟုတ်လား”
“ရှင် ပြောတော့... ဒီဓားထဲမှာ ဝိညာဉ်အသိစိတ် တစ်ခု ကိန်းအောင်းနေပြီး၊ အဲဒီ အဖိုးအိုရဲ့ ခန္ဓာကိုယ်ကို လုယူဖို့ ကြိုးစားခဲ့တယ်ဆို” ဟု ရေရွတ်လိုက်သည်။
လီယန်ချူက ခေါင်းညိတ်ပြလိုက်၏။
ဆိုင်ရှင်မက မျက်ခုံးများကို အနည်းငယ် တွန့်ကွေးလိုက်ရင်း -
“ဒီဓားရဲ့ သမိုင်းကြောင်းက တကယ်ကို ရှေးကျတယ်၊ ဒါပေမဲ့ ပုံမှန်ဆိုရင် ဒီထဲမှာ ဘယ်ဝိညာဉ်အသိစိတ်မှ ကိန်းအောင်းနေစရာ အကြောင်းမရှိဘူးပဲ” ဟု ဆိုလိုက်သည်။
လီယန်ချူက မျက်ခုံးပင့်လိုက်မိပြီး -
“ဖြစ်နိုင်တာကတော့... ဒီဓားရဲ့ မူလပိုင်ရှင် ဖြစ်လိမ့်မယ်” ဟု ပြောလိုက်သည်။
ဆိုင်ရှင်မက ဦးခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ရင်း -
“ကျွန်မလည်း အတိအကျ ပြောရခက်တယ်၊ ဒါပေမဲ့ တစ်ခုခုတော့ မှားယွင်းနေသလိုမျိုး ခံစားနေရတယ်” ဟု ဆိုလိုက်သည်။
သူတို့နှစ်ဦးမှာ ဤကိစ္စအပေါ် အချိန်အကြာကြီး တွေးတောမနေတော့ဘဲ၊ လီယန်ချူက ထိုဓားကို လောလောဆယ် သိမ်းဆည်းထားလိုက်တော့သည်။
ထို့နောက် လီယန်ချူက ချင်းယွန်းတာအိုကျောင်းအတွင်းသို့ ရောက်ရှိလာခဲ့ရာ... ကျောင်းတော်၏ တောင်စောင့်နတ်ဘုရား ဖြစ်သော သံစားသားရဲ မှာ ယခုအချိန်တွင် ကျောင်းတော်အတွင်း၌ တရားထိုင် ကျင့်ကြံနေခဲ့သည်။
ထိုသံစားသားရဲမှာ ဝေမြို့တော်သို့ ရောက်ရှိလာပြီးနောက်တွင် ကျင့်ကြံမှုအဆင့်က ဒုံးပျံအရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ပြီး၊ ကျိုရှောင် နတ်ဘုရားကျမ်းကိုပါ ထပ်မံ ကျင့်ကြံခွင့်ရရှိခဲ့သဖြင့်... ယခုအချိန်တွင် သူ၏ ကိုယ်ပေါ်ရှိ အရှိန်အဝါများမှာ အရင် ရောက်ခါစတုန်းကထက် လုံးဝ ခြားနားသွားခဲ့ပြီး အလွန်ပင် ထူထဲလေးနက်လှပေသည်။
ကျွေ့ဟွာ မှာမူ လီယန်ချူ၏ ကမ္ဘာငယ်အတွင်း၌ ကျင့်ကြံနေခဲ့ပြီး၊ ရွှေကျီးကန်းသည်လည်း ၎င်းအတွင်း၌ ရှိနေခဲ့သည်။
ရက်အနည်းငယ် ကုန်လွန်သွားခဲ့ပြီးနောက်... လီယန်ချူက ကမ္ဘာငယ်အတွင်းမှ ပြင်းထန်လှသော စွမ်းအား တုန်ခါမှုတစ်ခုကို အာရုံခံမိလိုက်သည်။
သူ၏ စိတ်အာရုံကို အတွင်းသို့ ပို့လွှတ်၍ စစ်ဆေးကြည့်လိုက်ရာ... ရွှေကျီးကန်းမှာ အိုးအတွင်း၌ အတောင်ပံ ဖြန့်ကျက် ပျံသန်းနေပြီး၊ တစ်ကိုယ်လုံးတွင် တောက်ပလှသော ရွှေရောင် အလင်းတန်းများနှင့် ‘မဟာနေမင်းစစ်မှန်သော နတ်မီးလျှံ’ များ ဖုံးလွှမ်းနေသည်ကို တွေ့ရှိလိုက်ရသည်။
လီယန်ချူက မျက်ခုံးပင့်လိုက်မိရင်း... ရွှေကျီးကန်းကို အပြင်ဘက်သို့ ထုတ်လွှတ်ပေးလိုက်တော့သည်။
ရွှေကျီးကန်း အပြင်သို့ ရောက်ရှိလာခဲ့သည်နှင့်... လီယန်ချူ၏ ဘေးပတ်ပတ်လည်၌ ဝဲပျံနေခဲ့ပြီး၊ အလွန်ပင် ပျော်ရွှင်မြူးထူးနေသည့်အလား သာယာလှသော အော်မြည်သံငယ်လေးများကို အကြိမ်ကြိမ် ထွက်ပေါ်စေလိုက်သည်။
တရားထိုင် ကျင့်ကြံနေသော သံစားသားရဲမှာ... ရုတ်တရက် ဤမျှ ပြင်းထန်လှသော နတ်ဘုရား အရှိန်အဝါကို အာရုံခံမိသွားခဲ့ပြီး၊ သူ၏ အကြည့်များကို ရွှေကျီးကန်းထံသို့ ပို့လွှတ်လိုက်မိသည်။
“ဒါက... ရွှေကျီးကန်း မဟုတ်လား”
သူက အလွန်ပင် အံ့အားသင့်သွားခဲ့ရသည်၊ ချင်းယွန်းကျောင်းတော်အတွင်း၌ ရှေးဟောင်း နတ်ဘုရားငှက်တစ်ကောင် ရှိနေလိမ့်မည်ဟု သူမထင်မှတ်ထားခဲ့ချေ။
“မကောင်းတော့ဘူး... သူ့ရဲ့ ကိုယ်ပေါ်က အရှိန်အဝါက ငါ့ထက်တောင် ပိုပြီးတော့ အားကောင်းနေပါလား”
သံစားသားရဲ၏ ရင်ထဲ၌ ချက်ချင်းပင် ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်သွားခဲ့ရသည်။
သူက ကျွေ့ဟွာကို ဘယ်လိုမှ မယှဉ်နိုင်ရုံတင်မကဘဲ... ယခုကြည့်ရသလောက်ဆိုလျှင် ဤငှက်ကိုပင် ယှဉ်နိုင်စွမ်း မရှိတော့ချေ။
“ငါက သိသာထင်ရှားတဲ့ ရှေးဟောင်း နတ်ဘုရား သားရဲတစ်ကောင်လေ... ဒါပေမဲ့ ဒီချင်းယွန်းကျောင်းတော်ထဲမှာ မျက်နှာပန်းလှလှနဲ့ ရှင်သန်နိုင်ဖို့ဆိုရင်တော့... ငါ အခုထက် ပိုပြီးတော့ ကြိုးစားအားထုတ်ရဦးမယ် ထင်တယ်”
သံစားသားရဲက စိတ်ထဲမှနေ၍ တိတ်တဆိတ် သက်ပြင်းချလိုက်မိတော့သည်။
ရွှေကျီးကန်းက လီယန်ချူ၏ ပခုံးထက်သို့ ပျံသန်း သက်ဆင်းလိုက်ပြီး အလွန်ပင် ငြိမ်သက်သွားခဲ့သည်။
ယခုအချိန်တွင် ရွှေကျီးကန်း၏ အရှိန်အဝါမှာ မြင့်မြတ်လှပြီး၊ မဟာနေမင်း နတ်မီးလျှံများကို ခန္ဓာကိုယ်အတွင်းသို့ ရုပ်သိမ်းထားသော်လည်း... သူ၏ စွမ်းအားမှာ အတိတ်တုန်းကထက် မရေမတွက်နိုင်သော ဆမက ပိုမို၍ ကြံ့ခိုင် အားကောင်းလာခဲ့ပြီ ဖြစ်သည်။
“အဲဒီ လျှို့ဝှက်နယ်မြေထဲက ရခဲ့တဲ့ အမွေအနှစ်က တကယ်ကို သာမန်မဟုတ်ဘူးပဲ” လီယန်ချူက စိတ်ထဲမှ ရေရွတ်လိုက်မိသည်။
သူက ခေါင်းကို လှည့်၍ မိမိ၏ တာအိုကျောင်းတော်လေးကို ဝေ့ပတ်ကြည့်လိုက်ရာ... ကျောင်းတော်၏ အမွှေးတိုင် အလှူငွေမှာ ကျဲပါးလှသော်လည်း၊ လူစည်ကားလှသော မြို့လယ်ခေါင်ကြီးအတွင်း၌ ယခုကဲ့သို့ တိတ်ဆိတ်အေးချမ်းလှသော နေရာတစ်ခု ဖြစ်နေခြင်းမှာ အလွန်ပင် ရှားပါးလှပေသည်။
သို့သော်လည်း ယခုအချိန်တွင် သူ၏ ကျောင်းတော်လေး၌ သံစားသားရဲ ရှိနေရုံမျှမက၊ ရွှေကျီးကန်းပါ ရှိနေခဲ့ပြီ ဖြစ်သည်။
“တကယ်လို့ ဆရာသာ ဒီမြင်ကွင်းကို မြင်တွေ့ရမယ်ဆိုရင်... သေချာပေါက် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိမှာပဲ”
ရွှေကျီးကန်းက လီယန်ချူ၏ ဘေးနားတွင် ထပ်မံ ဝဲပျံနေခဲ့ပြီး အလွန်ပင် ပျော်ရွှင်နေခဲ့သဖြင့်၊ လီယန်ချူကလည်း ၎င်းကို လောလောဆယ် ကမ္ဘာငယ်အတွင်းသို့ ပြန်လည် မသိမ်းဆည်းတော့ချေ။
အခန်းအတွင်းသို့ ပြန်လည် ရောက်ရှိလာပြီးနောက်၊ လီယန်ချူက တင်ပျဉ်ခွေ လျက် ထိုင်လိုက်ရင်း စိတ်အာရုံကို လွတ်လပ်စွာ ပျံသန်းစေသည့် ထူးခြားသော စိတ်ဝိညာဉ်ခရီး တန်ခိုးပညာရပ်ကို ထုတ်ဖော်လိုက်သည်။
တစ်ခဏချင်းအတွင်းမှာပင်... သူ၏ စိတ်အာရုံမှာ ကျင်းကွမ်းဘုရားကျောင်းသို့ ရောက်ရှိသွားခဲ့သည်။ ကျောင်းတော်အတွင်း၌ အေးချမ်းသာယာမှုများ ပြည့်နှက်နေပြီး၊ ကျောင်းထိုင်ဆရာတော် ဝူရှဲ ၏ ကျင့်ကြံမှုမှာလည်း တရှိန်ထိုး တိုးတက်နေခဲ့သည်။ ဤကဲ့သို့ ကမ္ဘာမြေကြီး၏ ပြိုင်ဆိုင်မှု ပြင်းထန်လှသော ခေတ်ကြီးအတွင်း၌ သူက မကြာမီအချိန်တွင် သေချာပေါက် အစွမ်းပြ ထင်ရှားလာပေလိမ့်မည်။
ထိုဆရာတော်မှာ နတ်ဘုရားအဆင့်ရှိသော ရဟန်းမြတ်တစ်ပါး၏ လူဝင်စား ဖြစ်ပြီး၊ ခန္ဓာကိုယ်အတွင်းရှိ ဓါတ်တော် ထဲ၌ ကြီးမားလှသော စွမ်းအားများ ကိန်းဝပ်နေသဖြင့် သာမန်လူသားတစ်ဦးနှင့် လုံးဝ ခြားနားလှပေသည်။
လီယန်ချူက မည်သူ့ကိုမျှ နှောင့်ယှက်ခြင်း မပြုဘဲ... နဂါးချိတ်ပိတ် မျှော်စင် အောက်ခြေသို့ တိုက်ရိုက် သွားရောက်၍ စုံစမ်းစစ်ဆေးလိုက်သည်။
သို့သော်လည်း ထိုထူးဆန်းလှသော နေရာလွတ်ကြီးမှာ ပြီးခဲ့သည့်အကြိမ် တုန်းက ပျောက်ကွယ်သွားခဲ့ပြီးနောက်၊ ယခုအချိန်အထိ မည်သည့် သဲလွန်စမျှ ထပ်မံ ထွက်ပေါ်လာခြင်း မရှိတော့ချေ။
“ နတ်ဘုရားကမ်းပါးပန်း တွေ ပေါက်ရောက်နေတဲ့ ကျောက်ကမ္ပည်းခေါင်းတလားကြီးက ဘယ်နေရာကို ရောက်သွားမှန်းမသိဘူးပဲ”
လီယန်ချူက ဤနေရာ၌ ခဏမျှ စုံစမ်းကြည့်ရှုလိုက်ပြီးနောက် ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့ပြီး၊ သူ၏ ပုံရိပ်မှာ ကောင်းကင်နှင့် မြေပြင်အကြား၌ အလင်းစက်ငယ်လေးများအဖြစ် လွင့်ပျံ ပျောက်ကွယ်သွားခဲ့တော့သည်။
စိတ်ဝိညာဉ်ခရီးတန်ခိုးပညာရပ်ကို အသုံးပြု၍၊ လီယန်ချူက ကျိုဖုန်းတောင်တန်း သို့ ထပ်မံ သွားရောက်ခဲ့သည်။
ဤလျှို့ဝှက်ဆန်းကြယ်လှသော တောင်တန်းထက်၌ ယခုအချိန်တွင် လူသူကျဲပါးနေခဲ့ပြီ ဖြစ်သည်။ ပြီးခဲ့သည့်အကြိမ်က ဆိုင်ရှင်မက ဤနေရာရှိ ဟင်းလင်းပြင်ကြီးကို ပိတ်ဆို့ တားမြစ်လိုက်ပြီးနောက်တွင်မူ... မည်သည့်ကျင့်ကြံသူမျှ ဤနေရာ၌ လျှို့ဝှက်နယ်မြေကို ထပ်မံ ရှာဖွေနိုင်ခြင်း မရှိတော့သဖြင့်၊ ကျင့်ကြံသူများမှာ တဖြည်းဖြည်းချင်းပင် လူစုခွဲ၍ ထွက်ခွာသွားခဲ့ကြပြီ ဖြစ်သည်။
ထို့နောက် လီယန်ချူက မော်ရှန်းတောင်တန်းအနီးသို့ သွားရောက်ခဲ့သည်။ မော်ရှန်းတောင်တန်းတစ်ခုလုံးမှာ သူ၏ ‘ယင်ယန်ဓာတ်ကြီးနှစ်ပါး ပုလင်း’ အတွင်းသို့ ထည့်သွင်းခြင်း ခံထားရပြီး၊ နဂါးချိတ်ပိတ်ရေတွင်းကိုပါ တားမြစ်ပိတ်ဆို့ထားသဖြင့်... ယခုအချိန်တွင် ပတ်ဝန်းကျင်၌ မည်သည့် လှုပ်ရှားမှုမျှ မရှိဘဲ ငြိမ်သက်နေခဲ့သည်။
တောင်ပိုင်းနယ်စပ်ဆီမှ ဆင်းသက်လာခဲ့သော စစ်မှန်သော မိစ္ဆာကောင်ကြီးများ ပေါ်ထွက်လာရာ နယ်မြေနှင့်... မိစ္ဆာလောက၏ ဟင်းလင်းပြင် အက်ကွဲကြောင်း နေရာများတွင်လည်း မည်သည့် လှုပ်ရှားမှုမျှ ထွက်ပေါ်မလာခဲ့ဘဲ၊ အရာအားလုံးက လေငြိမ်သက်နေသည့်အလား အေးချမ်းနေခဲ့သည်။
ယခုအချိန်တွင် လီယန်ချူသည် ‘တောင်ပင်လယ် လျှို့ဝှက်နယ်မြေ’ ၏ အရှေ့မှောက်သို့ ရောက်ရှိလာခဲ့သည်။
ဤနေရာမှာ ရှေးယခင်က တာအိုဆရာကြီး ‘ကျောက်ထျန်ရှီး’ က အစွမ်းထက်လှသော တားမြစ်ချက် အစီအရင်များကို ချမှတ်ကာ... မည်သူ့ကိုမျှ အတွင်းသို့ ဝင်ရောက်ခွင့်မပြုဘဲ ပိတ်ဆို့ထားသော နေရာ ဖြစ်ပေသည်။
လီယန်ချူက မရည်ရွယ်ဘဲ ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သော်လည်း၊ သူက ‘တောင်ပင်လယ် လျှို့ဝှက်နယ်မြေ’ ၏ အရှေ့သို့ ရောက်ရှိသွားချိန်တွင်... ဤနေရာရှိ တားမြစ်ချက်များ၌ ကြီးမားလှသော အပေါက်ကြီးတစ်ခု ပွင့်ဟနေသည်ကို မထင်မှတ်ဘဲ တွေ့ရှိလိုက်ရသည်။
ပို၍ ထူးဆန်းသည်မှာ... တာအိုဆရာကြီး ကျောက် ချမှတ်ထားခဲ့သော တားမြစ်ချက် အစီအရင်များမှာ မည်သည့် ပျက်စီးခြင်းမျှ မရှိခဲ့ဘဲ၊ သာမန်အားဖြင့် တောင်နံရံကြီးတစ်ခုလုံး တိုက်ရိုက် ဖောက်ထွင်း ဖျက်ဆီးခြင်း ခံလိုက်ရသည့်အလား ဖြစ်နေခဲ့သည်။
လီယန်ချူက မျက်ခုံးပင့်လိုက်မိရင်း -
“တားမြစ်ချက်တွေကို မဖျက်ဆီးဘဲနဲ့... ဒီတောင်ကြီးတစ်ခုလုံးကို တိုက်ရိုက် ဖောက်ထွင်းသွားနိုင်တယ်ပေါ့”
သူက ဟင်းလင်းပြင် တန်ခိုးပညာရပ်၌ အလွန်ပင် ကျွမ်းကျင်နှံ့စပ်လှသဖြင့်... ‘တောင်ပင်လယ် လျှို့ဝှက်နယ်မြေ’ တစ်ခုလုံးမှာ ယခုအချိန်တွင် လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ကြောင်းကို မရေမရာမျှ အာရုံခံမိလိုက်သည်။ ကျောက်ကမ္ပည်းပြားကြီးမှာလည်း သူကိုယ်တိုင် ဖြတ်တောက် ဖျက်ဆီးပစ်ခဲ့ပြီး ဖြစ်သဖြင့်၊ အတွင်းသို့ ဝင်ရောက်နိုင်မည့် လမ်းကြောင်းမှာ လုံးဝ မရှိတော့ချေ။
လီယန်ချူက ဘေးနားမှနေ၍ ခဏမျှ စောင့်ကြည့်လေ့လာလိုက်ပြီးနောက်၊ ရုတ်တရက် မျက်ခုံးများကို တင်းကြပ်စွာ တွန့်ကွေးလိုက်မိသည်။
“မဟုတ်သေးဘူး... ဒီအပေါက်ကြီးက အပြင်ဘက်ကနေ အတွင်းထဲကို ရိုက်ခတ်ဖျက်ဆီးထားတဲ့ ပုံစံမျိုး မဟုတ်ဘူး၊ အတွင်းထဲမှာ ရှိနေတဲ့ အရာတစ်ခုခုက... တားမြစ်ချက်တွေကို ဖောက်ထွင်းပြီး ထွက်ပြေးသွားတဲ့ ပုံစံမျိုး ဖြစ်နေတယ်”
ဤသို့ တွေးတောမိလိုက်သည်နှင့်... လီယန်ချူ၏ ခန္ဓာကိုယ်တစ်ခုလုံး ဒိန်းခနဲ တုန်လှုပ်သွားခဲ့ရသည်။
“တစ်စုံတစ်ခုက... တောင်ပင်လယ် လျှို့ဝှက်နယ်မြေထဲကနေ တားမြစ်ချက်တွေကို ဖောက်ထွင်းပြီး အပြင်ကို ထွက်လာခဲ့ပြီပဲ”
အတိတ်တုန်းက တောင်ပင်လယ် လျှို့ဝှက်နယ်မြေအတွင်း၌... သူသည် ရဟန်းငယ် တစ်ဦးနှင့် တိုက်ခိုက်ခဲ့ဖူးပြီး၊ ထိုရဟန်းငယ်ထံတွင် ရွှေရောင် အတောင်ပံမွေးတစ်ခု ရှိနေခဲ့ကာ... ၎င်းအမွှေးမှာ သူ၏ သွေးသားခန္ဓာကိုယ်အတွင်းသို့ အတင်းအဓမ္မ တိုးဝင်ရန် ကြိုးပမ်းခဲ့ဖူးသည်။ နောက်ဆုံးတွင်မူ ရွှေရောင်အလံတော် ဖြင့် ၎င်းအတွင်းရှိ ကျန်ရှိနေသော အသိစိတ်များကို ရိုက်ခတ်ဖျက်ဆီးပစ်လိုက်မှသာ... ၎င်းအရာကို အောင်မြင်စွာ ဖိနှိပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
“ဒါက... အဲဒီ အတောင်ပံမွေးရဲ့ မူလပိုင်ရှင် ဖြစ်ရမယ်”
အတိတ်တုန်းက လီယန်ချူသည် ထိုအတောင်ပံမွေး၏ မူလပိုင်ရှင်မှာ... ရှေးဟောင်း ခြင်္သေ့ကုလားအုတ်မြို့တော် မှ ရွှေတောင်ပံ ဂဠုန်မင်း ဖြစ်လိမ့်မည်ဟု သံသယဝင်ခဲ့ဖူးသည်။
ဤသို့ တွေးမိသည်နှင့်တစ်ပြိုင်နက်... သူက တာအိုဆရာကြီး ‘ကျောက်ထျန်ရှီး’ ထံသို့ ချက်ချင်းပင် ဆက်သွယ်ရေး အဆောင်ကို ပေးပို့လိုက်တော့သည်။
တာအိုဆရာကြီး ကျောက်မှာ ယခုအချိန်တွင် လူ့လောကအနှံ့၌ နတ်ဆရာအိုကြီး၏ သတင်းအစအနကို လိုက်လံ ရှာဖွေနေခဲ့ခြင်း ဖြစ်ပြီး... သူက ရတနာပစ္စည်းမှတစ်ဆင့် လီယန်ချူထံသို့ ချက်ချင်းပင် အကြောင်းပြန်ကြားလာခဲ့သည်။
“ငါ့အနေနဲ့ အခုပဲ လောလောဆယ် ကံတရားကို တွက်ချက်ပြီး တားမြစ်ချက်တွေကို စစ်ဆေးကြည့်လိုက်မယ်”
ချင်းချန်တောင်တန်း၏ အောက်ခြေ၌
ခရမ်းရောင် တာအိုဝတ်စုံကို ဝတ်ဆင်ထားသော တာအိုဆရာကြီး ကျောက်သည်... တည်ငြိမ်လေးနက်လှသော မျက်နှာသွင်ပြင်ဖြင့် လောကဓာတ်စစ်ဆေးရေး ကိရိယာ ရတနာကို ထုတ်ဖော်လိုက်သည်။
“တောင်ပင်လယ် လျှို့ဝှက်နယ်မြေထဲက အရာတစ်ခုက... ငါ ချမှတ်ထားတဲ့ တားမြစ်ချက်တွေကို မလှုပ်ရှားစေဘဲနဲ့ ဖောက်ထွင်းပြီး ထွက်ပြေးသွားတယ်ဟုတ်လား”
တာအိုဆရာကြီး ကျောက်က ရေရွတ်လိုက်မိရင်း၊ သူ၏ မျက်ဝန်းအတွင်း၌ တွေးတောဆင်ခြင်မှု အမူအရာများ ထွက်ပေါ်နေခဲ့သည်။
ဤရတနာမှာ မိမိအတွက် ကံတရား တွက်ချက်ခြင်းကြောင့် ပေးဆပ်ရမည့် အသက်ဓာတ် ပေးဆပ်မှုများကို လျှော့ချပေးနိုင်စွမ်း ရှိပေသည်။
၎င်းကို ထုတ်ဖော်လိုက်ပြီးနောက်... တတာအိုဆရာကြီး ကျောက်က ကံတရားကို စတင်၍ တွက်ချက်လိုက်တော့သည်။ သူ၏ မျက်ဝန်းအစုံအတွင်း၌ အဆုံးမရှိသော ကြယ်တာရာ အလင်းတန်းများ လင်းလက်လာခဲ့ပြီး၊ သူ၏ ခြေထောက်အောက်တွင် ကြီးမားလှသော ... ပါကွားအစီအရင် ကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုအစီအရင်ကြီးက အဆက်မပြတ် လည်ပတ်နေခဲ့ပြီး ကောင်းကင်နှင့် မြေပြင်ကြားရှိ အမျိုးမျိုးသော အရာခပ်သိမ်းတို့ကို လွှမ်းခြုံထားခဲ့သည်။
မရေမရာ ဖြစ်နေသော ကံတရားလမ်းကြောင်းများကြား၌... တာအိုဆရာကြီး ကျောက်သည် ရုတ်တရက် အလွန်ပင် အေးစက်ပြီး ကရုဏာကင်းမဲ့လှသော မျက်ဝန်းအစုံကို ထိပ်တိုက် မြင်တွေ့လိုက်ရတော့သည်။
တာအိုဆရာကြီး ကျောက်သည် တစ်ကိုယ်လုံး ခြေဖျားလက်ဖျားများ အေးစက်သွားခဲ့ရပြီး၊ ခန္ဓာကိုယ်အတွင်းရှိ တန်ခိုးစွမ်းအားများမှာလည်း ချက်ချင်းပင် ရပ်တန့်သွားခဲ့ရသည်။
“ဖူး”
တာအိုဆရာကြီး ကျောက်က ပြင်းထန်စွာဖြင့် သွေးတစ်ချက် အန်ထုတ်လိုက်မိပြီး၊ သူ၏ အရှိန်အဝါများမှာလည်း တစ်ခဏချင်းအတွင်း အားနည်း မှုန်မှိုင်းသွားခဲ့ရတော့သည်။
‘မြေပြင်နတ်ဘုရား’ အဆင့်ရှိသော တည်ရှိမှုမျိုးမှသာ... မိမိအား ဤကဲ့သို့ ပြင်းထန်လှသော ကံတရား တန်ပြန်သက်ရောက်မှုကို ပေးစွမ်းနိုင်ခြင်း ဖြစ်ပေသည်။
အတိတ်တုန်းက လီယန်ချူက မြေခွေးနတ်သမီးလေးအား ခေါ်ဆောင်၍ မိမိထံသို့ ကံတရား လာရောက် တွက်ချက်စစ်ဆေးခိုင်းစဉ်ကလည်း... သူက ဤကဲ့သို့ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ခံစားချက်မျိုးကို ခံစားခဲ့ရဖူးသည်။
သူက ဤအကြောင်းအရာကို လီယန်ချူထံသို့ ချက်ချင်းပင် အကြောင်းကြားလိုက်ရာ... လီယန်ချူသည်လည်း ဤကိစ္စ၏ ကြီးမားလှသော အန္တရာယ်ကို ချက်ချင်း သဘောပေါက်သွားခဲ့တော့သည်။
ခြင်္သေ့ကုလားအုတ် တိုင်းပြည်အတွင်းရှိ မိစ္ဆာကောင်များနှင့် မိစ္ဆာစစ်သူကြီးများမှာ... လူသားမျိုးနွယ်စုများကို မိမိတို့၏ အစားအစာအဖြစ်သာ သဘောထားကြပြီး၊ မြို့တော်အတွင်းရှိ လူသားများမှာ အလွန်ပင် ညှဉ်းပန်းနှိပ်စက်ခံရကာ ငရဲကမ္ဘာကြီးအလား ခံစားခဲ့ရခြင်း ဖြစ်ပေသည်။ တကယ်လို့ ထိုရွှေတောင်ပံ ဂဠုန်မင်းက တားမြစ်ချက်များကို ဖောက်ထွင်းပြီး အပြင်သို့ ထွက်ခွာသွားခဲ့ပြီ ဆိုပါက... သူ၏ ကျင့်ကြံမှုအဆင့်က အလွန်ပင် မြင့်မားလှသဖြင့် လူ့လောကအတွင်း၌ ကြီးမားလှသော ကပ်ဘေးကြီးတစ်ခု သေချာပေါက် ဖြစ်ပေါ်လာပေလိမ့်မည်။
လီယန်ချူက တန်ခိုးပညာရပ်ကို အသုံးပြု၍ သိုင်းနတ်ဘုရား ထံသို့ ချက်ချင်း အကြောင်းကြားလိုက်သည်။
သိုင်းနတ်ဘုရားမှာ ချန်တိုင်းပြည်၏ ကံတရားကို ပိုင်ဆိုင်ထားပြီး တိုင်းပြည်၏ ကိုးကွယ်မှုကို ခံယူထားသူ ဖြစ်ပေသည်။
အတိတ်တုန်းက လီယန်ချူက ဝေမြို့တော်၌ ရှိနေစဉ်တုန်းက... သိုင်းနတ်ဘုရားမှာ မည်သည့် ရတနာပစ္စည်းကိုမျှ အသုံးမပြုဘဲ လီယန်ချူထံသို့ တိုက်ရိုက် စိတ်ချင်းဆက်သွယ်ကာ စကားပြောဆိုနိုင်ခဲ့ခြင်း ဖြစ်ပြီး၊ ၎င်းမှာ သူ၏ ပြင်းထန်လှသော သိုင်းတာအို အသိစိတ် ကို အခြေခံထားခြင်း ဖြစ်သဖြင့်... ထိုအချိန်မှစ၍ လီယန်ချူနှင့် သူ၏ကြားတွင် ဆက်သွယ်မှု ကွင်းဆက်တစ်ခု ရှိနေခဲ့ခြင်း ဖြစ်သည်။
အကြောင်းကြားစာကို လက်ခံရရှိပြီးနောက်... တောင်ပင်လယ် လျှို့ဝှက်နယ်မြေ၏ အရှေ့၌ ရပ်နေသော လီယန်ချူသည် မကြာမီအချိန်မှာပင် ကောင်းကင်ယံထက်မှ ရွှေရောင် အလင်းတန်းတစ်ခု ပျံသန်း ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရသည်။
မြေပြင်သို့ သက်ဆင်းလိုက်ချိန်တွင်... ၎င်းအလင်းတန်းမှာ လက်တစ်ဖက် ပြတ်နေသော အဖိုးအိုတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
“စီနီယာ... တာအိုဆရာကြီး ကျောက်က ကံတရားကို တွက်ချက်ဖို့ ကြိုးစားပေမဲ့ တန်ပြန်သက်ရောက်မှုကြောင့် ဒဏ်ရာရသွားခဲ့ပြီ၊ ဒါက အတိတ်တုန်းက တောင်ပင်လယ် လျှို့ဝှက်နယ်မြေထဲက လွတ်မြောက်သွားတဲ့ မိစ္ဆာနတ်ဘုရား ဖြစ်ဖို့ များပါတယ်”
ဟု လီယန်ချူက ဆိုလိုက်သည်။
ခန္ဓာကိုယ် မြင့်မားထွားကျိုင်းလှသော လက်ပြတ် အဖိုးအိုက ဦးခေါင်းကို အသာအယာ ညိတ်လိုက်သည်။
“ငါ့အနေနဲ့တော့ ချန်တိုင်းပြည်အတွင်းမှာ မြေပြင်နတ်ဘုရားအဆင့် မိစ္ဆာကောင်မှ ဆိုးသွမ်းသောင်းကျန်းနေတာကို အာရုံမခံမိသေးဘူးပဲ”
ဟု ဆိုလိုက်သည်။
လီယန်ချူက မျက်ခုံးများကို တွန့်ကွေးလိုက်မိပြီး -
“ဒါဆိုရင်... တစ်ဖက်လူက သူ့ရဲ့ စစ်မှန်တဲ့ မိစ္ဆာနတ်ဘုရား ကျင့်ကြံမှုကို ပြန်ပြီးတော့ မရရှိသေးတာလား”
ဟု မေးမြန်းလိုက်သည်။
သိုင်းနတ်ဘုရားက ခဏမျှ တွေးတောလိုက်ပြီးနောက် -
“ဒီလို ဖြစ်နိုင်ခြေကိုလည်း ဖယ်ထုတ်လို့မရဘူး၊ ဒါပေမဲ့ ပိုပြီးတော့ ဖြစ်နိုင်တာကတော့... ဒီလူက တစ်နေရာရာမှာ ပုန်းအောင်းနေတာ ဖြစ်လိမ့်မယ်” ဟု ဆိုလိုက်သည်။
လီယန်ချူက -
“ခြင်္သေ့ကုလားအုတ် တိုင်းပြည်ထဲက မိစ္ဆာတွေက လူသားတွေကို ဝက်တွေ၊ သိုးတွေလိုပဲ သဘောထားတာ၊ တကယ်လို့ ဒီလူကို အမြန်ဆုံး ရှာမတွေ့ဘူးဆိုရင်... လူသား ဘယ်လောက်တောင် မိစ္ဆာတွေ၏ ဝမ်းဗိုက်ထဲကို ရောက်ရှိသွားမလဲ မသိဘူးပဲ” ဟု ဆိုလိုက်သည်။
သိုင်းနတ်ဘုရားက တည်ငြိမ်လေးနက်လှသော လေသံဖြင့် -
“ငါ အခုပဲ ပြန်ပြီးတော့ ဒီကိစ္စကို သေချာပေါက် လိုက်လံ စုံစမ်းစစ်ဆေးလိုက်ပါ့မယ်” ဟု ဆိုလိုက်သည်။
လီယန်ချူက တစ်ဖက်လူအား လက်ဝါးချင်းရိုက်၍ ဂါရဝပြုလိုက်ရင်း... ရုတ်တရက် -
“စီနီယာ... မကြာသေးမီက မင်း ရဲ့ ကျင့်ကြံမှု နယ်ပယ် ဒဏ်ရာရသွားတာမျိုး ရှိလား” ဟု မေးမြန်းလိုက်သည်။
ခန္ဓာကိုယ် မြင့်မားလှသော သိုင်းနတ်ဘုရားက... လီယန်ချူအား တစ်ချက် ကြည့်လိုက်မိရင်း၊ ပြုံး၍ -
“ဘာဖြစ်လို့ အဲဒီလို မေးရတာလဲ” ဟု မေးလိုက်သည်။
လီယန်ချူက ဦးခေါင်းကို ခါယမ်းလိုက်ရင်း -
“စီနီယာ မေ့နေပြီထင်တယ်... ကျွန်တော်ကလည်း သိုင်းနတ်ဘုရား တစ်ဦးပဲလေ” ဟု ဆိုလိုက်သည်။
သိုင်းနတ်ဘုရားက တိတ်ဆိတ်သွားခဲ့ပြီး၊ ခဏအကြာတွင် -
“မင်းရဲ့ အာရုံခံစားမှုက မှန်တယ်၊ ဒါပေမဲ့ ဒီအဖိုးအိုအနေနဲ့ နောက်ထပ် နှစ်ပေါင်းများစွာအထိ တောင့်ခံထားဖို့ကတော့... ပြဿနာမရှိပါဘူး” ဟု ဆိုလိုက်သည်။
လီယန်ချူက အသာအယာ ခေါင်းညိတ်ပြလိုက်၏။
သိုင်းနတ်ဘုရားက ရုတ်တရက် -
“မင်းနဲ့ငါနဲ့က တိုက်တိုက်ဆိုင်ဆိုင် မျိုးရိုးနာမည် ‘လီ’ ချည်းပဲ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းငါးရာတုန်းက မိသားစုတစ်ခုတည်း ဖြစ်ခဲ့ဖို့ များပါတယ်၊ နှမြောစရာကောင်းတာကတော့... မင်းက ငါ့ကို အစ်ကိုကြီးလို့ မခေါ်ချင်တာပဲ”
ဟု ဆိုလိုက်သည်။
လီယန်ချူ၏ နှုတ်ခမ်းထောင့်စွန်းများမှာ အနည်းငယ် တွန့်ကွေးသွားခဲ့ရသည်။
သိုင်းနတ်ဘုရားက ဟင်းလင်းပြင်ကြီးကို ဖြတ်သန်း၍ ပျံသန်း ထွက်ခွာသွားခဲ့ပြီး၊ သူ၏ ရွှေရောင် အလင်းတန်းများမှာ ကောင်းကင်နှင့် မြေပြင်အကြား၌ ပျောက်ကွယ်သွားခဲ့တော့သည်။ စင်စစ်အားဖြင့် ယခု ရောက်ရှိလာသောအရာမှာ... သူ၏ ‘ခန္ဓာကိုယ်ပြင်ပ စိတ်ဝိညာဉ်ခွဲ’ မျှသာ ဖြစ်ပေသည်။
ကံတရား တွက်ချက်ခြင်း၌ အလွန်ပင် ကျွမ်းကျင်လှသော တာအိုဆရာကြီး ကျောက်နှင့် ချန်တိုင်းပြည်၏ အစောင့်အရှောက် သိုင်းနတ်ဘုရားတို့ပင်လျှင်... ထိုလူ၏ သတင်းအစအနကို လိုက်လံ ရှာဖွေနိုင်ခြင်း မရှိကြချေ။ လီယန်ချူက ခဏမျှ တွေးတောလိုက်ပြီးနောက်၊ သူ၏ စိတ်အာရုံကို ဝေမြို့တော်ဆီသို့ ပြန်လည် ရုပ်သိမ်းလိုက်တော့သည်။
ချင်းယွန်းကျောင်းတော်အတွင်း၌ တင်ပျဉ်ခွေ လျက် ထိုင်နေသော လီယန်ချူသည်... ဖြည်းညှင်းစွာဖြင့် မျက်ဝန်းအစုံကို ဖွင့်လှစ်လိုက်ပြီး၊ အပြင်ဘက်ရှိ အရက်ဆိုင်ဆီသို့ အလျင်အစလို သွားရောက်ကာ ဤအကြောင်းအရာကို ဆိုင်ရှင်မအား အသေးစိတ် ပြောပြလိုက်တော့သည်။
‘ယင်ယန် ကောင်းကင်တံဆိပ်တုံး’ က ကံအကျိုးဆက်ကို ပီပြင်စွာ မြင်တွေ့စေနိုင်စွမ်း ရှိသဖြင့်... သူ၏ လက်ထဲတွင် ရှိနေသော ထိုရွှေရောင် အတောင်ပံမွေးကို အသုံးပြု၍ စမ်းသပ်ကြည့်နိုင်ပေသည်။
ဆိုင်ရှင်မက ‘ယင်ယန် ကောင်းကင်တံဆိပ်တုံး’ ကို ထုတ်ဖော်လိုက်ရာ... အလွန်ပင် ဆန်းပြားလှသော ဤနတ်ဘုရား ရတနာပစ္စည်းမှာ ထိုစကားလုံးကို ကြားရသည်နှင့်၊ ရွှေရောင် အတောင်ပံမွေးထက်သို့ ချက်ချင်းပင် ခပ်ဆတ်ဆတ် သွားရောက် ရိုက်နှက်လိုက်တော့သည်။
ဒေါင် ဒေါင် ဒေါင်
ရွှေရောင် အတောင်ပံမွေးမှာ အလွန်ပင် ကြံ့ခိုင်လှပြီး အတွင်း၌ ပြင်းထန်လှသော အရှိန်အဝါများ ကိန်းဝပ်နေဆဲ ဖြစ်သော်လည်း... ယခုအချိန်တွင် လီယန်ချူ၏ ကျင့်ကြံမှုအဆင့်နှင့် နှိုင်းယှဉ်ပါက များစွာ လျော့နည်းလှပေသည်။
ယင်ယန် ကောင်းကင်တံဆိပ်တုံးက ရိုက်နှက်လိုက်ပြီးနောက်တွင်မူ... ရွှေရောင် အတောင်ပံမွေးထက်၌ ရှုပ်ထွေးပွေလီလှသော စွမ်းအားကြိုးမျှင်များစွာ ပေါ်ထွက်လာခဲ့သည်။ ယခုအချိန်တွင် လီယန်ချူသည်လည်း ဤကဲ့သို့သော ကြိုးမျှင်များကို ကြည့်ရှုတတ်နေပြီ ဖြစ်သဖြင့်... ၎င်းတို့ထဲမှ ရွှေရောင် အတောင်ပံမွေးနှင့် အနက်ရှိုင်းဆုံး ချိတ်ဆက်နေသော ကြိုးမျှင်တစ်ခုကို ချက်ချင်း ရှာဖွေတွေ့ရှိလိုက်သည်။ ထို့အပြင် ၎င်းကြိုးမျှင်၏ မူလအရင်းအမြစ်မှာလည်း အတောင်ပံမွေးထက်၌ပင် ပတ်ထုပ်နေခဲ့သည်။
“ဒါက... အဲဒီ အတောင်ပံမွေးရဲ့ မူလပိုင်ရှင် ရှိရာနေရာ ဖြစ်ဖို့ များတယ်”
ဆိုင်ရှင်မက တစ်ချက် ကြည့်ရှုလိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
“ဒီလောက်အထိ အမြစ်တွဲနေတာဆိုရင်တော့... သေချာပေါက် ဒီကြိုးမျှင်ပဲ ဖြစ်ရမယ်” ဟု ဆိုလိုက်သည်။
လီယန်ချူက ထိုကြိုးမျှင်အတိုင်း လှမ်း၍ ကြည့်ရှုလိုက်ရာ... သူ၏ မျက်ဝန်းအစုံအတွင်း၌ နတ်ဘုရား အလင်းတန်းများ လင်းလက်သွားခဲ့သည်။
နောက်တစ်ခဏတွင်မူ... သူ မြင်တွေ့လိုက်ရသည်မှာ အသက် ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်မျှသာ ရှိသေးသော ကလေးငယ်တစ်ဦး ဖြစ်ပြီး၊ ထိုကလေးငယ်မှာ ယခုအချိန်တွင် ကြီးမားလှသော သဲကန္တာရကြီးတစ်ခုအတွင်း၌ ရှိနေခဲ့ကာ... ပတ်ဝန်းကျင်၌ ပြင်းထန်လှသော သဲမုန်တိုင်းများ တိုက်ခတ်နေပြီး လူသူတစ်ဦးတစ်ယောက်မျှ ရှိမနေခဲ့ချေ။
ထိုကလေးငယ်က ပေးစွမ်းသော ခံစားချက်မှာ မရေမတွက်နိုင်အောင် လေးနက်လှပေသည်။
“သေချာပေါက်... သူပဲ ဖြစ်ရမယ်”
လီယန်ချူက ဟင်းလင်းပြင် ဖောက်ထွင်းအမြင် တန်ခိုးပညာရပ်ကို ထုတ်ဖော်လိုက်ရင်း... ထိုလူ၏ တည်နေရာကို ထပ်မံ လိုက်လံ ရှာဖွေလိုက်သည်။ သူ၏ အမြင်အာရုံက ပတ်ဝန်းကျင်ဆီသို့ တဖြည်းဖြည်းချင်း ပြန့်နှံ့သွားခဲ့ရာ... ၎င်းမှာ အဆုံးမရှိသော သဲကန္တာရကြီးတစ်ခု ဖြစ်နေသည်ကို တွေ့ရှိလိုက်ရသည်။
သဲမုန်တိုင်းများကြား၌ လျှောက်လှမ်းနေသော ကလေးငယ်မှာ... ရုတ်တရက် အာရုံခံမိသွားသည့်အလား ခေါင်းကို မော့၍ ပတ်ဝန်းကျင်ကို ဝေ့ပတ်ကြည့်လိုက်သော်လည်း၊ မည်သည့်အရာကိုမျှ မြင်တွေ့ရခြင်း မရှိချေ။
လီယန်ချူက သူ၏ အမြင်အာရုံကို အပြင်ဘက်သို့ ထပ်မံ ချဲ့ထွင်လိုက်ရာ... ရှေးကျလှသော ဗိသုကာလက်ရာများဖြင့် တည်ဆောက်ထားသည့် မြို့တော်ကြီးတစ်ခုကို မြင်တွေ့လိုက်ရသည်။ ၎င်းမြို့တော်၏ အဆောက်အဦးများမှာ အလွန်ပင် မြင့်မားထွားကျိုင်းလှပြီး၊ ရှေးဟောင်း အရိုင်းစိုင်ခေတ်၏ အငွေ့အသက်များ ပြည့်နှက်နေခဲ့သည်။
“ဒါက... ကျန့်အန်းမြို့တော် မဟုတ်လား”
လီယန်ချူက ၎င်းမြို့တော်ကို ချက်ချင်းပင် ပြန်လည် မှတ်မိသွားခဲ့သည်။
အတိတ်တုန်းက သူက ကျိုဖုန်းတောင်တန်းမှတစ်ဆင့်... သဲကန္တာရ လျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်ခဲ့ဖူးပြီး၊ ထိုကျန့်အန်းမြို့တော်အတွင်းရှိ လူသားများမှာ သိုင်းတာအိုကို ကျင့်ကြံကြကာ... မြို့တော်၏ ဆောက်လုပ်ရေးပုံစံမှာလည်း ချန်တိုင်းပြည်နှင့် လုံးဝ ခြားနားလှပြီး၊ အလွန်ပင် ကြီးမားခန့်ညားကာ ရှေးကျလှသော အသွင်သဏ္ဍာန် ရှိပေသည်။
“တောင်ပင်လယ် လျှို့ဝှက်နယ်မြေထဲက မိစ္ဆာနတ်ဘုရားက... ဘာဖြစ်လို့ ကျန့်အန်းမြို့တော်ဆီကို သွားရတာလဲ”
မျက်စိရှေ့မှ မြင်ကွင်းများ ပျောက်ကွယ်သွားခဲ့ပြီးနောက်... လီယန်ချူ၏ မျက်ခုံးများမှာ တင်းကြပ်စွာ တွန့်ကွေးသွားခဲ့ရပြီး၊ သူက ဆိုင်ရှင်မအား ဤအကြောင်းအရာကို ပြောပြလိုက်သည်။
“ဒီလူက... လူ့လောကထဲမှာ ပုန်းမောင်းမနေဘဲနဲ့၊ တခြား ကမ္ဘာငယ်လေးတစ်ခုဆီကို သွားတယ်ပေါ့” ဆိုင်ရှင်မက အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။
လီယန်ချူက ရုတ်တရက် ကျန့်အန်းမြို့တော်အတွင်းရှိ ‘ဝူချင်း’ ပြောခဲ့ဖူးသော စကားကို ပြန်လည် မှတ်မိသွားခဲ့သည်။ သူက အတိတ်တုန်းက ရှေးဟောင်း ဟောကိန်းတစ်ခုကို မြင်တွေ့ခဲ့ဖူးပြီး... ရှေးဟောင်း နတ်ဘုရားများက နောက်ဆုံးတွင် ဤကမ္ဘာမြေဆီသို့ ပြန်လည် ရောက်ရှိလာလိမ့်မည်ဟု ဆိုခဲ့ဖူးသည်။
သူ၏ မျက်ဝန်းအတွင်း၌ အံ့အားသင့်ဖွယ်ရာ အမူအရာများ ထွက်ပေါ်လာခဲ့သည်။
“ကျန့်အန်းမြို့တော်ရဲ့ ဟောကိန်းထဲမှာ ပါတဲ့ ရှေးဟောင်းနတ်ဘုရားဆိုတာ... ဒီမိစ္ဆာနတ်ဘုရား ဖြစ်နေတာလား”
တောင်ပင်လယ် လျှို့ဝှက်နယ်မြေအတွင်းမှ ရရှိခဲ့သော ‘ခွန်လွန်မှန်ပြား အပိုင်းအစ’ မှာ... အတိတ်သမိုင်းကြောင်းကို ပြန်လည် မြင်တွေ့စေနိုင်သည့် ဆန်းပြားလှသော တန်ခိုးစွမ်းအားများ ရှိပေသည်။
“ဒါကြောင့်မို့လို့ သိုင်းနတ်ဘုရားက ဒီလူရဲ့ အငွေ့အသက်ကို အာရုံမခံနိုင်တာပဲ”
လီယန်ချူက တည်ငြိမ်လေးနက်လှသော မျက်နှာသွင်ပြင်ဖြင့် ဆိုင်ရှင်မအား ကြည့်လိုက်သည်။
“ကျိုဖုန်းတောင်တန်းက တားမြစ်ချက် ပိတ်ဆို့ထားတာ ခံထားရပြီ၊ ဒါဆိုရင် အဲဒီ ကျန့်အန်းမြို့တော်ဆီကို သွားနိုင်မယ့် တခြားနည်းလမ်း ရှိသေးလား” ဟု မေးမြန်းလိုက်သည်။
ဆိုင်ရှင်မက ခဏမျှ တွေးတောလိုက်ပြီးနောက် -
“ပြီးခဲ့တဲ့အကြိမ်က တားမြစ်ချက် ချမှတ်ခဲ့တာ အချိန်သိပ်မကြာသေးဘူး၊ တကယ်လို့ ခဏခဏ အတင်းအဓမ္မ ဖောက်ထွင်းမယ်ဆိုရင်... ဟင်းလင်းပြင်ကြီးကို မတည်မငြိမ် ဖြစ်စေလိမ့်မယ်”
သူမ၏ မျက်ဝန်းအစုံ ချက်ချင်းပင် လင်းလက်သွားခဲ့ပြီး -
“ဒါပေမဲ့... ရှင် ရဲ့ လက်ထဲမှာ ရှိတဲ့ ချင်းထျန်ဓားသန္ဓေသား ကို အသုံးပြုပြီး ဟင်းလင်းပြင်ကို ဖြတ်သန်းသွားမယ်ဆိုရင်တော့... တားမြစ်ချက်တွေကို မပျက်စီးစေဘဲ သွားနိုင်လိမ့်မယ်” ဟု ဆိုလိုက်သည်။
လီယန်ချူက ၎င်းစကားကို ကြားရလျှင် တည်ငြိမ်သွားခဲ့သည်။
“ကောင်းပြီ” ဟု ဆိုလိုက်သည်။
ဤနည်းလမ်းက အရာအားလုံးကို ပြည့်စုံစေနိုင်သဖြင့်... သူနှင့် ဆိုင်ရှင်မတို့မှာ ချက်ချင်းပင် ထွက်ခွာခဲ့ကြပြီး၊ ကျိုဖုန်းတောင်တန်း အနီးသို့ ရောက်ရှိလာခဲ့ကြတော့သည်။
သဲကန္တာရ လျှို့ဝှက်နယ်မြေအတွင်း၌
အေးစက်လှသော မျက်နှာသွင်ပြင်နှင့် ရှေးကျလှသော အရှိန်အဝါများ ရှိသည့် ကလေးငယ်မှာ... ယခုအချိန်တွင် ဖြည်းညှင်းစွာ လျှောက်လှမ်းနေခဲ့သည်။
“ဘယ်လိုလူက... ငါ့ကို ချောင်းမြောင်း စောင်းငဲ့ကြည့်ရှုနိုင်တာလဲ”
သူက ဦးခေါင်းကို ခါယမ်းလိုက်မိသော်လည်း၊ အလွန်ပင် ဂရုစိုက်ခြင်း မရှိချေ။
ဒီနေ့တွင် တာအိုဆရာကြီး ကျောက်က ကံတရား တွက်ချက်ခြင်း အတတ်ပညာကို အသုံးပြုခဲ့သော်လည်း... မိမိ၏ သတိပြုမိခြင်းကို ခံလိုက်ရသဖြင့် တန်ပြန်သက်ရောက်မှု ဒဏ်ရာ ရရှိသွားခဲ့ခြင်း ဖြစ်ပေသည်။ ဖြစ်နိုင်တာကတော့... တချို့ တာအိုဂိုဏ်းမှ ထိပ်တန်း ပညာရှင်များက တောင်ပင်လယ် လျှို့ဝှက်နယ်မြေ၏ တားမြစ်ချက်များ ပျက်စီးသွားသည်ကို မြင်တွေ့ရသဖြင့်၊ စုံစမ်းစစ်ဆေးရန် ကြိုးပမ်းခြင်း ဖြစ်ရပေမည်။
“နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့တာတောင်မှ... ဒီနေရာမှာ လူသားမျိုးနွယ်စုတွေ ဒီလောက်အထိ အများကြီး ကျန်ရှိနေသေးတာက တကယ်ကို မဆိုးဘူးပဲ”
ဤကလေးငယ်မှာ စင်စစ်အားဖြင့် ရွှေတောင်ပံ ဂဠုန်မင်း ပင် ဖြစ်ပေသည်။ သူ၏ လက်ထဲတွင် ရှိသော ခွန်လွန်မှန်တု အပိုင်းအစ မှာ လီယန်ချူ၏ လုယက်ခြင်းကို ခံလိုက်ရသဖြင့်... သူ၏ ကျင့်ကြံမှုကို ပြန်လည် ကုသပြီးနောက်တွင် တောင်ပင်လယ် လျှို့ဝှက်နယ်မြေမှ တားမြစ်ချက်များကို ဖောက်ထွင်း၍ ထွက်ပြေးလာခဲ့ခြင်း ဖြစ်သည်။
ယခုအချိန်တွင် သူ၏ ခါး၌ သေးငယ်လှသော ကျောက်ကမ္ပည်းတံဆိပ်တုံးလေးတစ်ခုကို ချိတ်ဆွဲထားခဲ့ပြီး၊ ၎င်းမှာ ‘တောင်ပင်လယ်တံဆိပ်တုံး’ ဖြစ်ပေသည်။
တောင်ပင်လယ် လျှို့ဝှက်နယ်မြေတစ်ခုလုံးမှာ သူ၏ အပြည့်အဝ သန့်စင်ခြင်းကို ခံလိုက်ရပြီး... ကြောက်မက်ဖွယ်ရာ နတ်ဘုရား စွမ်းအားများ ပြည့်နှက်နေသော တံဆိပ်တုံးလေးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။
“အတိတ်တုန်းက ဒီနေရာမှာ ခွန်န်လွန်မှန်တု အပိုင်းအစ ရှိနေတာကို ငါ ရှာဖွေတွေ့ရှိခဲ့ဖူးတယ်၊ နှမြောစရာကောင်းတာကတော့... ဒီကမ္ဘာငယ်လေးရဲ့ အသီးအပွင့်တွေကို မရိတ်သိမ်းရသေးခင်မှာပဲ ကပ်ဘေးနဲ့ ကြုံတွေ့ခဲ့ရတာပဲ၊ အခုကြည့်ရသလောက်ဆိုရင်တော့... ဒီအခွင့်အရေးက ငါနဲ့ ကံပါနေဆဲပဲ ဖြစ်ရမယ်”
သဲကန္တာရ လျှို့ဝှက်နယ်မြေအတွင်း၌... ကူန်လွန်မှန်တု နတ်ဘုရားရတနာ၏ အပိုင်းအစတစ်ခု ကိန်းဝပ်နေခဲ့ပြီး၊ အတွင်း၌ အချိန်နှင့် ဟင်းလင်းပြင် စွမ်းအားအချို့ ပါဝင်နေခဲ့သည်။ အတိတ်တုန်းက ဝူချင်း မြင်တွေ့ခဲ့ရသော ဟောကိန်းမှာလည်း ၎င်းအရာဆီမှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပေသည်။
လီယန်ချူသည် တောင်ပင်လယ် လျှို့ဝှက်နယ်မြေအတွင်းမှ အပိုင်းအစတစ်ခုကို ရရှိခဲ့ဖူးသလို၊ လီရှန်လျှို့ဝှက်နယ်မြေအတွင်းမှလည်း အခြားအပိုင်းအစတစ်ခုကို ရရှိခဲ့ဖူးကာ... ထိုအချိန်တုန်းက တရားထိုင်ရာ ဂူဗိမာန်အရှေ့၌ ဖြစ်ပွားခဲ့သော အကြောင်းအရာများနှင့် ကျင့်ကြံသူနှစ်ဦး၏ စကားပြောဆိုမှုများကိုပါ မြင်တွေ့ခဲ့ဖူးသည်။
ယခုအချိန်တွင် ခါး၌ တောင်ပင်လယ်တံဆိပ်တုံးကို ချိတ်ဆွဲထားသော ကလေးငယ်မှာ... ဤနေရာရှိ လူသားမျိုးနွယ်စုများကို ဝါးမြိုကာ မိမိ၏ သွေးသားအနှစ်များကို အားဖြည့်ရန် ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေသည်။ တစ်ချိန်တည်းမှာပင်... ထိုခွန်လွန်မှန်တု အပိုင်းအစကိုပါ ထပ်မံ ရယူရန် ကြိုးပမ်းနေခဲ့သည်။
“အရင်ဦးဆုံး တခြား ကမ္ဘာငယ်လေးတွေဆီကနေ လုယက်ပြီး စွမ်းအားတွေကို မြှင့်တင်မယ်၊ အဲဒီနောက်မှ... ချန်တိုင်းပြည်ထဲက လူသားတွေအားလုံးကို တစ်ချက်တည်း ဝါးမြိုပြီး... နောက်ထပ် အဆင့်တစ်ခုကို တက်လှမ်းမယ်”
ရွှေတောင်ပံ ဂဠုန်မင်းက ခပ်ဖွဖွ ပြုံးလိုက်မိသည်။
သူ့တွင် ကြီးမားလှသော နတ်ဘုရား တန်ခိုးပညာရပ်များ ရှိပြီး ဟင်းလင်းပြင် တာအို၌ အလွန်ပင် ကျွမ်းကျင်လှသဖြင့်... လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်၍ ဝင်ရောက်လာခဲ့ခြင်း ဖြစ်ကာ မည်သူ့ကိုမျှ လုံးဝ နှိုးဆော်မိခြင်း မရှိခဲ့ချေ။
တကယ်လို့ လီယန်ချူက တိုက်တိုက်ဆိုင်ဆိုင် တောင်ပင်လယ် လျှို့ဝှက်နယ်မြေအရှေ့သို့ ‘စိတ်ဝိညာဉ်ခရီး’ ဖြင့် ရောက်ရှိမလာခဲ့ဘူးဆိုလျှင်... မည်သူမျှ သူ၏ သတင်းအစအနကို ရရှိနိုင်လိမ့်မည် မဟုတ်ချေ။
ကျန့်အန်းမြို့တော်၊
မြို့တော်ဝန် လုံထူ မှာ ယခုအချိန်တွင် လူငယ် သိုင်းပညာရှင်အချို့အား ကျင့်ကြံမှုကို သင်ကြားပြသပေးနေခဲ့သည်။
ကျန့်အန်းမြို့တော်အတွင်း၌ သိုင်းတာအိုကို ကျင့်ကြံကြပြီး၊ တိုင်းသူပြည်သားအားလုံးမှာ သိုင်းပညာကို တတ်ကျွမ်းကြပေသည်။ ယခုအချိန်တွင် ရာသီဥတုက ပူပြင်းလှသဖြင့်... အားကောင်းလှသော လူငယ်များမှာ ခန္ဓာကိုယ် အထက်ပိုင်း အဝတ်အစားများကို ချွတ်ထားခဲ့ကြပြီး ကြွက်သားများမှာလည်း ထုထည်ကြီးမားလှကာ၊ ပြင်းထန်လှသော နေရောင်အောက်၌ အလွန်ပင် ကြိုးစားပမ်းစား လေ့ကျင့်နေခဲ့ကြသည်။
ဝူချင်းသည်လည်း မြို့တော်ဝန်အိမ်တော်၏ အထူးကျောင်းတော်ဆရာ ဖြစ်လာခဲ့ပြီး၊ လူငယ်မျိုးဆက်သစ်များကို အထူးတလည် ပြုစုပျိုးထောင်ပေးနေခဲ့သည်။
အာနာဇာ မှာမူ ယခုအချိန်တွင် ကွင်းပြင်ကျယ်ကြီးတစ်ခုအတွင်း၌ စိတ်နှစ်မြှုပ်၍ ကျင့်ကြံနေခဲ့သည်။
အတိတ်တုန်းက လီယန်ချူ ဤနေရာသို့ ရောက်ရှိလာခဲ့စဉ်က... သူတို့အား သိုင်းတာအို အသိစိတ်များကို လမ်းညွှန်ပြသပေးခဲ့ဖူးသဖြင့်၊ အာနာဇာမှာ အကျိုးကျေးဇူးများစွာ ရရှိခဲ့သည်။ သူမ၏ ပါရမီဉာဏ်မှာ အမြင့်မားဆုံး ဖြစ်သဖြင့်... ယခုအချိန်တွင် သူမ၏ ကျင့်ကြံမှုမှာ ဝူချင်းကိုပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်ကာ မွေးရာပါ သိုင်းပညာရှင် အဆင့်သို့ ရောက်ရှိနေခဲ့ပြီး၊ မြို့တော်ဝန် လုံထူနှင့် အဆင့်အတန်း တူညီနေခဲ့ပြီ ဖြစ်သည်။
ယခုအချိန်တွင် ခန္ဓာကိုယ် သွယ်လျမြင့်မားလှသော အာနာဇာက လက်သီးချက် ပညာရပ်တစ်ခုကို လေ့ကျင့်နေခဲ့ပြီး... လက်သီးအသိစိတ်မှာ ကြီးမားခန့်ညားလှကာ ရှေးကျလှသော အငွေ့အသက်များ ပြည့်နှက်နေခဲ့သည်။
သူမ၏ ဝတ်ဆင်ထားသော အဝတ်အစားများမှာ ကန်တိုင်းပြည်နှင့် မတူညီဘဲ၊ အလွန်ပင် လျော့ရဲပေါ့ပါးလှပေသည်။
အာနာဇာမှာ ယခုအချိန်တွင် ဖျတ်လတ်လှသော ဂျိုးပါးဒေါ့ကျားသစ်မကြီး တစ်ကောင်အလား ဖြစ်နေခဲ့ပြီး၊ ပေးစွမ်းသော ခံစားချက်မှာ အလွန်ပင် ထက်မြက်လှကာ... ဝမ်းဗိုက်ထက်၌ ထင်ရှားလှသော ကြွက်သားအမြှောင်းများ ရှိနေခဲ့ပြီး ခြေထောက်များတွင်လည်း ကြောက်မက်ဖွယ်ရာ စွမ်းအားများ ပြည့်နှက်နေခဲ့သည်။
ဘုန်း ဘုန်း ဘုန်း
လက်သီးချက်များနှင့် ခြေကန်ချက်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး သွေးသားအနှစ်များ အလွန်ပင် အားကောင်းလှပေသည်။
အာနာဇာသည် လီယန်ချူ၏ လမ်းညွှန်မှုကို ခံယူခဲ့ရဖူးသဖြင့်... ကျင့်ကြံမှု နယ်ပယ်အရ လုံထူနှင့် ဆင်တူသော်လည်း၊ တကယ်လို့ တိုက်ခိုက်ကြမည်ဆိုပါက ဆယ်ကွက်အတွင်းမှာတင် မြို့တော်ဝန် လုံထူကို အလွယ်တကူ အနိုင်ယူနိုင်စွမ်း ရှိသဖြင့်... သူမ၏ သိုင်းတာအို ပါရမီမှာ အလွန်ပင် ကြောက်စရာ ကောင်းလှပေသည်။ သူမ၏ တစ်ကိုယ်လုံးတွင် ပြောမပြတတ်အောင် ဆွဲဆောင်မှုရှိသော အရှိန်အဝါများ ပြည့်နှက်နေခဲ့သည်။
ရုတ်တရက်...
သူမက ပြင်းထန်လှသော အန္တရာယ် အငွေ့အသက်တစ်ခုကို အာရုံခံမိလိုက်သဖြင့်၊ ခန္ဓာကိုယ်ကို ချက်ချင်းပင် လှည့်လိုက်ရင်း အထက်သို့ ခုန်ပျံလိုက်ကာ... ခြေလှမ်းအနည်းငယ်မျှဖြင့် ကျန့်အန်းမြို့တော်၏ မြို့ရိုးထက်သို့ ရောက်ရှိသွားခဲ့တော့သည်။
ယခုအချိန်တွင် မလှမ်းမကမ်းရှိ နေရာတစ်ခုဆီမှလည်း... ပုံရိပ်တစ်ခုက ခြေလှမ်းအနည်းငယ်အတွင်းမှာပင် အဝေးမှ ပြေးလွှား ရောက်ရှိလာခဲ့ပြီး မြို့ရိုးထက်သို့ သက်ဆင်းလိုက်သည်။
ခန္ဓာကိုယ် ကြီးမားထွားကျိုင်းလှသော ကျန့်အန်းမြို့တော်ဝန် လုံထူက တည်ငြိမ်လေးနက်လှသော လေသံဖြင့် -
“မင်းလည်း... အာရုံခံမိလိုက်တာလား” ဟု မေးမြန်းလိုက်သည်။
အာနာဇာ၏ မျက်နှာသွင်ပြင်က လေးနက်သွားခဲ့ရသည်၊ ယခုအချိန်တွင် သူမ၏ သိုင်းတာအို ကျင့်ကြံမှုမှာ မွေးရာပါ အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် အမြင်အာရုံက အလွန်ပင် ကောင်းမွန်လှပေသည်။ သေချာစွာ စိုက်ကြည့်လိုက်မိချိန်တွင်... သဲမုန်တိုင်းများကြား၌ အသက် ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်မျှသာ ရှိသေးသော ကေးငယ်တစ်ဦးက ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်ကို မြင်တွေ့လိုက်ရသည်။
ထိုလူက သူမအား ပေးစွမ်းသော ခံစားချက်မှာ အလွန်ပင် ဖိအားများပြားလှပေသည်။
ထိုကလေးငယ်က မျက်နှာသေဖြင့်... သူမအား တစ်ချက်မျှသာ လှမ်း၍ ကြည့်လိုက်သော်လည်း၊ အာနာဇာမှာ ခန္ဓာကိုယ်အတွင်းရှိ သွေးသားအနှစ်များအားလုံး ချက်ချင်း ခဲသွားသည့်အလား ခံစားလိုက်ရသည်။
“အလွန်... အားကောင်းတာပဲ”
အာနာဇာနှင့် လုံထူတို့မှာ တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့ရပြီး... ကျန့်အန်းမြို့တော်ဝန် လုံထူသည်လည်း ရုတ်တရက် အတိတ်တုန်းက ဝူချင်း ပြောပြခဲ့ဖူးသော ဟောကိန်းကို ပြန်လည် မှတ်မိသွားခဲ့သည်။ မသိစိတ်အတွင်းမှ ဤအတွေး ထွက်ပေါ်လာခဲ့ပြီးနောက်တွင်မူ... သူ၏ နှလုံးသားတစ်ခုလုံး အေးစက်သွားခဲ့ရတော့သည်။
ထိုကလေးငယ်မှာ မူလက သူတို့နှင့် အလွန်ပင် ဝေးကွာလှသော နေရာ၌ ရှိနေခဲ့ခြင်း ဖြစ်သော်လည်း၊ မျက်စိတစ်မှိတ်အတွင်းမှာပင် ကျန့်အန်းမြို့တော်၏ အရှေ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ကျန့်အန်းမြို့တော်၏ တံခါးအရှေ့၌ ရှေးဟောင်း ကြေးညိုရောင် လက်နက်မျိုးစုံကို ကိုင်ဆောင်ထားသော စစ်သူရဲအချို့ ရှိနေခဲ့ကြပြီး... ထိုကလေးငယ်ကို မြင်တွေ့ရလျှင် အလွန်ပင် စိမ်းကားစွာဖြင့် မေးမြန်းရန် ပြင်လိုက်ကြသည်။ လုံထူက ထိုမြင်ကွင်းကို မြင်လျှင် ဒေါသတကြီးဖြင့် -
“ရပ်လိုက်စမ်း” ဟု အော်ဟစ်လိုက်မိသည်။
သူက အော်ဟစ်လိုက်ရင်း မြို့ရိုးထက်မှ တိုက်ရိုက် ခုန်ဆင်းလိုက်ပြီး၊ သူ၏ မျက်ဝန်းအစုံမှာ သိန်းငှက်တစ်ကောင်အလား စူးရှလှကာ... ထိုကလေးငယ်ကို စိုက်ကြည့်ရင်း -
“မင်း... ဘယ်သူလဲ” ဟု တည်ငြိမ်လေးနက်လှသော လေသံဖြင့် မေးမြန်းလိုက်သည်။
ထိုကလေးငယ်က ပေးစွမ်းသော ဖိအားမှာ ကြီးမားလှသော်လည်း... လုံထူက တစ်နှစ်ပတ်လုံး ကျန့်အန်းမြို့တော်အပြင်ဘက်ရှိ သားရဲကောင်ကြီးများနှင့် တိုက်ခိုက်လာခဲ့သူ ဖြစ်သဖြင့်၊ ယခုအချိန်တွင် နှလုံးသားထဲမှ ထိတ်လန့်မှုကို အတင်းအဓမ္မ ဖိနှိပ်ထားခြင်း ဖြစ်ပေသည်။
ရွှေတောင်ပံ ဂဠုန်မင်း ပြောင်းလဲထားသော ကလေးငယ်က... လုံထူအား အေးစက်စွာ တစ်ချက် ကြည့်ရှုလိုက်သည်။
လုံထူသည် ခန္ဓာကိုယ်အတွင်းရှိ သွေးသားများ ပြင်းထန်စွာ ဆူပွက်သွားခဲ့ရပြီး...
ဘုန်း
တိုက်ရိုက်ပင် မြို့ရိုးထက်သို့ လွင့်စင်ကာ ရိုက်ခတ်မိသွားခဲ့တော့သည်။
သူ၏ နောက်ကွယ်ရှိ မြို့ရိုးကြီးမှာ အလွန်ပင် ခိုင်ခံ့လှပြီး သားရဲကောင်ကြီးများ၏ တိုက်ခိုက်မှုကိုပင် တောင့်ခံနိုင်စွမ်း ရှိသော်လည်း၊ ယခုအချိန်တွင်မူ တိုက်ရိုက်ပင် အပိုင်းပိုင်းအစစ ပျက်စီးသွားခဲ့ရသည်။
လုံထူ၏ ခန္ဓာကိုယ်ပေါ်ရှိ အရိုးများမှာ ဘယ်နှချောင်းမျှ ကျိုးပဲ့သွားခဲ့ရမှန်း မသိချေ၊ သူ၏ မျက်ဝန်းအစုံမှာ နီရဲနေခဲ့ပြီး ရှေ့သို့ ထပ်မံ ကြည့်ရှုလိုက်မိချိန်တွင်... မျက်စိရှေ့မှ မြင်ကွင်းတစ်ခုလုံး သွေးနီရောင်အဖြစ်သို့ ပြောင်းလဲနေခဲ့ပြီ ဖြစ်သည်။
ယခုအချိန်တွင် မြို့ရိုးထက်နှင့် အောက်ခြေရှိ ကျန့်အန်းမြို့တော်မှ သိုင်းပညာရှင်အားလုံးမှာ... တစ်ခဏချင်းအတွင်း အံ့အားသင့်ကာ ထိတ်လန့်သွားခဲ့ကြရသည်။
အာနာဇာသည်လည်း မြို့ရိုးထက်မှ ခုန်ဆင်းလိုက်ပြီး၊ လက်ထဲတွင် ကြေးညိုရောင် လှံရှည်ကြီးတစ်စင်းကို ကိုင်ဆောင်ထားရင်း... သူမ၏ မျက်ဝန်းအတွင်း၌ စိုးရိမ်စိတ်များနှင့် ပြည့်နှက်နေခဲ့သည်။
ကလေးငယ်က အေးစက်စွာဖြင့် -
“မင်းတို့ ဒီနေရာက လူတွေက... အမြဲတမ်း အရိုင်းစိုင်တွေ ဖြစ်နေတုန်းပဲ” ဟု ဆိုလိုက်သည်။
သူက ဤနေရာသို့ ရောက်ရှိလာချိန်တွင်... ကြီးမားလှသော မြို့တော်ကြီး အများအပြားကို ဝါးမြိုပစ်ခဲ့ပြီး ဖြစ်သဖြင့်၊ သဲကန္တာရ လျှို့ဝှက်နယ်မြေတစ်ခုလုံးတွင် ယခု ကျန့်အန်းမြို့တော် တစ်ခုတည်းသာ ကျန်ရှိတော့ခြင်း ဖြစ်ပေသည်။
သူက မိမိ၏ ရှေ့မှောက်၌ လမ်းပိတ်ရပ်နေသော အာနာဇာကို ကြည့်လိုက်ရင်း... မျက်ဝန်းအတွင်း၌ လှောင်ပြုံး အမူအရာများ ထွက်ပေါ်နေခဲ့တော့သည်။
အခန်း (၁၀၄၈) ရွှေတောင်ပံ ဂဠုန်မင်း
လုံထူသည် အတင်းအဓမ္မ ရုန်းကန်သော်လည်း လုံးဝ ထမရချေ။ သူက လေးနက်လှသော လေသံဖြင့် -
“မြန်မြန်ပြေးတော့... မင်းက ဘယ်လိုမှ ဒီလူ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး” ဟု ဆိုလိုက်သည်။
အာနာဇာသည် သိုင်းတာအို ပါရမီဉာဏ် အလွန်မြင့်မားလှပြီး၊ လွန်ခဲ့သောရက်က ဤနေရာသို့ ရောက်ရှိလာခဲ့သည့် လူငယ်တာအိုဆရာလေးနှင့်လည်း ရင်းနှီးကျွမ်းဝင်မှု အချို့ရှိခဲ့သည်။
ယခုအချိန်တွင် လုံထူ၏ မျက်နှာပြင်မှာ ဖြူလျော်နေခဲ့ပြီး၊ ကျန့်အန်းမြို့တော်ကြီး ကပ်ဘေးဆိုးနှင့် ကြုံတွေ့ရတော့မည်ကို မိမိဘာသာ သိရှိနေခဲ့သည်။ အာနာဇာကဲ့သို့သော သိုင်းတာအို အထူးချွန်ဆုံး လူငယ်မျိုးဆက်ကို ထွက်ပြေးလွတ်မြောက်စေမှသာ... ကျန့်အန်းမြို့တော်အတွက် မျိုးဆက်သစ် မျိုးစေ့ကို ချန်ထားနိုင်ပေလိမ့်မည်။
အာနာဇာသည် ကြေးညိုရောင် လှံရှည်ကြီးကို ကိုင်ဆောင်ထားရင်း... မျက်နှာထက်၌ အေးစက်တည်ငြိမ်မှုများ ပြည့်နှက်နေခဲ့ပြီး၊ ဦးခေါင်းကို ခါယမ်းကာ ကြေးညိုရောင် လှံရှည်ကြီးကို မြှောက်လိုက်သည်။
“မင်းက ဘယ်လိုလူပဲဖြစ်ဖြစ်၊ ဘာပဲလုပ်ချင်လုပ်ချင်... ငါ့ရဲ့ အလောင်းကို ဖြတ်ကျော်သွားရလိမ့်မယ်” ဟု ဆိုလိုက်သည်။
ကလေးငယ်က ၎င်းစကားကို ကြားရလျှင် ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။
“ရယ်စရာကောင်းလိုက်တာ... ဒီလိုစကားမျိုးကို ငါမကြားရတာ နှစ်ပေါင်းများစွာ ရှိနေပြီပဲ”
ဂဠုန်ငှက်ကြီးသည် တစ်ချက်မျှ ဝါးမြိုလိုက်ရုံဖြင့် မြို့တစ်မြို့လုံးရှိ လူသားများကို စားသုံးနိုင်ပေသည်။ ယခုအချိန်တွင် သူ၏ ရှေ့မှောက်၌ ရှိနေသော မွေးရာပါသိုင်းပညာရှင်လေးကို... သူက လုံးဝပင် မျက်စိထဲ ထည့်မထားချေ။
အာနာဇာသည် မွေးရာပါ သိုင်းပညာရှင်တစ်ဦး ဖြစ်သော်လည်း၊ ဤကလေးငယ်၏ ရှေ့မှောက်၌မူ လုံးဝ ပြန်လည်ခုခံနိုင်စွမ်း မရှိချေ။
ထို့အပြင် ကျန့်အန်းမြို့တော်တစ်ခုလုံးရှိ သိုင်းပညာရှင်များမှာလည်း... ဤကလေးငယ်၏ အရှိန်အဝါကို အာရုံခံမိလိုက်ကြချိန်တွင်၊ ရင်ထဲ၌ ပြန်လည်ခုခံလိုစိတ်ပင် လုံးဝ မမွေးဖွားနိုင်ကြတော့ချေ။
ကွာခြားချက်က တကယ်ကို ကြီးမားလွန်းလှပေသည်။
ကလေးငယ်၏ နောက်ကွယ်တွင် ‘ရွှေတောင်ပံ ဂဠုန်မင်း’ ၏ ပုံရိပ်ယောင်ကြီးတစ်ခု ပေါ်ထွက်လာခဲ့ပြီး... ထိုရွှေတောင်ပံ ဂဠုန်မင်းကြီးသည် တစ်ခဏချင်းအတွင်း ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ကာ၊ ၎င်း၏ မော်ကွန်းဝင် ပါးစပ်ကြီးကို ဟလိုက်ရင်း ကျန့်အန်းမြို့တော်ကြီးကို တိုက်ရိုက် ဝါးမြိုရန် ပြင်လိုက်တော့သည်။
ကျန့်အန်းမြို့တော်အတွင်း၌ ကျင့်ကြံမှု အမြင့်မားဆုံးဖြစ်သော လုံထူနှင့် အာနာဇာတို့မှာ ယခုအချိန်တွင် မျက်နှာများ ဖြူလျော်နေခဲ့ကြရသည်။
အာနာဇာသည် ယခုအချိန်မှသာ မိမိနှင့် ဤကလေးငယ်အကြားတွင်... မည်မျှအထိ ကြီးမားလှသော ကွာခြားချက် ရှိနေသည်ကို အတိအကျ သဘောပေါက်သွားခဲ့တော့သည်။
ကြောက်မက်ဖွယ်ရာ ကောင်းလှသော ထိုရွှေတောင်ပံ ဂဠုန်မင်းကြီးကို ထိပ်တိုက်ရင်ဆိုင်လိုက်ရချိန်တွင်... အာနာဇာ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးသားအနှစ်များအားလုံးမှာ ချက်ချင်းပင် အေးခဲသွားခဲ့ရပြီး၊ လုံးဝ လှုပ်ရှားနိုင်စွမ်း မရှိတော့ချေ။
လူသားတို့၏ စွမ်းအားမှာ တစ်ခါတစ်ရံတွင် အကန့်အသတ် ရှိပေသည်ဟူသော စကားမှာ... ဤအဓိပ္ပာယ်ပင် ဖြစ်သည်။
သို့သော်လည်း ထိုရွှေတောင်ပံ ဂဠုန်မင်းကြီး၏ ပုံရိပ်ယောင်မှာ... အခြားသော မြို့ကြီးများကဲ့သို့ ကျန့်အန်းမြို့တော်ကြီးကို အပြည့်အဝ ဝါးမြိုနိုင်ခြင်း မရှိခဲ့ချေ။
ချလွင်...
ကောင်းကင်ယံထက်မှနေ၍ ဓားအလင်းတန်းတစ်ခု ကျဆင်းလာခဲ့သည်။ ထိုဓားအလင်းတန်းမှာ အလွန်ပင် ထက်မြက်ပြီး စွမ်းအားများ ပြည့်နှက်နေခဲ့သည်။
ကျိ...
ရွှေတောင်ပံ ဂဠုန်မင်းကြီးသည် ဓားချက်တစ်ချက်တည်းဖြင့် ဒဏ်ရာရရှိသွားခဲ့ပြီး... နာကျင်စွာ အော်မြည်လိုက်ရင်း ကလေးငယ်၏ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည် ဆုတ်ခွာသွားခဲ့ရတော့သည်။
ကလေးငယ်က မျက်ခုံးပင့်လိုက်မိရင်း... ကောင်းကင်ယံထက်သို့ လှမ်း၍ ကြည့်လိုက်သည်။
ပုံရိပ်တစ်ခုက ကောင်းကင်ယံထက်မှနေ၍ တိုက်ရိုက် သက်ဆင်းလာခဲ့သည်။
ဒိန်း
၎င်းပုံရိပ်သည် ကျန့်အန်းမြို့တော်မှ သိုင်းပညာရှင်များနှင့် ဤကလေးငယ်၏ အကြားသို့ ဗဟိုပြု၍ သက်ဆင်းလိုက်ရာ...
မြေပြင်ကြီးမှာ လက်မဝက်မျှအထိ အပိုင်းပိုင်းအစစ ကွဲအက်သွားခဲ့ပြီး မိုင်ပေါင်းများစွာအထိ ပြန့်နှံ့သွားခဲ့ကာ... သူ၏ ကြောက်မက်ဖွယ်ရာ ကောင်းလှသော စွမ်းအားများကို မခံနိုင်တော့သည့်အလား ဖြစ်နေခဲ့သည်။
ရောက်ရှိလာသူမှာ အခြားသူမဟုတ်ဘဲ... တည်ငြိမ်လေးနက်လှသော မျက်နှာသွင်ပြင်နှင့် အေးစက်လှသော မျက်ဝန်းအစုံရှိသည့် လူငယ်တာအိုဆရာ လီယန်ချူ ပင် ဖြစ်သည်။
ကလေးငယ်က မူလက မျက်နှာသေဖြင့် စောင့်ကြည့်နေခဲ့သော်လည်း... ဤလူငယ်တာအိုဆရာလေးကို ပြန်လည် မှတ်မိသွားချိန်တွင်မူ၊ ချက်ချင်းပင် ဒေါသတကြီးဖြင့် -
“မင်းပဲ...” ဟု အော်ဟစ်လိုက်တော့သည်။
သူသည် လျှို့ဝှက်နယ်မြေအတွင်း၌... ဤလူငယ်တာအိုဆရာလေးနှင့် တိုက်ခိုက်ခဲ့ဖူးပြီး၊ ထိုအချိန်တုန်းက အဆင့် (၃) သို့ပင် မရောက်သေးသော လူငယ်တာအိုဆရာလေး၏ လက်ထဲ၌ ရှုံးနိမ့်ခဲ့ရခြင်းကို ယခုအချိန်အထိ မေ့ပျောက်နိုင်ခြင်း မရှိသေးချေ။
သူ၏ အေးစက်လှသော အော်ဟစ်သံနှင့်အတူ... ကောင်းကင်နှင့် မြေပြင်အကြား၌ လေပြင်းများ ပြင်းထန်စွာ တိုက်ခတ်လာခဲ့ပြီး၊ ကောင်းကင်အပြည့် သဲမုန်တိုင်းများမှာ အထက်သို့ မြင့်တက်လာခဲ့ကာ ကြောက်မက်ဖွယ်ရာ လေဆင်နှာမောင်းကြီးများအဖြစ်သို့ ပြောင်းလဲသွားခဲ့သဖြင့်...
သဲကန္တာရ လျှို့ဝှက်နယ်မြေတစ်ခုလုံးမှာပင် သိသိသာသာ တုန်ခါသွားခဲ့ရသည်။
ကျန့်အန်းမြို့တော်အတွင်းရှိ တိုင်းသူပြည်သားအားလုံးမှာ သိုင်းပညာရှင်များ ဖြစ်ကြပြီး... အစွမ်းထက်ဆုံးသော သိုင်းပညာရှင်များမှာလည်း တစ်နှစ်ပတ်လုံး သားရဲကောင်ကြီးများနှင့် တိုက်ခိုက်လာခဲ့ကြသူများ ဖြစ်သော်လည်း၊ ယခုအချိန်တွင်မူ မသိစိတ်အတွင်းမှ ချက်ချင်းပင် တုန်လှုပ်ခြောက်ခြားသွားခဲ့ကြရသည်။
ဤကဲ့သို့သော ကောင်းကင်နှင့် မြေပြင်၏ စွမ်းအားကြီးမားမှုမျိုးကို... လူသားတို့၏ စွမ်းအားဖြင့် မည်သို့မျှ ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်း မရှိချေ။
အာနာဇာ၏ မျက်ဝန်းအစုံမှာ လင်းလက်သွားခဲ့ရသည်။ သူမက ဤလူငယ်တာအိုဆရာလေးကို မှတ်မိသွားခဲ့ပြီးနောက်... ရင်ထဲ၌ တစ်ချိန်တည်းမှာပင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်သွားခဲ့ရသည်။
လီယန်ချူနှင့် ဆိုင်ရှင်မတို့သည် ကျိုဖုန်းတောင်တန်းသို့ ရောက်ရှိလာခဲ့ကြပြီးနောက်... ချင်းထျန်ဓားသန္ဓေသားဖြင့် ဟင်းလင်းပြင်ကြီးကို တိုက်ရိုက် ဖြတ်သန်းကာ ဤနေရာသို့ ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။
ယခုအချိန်တွင် သူက ဤကလေးငယ်ကို စိုက်ကြည့်လိုက်သည်။
“ပြီးခဲ့တဲ့အကြိမ်တုန်းက မင်းကို ငါမသတ်နိုင်ခဲ့ဘူး၊ ဒီတစ်ကြိမ်တော့... မင်း လွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး” ဟု ဆိုလိုက်သည်။
ထိုကလေးငယ်က ၎င်းစကားကို ကြားရလျှင် လှောင်ပြုံး ပြုံးလိုက်မိပြီး... ကောင်းကင်ယံထက်က အကြီးမားဆုံးသော ဟာသတစ်ခုကို ကြားလိုက်ရသည့်အလား -
“ရူးမိုက်လိုက်တာ...” ဟု ဆိုလိုက်သည်။
ရွှေတောင်ပံ ဂဠုန်မင်းသည် ရှေးဟောင်း နတ်ဘုရားငှက်တစ်ကောင် ဖြစ်ပြီး... မိစ္ဆာမျိုးနွယ်စုများကြားရှိ အစွမ်းထက်ဆုံး တည်ရှိမှုမျိုး ဖြစ်သဖြင့်၊ သူ၏ သွေးသားမျိုးရိုးမှာ အလွန်ပင် မြင့်မြတ်လှပေသည်။
ပြီးခဲ့သည့်အကြိမ်တုန်းက သူက နတ်ဘုရားစွမ်းအား အနည်းငယ်မျှသာ ထုတ်ဖော်ခဲ့ခြင်း ဖြစ်သော်လည်း... ယခုကဲ့သို့ လူငယ်တာအိုဆရာလေး၏ အထင်သေးခြင်းကို ခံလိုက်ရသဖြင့်...
လက်ကို အသာအယာ မြှောက်လိုက်ရင်း ညွှန်ပြလိုက်တော့သည်။
ကြောက်မက်ဖွယ်ရာ ကောင်းလှသော စွမ်းအားလှိုင်းတစ်ခုမှာ ချက်ချင်းပင် သိန်းငှက်တစ်ကောင်အလား ဖောက်ထွင်းလာခဲ့ပြီး... လီယန်ချူ၏ နဖူးထက်သို့ တိုက်ရိုက် ဖောက်ထွင်းရန် ဦးတည်လာခဲ့ရာ၊ မျက်စိတစ်မှိတ်အတွင်းမှာပင် မျက်ခုံးအစုံကြားသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
လီယန်ချူက အနည်းငယ်မျှ တွန့်ဆုတ်ခြင်းမရှိဘဲ... လက်ကို ဝေ့ယမ်းလိုက်ရင်း ထိုအလင်းတန်းကို တိုက်ရိုက် ရိုက်ခတ်ဖျက်ဆီးပစ်လိုက်ပြီးနောက်၊ ခန္ဓာကိုယ်ကို ရှေ့သို့ အလျင်အစလို ရွှေ့လျားလိုက်ကာ ဤကလေးငယ်၏ အရှေ့သို့ ရောက်ရှိသွားခဲ့ပြီး...
လက်သီးချက်တစ်ချက်ကို တိုက်ရိုက် ထိုးနှက်လိုက်တော့သည်။
ကလေးငယ်၏ မျက်နှာထက်၌ အံ့အားသင့်ဖွယ်ရာ အမူအရာများ ထွက်ပေါ်လာခဲ့ပြီး... သူကလည်း တူညီစွာဖြင့် လက်သီးချက်တစ်ချက်ကို ပြန်လည် ထိုးနှက်လိုက်သည်။
သူတို့နှစ်ဦး၏ လက်သီးချက်များမှာ တစ်နေရာတည်း၌ ထိပ်တိုက် တိုးမိသွားခဲ့ကြရာ... ချက်ချင်းပင် ဟင်းလင်းပြင်ကြီး တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး၊ ကြောက်မက်ဖွယ်ရာ အရှိန်အဝါများမှာ ပတ်ဝန်းကျင်ဆီသို့ အဆက်မပြတ် ပြန့်နှံ့သွားခဲ့တော့သည်။
အစောပိုင်းတုန်းက ကလေးငယ်၏ အော်ဟစ်သံကြောင့် ထွက်ပေါ်လာခဲ့သော... အထက်သို့ မြင့်တက်နေသည့် သဲမုန်တိုင်း လေဆင်နှာမောင်း ကြီးပေါင်း ဆယ်ဂဏန်းကျော်မှာ၊ ယခုအချိန်တွင် လုံးဝပင် အမှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ပျောက်ကွယ်သွားခဲ့ကြရသည်။
ကောင်းကင်အပြည့် သဲမုန်တိုင်းများမှာ... ကြောက်မက်ဖွယ်ရာ သဲလှိုင်းကြီးတစ်ခုအလား ဖြစ်ပေါ်နေခဲ့သည်။
ကလေးငယ်၏ အံ့အားသင့်လှသော အသံ ထွက်ပေါ်လာခဲ့သည်။
“သိုင်းနတ်ဘုရား...”
ထို့နောက် သူ၏ မျက်ဝန်းအစုံအတွင်း၌ ရွံရှာမုန်းတီးလှသော အမူအရာများ ထွက်ပေါ်လာခဲ့သည်။
“မင်းက... နောက်ဆုံးတော့ ဒီအဆင့်ကို တက်လှမ်းနိုင်ခဲ့တာပဲ၊ ဒါပေမဲ့ ငါကတော့ မင်းကို ချန်ထားမှာ မဟုတ်ဘူး” ဟု ဆိုလိုက်သည်။
သူက လီယန်ချူ၏ အရှေ့သို့ လျင်မြန်စွာ ရောက်ရှိလာခဲ့ပြီး... လက်ဝါးတစ်ချက်ကို စောင်း၍ ခုတ်ပိုင်းလိုက်ရာ၊ အလွန်ပင် ထက်မြက်လှသော နတ်ဘုရားဓားတစ်စင်းအလား ဖြစ်နေခဲ့သည်။
လီယန်ချူကလည်း လက်ဝါးတစ်ချက်ကို အထက်မှနေ၍ တိုက်ရိုက် ခုတ်ပိုင်းလိုက်ပြီး... နောက်ထပ် လက်ဝါးတစ်ချက်ကိုပါ ထပ်မံ လဲလှယ်၍ တိုက်ခိုက်လိုက်သည်။
ဤတစ်ကြိမ်တွင် လီယန်ချူသည် ခုတ်ပိုင်းခြင်း ခံလိုက်ရသဖြင့် ဆယ်လှမ်းမျှ နောက်သို့ ဆုတ်ခွာသွားခဲ့ရသော်လည်း...
ရွှေတောင်ပံ ဂဠုန်မင်း ပြောင်းလဲထားသော ကလေးငယ်မှာမူ အလှမ်းတစ်ရာကျော်မျှ နောက်သို့ လွင့်စင် ဆုတ်ခွာသွားခဲ့ရသည်။
လက်ဝါးတစ်ချက်တည်းဖြင့် ရွှေတောင်ပံ ဂဠုန်မင်းကို အလှမ်းတစ်ရာကျော်မျှ ဆုတ်ခွာသွားအောင် ပြုလုပ်နိုင်ခြင်းမှာ...သိုင်းနတ်ဘုရား သာလျှင် ပြုလုပ်နိုင်စွမ်း ရှိပေသည်။
မိစ္ဆာမျိုးနွယ်စုများ၏ သွေးသားခန္ဓာကိုယ်မှာ အလွန်ပင် တောင့်ခံနိုင်စွမ်း ရှိကြပြီး... စစ်မှန်သော မိစ္ဆာနတ်ဘုရား အဆင့်သို့ ရောက်ရှိသွားချိန်တွင်၊ အနီးကပ် တိုက်ခိုက်ခြင်းမှာ သူတို့၏ အားသာချက် ဖြစ်လာခဲ့သည်။
ဂဠုန်မင်းကြီးမှာ မိစ္ဆာမျိုးနွယ်စုများကြားရှိ နတ်ဘုရားသားရဲတစ်ကောင် ဖြစ်သဖြင့်... သူ၏ သွေးသားခန္ဓာကိုယ်မှာ ပို၍ပင် တောင့်ခံနိုင်စွမ်း ရှိလှပေသည်။
ယခုအချိန်တွင် ကလေးငယ်က ခြေထောက်များကို အနည်းငယ် ကွေးညွတ်လိုက်ရင်း... လီယန်ချူထံသို့ ပြင်းထန်စွာ တိုက်ခိုက်ရန် ပြေးဝင်လာခဲ့ပြီး၊ သူ၏ လက်ချောင်းငါးချောင်းမှာ ကွေးညွတ်ကာ ချိတ်တစ်ခုအလား ပြောင်းလဲသွားခဲ့သဖြင့် လီယန်ချူ၏ နှလုံးသားကို နှိုက်ယူရန် ကြိုးပမ်းလိုက်သည်။
သူ၏ သွေးသားခန္ဓာကိုယ်မှာ... အချို့သော အစွမ်းထက်လှသည့် ရတနာပစ္စည်းများနှင့်ပင် နှိုင်းယှဉ်နိုင်စွမ်း ရှိနေခဲ့ပြီ ဖြစ်သည်။
ဘုန်း.....
လီယန်ချူက ကြောက်မက်ဖွယ်ရာ ကောင်းလှသော ခြေကန်ချက်တစ်ချက်ကို ထုတ်ဖော်လိုက်ပြီး... လျှပ်စီးလက်သည့်အလား ထိုကလေးငယ်၏ ဦးခေါင်းထက်သို့ တိုက်ရိုက် ကန်ကျောက်လိုက်တော့သည်။
ကလေးငယ်မှာ အသက် ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်မျှသာ ရှိသဖြင့်... သူ၏ ခန္ဓာကိုယ်မှာ လီယန်ချူထက် များစွာ သေးငယ်လှပေသည်။
လီယန်ချူ၏ ခြေကန်ချက်က ကန်ကျောက်လိုက်ချိန်တွင်... ဟင်းလင်းပြင်ကြီးအတွင်း၌ အသံလွန်လှိုင်း ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။
ထိုကလေးငယ်က မျက်ခုံးပင့်လိုက်မိရင်း... လက်ချောင်းငါးချောင်းကို လက်ဝါးအဖြစ်သို့ ချက်ချင်း ပြောင်းလဲလိုက်ကာ လီယန်ချူ၏ ခြေထောက်ထက်သို့ တိုက်ရိုက် ထိုးနှက်လိုက်တော့သည်။
ဒိန်းးး
ကောင်းကင်နှင့် မြေပြင်အကြား၌ ကြောက်မက်ဖွယ်ရာ ကောင်းလှသော မှိုပွင့်တိမ်တိုက်ကြီးတစ်ခု ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး... ပတ်ဝန်းကျင်ဆီသို့ အရှိန်အဟုန်ဖြင့် ပြန့်နှံ့သွားခဲ့သည်။
တကယ်လို့ လီယန်ချူက အရှေ့မှနေ၍ တားဆီးမပေးထားခဲ့ဘူးဆိုလျှင်... ကျန့်အန်းမြို့တော်ကြီးမှာ ယခုအချိန်တွင် ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
မြေပြင်နတ်ဘုရား အဆင့်ရှိသော မိစ္ဆာနတ်ဘုရားနှင့် သိုင်းနတ်ဘုရားတို့ တိုက်ခိုက်ကြခြင်း ဖြစ်သဖြင့်...
၎င်းတို့ထံမှ ပြန့်နှံ့လာသော စွမ်းအားလှိုင်း အနည်းငယ်မျှသည်ပင်... တောင်နှင့် မြစ်များကို ပြောင်းပြန် လှန်ပစ်နိုင်စွမ်းရှိပြီး၊ တောင်တန်းများကို ပျက်စီးစေနိုင်စွမ်း ရှိပေသည်။
လီယန်ချူက လက်ကို လှမ်း၍ လက်ဝါးတစ်ချက် ထိုးနှက်လိုက်ရာ... ကလေးငယ်၏ နဖူးထက်သို့ တိုက်ရိုက် ဖိနှိပ်လိုက်တော့သည်။
ဘုန်းးးး ဘုန်းးး
ကလေးငယ်ကို ရာဂဏန်းကျော်မျှ တိုက်ရိုက် နောက်သို့ ဆုတ်ခွာသွားစေခဲ့ပြီး... ကြောက်မက်ဖွယ်ရာ ကောင်းလှသော စွမ်းအားတစ်ခုက ကလေးငယ်၏ ဦးခေါင်းနောက်ကွယ်၌ ပေါက်ကွဲသွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင်... ကလေးငယ်၏ နောက်ကွယ်ရှိ နေရာလွတ်ကြီး၌ မိုင်ပေါင်း ဆယ်ဂဏန်းကျော် ကျယ်ဝန်းလှသော တွင်းနက်ကြီးတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ တစ်ပြင်လုံး မည်းတူးသွားခဲ့ရသည်။
ရွှေတောင်ပံ ဂဠုန်မင်း ပြောင်းလဲထားသော ကလေးငယ်အတွင်း၌ ကြောက်မက်ဖွယ်ရာ ကောင်းလှသော နတ်ဘုရားစွမ်းအားများ ကိန်းဝပ်နေသဖြင့်... သူ၏ သွေးသားခန္ဓာကိုယ်မှာ အလွန်ပင် အစွမ်းထက်လှပေသည်။
သို့သော်လည်း ယခုအချိန်တွင် သူက ဤလူငယ်တာအိုဆရာလေး၏ အနီးကပ် တိုက်ခိုက်ခြင်း အတတ်ပညာမှာ အလွန်ပင် ပြင်းထန်လှကြောင်းကို အတိအကျ သိရှိသွားခဲ့ရပြီး... မိစ္ဆာမျိုးနွယ်စုများနှင့် မတူညီဘဲ၊
သိုင်းတာအို၏ လူသားနတ်ဘုရားသည် မိမိ၏ အရှေ့မှောက် သုံးပေပတ်လည် နေရာလွတ်အတွင်း၌... ကြီးမားလှသော အားသာချက်များ ရှိနေကာ အမျိုးမျိုးသော ဆန်းပြားလှသည့် တိုက်ကွက်များကို အဆက်မပြတ် ထုတ်ဖော်နိုင်စွမ်း ရှိပေသည်။
ရွှေတောင်ပံ ဂဠုန်မင်း၏ မျက်ဝန်းအစုံအတွင်း၌ ရွှေရောင်အလင်းတန်းများ လင်းလက်လာခဲ့ပြီး... သူ၏ ခါး၌ ချိတ်ဆွဲထားသော ‘ရှန်ဟိုင်တံဆိပ်တုံး’ ကို တိုက်ရိုက် ထုတ်ဖော်လိုက်တော့သည်။
ထိုတံဆိပ်တုံးမှာ လေကို စီးနင်းကာ ကြီးထွားလာခဲ့ပြီး... မျက်စိတစ်မှိတ်အတွင်းမှာပင် တောင်တန်းကြီးတစ်ခုအလား ပြောင်းလဲသွားခဲ့သည်။
လျှို့ဝှက်နယ်မြေတစ်ခုလုံးကို သန့်စင်၍ ပြုလုပ်ထားသော ထိုတံဆိပ်တုံးမှာ... လီယန်ချူထံသို့ တိုက်ရိုက် ဖိနှိပ်လာခဲ့ပြီး၊
လီယန်ချူကို လုံးဝ ပျောက်ကွယ်သွားအောင် ပြုလုပ်ရုံမျှမက... သူ၏ နောက်ကွယ်ရှိ ကျန့်အန်းမြို့တော်ကြီးကိုပါ တိုက်ရိုက် ဖျက်ဆီးပစ်ရန် ကြိုးပမ်းလိုက်ခြင်း ဖြစ်သည်။
ကြောက်မက်ဖွယ်ရာ ကောင်းလှသော နတ်ဘုရားတန်ခိုး တိုက်ကွက်က လီယန်ချူနှင့် သူ၏ နောက်ကွယ်ရှိ ကျန့်အန်းမြို့တော်ကြီးကို လွှမ်းခြုံထားခဲ့သည်။
ထိုကလေးငယ်က အေးစက်လှသော လေသံဖြင့် -
“မင်းက ဒီကိစ္စကို ဝင်ရောက် စွက်ဖက်ချင်တယ်ဆိုမှတော့... ငါက ဒီနေရာက နောက်ဆုံး ကျန်ရှိနေတဲ့ လူသားမျိုးနွယ်စု မြို့တော်ကို မင်းရဲ့ မျက်စိရှေ့မှာတင် ဖျက်ဆီးပစ်ပြရတာပေါ့” ဟု ဆိုလိုက်သည်။
ဤသဲကန္တာရ လျှို့ဝှက်နယ်မြေအတွင်း၌ မူလက မြို့ကြီးအများအပြား ရှိခဲ့သော်လည်း... ယခုအချိန်တွင်မူ ထိုကလေးငယ်၏ အပြည့်အဝ စားသုံးခြင်းကို ခံလိုက်ရပြီး ဖြစ်သဖြင့်၊ ကျန့်အန်းမြို့တော်တစ်ခုတည်းသာ ကျန်ရှိတော့ခြင်း ဖြစ်သည်။
လီယန်ချူက မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းအဓိပ္ပာယ်ကို သဘောပေါက်သွားခဲ့ပြီး... သူ၏ မျက်ဝန်းအတွင်း၌ အေးစက်လှသော သတ်ဖြတ်ခြင်း အငွေ့အသက်များ ထွက်ပေါ်လာခဲ့သည်။
“ဖာ့ထျန်းရှန်တီ...”
တစ်ခဏချင်းအတွင်းမှာပင်... အလွန်ပင် ကြီးမားထွားကျိုင်းလှသော လူသားဘီလူးကြီးတစ်ကောင်၏ ပုံရိပ်သည် ကောင်းကင်နှင့် မြေပြင်အကြား၌ ပေါ်ထွက်လာခဲ့ပြီး၊ ခရမ်းရောင် အလင်းတန်းများနှင့် ရွှေရောင် အလင်းတန်းများစွာ ပတ်ဝန်းကျင်၌ လင်းလက်နေခဲ့သည်။
လီယန်ချူက လက်ဝါးနှစ်ဖက်လုံးကို တပြိုင်နက် ထုတ်ဖော်လိုက်ပြီး... ထိုတောင်ပင်လယ်တံဆိပ်တုံးကြီးကို တိုက်ရိုက် ပင့်မ တားဆီးလိုက်တော့သည်။
တံဆိပ်တုံးကြီး ကျဆင်းလာခဲ့ပြီး လီယန်ချူ၏ လက်ဝါးများနှင့် ပွတ်တိုက်မိသွားခဲ့ရာ... ကြောက်မက်ဖွယ်ရာ အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး၊
ပတ်ဝန်းကျင်၌ ပြင်းထန်လှသော လေပူလှိုင်းများ တိုက်ခတ်လာခဲ့ကာ လျှပ်စီးများနှင့် မီးလျှံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့တော့သည်။
ဘုန်းးးး ဘုန်းးး
ကြောက်မက်ဖွယ်ရာ ပေါက်ကွဲသံကြီးများမှာ ဤသဲကန္တာရ လျှို့ဝှက်နယ်မြေအတွင်း၌ ပြင်းထန်စွာ ဆူညံသွားခဲ့ရသည်။
ကျန့်အန်းမြို့တော်အတွင်းရှိ လူသားများမှာ အလွန်ပင် တုန်လှုပ်ခြောက်ခြားသွားခဲ့ကြရပြီး... ဤကြောက်မက်ဖွယ်ရာ မြင်ကွင်းကို စိုက်ကြည့်နေခဲ့ကြသည်။
အာနာဇာသည် ဒဏ်ရာပြင်းထန်စွာ ရရှိထားပြီး ခန္ဓာကိုယ်ပေါ်ရှိ အရိုးများစွာ ကျိုးပဲ့နေသော မြို့တော်ဝန် လုံထူကို ကျန့်အန်းမြို့တော်အတွင်းသို့ ပြန်လည် တွဲခေါ်လာခဲ့ပြီးနောက်...
မျက်တောင်မခတ်တမ်း ဤမြင်ကွင်းကို စိုက်ကြည့်နေခဲ့သည်။
တကယ်လို့ လီယန်ချူသာ ဤကလေးငယ်ကို တားဆီးနိုင်ခြင်း မရှိဘူးဆိုလျှင်... မျက်စိတစ်မှိတ်အတွင်းမှာပင် ကျန့်အန်းမြို့တော်ကြီးမှာ ပျက်စီးခြင်း နယ်မြေအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။
ယခုအချိန်တွင် လုံထူ၏ မျက်နှာပြင်မှာ ဖြူလျော်နေခဲ့သော်လည်း... သူကလည်း ဤတိုက်ပွဲကို အာရုံစိုက်၍ ကြည့်ရှုနေခဲ့သည်။
ကလေးငယ်၏ မျက်နှာထက်၌ လှောင်ပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။
“သေချင်နေတာပဲ... ငါ့ရဲ့ တံဆိပ်တုံးက လျှို့ဝှက်နယ်မြေတစ်ခုလုံးကို သန့်စင်ပြီး ပြုလုပ်ထားတာ၊ မင်းက ကိုယ့်ရဲ့ သွေးသားခန္ဓာကိုယ် စွမ်းအားတစ်ခုတည်းနဲ့ အတင်းအဓမ္မ တောင့်ခံချင်တယ်ပေါ့”
သို့သော်လည်း နောက်တစ်ခဏတွင်မူ... သူ၏ လှောင်ပြုံးများမှာ မျက်နှာထက်၌ပင် အေးခဲသွားခဲ့ရတော့သည်။
လီယန်ချူ၏ ခန္ဓာကိုယ်ပေါ်တွင် ခရမ်းရောင် ဓာတ်ငွေ့များစွာ ထွက်ပေါ်လာခဲ့ပြီး ခရမ်းရောင် အလင်းတန်းများ လင်းလက်သွားခဲ့ရာ...
တံဆိပ်တုံးကြောင့် ဖြစ်ပေါ်လာသော ပျက်စီးခြင်း စွမ်းအားများမှာ... သူ၏ ခရမ်းရောင်နတ်ဘုရားဝတ်စုံ ၏ ကာကွယ်မှု စွမ်းအားကို လုံးဝ ဖျက်ဆီးနိုင်ခြင်း မရှိခဲ့ချေ။
လီယန်ချူ၏ ခန္ဓာကိုယ်အတွင်း၌ မည်သူမျှ မယှဉ်နိုင်သော အစွမ်းထက် စွမ်းအားများ ကိန်းဝပ်နေသဖြင့်... မိမိ၏ သွေးသားခန္ဓာကိုယ် စွမ်းအားတစ်ခုတည်းဖြင့် ထိုတံဆိပ်တုံးကြီးကို အမှန်တကယ်ပင် ပင့်မ တားဆီးထားနိုင်ခဲ့ခြင်း ဖြစ်သည်။
ကလေးငယ်၏ မျက်ဝန်းအစုံအတွင်း၌ ရွှေရောင်အလင်းတန်းများ ထပ်မံ လင်းလက်လာခဲ့ပြီး... အတောင်ပံနှစ်ဖက်လုံးကို ဖြန့်ကျက်ထားကာ ကောင်းကင်နှင့် မြေပြင်ကို ဖုံးလွှမ်းနိုင်စွမ်းရှိသော ရွှေတောင်ပံ ဂဠုန်မင်းကြီးသည် လီယန်ချူထံသို့ ပျံသန်း တိုက်ခိုက်လာခဲ့တော့သည်။
ကျိ
သံနှင့် ကျောက်ခဲများကိုပင် ဖောက်ထွင်းနိုင်စွမ်းရှိသော စူးရှလှသည့် အော်မြည်သံကြီးတစ်ခုမှာ ကောင်းကင်နှင့် မြေပြင်အကြား၌ ဟိန်းထွက်သွားခဲ့ရာ အလွန်ပင် နားကွဲမတတ် ခံစားလိုက်ရသည်။
လီယန်ချူက သူ၏ ခါး၌ ချိတ်ဆွဲထားသော ကျန့်ကျောင်းဖြတ်ဓား ကို တိုက်ရိုက် ထုတ်ဖော်လိုက်ပြီး... အလွန်ပင် တောက်ပလှသော ဓားအလင်းတန်းတစ်ခုဖြင့်၊
ထိုရွှေတောင်ပံ ဂဠုန်မင်းကြီးထံသို့ ထပ်မံ၍ ခုတ်ပိုင်းလိုက်တော့သည်။
ဤတစ်ကြိမ်တွင် ရွှေတောင်ပံ ဂဠုန်မင်းကြီး၏ ခန္ဓာကိုယ်မှာ အလွန်ပင် သိပ်သည်းလှပြီး... အမွှေးအတောင် တိုင်းမှာလည်း အသက်ဝင်လှပေသည်။
သို့သော်လည်း ဓားနှင့် ထိပ်တိုက် တိုးမိသွားခဲ့ကြချိန်တွင်မူ... ဤရွှေတောင်ပံ ဂဠုန်မင်းကြီးမှာ နောက်ထပ်တစ်ကြိမ် ဓားချက်ဖြင့် အပိုင်းပိုင်း ဖြတ်တောက်ခြင်း ခံလိုက်ရပြန်သည်။
ဘုန်းးးးး
လီယန်ချူက သူ၏ လက်သီးနှစ်ဖက်လုံးကို စည်တီးသည့်အလား... တံဆိပ်တုံးကြီးထက်သို့ ပြင်းထန်စွာ ထိုးနှက်လိုက်တော့သည်။
သိုင်းနတ်ဘုရား ၏ ကြောက်မက်ဖွယ်ရာ ကောင်းလှသော သတ်ဖြတ်ခြင်း စွမ်းအားများမှာ ယခုအချိန်တွင် အထင်အရှား ပေါ်ထွက်လာခဲ့ပြီး... တံဆိပ်တုံးကြီးမှာ တိုက်ရိုက်ပင် လွင့်စင်သွားခဲ့ရတော့သည်။
ရွှေတောင်ပံ ဂဠုန်မင်း ပြောင်းလဲထားသော ကလေးငယ်၏ မျက်ဝန်းအတွင်း၌ အံ့အားသင့်ဖွယ်ရာ အမူအရာများ ထွက်ပေါ်လာခဲ့သည်။
တံဆိပ်တုံးမှာ နတ်ဘုရားအဆင့် ရတနာပစ္စည်းတစ်ခု မဟုတ်သော်လည်း... အတွင်း၌ ကိန်းဝပ်နေသော နတ်ဘုရား အငွေ့အသက်များမှာ အလွန်ပင် ကြောက်စရာ ကောင်းလှသဖြင့်၊ လူသားများကို ရိုက်နှက်ရာ၌ အသုံးပြုပါက နတ်ဘုရားများပင်လျှင် ဒဏ်ရာရရှိစေနိုင်စွမ်း ရှိပေသည်။
“ဒီလူ့ရဲ့ ကိုယ်ပေါ်မှာ... ခုခံမှု အစွမ်းထက်တဲ့ နတ်ဘုရား ရတနာပစ္စည်း ရှိနေတာပဲ”
လီယန်ချူက တံဆိပ်တုံးကြီးကို ရိုက်ထုတ်ပစ်လိုက်ပြီးနောက်တွင်မူ... တံဆိပ်တုံးမှာ လျင်မြန်စွာ သေးငယ်သွားခဲ့ပြီး သေးငယ်လှသော တောင်ငယ်လေးတစ်ခုအလား ပြောင်းလဲသွားခဲ့ကာ ရွှေတောင်ပံ ဂဠုန်မင်း၏ အရှေ့၌ ဝဲပျံနေခဲ့သည်။
လီယန်ချူက သူ၏ ဖာ့ထျန်းရှန်တီပညာရပ်ကို ရုပ်သိမ်းလိုက်ပြီး...နဂါးကိုးကောင်နတ်မီးလျှံအုပ်ဆောင်း ကို တိုက်ရိုက် ထုတ်ဖော်လိုက်တော့သည်။
၎င်းကို ထုတ်ဖော်လိုက်သည်နှင့်... ထိုကလေးငယ်၏ မျက်နှာပြင်မှာ ချက်ချင်း ပြောင်းလဲသွားခဲ့ပြီး၊ တံဆိပ်တုံးကို လျင်မြန်စွာ ပျံသန်းစေလျက် ထိပ်တိုက်ရင်ဆိုင်ရန် စေခိုင်းလိုက်သည်။
သို့သော်လည်း တံဆိပ်တုံးမှာ နဂါးကိုးကောင်နတ်မီးလျှံအုပ်ဆောင်း၏ နတ်ဘုရား စွမ်းအားများကို မယှဉ်နိုင်ဘဲ... တိုက်ရိုက်ပင် ၎င်းအတွင်းသို့ စုပ်ယူခြင်း ခံလိုက်ရတော့သည်။
နဂါးကိုးကောင်နတ်မီးလျှံအုပ်ဆောင်းက မိမိအား လာရောက် ပိတ်ဆို့တော့မည်ကို မြင်တွေ့ရလျှင်...
ကလေးငယ်၏ ခြေထောက်အောက်တွင် ရုတ်တရက် မီးလျှံဘီးတစ်စုံ ပေါ်ထွက်လာခဲ့ပြီး... သူက ၎င်းကို ခြေဖဝါးအောက်၌ နင်းခြေထားရင်း၊ သူ၏ လှုပ်ရှားမှုပုံစံမှာ လျင်မြန်ဆန်းပြားလှပေသည်။
သူက နတ်မီးလျှံအုပ်ဆောင်း၏ ပိတ်ဆို့ခြင်းကို ရှောင်တိမ်းနိုင်ခဲ့သော်လည်း... နတ်မီးလျှံအုပ်ဆောင်းမှာ ကောင်းကင်ယံထက်၌ မြင့်မားစွာ ဆွဲဆန့်ထားဆဲ ဖြစ်ပြီး၊
နတ်ဘုရား မီးလျှံများ လွှမ်းခြုံထားသဖြင့်...
ထိုကြောက်မက်ဖွယ်ရာ ကောင်းလှသော ရတနာပစ္စည်း တံဆိပ်တုံးမှာ ၎င်းအတွင်း၌ ပိတ်မိနေခဲ့ပြီး ရုန်းမထွက်နိုင်တော့ချေ။
လီယန်ချူ၏ အကြည့်များမှာ ရွှေတောင်ပံ ဂဠုန်မင်း၏ ခြေထောက်အောက်ရှိ မီးလျှံဘီးများထက်သို့ ကျရောက်သွားခဲ့သည်။
“လေမီးလျှံဘီး...”
လေမီးလျှံဘီးမှာ မူလက လီရှန်တာအိုနန်းတော်အတွင်း၌ ရှိနေခဲ့ခြင်း ဖြစ်ပြီး... နောက်ပိုင်းတွင် ဟင်းလင်းပြင်ကို ဖောက်ထွင်းကာ ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်ရာ၊ ၎င်းအရာမှာ ဤလူ၏ လက်ထဲသို့ ရောက်ရှိနေလိမ့်မည်ဟု သူမထင်မှတ်ထားခဲ့ချေ။
“တကယ်ပဲ... ငါ့ရဲ့ လက်ထဲမှာ နတ်ဘုရားအဆင့် ရတနာပစ္စည်း မရှိဘူးလို့ ထင်နေတာလား”
ရွှေတောင်ပံ ဂဠုန်မင်း၏ အသံမှာ မိုးကြိုးပစ်သည့်အလား ဟိန်းထွက်သွားခဲ့ပြီး... လက်ထဲတွင် အဆောင်တစ်ခုကို ချက်ချင်း ပြုလုပ်ကာ မျက်ခုံးအစုံကြားသို့ ဖိနှိပ်လိုက်တော့သည်။
နောက်တစ်ခဏတွင်မူ... သူ၏ ခန္ဓာကိုယ်မှာ လျင်မြန်စွာ မြင့်မားလာခဲ့ပြီး အလွန်ပင် ချောမောခန့်ညားလှသော လူငယ်တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
သူ၏ မျက်ခုံးအစုံကြား၌ ရွှေရောင် အမွှေးအတောင်တစ်ခု ရှိနေခဲ့ပြီး... မျက်ဝန်းအစုံမှာ အေးစက်ကာ ရှေးကျလှသဖြင့် အစောပိုင်းတုန်းကနှင့် တစ်ပုံစံတည်း ဖြစ်သော်လည်း၊
သူ၏ အရှိန်အဝါများမှာမူ အစောပိုင်းတုန်းကထက် လုံးဝ ခြားနားလှသော ပြောင်းလဲမှုများ ဖြစ်ပေါ်နေခဲ့ပြီ ဖြစ်သည်။
ဤလူ၏ ကျင့်ကြံမှု နယ်ပယ်မှာ အနည်းဆုံးတော့ အဆင့် (၃) မြေပြင်နတ်ဘုရား အဆင့်တွင် ရှိနေခဲ့ပြီး... ထို့အပြင် မိစ္ဆာမျိုးနွယ်စု ရွှေတောင်ပံ ဂဠုန်မင်း၏ နတ်ဘုရား စွမ်းအားများကြောင့်၊ သူ၏ တိုက်ခိုက်မှု စွမ်းရည်မှာ အဆင့် (၄) မြေပြင်နတ်ဘုရား အဆင့်နှင့်ပင် နှိုင်းယှဉ်နိုင်စွမ်း ရှိပေသည်။
သူသည် လီယန်ချူ ယခုအချိန်အထိ ကြုံတွေ့ခဲ့ဖူးသမျှသော လူများထဲတွင် အစွမ်းထက်ဆုံးသူ ဖြစ်ပေသည်။
ရွှေတောင်ပံ ဂဠုန်မင်းက တံဆိပ်တုံးကို လှုံ့ဆော်ရန် ကြိုးပမ်းလိုက်သော်လည်း... ထိုရတနာပစ္စည်းမှာ နတ်မီးလျှံအုပ်ဆောင်း၏ အပြည့်အဝ ပိတ်ဆို့ခြင်းကို ခံထားရသဖြင့်၊ လုံးဝ လှုပ်ရှားနိုင်ခြင်း မရှိကြောင်း တွေ့ရှိလိုက်ရသည်။
ဤရတနာပစ္စည်းမှာ လျှို့ဝှက်နယ်မြေတစ်ခုလုံးကို သန့်စင်၍ ပြုလုပ်ထားခြင်း ဖြစ်ပေသည်။
သူက မူလက ယခုခေတ် ကမ္ဘာမြေကြီးအတွင်း၌... ခွန်လွန်မှန်ပြားအတု၏ အပိုင်းအစကို လာရောက် ရှာဖွေရန် ကြိုးပမ်းနေခြင်း ဖြစ်ပြီး၊
ထို့နောက်တွင်မူ ဤကမ္ဘာမြေကြီးကိုပါ မိမိအတွင်းသို့ ထည့်သွင်းကာ တောင်ပင်လယ်တံဆိပ်တုံး၏ နတ်ဘုရား စွမ်းအားများကို မြှင့်တင်ရန် ကြံရွယ်ထားခြင်း ဖြစ်သည်။
ဤသို့ ပြုလုပ်နိုင်မည်ဆိုပါက... စောစီးစွာပင် နတ်ဘုရားအဆင့် ရတနာပစ္စည်း တစ်ခုအဖြစ်သို့ ရောက်ရှိသွားနိုင်ပြီး အလွန်ပင် ကြောက်စရာ ကောင်းလာပေလိမ့်မည်။
“ဒီရတနာကိုတော့... ငါ လုံးဝ အဆုံးရှုံးမခံနိုင်ဘူး”
ရွှေတောင်ပံ ဂဠုန်မင်းသည် ခြေထောက်အောက်ရှိ လေမီးလျှံဘီးကို နင်းခြေထားရင်း... လျှပ်စီးလက်သည့်အလား လီယန်ချူထံသို့ တိုက်ရိုက် ပြေးဝင် တိုက်ခိုက်လိုက်တော့သည်။
နဂါးကိုးကောင်နတ်မီးလျှံအုပ်ဆောင်း၏ နတ်ဘုရား စွမ်းအားများမှာ ကြီးမားလှသော်လည်း... ထိုလေမီးလျှံဘီး၏ လှုပ်ရှားမှုပုံစံကြောင့်၊ တစ်ခဏချင်းအတွင်း သူ၏ ပုံရိပ်ကို လုံးဝ ပိတ်ဆို့နိုင်ခြင်း မရှိဘဲ ကောင်းကင်ယံထက်၌သာ မြင့်မားစွာ ဆွဲဆန့်ထားနိုင်တော့သည်။
လေမီးလျှံဘီးမှာ လူသားတစ်ဦး၏ လှုပ်ရှားမှုပုံစံကို ကြောက်မက်ဖွယ်ရာ ကောင်းလှသော အဆင့်တစ်ခုအထိ မြှင့်တင်ပေးနိုင်စွမ်း ရှိသဖြင့်... မည်သည့် တန်ခိုးပညာရပ်မျှ မိမိ၏ ခန္ဓာကိုယ်သို့ ကပ်ငြိနိုင်ခြင်း မရှိချေ။
လီယန်ချူက စိတ်ကူးရလိုက်မိပြီး... ကောင်းကင်ဖဲကြိုး ကို တိုက်ရိုက် ထုတ်ဖော်လိုက်တော့သည်။
ရာဂဏန်းကျော် ရှည်လျားလှသော ခရမ်းရောင် ခါးပတ်နီကြီးကို သူက လက်ထဲတွင် ကိုင်ဆောင်ထားရင်း... ထိုရွှေတောင်ပံ ဂဠုန်မင်းထံသို့ တိုက်ရိုက် ပစ်လွှတ်လိုက်တော့သည်။
ရွှေတောင်ပံ ဂဠုန်မင်းက မိမိ၏ လှုပ်ရှားမှုပုံစံဖြင့် ရှောင်တိမ်းရန် ပြင်လိုက်သော်လည်း... သူ၏ ခြေထောက်အောက်ရှိ လေမီးလျှံဘီးမှာ၊ ယခုအချိန်တွင် ကောင်းကင်ဖဲကြိုး နှင့်အတူ ရုတ်တရက် အပြန်အလှန် တုံ့ပြန်မှုများ ထွက်ပေါ်လာခဲ့သည်။
“ကောင်းကင်ဖဲကြိုး...”
ကလေးငယ်၏ မျက်ဝန်းအတွင်း၌ အံ့အားသင့်ဖွယ်ရာ အမူအရာများ ထွက်ပေါ်လာခဲ့ပြီး... သူက ရုတ်တရက် နတ်ဘုရား တန်ခိုးပညာရပ်ကို ထုတ်ဖော်လိုက်ရင်း ကျန့်အန်းမြို့တော်ကြီးဆီသို့ လှမ်း၍ ဖမ်းယူလိုက်တော့သည်။
တကယ်လို့ လီယန်ချူက ဤကိစ္စကို ဝင်ရောက် စွက်ဖက်ချင်တယ်ဆိုလျှင်... သူက အရင်ဦးဆုံး ကျန့်အန်းမြို့တော်ကြီးကို တစ်ခဏချင်းအတွင်း ဖျက်ဆီးပစ်ရပေမည်။
ချလွင်..
ကြောက်မက်ဖွယ်ရာ ကောင်းလှသော စွမ်းအားများ ပြည့်နှက်နေသည့် ရွှေရောင် လက်သည်းကြီးတစ်ခုမှာ ကျန့်အန်းမြို့တော်ဆီသို့ ထိုးနှက်လာခဲ့သည်။
လီယန်ချူက စိတ်ကူးရလိုက်မိပြီး... ကောင်းကင်ဖဲကြိုးကို ပတ်ထုပ်စေလျက် ကျန့်အန်းမြို့တော်ကြီးကို ဝန်းရံ ကာကွယ်ပေးလိုက်တော့သည်။
လေမီးလျှံဘီးနှင့် ဖဲကြိုး အကြားတွင် အပြန်အလှန် တုံ့ပြန်မှုများ ရှိနေသဖြင့်... သူက ဤကောင်းဖဲကြိုး၏ မူလပိုင်ရှင် ဖြစ်သည့်အတွက်၊ မသိစိတ်အတွင်းမှ ချက်ချင်းပင် အာရုံခံမိလိုက်ခြင်း ဖြစ်သည်။
လီယန်ချူက စိတ်ကူးရလိုက်မိပြီး... မီးလျှံလှံရှည် ကိုပါ ထပ်မံ ထုတ်ဖော်လိုက်ရာ၊ လက်ထဲတွင် ရှေးကျလှသော လှံရှည်ကြီးတစ်စင်းကို ကိုင်ဆောင်ထားရင်း လှံဖျားထက်၌ နတ်ဘုရား မီးလျှံများ ပေါ်ထွက်နေခဲ့သည်။
ထို့နောက် သူက မိမိ၏ အမြင့်ဆုံးသော လှုပ်ရှားမှုပုံစံကို ထုတ်ဖော်လိုက်ပြီး... လေပြင်းများ တိုက်ခတ်သည့်အလား ရွှေတောင်ပံ ဂဠုန်မင်းထံသို့ တိုက်ရိုက် ပြေးဝင် တိုက်ခိုက်လိုက်တော့သည်။
ရွှေတောင်ပံ ဂဠုန်မင်းသည် လေမီးလျှံဘီး၏ လှုပ်ရှားမှုပုံစံ မြှင့်တင်ပေးမှုကြောင့်... အနီးကပ် တိုက်ခိုက်ခြင်း အပိုင်း၌ လီယန်ချူနှင့် အနိမ့်အမြင့် မရှိဘဲ တူညီနေခဲ့သည်။
ထို့အပြင် သူ၏ ဆန်းပြားလှသော လှုပ်ရှားမှုပုံစံကြောင့် လီယန်ချူကိုပင် အနည်းငယ် ဖိနှိပ်ထားနိုင်ခဲ့ပြီး...
အဆက်မပြတ်သော နတ်ဘုရား တန်ခိုးပညာရပ် အချို့ကို လီယန်ချူ၏ ခန္ဓာကိုယ်ထက်သို့ တိုက်ရိုက် ထိုးနှက်လိုက်တော့သည်။
ယခုအချိန်တွင် လီယန်ချူ၏ ခန္ဓာကိုယ်ပေါ်မှ ခရမ်းရောင် ဓာတ်ငွေ့များစွာ ထွက်ပေါ်လာခဲ့သည်။
“ခရမ်းရောင်နတ်ဘုရားဝတ်စုံ...”
ရွှေတောင်ပံ ဂဠုန်မင်း၏ မျက်ဝန်းအတွင်း၌ ထပ်မံ၍ အံ့အားသင့်ဖွယ်ရာ အမူအရာများ ထွက်ပေါ်လာခဲ့ပြီး... ဤလူငယ်တာအိုဆရာလေး၏ ခန္ဓာကိုယ်ပေါ်တွင် ယခုကဲ့သို့သော နတ်ဘုရားအဆင့် ရတနာပစ္စည်းများစွာ ရှိနေလိမ့်မည်ဟု သူမထင်မှတ်ထားခဲ့ချေ။
သူက ပါးစပ်ကို ဟလိုက်ရင်း မှုတ်ထုတ်လိုက်ရာ... ရွှေရောင် နတ်ဘုရားအလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး၊ ၎င်းအလင်းတန်းမှာ စိတ်ဝိညာဉ်ကို တိုက်ရိုက် ဖျက်ဆီးနိုင်စွမ်း ရှိပေသည်။
တစ်ဖက်လူ၏ ခန္ဓာကိုယ်ပေါ်တွင် ခရမ်းရောင်နတ်ဘုရားဝတ်စုံ ရှိနေသဖြင့်... သူက တစ်ဖက်လူနှင့် အချိန်အကြာကြီး အတင်းအဓမ္မ မတိုက်ခိုက်လိုတော့ချေ။
လီယန်ချူ၏ ဦးခေါင်းထက်တွင် ရှေးကျလှသော ခေါင်းလောင်းငယ်လေးတစ်ခု ပေါ်ထွက်လာခဲ့ပြီး... သူက ၎င်းကို ချက်ချင်း လှုံ့ဆော်လိုက်ရာ၊
ဒေါင်...
ကြီးမားလှသော ခေါင်းလောင်းသံကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး... ရွှေရောင် နတ်ဘုရားအလင်းတန်းမှာ တစ်ခဏချင်းအတွင်း ပျောက်ကွယ်သွားခဲ့ကာ၊ ရွှေတောင်ပံ ဂဠုန်မင်း၏ အရှိန်အဝါများမှာလည်း မှုံမှိုင်းသွားခဲ့ရပြီး မျက်ဝန်းအစုံမှာလည်း စိတ်ဝိညာဉ် ပျောက်ကွယ်သွားခဲ့ရတော့သည်။
လီယန်ချူက လှံတစ်ချက်ဖြင့် သူ၏ ခန္ဓာကိုယ်ထက်သို့ တိုက်ရိုက် ထိုးစိုက်လိုက်ရာ... ရွှေတောင်ပံ ဂဠုန်မင်း၏ သွေးသားခန္ဓာကိုယ်မှာ မည်မျှပင် အစွမ်းထက်လှသော်လည်း၊ မီးလျှံလှံရှည်နှင့် ထိပ်တိုက် တိုးမိသွားချိန်တွင်မူ ဒဏ်ရာရရှိသွားခဲ့ရဆဲ ဖြစ်သည်။
ရွှေတောင်ပံ ဂဠုန်မင်းက သတိပြန်လည်ရရှိလာခဲ့ပြီးနောက်... ချက်ချင်းပင် လေမီးလျှံဘီးကို လှုံ့ဆော်စေလျက် ကောင်းကင်ယံထက်သို့ အဝေးသို့ ထွက်ပြေးရန် ပြင်လိုက်တော့သည်။
ဒေါင်...
ဝိညာဉ်ခြောက်ခြားခေါင်းလောင်း က ထပ်မံ၍ ကြီးမားလှသော ခေါင်းလောင်းသံကြီးတစ်ခုကို ထွက်ပေါ်စေလိုက်ပြန်ရာ... ရွှေတောင်ပံ ဂဠုန်မင်း၏ စိတ်ဝိညာဉ်မှာ ပြင်းထန်စွာ တုန်ခါသွားခဲ့ရပြီး မျက်ဝန်းအစုံမှာလည်း စိတ်ဝိညာဉ် ပျောက်ကွယ်သွားခဲ့ရပြန်သည်။ ဝိညာဉ်ခြောက်ခြားခေါင်းလောင်းမှာလည်း အစွမ်းထက်လှသော နတ်ဘုရားအဆင့် ရတနာပစ္စည်းတစ်ခု ဖြစ်ပေသည်။
တိုတောင်းလှသော အချိန်အတွင်းမှာပင်...နဂါးကိုးကောင်နတ်မီးလျှံအုပ်ဆောင်းမှာ အထက်မှနေ၍ တိုက်ရိုက် ဖိနှိပ် ကျဆင်းလာခဲ့တော့သည်။
နောက်တစ်ခဏတွင်မူ... ရွှေတောင်ပံ ဂဠုန်မင်း၏ မျက်စိရှေ့မှ မြင်ကွင်းအားလုံးမှာ ကြောက်မက်ဖွယ်ရာ ကောင်းလှသော နတ်ဘုရား မီးလျှံများအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။
သူက ၎င်းအတွင်း၌ လေမီးလျှံဘီးကို နင်းခြေထားရင်း ရှောင်တိမ်းနေခဲ့သဖြင့်... တစ်ခဏချင်းအတွင်း မည်သည့် ပြဿနာမျှ ရှိမနေခဲ့သော်လည်း၊
ဒေါင်...
ထပ်မံ၍ ကြီးမားလှသော ခေါင်းလောင်းသံကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြန်ရာ... ရွှေတောင်ပံ ဂဠုန်မင်းမှာ နောက်ထပ်တစ်ကြိမ် စိတ်ဝိညာဉ် ပျောက်ကွယ်သွားခဲ့ရပြန်သည်။ ဝိညာဉ်ခြောက်ခြားခေါင်းလောင်းမှာ တကယ်ကို အစွမ်းထက်လှသော နတ်ဘုရားအဆင့် ရတနာပစ္စည်းတစ်ခု ဖြစ်ပေသည်။
တိုတောင်းလှသော အချိန်အတွင်းမှာပင်... သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ နတ်ဘုရား မီးလျှံများ၏ လောင်ကျွမ်းခြင်းကို ခံလိုက်ရပြီး၊ ဝတ်ဆင်ထားသော အဝတ်အစားများမှာလည်း အပိုင်းပိုင်း ပျက်စီးသွားခဲ့ကာ ဆံပင်များမှာလည်း လောင်ကျွမ်းသွားခဲ့ရတော့သည်။
နောက်တစ်ခဏတွင်မူ... သူက ထိုလူငယ်၏ ပုံသဏ္ဍာန်ကို ဆက်လက် ထိန်းသိမ်းထားနိုင်ခြင်း မရှိတော့ဘဲ၊ နောက်ထပ်တစ်ကြိမ် ကလေးငယ်၏ ပုံသဏ္ဍာန်အဖြစ်သို့ ပြောင်းလဲသွားခဲ့ရပြန်သည်။
ကလေးငယ်က ၎င်းအတွင်း၌ ရှိနေရင်း... ထိုနတ်ဘုရား မီးလျှံများ၏ ကြောက်မက်ဖွယ်ရာ ကောင်းလှသော စွမ်းအားများကို ခံစားလိုက်ရသဖြင့် မျက်နှာပြင်မှာ ချက်ချင်း ပြောင်းလဲသွားခဲ့ရသည်။
လီယန်ချူက ချက်ချင်းပင် ကောင်းကင်ဖဲကြိုး နှင့် မီးလျှံလှံရှည်တို့ကို လှုံ့ဆော်လိုက်တော့သည်။
၎င်းတို့မှာ မူလက နီကျာ ၏ နတ်ဘုရားအဆင့် ရတနာပစ္စည်းများ ဖြစ်ကြသဖြင့်... တစ်ခုနှင့်တစ်ခု အကြား၌ အလွန်ပင် နက်ရှိုင်းလှသော ချိတ်ဆက်မှုများ ရှိကြပေသည်။
ယခုအချိန်တွင်... အစွမ်းထက်လှသော နတ်ဘုရားအဆင့် ရတနာပစ္စည်းများစွာ၏ ဆွဲဆောင်မှုအောက်၌၊ ဤလေမီးလျှံဘီးတွင် ရုတ်တရက် ပြဿနာအချို့ ပေါ်ထွက်လာခဲ့ပြီး လှုပ်ရှားမှုများ တုံ့ဆိုင်းသွားခဲ့ကာ အပြင်ဘက်သို့ ပျံသန်း ထွက်ခွာသွားချင်သည့် အငွေ့အသက်များ ထွက်ပေါ်နေခဲ့သည်။
ရွှေတောင်ပံ ဂဠုန်မင်းသည် ဤရတနာကို ရရှိခဲ့ပြီးနောက်တွင် ရက်ပေါင်းများစွာတိုင်အောင် သန့်စင်ခဲ့ဖူးသော်လည်း... ယခုကဲ့သို့သော အသက်အန္တရာယ် ကြုံတွေ့နေရသည့် အရေးကြီးသော အချိန်တွင်မူ၊ ဤလေမီးလျှံဘီးက မိမိအား ပြန်လည် သစ္စာဖောက်ရန် ကြိုးပမ်းလိမ့်မည်ဟု သူမထင်မှတ်ထားခဲ့ချေ။
“တောက်...”
သူ၏ ရင်ထဲ၌ အလွန်ပင် မကျေမနပ် ဖြစ်သွားခဲ့ရပြီး... ထိုအချိန်တွင် မသိစိတ်အတွင်းမှ နေ၍ တောင်ပင်လယ်တံဆိပ်တုံးကို လှမ်း၍ ဖမ်းဆုပ်လိုက်မိသည်။
“ကောင်းကင်က ငါ့ကို မသတ်သေးဘူးပဲ...”
သူက တံဆိပ်တုံးကို တိုက်ရိုက် ထုတ်ဖော်လိုက်ရာ... တံဆိပ်တုံးမှာ နဂါးကိုးကောင်နတ်မီးလျှံအုပ်ဆောင်းထက်သို့ ပြင်းထန်စွာ ရိုက်ခတ်မိသွားခဲ့သည်။
လေမီးလျှံဘီး၏ ဆန်းပြားလှသော လှုပ်ရှားမှုပုံစံကို အသုံးပြု၍... နောက်တစ်ခဏတွင်မူ သူက ဟင်းလင်းပြင်ကို ဖောက်ထွင်းကာ အပြင်သို့ ထွက်ခွာသွားခဲ့ပြီး ကောင်းကင်ယံအဝေးသို့ ထွက်ပြေးလွတ်မြောက်သွားခဲ့တော့သည်။
သို့သော်လည်း လေမီးလျှံဘီးမှာ ယခုအချိန်တွင် ကောင်းကင်ဖဲကြိုးနှင့် မီးလျှံလှံရှည်တို့၏ ဆွဲဆောင်ခြင်းကို ခံထားရသဖြင့်... အားစိုက်ထုတ်ခြင်း မရှိဘဲ ငြိမ်သက်နေခဲ့သည်။
ရွှေတောင်ပံ ဂဠုန်မင်းက မည်မျှပင် လှုံ့ဆော်စေကာမူ... ၎င်းမှာ လုံးဝ လှုပ်ရှားခြင်း မရှိတော့ချေ။
ရွှေတောင်ပံ ဂဠုန်မင်းက ဒေါသတကြီးဖြင့်... လီယန်ချူအား နက်ရှိုင်းစွာ တစ်ချက် ကြည့်ရှုလိုက်သည်။
ယခုအချိန်တွင်... လူငယ်တာအိုဆရာလေးက နဂါးကိုးကောင် နတ်မီးလျှံအုပ်ဆောင်းကို ပြန်လည် မောင်းနှင်စေလျက် ထပ်မံ၍ သတ်ဖြတ်ရန် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ရွှေတောင်ပံ ဂဠုန်မင်းက ခေါင်းကို လှည့်၍ လေမီးလျှံဘီးကို ကြည့်လိုက်သည်။
“မင်းကို သန့်စင်ဖို့အတွက် ငါက မရေမတွက်နိုင်တဲ့ စွမ်းအားတွေကို အသုံးပြုခဲ့ရတာ၊ အခုလို အချိန်ကျမှ... မင်းက ငါ့ကို ပြန်ပြီး သစ္စာဖောက်တယ်ပေါ့”
သူ၏ ရင်ထဲ၌ မကောင်းသော စိတ်ကူးများ ချက်ချင်း ထွက်ပေါ်လာခဲ့သော်လည်း... လေမီးလျှံဘီးမှာလည်း မသိစိတ်အတွင်းမှ အာရုံခံမိသွားသည့်အလား၊ လေမီးလျှံဘီးထက်ရှိ နတ်ဘုရား မီးလျှံများမှာ ချက်ချင်းပင် လောင်ကျွမ်းလာခဲ့တော့သည်။
ရွှေတောင်ပံ ဂဠုန်မင်းမှာ နာကျင်စွာ အော်ဟစ်လိုက်မိရင်း... ကောင်းကင်ယံထက်သို့ ပျံသန်းသွားခဲ့ရပြီး၊ ခေါင်းကို ငုံ့၍ မိမိ၏ ခြေဖဝါးနှစ်ဖက်လုံးကို ကြည့်လိုက်မိချိန်တွင်မူ... နတ်ဘုရား မီးလျှံများ၏ လောင်ကျွမ်းမှုကြောင့် အဖြူရောင် အရိုးများပင် ထွက်ပေါ်နေသည်ကို တွေ့ရှိလိုက်ရသည်။
သူက တစ်ကိုယ်လုံး တုန်လှုပ်ခြောက်ခြားသွားခဲ့ရပြီး... ချက်ချင်းပင် မိမိ၏ မူလစစ်မှန်သော ပုံသဏ္ဍာန်ကို ဖော်ထုတ်လိုက်ကာ ရွှေတောင်ပံ ဂဠုန်မင်းကြီးအဖြစ်သို့ ပြောင်းလဲလိုက်ပြီးနောက်၊ အတောင်ပံနှစ်ဖက်လုံးကို ဖြန့်ကျက်စေလျက် လျင်မြန်စွာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့တော့သည်။
ဤကမ္ဘာမြေကြီးမှာ ပတ်ပတ်လည် မိုင်ပေါင်း ထောင်ဂဏန်းမျှသာ ကျယ်ဝန်းသဖြင့်... ရွှေတောင်ပံ ဂဠုန်မင်း၏ အတောင်ပံတစ်ချက် ခတ်လိုက်ရုံမျှဖြင့် မိုင်ပေါင်း သောင်းဂဏန်းမျှအထိ ဝေးကွာသွားနိုင်စွမ်း ရှိပေသည်။
သူက မိမိ၏ မူလပုံသဏ္ဍာန်ကို ဖော်ထုတ်လိုက်ပြီးနောက်... ရင်ထဲ၌ မကျေမနပ် ဖြစ်နေဆဲ ဖြစ်သဖြင့်၊ နတ်ဘုရား တန်ခိုးပညာရပ်ကို လှုံ့ဆော်စေလျက် ရှေးကျလှသော နေရာတစ်ခုသို့ ပျံသန်းသွားခဲ့ပြီး... အတောင်ပံနှစ်ဖက်လုံးကို ဖြန့်ကျက်လိုက်ရာ ချက်ချင်းပင် မရေမတွက်နိုင်သော ဓားအလင်းတန်းများစွာ ထွက်ပေါ်လာခဲ့တော့သည်။
မှန်ပြားအပိုင်းအစတစ်ခုမှာ ဟင်းလင်းပြင်ကို ဖောက်ထွင်း၍ ထွက်ပေါ်လာခဲ့ပြီး... သူ၏ လက်သည်းများဖြင့် တိုက်ရိုက် ဖမ်းဆုပ်ခြင်း ခံလိုက်ရသည်။
လီယန်ချူသည်လည်း ရွှေတောင်ပံ ဂဠုန်မင်း၏ ပျံသန်းမှုနှုန်းမှာ ယခုမျှအထိ လျင်မြန်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။
သူက အနောက်သို့ လိုက်လံ ဖမ်းဆီးရန် ပြင်လိုက်စဉ်မှာပင်... လေမီးလျှံဘီးမှာ ရုတ်တရက် သူ၏ ခြေထောက်အောက်သို့ ရောက်ရှိလာခဲ့သည်။
လီယန်ချူက အစောပိုင်းတုန်းက လေမီးလျှံဘီး၏ အားစိုက်ထုတ်မှု မရှိခဲ့ခြင်းနှင့်... ရွှေတောင်ပံ ဂဠုန်မင်းကို ပြန်လည် လောင်ကျွမ်းစေခဲ့သော မြင်ကွင်းကို မြင်တွေ့ခဲ့ရသဖြင့်၊
ဤအရာအပေါ် မသိစိတ်အတွင်းမှ အနည်းငယ် တွန့်ဆုတ်နေခဲ့မိသည်။
သို့သော်လည်း ယခုအချိန်တွင် လေမီးလျှံဘီးထက်၌ နတ်ဘုရား အလင်းတန်းများစွာ လင်းလက်နေခဲ့ပြီး... နတ်ဘုရား မီးလျှံများ လွှမ်းခြုံထားသော်လည်း လီယန်ချူကိုမူ အနည်းငယ်မျှ နာကျင်စေခြင်း မရှိခဲ့ချေ။
လီယန်ချူက လေမီးလျှံဘီးထံမှ ထွက်ပေါ်လာသော စိတ်ကောင်းစေတနာများကို ခံစားမိလိုက်သဖြင့်... ချက်ချင်းပင် လေမီးလျှံဘီးကို ခြေဖဝါးအောက်၌ နင်းခြေထားရင်း လျှပ်စီးလက်သည့်အလား အနောက်သို့ လိုက်လံ ဖမ်းဆီးလိုက်တော့သည်။
ရွှေတောင်ပံ ဂဠုန်မင်းက ခေါင်းကို လှည့်၍ ကြည့်ရှုလိုက်ရာ... လူငယ်တာအိုဆရာလေးက လေမီးလျှံဘီးကို နင်းခြေထားရင်း၊
လျှပ်စီးလက်သည့်အလား မိမိ၏ အနောက်သို့ လိုက်လံ ဖမ်းဆီးလာသည်ကို မြင်တွေ့လိုက်ရသည်။
“........................”
ရွှေတောင်ပံ ဂဠုန်မင်း၏ မျက်နှာပြင် အမူအရာမှာ ဖော်ပြရန် ခက်ခဲလှပေသည်။
မိမိက အပင်ပန်းခံ၍ လိုက်လံ ကာကွယ် စောင့်ရှောက်ခဲ့ရသော နတ်သမီးလေးမှာ... လမ်းခုလတ်၌ အခြားသူတစ်ဦးနှင့်အတူ ထွက်ပြေးသွားရုံမျှမက၊ မိမိကိုပါ ပြန်လည် သတ်ဖြတ်ရန် ကြိုးပမ်းနေသည့် ခံစားချက်မျိုးကို ခံစားလိုက်ရခြင်း ဖြစ်သည်။
သူက အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ရင်း... အတောင်ပံနှစ်ဖက်လုံးကို ဓားအလား ပြောင်းလဲလိုက်ကာ ဤနေရာလွတ်ကြီးကို တိုက်ရိုက် ဖောက်ထွင်း၍ ထွက်ခွာသွားခဲ့တော့သည်။
ဤလူ၏ စွမ်းအားကြီးမားမှုနှင့် တန်ခိုးပညာရပ်များ၏ ဆန်းပြားမှုမှာ... တကယ်ကို အံ့အားသင့်ဖွယ်ရာ ကောင်းလှပေသည်။
လီယန်ချူက ယခုအချိန်တွင် လေမီးလျှံဘီးကို နင်းခြေထားရင်း... ချင်းထျန်ဓားသန္ဓေသားကို တိုက်ရိုက် ထုတ်ဖော်လိုက်ကာ၊ အစောပိုင်းတုန်းက ရွှေတောင်ပံ ဂဠုန်မင်း ဖြတ်တောက်သွားခဲ့သော ဟင်းလင်းပြင် အက်ကွဲကြောင်းထံသို့ ဓားချက်တစ်ချက်ကို ထပ်မံ၍ ခုတ်ပိုင်းလိုက်ပြန်သည်။
ရွှေတောင်ပံ ဂဠုန်မင်းသည် ကြီးမားလှသော မဟာသမုဒ္ဒရာကြီးတစ်ခု၏ အထက်သို့ ရောက်ရှိသွားခဲ့သည်။
ဤလျှို့ဝှက်နယ်မြေအတွင်း၌ ရေပြင်များသာ ရှိနေခဲ့ပြီး... အခြားသော အရာခပ်သိမ်းတို့ ရှိမနေခဲ့ချေ။ မဟာသမုဒ္ဒရာကြီးအတွင်း၌ ကြောက်မက်ဖွယ်ရာ သက်ရှိ သတ္တဝါကြီးများ ရှိနေခဲ့ကြသည်။
နောက်တစ်ခဏတွင်မူ... လေမီးလျှံဘီးကို နင်းခြေထားသော ထိုလူငယ်တာအိုဆရာလေးမှာ ထပ်မံ၍ သတ်ဖြတ်ရန် ရောက်ရှိလာခဲ့ပြန်ပြီး၊ ခေါင်းသုံးလုံး လက်ခြောက်ဖက် နတ်ဘုရား ပုံသဏ္ဍာန် တန်ခိုးပညာရပ်ကို ထုတ်ဖော်လိုက်ရင်း...
ခန္ဓာကိုယ်ပေါ်တွင် ကောင်းကင်ဖဲကြိုးကို ပတ်ထုပ်ထားကာ၊ လက်ထဲတွင် မီးလျှံလှံရှည်၊ ကျန့်ကျောင်းဓား၊ နဂါးကိုးကောင်နတ်မီးလျှံအုပ်ဆောင်းနှင့် ချင်းထျန်ဓားသန္ဓေသားတို့ကို ကိုင်ဆောင်ထားသဖြင့်... သူ၏ အရှိန်အဝါများမှာ မြင့်မြတ်လှပြီး လူသားများကို တိုက်ရိုက် စိုက်ကြည့်ရန်ပင် ဝံ့ရဲခြင်း မရှိစေချေ။
ရွှေတောင်ပံ ဂဠုန်မင်းက မျက်ခုံးပင့်လိုက်မိရင်း... အတောင်ပံနှစ်ဖက်လုံးကို ထပ်မံ ဖြန့်ကျက်စေလျက် ဟင်းလင်းပြင်ကို ဖောက်ထွင်းကာ ထွက်ပြေးသွားခဲ့ပြန်သည်။
သူတို့နှစ်ဦး၏ ပုံရိပ်များမှာ ဤလျှို့ဝှက်နယ်မြေအတွင်း၌ မျက်စိတစ်မှိတ်အတွင်း ပေါ်ထွက်လာခဲ့ပြီး ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့ကြရသည်။
မဟာသမုဒ္ဒရာကြီးအတွင်းရှိ ထိုသက်ရှိ သတ္တဝါကြီးများမှာ ခေါင်းကို မော့၍ ကြည့်ရှုလိုက်ကြပြီး... ဤကြောက်မက်ဖွယ်ရာ ကောင်းလှသော အရှိန်အဝါနှစ်ခုကို အာရုံခံမိလိုက်ကြသဖြင့် ရင်ထဲ၌ ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ကြရသော်လည်း၊
နောက်တစ်ခဏတွင်မူ ထိုလူနှစ်ဦးမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ကြပြီ ဖြစ်သည်။
လီယန်ချူက တစ်ဖက်လူ ဖြတ်တောက်သွားခဲ့သော အက်ကွဲကြောင်းအတိုင်း အနောက်သို့ လိုက်လံ ဖမ်းဆီးခဲ့ရာ...
နေရာအနှံ့ ပျက်စီးနေသော အုတ်ရိုးများ ရှိပြီး ပျက်စီးနေသည့် တာအိုနန်းတော်ကြီးများ ရှိနေသော လျှို့ဝှက်နယ်မြေတစ်ခုအတွင်းသို့ ရောက်ရှိသွားခဲ့သည်။
ပြိုလဲနေသော နတ်ဘုရားရုပ်တုတစ်ခုကို မြင်တွေ့နိုင်စွမ်း ရှိပြီး... ၎င်းမှာ မူလက ရာဂဏန်းကျော် မြင့်မားလှကာ လက်ထဲတွင် ကြာပန်းတစ်ပွင့်ကို ကိုင်ဆောင်ထားသော တာအိုဆရာကြီးတစ်ဦး ဖြစ်ပေသည်။
ရွှေတောင်ပံ ဂဠုန်မင်း ဤနေရာသို့ ရောက်ရှိလာခဲ့ချိန်တွင်... ဤကမ္ဘာမြေကြီး၏ ကျယ်ပြောမှုကို ချက်ချင်းပင် ခံစားမိလိုက်ပြီး ပတ်ပတ်လည် မိုင်ပေါင်း သောင်းဂဏန်းမျှအထိ ရှိနေခဲ့သည်။
သူက အတောင်ပံနှစ်ဖက်လုံးကို ဖြန့်ကျက်စေလျက် အဝေးသို့ ချက်ချင်း ပျံသန်းရန် ပြင်လိုက်သော်လည်း... နောက်တစ်ခဏတွင်မူ ထိုကြာပန်းကို ကိုင်ဆောင်ထားသော တာအိုဆရာကြီး၏ ရုပ်တုမှာ အသက်ဝင်လာခဲ့သည့်အလား ဖြစ်သွားခဲ့ပြီး၊
လက်ထဲတွင် ကြာပန်းတစ်ပွင့်ကို ကိုင်ဆောင်ထားရင်း မျက်နှာပြင်ထက်၌ တည်ငြိမ်မှုများ ပြည့်နှက်နေကာ -
“ဘယ်က မိစ္ဆာကောင်က... လူ့လောကကို လာရောက် ကျူးကျော်ဝံ့တာလဲ” ဟု ဆိုလိုက်တော့သည်။
ရွှေတောင်ပံ ဂဠုန်မင်းမှာ တစ်ခဏချင်းအတွင်း ကြောင်အသွားခဲ့ရသည်။
ဒီနေ့တွင်... ဘာဖြစ်လို့ အရာအားလုံးက ယခုမျှအထိ အဆင်မပြေ ဖြစ်နေရတာလဲ။
ထိုကြာပန်းကို ကိုင်ဆောင်ထားသော တာအိုဆရာကြီးမှာ စစ်မှန်သော နတ်ဘုရားတစ်ဦး မဟုတ်ဘဲ... ဤကမ္ဘာမြေကြီး၏ ကိုးကွယ်မှုကို ခံယူထားသော နတ်ဘုရားတစ်ဦး ဖြစ်ပေသည်။
သူက ကွယ်လွန်သွားခဲ့သည်မှာ မည်မျှအထိ ကြာမြင့်နေခဲ့ပြီ ဖြစ်ကြောင်း မသိရသော်လည်း... ကျန်ရှိနေသော အမွှေးတိုင် အလှူငွေ အငွေ့အသက်များမှာ ရုပ်တုအတွင်း၌ ကိန်းဝပ်နေဆဲ ဖြစ်သဖြင့်၊
ရွှေတောင်ပံ ဂဠုန်မင်း၏ ကြီးမားလှသော အရှိန်အဝါများ ဤကမ္ဘာမြေအတွင်းသို့ ဝင်ရောက်လာခဲ့ချိန်တွင်... ထိုနတ်ဘုရားမှာ ချက်ချင်းပင် လှုံ့ဆော်ခြင်း ခံလိုက်ရပြီး နိုးထလာခဲ့ခြင်း ဖြစ်ပေသည်။