← Chapters

အခန်း ၄၄၁

Vol. 45 Ch. 441

အခန်း ၄၄၁

Vol. 45 Ch. 441

အခန်း(၄၄၁) ဒါက သေနတ်ပဲ

"ဘိုးဘေးကြီး၊ လရိပ်ဂိုဏ်းဆိုတဲ့ နာမည်နောက်ကွယ်က ဇာတ်လမ်းက ဘာလဲ။"

စုချီနျန်က နှုတ်ခမ်းစုပ်သပ်လိုက်သည်။ "ဒီနာမည်က တော်တော်လေး ရိုးရှင်းနေသလိုပဲ။ အနောက်မှာ ဓားဆိုတဲ့ စကားလုံးလေး ထည့်လိုက်ရင်ကော။ ဥပမာ လရိပ်ဓားဂိုဏ်းပေါ့။"

"ကျန့်ဝူလို့ ထည့်လိုက်ရင်ကော။ ကျန့်ဝူလရိပ်ဂိုဏ်းလေ။" ကျန်းမုန့်ချူးကလည်း အကြံပြုလာသည်။

"ထွက်သွားစမ်း။ မင်းတို့တွေ ဘာမှနားမလည်ဘူး။" ချန်ဟွိုက်အန်က နှာခေါင်းရှုံ့လိုက်သည်။ "လရိပ်ဂိုဏ်းဆိုတဲ့ နာမည်ပဲ ဖြစ်ရမယ်။ တစ်လုံးမှ ပြောင်းလို့ မရဘူး။ ငါ့ကိုသာ ယုံကြည်လိုက်။ အနာဂတ်မှာ လရိပ်ဂိုဏ်းက ချင်းယွန်ဘုံရဲ့ နံပါတ်တစ်ဂိုဏ်း ဖြစ်လာမှာ သေချာတယ်။ တခြားဂိုဏ်းတွေကိုသာမက အရင်မြင့်မြတ်နယ်မြေ သုံးခုကိုပါ ကျော်လွန်သွားလိမ့်မယ်။"

"ဘိုးဘေးကြီး၊ လက်နက်ဂိုဏ်းရဲ့ဂိုဏ်းချုပ် ရှန်းထျန်ကော ရောက်လာပါပြီ။"

တပည့်တစ်ဦးက လာရောက်သတင်းပို့သည်။

"အချိန်ကိုက်ပဲ။ သူ့ကို ဝင်လာခိုင်းလိုက်။"

ရှန်းထျန်ကော လျင်မြန်စွာ ရောက်ရှိလာပြီး ယခုအခါတွင် ချန်ဟွိုက်အန်အပေါ် အလွန် ရိုသေလေးစားနေ၏။

ချန်ဟွိုက်အန်၏ ကြောက်မက်ဖွယ် စွမ်းအားကြောင့်သာမက သူ့အတွက် လက်စားချေပေးခဲ့သောကြောင့်လည်း ဖြစ်သည်။ ဖန်ကျင်းမြင့်မြတ်နယ်မြေအကြောင်းကို သူ ကြားသိထားပြီး သူတော်စင်ယွိယောင် မည်သည့်နေရာ ရောက်သွားမှန်း မသိသော်လည်း ဤဓားကျောင်းတော် ဘိုးဘေးကြီးက ယောင်ချီမြင့်မြတ်နယ်မြေကို ပြောင်သလင်းခါအောင် လုပ်နိုင်ခဲ့သည်ဖြစ်ရာ သူတော်စင် ယွိယောင်တစ်ယောက် သေလုမျောပါး ဖြစ်နေပြီဟု သူ ယူဆထားသည်။

"ဘိုးဘေးကြီး၊ ဘာများအမိန့်ရှိပါသလဲ။"

"လရိပ်ဂိုဏ်းက အသစ်တည်ထောင်ထားတာဆိုတော့ ဖွံ့ဖြိုးတိုးတက်ဖို့ အတော်လေး လိုအပ်နေတယ်။ မင်းက ဂိုဏ်းအခြေခံအဆောက်အအုံတွေ တည်ဆောက်တဲ့နေရာမှာ ကျွမ်းကျင်တယ်လို့ ငါ ကြားထားတယ်။ ဒါကြောင့် လရိပ်ဂိုဏ်း တည်ဆောက်ရေးကို မင်းဆီ အပ်နှင်းဖို့ စီစဉ်ထားတယ်။" ချန်ဟွိုက်အန်က လိုရင်းကိုသာ တိုက်ရိုက် ပြောလိုက်သည်။

ဤစကားကို ကြားသောအခါ ရှန်းထျန်ကော အလွန်ဝမ်းသာသွား၏။

ဓားကျောင်းတော် ဘိုးဘေးကြီးနှင့် အဆက်အသွယ်ရရန် မည်သည့် အကြောင်းပြချက် ရှာရမလဲဟု တွေးနေစဉ် အခွင့်အရေးက ရောက်လာခြင်းပင်။

ဓားကျောင်းတော် ဘိုးဘေးကြီး စီစဉ်ထားတဲ့အတိုင်းသာ လုပ်ဆောင်ပေးနိုင်ရင် ငါက ဓားကျောင်းတော်ထဲ မဝင်နိုင်မှာကို ပူစရာ မလိုတော့ဘူး... အဲ မဟုတ်ဘူး၊ လရိပ်ဂိုဏ်းထဲကိုပေါ့။

"စိတ်မပူပါနဲ့ ဘိုးဘေးကြီး။ ဒါက ကျွန်တော့်ရဲ့ အထူးကျွမ်းကျင်မှုပါ။" ရှန်းထျန်ကောက သူ၏ရင်ဘတ်ကို အကြိမ်ကြိမ် ပုတ်လိုက်သည်။ "အမှန်အတိုင်း ပြောရရင်၊ ယောင်ချီမြင့်မြတ်နယ်မြေကို စတင်ပြီးတော့ တည်ထောင်တုန်းကလည်း ကျွန်တော်က တပည့်တွေကို ဦးဆောင်ပြီးတော့ အများကြီး လုပ်ပေးခဲ့တာပါ။ ကျွန်တော်တို့ရဲ့ အခြေခံအုတ်မြစ် မပါရင် ယောင်ချီမြင့်မြတ်နယ်မြေက ဘယ်တော့မှ ဒီလောက် ခမ်းနားလာမှာ မဟုတ်ပါဘူး။"

"ဖန်ကျင်းမြင့်မြတ်နယ်မြေကို ပြန်ကြည့်လိုက်ပါ။ ခမ်းနားကြီးကျယ်ပုံ ပေါက်ပေမယ့် တကယ့်ကို အဆင့်နိမ့်တဲ့ ခံစားချက်မျိုး ပေးစွမ်းနေတယ်။ ဒါက ဘာလို့လဲဆိုတော့ ဖန်ကျင်းမြင့်မြတ်နယ်မြေကို တည်ဆောက်တုန်းက သူတို့က ကျွန်တော်တို့လို ပညာရှင်တွေရဲ့ အကူအညီကို မတောင်းခဲ့လို့ပဲ။"

လက်နက်ဂိုဏ်းသည် လက်နက်များ ဖန်တီးခြင်းသက်သက် မဟုတ်ပေ။

ဤနေရာတွင် "器" ဆိုသော စကားလုံးမှာ လက်နက်များကိုသာ ရည်ညွှန်းခြင်း မဟုတ်ပေ။

လက်နက်ဂိုဏ်းတွင် မတူညီသော ဌာနခွဲများနှင့် အမျိုးအစားများစွာရှိပြီး လက်နက်များ ဖန်တီးသော ပန်းပဲဆရာများက ၎င်းတို့ထဲမှ တစ်ခုသာ ဖြစ်သည်။

သစ်သားလုပ်ငန်းနှင့် ကျောက်ဆစ်လုပ်ငန်းများတွင် အထူးပြုသော လက်မှုပညာရှင်များလည်း ရှိကြသည်။

ဤကျင့်ကြံသူများကို အထင်သေး၍ မရပေ။ သူတို့က အန္တရာယ်ကင်းပုံပေါ်သော်လည်း၊ အားလုံးမှာ စက်ယန္တရား အတတ်ပညာများတွင် ဆရာတစ်ဆူများ ဖြစ်ကြသည်။ သူတို့ လိုက်စားသော လမ်းစဉ်သည်လည်း ကျယ်ပြန့်ပြီး အလားအလာရှိသော လမ်းစဉ်တစ်ခု ဖြစ်ကာ သူတို့၏စွမ်းအားမှာ အဆင့်တူ ကျင့်ကြံသူများထက် မည်သို့မျှ အားနည်းခြင်း မရှိဘဲ ပို၍ပင် သာလွန်နိုင်သေးသည်။

"ဂိုဏ်းချုပ်ရဲ့စွမ်းအားကို ငါ ယုံကြည်ပါတယ်။ ဒါပေမဲ့ ငါ့ရဲ့ လိုအပ်ချက်တွေက ယောင်ချီမြင့်မြတ်နယ်မြေနဲ့ မတူဘူး။"

ချန်ဟွိုက်အန် သိုလှောင်အိတ်ထဲမှ ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။

ဤပစ္စည်းမှာလည်း ချင်းယွန်ဘုံသို့ ယူဆောင်လာခွင့် မရှိပေ။ လီချင်းရန်က လက်ဆောင်တောင်းသည့် ချို့ယွင်းချက်ကို အသုံးချပြီးမှသာ ယူဆောင်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

၎င်းမှာ ရှန်းထျန်ကော ဤပစ္စည်းကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

၎င်းသည် အမည်းရောင် မီးထိုးချောင်းတစ်ခုနှင့်တူသော်လည်း သေချာကြည့်ပါက ၎င်း၏ အပေါက်များအတွင်း ပုန်းကွယ်နေသော ရှုပ်ထွေးသည့်ယန္တရားများကို တွေ့မြင်နိုင်သည်။ သူ၏တစ်သက်တာတွင် မရေမတွက်နိုင်သော စက်ယန္တရားဖန်တီးမှုများ ထူးဆန်းပြီးထူးခြားသည့်အရာမျိုးစုံကို မြင်ခဲ့ဖူးပြီး ပုံမှန်အားဖြင့် တစ်ချက်ကြည့်ရုံဖြင့် နားလည်နိုင်သော်လည်း ဤမီးထိုးချောင်းကတော့ သူ့ကို လုံးဝ ခေါင်းရှုပ်သွားစေသည်။

"ဘိုးဘေးကြီး၊ ဒါကဘာလဲ။"

"ဒါကို သေနတ်လို့ခေါ်တယ်။"

ချန်ဟွိုက်အန်က စားပွဲပေါ်ရှိ M4ကို ကောက်ယူလိုက်ပြီး မောင်းတင်ကာ ဘေးနားရှိ စုချီနျန်၏ င်္ခေါင်းကို ပစ်လိုက်သည်။

ဒက် ဒက် ဒက်…

ကျည်ဆန်များ ဒက်ခနဲ မြည်ကာ စုချီနျန်၏မျက်နှာကို ထိမှန်သွားပြီးနောက် ချွမ်ခနဲ အသံနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

စုချီနျန်က လက်ကို မြှောက်ကာ မျက်နှာကို စမ်းကြည့်လိုက်ပြီး မိန်းမူးနေသော အပြုံးတစ်ခု မျက်နှာပေါ်တွင် ပေါ်လာသည်။

"ယားလိုက်တာ။ တော်တော် ပျော်စရာကောင်းတာပဲ။"

ချန်ဟွိုက်အန် - "..."

ဘာမှမသိတဲ့ သူတွေတောင် ပျော်စရာကောင်းမှန်း သိကြတာပဲ။

ပညာရှင်ကတော့ မြေပြင်ပေါ်မှ ကျည်ဆန်ကို ကောက်ယူပြီး သေချာစစ်ဆေးနေပြီ ဖြစ်သည်။

"ဘိုးဘေးကြီး။ ကျွန်တော်သာ မမှားဘူးဆိုရင် ဒီကျည်ဆန်တွေကို မီးထိုးချောင်းထဲကနေ ပစ်လိုက်တာပဲ။ သူတို့ကို အတော်လေးမြန်တဲ့ အရှိန်နဲ့ ပစ်ထုတ်လိုက်တာ။ ဆိုလိုတာက သူတို့ကို တွန်းထုတ်လိုက်တဲ့ အင်အားက မီးထိုးချောင်းဆီကနေ လာတာပဲ..."

"စိတ်ဝင်စားစရာပဲ။ ဒီလိုသေးငယ်တဲ့ပစ္စည်းလေးက ကျည်ဆန်တစ်ခုကို ဒီလောက်စွမ်းအားတွေ သွင်းနိုင်တယ်၊ သာမန်လူတွေရဲ့ စစ်ပွဲတွေမှာသာ သုံးမယ်ဆိုရင် ဒါက လေးနဲ့မြားတွေထက် အများကြီးသာလွန်တဲ့ နတ်ဘုရား လက်နက်တစ်ခု ဖြစ်လာမှာပဲ။"

"မှန်တယ်။ ဒီအရာရဲ့အာနိသင်က ထိခိုက်ဒဏ်ရာရစေဖို့ ဒီကျည်ဆန်တွေကို ပစ်ထုတ်တာပဲ။ ပြီးတော့ ဆက်တိုက် အမြန် ပစ်ခတ်နိုင်တယ်။"

ချန်ဟွိုက်အန် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

လက်နက်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်နဲ့ တကယ်ကို ထိုက်တန်တယ်။ ဒါကို ရှင်းပြရတာ လုံးဝ အားစိုက်စရာ မလိုဘူး။

"ဒါပေမဲ့ ကျွန်တော့်မှာ မေးခွန်းတစ်ခု ရှိတယ်။ ဒီပစ္စည်းက သာမန်လူ့လောကမှာ ယုံကြည်နိုင်လောက်အောင် အစွမ်းထက်ပေမယ့် ကျွန်တော်တို့ ကျင့်ကြံသူတွေအတွက်တော့ ဘာမှမဟုတ်ပါဘူး။ ချီသန့်စင်ခြင်းအဆင့် အထက်က ကျင့်ကြံသူတွေဆိုရင် ဒီလိုကျည်ဆန်မျိုးကို ကာကွယ်နိုင်ပါတယ်။ ဘာလုပ်ဖို့ စီစဉ်ထားလို့လဲ..."

ရှန်းထျန်ကောက ကျည်ဆန်ကို ကိုင်ထားရင်း ချန်ဟွိုက်အန်၏ ရည်ရွယ်ချက်များကို မသေချာသေးသဖြင့် မခန့်မှန်းရဲပေ။

"ဒီပစ္စည်းက လောကအပြင်ဘက်ကနေ လာတာ။ တခြားကမ္ဘာက သေနတ်လို့ခေါ်တဲ့ လက်နက်တစ်ခုပဲ။ ဒီလက်နက်က သိပ်မစွမ်းပေမယ့် သူ့ရဲ့ဒီဇိုင်းကနေ ငါတို့ သင်ယူနိုင်တဲ့ အရာတွေ ရှိတယ်လို့ ထင်တယ်။"

ချန်ဟွိုက်အန်က ပြုံးရင်းနှင့် M4ကို ရှန်းထျန်ကောထံသို့ ကမ်းပေးကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ်ရှန်း၊ ချင်းယွန်ဘုံနဲ့ဆိုင်တဲ့ သေနတ်တစ်လက် ဖန်တီးကြည့်လေ။ ကျင့်ကြံသူတွေကို ဒဏ်ရာရစေနိုင်တဲ့အထိ စွမ်းအားကို အမြင့်ဆုံး မြှင့်တင်လိုက်။ အဲဒီလိုလုပ်လိုက်မယ်ဆိုရင် ဒါကို လျှို့ဝှက်လက်နက်တစ်ခုအနေနဲ့ တွင်တွင်ကျယ်ကျယ် အသုံးချနိုင်မှာ မဟုတ်ဘူးလား။ ဂိုဏ်းက တပည့်တွေ အပြင်ထွက်တဲ့အခါ ပိုပြီးတော့ ဘေးကင်းလုံခြုံမှု ရစေမှာပေါ့။"

သူ၏အမြင်တွင် လရိပ်နှင့်လေဝိညာဉ်ဂိုဏ်း၏ တပည့်များ အပြင်ထွက်တိုင်း၊ တစ်ဦးစီတွင် ကျင့်ကြံခြင်း သေနတ်တစ်လက် တပ်ဆင်ထားမည် ဖြစ်သည်။

ထိုနည်းဖြင့်ဆိုလျှင် စွမ်းအားကြီရန်သူနှင့်တွေ့ပြီး မနိုင်လျှင်ပင် အမေရိကန် တိုင်းဂျူဆုကို သုံးနိုင်ပေမည်။

ထိုအရာကိုသာ ဖန်တီးနိုင်ခဲ့လျှင် အခင်းအကျင်းများ၊ အဆောင်များနှင့် လျှို့ဝှက်လက်နက်များထက် အများကြီး ပိုအဆင်ပြေမည်ဖြစ်သည်။ လျှို့ဝှက်လက်နက်များနှင့် အဆောင်များ၏ အသက်သွင်းချိန်က အလွန်ကြာလွန်း၏။

များသောအားဖြင့် အဆောင်များနှင့် လျှို့ဝှက်လက်နက်တွေကို မသုံးနိုင်ခင်မှာတင် အသတ်ခံလိုက်ရလေ့ရှိသည်။

ဤစကားကို ကြားသောအခါ ရှန်းထျန်ကော၏ မျက်လုံးများ အရောင်လက်သွားပြီး အသစ်စက်စက် M4ကို ယူလိုက်သည်။ "ဒီလိုလား။ ဘိုးဘေးကြီးရဲ့ အကြံဉာဏ်တွေက တကယ်ကို လေးစားစရာပါပဲ။ တခြားကမ္ဘာက လက်မှုပညာရှင်တွေရဲ့ ဉာဏ်ပညာကို စုပ်ယူပြီးတော့ ကိုယ့်ရဲ့ အားနည်းချက်တွေကို ဖြည့်ဆည်းဖို့ သူတို့ရဲ့ ဉာဏ်ပညာဆီကနေ သင်ယူတာ..."

သူက လက်ထဲရှိ သေနတ်ကို ပွတ်သပ်လိုက်ပြီး ခေတ္တရပ်ကာ ပြောသည်၊ "ဘိုးဘေးကြီး၊ ကျွန်တော် ထင်တာတော့ ဒီအရာရဲ့စွမ်းအားကို ပစ္စည်းတွေနဲ့ အခင်းအကျင်းတွေဘက်ကနေ မြှင့်တင်တာအပြင် ဒါကို ပိုကြီးအောင် လုပ်လို့ရတယ်။ ကျည်ဆန်တွေကိုလည်း ပိုကြီးအောင် လုပ်လို့ရတယ်။ အဲဒီလောက်ကြီးတဲ့ သေနတ်မျိုးက သယ်သွားသယ်လာလုပ်ဖို့တော့ မသင့်တော်ဘူး။ ဒါပေမဲ့ ဂိုဏ်းကိုကာကွယ်ဖို့အတွက် တပည့်တွေ သုံးနိုင်တဲ့ ခံတပ်အဖြစ် ဂိုဏ်းရဲ့အခင်းအကျင်းထဲမှာ မြို့သိမ်းဒူးလေး ဒါမှမဟုတ် လောက်လေးတွေလို နေရာချထားလို့ ရတယ်။"

ဤစကားကို ကြားသောအခါ၊ ချန်ဟွိုက်အန်က ရှန်းထျန်ကောကို ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်၏။

ကျန်းယိပိုင်က သေချာပေါက် အချိန်ခရီးသွားတစ်ယောက်ပဲ။ ရှန်းထျန်ကောကရော အချိန်ခရီးသွားများ ဖြစ်နေမလား။

အခု ဒီဂိုဏ်းချုပ် ပြောနေတာက အမြောက်တွေအကြောင်း မဟုတ်ဘူးလား။

ရထားတဲ့အသိပညာတွေကို အခြေအနေအသစ်တွေဆီ အသုံးချနိုင်စွမ်းက အဲဒီလောက်တောင် ကြောက်စရာ ကောင်းနေတာလား။

ချန်ဟွိုက်အန်က ရှေ့သို့ ခြေနှစ်လှမ်းတိုးလာပြီး အသံကို နှိမ့်ကာ လျှို့ဝှက်ဆန်းကြယ်သော လေသံဖြင့် တီးတိုးရေရွတ်လိုက်သည်။ "မကိန်းက ပြောင်းလဲပြီး စုံကိန်းက မပြောင်းလဲဘူး။"

ရှန်းထျန်ကော - "..."

"ဘိုးဘေးကြီး၊ ဘာပြောလိုက်တာလဲ။ ကြက်၊ ဒါမှမဟုတ် ငန်းချေးလား..."

"ဘာမှမဟုတ်ပါဘူး။" ချန်ဟွိုက်အန် နောက်တစ်လှမ်း ဆုတ်လိုက်သည်။ "ဘာပဲဖြစ်ဖြစ် မင်းရဲ့ နောက်ထပ် တာဝန်က သေနတ်တွေကို သုတေသနလုပ်ဖို့ပဲ။ ဂိုဏ်းရဲ့ အခြေခံတည်ဆောက်ရေး အတွက်ကတော့ မင်းရဲ့ လက်နက်ဂိုဏ်းက တပည့်တွေကို လွှဲပေးထားလို့ ရတယ်။ သူတို့ကို လုပ်ခိုင်းလိုက်လေ။ ဟုတ်တယ်မလား။ ပစ္စည်းတွေကို သိုလှောင်ရုံကနေ ယူသုံး။ ငါ ယောင်ချီမြင့်မြတ်နယ်မြေနဲ့ ဖန်ကျင်းမြင့်မြတ်နယ်မြေဆီက အုတ်ကြွပ်ပြားတွေကိုတောင် ခွာလာခဲ့သေးတယ်။"

ဤစကားကို ကြားသောအခါ ရှန်းထျန်ကော၏မျက်နှာ တောင့်တင်းသွား၏။

သူက စိတ်ထဲမှာ တွေးလိုက်၏။ "ဘုရားတန်ခိုးတော်။ ဒီဓားကျောင်းတော်ဘိုးဘေးကြီးက ရက်စက်တယ်လို့ ငါ ကြားထားတာ ကြာပြီ။ အခုကြည့်ရတာ သူက တကယ်ပဲ အကောင်းတစ်ခုမှ မချန်ထားခဲ့တာပဲ..."

"စိတ်မပူပါနဲ့ စီနီယာ။ ပစ္စည်းတွေ မရှိရင်တောင် ကျွန်တော်တို့ အခြေခံတည်ဆောက်ရေးကို ၇ရက်အတွင်း အပြီးသတ်နိုင်ပါတယ်။ အခု ပစ္စည်းတွေ ရှိနေပြီဆိုတော့ ပိုပြီးတော့တောင် မြန်သွားဦးမှာပါ။"

"သိပ်ကောင်းတယ်။" ချန်ဟွိုက်အန် ခေါင်းညိတ်လိုက်သည်။ "ဒါဆိုရင် ဂိုဏ်းတည်ထောင်ပွဲကို ၇ရက်နေရင် ကျင်းပမယ်။ အဲဒီအချိန်ကျရင် လရိပ်ဂိုဏ်းက တပည့်တွေ လက်ခံဖို့ တံခါးဖွင့်ပေးလိမ့်မယ်။"

"ဟုတ်ကဲ့ပါ။" ရှန်းထျန်ကောက လက်အုပ်ချီကာ အရိုအသေပေးလိုက်သည်။

...

ချန်ဟွိုက်အန်က သူ၏ လိုဏ်ဂူဖြစ်သော လစောင်းကြယ်သုံးပွင့် လိုဏ်ဂူသို့ ပြန်သွားသည်။

ယနေ့တွင် သူလုပ်စရာ အရေးတကြီး ကိစ္စတစ်ခု ရှိနေသည်။

ကျန်းယိပိုင်၏ ရုပ်ခန္ဓာကို ပြန်တည်ဆောက်ရန်ပင်။

...

All Chapters