အခန်း (၆၆၇-၆၆၉)
Vol. 45 Ch. 667-669
အခန်း (၆၆၇) - ဆယ်နှစ်တာ ကုန်လွန်ပြီးနောက်၊ အင်မော်တယ် မြို့တော်မှ ရုတ်တရက် အပြောင်းအလဲ (၂)
ဂူစံအိမ် အတွင်း၌ စုယွီသည် ယခင်က ကြယ်ခူး မျှော်စင်မှ လီကျန့်၏ မူလဝိညာဉ်ပေါ်တွင် တားမြစ်ချက် တစ်ခုကို အပိုင်းပိုင်း အစစ တည်ဆောက်နေသည်။
ဤသည်မှာ ကြယ်ခူး မျှော်စင်၏ ပဉ္စမအဆင့် အဆင့်မြင့် အခင်းအကျင်း ပညာရှင် တစ်ဦး၏ အမွေအနှစ်ထဲတွင် မှတ်တမ်းတင်ထားသော နတ်ဘုရား တားမြစ်ချက် ဖြစ်သည်။ ၎င်းမှာ ယခင်က ကြယ်ခူး ဘိုးဘေးကြီးက ပိုင်ဟွာဂိုဏ်းမှ မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး အချို့အပေါ် တပ်ဆင်ခဲ့သော နတ်ဘုရား တားမြစ်ချက်ပါပင်။
တားမြစ်ချက်များနှင့် အခင်းအကျင်းများသည် အနည်းငယ် ဆင်တူသော်လည်း အခင်းအကျင်းများနှင့် နှိုင်းယှဉ်လျှင် တားမြစ်ချက်များမှာ ပိုမို၍ လက်ရာမြောက်လှသည်။ တားမြစ်ချက် တစ်ခုကို တည်ဆောက်ရန် မိမိ၏ မှော်စွမ်းအား၊ ဝိညာဉ် စွမ်းအားနှင့် ကောင်းကင် မြေကြီး စွမ်းအားတို့ကို သိမ်မွေ့စွာ အသုံးပြုနိုင်ရန် လိုအပ်သည်။
၎င်းမှာ ကောင်းကင် မြေကြီး၏ သဘာဝ တာအို စွမ်းအားနှင့် ပိုမို ကိုက်ညီမှု ရှိသည်။
နတ်ဘုရား တားမြစ်ချက်မှာ ဝိညာဉ် စွမ်းအား သို့မဟုတ် မူလဝိညာဉ် အပေါ် အထူး အသုံးပြုသော တားမြစ်ချက် တစ်မျိုးဖြစ်ပြီး စတုတ္ထအဆင့် အဆင့်နိမ့်မှ ပဉ္စမအဆင့် အဆင့်မြင့် အထိ ရှိသည်။
လက်ရှိတွင် စုယွီ လီကျန့်၏ မူလဝိညာဉ်ပေါ်၌ စမ်းသပ် နားလည်သဘောပေါက်နေသော နတ်ဘုရား တားမြစ်ချက်မှာ စတုတ္ထအဆင့် အလယ်အလတ် ဖြစ်သည်။
နာရီပေါင်း နှစ်နာရီခန့် အကြာတွင် ဝိညာဉ် စွမ်းအား လှိုင်းများနှင့် ကောင်းကင် မြေကြီး စွမ်းအားများ၏ တုန်ခါမှုနှင့်အတူ နတ်ဘုရား တားမြစ်ချက်ကို အောင်မြင်စွာ တည်ဆောက်ပြီးစီးသွား၏။ စုယွီက သက်ပြင်းကို ခပ်ဖွဖွ ချလိုက်ပြီး တုန်ယင်နေသော လီကျန့်ကို ကြည့်ကာ ပြောလိုက်သည်။
“စမ်းကြည့်လိုက်ဦး... ဒီတစ်ခါ ချိုးဖျက်ဖို့ ဘယ်လောက် ကြာမလဲ ဆိုတာကိုပေါ့...”
လီကျန့်မှာ ဦးရေပြားထဲတွင် ထုံကျဉ်နေသကဲ့သို့ ခံစားလိုက်ရပြီး စိတ်လှုပ်ရှားစွာဖြင့် တောင်းပန်လိုက်သည်။
“ဆရာသခင်... နောက်တစ်ခါကျရင် ချင်ခယ်ရှင်းကို စမ်းကြည့်ပါလား...”
သူသည် ဤတားမြစ်ချက်ကို အကြိမ်ကြိမ် စမ်းသပ်ခံခဲ့ရပြီး ဖြစ်သည်။
ထိုသို့သော တားမြစ်ချက်မျိုးသာ ဂရုတစိုက် မရှိဘဲ ပေါက်ကွဲသွားပါက သူ မသေဆုံးနိုင်သည့်တိုင် ပြင်းထန်စွာ ဒဏ်ရာရရှိခြင်း သို့မဟုတ် အသုံးမဝင်တော့သည့် အဆင့်ထိ ရောက်ရှိသွားနိုင်သည်။
ဤအဖြစ်က အလွန်တရာ ဆိုးရွားလွန်းလှသည်၊ ဘာကြောင့် သူ့ကိုသာ စမ်းသပ်ရာမှာ သုံးနေရတာလဲ။ သူက အပြည့်အဝ အရှုံးပေးလိုက်ပြီ မဟုတ်ပါလား။
စုယွီ၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။ “ဘာလဲ... မင်း ငါ့ရဲ့ တားမြစ်ချက်ကို မယုံဘူးလား...”
လီကျန့်မှာ ကြောက်လန့်တကြား ခုန်ပေါက်သွားပြီး အလျင်အမြန်ပင် ပြန်ဖြေလိုက်သည်။ “မယုံတာ မဟုတ်ရပါဘူး... ဆရာသခင်ရဲ့ တားမြစ်ချက်တွေက ပြိုင်ဘက်ကင်းပြီး ဘယ်သူနဲ့မှ ယှဉ်လို့ မရပါဘူး...”
“ဒါပေမဲ့ ကျွန်တော် တွေးမိတာက ဒီလိုကောင်းတဲ့ အရာမျိုးကို ချင်ခယ်ရှင်းလည်း မြည်းစမ်းကြည့်သင့်တယ် မဟုတ်လား...”
စုယွီက သူ့ကို တစ်ချက် ကြည့်လိုက်သည်။ “ဒါဆိုရင် မင်းပဲ သူ့ကို သွားပြောလိုက်လေ...”
ထိုသို့ ကြားလိုက်ရသော်လည်း လီကျန့်က ခါးသီးစွာ ပြုံးလိုက်သည်။ သူက ချင်ခယ်ရှင်းကို မျက်နှာချင်းဆိုင်ပြီး ဘယ်လိုမျိုး သွားပြောရဲမှာလဲ။ သူက ချင်ခယ်ရှင်း၏ ပြိုင်ဘက် မဟုတ်ပေ။ အကယ်၍ သူသာ သွားပြောမိလျှင် အရိုက်ခံရမည့်အပြင် အသက်ပါ ဆုံးရှုံးရနိုင်သည် မဟုတ်ပါလား။
လီကျန့်မှာ မှော်လက်နက် နန်းတော်ထဲသို့ ပြန်လည် ဝင်ရောက်သွားပြီး သူ၏ မူလဝိညာဉ် အတွင်းရှိ နတ်ဘုရား တားမြစ်ချက်ကို ချိုးဖျက်ရန် ကြိုးစားလိုက်၏။
မည်သို့ပင်ဆိုစေ စုယွီက သူ့အပေါ် တားမြစ်ချက် လေးခုကို တပ်ဆင်ထားပြီး ဖြစ်သည်။
အစပိုင်းတွင် လီကျန့်အနေဖြင့် နတ်ဘုရား တားမြစ်ချက်ကို ချိုးဖျက်ရန် လဝက်သာ ကြာမြင့်ခဲ့သည်။
သို့သော် ဒုတိယ အကြိမ်တွင်မူ တစ်နှစ် တင်းတင်း ကြာမြင့်သွား၏။
တတိယ အကြိမ်တွင်မူ သုံးနှစ် တင်းတင်း ကြာမြင့်သွားတော့သည်။
ဤသည်မှာ စတုတ္ထ အကြိမ်မြောက် ဖြစ်ပြီး စတုတ္ထအဆင့် အလယ်အလတ် နတ်ဘုရား တားမြစ်ချက်အပေါ် သူ၏ နားလည် သဘောပေါက်မှုနှင့် ကျွမ်းကျင်မှုမှာ အလွန် မြင့်မားသော အဆင့်သို့ ရောက်ရှိနေပြီဟု စုယွီ ယူဆလိုက်၏။ သူသာ နောက်ထပ် လေ့ကျင့်ဦးမည် ဆိုပါက လီကျန့် ကဲ့သို့သော မူလဝိညာဉ် အဆင့် နှောင်းပိုင်း အရှင်သခင်ကြီး တစ်ပါးကိုပင် ရှစ်နှစ်မှ ဆယ်နှစ်အထိ ချုပ်နှောင်ထားနိုင်ပေလိမ့်မည်။
“ဒီနည်းလမ်းနဲ့ဆိုရင် ချင်ခယ်ရှင်းနဲ့ လီကျန့် လိုမျိုး မူလဝိညာဉ် အဆင့် ပုဂ္ဂိုလ်တွေကို ချုပ်နှောင်နိုင်မယ့် နည်းလမ်းတစ်ခုခုတော့ ရပြီ...”
“သူတို့မှာ တစ်စုံတစ်ရာသော အကြံအစည်များ ရှိနေရင်တောင်မှ ကျွန်တော် လိုအပ်တဲ့ အချိန်မှာ သူတို့ အသက်ကို ချက်ချင်း နှုတ်ယူနိုင်တယ်...”
ဟုတ်ပေသည်။
လီကျန့် ပြောသည်မှာလည်း အနည်းငယ် မှန်နေသည်။ ဤအရာကို သူ တစ်ယောက်တည်းသာ ခံစားရမည် မဟုတ်ပေ။
ထို့ကြောင့် စုယွီသည် မှော်လက်နက် နန်းတော် အတွင်းရှိ ချင်ခယ်ရှင်းကို ခေါ်ယူလိုက်သည်။ သူမသည် စုယွီ၏ ဂူစံအိမ် အတွင်းသို့ ရောက်ရှိလာချိန်တွင် အံ့ဩသွားပြီး သူမ၏ မျက်နှာမှာ အနည်းငယ် ဖြူရော်သွားတော့၏။
စုယွီကို ခဏတာ စိုက်ကြည့်ပြီးနောက် သူမက နောက်ဆုံးတွင် သတိပြန်ဝင်လာပြီး သူ၏ ရှေ့၌ ဒူးထောက်ကာ ရိုသေစွာ ပြောလိုက်သည်။
“ဆရာသခင်...”
စုယွီက လက်ကို ဝှေ့ယမ်းလိုက်သည်။ “အနားကို လာခဲ့...”
ချင်ခယ်ရှင်းက သူ၏ အရှေ့၌ မတ်တတ်ရပ်ရန် အသာလေး ရွေ့လျားလာချိန်တွင် စုယွီက အမိန့်ပေးလိုက်သည်။
“မင်းရဲ့ စိတ်ကို လွှတ်ထားလိုက်... ခုခံမနေနဲ့...”
ချင်ခယ်ရှင်း၏ မျက်ဝန်းများမှာ ကျဉ်းမြောင်းသွားပြီး မျက်နှာမှာ ပို၍ ဖြူရော်လာသော်လည်း စုယွီ၏ အမိန့်ကို မဆန့်ကျင်ရဲတော့ချေ။ ထို့ကြောင့် သူမက သူမ၏ နှုတ်ခမ်းနီရဲရဲကို ကိုက်လိုက်ပြီး သူမ၏ စိတ်အခံများကို လွှတ်ချကာ စုယွီထံသို့ အပြည့်အဝ အရှုံးပေးလိုက်တော့၏။
“အိုမ်...”
စုယွီက မျက်လုံးများကို မှိတ်လိုက်ပြီး သူ၏ နက်နဲလှသော ဓာတ်ကြီးငါးပါး မှော်စွမ်းအားများက စတင် လှုပ်ရှားလာသည်။ သူ၏ ဝိညာဉ် စွမ်းအားဖြင့် လမ်းညွှန်ကာ ချင်ခယ်ရှင်း၏ ခန္ဓာကိုယ်ပေါ်တွင် တားမြစ်ချက်ကို စတင် တည်ဆောက်လိုက်သည်။
မမြင်နိုင်သော ကမ္ဘာတစ်ခုတွင် စုယွီသည် သူ၏ မှော်စွမ်းအားကို အခြေခံ အဖြစ်၊ သူ၏ ဝိညာဉ် စွမ်းအားကို ထွင်းထုသော ဓားအဖြစ် အသုံးပြုကာ ထူးခြားလှသော နယ်ပယ်တစ်ခုတွင် နတ်ဘုရား တားမြစ်ချက်ကို အသေးစိတ် ဖန်တီး တည်ဆောက်လိုက်၏။ မမြင်နိုင်သော ပုံစံများမှာ ချင်ခယ်ရှင်း၏ မူလဝိညာဉ် ပေါ်သို့ တစ်ခုပြီးတစ်ခု ထွင်းထုခံလိုက်ရသည်။
နောက်ဆုံးတွင် ၎င်းတို့ အားလုံးမှာ ချင်ခယ်ရှင်း၏ မူလဝိညာဉ်ကို ထောင်ချောက်တစ်ခုအလား ပိတ်မိစေလိုက်တော့သည်။
နှစ်နာရီ မပြည့်မီမှာပင်
နတ်ဘုရား တားမြစ်ချက်မှာ ဖြစ်တည်လာခဲ့ပြီ ဖြစ်၏။
“ရွှီး...”
တောက်ပသော အလင်းရောင် တစ်ချက်နှင့်အတူ တားမြစ်ချက်မှာ ချင်ခယ်ရှင်း၏ မူလဝိညာဉ် အတွင်းသို့ အလွယ်တကူ ဆုတ်ခွာ ပုန်းကွယ်သွားခဲ့သည်။ သူမဘက်မှ မည်သည့် ခုခံမှုမျှ မရှိခဲ့ချေ။
ဤတားမြစ်ချက် တည်ရှိနေမှုနှင့်အတူ စုယွီသည် ချင်ခယ်ရှင်း၏ စိတ်ထဲတွင် ဘာတွေ တွေးနေသည်ကိုပင် ခွဲခြား သိရှိနိုင်တော့သည်။
စုယွီက တားမြစ်ချက်ကို တပ်ဆင်ပြီးနောက် ချင်ခယ်ရှင်းမှာ မြေပြင်ပေါ်သို့ ပုံလျက်သား ဖြစ်သွားပြီး သူမ၏ အမူအရာမှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့၏။
ဤတားမြစ်ချက် တည်ရှိနေသည်နှင့် သူမသည် စုယွီ၏ အလိုအတိုင်း အသတ်ခံရမည့် အကူအညီမဲ့ ငါးတစ်ကောင် ဖြစ်သွားရတော့မည် ဆိုသည်ကို သူမ သိရှိလိုက်သည်။
သူမ ဘာတွေပဲ တွေးနေပါစေ စုယွီက နတ်ဘုရား တားမြစ်ချက်ကို တပ်ဆင်ပြီးနောက် ပြောလိုက်သည်။
“ပြန်ရောက်ရင် ဒီတားမြစ်ချက်ကို စိန်ခေါ်ပြီး ချိုးဖျက်ဖို့ ဘယ်လောက် ကြာမလဲ ဆိုတာကို စမ်းကြည့်လိုက်ဦး...”
ချင်ခယ်ရှင်း၏ မျက်လုံးများမှာ အနည်းငယ် ပြူးကျယ်သွားပြီး စုယွီကို အံ့ဩတကြီး ကြည့်လိုက်မိ၏။
ထို့နောက် သူမ၏ အမူအရာများမှာ အကြိမ်ကြိမ် ပြောင်းလဲသွားပြီးနောက် ပြန်လည် တည်ငြိမ်သွားတော့သည်။
သူမကို အသုံးပြု၍ ဤနတ်ဘုရား တားမြစ်ချက်ကို လေ့ကျင့်ရန် ကြံရွယ်ထားခြင်း ဖြစ်သလား။
ချင်ခယ်ရှင်း၏ ရင်ထဲတွင် အလွန်တရာ အထီးကျန် ဆန်နေသော်လည်း အားမရှိတော့ချေ။ နှစ်ပေါင်းများစွာ စုယွီ၏ အကြိမ်ကြိမ် ရိုက်နှက်၊ ယဉ်ပါးအောင် ပြုလုပ်ခံခဲ့ရပြီးနောက် သူမ၏ ယခင်က မာနများမှာ အပိုင်းပိုင်း အစစ ကွဲကြေသွားခဲ့ပြီး သူ၏ ရင်ထဲတွင် နာခံမှုသာ ကျန်ရှိတော့သည်။
ထို့ကြောင့် ချင်ခယ်ရှင်းက ရိုသေစွာဖြင့် ငုံ့ညွှတ်ကာ ပြန်လည် ဖြေကြားလိုက်၏။ “ဆရာသခင်၏ အမိန့်ကို နာခံပါမယ်..”
ချင်ခယ်ရှင်းကို မှော်လက်နက် နန်းတော်ထဲသို့ ပြန်လည် ခေါ်ဆောင်သွားပြီးနောက် စုယွီသည် ဝိညာဉ် ဝိုင် တစ်ခွက်ကို သောက်လိုက်ကာ သူ၏ အချိန်နယ်ပယ် အတွင်းရှိ အခင်းအကျင်း တာအိုကို ဆက်လက် နားလည် သဘောပေါက်ရန် ကြိုးစားလိုက်သည်။ အထူးသဖြင့် အခင်းအကျင်း ပညာရှင်များ ထံမှ ရရှိခဲ့သော စိတ်ဝင်စားဖွယ်ကောင်းသည့် စတုတ္ထအဆင့် အလယ်အလတ် အခင်းအကျင်း ကြီးတစ်ခုအား လေ့လာနေ၏။
ထိုအခင်းအကျင်းမှာ အသေးစား ဓာတ်ကြီးငါးပါး နက်နဲသော တံခါး အခင်းအကျင်း ဖြစ်သည်။ 'အသေးစား ဓာတ်ကြီးငါးပါး' ဆိုသည်မှာ လူတစ်ယောက်၏ ဓာတ်ကြီးငါးပါး ဝိညာဉ်အမြစ်ကို ရည်ညွှန်းပြီး နက်နဲသော တံခါးမှာ ထူးခြားဆန်းကြယ်သော အချက် သုံးချက်နှင့် တံခါးရှစ်ပေါက်ကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။
အသေးစား ဓာတ်ကြီးငါးပါး နက်နဲသော တံခါး အခင်းအကျင်းမှာ ကျင့်ကြံသူ တစ်ဦး၏ ဓာတ်ကြီးငါးပါး ဝိညာဉ်အမြစ်ကို အခြေခံ၍ တည်ဆောက်ထားသော အခင်းအကျင်း ဖြစ်သည်။
ဤအခင်းအကျင်း နည်းစနစ်မှာ ထူးခြားလှသော အပြောင်းအလဲ အများအပြား ရှိနေပြီး တံခါးဖွင့်၊ တံခါးပိတ်၊ အသက်တံခါး၊ ဒဏ်ရာတံခါး၊ တားမြစ်တံခါး၊ ရှုခင်းတံခါး၊ သေမင်းတံခါးနှင့် ထိတ်လန့်တံခါး တို့၏ နိယာမများကို ထူးခြားဆန်းကြယ်သော အချက် သုံးချက် ဖြစ်သည့် ယီ၊ ပင်းနှင့် တင်း တို့နှင့် ပေါင်းစပ်ထားကာ ထောင်ပေါင်း၊ သောင်းပေါင်း များစွာသော အပြောင်းအလဲများကို ပိုင်ဆိုင်ထားသည်။
အကယ်၍ ၎င်းကို အင်မော်တယ် တပ်မတော်က အသုံးပြုမည် ဆိုပါက ၎င်း၏ စွမ်းအားမှာ အလွန်တရာ ကြီးမားလှသည်။
အကယ်၍ သူသာ အင်မော်တယ် တပ်မတော်ကို ဦးဆောင်၍ ဤအခင်းအကျင်းကို ရေးဆွဲမည် ဆိုပါက... တစ်ခါတစ်ရံတွင် သူသည် မူလဝိညာဉ် အဆင့် နှောင်းပိုင်း သို့မဟုတ် အထွတ်အထိပ် ရောက်နေသော အရှင်သခင်ကြီး တစ်ပါးကိုပင် ပိတ်မိအောင် ဖမ်းဆီးပြီး သတ်ဖြတ်နိုင်ပေလိမ့်မည်။
သို့သော် ဤအခင်းအကျင်းမှာ အလွန်တရာ စွမ်းအားကြီးမားလွန်းသဖြင့် စုယွီ အတွက် အသုံးပြုရန် သိပ်ပြီး မလွယ်ကူလှချေ။
မည်သို့ပင်ဆိုစေ အင်မော်တယ် တပ်မတော် အတွက် ဤအခင်းအကျင်းကို ကျွမ်းကျင်အောင် လုပ်ဆောင်ရန်မှာ လွယ်ကူသော ကိစ္စ မဟုတ်ပေ။
အင်မော်တယ် တပ်မတော်က ဤအခင်းအကျင်းကို ကျွမ်းကျင်သွားလျှင် သူကိုယ်တိုင်ပင် မူလဝိညာဉ် အဆင့် နှောင်းပိုင်း အရှင်သခင်ကြီး တစ်ပါးကို အလွယ်တကူ ဖမ်းဆီး သတ်ဖြတ်နိုင်ပေလိမ့်မည်။
ထို့အပြင် သူ၏ လက်ထဲတွင် အနက်ရောင် ဒေါသ စစ်သည်တော် လည်း ရှိနေသေး၏။
ဟုတ်ပေသည်။ သူ အနေဖြင့် လိုအပ်မည် မဟုတ်သော်လည်း တာအိုသမီးတော် ဖန်ရှောင် အတွက်မူ လိုအပ်နိုင်သည်၊ ဖန်ရှောင်ကို ပိုမို စွမ်းအားကြီးမားအောင် လုပ်ဆောင်ပေးခြင်းမှာ သူ၏ အကျိုးအတွက်သာ ဖြစ်သည်။
ဤအခင်းအကျင်းကို ခဏမျှ စဉ်းစားပြီးနောက် စုယွီသည် မြို့တော်အတွင်းရှိ အင်မော်တယ် တပ်မတော်ကို ဤအခင်းအကျင်းကို အသုံးပြုရန် လမ်းညွှန် ပေးလိုက်ပြီး ဖန်ရှောင်ကိုလည်း သူတို့နှင့်အတူ လေ့လာစေလိုက်သည်။ တတ်နိုင်သမျှ အမြန်ဆုံး အသေးစား ဓာတ်ကြီးငါးပါး နက်နဲသော တံခါး အခင်းအကျင်းကို ထိန်းချုပ်နိုင်လိမ့်မည်ဟု သူ မျှော်လင့်လိုက်၏။
အောင်မြင်သွားပြီ ဆိုပါက ဖန်ရှောင်၏ ကျင့်ကြံခြင်းက မည်မျှပင် အားနည်းနေပါစေ အခြားမြို့တော်များမှ တာအိုသားတော်များ သို့မဟုတ် အခြား အင်အားစုများမှ တာအိုသားတော်များနှင့် ယှဉ်ပြိုင်ရာတွင် မည်သည့် ပြဿနာမျှ ရှိလိမ့်မည် မဟုတ်ပေ။
ဖန်ရှောင်နှင့် အခြားသူများ အနည်းငယ် ရင်းနှီးသွားပြီးနောက် စုယွီက သူတို့ကို ဆက်လက် စောင့်ကြည့်ခြင်း မပြုတော့ဘဲ သူ၏ ကိုယ်ပိုင် အခင်းအကျင်း တာအိုကို နားလည် သဘောပေါက်ရန်သာ အာရုံစိုက်လိုက်တော့သည်။
အမွေအနှစ်ထဲတွင် စတုတ္ထအဆင့် အလယ်အလတ် အခင်းအကျင်း ကြီးပေါင်း တစ်ရာခန့် ရှိနေပြီး စုယွီ အနေဖြင့် အချိန်အတော်ကြာအောင် စဉ်းစားဖို့ လုံလောက်နေပြီပင်။
နောက်ထပ် ငါးနှစ် ကုန်လွန်သွားခဲ့သည်။
ဓာတ်ကြီးငါးပါး ကျင့်စဉ်နှင့် ပတ်သက်၍ စုယွီသည် မူလဝိညာဉ် အဆင့် ဓာတ်ကြီးငါးပါး ကျင့်စဉ်ပေါင်း နှစ်ဆယ်ကျော်ကို ပေါင်းစပ် ထည့်သွင်းထားပြီး ဖြစ်သည်။ လက်ရှိ သူ၏ ဓာတ်ကြီးငါးပါး ကျင့်စဉ်၏ စွမ်းအားမှာ ယခင်ကထက် အနည်းဆုံး နှစ်ဆခန့် ပို၍ သာလွန် နေခဲ့ပြီပင်။
နှစ်ပေါင်းများစွာ ကျင့်ကြံပြီးနောက် ဓာတ်ကြီးငါးပါး ကျင့်စဉ်မှာ မူလဝိညာဉ် အဆင့် သုံးဆီသို့ နီးကပ်လာနေပြီ ဖြစ်ကာ ကျင့်ကြံခြင်း အနည်းငယ်မျှ ပြုလုပ်ပြီးနောက် လအနည်းငယ်အတွင်းမှာပင် ရောက်ရှိနိုင်တော့မည် ဖြစ်သည်။
ဆေးလုံး ဖော်စပ်ခြင်းနှင့် ပတ်သက်၍ စုယွီသည် စတုတ္ထအဆင့် အလယ်အလတ် ဆေးလုံး အားလုံးကို အပြည့်အဝ ကျွမ်းကျင်သွားပြီ ဖြစ်ပြီး တစ်ခုချင်းစီတွင် ကျွမ်းကျင်မှု ရာခိုင်နှုန်းမှာ ငါးဆယ်ကျော် ရှိနေပြီပင်။ အမြဲတမ်း အသုံးပြုလေ့ ရှိသည့် ဆေးလုံး အချို့မှာမူ သူ၏ ကျွမ်းကျင်မှုမှာ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့သည်။
အဆောင်လက်ဖွဲ့ နယ်ပယ်တွင် စုယွီသည် စတုတ္ထအဆင့် အလယ်အလတ် ကြေးမုံလမင်း မန္တန်၊ နတ်ဘုရား သတ်ဖြတ်ခြင်း မန္တန် စသည်တို့ကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့၏။
အခင်းအကျင်း နည်းစနစ်များတွင်မူ စုယွီသည် စတုတ္ထအဆင့် အလယ်အလတ် အခင်းအကျင်း ကြီးပေါင်း ဆယ်ခုကျော်ကို အောင်မြင်စွာ နားလည် သဘောပေါက်ခဲ့သည်။
သူ၏ ကိုယ်ပိုင် ဩဇာလွှမ်းမိုးမှု နယ်ပယ်များနှင့် ပတ်သက်၍ ဓာတ်ကြီးငါးပါး နယ်ပယ်မှာ တဖြည်းဖြည်း တိုးတက်လာပြီး အထွတ်အထိပ် အဆင့်သို့ ရောက်ရှိရန် တဖြည်းဖြည်း တိုးတက်လာနေသည်။
သူ၏ ဟင်းလင်းပြင် နယ်ပယ်နှင့် အချိန်နယ်ပယ် တို့မှာ တိုးတက်မှု အချို့ ရှိခဲ့သော်လည်း နယ်ပယ်၏ မူလရင်းမြစ်ကို စုစည်းကာ ဓာတ်ကြီးငါးပါး နယ်ပယ် အတွင်းသို့ ပေါင်းစပ် ထည့်သွင်းရန်မှာ အလှမ်းဝေးနေသေးသည်။ နယ်ပယ်များကို မည်သို့ ပေါင်းစပ်ရမည် ဆိုသည်ကို စုယွီမှာ မည်သည့် အဖြေမျှ မရရှိသေးချေ။
အခြား တစ်ဖက်တွင် ဒုတိယမြောက် အင်မော်တယ် မြို့တော်မှ တာအိုသားတော်၏ အင်မော်တယ် တပ်မတော်မှာ ဝိညာဉ် ခွဲထွက် နယ်မြေ အတွင်းသို့ ဝင်ရောက်သွားခဲ့သည်မှာ တစ်နှစ်ပင် ရှိတော့မည် ဖြစ်သည်။ ရုတ်တရက် သူတို့၏ အင်မော်တယ် မြို့တော်တွင် ချန်ရစ်ခဲ့သော ဝိညာဉ် ကျောက်စာတိုင် အားလုံးမှာ ကွဲကြေသွားတော့၏။
ဒုတိယမြောက် အင်မော်တယ် မြို့တော်မှ အကြီးအကဲများက ဤအရာကို မြင်တွေ့လိုက်ရချိန်တွင် သူတို့၏ ဦးရေပြားများ ထုံကျဉ်သွားပြီး စိတ်လှုပ်ရှား တုန်လှုပ်သွားကြတော့သည်။
အခန်း (၆၆၈) - ဆယ်နှစ်တာ ကုန်လွန်ပြီးနောက်၊ အင်မော်တယ် မြို့တော်မှ ရုတ်တရက် အပြောင်းအလဲ (၂)
အင်မော်တယ် နန်းတော်ရှိ တာအိုသားတော် တစ်ဦးချင်းစီတိုင်း၏ နောက်ကွယ်တွင် မူလဝိညာဉ် အဆင့် အထွတ်အထိပ် သို့မဟုတ် ထိုထက်ပိုသော စွမ်းအားရှိသည့် အစောင့်အရှောက် တစ်ဦးစီ ရှိနေကြသည်။ အကယ်၍ တာအိုသားတော်သည် အသက်အန္တရာယ် ရှိသည့် အခြေအနေမျိုးနှင့် ကြုံတွေ့ရပါက ထိုအစောင့်အရှောက်များသည် မိမိတို့၏ အသက်ကို စတေး၍ပင် ကာကွယ်ပေးကြလိမ့်မည်။
ဤသည်မှာ အင်မော်တယ် ဂိတ်တံခါး၏ အစောင့်အရှောက် တစ်ဦး ဖြစ်ရခြင်း၏ တာဝန်ကျေပွန်မှုပင် ဖြစ်၏။ အစောင့်အရှောက် တိုင်းသည် ကျင့်ကြံခြင်း သက်တမ်း ကုန်ဆုံးတော့မည် ဖြစ်ပြီး နောက်ထပ် ချိုးဖြတ် ဝင်ရောက်နိုင်မည့် မျှော်လင့်ချက် မရှိကြတော့သူများ ဖြစ်ကြသည်။
သို့သော် တာအိုသားတော် ဆိုသည်မှာ ဝိညာဉ်ခွဲထွက်အဆင့်သို့ ချိုးဖြတ် ဝင်ရောက်နိုင်မည့် အင်မော်တယ် ဂိတ်တံခါး၏ ပါရမီရှင်များ ဖြစ်ကြသည်။
အင်မော်တယ် ဂိတ်တံခါးတွင် ဝိညာဉ်ခွဲထွက်အဆင့် ကျွမ်းကျင်သူ တစ်ဦး တိုးပွားလာတိုင်း သူတို့၏ အမွေအနှစ်မှာ ပိုမို ခိုင်မာလာသည်။ မူလဝိညာဉ် အဆင့် အထွတ်အထိပ် ရောက်နေသည့် အရှင်သခင်ကြီး ဆယ်ပါးနှင့် လဲလှယ်ရမည် ဆိုလျှင်တောင်မှ အင်မော်တယ် နန်းတော်သည် ဝိညာဉ်ခွဲထွက်အဆင့် ကျွမ်းကျင်သူ တစ်ဦးကို ရရှိရန်အတွက် စတေးခံလိမ့်မည် ဖြစ်သည်။
သို့သော် သာမန် အစောင့်အရှောက်များသည် ဝိညာဉ်မဲ့ မြေရိုင်းပြင် ကဲ့သို့သော နေရာမျိုးသို့ ဝင်ရောက်ရန် ယေဘုယျအားဖြင့် စိတ်မဝင်စားကြပေ။
ထို့ကြောင့် တာအိုသားတော် တစ်ဦးအနေဖြင့် ဝိညာဉ်မဲ့ မြေရိုင်းပြင်သို့ ဝင်ရောက်သည့်အခါ အခြားသော အင်မော်တယ် မြို့တော်မှ ကိုယ်ခန္ဓာ သန့်စင်ခြင်း အဆင့်ရှိ အစောင့်အရှောက် တစ်ဦး၏ ကာကွယ်မှုဖြင့်သာ ဝင်ရောက်လေ့ ရှိကြသည်။ ဒုတိယမြောက် အင်မော်တယ် မြို့တော်၏ တာအိုသားတော်နှင့်အတူ ပါလာသော ကိုယ်ခန္ဓာ သန့်စင်ခြင်း အဆင့် အစောင့်အရှောက်မှာ စတုတ္ထအဆင့် အဆင့်မြင့် ဖြစ်ပြီး မူလဝိညာဉ် အဆင့် (၈) နှင့် ညီမျှသော စွမ်းအားကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
အင်မော်တယ် တပ်မတော်၏ စွမ်းအားနှင့် ဆိုပါက ဝိညာဉ်ခွဲထွက်အဆင့် ကျွမ်းကျင်သူနှင့် ညီမျှသော ကိုယ်ခန္ဓာ သန့်စင်ခြင်း စွမ်းအားရှိသည့် ပြိုင်ဘက်မျိုးနှင့် မတွေ့ဆုံသရွေ့ မည်သည့် ပြဿနာမျှ ရှိလိမ့်မည် မဟုတ်ပေ။
ဒုတိယမြောက် အင်မော်တယ် မြို့တော်ရှိ ဝိညာဉ် ကျောက်စာတိုင် ခန်းမကို စောင့်ကြပ်နေသော အကြီးအကဲသည် တာအိုသားတော်၊ အစောင့်အရှောက်နှင့် တပ်မတော်သား တစ်ထောင့်ငါးရာတို့၏ ဝိညာဉ် ကျောက်စာတိုင်များ ကွဲကြေသွားသည်ကို မြင်တွေ့လိုက်ရချိန်တွင် သူ၏ စိတ်ထဲတွင် ဗလာကျင်းသွားပြီး ခန္ဓာကိုယ်ထဲမှ စွမ်းအားများ ကုန်ခန်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် နောက်သို့ လှည့်ကြည့်ရန် ကြိုးစားလိုက်သော်လည်း သူ၏ ခြေထောက်များမှာ ခွန်အား မရှိတော့ဘဲ ပုံလျက်သား ဖြစ်သွားတော့၏။
သူသည် ခန်းမထဲမှ အပြေးအလွှား ထွက်ပြေးရန် ရုန်းကန် ကြိုးစားလိုက်ပြီး အော်ဟစ်ရန် ဟန်ပြင်သော်လည်း စကားပြောရန် အားအင်များပင် မရှိတော့ချေ။
နောက်ဆုံးတွင် အကြီးအကဲသည် သူ၏ ထိတ်လန့်တကြား ဖြစ်နေသော စိတ်ခံစားချက်များကို အနိုင်နိုင် ထိန်းချုပ်လိုက်၏။
“ဝှစ်…”
ချက်ချင်းဆိုသလိုပင် သူသည် ထွက်ပြေးခြင်း ကျင့်စဉ်ကို အသုံးပြုကာ ဒုတိယမြောက် အင်မော်တယ် မြို့တော်၏ အစောင့်အရှောက် နေထိုင်ရာ နေရာသို့ အပြေးအလွှား သွားရောက်လိုက်သည်။
အစောင့်အရှောက်၏ ရှေ့သို့ ရောက်သည်နှင့် သူက အော်ဟစ်လိုက်၏။
“အရာအားလုံး ပြီးဆုံးသွားပြီ...”
“တာအိုသားတော်နဲ့ အကြီးအကဲ ချန်လွမ် တို့ရဲ့ ဝိညာဉ် ကျောက်စာတိုင်တွေ... ပြီးတော့ တပ်မတော်သား တစ်ထောင့်ငါးရာရဲ့ ဝိညာဉ် ကျောက်စာတိုင်တွေ အားလုံး ကွဲကြေကုန်ပြီ...”
ပြောပြီးသည်နှင့် သူသည် မြေပြင်ပေါ်သို့ ပုံလျက်သား လဲကျသွားတော့သည်။
အင်မော်တယ် နန်းတော်၏ ပထမမြောက် မြို့တော်မှ စတုတ္ထမြောက် မြို့တော် အထိ အင်မော်တယ် မြို့တော် တစ်ခုချင်းစီတိုင်းသည် တာအိုသားတော် တစ်ဦးစီကို ဗဟိုပြု၍ တည်ရှိသည်။ ဤတာအိုသားတော်မှာ မြို့တော် တစ်ခုချင်းစီ၏ နှလုံးသား ဖြစ်ပြီး သူတို့အားလုံး ကူညီ ပံ့ပိုးပေးရမည့် သူလည်း ဖြစ်၏။
ဟွမ်ရှီထောင် ကဲ့သို့ပင် သူ ကူညီပေးရမည့် သူမှာ ဖန်ရှောင် ဖြစ်သည်။ သူသည် ဖန်ရှောင်ကို စတုတ္ထမြောက် အင်မော်တယ် မြို့တော်ကို ထိန်းသိမ်းရန်၊ အင်မော်တယ် တပ်မတော်ကို လေ့ကျင့်ပေးရန်နှင့် အရိုင်းနယ်မြေ၏ အရင်းအမြစ်များကို စူးစမ်းရှာဖွေရန် ပံ့ပိုးပေးခဲ့၏။
သူတို့သည် ဖန်ရှောင်၏ ကျင့်ကြံခြင်း အဆင့်မှာ မူလဝိညာဉ် အဆင့် အထွတ်အထိပ်သို့ ရောက်ရှိပြီး အရိုင်းနယ်မြေမှ ထွက်ခွာနိုင်သည်အထိ သူမကို ခွန်အားကြီးလာအောင် ကူညီပေးကြလိမ့်မည် ဖြစ်၏။
အကယ်၍ တစ်နေ့တွင် ဖန်ရှောင်သည် ဝိညာဉ်ခွဲထွက်အဆင့်သို့ ချိုးဖြတ် ဝင်ရောက်ကာ အင်မော်တယ် နန်းတော်၏ စံအိမ်တော် သခင်ကြီး ဖြစ်လာနိုင်ခဲ့လျှင် ဟွမ်ရှီထောင်နှင့် သူ၏ အပေါင်းအပါများမှာ စံအိမ်တော် သခင်ကြီး၏ ယုံကြည်အားကိုးရသော လက်ရုံးများ ဖြစ်လာကြလိမ့်မည်။
စံအိမ်တော် သခင်ကြီး မဖြစ်လာနိုင်လျှင်တောင်မှ ဝိညာဉ်ခွဲထွက်အဆင့်သို့ အောင်မြင်စွာ ချိုးဖြတ် ဝင်ရောက်ကာ အင်မော်တယ် ဂိတ်တံခါး၏ အကြီးအကဲ တစ်ဦး ဖြစ်လာလျှင်တောင် ဟွမ်ရှီထောင်နှင့် သူ၏ အပေါင်းအပါများမှာ သူမ၏ အနီးကပ်ဆုံး လူယုံတော်များ ဖြစ်လာကြလိမ့်မည် ဖြစ်ရာ အကျိုးအမြတ် လျော့နည်းသွားမည် မဟုတ်ပေ။
တာအိုသားတော် တစ်ဦး ကျဆုံးသွားခြင်းမှာ ဒုတိယမြောက် အင်မော်တယ် မြို့တော်ရှိ လူများအတွက် ကောင်းကင်ပြိုကျသွားသည်နှင့် မခြားနားချေ။
အင်မော်တယ် နန်းတော် တစ်ခုလုံးလည်း တုန်လှုပ်သွားနိုင်သည်။
...
ခြောက်လခန့် ကုန်လွန်သွားပြီးနောက်၊ စတုတ္ထမြောက် အင်မော်တယ် မြို့တော်။
အလွတ်ရက် တစ်ရက်တွင် စုယွီသည် ခြံဝင်းအတွင်း၌ ထိုင်ကာ နေရောင်ခြည်ကို ခံယူရင်း ဝိညာဉ် လက်ဖက်ရည်ကို ဖျော်စပ်နေသည်။ သူသည် လက်ဖက်ရည် အနည်းငယ် သောက်လိုက်ပြီး အရိုင်းနယ်မြေ၏ ပတ်ဝန်းကျင်မှာ မဆိုးလှကြောင်း တွေးမိလိုက်၏။
ထိုနေရာတွင် ရှုခင်းသာ နေရာများစွာ ရှိပြီး သဘာဝ၏ ဝိညာဉ်စွမ်းအားမှာလည်း အထူးပင် ကြွယ်ဝလှသည်။ သာမန် နေရာများရှိ ဝိညာဉ်စွမ်းအား သိပ်သည်းမှုမှာ ပထမအဆင့် ဝိညာဉ်သွေးကြော တစ်ခုနှင့်ပင် ယှဉ်ပြိုင်နိုင်ပေသည်။
ကံမကောင်းစွာဖြင့် အရိုင်းနယ်မြေမှာ အလွန်တရာ အန္တရာယ် များလှ၏။
အင်မော်တယ် တပ်မတော်က ကာကွယ်ထားပြီး အခင်းအကျင်းများဖြင့် စောင့်ကြပ်ထားသော အရင်းအမြစ် သတ္တုတွင်းများပင်လျှင် မှော်သားရဲများ မကြာခဏ တိုက်ခိုက်ခံရလေ့ရှိသဖြင့် အင်မော်တယ် တပ်မတော်အတွက် အနည်းငယ်သော ဆုံးရှုံးမှုများ ရှိနေတတ်သည်။
သာမန် ချီသန့်စင်ခြင်း သို့မဟုတ် အခြေခံ တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူများသာ ဤနေရာသို့ လာရောက်မည် ဆိုပါက ရက်အနည်းငယ်ထက် ပို၍ အသက်ရှင်နိုင်မည် မဟုတ်ချေ။
ဆယ်နှစ် ကုန်လွန်သွားခဲ့ပြီးနောက် သူ၏ အဆောင်လက်ဖွဲ့၊ ဆေးလုံးနှင့် အခင်းအကျင်း ပညာရပ်များကို စတုတ္ထအဆင့် အလယ်အလတ် အထိ မြှင့်တင်ပြီးနောက် စုယွီ၏ ထုတ်ဖော်ပြသထားသော ကျင့်ကြံခြင်း အဆင့်မှာ အမြုတေ ဖွဲ့စည်းခြင်း အဆင့် ကိုးသို့ တိုးတက်လာခဲ့၏။
စတုတ္ထအဆင့် အလယ်အလတ် ဆေးပညာရှင်၊ အဆောင်လက်ဖွဲ့ ပညာရှင်၊ အခင်းအကျင်း ပညာရှင် စသည်တို့နှင့်အတူ အမြုတေ ဖွဲ့စည်းခြင်း အဆင့် ကိုး ကျင့်ကြံသူ တစ်ဦး ဖြစ်ခြင်းမှာ ကျိုးကြောင်း ဆီလျော်လှသည်။
ဝိညာဉ် လက်ဖက်ရည်ကို သောက်ရင်း စုယွီသည် သူ၏ လက်ရှိ ပိုင်ဆိုင်မှုများကို ပြန်လည် စစ်ဆေးလိုက်၏။
သူ၏ နောက်ဆုံး အကြိမ် ပြန်သွားစဉ်က သူသည် ယွင်ရှောင် ဆေးလုံး စံအိမ်မှ စတုတ္ထအဆင့် အလယ်အလတ် အရင်းအမြစ်များ အပါအဝင် ဆေးလုံး ပစ္စည်းများနှင့် အဆောင်လက်ဖွဲ့ ပစ္စည်းများကို အမြောက်အမြား ရရှိခဲ့သည်။
နှစ်များတစ်လျှောက် ယွင်ရှောင် ဆေးလုံး စံအိမ်၏ ဝင်ငွေ အများစုကို ကုန်သွယ်ရေး အသင်း အချို့နှင့် အရင်းအမြစ်များအတွက် လဲလှယ်ထားခဲ့ပြီး ဖြစ်၏။
ဆယ်နှစ်တာ ကာလအတွင်း တံခါးပိတ် ကျင့်ကြံခြင်း ပြုလုပ်ခဲ့ပြီးနောက် သူသည် စတုတ္ထအဆင့် အလယ်အလတ် ဆေးလုံးပေါင်း နှစ်ထောင်ကျော်ကို စုဆောင်းထားနိုင်ခဲ့ပြီပင်။
နှစ်များစွာ စုဆောင်းထားမှုများကြောင့် စတုတ္ထအဆင့် အဆင့်နိမ့် ဆေးလုံးပေါင်း ရှစ်ထောင်နီးပါး ရှိနေလေပြီ။
စတုတ္ထအဆင့် အဆင့်နိမ့် အဆောင်လက်ဖွဲ့ နှစ်ထောင်နီးပါးကို အသုံးပြုပြီးနောက် လွန်ခဲ့သော ဆယ်နှစ် အတွင်း များစွာ ဖြည့်ဆည်းထားခဲ့ရာ လက်ကျန် အနေဖြင့် လေးထောင်ကျော် ရှိနေသေးသည်။
သူသည် စတုတ္ထအဆင့် အလယ်အလတ် အဆောင်လက်ဖွဲ့ပေါင်း ရှစ်ရာကျော်ကို စုဆောင်းထားနိုင်ခဲ့ပြီး အဓိကအားဖြင့် ကြေးမုံလမင်း မန္တန်များနှင့် နတ်ဘုရား သတ်ဖြတ်ခြင်း မန္တန်များမှာ စုစုပေါင်း၏ တစ်ဝက်ခန့် ရှိနေသည်။
ထို့အပြင် ပုန်းအောင်း မန္တန်၊ ကိုယ်ပျောက် မန္တန်နှင့် အခင်းအကျင်း ဖျက် မန္တန် အချို့လည်း ရှိနေသေး၏။
“စတုတ္ထအဆင့် အလယ်အလတ် အဆောင်လက်ဖွဲ့တွေ မလုံလောက်သေးဘူး... ပစ္စည်းတွေ စုဆောင်းတဲ့ အပိုင်းမှာ ယွင်ရှောင် ဆေးလုံး စံအိမ် တစ်ခုတည်းကိုပဲ အားကိုးနေရင် နည်းနည်း နှေးကွေးတယ်…”
“ငါ.. ပိုပြီး ကြိုးစားရမယ်... အနည်းဆုံး တစ်ထောင်ကနေ နှစ်ထောင်အထိ စုဆောင်းထားနိုင်ရင် လုံလောက်ပါပြီ...”
သူသာ စတုတ္ထအဆင့် အလယ်အလတ် အဆောင်လက်ဖွဲ့ အရေအတွက် များစွာကို ပိုင်ဆိုင်ထားမည် ဆိုပါက ဝိညာဉ်ခွဲထွက်အဆင့် အောက်ရှိ မည်သူမဆို သူ့ကို လာရောက် စော်ကားပါက ငရဲပြည်တွင်ပင် နောင်တ ရသွားလိမ့်မည်မှာ အသေအချာပင်။
သူ့လို စွမ်းအားကြီးမားသော ပြိုင်ဘက်ကို ဘာကြောင့်များ လာရောက် စော်ကားမိသနည်းဟု တွေးသွားရလိမ့်မည်။
အရာအားလုံးက ချောမွေ့စွာ တိုးတက်နေပြီး သူ၏ အခြေခံ အုတ်မြစ်များမှာလည်း တစ်စုံတစ်ရာ တိုးတက်လာခဲ့သည်။
ယခုအခါ စုယွီသည် စတုတ္ထအဆင့် အလယ်အလတ် အဆင့်မြင့် ရုပ်သေးရုပ် အတွက် ပစ္စည်းများသာ လိုအပ်တော့၏။ သူသည် အဆင့်မြင့် ရွှေရောင် အရိပ် ရုပ်သေးရုပ် တစ်ခုကို ကိုယ်တိုင် ဖော်စပ်ရန် အစီအစဉ် ရှိသော်လည်း ၎င်း၏ အဓိက ပစ္စည်းမှာ ရှာဖွေရ ခက်ခဲလှပြီး အလွယ်တကူ မရရှိနိုင်ချေ။
မူလဝိညာဉ် အဆင့် ခြောက်နှင့် ညီမျှသော စတုတ္ထအဆင့် အလယ်အလတ် အဆင့်မြင့် ရုပ်သေးရုပ် တစ်ခုကို ဖော်စပ်နိုင်မည့် အဓိက ပစ္စည်းမှာ ထိပ်တန်း အဖိုးတန် ရတနာများထဲမှ တစ်ခု ဖြစ်ပေလိမ့်မည်။
ထိုကဲ့သို့သော ရုပ်သေးရုပ် တစ်ခုအတွက် ပစ္စည်းတန်ဖိုးမှာ အဆင့်နိမ့် မှော်လက်နက် တစ်ခုနှင့်ပင် ညီမျှနိုင်သည်။
အလယ်အလတ်အဆင့် ဝိညာဉ် ကျောက်တုံး ပေါင်း ငါးသန်း အနည်းဆုံး လိုအပ်ပေလိမ့်မည်။
သို့သော် စုယွီသာ အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့မည် ဆိုပါက သူ၏ ကိုယ်ပိုင် ရုပ်သေးရုပ်မှာ မူလဝိညာဉ် အဆင့် ခြောက်ရှိ အရှင်သခင်ကြီး တစ်ပါးနှင့် ညီမျှသော စွမ်းအား ရှိလာမည် ဖြစ်သည်။
ဤစွမ်းအားသည် စုယွီ၏ ရုပ်သေးရုပ် ကိုယ်ပိုင် အတွက် ချင်းရွှမ် ကျွန်းစု ကျင့်ကြံခြင်း ကမ္ဘာတွင် ချင်းရွှမ် အင်မော်တယ် ဂိုဏ်း၏ နေရာကို အစားထိုးရန် ကြိုးပမ်းနိုင်လောက်သည့် အင်အားမျိုး ဖြစ်ပါ၏။
အခန်း (၆၆၉) - အရိုင်းနယ်မြေ၏ ပြင်းထန်သော အပြောင်းအလဲများ၊ မြေကမ္ဘာအင်မော်တယ် နယ်မြေ၏ အန္တရာယ် (၂)
ထိုအချိန်က တာအို ရုပ်သေးသည် ထိုပင်လယ်ပြင် ဒေသ၏ နောက်ကွယ်မှ အဓိက ကြိုးကိုင်သူ ဖြစ်ခဲ့သည်။
ထို့ကြောင့် ဝိညာဉ် ကျောက်တုံးများအတွက် ပေးဆပ်ရမည့် တန်ဖိုးမှာ ပေးဆပ်ရန် ထိုက်တန်လှပေသည်။
စုယွီ ထိုအကြောင်းများကို တွေးတောနေစဉ်မှာပင် ဖန်ရှောင်က အလျင်အမြန် ရောက်ရှိလာပြီး စုယွီ၏ ဂူစံအိမ် အပြင်ဘက်မှ အော်ဟစ်လိုက်သည်။
“ဦးလေးငယ်... ဦးလေးငယ်... ကြောက်စရာ ကောင်းတဲ့ အဖြစ်ဆိုးကြီး တစ်ခု ဖြစ်ပျက်သွားပါပြီရှင်”
‘ဟေ’
စုယွီ၏ မျက်ခုံးများ အနည်းငယ် ပင့်တက်သွားပြီး ဂူစံအိမ်၏ အခင်းအကျင်းကို ဖွင့်ပေးလိုက်ကာ ဖန်ရှောင်ကို အတွင်းသို့ ဝင်လာစေသည်။
အနည်းငယ် လှုပ်ရှားလိုက်ပြီးနောက် ဖန်ရှောင်က လွတ်မြောက်ခြင်း ကျင့်စဉ်ကို အသုံးပြုကာ စုယွီ၏ ရှေ့မှောက်သို့ ရောက်ရှိလာ၏။
သူမ၏ စိုးရိမ်တကြီး ဖြစ်နေပုံကို မြင်လိုက်ရသောအခါ စုယွီက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ဘာဖြစ်တာလဲ... ဘာတွေ ဖြစ်ပျက်ခဲ့တာလဲ...”
ဖန်ရှောင်၏ မျက်နှာမှာ အလွန်တရာ တည်ကြည်လေးနက်နေပြီး အလျင်အမြန်ပင် ပြောလိုက်၏။ “ဒုတိယမြောက် အင်မော်တယ် မြို့တော်ဆီက သတင်း ရောက်လာပါတယ်... တာအိုသားတော် ရှန်ဟုန်း၊ အစောင့်အရှောက် အကြီးအကဲ ချန်လွမ် နဲ့ အင်မော်တယ် တပ်မတော် တစ်ထောင်ငါးရာရဲ့ ဝိညာဉ် ကျောက်စာတိုင်တွေ အားလုံး ကွဲကြေသွားပါပြီ... သူတို့ရဲ့ နောက်ဆုံး တည်နေရာက ဝိညာဉ်မဲ့ မြေရိုင်းပြင် အတွင်းမှာ ဖြစ်ပြီး ဝင်ရောက်ပြီး တစ်နှစ်နီးပါး အကြာမှာပဲ ပြဿနာနဲ့ ရင်ဆိုင်လိုက်ရတာပါ...”
“လက်ရှိ အချိန်အထိ သူတို့ ဘာဖြစ်သွားလဲ ဆိုတာကိုတော့ ကျွန်မတို့ မသိရသေးပါဘူး...”
ထိုသတင်းကို ကြားလိုက်ရချိန်တွင် စုယွီ၏ မျက်နှာမှာ ဖြူရော်သွားပြီး မျက်ဝန်းများမှာလည်း ရုတ်တရက် ကျဉ်းမြောင်းသွားတော့သည်။
အစောင့်အရှောက်တွေ အားလုံး ဆုံးရှုံးသွားပြီလား...။
တာအိုသားတော် ရှန်ဟုန်း၊ အစောင့်အရှောက်နှင့် အင်မော်တယ် တပ်မတော်တို့၏ ပေါင်းစပ် စွမ်းအားမှာ အခြား အင်အားစုများမှ တာအိုသားတော်များနှင့် ရင်ဆိုင်ရလျှင်တောင်မှ နောက်ဆုတ်ရန် လုံလောက်သော စွမ်းအား ရှိသင့်သည်။
သူတို့မှာ ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင် တစ်ပါးနှင့် မတွေ့ဆုံလျှင်... မဟုတ်သေးပါ၊ သူတို့သည် ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင် သာမန်များပင် အသုံးမဝင်သော ဝိညာဉ်မဲ့ မြေရိုင်းပြင် အတွင်း၌ ပြဿနာနှင့် ကြုံတွေ့ခဲ့ခြင်း ဖြစ်သည်။ ထိုနေရာတွင် ကိုယ်ခန္ဓာ သန့်စင်ခြင်း စွမ်းအားကိုသာ အသုံးပြုနိုင်သည်။
ထို ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်မှာ ကိုယ်ခန္ဓာ သန့်စင်ခြင်း စွမ်းအားကို ပိုင်ဆိုင်ထားသူ ဖြစ်ရမည်။
ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင် ဖြစ်နေလျှင်တောင်မှ အစောင့်အရှောက်များမှာ တာအိုသားတော်နှင့် အင်မော်တယ် တပ်မတော်အတွက် အဓိက အားထားရာနှင့် ဝှက်ဖဲများ ဖြစ်ကြရာ တိုက်ခိုက်ရန် အခွင့်အရေး ရှိသင့်သည်။
အနည်းဆုံးတော့ ခဏတာ ခုခံနိုင်စွမ်း ရှိသင့်သည်။
အစောင့်အရှောက် တစ်ဦးက အသေခံ တိုက်ခိုက်လျှင်ပင် တာအိုသားတော်ကို ခေါ်ဆောင်၍ ထွက်ပြေးနိုင်မည့် သို့မဟုတ် တာအိုသားတော် ထွက်ပြေးနိုင်အောင် ဖန်တီးပေးနိုင်မည့် အခွင့်အလမ်း အတော်လေး ရှိနေသေးသည်။
တစ်ခုလုံး လုံးဝ ပျက်စီးသွားသည်အထိ ဖြစ်ပျက်သွားရန် မဖြစ်နိုင်ပေ။
ယခုမူ အားလုံး ဆုံးရှုံးသွားပြီ ဖြစ်ရာ ဤအဖြစ်မှာ အတော်လေး ထူးဆန်းနေ၏ယ
ဖြစ်နိုင်ခြေ တစ်ခုမှာ သူတို့သည် လုံးဝ ခုခံရန် အခွင့်အရေး မပေးဘဲ အလွန်တရာ စွမ်းအားကြီးမားသော အရာတစ်ခုနှင့် ရင်ဆိုင်လိုက်ရခြင်း ဖြစ်သည်။ ထိုပြိုင်ဘက်မှာ လူသားမျိုးနွယ်၊ မိစ္ဆာမျိုးနွယ် သို့မဟုတ် သားရဲ သို့မဟုတ် မည်သူမှ မသိရှိသေးသော နက်နဲဆန်းကြယ်သည့် ပုဂ္ဂိုလ် တစ်ဦးဦး ဖြစ်နိုင်၏။
နောက်ထပ် ဖြစ်နိုင်ခြေ တစ်ခုမှာ သူတို့သည် မည်သူမှ မသိရှိသော အန္တရာယ်ရှိသည့် နယ်မြေတစ်ခုသို့ ဝင်ရောက်မိပြီး အသက်ဆုံးရှုံးသွားခြင်း ဖြစ်သည်။
အရိုင်းနယ်မြေ၏ အန္တရာယ် များလှမှုကို ထည့်တွက်မည် ဆိုပါက အထူးသဖြင့် ဝိညာဉ်မဲ့ မြေရိုင်းပြင် ကဲ့သို့သော နေရာမျိုးတွင် ဒုတိယ အချက်မှာ လုံးဝ ဖြစ်နိုင်ခြေ ရှိ၏။
မည်သို့ပင် ဖြစ်စေကာမူ ဒုတိယမြောက် အင်မော်တယ် မြို့တော်မှ တာအိုသားတော် ကျဆုံးခြင်းသည် မြေကမ္ဘာအင်မော်တယ် နယ်မြေနှင့် အခြား အင်အားစုများကို တုန်လှုပ်သွားစေရန် လုံလောက်လှသည်။
ဖန်ရှောင်က စုယွီကို စိုးရိမ်တကြီး ကြည့်လိုက်ပြီး အသံကို လျှော့ကာ မေးမြန်းလိုက်သည်။
“ဦးလေးငယ်... ဒီအဖြစ်အပျက်ကို ယွီလုံ နန်းတော်လို ပတ်ဝန်းကျင် အင်အားစုတွေက လုပ်ဆောင်တာလို့ ဦးလေးငယ် ထင်လား...”
သူမစကားအား စုယွီက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။
“ပြောရခက်တယ်... ဒါပေမဲ့ အရေးကြီးဆုံးက တရားခံကို ခန့်မှန်းနေဖို့ မဟုတ်ဘူး၊ စတုတ္ထမြောက် အင်မော်တယ် မြို့တော်ရဲ့ အခြေအနေကို တည်ငြိမ်အောင် ထိန်းထားဖို့ပဲ...”
“ဒုတိယမြောက် အင်မော်တယ် မြို့တော်မှာ ဖြစ်ပျက်သွားတဲ့ ကိစ္စက အရိုင်းနယ်မြေထဲက ငါတို့ရဲ့ မြေကမ္ဘာအင်မော်တယ် နယ်မြေ အတွက် ကြီးမားတဲ့ ထိုးနှက်ချက် တစ်ခုပဲ... ကပ်ဘေးပေါ့... ဒါပေမဲ့ တခြား အင်အားစုတွေ အတွက်တော့ ဒါက သတင်းကောင်းပဲ...”
“ကျင့်ကြံခြင်း ကမ္ဘာဆိုတာ အမြဲတမ်း အားကြီးသူက အားနည်းသူကို စားတဲ့ နေရာတစ်ခုပဲ... မင်းသာ အားနည်းနေရင် တခြားသူတွေက မင်းကို သနားနေမှာ မဟုတ်ဘူး... သူတို့က မင်းကို ဝါးမြိုဖို့၊ သတ်ပစ်ဖို့ နည်းလမ်းပေါင်းစုံကို သုံးလိမ့်မယ်...”
ဖန်ရှောင်၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားသည်။
“ဒါဆို ဦးလေးငယ်... တခြား အင်အားစုတွေက ဒုတိယမြောက် အင်မော်တယ် မြို့တော်မှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စကို အခွင့်ကောင်းယူပြီး ကျွန်မတို့ရဲ့ မြေကမ္ဘာအင်မော်တယ် နယ်မြေကို တိုက်ခိုက်လာမယ်လို့ ထင်လား...”
စုယွီက ခေါင်းညိတ်လိုက််၏။
ထို့နောက် သူသည် ဒုတိယမြောက် အင်မော်တယ် မြို့တော် ရှိရာဘက်သို့ လေးနက်စွာ ကြည့်လိုက်သည်။
ဒုတိယမြောက် အင်မော်တယ် မြို့တော်သည် အထိခိုက်ဆုံး ဖြစ်သည်။
ဒုတိယမြောက် အင်မော်တယ် မြို့တော် အခုထိ ဘေးကင်းနေသေးလား ဆိုတာ ဘယ်သူ သိနိုင်မည်လဲ။
“မင်း အကြီးအကဲ ဟွမ်နဲ့ တခြားသူတွေကို ခေါ်ပြီး အစည်းအဝေး လုပ်လိုက်... မြို့တော်ရဲ့ ကာကွယ်ရေးကို မြှင့်တင်ဖို့နဲ့ အင်မော်တယ် တပ်မတော်ရဲ့ သတိဝီရိယကို တိုးမြှင့်ဖို့ ဆွေးနွေးကြ... ကျွန်တော် မြို့တော် ပတ်လည်ကို ကင်းလှည့်ပြီး အခင်းအကျင်း အချို့ကို ထပ်မံ တည်ဆောက်ပေးမယ်...”
ဖန်ရှောင်က ချက်ချင်း နာခံလာသည်။
“ဟုတ်ကဲ့ပါ ဦးလေးငယ်... ကျွန်မ အခုပဲ သွားလိုက်ပါမယ်...”
စုယွီ၏ ဂူစံအိမ်မှ ထွက်သွားချိန်တွင် ဖန်ရှောင်မှာ ရပ်တန့်သွားပြီး သူမ၏ နဖူးကို လက်နှင့် ရိုက်လိုက်မိ၏။ သူမသည် တာအိုသားတော် ကျဆုံးရခြင်း၏ အကြောင်းရင်းကို စုံစမ်းရန် အင်မော်တယ် တပ်မတော်ကို ဒုတိယမြောက် အင်မော်တယ် မြို့တော်သို့ စေလွှတ်သင့် မသင့် မေးမြန်းရန် လာခဲ့ခြင်း ဖြစ်သည်။
သူမက ထိုအကြောင်းကို ပြောရန်ပင် မေ့လျော့နေခဲ့ပြီး ဦးလေးငယ် ကလည်း မပြောခဲ့ချေ။ သူသည် စတုတ္ထမြောက် အင်မော်တယ် မြို့တော်၏ ကာကွယ်ရေးကိုသာ မြှင့်တင်ရန် ပြောခဲ့၏။
“ဦးလေးငယ်က ဒုတိယမြောက် အင်မော်တယ် မြို့တော်ကို စုံစမ်းဖို့ သွားဖို့ မစီစဉ်ထားဘူးလား...”
သူမ ခန့်မှန်းသည်မှာ မှန်နေသည်။
စုယွီသည် လူတွေကို ဦးဆောင်၍ သို့မဟုတ် ဖန်ရှောင်ကို လူတွေကို ဦးဆောင်စေ၍ ဤကိစ္စကို စုံစမ်းရန် အစီအစဉ် လုံးဝ မရှိချေ။
ဘာအတွက်နှင့်လဲ... ဒုတိယမြောက် အင်မော်တယ် မြို့တော်မှ တာအိုသားတော်သည် အစောင့်အရှောက်နှင့်အတူ စတုတ္ထမြောက် အင်မော်တယ် မြို့တော်ထက် ပိုမိုကြီးမားသော စွမ်းအားကို ပိုင်ဆိုင်ထားသူ ဖြစ်၏။
အကယ်၍ ဒုတိယမြောက် အင်မော်တယ် မြို့တော်မှ တာအိုသားတော်နှင့် အစောင့်အရှောက် အပြင် အင်မော်တယ် တပ်မတော်ပါ ပျက်စီးသွားပြီ ဆိုပါက သူတို့ သွားရောက်ခြင်းမှာ သေမင်းထံသို့ သွားရောက်ခြင်း မဟုတ်ပေဘူးလား။
အင်မော်တယ် ဂိုဏ်းမှ စေလွှတ်လိုက်သော ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်၊ အထူးသဖြင့် ကိုယ်ခန္ဓာ သန့်စင်ခြင်း နယ်ပယ် စွမ်းအားရှင် ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင် တစ်ပါးသာလျှင် သည်ကိစ္စကို စုံစမ်းနိုင်ပေလိမ့်မည်။
လူငယ် မျိုးဆက် ဖြစ်ကြသော သူတို့ အနေဖြင့် လုပ်ဆောင်နိုင်သည်မှာ စတုတ္ထမြောက် အင်မော်တယ် မြို့တော်၏ ကာကွယ်ရေးကို မြှင့်တင်ရန်၊ ကိုယ်ပိုင် အသက်ကို ကာကွယ်ရန်၊ ဒုတိယမြောက် အင်မော်တယ် မြို့တော်မှ တာအိုသားတော်၏ ခြေရာအတိုင်း မလိုက်မိစေရန်နှင့် အင်မော်တယ် ဂိုဏ်းအတွက် ပြဿနာ မရှာမိစေရန်သာ။ ဒါက အကောင်းဆုံး ရွေးချယ်မှုနှင့် လုပ်ဆောင်ချက် ဖြစ်၏
ဖန်ရှောင် ထွက်ခွာသွားပြီးနောက် စုယွီသည် သူ၏ ဂူစံအိမ်မှ ထွက်လာကာ စတုတ္ထမြောက် အင်မော်တယ် မြို့တော် ပတ်လည်သို့ သွားခဲ့သည်။
သူသည် ချင်းယွဲ့ (အစိမ်းရောင်လမင်း) လက်စွပ် အတွင်းမှ အခင်းအကျင်း အခြေခံ တစ်ခုပြီးတစ်ခုကို ထုတ်ယူကာ စတုတ္ထမြောက် အင်မော်တယ် မြို့တော်၏ ကာကွယ်ရေး ကွန်ရက်ကို အခြေခံ၍ စတုတ္ထအဆင့် အလယ်အလတ် ကြီးမားသော အခင်းအကျင်း အချို့ကို တည်ဆောက်လိုက်သည်။
ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင် တစ်ပါးသာ တကယ်တမ်း တိုက်ခိုက်လာလျှင်တောင်မှ စတုတ္ထမြောက် အင်မော်တယ် မြို့တော်သည် ဤအခင်းအကျင်း အချို့ကို အားကိုး၍ ခဏတာမျှ တောင့်ခံထားနိုင်ပေလိမ့်မည်။
ဤကဲ့သို့သော တုံ့ပြန်မှု အချိန်နှင့်အတူ သူသည် လူတွေကို ခေါ်ဆောင်ကာ ထွက်ပြေးရန် နည်းလမ်း တစ်ခုခု ရှိလာလိမ့်မည်။
‘အခင်းအကျင်း တည်ဆောက်ရုံနဲ့ မလုံလောက်သေးဘူး... ကောင်းကင်မိုးကြိုးကြွက်အုပ်စုကို စတုတ္ထမြောက် အင်မော်တယ် မြို့တော်ရဲ့ ပတ်လည် မိုင်သောင်းပေါင်းများစွာ အထိ စောင့်ကြပ် စေရမယ်…’
စုယွီက အခင်းအကျင်းများ တည်ဆောက်နေရင်း စိုးရိမ်တကြီး တွေးတောလိုက်၏။
“ပြဿနာ တစ်စုံတစ်ရာ ရှိလာတာနဲ့ တစ်ပြိုင်နက် စတုတ္ထမြောက် အင်မော်တယ် မြို့တော်ကို စွန့်ခွာပြီး မြေကမ္ဘာအင်မော်တယ် နယ်မြေသို့ ပြန်သွားဖို့ ချက်ချင်း ပြင်ဆင်ရမယ်...”
ထို့နောက် သူသည် ကောင်းကင်မိုးကြိုးကြွက်ဘုရင်ကို ဆင့်ခေါ်ကာ ဤအမိန့်ကို လွှဲပြောင်းပေး
လိုက်တော့သည်။