← Chapters

မင်းကိုယ်တိုင် တောင်းဆိုခဲ့တာနော်

Vol. 44 Ch. 434

မင်းကိုယ်တိုင် တောင်းဆိုခဲ့တာနော်

Vol. 44 Ch. 434

"အာ... ဒါက..."

"မင်းလည်း ဝယ်ချင်လို့လား"

အစ်ကိုကြီးချန်က စိတ်ထဲမှနေ၍ ငါက အစက သွားတော့မလို့ပဲ... ဒါပေမဲ့ မင်းက ငါ့ဆီကို အတင်းတိုးဝင်လာတာဟု တွေးလိုက်မိ၏။

"အဟမ်း... ဒါကတော့လေ..."

"မဟာဧကရာဇ် ယွိချီလင်... ငါ မင်းကို မရောင်းချင်လို့ မဟုတ်ပါဘူး... ငါ့မှာ ပစ္စည်းတွေ အကုန်ပြတ်သွားလို့ပါ"

သူက လက်နှစ်ဖက်ကို ဖြန့်ပြလိုက်ရင်း တကယ်ပဲ မတတ်နိုင်တော့သည့်အလား အကူအညီမဲ့သော အမူအရာတစ်ခုကို လုပ်ပြလိုက်သည်။

"တကယ်ပဲ အကုန်ရောင်းလိုက်ရပြီလား"

"မင်း သေချာလို့လား"

မဟာဧကရာဇ် ယွိချီလင်က လူတစ်ယောက်ကို ဝါးမြိုပစ်တော့မည့်အလား စူးစိုက်ကြည့်နေခဲ့ပြီး သူ၏ အမူအရာမှာ တည်ကြည်လွန်းလှသလို အေးစက်လှပေသည်။ သူသည် အစ်ကိုကြီးချန်ကို ဖမ်းဆီးပြီး တစ်ကိုယ်လုံးကို သေချာစွာ ရှာဖွေစစ်ဆေးချင်နေသည့်အလား ဖြစ်နေ၏။

"မဟာဧကရာဇ် ချောမောလှပသူ... မင်းက ဒီလောက်အထိ အများကြီး ရောင်းခဲ့တာတောင်... ငါ့အလှည့်ကျမှပဲ ပစ္စည်းပြတ်သွားရတယ်လို့လား"

"မင်းက ငါ့ကို မျက်နှာသာ မပေးချင်ဘူးပေါ့လေ"

"ဒီကိစ္စကို မင်း သေချာလေး ပြန်စဉ်းစားစေချင်တယ်"

သူ၏ အသံမှာ သွားကြားထဲမှ မာန်ဖီ၍ ထွက်ပေါ်လာခြင်းဖြစ်ပြီး သူ၏ ခန္ဓာကိုယ်ပတ်လည်ရှိ မင်္ဂလာရှိသော အရှိန်အဟုန်များသည်လည်း ရုတ်တရက်ဆိုသလို နက်ရှိုင်းပြီး လေးလံလှသော ဖိအားများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

မင်းက တကယ်ကို ထူးဆန်းတဲ့ကောင်ပဲ၊ ဘယ်သူကများ ပစ္စည်းကို ဒီလိုပုံစံနဲ့ ဝယ်ကြလို့လဲ...

ငါက တကယ်ပဲ ပစ္စည်းပြတ်သွားတဲ့ သာမန်ကုန်သည်တစ်ယောက်ဆိုရင် ဘာဖြစ်သွားမလဲ...

ငါက မင်းကို တစ်ခုခု အကြွေးတင်နေလို့လား...

ဒါက မင်းကိုယ်တိုင် အတင်းအကျပ် တောင်းဆိုနေတာနော်...

ငါ့ဘဝသက်တမ်းတစ်လျှောက်မှာ လူပေါင်းစုံကို မြင်တွေ့ဖူးပေမဲ့ ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ် အလိမ်ခံရအောင် လုပ်တဲ့လူကိုတော့ မင်းတစ်ယောက်ပဲ မြင်ဖူးသေးတယ်...

ငါသာ မင်းကို အကြီးအကျယ် မဖဲ့လိုက်ရင် အားနာစရာ ဖြစ်သွားလိမ့်မယ်

သူတွေးလိုက်မိ၏။

"မဟာဧကရာဇ် ယွိချီလင်... တို့တွေရဲ့ ခင်မင်ရင်းနှီးမှုအရ... ငါ မင်းကို ဘယ်တုန်းက လိမ်ဖူးလို့လဲ"

"မဟာဧကရာဇ်အဆင့် ပုလဲတွေကတော့... တကယ်ပဲ အကုန်လုံး ရောင်းထွက်သွားပါပြီ"

ထိုစကားများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် မဟာဧကရာဇ် ယွိချီလင်၏ ဖိအားများက ထပ်ကျလာခဲ့သဖြင့် ထိုနေရာရှိ ချီလင်အားလုံးမှာ ထိတ်လန့်တုန်လှုပ်သွားကြရပြီး မြေပြင်ပေါ်သို့ ဒူးထောက်လိုက်ကြရ၏။

"ဒါပေမဲ့..."

အစ်ကိုကြီးချန်က ရုတ်တရက် လေသံကို ပြောင်းလဲလိုက်သည်။

"ငါ့ဆီမှာ နောက်ဆုံးကျန်တဲ့ နတ်ဘုရားအရှင်သခင်အဆင့် ပုလဲနှစ်လုံးကိုတော့ သိမ်းထားမိသေးတယ်"

"နတ်ဘုရားအရှင်သခင်အဆင့် ဟုတ်လား"

မဟာဧကရာဇ် ယွိချီလင်၏ တစ်ကိုယ်လုံး တုန်ရင်သွား၏။

"အဲဒါက ဘယ်လိုမျိုးပုလဲတွေလဲ... မဟာဧကရာဇ်အဆင့်ထက်တောင် ပိုပြီး မြင့်မားသေးတာလား"

"မှန်တာပေါ့"

မဟာဧကရာဇ်အဆင့်ထက် ပိုမိုမြင့်မားသော အရည်အသွေးတစ်ခုရှိသေးကြောင်း ကြားလိုက်ရသည့်အခါ မဟာဧကရာဇ် ယွိချီလင်မှာ အလွန်က်ဝမ်းသာသွားသည်။ နက်ရှိုင်းလှသော ဖိအားများမှာလည်း ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားပြီး အခြေအနေမှာ ရုတ်တရက် ပြန်လည်တည်ငြိမ်သွား၏။ သူသာ ၎င်းကို ဝယ်ယူနိုင်မည်ဆိုပါက မဟာဧကရာဇ်တစ်ပါးနှင့် လျော်ညီသော ဂုဏ်သိက္ခာကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

"ဒါဆိုရင် မင်းက ဘာဖြစ်လို့ အဲဒါကို စောစောကထုတ်မပြခဲ့တာလဲ"

အစ်ကိုကြီးချန်က ခပ်အေးအေးပင် ပြောလိုက်၏။

"ဘာဖြစ်လို့လဲဆိုတော့ အဲဒါကို ထုတ်ပြလိုက်လည်း အဓိပ္ပာယ်မရှိလို့လေ... မင်း ဝယ်နိုင်လိမ့်မယ်လို့ ငါမထင်ဘူး"

"မင်း... ဘာ... ပြော... တယ်..."

မဟာဧကရာဇ် ယွိချီလင်မှာ အလွန်အမင်း ဒေါသထွက်သွားသည်။

အကယ်၍ တစ်လောကလုံးရှိ မိစ္ဆာလောက၏ ဓနဥစ္စာ အဆင့်သတ်မှတ်ချက်ကို ကြည့်မည်ဆိုပါက သူသည် ပထမနေရာတွင် မရှိနိုင်သော်လည်း သေချာပေါက် ထိပ်ဆုံးသုံးဦးစာရင်းတွင် ပါဝင်ပေသည်။

သူသည် အရာအားလုံးကို သည်းခံနိုင်သော်လည်း သူတစ်ပါး၏ မဝယ်နိုင်ဘူးဟူသော စကားကိုတော့ လုံးဝသည်းမခံနိုင်ချေ။

၎င်းသည် သူ့ကို စော်ကားလိုက်ခြင်း မဟုတ်ပါလား…

သူက အစ်ကိုကြီးချန်ကို စူးစိုက်ကြည့်လိုက်ရင်း အေးစက်စွာဖြင့် ပြောလိုက်၏။

"မဟာဧကရာဇ် ချောမောလှပသူ... မင်း နောက်ထပ် ထုတ်ပြမယ့်ပစ္စည်းက မင်းရဲ့စကားနဲ့ ထိုက်တန်ဖို့ မျှော်လင့်ပါတယ်"

"ဒါမှမဟုတ်ရင်တော့... ဒါကို ငါ့အပေါ် ရန်စမှုတစ်ခုအနေနဲ့ သတ်မှတ်ရလိမ့်မယ်"

အစ်ကိုကြီးချန်သည် မူလက သာမန်နန်းတော်တစ်ခုနီးပါး အရွယ်အစားရှိပြီး မဟာဧကရာဇ်အဆင့်ထက် အဆပေါင်းများစွာ သို့မဟုတ် ရာဂဏန်းမျှ ပိုမိုကြီးမားသော ပုလဲတစ်ခုကိုသာ ဖန်တီးရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ထိုသူ၏ စကားများကို ကြားလိုက်ရသည့်အခါ သူ၏ ဒေါသကလည်း ထွက်ပေါ်လာခဲ့ရ၏။

သောက်ကျိုးနည်း... ငါ့ကို အထင်သေးနေတာလား

ဝူး…

သူသည် ကံကြမ္မာအမှတ် ၁၀ မှတ်ကို တိုက်ရိုက်အသုံးပြုလိုက်ပြီး မိုင်ပေါင်းရာချီ၍ ကျယ်ဝန်းကာ ဧရာမတောင်ကြီးတစ်လုံးအလားဖြစ်နေသော အလွန်အမင်း ကြီးမားလှသည့် ပုလဲကြီးတစ်လုံးကို ဖန်တီးလိုက်တော့သည်။ အထက်ကောင်းကင်ယံတစ်ခုလုံးသည် အရောင်ကိုးမျိုးဖြင့် တောက်ပဖြာထွက်နေသော စွမ်းအင်များဖြင့် လွှမ်းခြုံသွားပြီး မိုးကုပ်စက်ဝိုင်းရှိ တိမ်တိုက်များပင် ပြောင်းပြန်လှန်ကျလာသည့်အလား အလွန်အမင်း ခမ်းနားထည်ဝါလှပေသည်။

၎င်းနှင့် နှိုင်းယှဉ်လိုက်မည်ဆိုပါက ယခင်က အိမ်အရွယ်အစားရှိသော ပုလဲများမှာ ရုတ်တရက်ဆိုသလို သာမန်အရာများအလား ဖြစ်သွား၏။ ၎င်းထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ထိုနေရာရှိ ချီလင်အားလုံး၏ အာရုံများကို ဖမ်းစားလိုက်တော့သည်။

သူတို့အားလုံး အသက်ရှူပင် ကျပ်သွားခဲ့ရ၏။

အရိပ်ထဲတွင် ရှိနေသော မိုးပြာနဂါးဧကရီပင် တည်ငြိမ်မနေနိုင်တော့ချေ။

"ဒီလောက်အထိ ကြီးတာလား... နင် ဒါကို ဘယ်ကနေရတာလဲ"

"ဒါကို မရောင်းပါနဲ့... တို့တွေပဲ သိမ်းထားကြရအောင်... ဟုတ်ပြီလား"

နဂါးမျိုးနွယ်စုသည် ရွှေ ငွေ ရတနာများကို နှစ်သက်ကြသော်လည်း သူတို့က ရွှေကို ပိုမိုနှစ်သက်ကြပြီး ချီလင်မျိုးနွယ်စုကဲ့သို့ ပုလဲများကို အစွဲအလန်းမကြီးကြချေ။ သို့သော်လည်း ထိုအရာက သူတို့ မနှစ်သက်ဟုမဆိုလို။ ဤကဲ့သို့ တောက်ပဖြာထွက်နေသော အရာကြီးက သူမ၏ စိတ်ခံစားချက်ကိုလည်း လှုပ်ခတ်သွားစေ၏။

အကယ်၍ မိုင်ပေါင်းသိန်းချီ၍ ရှည်လျားသော သူမ၏ ကြီးမားလှသည့် နဂါးခန္ဓာကိုယ်ကြီးကို အပြည့်အဝ ဖြန့်ကျက်လိုက်ပြီး ဤမိုင်ပေါင်းရာချီရှိသော ပုလဲကြီးကို ဆွဲထားမည်ဆိုပါက အလွန်အမင်း ပြီးပြည့်စုံသွားမည် မဟုတ်ပါလား။

အစ်ကိုကြီးချန်မှာ ဆွံ့အသွား၏။

"အစ်မကြီး... နင်က ဂုဏ်သိက္ခာကြီးမားတဲ့ ဧကရီတစ်ပါးပဲလေ... နည်းနည်းလောက် အဆင့်ရှိရှိနေပါဦး"

"ဒီအရာက ကျင့်ကြံခြင်း ဒါမှမဟုတ် တိုက်ပွဲတွေအတွက် ဘာမှအထောက်အကူမပြုဘူး... ဘာအတွက် အသုံးဝင်မှာလဲ"

မျက်နှာချင်းဆိုင်တွင်ရှိနေသော မဟာဧကရာဇ် ယွိချီလင်မှာမူ ဆွံ့အမှင်တက်နေလေပြီ။ သူ၏ ယခင်က အရှိန်အဟုန်များမှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး တုန်လှုပ်ခြောက်ခြားမှုများသာ ကျန်ရှိနေတော့၏။

"ဒါက... ဒါက တကယ်ပဲ ပုလဲတစ်လုံးလား"

လွန်ခဲ့သောခဏက အလွန်အမင်း ထောင်လွှားနေသော သူသည် ယခုအခါတွင်မူ စကားပင်ထစ်နေလေပြီ။

"ဒီလောက်ကြီးတဲ့ ပုလဲကြီး..."

သူက တံတွေးကို အနိုင်နိုင် မျိုချလိုက်ရင်း မေးလိုက်၏။

"ကမာမျိုးနွယ်စုက ဒါကို ဘယ်လိုလုပ်ပြီး ထုတ်လုပ်နိုင်မှာလဲ"

သူနှင့် အခြားသော ဧကရာဇ်တစ်ပိုင်းများ၊ မိစ္ဆာဘုရင်များသည် ထိုနတ်ဘုရားအရှင်သခင်အဆင့်ပုလဲကို အကြိမ်ကြိမ်စမ်းသပ်စစ်ဆေးကြည့်ခဲ့ကြသော်လည်း ရလဒ်ကတော့ အစစ်အမှန်ဖြစ်ကြောင်း ဖော်ပြနေဆဲ။ ၎င်းမှာ အလွန်အမင်း မြင့်မားပြီး ပြီးပြည့်စုံသော အရည်အသွေးရှိသည့် အစစ်အမှန်အရာ ဖြစ်ပေသည်။

သို့သော်လည်း ပြဿနာမှာ မယုံနိုင်စရာ ကောင်းလွန်းနေခြင်းဖြစ်၏။

ကမာမျိုးနွယ်စု၏ ခန္ဓာကိုယ်အရွယ်အစားနှင့်ဆိုလျှင် သူတို့ထက် ဆယ်ဆမက ကြီးမားသော ပုလဲတစ်လုံးကို မည်သို့လုပ်ပြီး ထုတ်လုပ်နိုင်မည်နည်း။

"ဟားဟား... မဟာဧကရာဇ် ယွိချီလင်... မင်းကတစ်ခုပဲသိပြီး အခြားအရာတွေကို မသိသေးဘူးပဲ"

ပိုမို၍ ဝင်ငွေကောင်းစေရန်အတွက် အစ်ကိုကြီးချန်က အကြောင်းပြချက်များကို အစွမ်းကုန် လုပ်ကြံဖန်တီးလိုက်တော့သည်။

"ဒါကို ကမာမျိုးနွယ်စုက ထုတ်လုပ်ခဲ့တာမဟုတ်သလို အခြားသော ခရုမျိုးနွယ်စုတွေက ထုတ်လုပ်ခဲ့တာလည်း မဟုတ်ဘူး... ဒါက ရှေးဟောင်းခေတ်က တည်ရှိခဲ့တဲ့ ပုလဲမျိုးနွယ်စုက ထုတ်လုပ်ခဲ့တာဖြစ်တယ်"

"ပုလဲမျိုးနွယ်စု ဟုတ်လား"

မဟာဧကရာဇ် ယွိချီလင်က ကြောင်အသွား၏။ အင်မော်တယ်လောက စတင်ကတည်းက မွေးဖွားခဲ့သော မိစ္ဆာဧကရာဇ်တစ်ပါးအနေဖြင့် သူသည် ဤမျိုးနွယ်စုအကြောင်းကို တစ်ခါမျှ မကြားဖူးခဲ့ချေ။ ထိုနေရာရှိ ဗဟုသုတကို ဆာလောင်မွတ်သိပ်နေကြသော ချီလင်များကို ရင်ဆိုင်ရင်း အစ်ကိုကြီးချန်က ယုံကြည်မှုအပြည့်ဖြင့် ဆက်ပြောလိုက်သည်။

"မှန်တာပေါ့... အမှန်အတိုင်းပြောရရင် ငါ့ရဲ့ ရွှေပင်လယ်ထဲမှာ မူလက ပုလဲတွေကိုထုတ်လုပ်နိုင်တဲ့ အခြားမျိုးနွယ်စုတစ်ခု ရှိခဲ့သေးတယ်... အဲဒါကို ပုလဲမျိုးနွယ်စုလို့ခေါ်တယ်"

"ဒီမျိုးနွယ်စုရဲ့နာမည်ကို ကြားရုံနဲ့တင် သူတို့က ဘယ်လောက်အထိ ကျွမ်းကျင်လဲဆိုတာ သိနိုင်ပါတယ်"

"သူတို့နဲ့ နှိုင်းယှဉ်လိုက်ရင် လက်ရှိ ကမာမျိုးနွယ်စုတွေက ပုလဲလောကရဲ့ အပျော်တမ်းတွေလို့ပဲ သတ်မှတ်နိုင်တယ်"

"ပုလဲမျိုးနွယ်စုက ကြီးမားတဲ့ ခန္ဓာကိုယ်တွေကို ပိုင်ဆိုင်ထားကြပြီး ခွန်အားကလည်း အားမနည်းကြဘူး... သူတို့ ထုတ်လုပ်တဲ့ ပုလဲတွေက အပြစ်အနာအဆာကင်းမဲ့ရုံတင်မကဘဲ ယေဘုယျအားဖြင့် အလွန်အမင်းကြီးမားကြတယ်"

"စောစောက မင်းတို့ကို ငါရောင်းချပေးခဲ့တဲ့ အထွတ်အထိပ်အဆင့်၊ ကောင်းကင်အရှင်သခင်အဆင့်နဲ့ မဟာဧကရာဇ်အဆင့် ပုလဲတွေက အဲဒီခေတ်က ပုလဲမျိုးနွယ်စုတွေ ထုတ်လုပ်ခဲ့တာတွေချည်းပဲ"

"ဒီ နတ်ဘုရားအရှင်သခင်အဆင့်အတွက်ကတော့... ပိုပြီးတော့တောင် မယုံနိုင်စရာ ကောင်းသေးတယ်"

"အာ..."

မဟာဧကရာဇ် ယွိချီလင်မှာ လုံးဝ မိန်းမောတွေဝေသွားခဲ့ရ၏။

"ဒီ နတ်ဘုရားအရှင်သခင်အဆင့်မှာ အခြားနာမည်တစ်ခု ရှိသေးလို့လား"

အစ်ကိုကြီးချန်က တံတွေးများပက်ဖျန်းမတတ် ဆက်ပြောလိုက်သည်။

"မှန်တာပေါ့... ဒီ နတ်ဘုရားအရှင်သခင်အဆင့်ပုလဲကို အဲဒီတုန်းက ပုလဲမျိုးနွယ်စုရဲ့ အရှင်သခင်ကိုယ်တိုင် ထုတ်လုပ်ခဲ့တာ ဖြစ်တယ်"

"ပုလဲမျိုးနွယ်စုရဲ့ အရှင်သခင်က ဧကရာဇ်တစ်ပိုင်းအဆင့်ရှိတယ်... ဒီပုလဲက ပုံသဏ္ဍာန်ပေါ်ပေါက်လာဖို့ နှစ်ပေါင်း တစ်ဘီလီယံကြာခဲ့ပြီး... ပျိုးထောင်ဖို့ ငါးဘီလီယံကြာခဲ့သလို... သန့်စင်ဖို့ ဆယ်ဘီလီယံ ကြာခဲ့တယ်... နောက်ဆုံးမှာတော့ သူကိုယ်တိုင်ရဲ့ အနှစ်သာရတွေကိုပါ ထည့်သွင်းပြီးမှ ဖန်တီးနိုင်ခဲ့တာဖြစ်လို့... လောကမှာ တကယ်ပဲ အတုမရှိ ပြီးပြည့်စုံတဲ့ အရာတစ်ခုဖြစ်တယ်"

တစ်ခုတည်းကို ထုတ်လုပ်ရန်အတွက် နှစ်ပေါင်း ၁၆ ဘီလီယံကြာခဲ့ကြောင်း ကြားလိုက်ရသည့်အခါ ချီလင်များသည် ဤအရာက တကယ်ကို ရှားပါးလှကြောင်း ခံစားလိုက်ကြရ၏။ အထူးသဖြင့် ၎င်းကို ဧကရာဇ်တစ်ပိုင်းတစ်ပါးက ပျိုးထောင်ခဲ့ခြင်း ဖြစ်သည်မဟုတ်ပါလား။

လက်ရှိ ကမာမျိုးနွယ်စုဝင်များ၏ သူတော်စင်အဆင့် သို့မဟုတ် အင်မော်တယ်အစစ်အမှန်အဆင့်များနှင့် နှိုင်းယှဉ်လိုက်မည်ဆိုပါက အဆင့်အတန်း ကွာခြားချက်မှာ တိုင်းတာ၍ပင် မရနိုင်ချေ။ ၎င်းကိုသာ ဆွဲထားနိုင်မည်ဆိုပါက သေချာပေါက် အဆင့်အတန်း၏ ပြယုဂ်တစ်ခု ဖြစ်လာပေလိမ့်မည်။

မဟာဧကရာဇ် ယွိချီလင်၏ မျက်လုံးများ တောက်ပသွား၏။

"ဒါဆိုရင် အဲဒီ ပုလဲမျိုးနွယ်စုရဲ့ အရှင်သခင်က အခုဘယ်မှာလဲ"

"သူက ရွှေပင်လယ်ထဲမှာပဲ ရှိနေသေးတာလား"

အစ်ကိုကြီးချန်သည် သူ၏ မျက်လုံးများအတွင်းရှိ အကြည့်ကို မြင်တွေ့လိုက်ရုံဖြင့် လောဘဇောတိုက်နေပြီး ပုလဲမျိုးနွယ်စုကို ထိန်းချုပ်ချင်နေကြောင်း သိလိုက်သည်။ သို့သော်လည်း ဤမျိုးနွယ်စုမှာ သူ ယခုလေးတင် လုပ်ကြံဖန်တီးထားခြင်းဖြစ်သဖြင့် ကမ္ဘာပေါ်တွင်လုံးဝရှိချေ။

"ဟူး... ဒါတွေအားလုံးက ငါ့အမှားတွေပါပဲ"

"အဲဒီတုန်းက ငါက ပုလဲမျိုးနွယ်စုရဲ့နယ်မြေကို ဖြတ်သွားခဲ့တာ... ဒါပေမဲ့ သူတို့က ငါ့အပေါ် မလေးမစား လုပ်ခဲ့ကြတယ်... ဒါနဲ့ ငါလည်းဒေါသထွက်ပြီး..."

မဟာဧကရာဇ် ယွိချီလင်က စိုးရိမ်တကြီးဖြင့် ဖြတ်မေးလိုက်၏။

"ဘာဖြစ်သွားလဲ"

အစ်ကိုကြီးချန်က နောင်တရသည့်အလား ခေါင်းခါယမ်းလိုက်ရင်း ပြောလိုက်သည်။

"ငါ သူတို့ကို မျိုးတုံးသတ်ပစ်လိုက်မိတယ်"

"ဒါက..."

"မင်း... မင်း ဘယ်လိုလုပ်ပြီး..."

မဟာဧကရာဇ် ယွိချီလင်သည် နောင်တတရားများဖြင့် ခြေဆောင့်လိုက်မိ၏။ ဤမျှ အဖိုးတန်လှသော ပုလဲထုတ်လုပ်နိုင်သည့် မျိုးနွယ်စုကို မင်းက မျိုးတုံးအောင် သတ်ပစ်လိုက်ရတယ်လို့လား။

"မင်းက တကယ်ကို ကြီးမားတဲ့ပြစ်မှုကို ကျူးလွန်ခဲ့တာပဲ"

သို့သော်လည်း ရွှေပင်လယ်မှာ မဟာဧကရာဇ် ရွှမ်းကွေ့၏ နယ်မြေဖြစ်သဖြင့် သူက ထပ်မပြောဝံ့ချေ။

"ဒီနေ့ ငါရောင်းချပေးခဲ့တဲ့ ပုလဲတွေက အဲဒီတုန်းက ပုလဲမျိုးနွယ်စု ချန်ထားခဲ့တဲ့ လက်ကျန်ပစ္စည်းတွေပဲ... အကုန်ရောင်းထွက်သွားပြီဆိုရင်တော့ ဘယ်တော့မှ ထပ်ရှိတော့မှာ မဟုတ်ဘူး"

"နားလည်လား... ဒါတွေက နောက်ဆုံး လက်ကျန်ပစ္စည်းတွေပဲ"

မူလက ဤအရာများကို ဂေါ်ဖီထုပ်များအလား တန်ဖိုးနည်းသည်ဟု ထင်မှတ်ထားခဲ့ကြသော ချီလင်များသည် သူတို့၏ လက်ထဲရှိ ဘတ်စကက်ဘောအရွယ်အစားနှင့် စားပွဲဝိုင်းအရွယ်အစား ပုလဲများမှာ ချက်ချင်းပင် အဖိုးတန်လှသောအရာများအဖြစ် ပြန်လည်ပြောင်းလဲသွား၏။ မဟာဧကရာဇ် ယွိချီလင်၏ အကြည့်မှာမူ တောင်ကြီးတစ်လုံးအလားဖြစ်နေသော နတ်ဘုရားအရှင်သခင်အဆင့် ပုလဲကြီးထံမှ လုံးဝမခွာတော့ချေ။ သူသည် အချိန်အတော်ကြာ စဉ်းစားတွေးတောပြီးနောက်တွင်မူ စိုးရိမ်ပူပန်မှုအချို့ဖြင့် တိုးတိုးလေး မေးမြန်းလိုက်တော့သည်။

"ဒီ နတ်ဘုရားအရှင်သခင်အဆင့်အတွက်... ငါက မိစ္ဆာမူလအနှစ်သာရ ငါးဘီလီယံ ပေးပါ့မယ်... မင်း ဘယ်လိုသဘောရလဲ"

All Chapters