← Chapters

အခန်း ၁၁၈

Vol. 12 Ch. 118

အခန်း ၁၁၈

Vol. 12 Ch. 118

အခန်း (၁၁၈) - နဂါးမျိုးနွယ်စုအတွင်း ရောက်ရှိသွားသော မရဏဘိုးဘေး (၁)

“ဒီလိုဆိုရင် တခြားလူတွေ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ သူတို့ကို ဖယ်ကြဉ်ထားလို့ ရတာပေါ့၊ အနာဂတ် အရင်းအမြစ်တွေအားလုံးက ကျွန်တော်တို့မဟာမိတ်အဖွဲ့ရဲ့အပိုင် ဖြစ်သွားမှာပဲ”

ထျန်းဟွမ်က တည်ပင်မိစ္ဆာတစ်ကောင် ဖြစ်သော်လည်း သူ၏ စိတ်ကမူ အလွန်ထက်မြက်လှသည်။ ဤသည်မှာ သူစုပ်ယူခဲ့သော စွမ်းအားအများစုက ဝိညာဉ်စွမ်းအားများ ဖြစ်နေခြင်းကြောင့် ဖြစ်နိုင်ပေသည်။

ဝိညာဉ်စွမ်းအားများကို စုပ်ယူလေလေ သူ၏ အသိစိတ်က ပိုမိုအားကောင်းလာလေလေဖြစ်ပြီး နားလည်နိုင်စွမ်းကလည်း တဖြည်းဖြည်း တိုးတက်လာခဲ့သည်။

ဤသည်က သူ၏ စွမ်းအားများ အလွန် လျင်မြန်စွာ တိုးတက်လာခဲ့ရခြင်း၏ အကြောင်းရင်းလည်းဖြစ်သည်။

အခြားသူများ၏ အဆင့်ကျော်ဖြတ်မှုက စွမ်းအားကိုသာ တိုးတက်စေသော်လည်း သူကမူ စွမ်းအားတိုးတက်လာရုံသာမက နားလည်နိုင်စွမ်းနှင့် ကျင့်ကြံခြင်းအတွေ့အကြုံများပါ တိုးတက်လာခဲ့သည်။

ဤသည်က သူ့ကို လွယ်လွယ်ကူကူ အဆင့်ကျော်ဖြတ်နိုင်စေပြီး တာအိုလမ်းစဉ်ကို ပိုမိုနားလည်သဘောပေါက်စေခဲ့သည်။ ဤသည်မှာ အခြား မည်သူမျှမပိုင်ဆိုင်ထားသော အားသာချက်တစ်ခုဖြစ်သည်။

ကျိုးရီကလည်း မကြာမီရောက်ရှိလာခဲ့သည်။ သူ့အပင်လေး အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည်ကို မြင်လိုက်ရချိန်တွင် မျက်လုံးထဲ၌ အပြုံးရိပ်တစ်ခု အလိုအလျောက် ပေါ်ထွက်လာသည်။

သူ၏အစီအစဉ်အားလုံး ပြီးပြည့်စုံသွားပြီဖြစ်သည်။ ယခုအခါ ထိုသူများထဲမှတစ်ဦးကို လောကဧကရာဇ်ရာထူးအတွက် မြှင့်တင်ပေးရန်သာ လိုအပ်တော့ပြီး ဤကမ္ဘာအတွက် သူ၏တာဝန်များ ပြီးဆုံးသွား‌တော့ပေမည်။

ထိုအချိန်ကျလျှင် ပိုမိုအစွမ်းထက်သော ကျင့်ကြံခြင်းနည်းလမ်းများကို ရှာဖွေရန် ကျယ်ပြောလှသော လောကကြီးဆီသို့ ထွက်ခွာသွားနိုင်ပြီဖြစ်သည်။

သူသည် နတ်ဘုရားဧကရာဇ်အဆင့်သို့ ကျော်ဖြတ်ပြီးပြီဖြစ်သော်လည်း စစ်မှန်သော ထိပ်သီးသိုင်းပညာရှင်တစ်ယောက်ဖြစ်ရာ ဤမျှနှင့် ရပ်တန့်မနေနိုင်ပေ။

အကယ်၍ ပိုမိုအစွမ်းထက်လာစေရန် မဖြစ်နိုင်တော့ဘူးဆိုပါကလည်း ဤအဆင့်က လုံလောက်သည်ဟု ဆိုနိုင်သည်။ သို့သော် ပိုမိုအစွမ်းထက်လာစေမည့် အခွင့်အရေးရှိနေမည်ဆိုပါက လုံး၀ လက်လွတ်ခံမည်မဟုတ်ချေ။

ဤသည်မှာ အစွမ်းထက်သိုင်းပညာရှင်တိုင်း၏ အကောင်းဆုံး ရှင်းလင်းချက်ပင်။

‘ငယ်ရွယ်နုနယ်မှုကို အကောင်းဆုံး အသုံးချလော့'

……….

……….

“မဆိုးဘူးပဲ”

ကျိုးရီက ခေါင်းညိတ်လိုက်ပြီး သူ့ရှေ့မှောက်ရှိ လူများကို ကြည့်ကာ ကျေနပ်အားရစွာ ပြုံးလိုက်သည်။

ဤလူအားလုံးက သူကိုယ်တိုင် အသေးစိတ် ပျိုးထောင်ပေးထားသော လက်အောက်ငယ်သားများ ဖြစ်ကြသည်မဟုတ်လော။

ဤမျှ အချိန်တိုလေးအတွင်း ထိပ်တန်း အစွမ်းထက်သိုင်းပညာရှင်များကို ပြုစုပျိုးထောင်ပေးနိုင်သူမှာ တစ်ကမ္ဘာလုံးကို လိုက်လံရှာဖွေကြည့်မည်ဆိုလျှင်ပင် သူမှလွဲ၍ အခြားသူ တစ်ယောက်မျှ ရှိမည်မဟုတ်ပေ။

သူ ထွက်ပေါ်လာသည်ကို မြင်သည်နှင့် ထိုသုံးဦးမှာ ချက်ချင်းပင် အရိုအသေပေးလိုက်ကြသည်။

“အရှင်သခင်ကျိုး”

“ဆရာ”

“ဒီလောက် အချိန်တိုလေးအတွင်းမှာ ဒီအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့တာ ကောင်းတယ်၊ အရမ်းကောင်းတယ်၊ အခု အရေအတွက်လည်း ပြည့်သွားပြီဆိုတော့ လောကဧကရာဇ်ပြိုင်ပွဲအတွက် ယှဉ်ပြိုင်ဖို့ စတင်ရမယ့်အချိန်ရောက်ပြီ”

ထိုစကားကို ကြားလိုက်ရချိန်တွင် လူတိုင်း၏ ရင်ထဲ၌ စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်လာကြသည်။ သို့သော် မကြာမီမှာပင် မိစ္ဆာဧကရာဇ်ရွှမ်ရဲက ဝင်ရောက်မေးမြန်းလိုက်သည်။

“ဆရာ၊ ကျွန်တော်တို့ရဲ့ လက်ရှိစွမ်းအားတွေက အတော်လေး ကောင်းမွန်နေပြီ ဆိုပေမဲ့ သာမန်လူတွေနဲ့ နှိုင်းယှဉ်ရင်သာ အဲဒီလို ဖြစ်နေတာပါ”

“တကယ့် ထိပ်တန်း အစွမ်းထက်သိုင်းပညာရှင်တွေနဲ့ ယှဉ်လိုက်ရင်တော့ ကျွန်တော်တို့က နယ်မြေနတ်ဘုရားအဆင့်ကို အခုမှ ရောက်ခါစလေးပဲ ရှိသေးတယ်လေ”

“တိုက်ခိုက်ရေး အတွေ့အကြုံပဲဖြစ်ဖြစ် တခြားရှုထောင့်ကနေပဲ ကြည့်ကြည့် ကျွန်တော်တို့က သူတို့ကို ယှဉ်နိုင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်သေးဘူး၊ ဒီတိုက်ပွဲကို ကျွန်တော်တို့ ဘယ်လိုလုပ် ဆင်နွှဲရမှာလဲ”

“တကယ်လို့ တိုက်ရမယ်ဆိုရင် ကျွန်တော်တို့ သုံးယောက်က တခြားလူတွေအတွက် အမြောက်စာတွေ၊ နင်းခုံတွေ ဖြစ်သွားပြီး ဒီအဆင့်ကို ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရတဲ့ အဓိပ္ပာယ်တွေ အားလုံး ပျောက်ဆုံးသွားမှာကို စိုးရိမ်မိတယ်”

ကျိုးရီက လက်ကာပြလိုက်သည်။

“မင်းတို့ရဲ့ စိုးရိမ်ပူပန်မှုတွေအတွက်ကတော့… စိတ်အေးအေးထားလို့ ရပါတယ်၊ မင်းတို့ကို ငါ ဒီကို ခေါ်လာကတည်းက သေတွင်းထဲ ပို့ဖို့မဟုတ်ဘူး၊ မင်းတို့ရဲ့ စွမ်းအားတွေကို တိုးတက်လာအောင် လုပ်ပေးမယ့် နည်းလမ်းတစ်ခုကို ငါ သေချာပေါက်ရှာပေးမယ်"

“မင်းတို့ထဲက တစ်ယောက်ယောက် ဒီရာထူးကို ရရှိသွားဖို့ ငါ သေချာပေါက်အာမခံနိုင်တယ်”

ကျိုးရီက ဤကမ္ဘာကြီးကို ဂရုမစိုက်တော့သော်လည်း သူရရှိထားသော အောင်ပွဲအသီးအပွင့်များအား အခြားသူများ လာရောက်လုယူသွားမည်ကို ခွင့်ပြုမည်ဟု မဆိုလိုပေ။

ဤအကျိုးကျေးဇူးများ အားလုံးက သူနှင့်သာ သက်ဆိုင်သည်။ သူက မယူရန် ရွေးချယ်နိုင်သော်လည်း အခြားသူများအနေဖြင့် အလွယ်တကူ လာရောက်သိမ်းပိုက်၍ မရနိုင်ချေ။

မည်သူ့ကို ပေးမည်၊ မည်သူ့ကို မပေးမည်ဆိုသည်မှာ သူ၏ ရွေးချယ်မှုသာ။

ဤကိစ္စတွင် ညှိနှိုင်းစရာ အကြောင်းမရှိပေ။

ထိုစကားကို ကြားပြီးနောက်တွင်မူ အားလုံးက သက်ပြင်းတစ်ချက် ချနိုင်သွားကြသည်။

မည်သည့်နည်းလမ်း အသုံးပြုမည်ကို မသိရသေးသော်လည်း ကျိုးရီကိုယ်တိုင်က ပြောလာနေပြီဖြစ်ရာ သေချာပေါက် အောင်မြင်ပေမည်။

သူ့စွမ်းအားကို မေးခွန်းထုတ်နေရန် မလိုအပ်တော့ချေ။

ဤအချက်ကို တွေးမိပြီးနောက် အားလုံးက ချက်ချင်းပင် ဖြေလိုက်ကြသည်။

“ဒါဆိုရင်လည်း အရာအားလုံးက ဆရာ့အမိန့်အတိုင်းပါပဲ”

ကျိုးရီက ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် လက်မြှောက်ကာ ဝိညာဉ်ခေါ်ယူခြင်းအလံတစ်ခုကို ထုတ်ယူလိုက်ပြီး ထျန်းဟွမ်ထံသို့ ကမ်းပေးလိုက်သည်။

“ထျန်းဟွမ်၊ ဒီမှော်ရတနာကို ငါကိုယ်တိုင် သန့်စင်ထားတာ၊ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ဒီမှော်ရတနာကို ငါ သိပ်မသုံးဖြစ်ခဲ့ပေမဲ့ အဲဒီအချိန်အတွင်းမှာ ဒီကမ္ဘာပေါ်မှာ သက်ရှိပေါင်းများစွာ သေဆုံးခဲ့ကြတယ်"

“အဲဒီဝိညာဉ်တွေအားလုံးကို ငါက ဒီအထဲမှာ သိမ်းဆည်းထားပြီး ဒီမှော်ရတနာကို ပိုပြီး အားကောင်းလာအောင် လုပ်ထားတယ်၊ ဒီမှော်ရတနာနဲ့ဆိုရင် မင်းရဲ့ စွမ်းအားတွေက ထပ်ပြီး သိသိသာသာ တိုးတက်လာမှာပဲ”

“ဝါရင့် နယ်မြေနတ်ဘုရား တချို့ကိုတောင် သေချာပေါက် အလွယ်တကူ အနိုင်ယူနိုင်လိမ့်မယ်”

ထိုမှော်ရတနာကို လက်ခံရရှိချိန်တွင် ထျန်းဟွမ်၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားသည်။ ဤမှော်ရတနာနှင့် သူ၏ လိုက်ဖက်ညီမှုက မယုံနိုင်လောက်အောက် မြင့်မားလွန်းနေကြောင်း သူ ရှင်းလင်းစွာ အာရုံခံသိရှိနေသည်။

ဤရတနာနှင့်ဆိုလျှင် သူ၏ စွမ်းအားက အဆပေါင်းများစွာ တစ်ဟုန်ထိုးတိုးတက်လာနိုင်သည်။

ယခုအခါ သူ မည်သူ့ကိုမျှ ကြောက်ရွံ့နေရန် မလိုအပ်တော့ချေ။ အလွန်အမင်း စိတ်လှုပ်ရှားသွားပြီး ကျိုးရီကို ချက်ချင်းပင် ဦးညွှတ်အရိုအသေပေးလိုက်သည်။

ဤလက်ဆောင်က တကယ်ကို တန်ဖိုးကြီးလွန်းလှသည်။ သူက ဤအဆင့်သို့ ရောက်ခါစသာ ရှိသေးသော်လည်း ဝါရင့်နယ်မြေနတ်ဘုရားများနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပြီဖြစ်ရာ ဤကမ္ဘာတစ်ခုလုံးရှိ ထိပ်တန်းအစွမ်းထက်ပညာရှင်များထဲတွင် အလွယ်တကူ ပါဝင်သွားပြီဖြစ်သည်။

ယခုမှစ၍ သူ မည်သူ့ကိုမျှ ကြောက်ရွံ့နေရန် မလိုအပ်တော့ပေ။ သေချာပေါက် ကျိုးရီကိုတော့ ဖယ်ထားရမည်ဖြစ်သည်။

“ဒီမှော်ရတနာကို ချီးမြှင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ”

ကျိုးရီက ခေါင်းညိတ်ပြလိုက်ပြီးနောက် ကျန်နေသော နှစ်ဦးကို လှမ်းကြည့်လိုက်သည်။ သူတို့နှစ်ဦးလုံးမှာလည်း ယခုအခါ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေကြသည်။

တည်ပင်မိစ္ဆာ ထျန်းဟွမ်က ဤမျှကောင်းမွန်သော ရတနာတစ်ခု ရရှိသွားသည်ကို မြင်လိုက်ရချိန်တွင် သူတို့အနေဖြင့် မည်သို့လုပ်၍ မနာလိုမဖြစ်ဘဲ နေနိုင်မည်နည်း။

ကျိုးရီက လီရွှန်ကျိုးကို ကြည့်လိုက်သည်။

“မင်ဧကရာဇ်ဓားကို မင်းကိုငါပေးမယ်၊ မင်ဧကရာဇ်ဓားက ငါ့အတွက် အသုံးမလိုတော့ဘူး”

“ဗျာ”

ထိုစကားကို ကြားလိုက်ရချိန်တွင် လီရွှန်ကျိုးမှာ အလွန်အမင်း စိတ်ပျက်သွားခဲ့သည်။ မင်ဧကရာဇ်ဓားက နတ်ဘုရားလက်နက်တစ်ခု ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိသော်လည်း နတ်ဘုရားလက်နက်တိုင်းက အကောင်းဆုံးဖြစ်သည်ဟု မဆိုလိုပေ။

အနည်းဆုံးတော့ နယ်မြေနတ်ဘုရားအဆင့် ပညာရှင်တစ်ဦး၏ စွမ်းအားများနှင့် နှိုင်းယှဉ်ပါက မင်ဧကရာဇ်ဓားမှာ လုံလောက်မှု မရှိတော့ချေ။

အကယ်၍ သူသာ ဤပစ္စည်းကို ယူလိုက်မည်ဆိုပါက တစ်ခုမှ မရလိုက်ခြင်းနှင့် အတူတူပင် ဖြစ်သွားမည်။ သူကိုယ်တိုင်ပင်လျှင် ဤကဲ့သို့သောလက်နက်မျိုး ဖန်တီးနိုင်စွမ်း ရှိနေပြီမဟုတ်လော။

ဤသည်က လုံးဝ အဓိပ္ပာယ် မရှိပေ။

ကျိုးရီက သူ့အတွေးများကို ဖောက်ထွင်းမြင်နေသည့်အလား ပြုံးကာ ခေါင်းယမ်းလိုက်သည်။

“မစိုးရိမ်ပါနဲ့၊ ဒီပစ္စည်း မင်းကို ငါပေးကတည်းက အသုံးမဝင်တဲ့ဟာမျိုးတော့ သေချာပေါက် ပေးမှာမဟုတ်ဘူး၊ မဟုတ်ရင် မင်းကို ပေးနေတာက ဘာအဓိပ္ပာယ်ရှိမှာလဲ”

“ဒီပစ္စည်းက ငါကိုယ်တိုင် အဆင့်မြှင့်တင်ထားပြီးပြီဖြစ်လို့ သူ့ရဲ့ မူလအခြေအနေထက် အများကြီးကျော်လွန်နေပြီ၊ ဒီပစ္စည်းကို စိတ်ချလက်ချယူထားလိုက်ပါ၊ ဝိညာဉ်ခေါ်ယူခြင်းအလံထက်တော့ လုံးဝ အားနည်းနေမှာမဟုတ်ဘူး”

ထိုစကားကို ကြားလိုက်ရမှသာ လီရွှန်ကျိုးက ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီး အတော်လေး စိတ်သက်သာရာရသွားသည်။

အကယ်၍ မူလနတ်ဘုရားလက်နက်အတိုင်းသာဆိုပါက သူ တကယ်ကို ဒုက္ခရောက်ပေလိမ့်မည်။

ယခု ဆရာဖြစ်သူ၏ စကားကို ကြားပြီးနောက်တွင်မူ မင်ဧကရာဇ်ဓားမှာ ယခုအခါ လုံးဝသာမန်မဟုတ်တော့ကြောင်း ခန့်မှန်းမိသွားသည်။

ထျန်းဟွမ်က ရယ်မောလိုက်၏။

“အစ်ကိုလီ၊ ကျွန်တော့်ရတနာက ဝိညာဉ်တွေကို များများစုပ်ယူနိုင်လေလေ ကျွန်တော့်ရဲ့ စွမ်းအားတွေကို ပိုပြီးတိုးတက်လာအောင် လုပ်ပေးနိုင်လေလေပဲ၊ ပြီးရင် ဒီရတနာကလည်း ပိုပိုပြီး အစွမ်းထက်လာမှာ”

“အခုလောလောဆယ် ခင်ဗျားရဲ့ရတနာက ကျွန်တော့်ရတနာနဲ့ ယာယီ ယှဉ်နိုင်တယ်ဆိုရင်တောင် အနာဂတ်ကျရင် လုံးဝ နှိုင်းယှဉ်လို့ရမှာ မဟုတ်ဘူး”

ကျိုးရီက ပြုံးကာ ခေါင်းယမ်းလိုက်ပြီး ပြောလိုက်သည်။

“ငါ ဖန်တီးထားတဲ့ ပစ္စည်းတွေကို မင်း အရမ်းရိုးရှင်းလွန်းတယ်လို့ ထင်နေတာပဲ၊ ဒီမင်ဧကရာဇ်ဓားကို တိုက်ပွဲအတွင်းမှာ ပြိုင်ဘက်ရဲ့ စွမ်းအားတွေကို စုပ်ယူနိုင်အောင် ငါ ပြုပြင်ထားတယ်၊ ပြီးတော့ အဲဒီစွမ်းအားတွေကို သခင်ဖြစ်သူ လိုအပ်တဲ့ စွမ်းအားတွေအဖြစ် ပြောင်းလဲပေးနိုင်တယ်”

“ဒါကြောင့် ပြိုင်ဘက်နဲ့ ဆက်တိုက်တိုက်ခိုက်နေသမျှ ကာလပတ်လုံး မင်းရဲ့ စွမ်းအားတွေက ဆက်တိုက်တိုးတက်လာလိမ့်မယ်၊ ပြီးတော့ ပြိုင်ဘက်ရဲ့ စွမ်းအားတွေကတော့ လျော့ကျသွားလိမ့်မယ်”

“ဟူး... ဒီလောက် အစွမ်းထက်လိမ့်မယ်လို့ တစ်ခါမှ မတွေးမိခဲ့ဘူး”

လီရွှန်ကျိုး ချက်ချင်းပင် စိတ်လှုပ်ရှား တက်ကြွလာတော့သည်။ မိစ္ဆာဧကရာဇ်ရွှမ်ရဲကမူ ကျိုးရီကို မျှော်လင့်တကြီး စိုက်ကြည့်နေသည်။

“ဆရာ၊ ကျွန်တော့်အတွက် မှော်ရတနာက ဘာများလဲ”

ကျိုးရီက သံအိုးငယ်လေး တစ်လုံးကို ထုတ်ယူလိုက်သည်။

“ဒီဟာကို သားရဲတစ်သောင်းသံအိုးလို့ ခေါ်တယ်၊ ဒီရတနာနဲ့ဆိုရင် ယင်ယန်သားရဲတွေကို ထိန်းချုပ်နိုင်လိမ့်မယ်၊ ယင်ယန်သားရဲတွေကို စုပ်ယူနိုင်လေလေ ဒီရတနာရဲ့ စွမ်းအားက ပိုကြီးမားလေလေပဲ"

All Chapters