← Chapters

အခန်း (၉၄၉-၉၅၁)

Vol. 64 Ch. 949-951

အခန်း (၉၄၉-၉၅၁)

Vol. 64 Ch. 949-951

အခန်း (၉၄၉) - ရုပ်ပျက်ဆင်းပျက် ဆန်းပြားသားရဲများ

နယ်မြေများ ပင်လယ်ကြီးက အဆုံးအစမရှိ ကျယ်ပြောလှ၏။ ထိုတာအိုလမ်းစဉ်ကြီးက မည်မျှအထိ ကြီးမားကျယ်ပြန့်သည်၊ ၎င်း၏အတွင်း၌ အဘယ်အရာများ အတိအကျရှိနေသည်ကိုမူ မည်သူမျှ မသိရှိနိုင်ပါချေ။ သို့သော်လည်း ချွင်းချက်မရှိဘဲ အချို့သော ပုဂ္ဂိုလ်များသည် သူတို့၏ ကိုယ်ပိုင်နည်းလမ်းများဖြင့် နယ်မြေများ ပင်လယ်ကို အမြဲမပြတ် စူးစမ်းလေ့လာနေကြသည်။

ဥပမာအားဖြင့် နင်ချီ၏ ပင်မကိုယ်ထည်ဖြစ်သော ကမ္ဘာ့အရှင်သခင်သည် ဓာတ်ကြီးငါးပါး နတ်ဘုရားစွမ်းအားမျှင်ကို အသုံးပြု၍ နယ်မြေများ ပင်လယ်အတွင်းမှ မူလနိယာမ စွမ်းအားများကို အဆက်မပြတ် ဆွဲယူပြီး အစစ်အမှန် သိုင်းကမ္ဘာကို လျင်မြန်စွာ ကြီးထွားလာစေရန် လုပ်ဆောင်နေခြင်းမျိုး ဖြစ်၏။ သို့မဟုတ် သူတော်စင်ဘိုးဘေးကဲ့သို့ပင် ဆင်ကို မြိုသော မြွေကြီး မှော်စွမ်းရည်ကို အားထုတ်နေခြင်းမျိုးလည်း ဖြစ်နိုင်ပါသည်။

သူသည်လည်း ထိုမြွေကြီးကို နယ်မြေများ ပင်လယ်အတွင်းသို့ စေလွှတ်ထားခဲ့ခြင်းမှာ သူ၏မှော်စွမ်းရည်ကို ပိုမိုအားကောင်းလာစေရန်အတွက်သာ ဖြစ်သည်။ နယ်မြေများ ပင်လယ်နှင့် ထိတွေ့နိုင်သူများသည် များသောအားဖြင့် ကမ္ဘာတစ်ခု၏ ဆန္ဒတော် သို့မဟုတ် ကမ္ဘာတစ်ခု၏ အထွတ်အထိပ် ပုဂ္ဂိုလ်များသာ ဖြစ်ကြကုန်၏။ တာအိုကမ္ဘာသည် အကန့်အသတ်ရှိသော်လည်း နယ်မြေများ ပင်လယ်ကြီးမှာမူ အဆုံးအစမရှိ ကျယ်ပြောလှကြောင်းကို ထိုသူများသာ သိရှိနိုင်ကြသည်။

ကမ္ဘာအားလုံးသည် နယ်မြေများ ပင်လယ်မှ ပေါက်ဖွားလာကြခြင်းဖြစ်ပြီး ၎င်းတို့မှာ ကမ္ဘာငယ်လေးများဖြစ်စေ၊ ဝိညာဉ်ကမ္ဘာများဖြစ်စေ သို့မဟုတ် ပိုမိုမြင့်မားသော အဆင့်မြင့်ကမ္ဘာများဖြစ်စေ အတူတူပင် ဖြစ်ကြသည်။ သို့သော်လည်း ထိုနယ်မြေများ ပင်လယ်ကြီး မည်သို့ စတင်ဖြစ်ပေါ်လာသည်ကိုမူ မည်သူမျှ မသိရှိကြပါချေ။

ယခုအခါ သူတော်စင်ဘိုးဘေး ကိုယ်ပွားသည် သူ၏ ကျန်ရှိနေသော စွမ်းအားများကို အသုံးချကာ သူနှင့် နယ်မြေများ ပင်လယ်အကြား၌ ဟင်းလင်းပြင်လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်လိုက်လေပြီ။ သူသည် မိမိကိုယ်ကို ငါးစာအဖြစ် အသုံးချပြီး နယ်မြေများ ပင်လယ်၏ မည်သည့်နေရာမှန်းမသိသော ဒေသများမှ ထူးဆန်းသော ဆန်းပြားသားရဲများကို ဆွဲဆောင်လိုက်ခြင်းပင် ဖြစ်၏။ နင်ချီသည် ထိုဆန်းပြားသားရဲများကို စိုက်ကြည့်နေမိရာ သူကိုယ်တိုင်ပင်လျှင် ဤကဲ့သို့သော အရာမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ပါချေ။

သူ၏ နယ်မြေများ ပင်လယ် စူးစမ်းမှုမှာ အစစ်အမှန် သိုင်းကမ္ဘာကို ဖြည့်တင်းရန်အတွက် စွမ်းအားများကို ဆွဲယူခြင်း၌သာ အကန့်အသတ် ရှိခဲ့သည်။ အတွင်း၌ ရှိနေသော သတ္တဝါများဆိုသည်မှာလည်း ယခင်က သူ ရင်ဆိုင်နှိမ်နင်းထားခဲ့သော ပျားမိစ္ဆာဘုရင်မ၊ လေညင်း၊ ပန်းတစ်ရာ၊ နဂါးနက်၊ ကျား၊ ကျားသစ်၊ ဝံပုလွေ၊ ခြင်္သေ့ နှင့် လင်းယုန် ကဲ့သို့သော ဆန်းပြားသားရဲများသာ ဖြစ်ကြကုန်၏။

ယခင်က ထိုသူများသည် ပေါင်းစည်းခြင်း အထွတ်အထိပ်အဆင့်ရှိသော နယ်မြေများ ပင်လယ်မှ မိစ္ဆာဘုရင်များသာ ဖြစ်ကြသော်လည်း နင်ချီက သူတို့ကို မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်စေခဲ့သဖြင့် ယခုအခါ ပေါင်းစည်းခြင်း နယ်ပယ်၏ မိစ္ဆာသခင်များ ဖြစ်လာခဲ့ကြချေပြီ။ သို့သော်လည်း ယခု သူတို့အရှေ့သို့ ရောက်ရှိလာသော ဆန်းပြားသားရဲများနှင့် ယှဉ်လိုက်ပါက ထိုမိစ္ဆာသခင်များသည် များစွာ ပို၍ပင် ပုံမှန်ဖြစ်နေကြသေးသည်ဟု ဆိုရပါမည်။

အရှေ့တွင် ရှိနေသော ဆန်းပြားသားရဲများမှာမူ မိစ္ဆာသားရဲအမျိုးမျိုး၊ လူသားများ နှင့် အခြားသော လူသားမဟုတ်သည့် တစ္ဆေများအားလုံး ရုပ်ပျက်ဆင်းပျက် လိမ်ယှက်ပေါင်းစည်းနေကြသည့်အလားပင်။ နင်ချီသည် သူနှိမ်နင်းထားသော မိစ္ဆာသခင်များထံသို့ အသံလှိုင်းလွှင့်၍ ထိုဆန်းပြားသားရဲများ၏ အခြေအနေကို မေးမြန်းလိုက်၏။ လူတိုင်းကို အံ့ဩသွားစေသည်မှာ ထိုမိစ္ဆာဘုရင်အများစုမှာ ခေါင်းခါယမ်းလိုက်ကြပြီး နယ်မြေများ ပင်လယ်အတွင်း၌ ထိုကဲ့သို့သော သတ္တဝါများကို တစ်ခါမျှ မမြင်ဖူးကြောင်း ပြောကြားခဲ့ကြသည်။

နောက်ဆုံးတွင် နဂါးနက်နှင့် ပျားမိစ္ဆာဘုရင်မတို့ (၂) ဦးသာ နင်ချီကို ပြန်လည်ဖြေကြားခဲ့ကြ၏။

“သခင်... ကျွန်မ အဲဒီမိစ္ဆာတွေကို ကိုယ်တိုင်မတွေ့ဖူးပေမဲ့ ကျွန်မရဲ့ ပျားအုပ်စုတွေကတော့ တစ်ခါတွေ့ဖူးပါတယ်...”

ပျားမိစ္ဆာဘုရင်မ ပန်းတစ်ရာက ပြောလိုက်ခြင်း ဖြစ်သည်။ နင်ချီက အလောတကြီး ထပ်မေးလိုက်၏။

“အဲဒီမိစ္ဆာတွေက အတိအကျ ဘာတွေလဲ..ခင်ဗျား ..သိသမျှ အကုန်ပြောပြပါ...”

“နယ်မြေများ ပင်လယ်ကြီးက အဆုံးအစမရှိ ကျယ်ပြောလှပြီး ကျွန်မတို့ မိစ္ဆာသားရဲတွေမှာလည်း ကိုယ်ပိုင်နယ်မြေတွေ ရှိကြပါတယ်... ဒါပေမဲ့ ကျွန်မတို့က ကိုယ့်နယ်မြေအပြင်ဘက်ကို ထွက်လေ့မရှိပါဘူး... အန္တရာယ်က အရမ်းကြီးလွန်းလို့ပါ... တကယ်လို့ မတော်တဆ ကိုယ့်ထက် အစွမ်းထက်တဲ့ သူရဲ့ နယ်မြေထဲကို ဝင်မိသွားရင် သေဖို့ပဲ ရှိတာလေ...”

“ဒါပေမဲ့ ကျွန်မတို့က နယ်မြေများ ပင်လယ်ရဲ့ အနက်ရှိုင်းဆုံးနေရာတွေကို ထွက်လေ့မရှိပါဘူး... အဲဒီအစား ဝိညာဉ်ကမ္ဘာရဲ့ နယ်နိမိတ်အပြင်ဘက်က ဘေးကင်းတဲ့ နေရာတွေမှာပဲ နေလေ့ရှိကြတယ်... ဒါကြောင့်လည်း ဝိညာဉ်ကမ္ဘာနှစ်ခု စစ်ဖြစ်တဲ့အချိန်မှာ ကျွန်မတို့က စစ်တလင်းထဲကို အမြန်ဆုံး ဝင်ရောက်လာနိုင်ခဲ့တာပါ...”

ပန်းတစ်ရာ၏ အသံမှာ ကြည်လင်ပြတ်သားနေပြီး သာယာသော ပျားသံလေးများကဲ့သို့ စည်းချက်ကျကျဖြင့် အသံလွှင့်၍ ဆက်ပြောသည်။

“ဒါကြောင့် ကျွန်မက ပတ်ဝန်းကျင်ဒေသတွေကို စူးစမ်းဖို့အတွက် ပျားအုပ်စုတွေကိုပဲ စေလွှတ်လေ့ရှိပါတယ်... နယ်မြေများ ပင်လယ်အတွင်းမှာ ကျွန်မတို့ သားရဲနယ်မြေတွေအပြင် မသိသေးတဲ့ နေရာတွေ အများကြီးရှိတယ်... အစောပိုင်းက ကျွန်မ လွှတ်လိုက်တဲ့ ပျားအုပ်စုတစ်စုက မသိသေးတဲ့ နေရာတစ်ခုထဲကို ရောက်သွားခဲ့တယ်... ကျွန်မ သူတို့ရဲ့ မြင်ကွင်းကနေတစ်ဆင့် ကြည့်လိုက်တော့ အဲဒီမှာ အဲ့ဒီလို မိစ္ဆာတစ်ကောင်နဲ့ တိုးခဲ့ပါတယ်... သူတို့က နယ်မြေများ ပင်လယ်အတွင်းက ထူးခြားတဲ့ နေရာတစ်ခုမှာ ပုန်းအောင်းနေပုံပါပဲ...”

နင်ချီက စိတ်ဝင်တစားဖြင့် ထပ်မေးလိုက်၏။

“ဪ... အဲဒါ ဘယ်လိုနေရာမျိုးလဲ...”

ပန်းတစ်ရာက မသေချာသကဲ့သို့ ပြန်ဖြေသည်။

“အဲဒီနေရာက အင်မတန် ထူးဆန်းပါတယ်... နယ်မြေများ ပင်လယ်အတွင်းက သူ့ရဲ့ အခြေအနေက ဝိညာဉ်ကမ္ဘာအတွင်းက ပင်လယ်မျက်စိလိုမျိုးပဲ... ဝဲဂယက်ပုံစံ လိမ်ယှက်နေတဲ့ ဟင်းလင်းပြင် တစ်ခုအဖြစ် တည်ရှိနေတာပါ...”

နင်ချီက ထပ်မံမေးမြန်းလိုက်၏။

“ဒါဆို အဲဒီမိစ္ဆာတွေအကြောင်း ခင်ဗျား.. တစ်ခုခု သိသေးလား...”

ပန်းတစ်ရာက ဆိုသည်။

“တောင်းပန်ပါတယ် သခင်... ကျွန်မ ပြောနိုင်တာကတော့ သူတို့က နယ်မြေများ ပင်လယ်မှာ မူလကတည်းက ရှိနေခဲ့တဲ့ သတ္တဝါတွေလို့ ထင်ရပါတယ်... ပင်လယ်ကြီးနဲ့အတူ မွေးဖွားလာပုံရသလို အဲဒီလိမ်ယှက်မှုတွေရဲ့ သက်ရောက်မှုကိုလည်း ခံထားရပုံရတယ်... အဲဒီလိမ်ယှက်မှုက ရုပ်ပိုင်းဆိုင်ရာတင်မကဘူး၊ စိတ်ပိုင်းဆိုင်ရာပါ ဖြစ်နေတာ... သူတို့ ပေါ်လာပြီဆိုရင် သတ်ဖြတ်ဖို့နဲ့ ဖျက်ဆီးဖို့သက်သက်အတွက်ပဲ မွေးဖွားလာကြတာပါ... ကျန်တဲ့ အချက်တွေကိုတော့ ဝိညာဉ်ကမ္ဘာရဲ့ အရှင်သခင်တွေနဲ့ ဘိုးဘေးကြီးတွေက ပိုပြီး သိနိုင်ပါလိမ့်မယ်...”

“ကောင်းပြီ...ကျွန်တော် နားလည်ပြီ... သတင်းပေးတဲ့အတွက် ကျေးဇူးပဲ...”

နင်ချီက ပြန်လည်ဖြေကြားလိုက်၏။

ထိုအခါ.. ပန်းတစ်ရာ၏ ဆွဲဆောင်မှုရှိသော မျက်နှာပေါ်တွင် ရှက်သွေးဖြန်းသွားကာ သူမ၏သခင်က သူမကို ကျေးဇူးတင်စကား ပြောလိုက်သဖြင့် အနည်းငယ် မျက်နှာပူသွားပုံရသည်။ သူမ၏ စိတ်ထဲတွင်မူ တစ်စုံတစ်ယောက်က အခြားသတ္တဝါတစ်ဦး၏ နှိမ်နင်းမှုကို ခံထားရပြီဆိုလျှင် ထိုသတ္တဝါ ခိုင်းစေသမျှကို လုပ်ဆောင်ရမည်ဖြစ်ပြီး ကျေးဇူးတင်စကား ပြောနေစရာပင် မလိုဟု ယူဆထားသောကြောင့် ဖြစ်၏။

ထင်ရှားသည်မှာ သူမသည် မိမိကိုယ်ကို မိစ္ဆာသား တစ်ကောင်ဟုသာ ရှုမြင်နေဆဲ ဖြစ်ပြီး လူသားတို့၏ ယဉ်ကျေးမှုကို နားမလည်သေးခြင်းပင်။

ထို့နောက်တွင်မူ နင်ချီ နှိမ်နင်းထားသော နဂါးနက်က စတင် ပြောကြားလေတော့သည်။

“သခင်... ကျွန်တော့်မှာလည်း အဲဒီမိစ္ဆာအကြောင်း သတင်းအချက်အလက် ရှိပါတယ်...”

သူက အသိအမှတ်ပြုခံလိုသော လေသံဖြင့် ပြောလိုက်လေ၏။

“မြန်မြန် ပြောစမ်း...”

နဂါးနက်မှာ ချက်ချင်းပင် ဝမ်းနည်းသလို အမူအရာ ပြလိုက်သော်လည်း ဆက်ပြောရန်မှတစ်ပါး အခြားမရှိပါချေ။

“ကျွန်တော်တို့ နဂါးနက်မျိုးနွယ်စုရဲ့ မှတ်ဉာဏ်တွေအရဆိုရင် အဲဒီမိစ္ဆာတွေက ဝေးကွာလှတဲ့ ကမ္ဘာဦးကာလက ထွက်ပေါ်လာတဲ့ အရာတွေလို့ သိရပါတယ်... အဲဒီအချိန်က ကောင်းကင်နဲ့ မြေကြီး ပျက်စီးသွားပြီး နယ်မြေများ ပင်လယ် မွေးဖွားလာချိန်မှာ ကမ္ဘာကြီးက အသွင်ပြောင်းလဲသွားခဲ့တာပါ...”

“ပြီးတော့ ဘာဖြစ်သေးလဲ...”

“အဲဒါပါပဲ...”

နင်ချီမှာ ပြောစရာစကားပင် ပျောက်ရှသွားတော့၏။

“သွား... ငါ့မျက်စိရှေ့က ထွက်သွားတော့...”

နဂါးနက်က မလှမ်းမကမ်းတွင်ရှိနေသော ပန်းတစ်ရာ၏ မျက်နှာအမူအရာကို ကြည့်ပြီး အလွန်အမင်း စိတ်တိုသွားရသည်။

‘ငါတို့နှစ်ဦးစလုံး.. မိစ္ဆာသားရဲတွေ ဖြစ်ကြပါရက်နဲ့ ငါတို့သခင်ဆီက ဘာလို့ ဒီလောက်အထိ ကွဲပြားတဲ့ ဆက်ဆံမှုကို ရနေကြရသလဲ။ ငါ့ရဲ့ အသားအရောင်က မည်းနေလို့လား’

‘တကယ်လို့ သခင်ကသာ ပန်းတစ်ရာကို တကယ်နှစ်သက်နေတာဆိုရင် ငါလည်း အသွင်ပြောင်းလိုက်လို့ ရတာပဲလေ’

အခန်း (၉၅၀) - ရုပ်ပျက်ဆင်းပျက် ဆန်းပြားသားရဲများ

နင်ချီကတော့ နဂါးနက် ဘာတွေးနေသည်ကို ဂရုမစိုက်အားပါချေ။ သူသည် ကောင်းကင်ယံမှ တဟုန်ထိုး ကျဆင်းလာသော ထိုရုပ်ပျက်ဆင်းပျက် သတ္တဝါများကိုသာ စိုက်ကြည့်နေမိသည်။

နင်ချီက ကျောက်ယွီကျွင်းနှင့် ကုန်းထျန်းတောက်တို့ကိုလည်း တစ်ချက်ကြည့်လိုက်၏။

သူတို့နှင့် တိုက်ခိုက်နေသော ကျယ်ပြန့်သော ကမ္ဘာမှ အင်မော်တယ်ဂိုဏ်းချုပ်သည် သူတော်စင်ဘိုးဘေး ကိုယ်ပွား ပျောက်ကွယ်သွားပြီး ထိုမိစ္ဆာများကို ဆင့်ခေါ်လိုက်သည်ကို မြင်သောအခါ သူ၏မျက်နှာတွင် ကြောက်ရွံ့မှုမရှိဘဲ အနည်းငယ် ဝမ်းမြောက်နေသော အမူအရာကိုသာ မြင်တွေ့လိုက်ရသည်။

ထို့အပြင် ထိုရုပ်ပျက်ဆင်းပျက် မိစ္ဆာကောင်များကို ပြန်လည်စိုက်ကြည့်လိုက်သောအခါ သူတို့၏ မျက်လုံးများသည် ကျယ်ပြန့်သော ကမ္ဘာဘက်သို့ လုံးဝလှည့်မကြည့်ဘဲ တောင်နှင့်ပင်လယ် ကမ္ဘာမှ ကျင့်ကြံသူများကိုသာ သည်းကြီးမည်းကြီး ရှာဖွေနေကြသည်ကို သတိထားမိလိုက်၏။

'ဟင်... ကြည့်ရတာ ဒီမိစ္ဆာတွေက ကမ္ဘာနှစ်ခုကို ခွဲခြားသိမြင်နိုင်တာလား... ကျင့်ကြံသူတွေကို တိုက်ခိုက်လို့ မရတာလား...'

နင်ချီမှာ ဇေဝဇဝါ ဖြစ်သွားရသလို တစ်ဆက်တည်းမှာပင် တွေးတောမိလိုက်၏။ 'သူတော်စင်ဘိုးဘေးက ငါထင်ထားတာထက်တောင် ပိုပြီး အစွမ်းထက်နေတာပဲ... သူက ရှာဖွေဖို့ ခဲယဉ်းတဲ့ ဒီလိုမိစ္ဆာကောင်တွေကိုတောင်မှ လေ့လာထားသေးတယ်... သူက သူတို့ကို စိတ်ကြိုက်ထိန်းချုပ်နိုင်ရုံတင်မကဘဲ ရန်သူကို ခွဲခြားသိမြင်အောင်ပါ လုပ်နိုင်သေးတာပဲ...'

ဤအတွေးများမှာ နင်ချီ၏ ဦးနှောက်အတွင်း လျှပ်တစ်ပြက်အတွင်း ဖြတ်ပြေးသွားပြီးနောက် သူက ကျောက်ယွီကျွင်းကို ထပ်မံကြည့်လိုက်၏။

“ဂိုဏ်းချုပ် ကျောက်... ခင်ဗျားတို့ (၂) ယောက်ထဲက တစ်ယောက်လောက် ဒီမိစ္ဆာတွေကို ကိုင်တွယ်ဖို့ ကျွန်တော့်ကို ကူညီပေးပါဦးလား...”

သူက တစ်ယောက်တည်းကိုသာ အကူအညီတောင်းလိုက်ခြင်း ဖြစ်သော်လည်း ကျောက်ယွီကျွင်းကိုသာ တိုက်ရိုက်ပြောဆိုလိုက်ခြင်းမှာ ကုန်းထျန်းတောက်နှင့် ပူးပေါင်းလုပ်ဆောင်ရန် ဆန္ဒမရှိကြောင်း ထင်ရှားလှသည်။

ထိုသူ (၂) ဦးလုံးကလည်း နင်ချီ၏ ဆိုလိုရင်းကို ကောင်းစွာ နားလည်ကြသော်လည်း ကုန်းထျန်းတောက်ကမူ တစ်ချက် နှာခေါင်းရှုံ့လိုက်ပြီး ဘာမျှ ပြန်မပြောပါချေ။

သူသည် ကျန်းယင်းချူးနှင့် ဆက်လက်တိုက်ခိုက်နေပြီး ဟင်းလင်းပြင်ကြီးမှာ အကြိမ်ကြိမ် ပေါက်ကွဲနေသည်။ စစ်ပွဲအတွင်း၌ အချိန်အတော်ကြာအောင် ရှိနေခဲ့ပြီ ဖြစ်သဖြင့် ကျောက်ယွီကျွင်းမှာလည်း ယခင်ကကဲ့သို့ တည်ငြိမ်အေးဆေးသူ မဟုတ်တော့ပါချေ။ ယခုအခါ သူမ၏ ကိုယ်ပေါ်တွင် ရက်စက်ကြမ်းကြုတ်သော ကျားသစ်မ တစ်ကောင်ကဲ့သို့ လူသတ်လိုသော အငွေ့အသက်များ ဖုံးလွှမ်းနေလေပြီ။

သူမက အခြေအနေကို နားလည်လိုက်ပြီး ချက်ချင်းပင် ဆိုလိုက်၏။

“မိတ်ဆွေ နင်... ကျွန်မ.. ရှင့်ကို ကူညီပါ့မယ်...”

နင်ချီသည် မည်သူမျှ မရင်ဆိုင်လိုသော သူတော်စင်ဘိုးဘေး ကိုယ်ပွားကို တစ်ဦးတည်းနှင့် ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။ ဘိုးဘေးကြီးက သူ၏စွမ်းအားများကို အသုံးချကာ ဤမိစ္ဆာကောင်များကို ဆင့်ခေါ်လိုက်ခြင်း ဖြစ်သော်လည်း နင်ချီမှာမူ ယခုထက်ထိ ကြံ့ကြံ့ခံနိုင်ရုံတင်မကဘဲ ဘိုးဘေးကြီးကိုပါ စစ်မြေပြင်မှ နှင်ထုတ်နိုင်ခဲ့ပြီး မိမိကိုယ်တိုင်လည်း မည်သည့်ဒဏ်ရာမျှ မရရှိခဲ့ပါချေ။

ကျောက်ယွီကျွင်းအနေနှင့် ဤသတ္တိနှင့် စွမ်းဆောင်ချက်အပေါ် အလွန်အမင်း အထင်ကြီးလေးစားမိသည်မှာ အမှန်ပင် ဖြစ်၏။

ထင်ရှားသည်မှာ ကျောက်ယွီကျွင်းသည် သူတော်စင်ဘိုးဘေး ကိုယ်ပွားကို တိုက်ခိုက်ရသည်ထက် ဤမိစ္ဆာကောင်များကို တိုက်ခိုက်ရသည်ကို ပို၍ နှစ်သက်သည်။

ကျောက်ယွီကျွင်းသည် နင်ချီ၏ ဘေးသို့ ချက်ချင်း ပျံဝဲလာပြီး ကောင်းကင်ယံမှ ဆင်းသက်လာသော ထိုမိစ္ဆာကောင်များကို အတူတကွ ရင်ဆိုင်ရန် ပြင်ဆင်လိုက်ကြ၏။

ယောကျ်ားတစ်ဦးနှင့် မိန်းမတစ်ဦးသည် ဟင်းလင်းပြင်အတွင်း၌ မာန်ပါပါဖြင့် ရပ်နေကြပြီး သူတို့၏ အရှိန်အဝါများမှာ အတိုင်းအဆမရှိ မြင့်တက်လာသည်။ ၎င်းမှာ တောင်နှင့်ပင်လယ် ကမ္ဘာမှ ကျင့်ကြံသူများကို ကာကွယ်ပေးရန်နှင့် ထိုမိစ္ဆာကောင်များ၏ ရန်မှ ကယ်တင်ရန်အတွက် ဖြစ်သည်။

သို့သော်လည်း ထိုမိစ္ဆာကောင်များသည် အသိဉာဏ် အလွန်နည်းပါးပုံရသည်။ သူတို့၏ သွေးရောင်လွှမ်းနေသော ရက်စက်သည့် မျက်လုံးများသည် သူတို့နှင့် အနီးဆုံးတွင်ရှိနေသော နင်ချီနှင့် ကျောက်ယွီကျွင်းတို့ကို အာရုံခံမိသွားပြီး သူတို့ (၂) ဦးထံသို့ ချက်ချင်းပင် တဟုန်ထိုး ပြေးဝင်လာကြလေတော့သည်။

အရှေ့ဆုံးမှ ပြေးဝင်လာသော မိစ္ဆာ (၃) ကောင်အနက် တစ်ကောင်၏ ကိုယ်ထည်မှာ ကျိုင်းကောင်နှင့် တူသော်လည်း နောက်ပိုင်းတွင် မြင်းမွေးသန်ကောင်ကဲ့သို့သော ကပ်ပါးသတ္တဝါလို တွဲလောင်းကျနေပြီး ဦးခေါင်းမှာမူ ကင်းခြေများဦးခေါင်းနှင့် တူနေ၏။

အခြားတစ်ကောင်မှာမူ တစ်ဝက်မှာ လူသားဖြစ်ပြီး ကျန်တစ်ဝက်မှာ ပုစွန်နဂါးဖြစ်သည်။ လူသားမျက်နှာမှာ ရူးသွပ်စွာဖြင့် ရယ်နေပြီး ပုစွန်နဂါးကိုယ်ထည်မှာမူ သူ၏ လက်သည်းများကို အဆက်မပြတ် ဝှေ့ယမ်းနေသည်။ နောက်ဆုံးတစ်ကောင်မှာမူ သူ၏ အမြီးပိုင်းတွင် ဆံပင်ရှည်သည့် အမျိုးသမီးတစ်ဦး၏ ဦးခေါင်းရှိနေ၏။ မီးခိုးရောင်ဆံပင်များက ထိုအမျိုးသမီး၏ မျက်နှာကို လုံးဝဖုံးအုပ်ထားသော်လည်း သူမ၏ ပါးစပ်အတွင်းမှမူ ထူးဆန်းသော အသံများ ထွက်ပေါ်နေသည်။

၎င်း၏ ကိုယ်ထည်မှာ မြွေဟောက်တစ်ကောင်နှင့် တူသော်လည်း ဦးခေါင်းမှာမူ အနည်းငယ် ပုပ်ဆွေးနေသော လူဦးခေါင်းခွံကြီး ဖြစ်နေသည်။ ဦးခေါင်းခွံ၏ မျက်လုံးများအတွင်း၌ သွေးရောင်မီးလုံး (၂) လုံး တောက်လောင်နေပြီး သွားများကိုလည်း အဆက်မပြတ် ကြိတ်နေသည်။

“ဂျီး... ဂျီး... ဂျီး...”

ထို (၃) ကောင်သည် အရှေ့သို့ တဟုန်ထိုး ပြေးဝင်လာကြပြီး သူတို့ ထုတ်လွှတ်လိုက်သော တိုက်ခိုက်မှုတိုင်းမှာ အလွန်ပင် ရှုပ်ထွေးနောက်ကျိနေ၏။ သူတို့၏ စွမ်းအားအတွင်း၌ နိယာမစွမ်းအားများ၊ နယ်မြေများ ပင်လယ်၏ စွမ်းအားများ နှင့် သူတို့၏ ကိုယ်ပေါ်တွင် ပေါင်းစည်းထားသော မတူညီသည့် ကိုယ်ထည်များမှ ထွက်ပေါ်လာသော ထူးခြားသည့် စွမ်းအားများ ပါဝင်နေသည်။ ထိုအရာများမှာ နင်ချီနှင့် ကျောက်ယွီကျွင်းတို့ပင်လျှင် ရှင်းပြရန် ခက်ခဲသော ထူးဆန်းသည့် ခံစားချက်မျိုးကို ပေးစွမ်းနေ၏။

ကျောက်ယွီကျွင်း၏ လက်ထဲရှိ အရိုးဖြူဓားမှာ ရုတ်ချည်း ကြီးမားလာပြီး ကောင်းကင်ယံကြီးမှာ ပင်လယ်ပြင်ကြီးအဖြစ် ပြောင်းလဲသွားသည့်အလားပင်။ အရိုးဖြူဓားကို ဆွဲထုတ်လိုက်သည်နှင့်အတူ ၎င်းသည် ဧရာမ ဝေလငါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ယံရှိ မိစ္ဆာအားလုံးထံသို့ တဟုန်ထိုး ပြေးဝင်သွားလေတော့သည်။

ခဏချင်းအတွင်းမှာပင် သူမ၏ တိုက်ခိုက်မှုမှာ ထိရောက်သွားပုံရပြီး အရှေ့ဆုံးမှ မိစ္ဆာ (၃) ကောင်မှာ ဝေလငါးဓားနှင့် တိုက်ရိုက် ထိမှန်သွား၏။

သို့သော်လည်း ထူးဆန်းသည်မှာ ထိုမိစ္ဆာများ ထိမှန်သွားသည့် ခဏချင်းမှာပင် အချင်းချင်း လိမ်ယှက်နေသော သူတို့၏ ကိုယ်ထည်များမှာ ရုတ်တရက် ကွဲထွက်သွားကြပြီး ကျောက်ယွီကျွင်း၏ ဝေလငါးမှော်ဓားပေါ်သို့ အလွန်တရာ တိကျစွာဖြင့် တွယ်ကပ်လိုက်ကြခြင်းပင် ဖြစ်၏။

ဤမြင်ကွင်းကြောင့် ကျောက်ယွီကျွင်း၏ ပြာလဲ့သော မျက်လုံးများမှာ မှေးကျဉ်းသွားရသည်။ သူမသည် အလွန်လျင်မြန်စွာပင် တုံ့ပြန်လိုက်ရာ သူမ၏ ညာလက်ကို ခါယမ်းလိုက်ပြီး မှော်ဓားကို အလွန်မြင့်မားသော အကြိမ်နှုန်းဖြင့် တုန်ခါစေလိုက်သဖြင့် ဝေလငါးတစ်ကောင် ဟိန်းဟောက်သံကဲ့သို့ အသံများ ထွက်ပေါ်လာသည်။

တာအိုနိယာမတစ်ခုသည် ၎င်းအပေါ်၌ အဆက်မပြတ် တိုက်စားနေသည်။ ရေ၏ တာအိုနိယာမမှာ ဧရာမလှိုင်းလုံးကြီးများအလား ဖြစ်ပေါ်လာပြီး မကောင်းဆိုးဝါးအားလုံးကို တိုက်ထုတ်ပစ်ရန် ကြိုးစားလိုက်၏။

၎င်းကို မြင်သောအခါ နင်ချီလည်း မျက်မှောင်ကြုတ်လိုက်မိသည်။

သူသည်လည်း ဤကဲ့သို့သော ထူးဆန်းသည့် ဖြစ်တည်မှုမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ပါချေ။

ကျောက်ယွီကျွင်းမှာ တကယ်တော့ လမင်းပင်လယ် အင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ဦး ဖြစ်သလို တောင်နှင့်ပင်လယ် ကမ္ဘာ၏ ထိပ်သီး ကျင့်ကြံသူတစ်ဦးလည်း ဖြစ်သည်။ နင်ချီက သူမ၏ ခွန်အား အဆင့်အတန်းကို အသိအမှတ် ပြုထားသော်လည်း ယခုအခါတွင်မူ ထိုထူးဆန်းသော မိစ္ဆာကောင်များ၏ အရှေ့တွင် သူမမှာ ဘာမှ မတတ်နိုင်သကဲ့သို့ ဖြစ်နေရ၏။

နင်ချီက ရုတ်တရက် လက် မြှောက်လိုက်ပြီး ပါးစပ်ရှေ့တွင် လက်ဝါးအုပ်ကာ မိစ္ဆာများဆီသို့ တာအိုချီ တစ်လုတ်ကို မှုတ်ထုတ်လိုက်၏။

တာအိုချီ တစ်လုတ်အတွင်း၌ မီး၊ မိုးကြိုး နှင့် ရန် စွမ်းအား နိယာမများ ပေါင်းစပ် ပါဝင်နေပြီး မကောင်းဆိုးဝါးများနှင့် မိစ္ဆာများကို နှိမ်နင်းရန်အတွက် သီးသန့် ဖန်တီးထားခြင်း ဖြစ်သည်။ ထိုစွမ်းအားများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကောင်းကင်ယံသို့ တဟုန်းဟုန်း တောက်လောင်နေသော မီးလျှံများအဖြစ် ပြောင်းလဲသွားတော့၏။

“ရှဲ...ရှဲ...”

ထိုသို့ နိယာမများ ရောနှောနေသော တာအိုမီးလျှံ၏ စွမ်းအားက အံ့မခန်းလှသည်။ နင်ချီနှင့် ကျောက်ယွီကျွင်းတို့မှာ တစ်စုံတစ်ခုကို ကင်နေသကဲ့သို့ တရှဲရှဲ မြည်နေသော အသံများကို အဆက်မပြတ် ကြားနေရလေပြီ။

ကျောက်ယွီကျွင်းက ဧရာမ ဝေလငါးအရိုး မှော်ဓားကို ပြန်လည် သိမ်းဆည်းလိုက်ပြီး တစ်ချက် ကြည့်လိုက်၏။

ခဏတာမျှသော အချိန်အတွင်းမှာပင် ထိုမှော်ဓားမှာ မိစ္ဆာပိုးမွှားတစ်ခု၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရသည့်အလားပင်။ မိစ္ဆာကောင် (၃) ကောင် ကပ်တွယ်သွားခဲ့သော နေရာများတွင် စက်ဆုပ်ဖွယ်ကောင်းသော သွေးသား အဖုအကြိတ်များက တရွရွ လှုပ်ရှားနေကြသည်ကို တွေ့လိုက်ရသည်။

အခန်း (၉၅၁) - ရုပ်ပျက်ဆင်းပျက် ဆန်းပြားသားရဲများ

ကျောက်ယွီကျွင်းက ထိုမှော်ဓားကို ရွံရှာစက်ဆုပ်စွာ ကြည့်လိုက်မိ၏။

အကယ်၍ ဤမှော်ဓားက သူမ အမြဲတမ်း အသုံးပြုနေသော လက်နက်သာ မဟုတ်ပါက ယခုပင် လွှင့်ပစ်လိုက်မိမည်မှာ သေချာသည်။

“မိတ်ဆွေ နင်ချီ... ကျွန်မကို တာအိုမီးလေး ခဏလောက် ငှားပါဦး...”

နင်ချီက တာအိုမီးလျှံ တစ်စွန်းတစ်စကို ခွဲထုတ်ပေးလိုက်ရာ သူမ၏ မှော်ဓားကို လွှမ်းခြုံသွားပြီး ကိုယ်ပေါ်တွင် ကပ်ငြိနေသော သွေးသား အဖုအကြိတ်များကို လောင်ကျွမ်း သုတ်သင်ပစ်လိုက်၏။

ထို့နောက် သူတို့နှစ်ဦးစလုံး ကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြပြန်၏။

ကောင်းကင်တစ်ခုလုံးတွင် မီးလျှံများက တဟုန်းဟုန်း တောက်လောင်နေပြီး မိုးကုတ်စက်ဝန်း တစ်ခုလုံးကို ထူးခြားသော နီရဲသည့် အရောင်များဖြင့် ဆိုးမြန်းထားသည့်အလားပင်။

အကယ်၍ ထိုနေရာတွင် ရုပ်ပျက်ဆင်းပျက် မိစ္ဆာကောင်များ ပျံဝဲနေခြင်းသာ မရှိပါက ဤမြင်ကွင်းမှာ အမှန်တကယ်ပင် လှပသော ရှုခင်းတစ်ခု ဖြစ်ပေလိမ့်မည်။

နောက်တစ်စက္ကန့်တွင် သူတို့ကို အံ့အားသင့်သွားစေသည်မှာ မီးလောင်ကျွမ်းခြင်း ခံနေရသော မိစ္ဆာကောင်များသည် ရှောင်တိမ်းရန် သို့မဟုတ် နာကျင်၍ အော်ဟစ်ရန် လုံးဝ မကြိုးစားကြခြင်းပင် ဖြစ်၏။ သူတို့၏ ကိုယ်ပေါ်တွင် မီးများ လောင်ကျွမ်းနေပြီး မည်းတူးနေပြီ ဖြစ်သော်လည်း သူတို့နှစ်ဦးထံသို့ တဟုန်ထိုး ကျဆင်းလာကာ ဆက်လက် တိုက်ခိုက်နေကြဆဲ ဖြစ်သည်။

“ဝူး... ဟားဟား... သတ်... ဂီး... ဂီး...”

သူတို့၏ နောက်ကွယ်မှ ရူးသွပ်ဖွယ်ရာ အသံမျိုးစုံကလည်း ကပ်ပါလာကြ၏။ ထိုအသံများအားလုံး ပေါင်းစည်းသွားပြီး နင်ချီနှင့် ကျောက်ယွီကျွင်းတို့အပေါ် တပြိုင်နက်တည်း ရိုက်ခတ်လိုက်ရာ လူသားတို့၏ စိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်နိုင်သော စွမ်းအားမျိုး ပါဝင်နေသည်။

သူတို့နှစ်ဦးစလုံး အနည်းငယ် တုန်လှုပ်သွားကြ၏။

နင်ချီမှာမူ စက္ကန့်ပိုင်းအတွင်းမှာပင် ပြန်လည် တည်ငြိမ်သွားသော်လည်း သူ၏ဘေးမှ ကျောက်ယွီကျွင်းမှာမူ နောက်ထပ် စက္ကန့်အနည်းငယ် ကြာမှသာ ပြန်လည် သတိဝင်လာခဲ့သည်။

“ဒါက ဘာတွေလဲ... ဘာလို့ ဒီလောက်တောင် သတ်ရခက်နေတာလဲ...”

နင်ချီက သူ၏ ဧရာမ ဓားမှော်စွမ်းရည်ကို နောက်တစ်ကြိမ် ထုတ်ဖော်လိုက်ပြန်သည်။ မရေမတွက်နိုင်သော ဓားစက်ဝန်းများက သူနှင့် ကျောက်ယွီကျွင်း၏ အရှေ့တွင် ထူထပ်စွာ ဖုံးလွှမ်းသွားပြီး တိုက်စစ်ကွန်ရက် တစ်ခုအဖြစ်ရော၊ အနားသို့ ကပ်မလာနိုင်စေရန် ကာကွယ်ရေး တံတိုင်းတစ်ခုအဖြစ်ပါ အသုံးချလိုက်၏။

သောင်းချီသော မှော်စွမ်းရည်များက တပြိုင်နက်တည်း ဓားချီများအဖြစ် ပြောင်းလဲသွားပြီး မိစ္ဆာအားလုံးကို ပိုင်းဖြတ် ချေမှုန်းလိုက်လေတော့သည်။

နင်ချီသည် သူ၏ အားအကောင်းဆုံးသော တိုက်စစ်ဓားသိုင်းကို ထုတ်ဖော်လိုက်ရာ မရေမတွက်နိုင်သော ဓားများက သူ၏အရှေ့ရှိ ဟင်းလင်းပြင်ကို ဆုတ်ဖြဲပစ်လိုက်ပြီး ဟင်းလင်းပြင် အက်ကွဲကြောင်းများနှင့်အတူ တစ်စစီ ဖြစ်သွားစေ၏။

နောက်ဆုံးတွင် ထိုမိစ္ဆာကောင်များသည် နင်ချီ၏ ဓားချီအောက်တွင် အသားစများအဖြစ် ကြွေမွသွားပြီးနောက် မှုန့်မှုန့်ညက်ညက် ဖြစ်သွားကြလေတော့သည်။

သူတို့နှစ်ဦးစလုံး သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွ ချလိုက်ကြ၏။

ကျောက်ယွီကျွင်းက သူမ၏ ဓားကို ဓားအိမ်ထဲ ပြန်သွင်းလိုက်ပြီး နားရွက်နောက်က ဝဲကျနေသော ဆံပင်စလေးကို သပ်တင်လိုက်ရင်း ရင်ထဲကလာသော စကားဖြင့် ချီးကျူးလိုက်၏။

“ကောင်းကင်ဘုံ ကပ်ဘေး (၃၆) ကြိမ်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ ကျင့်ကြံသူ မိတ်ဆွေ နင်ချီ ဆိုတာ တကယ့်ကို ထူးခြားတာပဲ... အမှန်တကယ်ပဲ လေးစားမိပါတယ်...”

ကြည့်ရသည်မှာ သူမသည် နင်ချီ၏ ကောင်းကင်ဘုံ ကပ်ဘေး (၃၆) ကြိမ်ကို ကျော်ဖြတ်ခဲ့သော အတွေ့အကြုံအပေါ် အမှတ်တရ ဖြစ်နေဆဲပင်။

အမျိုးသမီးတစ်ဦးက တစ်စုံတစ်ဦး၏ ကောင်းကွက်ကို အမြဲတစေ မှတ်မိနေခြင်းသည် အခက်အခဲများ၏ အစပဟေဠိ တစ်ခုပင် ဖြစ်ချေ၏။

နင်ချီက ခေါင်းခါယမ်းလိုက်ပြီး ပြောလိုက်၏။

“ဂိုဏ်းချုပ် ကျောက်... ကျွန်တော့်ကို မြှောက်ပင့်နေဖို့ မလိုပါဘူး... အခုကိစ္စက မပြီးသေးဘူး...”

“ဟင်...” ကျောက်ယွီကျွင်း အံ့အားသင့်သွားရသည်။

သူတို့နှစ်ဦးစလုံး ဟင်းလင်းပြင် နယ်ပယ်ကို ပြန်လည် ကြည့်လိုက်ကြ၏။

ပျက်စီးသွားသော ဟင်းလင်းပြင် အပိုင်းအစများသည် ကမ္ဘာနှစ်ခု၏ ဆန္ဒတော်များ ပူးပေါင်းလုပ်ဆောင်မှုကြောင့် လျင်မြန်စွာ ပြန်လည် ပြုပြင်ခံနေရသည်။

သို့သော်လည်း ဟင်းလင်းပြင်ကြီး မူလအတိုင်း ပြန်လည် ဖြစ်တည်လာသည်နှင့်အတူ တာအိုမိစ္ဆာကောင် ရာနှင့်ချီသော အကြွင်းအကျန်များက ပြန်လည် ပေါ်ပေါက်လာခဲ့ချေပြီ။

ယခုတစ်ကြိမ်တွင်မူ အရေအတွက်မှာ ရာနှင့်ချီ၍ မရှိတော့ဘဲ (၁၀) ကောင်သာ ရှိတော့၏။

တစ်နည်းအားဖြင့် ဆိုရသော် မူလက ရာနှင့်ချီသော ရုပ်ပျက်ဆင်းပျက် မိစ္ဆာကောင်များသည် ယခုအခါ ဧရာမ မိစ္ဆာကောင်ကြီး (၁၀) ကောင်အဖြစ်သို့ ပေါင်းစည်းသွားခြင်းပင်။

သူတို့ ပြန်လည် ပေါ်ပေါက်လာချိန်တွင် မိစ္ဆာတစ်ကောင်စီ၏ အရှိန်အဝါမှာ ယခင်ကထက် အဆ (၂၀) မက ပိုမို အားကောင်းနေပြီ ဖြစ်ချေ၏။

၎င်းကို ကြည့်နေကြသော ကျင့်ကြံသူအားလုံးမှာ ထိတ်လန့်သွားကြပြီး သူတို့၏ ရင်ထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ယှက်သန်းလာကြတော့သည်။

၎င်းမှာ သူတို့ အမှန်တကယ် ကြောက်ရွံ့နေခြင်းမျိုး မဟုတ်ဘဲ ထိုပေါင်းစည်းသွားသော မိစ္ဆာကောင် (၁၀) ကောင်ထံမှ ထွက်ပေါ်နေသော အရှိန်အဝါကြောင့် သွယ်ဝိုက်သောနည်းဖြင့် ဖြစ်ပေါ်လာလေ၏။

ထိုမိစ္ဆာများသည် ဤကမ္ဘာတွင် တည်ရှိနေသရွေ့ သက်ရှိအားလုံးအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေမည့်အလားပင်။

ထိုအသစ်စက်စက် မိစ္ဆာကောင်ကြီး (၁၀) ကောင်သည် ကမ္ဘာ၏ အဆိုးညစ်ဆုံး၊ အစူးရှဆုံး နှင့် အင်အားအကြီးဆုံးသော ဝိညာဉ်စွမ်းအားများ ပါဝင်နေသည့် ဟိန်းဟောက်သံကြီးကို တပြိုင်နက်တည်း ထုတ်လွှတ်လိုက်ကြသည်။

နင်ချီက အောက်ဘက်သို့ ငုံ့ကြည့်လိုက်ရာ ကျောက်ယွီကျွင်းက အောက်ဘက်တွင် တိုက်ပွဲဝင်နေသော ကျင့်ကြံသူများဆီသို့ တဟုန်ထိုး ပြေးဝင်သွားသည်ကို တွေ့လိုက်ရ၏။

ကြီးကျယ်သော အသံသည် တိတ်ဆိတ်နေ၏။ ကြီးကျယ်သော ပုံသဏ္ဍာန်သည် ပုံသဏ္ဍာန်မဲ့နေ၏။ [t.n: ဒါဟာ တရုတ်စကားပုံတစ်ခုဖြစ်ပြီး အလွန်နက်နဲတဲ့ နိယာမစွမ်းအား ဒါမှမဟုတ် နားလည်ရခက်တဲ့ တည်ရှိမှုတွေကို ဖော်ပြရာမှာ သုံးပါတယ်။]

ထိုနေရာတွင် အသံများ ရှိနေသော်လည်း နင်ချီက သူတို့၏ စူးရှသော အော်ဟစ်သံများမှတစ်ဆင့် ၎င်းကို သတိပြုမိလိုက်ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ အသံများအတွင်း၌ သာမန် ကျင့်ကြံသူများ မကြားနိုင်သော မိစ္ဆာအသံများ ပါဝင်နေသောကြောင့်ပင်။

ဘေးနားတွင် ရပ်နေသော ကျောက်ယွီကျွင်းသည်လည်း သူမ၏ နားကြားအာရုံကို ပိတ်ဆို့ရန်အတွက် နိယာမစွမ်းအားများကို အသက်သွင်းလိုက်၏။ ကမ္ဘာကြီးမှာ ခဏတာ တိတ်ဆိတ်သွားသလို ဖြစ်သွားသော်လည်း နောက်တစ်စက္ကန့်တွင်မူ သူမမှာ ထိုလုပ်ရပ်က လုံးဝ အကျိုးသက်ရောက်မှု မရှိသည်ကို တွေ့ရှိလိုက်ရသဖြင့် ထိတ်လန့်သွားရသည်။

တစ်ချိန်တည်းမှာပင် အောက်ဘက်တွင် တိုက်ပွဲဝင်နေသော ကုန်းထျန်းတောက် သို့မဟုတ် တောင်နှင့်ပင်လယ် ကမ္ဘာမှ ကျင့်ကြံသူအားလုံးသည်... ထိုအသံကြောင့် မှင်သက်မိသွားကြလေပြီ။

ဆန့်ကျင်ဘက်အားဖြင့် ကျယ်ပြန့်သော ကမ္ဘာမှ ကျင့်ကြံသူများမှာမူ ထိုမိစ္ဆာကြီး (၁၀) ကောင် မဟိန်းဟောက်မီ ကတည်းကပင် မန္တန်တစ်ခုကို တပြိုင်နက်တည်း ရွတ်ဆိုထားခဲ့ကြသည့်အလား ထိုဆိုးရွားလှသော ရိုက်ခတ်မှုကို ကြံ့ကြံ့ခံနိုင်ခဲ့ကြသည်။

All Chapters