← Chapters

အခန်း (၉၆၄-၉၆၆)

Vol. 65 Ch. 964-966

အခန်း (၉၆၄-၉၆၆)

Vol. 65 Ch. 964-966

အခန်း (၉၆၄) - ပင်လယ်အောက်ခြေမှ ထွက်ပေါ်လာသော လမင်း

ပင်လယ်ဘိုးဘေးကြီး ၏ ကိုယ်ပွား သည်လည်း ထို အစွမ်းထက်လှသော စာပေမှတ်တမ်း ကို ဖတ်ရှုနေစဉ်... သူမ က ရုတ်တရက် လက်ဖျစ် တစ်ချက် တီးလိုက်၏။

မျက်စိတစ်မှိတ် အတွင်းမှာပင်... မက်မွန်ဥယျာဉ် ဟင်းလင်းပြင် တစ်ခုလုံး တွင် လှိုင်းဂယက် များ ရုန်းကြွသွားပြီး၊ အားလုံး က သူတော်စင် ဘိုးဘေးကြီး ၏ ကိုယ်ပွား ရှိရာ နေရာဆီသို့ တဟုန်ထိုး စုရုံး သွားကြတော့သည်။

"ဝေါ... ဝေါ..."

တစ်ချိန်တည်းမှာပင်... ‌တဝေါဝေါ မြည်သံ များ ဆက်တိုက် ထွက်ပေါ်လာပြီး၊ ၎င်းမှာ ရေစီးသံ လား .. ဟင်းလင်းပြင် တုန်ခါသံ လား ဆိုသည်ကိုတော့ အတိအကျ ခွဲခြား၍ မရနိုင်ခဲ့ချေ။

မျက်တောင်တစ်ခတ်စာ အချိန်လေး အတွင်းမှာပင်... အဆုံးအစ မရှိသော လှိုင်းဂယက် များက သူတော်စင် ဘိုးဘေးကြီး ၏ ကိုယ်ပွား ရှိရာ နေရာကို အပြည့်အဝ လွှမ်းခြုံသွားတော့၏။

သူတော်စင် ဘိုးဘေးကြီး ၏ ကိုယ်ပွား မှ ဖန်တီးထားသော ခမ်းနား ကြီးကျယ်လှသည့် စာပေမှတ်တမ်း မှာ အလင်းတန်း များကို အဆက်မပြတ် ထုတ်လွှတ်နေပြီး... စာလုံး တစ်လုံးစီတိုင်း က ကခုန် လှုပ်ရှားနေကာ၊ ဟင်းလင်းပြင် အတွင်းရှိ လှိုင်းဂယက် များကို ချောမွေ့အောင် ပြုလုပ် ပေးနေ၏။ ထို တချွင်ချွင် မြည်သံ များမှာ တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်သွားသည့်အလား ရှိနေတော့သည်။

"သမုဒ္ဒရာ ရဲ့ စွမ်းအား နဲ့ ဟင်းလင်းပြင် ရဲ့ စွမ်းအား ကို ပေါင်းစပ်လိုက်တာဟာ နေရာတိုင်းကို ထိုးဖောက် ဝင်ရောက်နိုင်စွမ်း ရှိတယ်။ ရှင့်ရဲ့ လက်ရေးလှ စာပေ နဲ့ ပန်းချီ ကာကွယ်ရေး အကာအကွယ် ကြီးက ဘယ်လောက်ပဲ အစွမ်းထက် နေပါစေ... ကျွန်မ ရဲ့ ထိုးဖောက် ဝင်ရောက်မှု ကို ဘယ်လိုလုပ်ပြီး တားဆီးနိုင်မှာလဲ"

ပင်လယ်ဘိုးဘေးကြီး ၏ ကိုယ်ပွား က ခပ်တိုးတိုး လှောင်ရယ်လိုက်ပြီးနောက်... မက်မွန်ဥယျာဉ် ဟင်းလင်းပြင် အတွင်းရှိ သူမ၏ ပုံရိပ် မှာ ဝေဝါးသွားကာ၊ ကျယ်ပြောလှသော သမုဒ္ဒရာ ကြီး နှင့် တစ်သားတည်း ပေါင်းစပ် ဝင်ရောက်သွားသည့်အလား ထင်မှတ်ရ၏။

သူတော်စင် ဘိုးဘေးကြီး ၏ ကိုယ်ပွား ကြောင့် ချောမွေ့သွားခဲ့သော ဟင်းလင်းပြင် လှိုင်းဂယက် များမှာ... နောက်တစ်ကြိမ် ပြန်လည် ထူထပ် သိပ်သည်း လာပြန်သည်။

ထို နေရာ တစ်ဝိုက်လုံး မှာ ဆီပူအိုး ထဲသို့ ကျဆင်းသွားသော အသားလုံး တစ်လုံး အလား... အဆက်မပြတ် နိမ့်ချည် မြင့်ချည် ဖြစ်နေပြီး၊ နေရာအနှံ့ ဖြာထွက်နေတော့သည်။

ဟင်းလင်းပြင် လှိုင်းဂယက် အချို့ သည် သူတော်စင် ဘိုးဘေးကြီး ၏ ကာကွယ်ရေး စွမ်းအား များကို ဖောက်ထွင်းပြီး၊ အတွင်းဘက်သို့ ဝင်ရောက်သွားသည်ကို နင်ချီ ရှင်းလင်းစွာ မြင်တွေ့လိုက်ရ၏။

၎င်းတို့ သည် ရေများ၊ လှိုင်းတံပိုး များ နှင့် မျက်စိဖြင့် မမြင်နိုင်သော ဟင်းလင်းပြင် စွမ်းအား များနှင့် ဆင်တူနေသည်။ ၎င်းတို့ အနက်မှ အချို့မှာ သမုဒ္ဒရာ အတွင်းရှိ အမျိုးမျိုးသော သက်ရှိ သတ္တဝါ များ၏ ပုံရိပ်ယောင် များ အဖြစ်သို့ စုစည်းသွားကြပြီး... အားလုံး က အတွင်းဘက်ရှိ သူတော်စင် ဘိုးဘေးကြီး ၏ ကိုယ်ပွား ဆီသို့ တဟုန်ထိုး ပြေးဝင်သွားကြတော့၏။

သူတော်စင် ဘိုးဘေးကြီး ၏ ကိုယ်ပွား ၏ မျက်နှာထား မှာ တည်ကြည် လေးနက်သွားပြီး... သူ၏ အရှေ့တွင် ဧရာမ မှော် စုတ်တံ ကြီး တစ်ချောင်း ကို ဖွဲ့စည်းရန် အတွက် စည်းမျဉ်း ၏ အလိုဆန္ဒ များကို အမှန်တကယ်ပင် အသုံးပြုလိုက်တော့သည်။

သူ သည် ထို စုတ်တံ ကြီးကို ဆုပ်ကိုင်လိုက်ပြီး... သူ့အား ဝင်ရောက် တိုက်ခိုက်လာသော အမျိုးမျိုးသော စွမ်းအား များကို ရိုက်ထုတ်လိုက်၏။

"ရွှစ်... ရွှစ်... ရွှစ်..."

သူတော်စင် ဘိုးဘေးကြီး ၏ ကိုယ်ပွား သည် ပင်လယ်ဘိုးဘေးကြီး ၏ စွမ်းအား ကို မှင်ရည် အဖြစ် အသုံးပြုကာ... သူ၏ ရေးသားမှု ကို ပိုမို အားကောင်းလာစေရန် ပြုလုပ်လိုက်ခြင်းမှာ၊ အလွန်တရာ သိမ်မွေ့ နက်နဲပြီး ပြိုင်ဘက်ကင်းလှသော အလှတရား တစ်ခုကို ပိုင်ဆိုင်ထားလေသည်။

"ကျယ်ပြန့်သော ကမ္ဘာ ရဲ့ ဘိုးဘေးကြီးဆိုတဲ့ နာမည် နဲ့ တကယ့်ကို လိုက်ဖက်ပါပေတယ်..."

ပင်လယ်ဘိုးဘေးကြီး ၏ ကိုယ်ပွား ၏ အသံ မှာ မည်သည့် နေရာမှန်း မသိဘဲ ထွက်ပေါ်လာပြီး... တိုက်ပွဲ ၏ မြင်ကွင်း မှာ နောက်တစ်ကြိမ် ထပ်မံ ပြောင်းလဲသွားပြန်သည်။

သူတော်စင် ဘိုးဘေးကြီး ၏ ကိုယ်ပွား ၏ ပတ်လည်တွင် အဆက်မပြတ် ရစ်ဝဲနေသော ဟင်းလင်းပြင် လှိုင်းဂယက် များ ရုတ်တရက် ရပ်တန့်သွားပြီး... သူတော်စင် ဘိုးဘေးကြီး ကို အရှင်လတ်လတ် မြေမြှုပ် သင်္ဂြိုဟ် ပစ်မည့် ကျယ်ပြောလှသော သမုဒ္ဒရာ ကြီး တစ်ခု အဖြစ်သို့ လုံးလုံးလျားလျား အသွင်ပြောင်းသွားသည်ကို နင်ချီ မြင်တွေ့လိုက်ရ၏။

နောက်တစ်စက္ကန့် တွင်မူ... သူတော်စင် ဘိုးဘေးကြီး ၏ ကိုယ်ပွား သည် သူ၏ ကာကွယ်ရေး အကာအကွယ် ကြီး နှင့်အတူ၊ ပင်လယ် အောက်ခြေ သို့ တိုက်ရိုက် နစ်မြုပ်သွားတော့သည်။

သူတော်စင် ဘိုးဘေးကြီး ၏ ကိုယ်ပွား သည် ရုန်းထွက် လွတ်မြောက်ရန် ကြိုးစားခဲ့သော်ငြားလည်း... ပင်လယ် အတွင်းရှိ ကြမ်းတမ်း ပြင်းထန်လှသော ရေစီးကြောင်း များက သူ၏ စွမ်းအား များကို အဆက်မပြတ် ဖြိုခွဲ ပစ်နေသဖြင့်၊ သူ့အား လွတ်မြောက်ခွင့် မပေးခဲ့ချေ။

ထို့အပြင်... ၎င်း အတွင်း၌ ညှို့ယူ ဖမ်းစား နိုင်စွမ်း ရှိသော စုပ်ယူမှု စွမ်းအား တစ်ခု လည်း ပါဝင်နေပြီး၊ သူ့အား ပို၍ ပို၍ နက်ရှိုင်းသော နေရာသို့ အဆက်မပြတ် ဆွဲငင် နေတော့သည်။

ဤ အခိုက်အတန့် တွင်... သူတော်စင် ဘိုးဘေးကြီး ၏ ကိုယ်ပွား သည် သူ၏ စုတ်တံ ဖြင့် ရေများကို ဖယ်ရှားရန် မည်မျှပင် အစွမ်းကုန် ကြိုးစားပါစေ... လုံးဝ မလုပ်ဆောင် နိုင်တော့ချေ။

ပင်လယ်ဘိုးဘေးကြီး ၏ ကိုယ်ပွား နှင့် မတိုက်ခိုက်မီ က... သူမ နှင့် တိုက်ခိုက်သည့် အချိန် ပိုကြာလာလေလေ၊ သူ့အတွက် ပို၍ ဆိုးရွားသော အခြေအနေ သို့ ရောက်ရှိသွားလေလေ ဖြစ်မည်ဟု သူတော်စင် ဘိုးဘေးကြီး.. စိုးစဉ်းမျှပင် စိတ်ကူးမယဉ်ခဲ့ဖူးချေ။

ပင်လယ်ဘိုးဘေးကြီး သည် မိမိ၏ အားသာချက် များကို အဆက်မပြတ် ချဲ့ထွင်နိုင်စွမ်း ရှိပြီး... သူ၏ စွမ်းအား များကိုလည်း အဆက်မပြတ် ဖြိုခွဲ နိုင်စွမ်း ရှိနေသည်။

မက်မွန်ဥယျာဉ် ဟင်းလင်းပြင် ကြီး တစ်ခုလုံး မှာ ပင်လယ်ဘိုးဘေးကြီး ၏ လက်ချက် ကြောင့် ကျယ်ပြောလှသော သမုဒ္ဒရာ ကြီး တစ်ခု အဖြစ်သို့ လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့လေပြီ။

ရန်သူ ၏ နယ်မြေ ကို မိမိ၏ ကိုယ်ပိုင် နယ်ပယ် အဖြစ်သို့ အသွင်ပြောင်းပစ်နိုင်သော ပင်လယ်ဘိုးဘေးကြီး ၏ ကိုယ်ပွား ၏ စွမ်းအား က... နင်ချီ အား တွေးတော စရာ အများအပြား ကို ပေးစွမ်းလိုက်၏။ နင်ချီ သည် အခြေအနေ များကို ဆက်လက်၍ မျက်ခြေမပြတ်

စောင့်ကြည့် နေလိုက်သည်။

ကျယ်ပြောလှသော သမုဒ္ဒရာ ကြီး ၏ အောက်ခြေ တွင် မြင်တွေ့နေရသည် မှာ... မှောင်မိုက်မှု နှင့် နက်ရှိုင်းမှု သက်သက်သာ။

ထိုအထဲတွင် သူတော်စင် ဘိုးဘေးကြီး ၏ ကိုယ်ပွား ကို မြင်တွေ့နေရဆဲ ဖြစ်၏။ အကြောင်းမူကား သူ၏ စာလုံးတစ်ရာ မှော်စွမ်းရည် မှာ တောက်ပစွာ လင်းလက်နေဆဲ ဖြစ်ပြီး... ပင်လယ် ၏ ကျူးကျော် ဝင်ရောက်မှု ကို ခုခံ ကာကွယ် နေသောကြောင့်ပင်။ ဝေဝါးနေသော မြင်ကွင်း များ အကြားတွင်... အခြားသော မှုန်ဝါးဝါး အလင်း နှင့် အရိပ် တစ်ခု က ပင်လယ် အောက်ခြေ မှနေ၍ ထွက်ပေါ်လာသည့်အလား ရှိနေသည်။

အခန်း (၉၆၅) - ပင်လယ်အောက်ခြေမှ ထွက်ပေါ်လာသော လမင်း

သူတော်စင် ဘိုးဘေးကြီး ၏ ကိုယ်ပွား သည် ၎င်းကို ချက်ချင်း အာရုံခံမိလိုက်ပြီး... ပင်လယ် အောက်ခြေ တွင် ပေါ်ထွက်လာသော မှုန်ဝါးဝါး အလင်း နှင့် အရိပ် ရှိရာ အရပ်ဆီသို့ ချက်ချင်း လှမ်းကြည့်လိုက်၏။

သူ က မျက်လုံး များကို အနည်းငယ် ကျဉ်းမြောင်းလိုက်သည်။

သူ၏ စွမ်းအား မျိုး နှင့်ပင်... သူ သေချာ ပြတ်သားစွာ မမြင်နိုင်ခဲ့ချေ။ သို့သော်ငြား... ထို အလင်း နှင့် အရိပ် မှာ သူ၏ ရောင်ပြန်ဟပ်မှု... သို့တည်းမဟုတ် လုံးဝ ကွဲပြား ခြားနားသော အခြား အရာ တစ်ခုခု ဖြစ်နေဟန် တူ၏။

‘ဒီ အမျိုးသမီး က တကယ်ပဲ အပြင်ပန်း မြင်ရသလို ရိုးရှင်းတဲ့ သူ မဟုတ်ဘူးပဲ။ ငါ ..သူ့ရဲ့ စွမ်းအားတွေ လွှမ်းမိုးတာကို ခံလိုက်ရတာ သေချာတယ်။ ဒါဆိုရင်... ဒါက ပုံရိပ်ယောင် ရဲ့ စွမ်းအား များ ဖြစ်နေမလား...’

သူတော်စင် ဘိုးဘေးကြီး တွေးလိုက်မိသည်။

နင်ချီ သည် ကောင်းကင်ယံ အမြင့် တွင် ရှိနေစဉ်... သူ၏ အမှန်တရား ကို ဖော်ထုတ်နိုင်သော ရွှေရောင် မျက်လုံး များကို အသက်သွင်းလိုက်၏။

ပထမ အကြိမ် ကြည့်လိုက်ရာတွင်... နင်ချီ လည်း သူတော်စင် ဘိုးဘေးကြီး ၏ ကိုယ်ပွား ကဲ့သို့ပင်၊ ပင်လယ် အောက်ခြေ တွင် ဘာတွေ ရှိနေသနည်း ဆိုသည်ကို သေချာ ပြတ်သားစွာ မခွဲခြားနိုင်ခဲ့ချေ။

သို့သော် နောက်တစ်စက္ကန့် တွင်မူ... နင်ချီ သည် သူ၏ ခန္ဓာကိုယ် အတွင်းရှိ စွမ်းအား လေးမျိုး ဖြစ်ကြသော... တောင်နှင့် ပင်လယ် စွမ်းအား၊ ကျယ်ပြန့်သော ကမ္ဘာ စွမ်းအား၊ နယ်မြေများ ပင်လယ် ၏ စွမ်းအား နှင့် အစစ်အမှန်သိုင်းကမ္ဘာ စွမ်းအား များကို တိတ်ဆိတ်စွာ အသုံးပြုလိုက်ပြီး... ၎င်းတို့ကို သူ၏ အမှန်တရား မျက်လုံး များ အတွင်းသို့ ထိုးသွင်းလိုက်တော့သည်။

နောက်ဆုံးတွင်တော့... အတွင်းဘက် ၌ ဘာတွေ ရှိနေသနည်း ဆိုသည်ကို သူ မြင်တွေ့ခွင့် ရလိုက်လေပြီ။

၎င်းမှာ တောက်ပ လင်းလက် နေပြီး... အလွန်တရာ သန့်စင်လှသော ဓမ္မ ပုံရိပ်ယောင် ကြီး တစ်ခု ဖြစ်ကာ၊ လမင်းကြီး တစ်စင်း အလား ပါပင်။

‘ပင်လယ်ထဲကနေ ထွက်ပေါ်လာတဲ့ လမင်းကြီး လား...’

ယုတ္တိဗေဒ အရ တွေးကြည့်မည် ဆိုလျှင်တော့... "ပင်လယ်ပြင် အထက် ကနေ လမင်းကြီး ထွက်ပေါ်လာတယ်" လို့ ပြောရမှာ မဟုတ်ဘူးလား။

နင်ချီ မှာ အနည်းငယ် အံ့အားသင့်သွားပြီး... ၎င်းမှာ မည်သို့သော နတ်ဘုရား မှော်စွမ်းရည် မျိုး ဖြစ်နေမည်နည်း ဟု မတွေးတောဘဲ မနေနိုင်အောင် ဖြစ်သွားရတော့သည်။

‘လမင်း ပင်လယ်... လမင်း ပင်လယ်... ပင်လယ်ဘိုးဘေးကြီး က သူ.. တည်ထောင်ခဲ့တဲ့ ဂိုဏ်း ကို လမင်းပင်လယ် အင်မော်တယ်ဂိုဏ်း လို့ နာမည်ပေးခဲ့တာ အံ့ဩစရာ မရှိပါဘူးလေ။ လ ဆိုတဲ့ စကားလုံး က တင်စား သုံးနှုန်းထားတာ သက်သက် မဟုတ်ဘူးပဲ...’

ယခင်က နင်ချီ သည် ပင်လယ်ဘိုးဘေးကြီး ၏ လက်အောက်ခံ ကျင့်ကြံသူ များစွာ နှင့် ထိတွေ့ ဆက်ဆံခဲ့ဖူးပြီး... လမင်းပင်လယ် အင်မော်တယ်ဂိုဏ်း ၏ ဂိုဏ်းချုပ် ကျောက်ယွီကျွင်း ထံတွင်ပင်... ဤ အရာနှင့် ပတ်သက်သော နတ်ဘုရား မှော်စွမ်းရည် များကို နင်ချီ လုံးဝ မတွေ့မြင်ခဲ့ရဖူးချေ။

ကြည့်ရသည်မှာ ဤ နတ်ဘုရား မှော်စွမ်းရည် သည် ပင်လယ်ဘိုးဘေးကြီး ၏ ဖုံးကွယ်ထားသော လျှို့ဝှက် စွမ်းအား တစ်ခု ဖြစ်ဟန် တူပြီး... ၎င်းကို အခြား မည်သူ့ကိုမျှ လက်ဆင့်ကမ်း သင်ကြားပေးခဲ့ပုံ မရပေ။

နင်ချီ ၏ အကြည့်များ အောက်တွင်... လမင်းကြီး၏ ပတ်လည်ရှိ ရေပြင် တွင် လှိုင်းဂယက် များ ထလာပြီး၊ လမင်းကြီး ပေါ်ရှိ လရောင် မှာလည်း မှုန်ဝါးဝါး အရောင်အသွေး ဖြင့် တလက်လက် တောက်ပနေတော့၏။ ဤ နတ်ဘုရား မှော်စွမ်းရည် ၏ အနှစ်သာရ အစစ်အမှန် ကို အမှန်တကယ် နားလည် သဘောပေါက်နိုင်သူ မှာ အလွန်တရာ ရှားပါး လိမ့်မည် ဟု နင်ချီ အသေအချာ ယုံကြည်လိုက်သည်။

လမင်းကြီး က ရုတ်တရက် လှုပ်ရှားသွားပြီး... သူတော်စင် ဘိုးဘေးကြီး ၏ ကိုယ်ပွား ရှိရာ နေရာဆီသို့ တည့်မတ်စွာ ပျံသန်းသွားတော့၏။ ချက်ချင်း ဆိုသလိုပင်... ထို လမင်းကြီး မှာ မှော် မှန်ကူကွက် ကြီး တစ်ခု အလား ဖြစ်နေပြီး၊ သူတော်စင် ဘိုးဘေးကြီး ၏ ကိုယ်ပွား ၏ လက်ရှိ အခြေအနေ ကို ရောင်ပြန်ဟပ် ပြသနေသည်ကို နင်ချီ မြင်တွေ့လိုက်ရသည်။

တောက်ပသော လရောင် က သူတော်စင် ဘိုးဘေးကြီး ၏ ကိုယ်ပွား ၏ မြင်ကွင်း ကို ပြီးပြည့်စုံစွာ ပုံတူ ကူးယူလိုက်ခြင်း ပါပင်။

“ဝှစ်…”

ထို ပုံရိပ်ယောင် သည် သူတော်စင် ဘိုးဘေးကြီး ၏ ကိုယ်ပွား ၏ လက်ရှိ အခြေအနေ ကို ရောင်ပြန်ဟပ် ပြသပြီးနောက်... ၎င်းသည် ပန်းချီကားချပ် တစ်ချပ် အဖြစ်သို့ အလိုအလျောက် ခွဲထွက်သွားတော့သည်။

ထို ပန်းချီကား လိပ် ကြီးမှာ ပင်လယ် အောက်ခြေ တွင် လွင့်မျောနေပြီး... သူတော်စင် ဘိုးဘေးကြီး ၏ ကိုယ်ပွား ၏ ကာကွယ်ရေး အကာအကွယ် အတွင်းသို့ လုံးဝ ပျောက်ကွယ် ဝင်ရောက်သွားတော့၏။

‘ဘာတွေ ဖြစ်ကုန်တာလဲ...’

နင်ချီ မှာ အကြီးအကျယ် ဇဝေဇဝါ ဖြစ်သွားရ၏။

အခန်း (၉၆၆) - ပင်လယ်အောက်ခြေမှ ထွက်ပေါ်လာသော လမင်း

ချက်ချင်း ဆိုသလိုပင်... ထို မြင်ကွင်း အတွင်း၌ သူတော်စင် ဘိုးဘေးကြီး ၏ ကိုယ်ပွား နှစ်ခု အချင်းချင်း ပြန်လည် တိုက်ခိုက် နေကြသည်ကို နင်ချီ မြင်တွေ့လိုက်ရသည်။ ပင်လယ် အောက်ခြေ ၏ မှော် စွမ်းအား များမှာ လှိုင်းထန်လာပြီး... ရေစီးကြောင်း များကို အဆက်မပြတ် မွှေနှောက်နေတော့၏။

လရောင် ဖြာကျလာသော အခါ... အရာအားလုံး မှာ နောက်တစ်ကြိမ် ပြန်လည် ငြိမ်သက် သွားပြန်သည်။

နင်ချီ သည် ပင်လယ်ဘိုးဘေးကြီး ၏ ကိုယ်ပွား ၏ အတိအကျ တည်နေရာ ကို လုံးဝ အာရုံမခံနိုင်ခဲ့ချေ။ သူမ က နေရာတိုင်း တွင် ရှိနေသည့်အလား ပင်။

မက်မွန်ဥယျာဉ် ဟင်းလင်းပြင် ကြီး တစ်ခုလုံး၊ ကျယ်ပြောလှသော သမုဒ္ဒရာကြီး၊ လမင်းကြီး နှင့် သူတော်စင် ဘိုးဘေးကြီး ၏ ကိုယ်ပွား ကို ပြန်လည် တိုက်ခိုက်နေသော ပုံရိပ်ယောင် များ... ထို အရာများ အားလုံး သည် ပင်လယ်ဘိုးဘေးကြီး ၏ လူဝင်စား ခန္ဓာကိုယ် အစိတ်အပိုင်း များ ဖြစ်နေဟန် တူ၏။

...

နင်ချီ သည် ပင်လယ်ဘိုးဘေးကြီး မှာ ကိုင်တွယ် ဖြေရှင်းရန် အနည်းငယ် ခက်ခဲသော သူ တစ်ယောက် ဖြစ်ကြောင်း ပထမဆုံး အကြိမ် အဖြစ် တွေ့ရှိလိုက်ရတော့သည်။

နောက်ဆုံးတွင်တော့... လမင်းကြီး ကြောင့် ခွဲထွက်သွားသော တာအို ၏ ပုံရိပ်ယောင် မှာ သူတော်စင် ဘိုးဘေးကြီး ၏ ကိုယ်ပွား ကို ယှဉ်ပြိုင်နိုင်စွမ်း မရှိခဲ့ဘဲ... ခုတ်ပိုင်း ဟူသော စာလုံး တစ်လုံးတည်း ဖြင့် သတ်ဖြတ်ခံလိုက်ရလေသည်။

"မင်း ပျော်လို့ မဝသေးဘူးလား... တာအို နယ်ပယ် ကို ရောက်ရှိနေပြီ ဖြစ်တဲ့ ကျင့်ကြံသူ တွေ အတွက် ကတော့... သူတို့ ပုံရိပ်ယောင် တွေ ဘယ်လောက်ပဲ အများကြီး ဆင့်ခေါ် ဆင့်ခေါ်... ငါတို့ကို ဘယ်တော့မှ အနိုင်ယူနိုင်မှာ မဟုတ်ဘူး"

သူတော်စင် ဘိုးဘေးကြီး ၏ ကိုယ်ပွား က အော်ဟစ်လိုက်၏။

"အဲဒီလိုလား..."

ပင်လယ်ဘိုးဘေးကြီး ၏ ကိုယ်ပွား က ပြန်လည် တုံ့ပြန်လိုက်သည်။

တဆက်တည်း၌ ပင်လယ် အောက်ခြေ ရှိ လမင်းကြီး က ၎င်း၏ အလင်းရောင် များကို ဖြာထွက်စေလိုက်၏။

မျက်စိတစ်မှိတ် အတွင်းမှာပင်... ကိုယ်ပွား ဆယ်ခု ထွက်ပေါ်လာတော့သည်။ သူတော်စင် ဘိုးဘေးကြီး ၏ ကိုယ်ပွား ပုံရိပ်များ အားလုံး မှာ သူတော်စင် ဘိုးဘေးကြီးကိုယ်ပွား ၏ အကာအကွယ် အတွင်းသို့ ပျောက်ကွယ် ဝင်ရောက်သွားကြတော့၏။

ဤ အခိုက်အတန့် တွင်... သူတော်စင် ဘိုးဘေးကြီး ၏ ကိုယ်ပွား ၏ စာလုံးတစ်ရာ မှော်စွမ်းရည် အကာအကွယ် ကြီးမှာ ထို ပုံရိပ်ယောင် များကို ပိတ်ဆို့ တားဆီးနိုင်စွမ်း မရှိတော့သည့်အလား ထင်မှတ်ရသည်။ သို့တည်းမဟုတ် ထို ပုံရိပ်ယောင် များ တွင် ရုပ်ခန္ဓာ မရှိခြင်း ကြောင့်လည်း ဖြစ်နိုင်၏။ ၎င်းတို့ အားလုံး မှာ သူတော်စင် ဘိုးဘေးကြီး ၏ ကိုယ်ပွား ၏ ကိုယ်ပိုင် စွမ်းအား များ ကို ရောင်ပြန်ဟပ် ထားခြင်း သက်သက်သာ။

အချုပ်အားဖြင့် ဆိုရလျှင်... ၎င်းတို့ မှာ အလွန်တရာ ထူးဆန်း ဆန်းကြယ်လွန်းလှသည်။

သူတော်စင် ဘိုးဘေးကြီး ၏ ကိုယ်ပွား မှာ ထို တာအို ပုံရိပ်ယောင် ဆယ်ခု ၏ ဝိုင်းရံမှုကို ခံလိုက်ရလေပြီ။

သူ၏ အိုမင်းနေသော မျက်လုံးများ ကို ဖွင့်လိုက် ပိတ်လိုက် လုပ်လိုက်ပြီး...သူက ကျယ်လောင်စွာ ရွတ်ဆိုလိုက်၏။

"ကိုးလုံး မိစ္ဆာနှိမ်နင်းရေး မန္တန်..."

ချက်ချင်း ဆိုသလိုပင်... နင်ချီ နှင့် တိုက်ခိုက်စဉ် က သူ အသုံးပြုခဲ့သော နတ်ဘုရား မှော်စွမ်းရည် မှာ နောက်တစ်ကြိမ် ပြန်လည် ပေါ်ထွက်လာတော့သည်။

“ဝှစ် ဝှစ် ဝှစ်..”

တလက်လက် တောက်ပနေပြီး ထူးခြား ဆန်းပြားလှသော ရွှေရောင် စာလုံး ကိုးလုံး သည် သူတော်စင် ဘိုးဘေးကြီး ၏ ကိုယ်ပွား ၏ ပါးစပ် ထဲမှ ပျံထွက်လာ၏။ စာလုံး တစ်လုံးစီ တိုင်း သည် ရွှေရောင် အလင်းတန်း များဖြင့် လင်းလက် တောက်ပနေပြီး... ၎င်းတို့ ပျံထွက်လာသည် နှင့် တစ်ပြိုင်နက်၊ နေမင်းကြီး အလား စူးရှ တောက်ပလှသော ဧရာမ စက်လုံးကြီး များ အဖြစ်သို့ အသွင်ပြောင်းသွားကြတော့သည်။

ထို စာလုံး ကိုးလုံး မှာ တစ်ခုနှင့် တစ်ခု ဆက်စပ် သွားကြပြီး သူတော်စင် ဘိုးဘေးကြီး ၏ ကိုယ်ပွား ၏ ပတ်လည်တွင် လှည့်ပတ် ပျံသန်းနေကာ... သူ့ဆီသို့ တဟုန်ထိုး ပြေးဝင်လာသော တာအို ပုံရိပ်ယောင် ကိုးခု ကို မျက်စိတစ်မှိတ် အတွင်း လုံးဝ မှုန့်မှုန့်ညက်ညက် ကြိတ်ချေ ပစ်လိုက်တော့၏။

သို့သော် နောက်တစ်စက္ကန့် တွင်မူ... လမင်း ၏ အရိပ် မှာ ပင်လယ် အောက်ခြေ တွင် ရုတ်တရက် ပေါ်ထွက်လာပြီး သူတော်စင် ဘိုးဘေးကြီး ၏ ကိုယ်ပွား ၏ အကာအကွယ် ကို အပြင်းအထန် ဝင်တိုက်လိုက်တော့သည်။

သူတော်စင် ဘိုးဘေးကြီး ၏ ကိုယ်ပွား မှာ ပင်လယ် ထဲမှ နေ၍ မျက်စိတစ်မှိတ် အတွင်း လွင့်စင် ထွက်သွားပြီး... သူ ဆင့်ခေါ်ထားသော ရွှေရောင် နေမင်းကြီး ကိုးစင်း မှာလည်း နင်ချီ ရှိရာ နေရာဆီသို့ တဟုန်ထိုး ပျံသန်းလာတော့၏။

‘ဟင်... ဘာတွေ ဖြစ်ကုန်တာလဲ...’

နင်ချီ မှာ အကြီးအကျယ် ဇဝေဇဝါ ဖြစ်သွားရ၏။

ပင်လယ်ဘိုးဘေးကြီး၏ ကိုယ်ပွားသည် ပင်လယ်ကြမ်းပြင်ရှိ လမင်း၏ အရိပ်ကို အသက်သွင်းလိုက်၏။

လမင်း၏ အရိပ်သည် ကောင်းကင်ယံကို ဖြတ်သန်း ရိုက်ခတ်သွားပြီး... သူတော်စင် ဘိုးဘေးကြီး၏ ကိုယ်ပွားကို နင်ချီ ရှိရာ အရပ်ဆီသို့ မျက်စိတစ်မှိတ်အတွင်း ဆွဲငင်သွားတော့သည်။

ချက်ချင်းပင် သူတော်စင် ဘိုးဘေးကြီး၏ ကိုယ်ပွားနှင့် သူ၏ အကာအကွယ်သည် ဂျင်တစ်ခု အလား ချာချာလည်သွားပြီး... နင်ချီဆီသို့ တဟုန်ထိုး လွင့်စင်လာတော့၏။

"မင်း သူ့ကို မတိုက်ခိုက်ဘူးလား... မင်းရဲ့ စွမ်းအားကို ငါ့ကို ပြစမ်းပါ..."

ပင်လယ်ဘိုးဘေးကြီး၏ အသံက နင်ချီ၏ နားထဲသို့ ရောက်ရှိလာသည်။

All Chapters