← Chapters

အခန်း (၁၀၆၇-၁၀၆၈)

Vol. 102 Ch. 1067-1068

အခန်း (၁၀၆၇-၁၀၆၈)

Vol. 102 Ch. 1067-1068

​အခန်း ၁၀၆၇ မျှော်လင့်မထားသော နှောင့်ယှက်မှု

"ငါ ဆိုလိုတာက... သူက သာမန်လူ တစ်ယောက်လို ရှိနေခဲ့တာ မဟုတ်ဘူး။ သူ အသတ်ခံခဲ့ရတယ်လို့ နင်ပြောခဲ့တာ တကယ် မှန်တယ်။ အမှန်တော့ သူက ဖေကျန်ရဲ့ လက်ချက်နဲ့ အသက်ပျောက်ခဲ့ရတာ" လုံချန်းက မင်ယုကို အမှန်တရားအား ရှင်းလင်းစွာ ပြောပြလိုက်၏။

​"ဟင်... ဒါဆို အခု ငါ့အစ်ကိုအဖြစ် ဒီမှာ တွေ့ခဲ့ရတဲ့သူက ရုပ်ဖျက်ထားတဲ့ လူလိမ်တစ်ယောက်ပေါ့ ဟုတ်လား။ မဖြစ်နိုင်တာ..."

​"ငါက အဲဒီလို ပြောတာ မဟုတ်ဘူး။ သူက နင်သိတဲ့ နင့်ရဲ့အစ်ကိုအရင်း အစစ်အမှန်ပါပဲ။ ဒါပေမဲ့ သူက အသက်ရှင်နေတဲ့သူ မဟုတ်ဘူး။ သေဆုံးပြီးသား အလောင်းကောင်ကိုမှ အသက်ပြန်သွင်းထားတဲ့ ပုံစံမျိုး ဖြစ်နေတာ။ သူက ဘာနာကျင်မှုကိုမှ မခံစားရသလို သူ့ခန္ဓာကိုယ်ထဲမှာလည်း သွေးတစ်စက်မှ မရှိဘူး။ တစ်ယောက်ယောက်က သူ့ကို အသက်ပြန်သွင်းဖို့အတွက် တားမြစ်ထားတဲ့ အမှောင် နည်းလမ်း တစ်ခုခုကို သုံးခဲ့တာလို့ ငါ ယူဆတယ်" လုံချန်းက လုဝမ်ကို သတ်ခဲ့သည့်နေ့က အဖြစ်အပျက်အား ပြန်လည်အမှတ်ရရင်း မင်ယုကို ပြောပြလိုက်သည်။

​ထိုကောင်ကို သတ်စဉ်က ခန္ဓာကိုယ်မှ သွေးတစ်စက်မျှ ထွက်မလာခဲ့သဖြင့် သူကိုယ်တိုင်လည်း အံ့ဩခဲ့ရသည်ကို ပြန်လည် သတိရမိခြင်း ဖြစ်၏။

​ထိုအချိန်တုန်းက သူ သေသေချာချာ သတိမထားမိခဲ့သော်လည်း နောက်ပိုင်းမှသာ ကျင့်ကြံခြင်းဆိုင်ရာ ဒဏ္ဍာရီ စာအုပ် တစ်အုပ်တွင် ဖတ်ခဲ့ဖူးသည့် မှတ်တမ်းများကို ပြန်လည် အမှတ်ရမိခြင်း ဖြစ်သည်။ ၎င်းက ဒဏ္ဍာရီတစ်ခုမျှသာ ဖြစ်သော်လည်း လက်ရှိအခြေအနေနှင့်ဆိုလျှင်မူ တ ထေရာတည်း ကိုက်ညီနေပေသည်။

​၎င်းကို ပြန်လည်တွေးမိသည့်အခါ လုံချန်းသည် လုဝမ်အား ချက်ချင်း သတ်ပစ်မိခဲ့သည့်အတွက် နောင်တမရဘဲ မနေနိုင်ခဲ့ချေ။ အကယ်၍ ထိုကောင်ကို အသက်ချန်ထားခဲ့မည်ဆိုပါက တစ်စုံတစ်ရာသော အဖြေအား ရရှိနိုင်ကောင်း ရရှိနိုင်ပေလိမ့်မည်။ သူ့ကို အသက်ပြန်သွင်းပေးခဲ့သည့် နောက်ကွယ်ကလူသည် သေချာပေါက် သူ့အား ကြိုးကိုင်နေသူသာ ဖြစ်ရပေမည်။ ကံဆိုးစွာဖြင့် ယခုအခါ သူ သေဆုံးသွားခဲ့ပြီဖြစ်ရာ သဲလွန်စအားလုံးလည်း ပျောက်ဆုံးသွားခဲ့ရပြီ ဖြစ်၏။

​"ငါ့အစ်ကိုက သေဆုံးပြီးသား ဟုတ်လား။ တစ်ယောက်ယောက်က သူ့ကို အသက်ပြန်သွင်းပေးခဲ့တာပေါ့..."

​ဤဖွင့်ဟချက်က မင်ယုကို အလွန်အမင်း တုန်လှုပ်သွားစေခဲ့သည်။ သူမ၏ နှုတ်ခမ်းလေးမှာ အံ့ဩလွန်းသဖြင့် အနည်းငယ် ဟဟလေး ဖြစ်သွားခဲ့ရရှာ၏။

​"နင် ငါ့ကို မယုံဘူးလား"

​လုံချန်းက မေးလိုက်သည်။ သူမ၏ အံ့ဩတုန်လှုပ်မှုထဲတွင် မိမိအပေါ် သံသယဝင်မှုများ ရောနှောနေမလားဟု သူ စိုးရိမ်မိသောကြောင့် ဖြစ်၏။

​မင်ယုက မဟုတ်ပါဟု ငြင်းဆန်သည့်အလား ခေါင်းကို အမြန်ခါယမ်းလိုက်ရင်း ရှေ့သို့ လှမ်းလာကာ သူ၏အနားတွင် ဝင်ထိုင်လိုက်သည်။

​"မဟုတ်ပါဘူး... အဲဒီလို မဟုတ်ပါဘူး။ အခုလို ကြားရတော့မှပဲ အရာရာက အဓိပ္ပာယ်ရှိသွားတော့တယ်။ အစ်ကို သေဆုံးသွားခဲ့တာကို ငါ ကိုယ်တိုင် မှတ်မိနေတာပဲလေ။ ဒါကြောင့် တစ်ယောက်ယောက်က သူ့ကို အသက်ပြန်သွင်းပေးခဲ့တာ သေချာတယ်။ ဒါပေမဲ့ ဒါက အဲဒီလူက အစ်ကို့ရဲ့ သေခြင်းရှင်ခြင်းကို စိတ်ကြိုက် ကြိုးကိုင်နိုင်တယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား။ နင် မြင်ခဲ့ရတဲ့ အနာဂတ်မှာ အစ်ကိုက ငါ့ကို ဘာဖြစ်လို့ သတ်ဖို့ ကြိုးစားရတာလဲဆိုတာကို ငါ အမြဲတမ်း ဇဝေဇဝါ ဖြစ်နေခဲ့တာ။ အခုလို နောက်ကွယ်က အကြောင်းရင်း ရှိနေမှတော့ အားလုံးက ရှင်းသွားပါပြီ" သူမက ဆိုလိုက်၏။

​"မှန်တယ်။ ဒါကို ငါလည်း နောက်မှ သဘောပေါက်ခဲ့တာ။ ဒါပေမဲ့ နောက်ကွယ်ကနေ လှည့်ကွက်ဆင်နေတဲ့ တခြားတစ်ယောက် ရှိနေတာတော့ သေချာတယ်။ အဲဒီလူက အကြောင်းပြချက် တစ်ခုခုကြောင့် နင့်ရဲ့အစ်ကိုကို သုံးပြီး နင့်ကို သတ်ဖို့ ကြိုးစားနေတာ။ ငါက နင့်ရဲ့အနားမှာ ရှိနေတာက နင့်ကို သတ်မယ့် သူ့ရဲ့ အစီအစဉ်အတွက် အဟန့်အတား ဖြစ်နေလို့ ငါ့ကို အရင်ဆုံး ဖယ်ရှားဖို့ ကြိုးစားခဲ့တာလည်း ဖြစ်နိုင်တယ်" လုံချန်းက ရှင်းပြလိုက်သည်။

​"ဒါကြောင့် ငါ အမှန်အတိုင်း ပြောရရင် သူ့ကို သတ်လိုက်တာ မဟုတ်ဘူး။ နောက်ဆုံးမှာ ကိုယ့်ရဲ့ ညီမအရင်းကို ပြန်သတ်ဖို့ အတင်းအကြပ် ခိုင်းစေခြင်းခံရမယ့် ကျွန်တစ်ယောက်အဖြစ် သနားစရာကောင်းလှတဲ့ ဘဝဆိုးထဲကနေ သူ့ရဲ့ ဝိညာဉ်ကို ငါ လွတ်မြောက်ခွင့် ပေးလိုက်တာ။ အနည်းဆုံးတော့ အခုဆိုရင် သူ့ရဲ့ဝိညာဉ်က သံသရာစက်ဝန်းထဲကို ကူးပြောင်းသွားနိုင်ပြီလေ" သူက ဖြည့်စွက်ပြောကြားလိုက်၏။

​ယခုတစ်ကြိမ်တွင်မူ သူသည် လိမ်ညာခြင်းမရှိဘဲ အမှန်အတိုင်း ပြောပြခဲ့ခြင်း ဖြစ်သည်။ လုဝမ်သည် တစ်စုံတစ်ယောက်၏ ထိန်းချုပ်မှုကို ခံနေရသည်ဟု သူ အမှန်တကယ် ယုံကြည်နေမိ၏။ သူ အသတ်ခံရတော့မည့် အချိန်တုန်းက မိမိ၏နောက်ကွယ်တွင် အားကိုးရမည့် အစွမ်းထက်သောသူ ရှိနေကြောင်း လှမ်း၍ ပြောခဲ့သေးသည်။ ကံဆိုးစွာဖြင့် ထိုအချိန်တုန်းကမူ လုံချန်းသည် ထိုကောင်က သူ၏ ခမည်းတော်အကြောင်းကို ပြောနေခြင်း ဖြစ်မည်ဟုသာ ထင်မှတ်ခဲ့မိခြင်း ဖြစ်၏။

​နောက်ပိုင်းကျမှသာ ဤနေရာတွင် အခြားသော အမှောင်အင်အားစုတစ်ခု ရှိနေကြောင်း သူ သဘောပေါက်ခဲ့ရသည်။

​"ဒါက သုံးလောကရဲ့ လက်ချက် ဖြစ်နိုင်မလား။ သူတို့ရဲ့ အစီအစဉ်က နင့်ရဲ့အစ်ကိုကို သတ်ပြီး သူ့ကို အသက်ပြန်သွင်းမယ်။ ပြီးရင် သူတို့ရဲ့ ထိန်းချုပ်မှုအောက်မှာ ထားဖို့ ဖြစ်လိမ့်မယ်။ လုဝမ်သာ ဧကရာဇ် ဖြစ်လာခဲ့ရင် ဒီအင်ပါယာတစ်ခုလုံးက သူတို့ပိုင် ဖြစ်သွားမှာလေ" သူက ဖြစ်နိုင်ခြေ အလွန်မြင့်မားသော ထင်မြင်ချက်တစ်ခုကို ထုတ်ဖော်ပြောဆိုလိုက်သည်။

​"အဲဒါ ဖြစ်နိုင်ပါတယ်။ အစ်ကိုက သုံးလောက မင်းသားရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတဲ့အကြောင်း ခမည်းတော်ကို ဘာမှ မပြောခဲ့ဘူး။ ဒါကို ကြည့်ရင် သူက သူတို့ကို ကာကွယ်ပေးဖို့ ကြိုးစားနေခဲ့တာ သိသာတယ်။ သူ့ကို သတ်ဖို့ ကြိုးစားခဲ့တဲ့သူတွေကို နင်ပြောသလို အခြေအနေမျိုး မဟုတ်ရင် သူ ဘာဖြစ်လို့ ကာကွယ်ပေးနေရမှာလဲ" မင်ယုကလည်း သဘောတူညီစွာ ခေါင်းညိတ်လိုက်ရှာသည်။

​"ဟူး... ဘာပဲဖြစ်ဖြစ် ဒါက ထင်မြင်ချက်တစ်ခုပါပဲ။ ငါတို့ အမှန်တရားကို မသိရသေးဘူး။ အဲဒီလူက ဘယ်သူပဲဖြစ်ဖြစ် အပြင်မှာ ရှိနေဆဲဖြစ်ပြီး ငါတို့ကို ဆက်ပြီး အန္တရာယ်ပြုဖို့ ကြိုးစားဦးမှာ။ နောက်နောင် ငါ ဘာပဲလုပ်လုပ် ငါ့အနားမှာပဲ နေပြီး ငါ့ကို မသံသယဝင်ပါနဲ့။ ငါ နင့်ရဲ့ မိသားစုကို ဆန့်ကျင်ရမယ်ဆိုရင်တောင် ဒါက အမှန်တရားအတွက်ဆိုတာ ယုံကြည်ပြီး ငါ့ကိုပဲ ကူညီပေးပါ"

​မင်ယုက မိမိ၏ စကားအား လက်ခံသည်ကို မြင်ရသောအခါ လုံချန်းသည် အနာဂတ်တွင် အမှန်တရားအား ရှာဖွေရန်အတွက် သာမန်မဟုတ်သော နည်းလမ်းအချို့ကို သုံးစွဲရနိုင်ခြေရှိသဖြင့် သူမ၏ ယုံကြည်မှုအား ကြိုတင်၍ အခိုင်အမာ တောင်းခံထားလိုက်ခြင်း ဖြစ်၏။

​"ပြီးတော့... အခု စစ်ပွဲလည်း မဖြစ်တော့ဘူး။ အရာအားလုံး အဆင်ပြေသွားပြီ။ နင့်ရဲ့ မယ်တော်လည်း ကျန်းမာရေး ပြန်ကောင်းလာပြီ။ ဒါကြောင့် ငါတို့အပေါ် လှည့်ကွက်ဆင်နေတဲ့သူက ဘယ်သူလဲဆိုတာ ရှာဖွေပြီးတာနဲ့ ဒီကနေ မကြာခင် ထွက်ခွာသင့်တယ်လို့ ငါ ထင်တယ်။ သဘောတူရဲ့လား... ဒါမှမဟုတ် နင်က ငါ့ကို တစ်ယောက်တည်း ထွက်သွားဖို့ ထပ်ပြီး ပြောဦးမှာလား" သူက ပြုံးစိစိဖြင့် မေးလိုက်၏။

​"အဲဒီတုန်းက ကိစ္စအတွက် တောင်းပန်ပါတယ်။ ငါ..."

​"ရပါတယ်... ရှင်းပြနေစရာ မလိုပါဘူး။ နင် ဘာဖြစ်လို့ အဲဒီလို လုပ်ခဲ့ရလဲဆိုတာ ငါ နားလည်ပါတယ်" လုံချန်းက သက်ပြင်းချရင်း ပြန်လည် ဖြေကြားလိုက်သည်။ မိမိက သူမ အစ်ကိုကို ပြန်ပေးဆွဲသွားစဉ်တုန်းက သူမ ပြောခဲ့မိသည့် စကားများအတွက် တောင်းပန်ချင်နေခြင်းဖြစ်ကြောင်း သူ သိရှိပြီးသား ဖြစ်၏။ သူ ရှင်းပြချက်ကို နားထောင်ရန် မလိုအပ်ပါချေ။

​"ဪ... ဒါနဲ့ နင်နဲ့ တွေ့ချင်နေတဲ့သူ တစ်ယောက် ရှိသေးတယ်" သူ၏ မျက်နှာတွင် အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့သည်။

​သူက လက်ကို ဝှေ့ယမ်းလိုက်ရင်း သူ၏ သိုလှောင်လက်စွပ်အတွင်းမှ ကျိချင်းကို အပြင်သို့ ခေါ်ထုတ်လိုက်တော့၏။ ကိစ္စရပ်များ ပြီးဆုံးသွားပြီဖြစ်ရာ ကျိချင်းကိုလည်း စိတ်အေးစေရန် အချိန်တန်ပြီ ဖြစ်သည်။ သူမသည်လည်း မင်ယုအတွက် အလွန် စိုးရိမ်ပူပန်နေခဲ့ခြင်း ဖြစ်၏။ ယခုအခါ အရာအားလုံး အဆင်ပြေသွားပြီဖြစ်သဖြင့် သူတို့နှစ်ဦးကို တွေ့ဆုံခွင့် ပေးလိုက်ခြင်း ဖြစ်သည်။

​...

​ထိုအဆောင်ခန်းမှာ အသံလုံအောင် စီမံထားသဖြင့် အတွင်းမှ အသံများ အပြင်သို့ မပေါက်ကြားနိုင်ပါချေ။ သို့သော် အကယ်၍သာ အသံပေါက်ကြားနိုင်မည်ဆိုပါက ခန္ဓာကိုယ်သုံးခု ကုတင်ထက်တွင် အတူတကွ ပျော်မွေ့ကာ ချစ်ပွဲဝင်နေကြသဖြင့်... အခန်းတွင်းမှ ထွက်ပေါ်လာသော အမျိုးသမီးနှစ်ဦး၏ ညည်းတွားသံများကို အပြင်လူများ သေချာပေါက် ကြားရပေလိမ့်မည်။

​အခြေအနေက မည်သို့မည်ပုံ ဤသို့ ဦးတည်သွားသည်ကိုမူ မရေရာလှသော်လည်း ရှည်လျားသော ရှင်းပြချက်များနှင့် စကားဝိုင်းအပြီးတွင် သူတို့ သုံးဦးသည် အတူတကွ ယင်ယန်ကျင့်စဉ်ကို ပူးတွဲ ကျင့်ကြံရင်း အဆုံးသတ်သွားခဲ့ကြခြင်း ဖြစ်သည်။

​လုံချန်းသည် မင်ယုနှင့် ကိစ္စ ပြီးမြောက်သွားခဲ့ပြီဖြစ်ရာ ယခုအခါ ကျိချင်းနှင့်အတူ ရှိနေပြီး မင်ယုမှာမူ မောဟိုက်နေသော အသက်ရှူသံများကို ထိန်းညှိရင်း ဘေးနားတွင် လှဲလျော်နေခဲ့ရရှာသည်။

​ဒေါက်... ဒေါက်...

​သာယာကြည်နူးဖွယ် ကောင်းနေသော ပတ်ဝန်းကျင်ကို တံခါးခေါက်သံ တစ်သံက ရုတ်တရက် ဖြိုခွဲလိုက်တော့သည်။ အခန်းတွင်းမှ အသံများ အပြင်သို့မထွက်နိုင်သော်လည်း အပြင်မှ အသံများမှာမူ အတွင်းသို့ ကြားနိုင်သဖြင့် တံခါးခေါက်သံကို သူတို့ အထင်အရှား ကြားလိုက်ရခြင်း ဖြစ်၏။

​"ဘယ်သူလဲ" ကျိချင်းက အသက်ပြင်းပြင်း ရှူရင်း မေးလိုက်သည်။ "ငါတို့ကို အေးအေးလူလူတောင် မနေခိုင်းဘူးလား မသိဘူး"

​လုံချန်းက အပြင်တွင် မည်သူရှိနေသနည်းဟု ကြည့်ရှုရန်အတွက် ဝိညာဉ်အာရုံကို အပြင်သို့ ဖြန့်ကြက်လိုက်သည်။

​"အစောင့်တစ်ယောက်ပဲ။ ထားလိုက်... သူ့ဘာသာ စောင့်ပါစေ" လုံချန်းက တံခါးခေါက်သံအား လျစ်လျူရှုလိုက်ရင်း မိမိ လုပ်ဆောင်ဆဲ ကိစ္စကိုသာ ဆက်လက် ပြုလုပ်နေခဲ့တော့သည်။ အစောင့်မှာမူ တံခါးပွင့်လာမည့် အရေးကို တံခါးဝတွင် မတ်တတ်ရပ်ကာ စောင့်ဆိုင်းနေရရှာ၏။

​သူ၏ ကိစ္စဝိစ္စများ အားလုံး ပြီးမြောက်သွားသည့် အခါကျမှသာ လုံချန်းက ကုတင်ထက်မှ ထလိုက်သည်။ သူက တံခါးဆီသို့ လျှောက်လှမ်းသွားပြီး တံခါးကို ဖွင့်လိုက်၏။

​"ဘာကိစ္စရှိလို့လဲ" သူက သားနားစွာ ဝတ်ဆင်ထားသော အစောင့်ကို မေးမြန်းလိုက်သည်။ ထိုသူမှာ အခြားသူမဟုတ်ဘဲ ယခင်စစ်သူကြီးကို လုံချန်းက သတ်ဖြတ်ပြီးနောက် ရာထူးတိုးမြှင့်ခြင်း ခံထားရသော ဤအင်ပါယာ၏ စစ်သူကြီး အသစ်ပင် ဖြစ်တော့သည်။

​မိမိ၏ ရာထူးအဆက်အနွယ်ကို သတ်ဖြတ်ခဲ့သောသူ၏ ရှေ့မှောက်တွင် မတ်တတ်ရပ်နေရသဖြင့် စစ်သူကြီး အသစ်သည် အတန်ငယ် ကြောက်ရွံ့ထိတ်လန့်နေမိသော်လည်း အသက်ကို ပြင်းပြင်းရှူလိုက်ရင်း စကားအား စတင်၍ ဆိုလိုက်လေတော့သည်။

​အခန်း ၁၀၆၈ ကောင်းကျိုးလော ဆိုးပြစ်လော

"အရှင်... ဧကရာဇ်မင်းမြတ်က အရှင့်ကို တောင်းပန်ပွဲ အခမ်းအနား တက်ရောက်ဖို့ ဖိတ်ကြားလိုက်ပါတယ်။ အချိန်တန်ပါပြီ" စစ်သူကြီး အသစ်က လုံချန်းကို ရိုသေသေဖြင့် လျှောက်တင်လိုက်၏။

​"အာ... အချိန်တွေ ကုန်သွားတာ မြန်လိုက်တာ။ အခုလောက်အထိ နောက်ကျသွားပြီဆိုတာ ငါ သတိတောင်မထားမိဘူး။ ကောင်းပြီလေ... မင်း ဒီမှာပဲ ခဏစောင့်နေဦး။ ငါ အမြန်ပြင်ဆင်လိုက်ပါ့မယ်" လုံချန်းက ပြောပြီးနောက် တံခါးကို ပြန်ပိတ်လိုက်တော့သည်။

​ကုတင်ဆီသို့ ပြန်လည်လျှောက်လှမ်းလာပြီး မိန်းမလှလေးနှစ်ဦး၏ အလယ်တွင် ဝင်ထိုင်လိုက်ရင်း မင်ယုဘက်သို့ လှည့်ကာ ကြည့်လိုက်၏။

​"မင်ယု... အခမ်းအနားပွဲအတွက် အချိန်တန်ပြီ။ သွားပြင်ဆင်လိုက်တော့"

​ထို့နောက် ပိုမိုနွမ်းနယ်နေပုံရသော ကျိချင်းဘက်သို့ အာရုံပြောင်းကာ ဆက်လက်၍ ဆိုလိုက်သည်။ "နင်လည်း ပြင်ဆင်လိုက်ဦး။ နင့်ကို ဒီမှာပဲ ထားခဲ့ရတာ အန္တရာယ်များလွန်းတယ်။ အဝတ်အစားလဲပြီးတာနဲ့ နင့်ကို မင်းရဲ့မိသားစုဆီ ပြန်ပို့ပေးမယ်။ သူတို့လည်း စိုးရိမ်နေကြမှာ သေချာတာမို့လို့ စိတ်အေးအေးထားဖို့ သူတို့ကို ပြောပြလိုက်ဦး"

​"အင်း..." ကျိချင်းက ခေါင်းညိတ်ပြရှာသည်။

​"ဪ... ဒါနဲ့ အရင်က ငါ နင့်ကို ပေးထားတဲ့ အဆောင်ကို တကယ့် အရေးပေါ် အခြေအနေကလွဲလို့ လုံးဝ မသုံးပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအဆောင်က နင့်ကို ငါ့ဆီကနေ အဝေးကြီးကို ခေါ်ဆောင်သွားမှာ မို့လို့ပဲ။ ငါ အမှန်တကယ် သေဆုံးသွားပြီလို့ နင် သေချာတဲ့အခါကျမှပဲ အဲဒီအဆောင်ကို သုံးပါ" လုံချန်းက ထပ်မံ၍ သတိပေးလိုက်၏။

​"လျှောက်ပြီး အဓိပ္ပာယ်မရှိတာတွေ မပြောစမ်းပါနဲ့။ နင် ဘာမှ မဖြစ်စေရပါဘူး" ကျိချင်းက ဝင်ရောက်ပြောဆိုလိုက်သည်။

​'အင်း... ငါ့မှာ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ ငါ သေချာပါတယ်။ ဒါပေမဲ့လည်း...'

​သူတို့နှစ်ဦး၏ စကားများကြောင့် မင်ယုမှာ ဇဝေဇဝါ ဖြစ်သွားရသဖြင့် မမေးဘဲ မနေနိုင်ခဲ့ချေ။ "ဘာအဆောင်လဲ... နင်တို့နှစ်ယောက် ဘာတွေ ပြောနေကြတာလဲ"

​"ဘာမှမဟုတ်ပါဘူး။ ကမ္ဘာတုထဲက လူတိုင်းကို အစစ်အမှန်ကမ္ဘာဆီ ပြန်ခေါ်ပေးနိုင်တဲ့ အဆောင်တစ်ခုကို ငါ သူ့ကို ပေးထားတာပါ။ ဒါပေမဲ့ ဒါက အရေးပေါ် အခြေအနေ အတွက်ပါ" လုံချန်းက ရိုးရိုးရှင်းရှင်းပင် ရှင်းပြလိုက်ပြီးနောက် မတ်တတ်ရပ်ကာ ရေချိုးခန်းဆီသို့ လျှောက်လှမ်းသွားခဲ့သည်။ "ငါ ရေချိုးပြီး ပြင်ဆင်လိုက်ဦးမယ်။ နင်တို့နှစ်ယောက်လည်း အားအင်နည်းနည်း ပြန်ပြည့်လာပြီဆိုရင် ပြင်ဆင်ကြတော့လေ"

​ဝေးကွာသွားသော လုံချန်း၏ ကျောပြင်ကို ကြည့်ရင်း မင်ယုသည် သက်ပြင်းချမိတော့သည်။ "အဲဒီလိုနေ့မျိုး ဘယ်တော့မှ ရောက်မလာပါစေနဲ့လို့ပဲ မျှော်လင့်ပါတယ်"

​လွန်ခဲ့သော အချိန်အတော်ကြာက သူမ မြင်တွေ့ခဲ့ရသည့် အနာဂတ် နိမိတ်တစ်ခုကို သူမ သတိရမိနေဆဲပင် ဖြစ်၏။ ထိုစဉ်က သူမသည် လုံချန်းနှင့် အပြင်းအထန် ငြင်းခုံနေခဲ့သည်။ ထိုနိမိတ်သည် မကြာသေးမီကတင် လက်တွေ့ ဖြစ်ပျက်သွားခဲ့ပြီ ဖြစ်၏။ အကြောင်းမှာ သူမသည် မိသားစုကြောင့် လုံချန်းနှင့် အမှန်တကယ် သဘောထားကွဲလွဲခဲ့ရသောကြောင့် ဖြစ်သည်။ သူမ မြင်တွေ့ရတတ်သည့် နိမိတ်များအတိုင်း အနည်းငယ်သော ကွဲလွဲချက်အချို့သာ ရှိခဲ့ခြင်း ဖြစ်၏။

​သို့သော် သူမ အမှန်တကယ် စိုးရိမ်ပူပန်နေမိသည်မှာ ဒုတိယမြောက် နိမိတ်အမြင် ဖြစ်သည်။ သူမ၏ ဒုတိယမြောက် နိမိတ်အမြင်တွင်မူ လုံချန်းသည် တစ်မြို့လုံးကို အပြင်းအထန် ဖျက်ဆီးပစ်ရင်း အလွန်အမင်း စိတ်ပျက်အားငယ်မှု အမှောင်ထုထဲတွင် နစ်မွန်းကာ မိမိကိုယ်မိမိ ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့နေခဲ့သည်အား သူမ မြင်တွေ့ခဲ့ရခြင်း ဖြစ်၏။

​ထိုနိမိတ်ဆိုးကြီးသာ ဘယ်သောအခါမှ လက်တွေ့မဖြစ်လာပါစေနှင့်ဟု သူမ စိတ်ထဲမှ ဆုတောင်းနေမိတော့သည်။ မည်သို့ဆိုစေ အဆိုးဆုံး အခြေအနေက ကျော်လွန်သွားခဲ့ပြီ ဖြစ်၏။ သူမ အစ်ကိုနှင့် ပတ်သက်သည့် ကိစ္စရပ်ကလည်း ပြီးဆုံးသွားခဲ့ပြီ။ ယခုဆိုလျှင် လူတိုင်းက သူ့အပေါ် ကျေနပ်နေကြပြီဖြစ်ရာ ထိုကဲ့သို့သော ဆိုးရွားသည့် အခြေအနေမျိုးကို သူ ထပ်မံရင်ဆိုင်ရရန် အကြောင်းပြချက် မရှိတော့ချေ။

​ထို့ကြောင့် ထိုနိမိတ်ဆိုးကြီး ဖြစ်လာလိမ့်မည်မဟုတ်ဟု မင်ယုက ယုံကြည်ထားသော်လည်း သူမ၏ နှလုံးသား နက်ရှိုင်းသော နေရာ၌မူ စိုးရိမ်စိတ် အနည်းငယ်က တငွေ့ငွေ့ ကျန်ရှိနေဆဲပင် ဖြစ်သည်။

​.....

​ထိန်လင်းလှသော လမင်းကြီး အောက်တွင် လူတစ်ယောက်သည် လမင်းကို စိုက်ကြည့်ရင်း ထိုင်နေခဲ့၏။ တိုက်ခတ်လာသော အေးစက်စက် လေညင်းများက သူ့အရေပြားကို လာရောက်ထိတွေ့နေမှုကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးမှာ နတ်သက်ကြွေသကဲ့သို့ သာယာလှပနေသော်လည်း ထိုလူ၏ မျက်ဝန်းများကမူ တစ်စုံတစ်ခုအား အပြင်းအထန် တွေးတောငေးမောနေသည့်အလား ထက်မြက်စူးရှလွန်းနေခဲ့သည်။

​သူ့လက်ထဲတွင် စာအုပ်တစ်အုပ် ရှိနေပြီး မျက်နှာ၏ တစ်ဝက်ကိုမူ မျက်နှာဖုံးတစ်ခုဖြင့် ဖုံးကွယ်ထားသဖြင့် သူ၏ ရုပ်သွင်အစစ်အမှန်အား မမြင်ရချေ။ သို့သော် မြင်တွေ့နေရသည့် မျက်နှာအစိတ် အပိုင်းလေးကို ကြည့်ရုံမျှဖြင့်ပင် သူသည် အလွန်အမင်း ချောမောခန့်ညားသော ရုပ်ရည်ရှိကြောင်း သိသာလှပေသည်။

​"ဟူး... အဲဒီအကွက်က အလုပ်ဖြစ်လိမ့်မယ်လို့ ငါ ထင်ထားခဲ့တာ။ ဒါပေမဲ့ အမှောင်ထုက သူ့ကို လုံးဝ ဝါးမြိုမသွားသေးဘူးပဲ။ ငါကိုယ်တိုင်လည်း ကြားဖြတ်ဝင်ရောက်လို့ မရသေးဘူး။ ငါ့အစား တစ်ခုခု လုပ်ပေးနိုင်မယ့်သူသာ ရှိရင် အကောင်းသား။ တကယ်လို့ ငါသာ ကြားဖြတ်ဝင်လိုက်ရင် ကံကြမ္မာရဲ့ အကာအကွယ်ကို ငါ ဆုံးရှုံးသွားလိမ့်မယ်"

​"ဒါဆိုရင် ငါ့ရဲ့ နိယာမ စွမ်းအားတွေ အားလုံး ဆုံးရှုံးသွားမှာ ဖြစ်တဲ့အတွက် ဝူလျာကို သတ်နိုင်ခဲ့တဲ့ အဲဒီကောင်ကို ရင်ဆိုင်ဖို့ ငါ့အတွက် ပိုပြီး ခက်ခဲသွားလိမ့်မယ်။ ဒါက... တကယ်ကို ရှုပ်ထွေးလွန်းတယ်"

​ထိုလူသည် မိမိဘာသာ ရေရွတ်နေစဉ် တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည့် ခြေသံအချို့အား ကြားလိုက်ရသဖြင့် စကားစရပ်သွားခဲ့သည်။

​သူသည် စိတ်ဝင်တစားဖြင့် နောက်သို့ လှည့်ကြည့်လိုက်ရာ ရောက်ရှိလာသောသူကို မြင်တွေ့လိုက်ရ၏။

​"ဝူလျာ..."

​ခလေးငယ်တစ်ဦးနှင့် တူသော်လည်း အမှန်တကယ်တွင်မူ အပြည့်အဝ ကြီးပြင်းပြီးသား ကျင့်ကြံသူတစ်ဦး ဖြစ်နေသည့် ထိုသူကို မြင်လိုက်ရသဖြင့် မျက်နှာဖုံးစွပ်ထားသောလူ၏ နှုတ်ခမ်းဖျားမှ အံ့ဩတုန်လှုပ်စွာဖြင့် အမည်တစ်ခု ရေရွတ်မိသွားခဲ့ရသည်။

​"ဟုတ်တာပေါ့။ မင်းက ငါ သေသွားပြီလို့ ထင်နေတာလား" ဝူလျာက ရယ်မောရင်း မေးလိုက်သည်။

​သူသည် မျက်နှာဖုံးစွပ်ထားသော လူ အနားသို့ လှမ်းလာခဲ့ပြီး ဘေးတွင် ဝင်ထိုင်လိုက်၏။

​"ငါ အဲဒီလို ထင်မိတာပေါ့။ ငါ မင်းကို လုံးဝ ရှာမတွေ့ခဲ့ဘူးလေ။ ဒါပေမဲ့ ဘာဖြစ်လို့လဲဆိုတာ အခုတော့ ငါ သိသွားပါပြီ။ မင်း ကံကြမ္မာရဲ့ အကာအကွယ် ဆုံးရှုံးသွားတာ မဟုတ်လား" မျက်နှာဖုံးစွပ်ထားသော လူက သက်ပြင်းချရင်း ဆိုလိုက်သည်။ "ဘာတွေ ဖြစ်ပျက်ခဲ့လဲဆိုတာ ငါ့ကို ပြောစမ်းပါဦး"

​ဝူလျာသည် ထိုမေးခွန်းကို ကြားလိုက်ရသောအခါ စိတ်မသက်မသာဖြင့် သက်ပြင်းချလိုက်မိသည်။ ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များကို ပြန်လည် မတွေးတောချင်တော့သည့် အလားပင် ဖြစ်၏။ ထိုအဖြစ်အပျက် တစ်ခုလုံးက အမှန်တကယ်ကို ကပ်ဘေးတစ်ခုသာ ဖြစ်ခဲ့ရသည် မဟုတ်လော။

​"အမှန်အတိုင်း ပြောရရင် ဘာတွေ ဖြစ်ပျက်ခဲ့လဲဆိုတာ ငါကိုယ်တိုင်တောင် သေသေချာချာ နားမလည်နိုင်သေးဘူး။ ငါက သူ့ကို နည်းနည်းလောက် စနောက်ကျီစယ်ရုံပဲ ရှိသေးတာ။ ဒါပေမဲ့ သူ့ကို ရှေးဟောင်း ဝိညာဉ်ဆိုးတစ်ခုခုက ပူးကပ်သွားတဲ့ ပုံစံမျိုး ဖြစ်သွားတာ"

​"အဲဒီအချိန်တုန်းက သူ့ရဲ့ စွမ်းအားက ဒီလောကပြင်ပက စွမ်းအားမျိုး ဖြစ်နေခဲ့တာ။ ငါ သတိပြန်ရလာတဲ့အချိန်မှာတော့ ငါ့ရဲ့ နိယာမ စွမ်းအားတွေကို လုံးဝ သုံးလို့မရတော့ဘဲ သဲကန္တာရတစ်ခုရဲ့ အလယ်ခေါင်မှာ ရောက်နေခဲ့ရတာ။ အဲဒီကနေ သူတို့ရဲ့ နယ်မြေဖြတ်ကျော် ဂိတ်တွေကို သုံးပြီး ဒီနေရာကို ရောက်အောင် အဝေးကြီး ခရီးနှင်ခဲ့ရတာ"

​ဝူလျာက ထိုအချိန်တုန်းက ဖြစ်ပျက်ခဲ့သမျှကို အကျဉ်းချုပ် ရှင်းပြလိုက်သည်။ ယခုအချိန်အထိပင် သူသည် အမှန်တကယ် မည်သည်များ ဖြစ်ပျက်ခဲ့သည်ကို ဦးနှောက်ထဲ၌ သဲသဲကွဲကွဲ နားမလည်နိုင်သေးချေ။

​"စိတ်ဝင်စားစရာပဲ။ မင်း ပျောက်ကွယ်မသွားခင်တုန်းက စွမ်းအင်လှုပ်ခတ်မှု တစ်ခုကို ငါ ခံစားမိခဲ့သားပဲ။ မင်း သေသွားပြီလို့ ငါ ထင်နေခဲ့တာ။ ဒါနဲ့... အဲဒီ ဝိညာဉ်ပူးကပ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ကော၊ သူ အဲဒီလိုမျိုး အစွမ်းတွေကို နောက်တစ်ခါ ထပ်သုံးနိုင်ဦးမယ်လို့ မင်း ထင်လား" မျက်နှာဖုံးစွပ်ထားသောလူက အံ့ဩစွာဖြင့် မေးမြန်းလိုက်သည်။

​သူက ပိုမိုသေချာစေရန်အတွက် ဆက်လက်၍ မေးမြန်းလိုက်၏။ "မင်းရဲ့ ကံကြမ္မာ အကာအကွယ်ကို ဖျက်ဆီးပစ်ဖို့ဆိုတာ အဲဒီရှေးဟောင်း ဝိညာဉ်တွေ အနေနဲ့ သူတို့ကိုယ်သူတို့ အပြီးတိုင် ဖျက်ဆီးပစ်တာမျိုး မလုပ်ဘဲနဲ့တော့ လုံးဝ မဖြစ်နိုင်ဘူးလေ"

​"မင်း ပြောတာ မှန်မယ်လို့ ငါလည်း ယုံကြည်ပါတယ်။ အဲဒီလို လုပ်နိုင်ဖို့အတွက် အဲဒီရှေးဟောင်းဝိညာဉ်က အပြီးတိုင် ချုပ်ငြိမ်းသွားခဲ့ပြီ ဖြစ်ရမယ်။ ဒါမှမဟုတ် အနည်းဆုံးတော့ အဲဒီစွမ်းအားကို နောက်တစ်ကြိမ် ထပ်ပြီး သုံးနိုင်တော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကံဆိုးတာကတော့ ငါ့ရဲ့ ကံကြမ္မာ အကာအကွယ်ကလည်း အဲဒီအရာနဲ့အတူ ပျောက်ကွယ်သွားခဲ့ပြီလေ" ဝူလျာက သက်ပြင်းချရင်း ဆိုလိုက်သည်။

​"ဟုတ်ပါတယ်" မျက်နှာဖုံးစွပ်ထားသောလူက ပြန်လည် ဖြေကြားလိုက်၏။

​"ဒါကို ပြန်ရနိုင်မယ့် နည်းလမ်း ရှိဦးမလား။ ဒါမရှိဘဲနဲ့ ငါ့ရဲ့ နိယာမ စွမ်းအားတွေကို ငါ သုံးလို့မရတော့ဘူး။ နိယာမ စွမ်းအားတွေ မရှိတော့တာက ငါ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုခု ဆုံးရှုံးသွားသလိုပဲ။ ငါ့ကို ကူညီပါဦး" ဝူလျာက အတင်းအကြပ် တောင်းဆိုလေတော့သည်။

​"ငါ မင်းကို မကူညီနိုင်ဘူး။ ပျောက်ဆုံးသွားတဲ့ အရာက ပြန်မရနိုင်တော့ဘူး" မျက်နှာဖုံးစွပ်ထားသောလူက ကောင်းကင်ကြီးကို စိုက်ကြည့်ရင်း ပြန်လည် ဖြေကြားလိုက်၏။ "ဒါပေမဲ့... ဒါက ကောင်းတဲ့ဘက်က ဖြစ်လာတာလည်း ဖြစ်နိုင်တာပဲ မဟုတ်လား"

​"မင်း ဘာကို ဆိုလိုတာလဲ" ဝူလျာက စိတ်ဝင်တစားဖြင့် မေးလိုက်သည်။

​"ငါ ဆိုလိုတာက... ဒီလိုတွေးကြည့်လိုက်လေ။ အခုဆိုရင် မင်း ပိုပြီး လွတ်လပ်သွားပြီမဟုတ်လား" မျက်နှာဖုံးစွပ်ထားသော လူတစ်ဝက်က သက်ပြင်းချရင်း တိုးတိုးလေး ရေရွတ်လိုက်၏။

​"ငါတို့တွေ လူသားတွေရဲ့ ကိစ္စရပ်တွေမှာ ကြားဖြတ်မဝင်ရဲတာက ကံကြမ္မာရဲ့ အကာအကွယ်ကို ဆုံးရှုံးသွားမှာ စိုးရိမ်လို့လေ။ ဒါပေမဲ့ အခုတော့ မင်းမှာ အဲဒီလို စိုးရိမ်စရာ အကြောင်းပြချက် မရှိတော့ဘူးပဲ"

​"ဒါက ငါတို့အတွက် ကွက်တိပဲ မဟုတ်လား။ မင်း သွားပြီး ကလဲ့စားချေလို့ ရပြီလေ။ ပြီးတော့ မင်းသာ သူ့ကို အမှောင်ထုရဲ့ ဝါးမြိုခြင်း ခံရအောင် ဖိအားပေးနိုင်မယ်ဆိုရင် ဒါက ပိုတောင် ကောင်းသေးတယ်။ တွေ့လား... ဒါက ပိုပြီး အဆင်ပြေသွားတာပဲလေ" မျက်နှာဖုံးစွပ်ထားသောလူက ဆိုလိုက်ရင်း သူ၏ နှုတ်ခမ်းဖျားတွင် အပြုံးရိပ်တစ်ခု ပေါ်ပေါက်လာခဲ့သည်။

​"ငါတို့ ဘာဖြစ်လို့ သူ့ကို နှိမ်နင်းပစ်ဖို့ လိုအပ်လဲဆိုတာ မင်း သိပြီးသားပါနော်။ အဲဒီကိစ္စ အတွက်ပဲလေ။ အခု မင်း လွတ်လပ်သွားပြီဆိုတော့ အရာရာက ပိုပြီး လွယ်ကူသွားပြီ။ ဒါတင်မကသေးဘူး... မင်းကို ဒီလောက်အထိ ဒုက္ခရောက်အောင် လုပ်ခဲ့တဲ့ သူ့ဆီကနေ မင်း ကိုယ်တိုင် ကလဲ့စား ပြန်ချေနိုင်ပြီလေ။ ဘယ်လိုလဲ... မင်း ဘာတွေးမိလဲ" သူက ဖြည့်စွက်ပြောကြားလိုက်၏။

​ထိုလူသည် ဝူလျာကို သွေးထိုးလှုံ့ဆော်ကာ မိမိ အလိုရှိရာကို ခိုင်းစေရန် ကြိုးစားနေခြင်းဖြစ်ကြောင်း သိသာလှပေသည်။ ထိုအရာကမူ လုံချန်းကို သတ်ဖြတ်ပစ်ရန်ပင် ဖြစ်တော့သည်။

All Chapters