← Chapters

အခန်း ၉၀၃

Vol. 46 Ch. 903

အခန်း ၉၀၃

Vol. 46 Ch. 903

အပိုင်း (၉၀၃) အရိပ်တပ်ဖွဲ့၏ လက်နက်များ

"ကျန်းနန်ပြည်နယ်က လူတွေလား"

"ရောက်လာကြပြီပေါ့"

လူအုပ်ကြီးက စိတ်လှုပ်ရှားသွားကြပြီး တံခါးပေါက်ဆီသို့ အသီးသီး လှမ်းကြည့်ကြသည်။

ချွီကျင့်က ချက်ချင်း ဆိုသည်။ "မြန်မြန် ခေါ်လာခဲ့"

မကြာမီတွင် လီချင်းဟွာနှင့် ထူလုံတို့က ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်လာကြသည်။

လူအများအပြား၏ အကြည့်များနှင့် ရင်ဆိုင်ရသော်လည်း သူတို့နှစ်ဦးက မည်သည့် အနေရခက်မှုမျှ မရှိဘဲ တည်တည်ငြိမ်ငြိမ်ပင် ရှိနေသည်။

အမှန်တကယ်တွင် သူတို့နှစ်ဦးက ယခုအခါ ထိုက်ယန်တောင်၌ ရာထူးကြီးမားသူများ ဖြစ်နေပြီမို့ ဤကဲ့သို့သော အခမ်းအနားကြီးများနှင့် ယဉ်ပါးနေခဲ့ပြီ ဖြစ်၏။

အခန်းထဲ၌ လူအများအပြား ရှိနေသည်ကို မြင်သောအခါ လီချင်းဟွာနှင့် ထူလုံတို့က အချင်းချင်း အကြည့်ချင်း ဖလှယ်ကြပြီးနောက် အထက်ဘက်တွင် ထိုင်နေသော ချွီကျင့်ထံသို့ အကြည့်တို့ကို စူးစိုက်ထားကြသည်။

အကဲခတ်တတ်သူ တစ်ယောက်အနေဖြင့် ဤသူက ဤနေရာ၏ ခေါင်းဆောင်ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်ပေသည်။

"ဒီမိတ်ဆွေက ကျွန်းပိုင်ရှင် ချွီကျင့် များလား" လီချင်းဟွာက ပြုံးလျက် မေးခွန်းထုတ်သည်။

ချွီကျင့်က ချက်ချင်း မတ်တတ်ထရပ်ကာ အပြုံးတစ်ခုနှင့် ဆိုသည်။ "မိတ်ဆွေတို့က ယဉ်ကျေးလွန်းနေပါပြီ... ကျုပ်က ချွီကျင့်ပါ... ဒီသလင်းကျောက်ကျွန်းရဲ့ ကျွန်းပိုင်ရှင်ပေါ့... မိတ်ဆွေတို့ မြန်မြန် ထိုင်ကြပါဦး"

"ဟေ့... ရေနွေးကြမ်း လာငှဲ့ပေးစမ်း"

သူက ဘေးနားရှိ လူငယ်တစ်ဦးကို လှည့်၍ အမိန့်ပေးသည်။

ထိုလူငယ်က သူ့ထက် အသက် သိပ်မကြီးလှသော လီချင်းဟွာကို တစ်ချက်ကြည့်ကာ သိပ်မကျေနပ်လှသော်လည်း ရှေ့သို့ တက်သွားပြီး လီချင်းဟွာနှင့် ထူလုံတို့အတွက် ရေနွေးကြမ်း တစ်ခွက်စီ ငှဲ့ပေးရှာသည်။

လီချင်းဟွာက ထိုလူငယ်ကို ဂရုမစိုက်ဘဲ ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးကိုသာ ကြည့်ကာ ပြုံးလျက် ဆိုသည်။ "ကျွန်တော်တို့ ရောက်လာတာ အချိန်ကိုက်ပဲ ထင်တယ်... ခင်ဗျားတို့ အစည်းအဝေး လုပ်နေတာနဲ့ အံကိုက် သွားတိုးတာလား"

ထူလုံကလည်း ဤနေရာရှိ လူတိုင်းက ကြမ်းတမ်းခက်ထန်သော အငွေ့အသက်များ ရှိကြပြီး သူတို့၏ ခန္ဓာကိုယ်အတွင်း၌ သန္ဓေပြောင်းစွမ်းအင်များ အလွန်ပြည့်နှက်နေကြောင်း သတိပြုမိသည်။ စွမ်းအင်တိုင်းမျက်မှန်ဖြင့် စစ်ဆေးကြည့်ချက်အရ ဤလူများ၏ စွမ်းဆောင်ရည်မှာ မနိမ့်ကျကြောင်း သိနိုင်ပေသည်။

သူက ဤလူများအားလုံးက ဤရေပေါ်ကျွန်းမှ လူများဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

အကယ်၍ ဤလူများအားလုံးက ကျွန်းတစ်ကျွန်းတည်းမှသာ ဖြစ်ပါက ဤရေပေါ်ကျွန်း၏ အင်အားကို အထင်သေး၍ ရနိုင်မည် မဟုတ်ပေ။

သို့သော် လီချင်းဟွာ၏ အဓိပ္ပာယ်အရ ဤလူများက ဤကျွန်းမှ မဟုတ်ဘဲ အခြားရေပေါ်ကျွန်းများမှ ခေါင်းဆောင်အဆင့်ရှိသူများ ဖြစ်နေမည်ကို စိုးရိမ်ရသည်။

ချွီကျင့်က ကြားသောအခါ ပြုံးလျက် ဆိုသည်။ "ညီလေးကို ရယ်စရာ ဖြစ်သွားစေပြီ... ညီလေးက ဘယ်သူများလဲ"

"ဪ... ကျွန်တော့်နာမည်က လီချင်းဟွာပါ... ကျွန်တော့်ဘေးက တစ်ယောက်ကတော့ ထူလုံတဲ့... ကျွန်တော်တို့ နှစ်ယောက်လုံးက လင်ကျန်းမြို့၊ ထိုက်ယန်တောင် ခိုလှုံရေးစခန်းကပါ"

"ထိုက်ယန်တောင် ခိုလှုံရေးစခန်းက ကိုး... အပြင်ဘက်မှာ ကျွန်တော်တို့ကို တားထားတဲ့ ယာဉ်ပျံတွေကရော မိတ်ဆွေတို့ ခိုလှုံရေးစခန်းကပဲလား" ချွီကျင့်က အလျင်အမြန် မေးသည်။

လီချင်းဟွာက ပြုံးလျက် ခေါင်းညိတ်ကာ ဆိုသည်။ "မှန်ပါတယ်... အပြင်ဘက်က ယာဉ်ပျံတွေက ကျွန်တော်တို့ရဲ့ ကင်းလှည့်ယာဉ်တွေပါ... ခင်ဗျားတို့က ကျွန်တော်တို့ ထိုက်ယန်တောင်ရဲ့ နယ်မြေထဲကို ဝင်လာမိလို့ ကျွန်တော်တို့လူတွေက တားပြီး မေးမြန်းတာပါ... အားလုံးပဲ အထင်မလွဲပါနဲ့... ကျွန်တော်တို့မှာ ရန်လိုတဲ့ စိတ်ထား မရှိပါဘူး"

ချွီကျင့်က ကြားသည်နှင့် ချက်ချင်း ပြုံးလျက် ဆိုသည်။ "ကျွန်တော်တို့မှာလည်း ရန်လိုတဲ့ စိတ်ထား မရှိပါဘူး... မိတ်ဆွေတို့ နှစ်ယောက်ကို ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်တို့က မြောက်ဘက်ကို တက်မလို့ပါ... မိတ်ဆွေတို့ရဲ့ တန်ဖိုးကြီးတဲ့ နေရာကို ဖြတ်သွားရုံ သက်သက်မို့ ဘာပြဿနာမှ မပေးပါဘူး"

လီချင်းဟွာက ပြုံးလျက် မေးသည်။ "ဪ... ခင်ဗျားတို့ အားလုံးက မြောက်ဘက်ကို ဒီလောက် အလောတကြီး သွားနေတာဆိုတော့ အရေးပေါ်ကိစ္စများ ရှိလို့လား"

ချွီကျင့်က ခါးသီးစွာ ပြုံးသည်။ "ညီလေးရာ... သိသိကြီးနဲ့ ဘာလို့ မေးနေရတာလဲ... ညီလေးတို့လည်း စုံစမ်းပြီးလောက်ပြီ မဟုတ်လား... ကျုပ်တို့က ကွမ်းတုံပြည်နယ်နဲ့ မင်ပြည်နယ်ဘက်ကနေ ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေပါ"

"ကျုပ် တိုက်ရိုက်ပဲ ပြောလိုက်တော့မယ်... ကျုပ်တို့က အရိပ်တပ်ဖွဲ့သားတွေရဲ့ လိုက်လံတိုက်ခိုက်တာကို လမ်းတစ်လျှောက်လုံး ခံလာရတာ... ဒီတစ်ခေါက် မြောက်ဘက်ကို တက်တာက ပိုအင်အားကြီးတဲ့ အဖွဲ့အစည်းဆီမှာ အကာအကွယ် သွားယူမလို့ပါ"

လီချင်းဟွာက ထိုစကားကို ကြားသောအခါ မျက်လုံးများ အနည်းငယ် အရောင်လက်သွားပြီး ဆိုသည်။ "ဪ... ကျွန်တော်တို့ ထိုက်ယန်တောင်က ခင်ဗျားတို့ကို အကာအကွယ် မပေးနိုင်ဘူးလို့ ကျွန်းပိုင်ရှင်ချွီက ဘယ်လိုလုပ် သိတာလဲ"

ချွီကျင့်နှင့် အခြားသူများက လီချင်းဟွာကို ချက်ချင်း ဝိုင်းကြည့်ကြသည်။

ချွီကျင့်က မနေနိုင်ဘဲ မေးသည်။ "ညီလေး... ကျုပ်တို့ ရင်ဆိုင်ရမယ့် ရန်သူအကြောင်းကို မင်းတို့ သေချာ နားလည်ရဲ့လား... အရိပ်တပ်ဖွဲ့သားတွေဆိုတာ သန္ဓေပြောင်း သားရဲတွေ မဟုတ်ဘူး... သူတို့မှာ သန္ဓေပြောင်းစွမ်းအင် နည်းပညာတွေ ရှိတယ်... အမျိုးမျိုးသော စွမ်းအားကြီး သင်္ကေတလက်နက်တွေ ရှိတယ်... ညီလေး ထင်သလောက် ရိုးရှင်းနေတာ မဟုတ်ဘူး"

"ကျုပ် အမှန်တိုင်း ပြောရရင် မင်းတို့သာ ကျုပ်တို့ကို အကာအကွယ် ပေးနိုင်မယ်ဆိုရင်... ကျုပ်တို့လည်း ဘယ်ထွက်ပြေးချင်ပါ့မလဲ"

"ဒါပေမဲ့ ညီလေးတို့ သေချာ စဉ်းစားသင့်တယ်... အနည်းဆုံးတော့ အရိပ်တပ်ဖွဲ့သားတွေရဲ့ အခြေအနေကို သေချာ စုံစမ်းပြီးမှ ဆုံးဖြတ်ချက် ချသင့်တာပေါ့"

ဤအချိန်တွင် ယခင်က ကျွန်းပိုင်ရှင်မုန့်ကလည်း မနေနိုင်ဘဲ ဝင်ပြောသည်။ "မိတ်ဆွေတို့ နှစ်ယောက်... အရိပ်တပ်ဖွဲ့သားတွေရဲ့ အခြေအနေကို သိချင်သလား... ကျုပ် လမ်းပြပေးနိုင်တယ်"

"တောက်... ကျုပ်တို့ တကယ်ကို ပြေးရတာ လုံလောက်နေပြီ... မဟာရေဘေးကြီး မတိုင်ခင်ကတည်းက ကျုပ် ကျိန်ဆိုထားဖူးတယ်... တစ်နေ့နေ့ အရိပ်တပ်ဖွဲ့ကောင်တွေနဲ့ နယ်မြေလုပွဲ ထပ်ဖြစ်ရင် ကျုပ်ကိုယ်တိုင် ရှေ့တန်းကနေ ဝင်တိုက်မယ်လို့"

"ကျစ်... အခုကျမှ ထွက်ပြေးရတဲ့လူ ဖြစ်နေရမယ်လို့ မထင်ထားခဲ့ဘူး... ကျုပ် ဘယ်လိုမှ မကျေနပ်နိုင်ဘူး"

ကျွန်းပိုင်ရှင်မုန့်က စားပွဲကို ရိုက်ချလိုက်ကာ မျက်လုံးများ နီရဲလာသည်။

ကြည့်ရသည်မှာ အရိပ်တပ်ဖွဲ့ကောင်များနှင့် ကြီးမားသော နယ်မြေအငြင်းပွားမှု ရန်ငြိုး ရှိနေပုံရသည်။

ထူလုံက ဤကျွန်းပိုင်ရှင်မုန့်အပေါ် အထင်ကြီးသွားပြီး ချက်ချင်း ဆိုသည်။ "ကောင်းပြီ... ညီအစ်ကို... ခင်ဗျားမှာ ဒီလို စိတ်ဓာတ်ရှိနေတာက ဘာထက်မဆို ပိုအရေးကြီးတယ်... ကျွန်တော် နောက်မှ အဲဒီဘက်ကို သွားကြည့်ရမယ်... ခင်ဗျား လမ်းပြပေးနိုင်ရင်တော့ အကောင်းဆုံးပဲ"

ကျွန်းပိုင်ရှင်မုန့်က ချက်ချင်း မတ်တတ်ထရပ်ကာ အော်ဟစ် ရယ်မောသည်။ "ကောင်းပြီ... ဒါဆိုလည်း သဘောတူတယ်... ကျွန်းပိုင်ရှင်ချွီ... ကျုပ်ရဲ့ ကျားကဏန်းကျွန်းကတော့ မသွားတော့ဘူး... ကျစ်... လမ်းတစ်လျှောက်လုံး ပြေးလာခဲ့ရတာ... အစတုန်းက အတူတူ ထွက်လာတဲ့ ညီအစ်ကိုတွေထဲက တချို့က သေကုန်ပြီ... တချို့က ဟိုကောင်တွေရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတယ်"

"ကျုပ် ဒီလပိုင်းတွေမှာ နေ့တိုင်း အိပ်မက်ဆိုးတွေ မက်နေတာ... အိပ်မက်ထဲမှာ သူတို့က ဘာလို့ မကယ်ခဲ့တာလဲလို့ ဝိုင်းမေးနေကြတယ်"

"ကျုပ် အရင်တုန်းက စစ်သားလုပ်ခဲ့တုန်းက ရဲဘော်ရဲဘက်တွေကလည်း အိပ်မက်ထဲလာပြီး ဘာလို့ ထွက်ပြေးရတာလဲလို့ မေးခွန်းထုတ်နေကြတယ်"

"ဘယ်သူပြေးပြေး ကျုပ်လို စစ်သားဟောင်း တစ်ယောက်က ပြေးလို့မဖြစ်ဘူး... အထူးသဖြင့် တစ်ဖက်က ရန်သူက အဲဒီကောင်တွေ ဖြစ်နေတဲ့ အချိန်မှာပေါ့"

သူက မျက်လုံးများ နီရဲလျက် အလွန်အမင်း စိတ်လှုပ်ရှားစွာ ပြောဆိုနေသောကြောင့် လီချင်းဟွာနှင့် ထူလုံတို့ပင် မနေနိုင်ဘဲ လှည့်ကြည့်မိကြသည်။

ချွီကျင့်က ကြားသောအခါ တိတ်ဆိတ်သွားပြီး အခြားသော ကျွန်းပိုင်ရှင်များနှင့် အထက်လူကြီးများလည်း တိတ်ဆိတ်သွားကြသည်။

နောက်ဆုံးတွင် ချွီကျင့်က သက်ပြင်းတစ်ချက်ချကာ ဆိုသည်။ "ရွေးချယ်ခွင့်သာ ရှိရင်... ဘယ်သူကများ တကယ် ထွက်ပြေးချင်မှာလဲ"

"အဲဒီကောင်တွေက ကျုပ်တို့လူ ဘယ်လောက်များများကို သတ်ခဲ့လဲ... ရေပေါ်ကျွန်းတွေနဲ့ လေပေါ်ကျွန်း ဘယ်လောက်များများကို လုယူသွားခဲ့လဲ... အခွင့်အရေး နည်းနည်းလေး ရှိနေရင်တောင် ကျုပ်က ထွက်မပြေးချင်ဘူး... သူတို့နဲ့ အသေအလဲ တိုက်ခိုက်ချင်တာ"

"ဒါပေမဲ့... ဒါပေမဲ့ ကျုပ်တို့မှာ အခွင့်အရေး ရှိလို့လား"

"တစ်ဖက်လူရဲ့ ဓာတ်ရောင်ခြည်လက်နက်တွေကို မဖြေရှင်းနိုင်သရွေ့တော့ ကျုပ်တို့က သူတို့ကို ယှဉ်တိုက်နိုင်မှာ မဟုတ်ဘူး"

လီချင်းဟွာက ထိုစကားကို ကြားသည်နှင့် အရေးကြီးသော သတင်းအချက်အလက်ကို ထက်မြက်စွာ ဖမ်းဆုပ်မိသည်။

သူက ချက်ချင်း မေးသည်။ "ဘာ ဓာတ်ရောင်ခြည်လက်နက်လဲ"

ချွီကျင့်က လီချင်းဟွာကို ကြည့်ကာ သက်ပြင်းချသည်။ "အဲဒီကောင်တွေဆီမှာ အားပြင်းတဲ့ ဓာတ်ရောင်ခြည်ဗုံးတွေကို ပစ်ခတ်နိုင်တဲ့ ထူးခြားတဲ့ လက်နက်တစ်မျိုး ရှိတယ်"

"ဒီဓာတ်ရောင်ခြည်ဗုံးတွေ ပေါက်ကွဲသွားတဲ့အခါ အလွန်ပြင်းထန်တဲ့ ဓာတ်ရောင်ခြည်လှိုင်းတွေ ထွက်ပေါ်လာတယ်... အဲဒီ ဓာတ်ရောင်ခြည်လှိုင်းတွေက အစွမ်းပိုင်ရှင်တွေရဲ့ ခန္ဓာကိုယ်ထဲက ဖောက်ပြန်မျိုးရိုးဗီဇတွေကို လှုံ့ဆော်ပေးနိုင်တယ်"

"ဓာတ်ရောင်ခြည်ဗုံး အထိခံလိုက်ရတာနဲ့ ခန္ဓာကိုယ်ထဲက ဖောက်ပြန်မျိုးရိုးဗီဇတွေက ချက်ချင်း နိုးကြွလာတယ်... တကယ်လို့ ဖိနှိပ်မထားနိုင်ရင် ဗုံးထိတဲ့လူက ချက်ချင်းပဲ အသွင်ပြောင်းသွားပြီး ဖောက်ပြန်မျိုးရိုးဗီဇတွေက ထိန်းချုပ်မရအောင် လျင်မြန်စွာ ကြီးထွားလာပြီး နောက်ဆုံးမှာ အစွမ်းပိုင်ရှင်ကို သန္ဓေပြောင်းလူသားအဖြစ် ပြောင်းလဲသွားစေတယ်"

"သန္ဓေပြောင်းလူသား"

လီချင်းဟွာနှင့် ထူလုံတို့ နှစ်ဦးစလုံး မျက်နှာပျက်သွားကြသည်။

သူတို့က သန္ဓေပြောင်းလူသား ဆိုသည်မှာ မည်သည်ကို သေချာပေါက် သိထားကြသည်။

မဟာရေဘေးကြီး အစောပိုင်းကာလတွင် အစွမ်းပိုင်ရှင်များ စတင် ပေါ်ပေါက်လာချိန်၌ အစွမ်းပိုင်ရှင်များအနေဖြင့် အစွမ်းပိုင်ရှင်တစ်ဦး ဖြစ်လာစေရန် နိုးထခြင်း လုပ်ငန်းစဉ်ကို ဖြတ်သန်းရပေသည်။

နိုးထခြင်းကို ချောမွေ့စွာ ဖြတ်သန်းနိုင်ပါက စွမ်းအားကြီးမားသော သန္ဓေပြောင်းစွမ်းအင်ကို သဘာဝအလျောက် ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။

သို့သော် နိုးထခြင်း ကျရှုံးပြီး စိတ်ဓာတ်ပြိုလဲသွားပါက မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားကာ ဖောက်ပြန်မျိုးရိုးဗီဇများ ရူးသွပ်စွာ ကြီးထွားလာပြီး နိုးထသူကို မျိုးရိုးဗီဇ၏ အလိုဆန္ဒအတိုင်း လှုပ်ရှားသော မိစ္ဆာကောင်အဖြစ်သို့ ပြောင်းလဲသွားစေသည်။

ထိုသို့သော မိစ္ဆာကောင်သည် ဖောက်ပြန်မျိုးရိုးဗီဇများ၏ စည်းကမ်းမဲ့ ဆင့်ကဲပြောင်းလဲမှုနှင့်အတူ လိုက်ပါပြောင်းလဲပြီး နောက်ဆုံးတွင် အမျိုးမျိုးသော ထူးခြားသည့် မိစ္ဆာကောင်များအဖြစ် ဖြစ်တည်လာပေသည်။

အစွမ်းပိုင်ရှင်များအတွက်မူ အစွမ်းများကို အောင်မြင်စွာ နိုးထနိုင်ပြီး အစွမ်းပိုင်ရှင်တစ်ဦး ဖြစ်လာပါက အချိန်တိုအတွင်းတွင် ဖောက်ပြန်မျိုးရိုးဗီဇများ၏ ခြိမ်းခြောက်မှုကို စိုးရိမ်ရန် မလိုအပ်တော့ပေ။

မျိုးရိုးဗီဇမျိုးစေ့ အဆင့်သို့ အဆင့်တက်ချိန် ရောက်မှသာ ဖောက်ပြန်မျိုးရိုးဗီဇများ၏ ခြိမ်းခြောက်မှုက ထပ်မံ ပေါ်ပေါက်လာမည် ဖြစ်သည်။

သို့သော် ထပ်မံ အဆင့်တက်နိုင်ပြီး မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းနိုင်ပါက ဖောက်ပြန်မျိုးရိုးဗီဇများ၏ ခြိမ်းခြောက်မှုက ထပ်မံ ပျောက်ကွယ်သွားမည် ဖြစ်သည်။

မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်သို့ ရောက်သည့်တိုင်အောင် ဖောက်ပြန်မျိုးရိုးဗီဇများက အစွမ်းပိုင်ရှင်ကို ထပ်မံ နှောင့်ယှက်လာမည် ဖြစ်သည်။

ဤအဆင့်က ဖောက်ပြန်မျိုးရိုးဗီဇများ၏ နောက်ဆုံး ရုန်းကန်မှုအဆင့်ဟု ဆိုနိုင်သည်။

အစွမ်းပိုင်ရှင်သည် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းကို ပြီးမြောက်သွားပါက ဖောက်ပြန်မျိုးရိုးဗီဇ အားလုံးက အစွမ်းပိုင်ရှင်၏ ခန္ဓာကိုယ်ကို မည်သည့်အခါမျှ ထပ်မံ လှုပ်ခတ်နိုင်တော့မည် မဟုတ်ပေ။

အစွမ်းပိုင်ရှင်များ၏ ကျင့်ကြံခြင်း လုပ်ငန်းစဉ် တစ်လျှောက်လုံးတွင် ဖောက်ပြန်မျိုးရိုးဗီဇများ၏ လွှမ်းမိုးမှု ရှိနေသည်ဟု ဆိုနိုင်သည်။

ပုံမှန်အချိန်များတွင် ပေါ်လာမည် မဟုတ်သော်လည်း ရှေ့သို့ ခြေတစ်လှမ်း တက်လှမ်းကာ ပိုမိုမြင့်မားသော အဆင့်သို့ ဆင့်ကဲပြောင်းလဲလိုသည့် အချိန်တိုင်းတွင် ဤဖောက်ပြန်မျိုးရိုးဗီဇများက ထွက်ပေါ်လာတတ်သည်။

သို့သော် လီချင်းဟွာ ဖြစ်စေ၊ ထူလုံ ဖြစ်စေ မည်သူကမျှ ဤအချက်ကို အသုံးချကာ လက်နက်တစ်မျိုး တီထွင်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။

ဖောက်ပြန်မျိုးရိုးဗီဇများကို ပေါက်ကွဲထွက်မတတ် နိုးကြွလာစေရန် လှုံ့ဆော်ပေးနိုင်သည့် လက်နက်တစ်မျိုးပင် ဖြစ်သည်။

တစ်ခဏချင်းမှာပင် လီချင်းဟွာနှင့် ထူလုံတို့ နှစ်ဦးစလုံး မနေနိုင်ဘဲ လေးနက်တည်ကြည်သော မျက်နှာအမူအရာများ ထွက်ပေါ်လာကြသည်။

လီချင်းဟွာက မနေနိုင်ဘဲ မေးသည်။ "ကျွန်းပိုင်ရှင်ချွီ... ဒီလက်နက်အကြောင်း အသေးစိတ် နည်းနည်းလောက် ပြောပြလို့ရမလား"

ထူလုံကလည်း မနေနိုင်ဘဲ မေးသည်။ "ဒါက ဘာလက်နက်ကြီးလဲဗျ... ဖောက်ပြန်မျိုးရိုးဗီဇတွေ နိုးကြွပြီး သန္ဓေပြောင်းသွားအောင် လှုံ့ဆော်နိုင်တယ်ဆိုတာ တကယ်လား"

ချွီကျင့်က ခါးသီးစွာ ပြုံးလျက် ဆိုသည်။ "ဒီလက်နက်က ဓာတ်ရောင်ခြည် စွမ်းအင် ပေါက်ကွဲမှုပုံစံ တစ်မျိုးပဲ... ဗုံးပေါက်ကွဲပြီးသွားရင် ဓာတ်ရောင်ခြည်လှိုင်းတွေက လေထုထဲမှာ ပျံ့နှံ့သွားပြီး အချိန်ပြည့် အစွမ်းပိုင်ရှင်တွေရဲ့ ခန္ဓာကိုယ်ထဲက မျိုးရိုးဗီဇတွေကို နှောင့်ယှက်နေတော့တာ"

"မျိုးရိုးဗီဇ သန္ဓေပြောင်းတယ် ဆိုတာကို မိတ်ဆွေတို့ သိကြတယ် မဟုတ်လား... မဟာရေဘေးကြီး မတိုင်ခင်ကတည်းက ဒီသဘောတရား ရှိခဲ့တာပဲ... ဒီကောင်တွေက ဘယ်လိုလုပ်ပြီး ဒီလိုလက်နက်မျိုး တီထွင်နိုင်သွားမှန်းတောင် မသိရဘူး"

"သူတို့မှာ လူသားဆန်မှု ဆိုတာ လုံးဝ မရှိဘူး... ကျုပ်တို့ရဲ့ ရေပေါ်ကျွန်းကို တိုက်ခိုက်တုန်းက ဒီဓာတ်ရောင်ခြည်ဗုံးတွေကို သုံးပြီး တိုက်ရိုက် တိုက်ခိုက်ခဲ့တာ... ရေပေါ်ကျွန်းက ဗုံးကြဲခံလိုက်ရတာနဲ့ ကျွန်းပေါ်က အစွမ်းပိုင်ရှင်တွေ အကုန်လုံးက ဒီဗုံးရဲ့ လွှမ်းမိုးမှုကို ခံရတော့တာပဲ"

"ပြီးတော့ အစွမ်းပိုင်ရှင် အများအပြားက ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားပြီး အချင်းချင်း ပြန်သတ်ကြတယ်... ဒီလိုနည်းနဲ့ အဲဒီကောင်တွေက ဘာအားစိုက်ထုတ်မှုမှ မလိုဘဲ ရေပေါ်ကျွန်းကို အလွယ်တကူ သိမ်းပိုက်သွားနိုင်တာ"

လီချင်းဟွာနှင့် ထူလုံတို့ မနေနိုင်ဘဲ အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ရန်သူများက ဤကဲ့သို့သော နည်းလမ်းဖြင့် ကျူးကျော်ဝင်ရောက်လာမည်ဟု ထင်မှတ်မထားခဲ့ကြပေ။

လီချင်းဟွာက မျက်မှောင်ကြုတ်လျက် မေးသည်။ "ဒီလိုဆိုရင်... သူတို့က ကျွန်းတွေကိုပဲ လိုချင်တာလား... လူသားအရင်းအမြစ်တွေကို မလိုချင်ဘူးလား"

"လိုချင်တာပေါ့... ဒါပေမဲ့ ဒီဓာတ်ရောင်ခြည်ဗုံးနဲ့ ဗုံးကြဲခံရပြီးရင်တော့ ကျွန်းပေါ်က အစွမ်းပိုင်ရှင်တွေက အခြေခံအားဖြင့် အကုန်လုံး သေဆုံးကုန်ပြီး သာမန်လူ တချို့ပဲ ကျန်တော့တာ"

"အဲဒီအချိန်ကျမှ သူတို့က သာမန်လူတွေကို လာခေါ်သွားကြတာ... ကျွန်းပေါ်က သန္ဓေပြောင်းလူသားတွေ ကိုယ့်ဘာသာ သေဆုံးကုန်တဲ့ အချိန်ကျမှ ရေပေါ်ကျွန်းကို ပြန်လည်လွှဲပြောင်း ရယူပြီး သူတို့ရဲ့ ကျူးကျော်မှုကို အဆုံးသတ်ကြတာ"

"ဒါပေမဲ့ ဒီလိုလုပ်ရင် လူတွေ အများကြီး သေဦးမှာပဲ မဟုတ်လား" ထူလုံက မျက်မှောင်ကြုတ်လျက် ဆိုသည်။

"ဒါပေါ့... ဒါပေမဲ့ အရိပ်တပ်ဖွဲ့ကောင်တွေ မျက်လုံးထဲမှာတော့ ကျုပ်တို့လူတွေ သေရင်လည်း သေပါစေ ဆိုတဲ့ သဘောပဲ... သူတို့က ဒါကို ရက်စက်တယ်လို့တောင် ထင်နေမှာ မဟုတ်ဘူး" ချွီကျင့်က နာကြည်းစွာ ဆိုသည်။

ထူလုံက ထိုစကားကို ကြားသောအခါ မနေနိုင်ဘဲ ကျိန်ဆဲသည်။ "တောက်... ခွေးကောင်တွေ"

လီချင်းဟွာက တစ်စုံတစ်ခုကို စဉ်းစားနေပုံရပြီး ချက်ချင်း ထပ်မေးသည်။ "ကျွန်းပိုင်ရှင်ချွီ... ဒီဓာတ်ရောင်ခြည်ဗုံး အပြင်ကို အရိပ်တပ်ဖွဲ့သားတွေမှာ တခြား ဘာနည်းလမ်းတွေ ရှိသေးလဲ"

ချွီကျင့်က ခါးသီးစွာ ပြုံးသည်။ "ဒီဓာတ်ရောင်ခြည်ဗုံး တစ်ခုတည်းနဲ့တင် ကျုပ်တို့အားလုံးကို သတ်ပစ်နိုင်နေပြီလေ... တခြား နည်းလမ်းတွေ ဘာလိုတော့မှာလဲ"

"အင်းပေါ့... သူတို့ရဲ့ အခြား သင်္ကေတနည်းပညာ အဆင့်အတန်းကလည်း အရမ်းမြင့်တယ်... ယာဉ်ပျံတွေ၊ ရေငုပ်သင်္ဘောတွေ၊ လေယာဉ်တင်သင်္ဘောကြီးတွေ၊ စွမ်းအင်ကျောက်တုံးနဲ့ မောင်းနှင်တဲ့ ဧရာမ စက်ယန္တရားကြီးတွေကို တီထွင်နိုင်ရုံတင် မကဘူး... သင်္ကေတလက်နက် တွေလည်း အများကြီး ရှိသေးတယ်"

ချွီကျင့်က ထိုအရာများကို ပြောပြီးနောက် လီချင်းဟွာကို ထပ်မံ ကြည့်ရှုကာ မေးသည်။ "ညီလေး... ကျုပ် တစ်ခွန်းပဲ မေးမယ်... ဒီအရိပ်တပ်ဖွဲ့သားတွေက ဓာတ်ရောင်ခြည်ဗုံး လက်နက်တွေကို အသုံးပြုလာရင် မင်းတို့ ထိုက်ယန်တောင်မှာ ရင်ဆိုင်ဖို့ နည်းလမ်း ရှိရဲ့လား"

"တကယ်လို့ ရှိမယ်ဆိုရင်တော့ ကျုပ်တို့အားလုံးက ဒီမှာနေရစ်ပြီး မင်းတို့နဲ့အတူ အဲဒီကောင်တွေကို ဝိုင်းသတ်ဖို့ ဆန္ဒရှိတယ်"

ဆက်ရန်...

All Chapters