← Chapters

အခန်း ၉၀၅

Vol. 46 Ch. 905

အခန်း ၉၀၅

Vol. 46 Ch. 905

အပိုင်း (၉၀၅) အရိပ်တပ်ဖွဲ့ အဖွဲ့သုံးဖွဲ့

ထိုက်ယန်တောင်၏ အရွယ်အစားက ထိုနေရာရှိ လူအားလုံး၏ မျှော်လင့်ထားမှုထက် သိသိသာသာ ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။

ရေပေါ်ကျွန်း ခြောက်ကျွန်းနှင့် လေပေါ်ကျွန်း ငါးကျွန်းက သူတို့ပိုင်ဆိုင်သော ရေပေါ်ကျွန်းများအားလုံး ပေါင်းလိုက်သည်ထက်ပင် ပိုမိုများပြားနေသေးသည်။

သို့သော် လီချင်းဟွာ ဆက်ပြောလိုက်သော စကားတစ်ခွန်းက သူတို့ကို ထပ်မံ၍ အံ့အားသင့်သွားစေခဲ့သည်။

လီချင်းဟွာက ရယ်မောရင်း ပြောလိုက်၏။ "ဒါက လင်ကျောင်းမြို့မှာရှိတဲ့ ကျွန်တော်တို့ ထိုက်ယန်တောင် ခိုလှုံရေးစခန်းရဲ့ နယ်မြေပါ"

"ခင်ဗျားတို့ မြောက်ဘက်ကို ဆက်သွားပြီး ယွီကျိုးပြည်နယ်ကို ရောက်သွားရင်တောင်... အဲဒီဘက်ကလည်း ကျွန်တော်တို့ ထိုက်ယန်တောင် ခိုလှုံရေးစခန်းရဲ့ နယ်မြေအောက်မှာပဲ ရှိနေတုန်းပဲ"

ချွီကျင့်၊ မုန်ဟူး တို့အဖွဲ့မှာ အံ့သြလွန်းသဖြင့် အသက်ရှုမှားသွားကြသည်။

ချွီကျင့်က မနေနိုင်ဘဲ မေးလိုက်သည်။ "ခင်ဗျားတို့ ခိုလှုံရေးစခန်းက ယွီကျိုးပြည်နယ်အထိတောင် တိုးချဲ့ထားပြီးပြီလား"

မုန့်ဟူကလည်း ဝင်မေးသည်။ "ယွီကျိုးပြည်နယ်မှာ ဒေသခံအဖွဲ့အစည်းတွေ မရှိဘူးလား... သူတို့က ခင်ဗျားတို့ကို ဘယ်လိုလုပ်ပြီး တိုးချဲ့ခွင့်ပြုထားတာလဲ"

လီချင်းဟွာက ပြုံးရင်း "ဒီကြားထဲမှာ ကိစ္စတွေ အများကြီး ဖြစ်ခဲ့တယ်... နောက်မှ အားတဲ့အခါ ခင်ဗျားတို့ သေချာလေ့လာကြည့်လို့ ရပါတယ်... ကျွန်တော် သိပ်ပြီး အများကြီး မပြောတော့ပါဘူး"

"အခုလောလောဆယ် ကျွန်တော်က အရိပ်တပ်ဖွဲ့တွေရဲ့ အခြေအနေကို အဓိက သိချင်တယ်... ပြီးတော့ ခင်ဗျားတို့ ဆက်သွားလို့ ရပါပြီ... ရှေ့မှာ ကျွန်တော်တို့လူတွေ လမ်းပြပေးလိမ့်မယ်"

ချွီကျင့်တို့အဖွဲ့က နားလည်ကြောင်း ပြသသည့်အနေဖြင့် ခေါင်းတဆတ်ဆတ် ညိတ်လိုက်ကြသည်။

ထို့နောက် ရေပေါ်ကျွန်း ခြောက်ကျွန်းလုံး ထိုက်ယန်တောင် စက်ဝန်းကျွန်းဆီသို့ ဦးတည် ခုတ်မောင်းသွားကြလေသည်။

ထိုအချိန်တွင် ချွီကျင့်တို့က လီချင်းဟွာတို့ကို အရိပ်တပ်ဖွဲ့သားများ၏ အခြေအနေအကြောင်း စတင် ရှင်းပြကြတော့သည်။

"လောလောဆယ် ကျွန်တော်တို့ သိထားရသလောက်တော့ အရိပ်တပ်ဖွဲ့သားတွေမှာ အဓိကအားဖြင့် အင်အားစု သုံးစု ကွဲနေတယ်"

"အဲဒီအင်အားစု သုံးစုက မင်ချွန်း... ဟေးထျန် နဲ့ ဟိုင်လုံ အဖွဲ့ သုံးဖွဲ့ပဲ"

"ဒီအဖွဲ့သုံးဖွဲ့က လူတွေဟာ လေပေါ်ကျွန်းတွေနဲ့ ရေပေါ်ကျွန်းတွေ အများကြီးကို ထိန်းချုပ်ထားတယ်... ပြီးတော့ သူတို့သုံးဖွဲ့က အဆက်အသွယ် အရမ်းများပြီး ဆက်ဆံရေးလည်း ခိုင်မာတယ်... အချင်းချင်း မဟာမိတ်ဖွဲ့ထားကြပြီး အတူတကွ ပူးပေါင်းလှုပ်ရှားကြတာ"

"သူတို့မှာ ကြွေးကြော်သံတစ်ခု ရှိတယ်... မဟာအရိပ်တပ်ဖွဲ့ အင်ပါယာကြီးကို ပြန်လည်တည်ဆောက်မယ် ဆိုပြီးတော့လေ"

"အခု ကျွန်တော်တို့ကို အမြဲတမ်း လိုက်လံတိုက်ခိုက်နေတာက မင်ချွန်းနဲ့ ဟေးထျန် အဖွဲ့နှစ်ဖွဲ့က လူတွေပဲ"

"ဒီကောင်တွေက လုံးဝကို ရူးသွပ်နေကြပြီ... အရင်ခေတ်က စစ်သွေးကြွ စိတ်ဓာတ်တွေ ပြန်လည်နိုးထလာသလိုပဲ... အသေသာခံမယ် အရှုံးမပေးဘူးဆိုတဲ့ ပုံစံမျိုး... သူတို့လူတွေ အကုန်လုံး အယူဝါဒ ရိုက်သွင်းခံထားရသလိုပဲ ခံစားရတယ်"

လီချင်းဟွာက မျက်မှောင်ကြုတ်လိုက်ပြီး "စစ်သွေးကြွဝါဒတွေ ပြန်လည် ရှင်သန်လာတာလား"

ထုလုံက ဒေါသတကြီး ဆဲဆိုလိုက်သည်။ "တောက်... ဒီလူယုတ်မာတွေက ငါတို့ပြည်မကြီးကို သိမ်းပိုက်ချင်တဲ့ ရည်ရွယ်ချက် မသေသေးဘူးပဲ"

"ခွေးကောင်တွေ... အရင်တုန်းက ကပ်ဘေးကြီး မကျလာခင် အဏုမြူဗုံး တစ်လုံးလောက်နဲ့ ဒီအမှိုက်ကောင်တွေကို အပြတ်ရှင်းပစ်ခဲ့သင့်တာ"

ထုလုံက နာကြည်းစွာဖြင့် ကြိမ်းဝါးလိုက်သည်။

ထိုစကားက လူတိုင်း၏ ရင်ထဲသို့ ချက်ချင်း ထိမှန်သွားစေပြီး အသီးသီး ဝိုင်းဝန်း ဆဲဆိုကြတော့သည်။

လီချင်းဟွာက မေးလိုက်သည်။ "သူတို့မှာ လူဘယ်လောက်ရှိလဲ... မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရောက်နေတဲ့ အစွမ်းပိုင်ရှင် ဘယ်လောက်ရှိလဲ"

မုန့်ဟူက အလုအယက် ဖြေလိုက်သည်။ "ဒီတစ်ခေါက် ကျွန်တော်တို့ကို လိုက်တိုက်နေတာ ရေပေါ်ကျွန်း တစ်ကျွန်းတည်းပါ... နာမည်က ပေ့မင်အဖွဲ့တဲ့... မင်ချွန်းအဖွဲ့ရဲ့ လက်အောက်ခံ ရှေ့ပြေးတပ်ဖွဲ့ တစ်ခုပေါ့... ပေ့မင်အဖွဲ့ရဲ့ ကျွန်းပေါ်မှာ လူဘယ်လောက်ရှိလဲဆိုတာ အတိအကျ မသိရပေမယ့် ခန့်မှန်းခြေအားဖြင့် အနည်းဆုံး လူတစ်သောင်းကျော် ရှိတယ်... အဲဒီထဲမှာ တိုက်ခိုက်နိုင်တဲ့သူက ထက်ဝက်ကျော်လောက် ပါတယ်"

"ဒါ့အပြင် ကျွန်းပေါ်က လက်နက်ကိရိယာတွေက အရမ်းခေတ်မီတယ်... သင်္ကေတ လက်နက်တွေလည်း အများကြီး ရှိတယ်"

"ကျွန်းပိုင်ရှင် နာမည်က ပေ့မင်လန် တဲ့... သူ့အစွမ်းက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကို ရောက်နေတာ ကြာပြီ... တိုးတက်မှုနှုန်းကို ခန့်မှန်းရရင် (၆၀) ရာခိုင်နှုန်း အထက်မှာ ရှိလောက်တယ်... မင်ချွန်းအဖွဲ့ တစ်ခုလုံးမှာ ဒီလူက ထိပ်တန်း အစွမ်းပိုင်ရှင်လို့ သတ်မှတ်လို့ရတယ်"

"သူ့လက်အောက်မှာ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရောက်နေတဲ့ အစွမ်းပိုင်ရှင် အနည်းဆုံး ငါးဆယ်ကျော် ရှိတယ်... တစ်ယောက်ချင်းစီက တိုက်ပွဲအတွေ့အကြုံ ရင့်ကျက်တဲ့ ဝါရင့်တွေချည်းပဲ"

လီချင်းဟွာ၏ မျက်ဝန်းများတွင် သံသယအရိပ်အယောင်များ ပေါ်လာပြီး မနေနိုင်ဘဲ စကားဖြတ်ပြောလိုက်သည်။ "(၆၀) ရာခိုင်နှုန်း..."

မုန့်ဟူက ခေါင်းညိတ်လိုက်ပြီး လေးနက်သော မျက်နှာထားဖြင့် "ဟုတ်တယ်... အနည်းဆုံး (၆၀) ရာခိုင်နှုန်း ရှိတယ်... ဒီအဆင့်က နယ်ပယ်တစ်ခုရဲ့ ခေါင်းဆောင်အဆင့် ဖြစ်နေပြီ... ကျွန်တော်တို့အထဲမှာ သူ့ကို မျက်နှာချင်းဆိုင် ရင်ဆိုင်ပြီး အသက်ရှင်လျက် ထွက်ပြေးနိုင်တာဆိုလို့ ပုန်းကွယ်ထွက်ပြေးတာ ကျွမ်းကျင်တဲ့ အမှောင်ချောက်နက်ကျွန်းပိုင်ရှင် ဦးလေးဖူ ပဲ ရှိလိမ့်မယ်"

ထိုသို့ပြောရင်း သူက မလှမ်းမကမ်းတွင် အမြဲတမ်း တိတ်တိတ်ဆိတ်ဆိတ် နေတတ်သော အဘိုးအို တစ်ဦးကို လက်ညှိုးထိုးပြလိုက်သည်။

ထိုအဘိုးအိုသည် အမြဲတမ်း စကားပြောဆိုခြင်း မရှိသလို ဆွေးနွေးမှုများတွင်လည်း ဝင်ရောက်ပါဝင်လေ့ မရှိပေ။ သူ ထိုနေရာတွင် ထိုင်နေသော်လည်း တိတ်ဆိတ်လွန်းသဖြင့် လူတစ်ယောက်လုံး ပျောက်ကွယ်နေသကဲ့သို့ ခံစားရပြီး တည်ရှိမှု အရိပ်အယောင် အလွန်နည်းပါးလှသည်။

သို့သော် ၎င်းက အမှောင်ဓာတ် အစွမ်းပိုင်ရှင်တိုင်း မွေးရာပါ ပိုင်ဆိုင်ထားသော ထူးခြားသည့် သဘာဝဖြစ်သဖြင့် အထူးအဆန်းတော့ မဟုတ်ပေ။

လီချင်းဟွာက မုန့်ဟူကို တစ်ချက်ကြည့်လိုက်ပြီး ဘေးပတ်ဝန်းကျင်ရှိ အခြားသော ကျွန်းပိုင်ရှင်များကိုပါ ထပ်မံ ကြည့်ရှုလိုက်ရာ ရုတ်တရက် တစ်ခုခုကို နားလည်သဘောပေါက်သွားလေသည်။

သူက မေးလိုက်၏။ "စပ်စုရတာ အားတော့နာပါတယ်... ခင်ဗျားတို့ လမ်းတစ်လျှောက်လုံးမှာ တွေ့ခဲ့ဖူးတဲ့ အစွမ်းထက်ဆုံး အစွမ်းပိုင်ရှင်ရဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း တိုးတက်မှုနှုန်းက ဘယ်လောက်ရှိလဲ"

မုန့်ဟူက ကြောင်သွားပြီး တုံ့ဆိုင်းဆိုင်းဖြင့် "ဒါကို ဘယ်လိုပြောရမလဲ... ကျွန်တော်တို့က အမြဲတမ်း ထွက်ပြေးနေရတဲ့ လမ်းခရီးမှာဆိုတော့ လူတိုင်းရဲ့ ကျင့်ကြံမှု တိုးတက်နှုန်းက အမြဲတမ်း ပြောင်းလဲနေတယ်လေ... ပြီးခဲ့တဲ့လက ကျွန်တော်တို့ တွေ့ခဲ့တဲ့ အစွမ်းပိုင်ရှင်တွေဆိုရင် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း (၅၀) ရာခိုင်နှုန်းတောင် မပြည့်သေးဘူး"

"ဒါပေမဲ့ ကျွန်းပိုင်ရှင်ချွီ နဲ့ ကျွန်တော် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း (၅၀) ရာခိုင်နှုန်းကို ကျော်လွန်သွားပြီးတဲ့နောက် တစ်ဖက်လူတွေကို တစ်ကြိမ် ပြန်လည် တိုက်ထုတ်နိုင်ခဲ့တယ်... အဲဒါကြောင့် ဒီတစ်ခေါက် ပေ့မင်လန် ကိုယ်တိုင် ရောက်လာတာပဲ"

ထိုစကားကို ကြားလိုက်ရသောအခါ လီချင်းဟွာ တစ်ယောက် မည်သည့်နေရာတွင် လွဲချော်နေသနည်း ဆိုသည်ကို နောက်ဆုံးတော့ သဘောပေါက်သွားတော့သည်။

ဤလူများ၏ စွမ်းအားက သူထင်ထားသလောက် မသန်မာကြပေ။

သိထားသင့်သည်မှာ မုန်ယာကုမ္ပဏီ ဖြစ်စေ ခိုက်ရီနည်းပညာ ဖြစ်စေ ထိုက်ယန်တောင်ကို လာရောက်တိုက်ခိုက်သူများမှာ အနည်းဆုံး မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း (၅၀) ရာခိုင်နှုန်း အထက်ရှိသော ထိပ်တန်း အစွမ်းပိုင်ရှင်များသာ ဖြစ်ကြသည်။

ထို့အပြင် ဒါရိုက်တာကြီး ဆယ်ဦး ဆိုလျှင်လည်း အခြေခံအားဖြင့် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း (၆၀) ရာခိုင်နှုန်း အထက်ရှိသည့် ကြောက်မက်ဖွယ် စွမ်းအားများကို ပိုင်ဆိုင်ထားကြသည်။

ကျင်းရှီရုံ၏ ကိုယ်ပွားများ အကြောင်းဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။ ၎င်းတို့သည် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း (၈၀) ရာခိုင်နှုန်းအထိ ရောက်ရှိနေသည့် ကြောက်မက်ဖွယ် အဆင့်များ ဖြစ်ကြသည်။

ထို့ကြောင့် ပေ့မင်လန် ဆိုသူမှာ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း (၆၀) ရာခိုင်နှုန်းသာ ရှိသည်ဟု ရုတ်တရက် ကြားလိုက်ရသောအခါ ဤလူလုပ်ခဲ့သော လုပ်ရပ်များနှင့် သူ၏စွမ်းအားမှာ အနည်းငယ် ကွာဟနေသကဲ့သို့ ခဏတာ ခံစားလိုက်ရသည်။

"မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း (၆၀) ရာခိုင်နှုန်းလောက်ပဲ ရှိတဲ့ကောင်က ခင်ဗျားတို့ကို ဒီလောက်အထိ အသည်းအသန် ဖြစ်သွားအောင် လိုက်တိုက်နိုင်ခဲ့တယ်ပေါ့"

ဘေးနားရှိ ထုလုံသည်လည်း အံ့အားသင့်သွားပြီး မသိစိတ်မှပင် အာမေဍိတ်သံ ထွက်သွားလေသည်။

မုန့်ဟူက မနေနိုင်ဘဲ "အစ်ကို... (၆၀) ရာခိုင်နှုန်းက မမြင့်ဘူးလား... ပြီးတော့ ဒီ ပေ့မင်လန် ရဲ့ စွမ်းအားက အဲဒီထက် ပိုမြင့်ရင်မြင့်မယ်... နိမ့်ဖို့တော့ အကြောင်းမရှိဘူး"

"ကျွန်တော်တို့ဆီမှာ အစွမ်းထက်ဆုံးက ကျွန်းပိုင်ရှင်ချွီ ပဲ ရှိတာ... သူ့ရဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း တိုးတက်မှုနှုန်းကတောင် (၅၀) ရာခိုင်နှုန်း နည်းနည်းလေးပဲ ကျော်သေးတာလေ"

ထုလုံ၏ မျက်နှာအမူအရာက ချက်ချင်းပင် ထူးဆန်းသွားတော့သည်။

ဘေးနားရှိ လီချင်းဟွာသည်လည်း ဘာဆက်ပြောရမည်မှန်း မသိအောင် ဖြစ်သွားသည်။

အဘယ်ကြောင့်ဆိုသော် ထုလုံဖြစ်စေ၊ လီချင်းဟွာဖြစ်စေ ယခုအချိန်တွင် သူတို့၏ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း တိုးတက်မှုနှုန်းက (၅၀) ရာခိုင်နှုန်း အထက်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သောကြောင့်ပင်။

တစ်နည်းအားဖြင့် ပြောရလျှင် သူတို့နှစ်ယောက်ထဲမှ မည်သူမဆို ဤလူအုပ်စုထဲတွင် အစွမ်းထက်ဆုံး အဆင့်ဟု သတ်မှတ်၍ ရနေပြီ ဖြစ်သည်။

လီချင်းဟွာက မနေနိုင်ဘဲ မေးလိုက်၏။ "ခင်ဗျားတို့က ဘယ်လိုကျင့်ကြံကြတာလဲ... ကပ်ဘေးကြီးကျလာတာ အခုဆိုရင် နှစ်နှစ်ကျော်တောင် ရှိနေပြီ... ခင်ဗျားတို့က ကွမ်းတုံပြည်နယ်နဲ့ မင်ပြည်နယ်တွေမှာဆိုရင် ထိပ်တန်းအဆင့် လူတစ်စုလို့ သတ်မှတ်လို့ရတယ် မဟုတ်လား"

ချွီကျင့် နှင့် မုန့်ဟူ တို့အဖွဲ့မှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။

မုန့်ဟူက စိတ်မရှည်စွာဖြင့် "မဟုတ်သေးဘူးလေ ဆရာလီ... ခင်ဗျားက ကျွန်တော်တို့ရဲ့ ကျင့်ကြံမှုနှုန်း အရမ်းနှေးနေတယ်လို့ ထင်နေတာလား"

လီချင်းဟွာက အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်လိုက်သည်။ "ပွင့်ပွင့်လင်းလင်း ပြောရရင်... ကျွန်တော်တို့ဘက်က ထိပ်တန်းအစွမ်းပိုင်ရှင် တော်တော်များများက (၆၀) ရာခိုင်နှုန်း အထက်ကို ရောက်နေကြပြီ... ခင်ဗျားတို့ဘက်က အခြေအနေက ကျွန်တော်တို့ထက် အများကြီး နောက်ကျနေသလို ဖြစ်နေလို့ နည်းနည်းတော့ အံ့သြမိတာ"

မုန့်ဟူ အလွန်အမင်း အံ့အားသင့်သွားသည်။ "ဘာ... ခင်ဗျားတို့ဘက်က ထိပ်တန်းအစွမ်းပိုင်ရှင်တွေက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း (၆၀) ရာခိုင်နှုန်းတောင် ရောက်နေကြပြီလား"

ချွီကျင့်တို့အဖွဲ့မှာလည်း ထိတ်လန့်တုန်လှုပ်သွားကြသည်။ သူနှင့် မုန့်ဟူတို့သည် တောင်ပိုင်းရှိ အစွမ်းပိုင်ရှင်များကြားတွင် နာမည်ကျော်ကြားသော ပါရမီရှင်များဟု ဆို၍ရကြောင်း သိထားသင့်သည်။

သူတို့နှစ်ယောက်၏ ကျင့်ကြံမှု အရှိန်အဟုန်က ရွယ်တူများထက် များစွာ သာလွန်နေခဲ့ပြီ ဖြစ်သည်။

ဤနေရာရှိ အစွမ်းပိုင်ရှင်များအနက် ကျန်ရှိနေသော ကျွန်းပိုင်ရှင် လေးဦးဆိုလျှင် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း (၅၀) ရာခိုင်နှုန်းပင် မပြည့်ကြသေးပေ။

သူတို့သည် ကြက်အုပ်ထဲ ရောက်နေသော ဗျိုင်းများကဲ့သို့ ထူးခြားပြောင်မြောက်နေပြီ ဖြစ်သည်။

ထုလုံက အနည်းငယ် စဉ်းစားလိုက်ပြီး "ခင်ဗျားတို့ဆီမှာ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အမြန်နှုန်းကို မြှင့်တင်ပေးနိုင်တဲ့ ကိရိယာတွေ မရှိဘူးလား"

"ဘာ... အဲဒီလို ကိရိယာတွေတောင် ရှိတာလား"

ချွီကျင့်မှာ ထပ်မံ၍ အံ့အားသင့်သွားပြီး မယုံကြည်နိုင်စွာဖြင့် ထုလုံကို လှမ်းကြည့်လိုက်သည်။

ထိုအချိန်တွင် လီချင်းဟွာလည်း သဘောပေါက်သွားလေသည်။

သူတို့လူစု၏ ကျင့်ကြံမှုနှုန်း အလွန်မြန်ဆန်နေရခြင်းမှာ ထိုက်ယန်တောင်တွင် စွမ်းအင်စုဝေးအဆောက်အအုံ နှင့် မျိုးရိုးဗီဇ စစ်ဆေးရေးကိရိယာများ ရှိနေသောကြောင့် ဖြစ်သည်။ ထိုအရာများက အစွမ်းပိုင်ရှင်များကို လျင်မြန်စွာ ကျင့်ကြံနိုင်ရန်နှင့် ကျင့်ကြံမှုနှုန်းကို မြှင့်တင်ပေးရန် ကူညီပေးနိုင်လေသည်။

သို့သော် သူ၏ရှေ့မှ တောင်ပိုင်းမှ ရောက်လာသော လူများမှာမူ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ နိမ့်ကျသော နေရာများတွင် နေထိုင်ကြသဖြင့် ရေကြီးရေလျှံမှုကြောင့် မြေပြင်တစ်ခုလုံး အလွယ်တကူ ရေလွှမ်းမိုးခံခဲ့ရသည်။

ထိုကဲ့သို့ အခြေအနေမျိုးတွင် သူတို့ ထိန်းသိမ်းထားနိုင်ခဲ့သော နည်းပညာများမှာ မများပြားလှပေ။

ကပ်ဘေးကြီး မကျရောက်မီက အဆင့်မြင့် နည်းပညာများကို မထိန်းသိမ်းနိုင်ခဲ့ပါက ကပ်ဘေးအပြီး သင်္ကေတ နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အခက်အခဲများကလည်း သဘာဝကျကျ နောက်ကျကျန်ရစ်ခဲ့မည် ဖြစ်သည်။

၎င်းက သူတို့ကို ကပ်ဘေးကြီးအပြီး ကာလများတွင် ဖြတ်သန်းရ အလွန်ခက်ခဲစေခဲ့ပြီး စားဝတ်နေရေး ပြဿနာများပင် ကြုံတွေ့လာရသည့် တစ်ချိန်တည်းမှာ သင်္ကေတ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုသည်လည်း အလိုအလျောက် နှေးကွေးသွားစေခဲ့သည်။

လီချင်းဟွာ ထိုအချက်ကို သဘောပေါက်သွားသောအခါ ယခင်က လင်းယွမ် အားလုံးကို ပြောခဲ့ဖူးသည့် စကားဖြစ်သော... မြောက်ဘက်သို့ သွားလေလေ... ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ မြင့်မားသော နေရာများတွင် နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု အဆင့်အတန်း ပိုမိုမြင့်မားနိုင်သည် ဆိုခြင်းကို ပို၍ နားလည်လာတော့သည်။

အဘယ်ကြောင့်ဆိုသော် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ မြင့်မားခြင်းက သူတို့ကို ချက်ချင်း ရေလွှမ်းမိုးခြင်း မခံရစေဘဲ အစောပိုင်း ကပ်ဘေးအခြေအနေများကို ရင်ဆိုင်ရန် လုံလောက်သော ကြိုတင်ပြင်ဆင်ချိန်များ ရရှိစေနိုင်သောကြောင့် ဖြစ်သည်။

လီချင်းဟွာက အကြောင်းအရာပြောင်းကာ မေးလိုက်သည်။ "တခြားအခြေအနေတွေကိုရော ပြောပြပါဦး"

"ပေ့မင်လန် က ကျွန်တော်တို့ကို အဆက်မပြတ် လိုက်လံတိုက်ခိုက်နေပြီး... အရိပ်တပ်ဖွဲ့ရဲ့ တခြားအင်အားစုတွေကတော့ အနောက်ဘက်ကနေ ကျွန်တော်တို့ရဲ့ ရေပေါ်ကျွန်း အရင်းအမြစ်တွေကို လုယက်သိမ်းပိုက်ပြီး သူတို့အင်အားဖြစ်အောင် စုပ်ယူနေကြတယ်"

"အရိပ်တပ်ဖွဲ့ အဖွဲ့သုံးဖွဲ့ရဲ့ ခေါင်းဆောင်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေရော မရှိဘူးလား" ထုလုံက မနေနိုင်ဘဲ မေးလိုက်သည်။

မုန့်ဟူက စိတ်ပျက်လက်ပျက်ဖြင့် "ကျွန်တော်တို့ သိထားတာကလည်း သိပ်မများပါဘူး... အရိပ်တပ်ဖွဲ့ အဖွဲ့သုံးဖွဲ့ရဲ့ ခေါင်းဆောင်တွေ နာမည်ကိုပဲ သိတယ်... တိတိကျကျ ဘာအစွမ်းတွေ ရှိတယ်... ဘာစွမ်းရည်တွေ ရှိတယ် ဆိုတာကိုတော့ သေချာ မသိဘူး"

"ဒီအဖွဲ့သုံးဖွဲ့ရဲ့ ခေါင်းဆောင်တွေကတော့ မင်ချွန်းကျွင်း... ဟေးထျန်ချင်းလီ နဲ့ ဟိုင်လုံရှို့ဖျင် တို့ပဲ... ဒီအင်အားစု သုံးစုကိုလည်း သူတို့သုံးယောက်ရဲ့ နာမည်တွေကို အစွဲပြုပြီး မှည့်ခေါ်ထားကြတာ"

လီချင်းဟွာက နာမည်သုံးခုကို စိတ်ထဲမှ တိတ်တဆိတ် တစ်ကြိမ် ရေရွတ်မှတ်သားလိုက်ပြီးနောက် အခြားမေးခွန်းအချို့ကိုလည်း သေချာ ဂရုတစိုက် ထပ်မံ မေးမြန်းလိုက်သည်။

ဥပမာအားဖြင့် ခေါင်းဆောင်သုံးဦး၏ လက်အောက်တွင် လူမည်မျှရှိသနည်း၊ ရေပေါ်ကျွန်းနှင့် လေပေါ်ကျွန်း မည်မျှရှိသနည်း စသည်တို့ ဖြစ်သည်။

အရိပ်တပ်ဖွဲ့သားများ၏ လက်နက်တပ်ဆင်မှုများက မည်သို့ပုံစံ ရှိသနည်း၊ အခြား ထူးခြားပြောင်မြောက်သော သင်္ကေတ နည်းပညာများ ရှိသေးသလား စသည့် အချက်အလက်များပင် ဖြစ်သည်။

ကိုယ့်အင်အားကို သိပြီး ရန်သူ့အင်အားကို သိမှသာ တိုက်ပွဲတိုင်းတွင် အရှုံးမရှိနိုင်မည် ဆိုသည်ကို သူ ကောင်းကောင်း နားလည်ထားသည်။

ထိုက်ယန်တောင်၏ ရန်သူ အများစုမှာ အစပိုင်းတွင် ထိုက်ယန်တောင်ကို အထင်သေးခဲ့ကြသဖြင့် တဖြည်းဖြည်း ကျော်တက်ခြင်းကို ခံလိုက်ရပြီး နောက်ဆုံးတွင် ထိုက်ယန်တောင်၏ လက်အောက်၌ ရှုံးနိမ့်သွားခဲ့ရခြင်း ဖြစ်သည်။

ယခုအခါ ထိုက်ယန်တောင်မှာ အင်အားကြီးမားလာပြီ ဖြစ်သော်လည်း ဤမျှနှင့် လုံးဝ မာနမထောင်လွှားသင့်ပေ။

"ကောင်းပြီ... ယေဘုယျ အခြေအနေတွေကိုတော့ ကျွန်တော်တို့ သိသလောက် သိရပါပြီ... နောက်တစ်ဆင့်အနေနဲ့ အခြေအနေ အတိအကျကို သိရဖို့အတွက် ဒီ အရိပ်တပ်ဖွဲ့သားတွေနဲ့ တိုက်ပွဲတစ်ပွဲတော့ ဆင်နွှဲဖို့ လိုအပ်လိမ့်မယ်"

ထုလုံက မတ်တတ်ထရပ်ကာ "ဒါဆို ကျွန်တော် လူခေါ်ပြီး သွားထောက်လှမ်းလိုက်ရမလား"

လီချင်းဟွာက "မလုပ်နဲ့... ကျွန်တော်ပဲ သွားလိုက်မယ်... ထိုက်ယန်တောင်ကို ရောက်ဖို့လည်း နီးနေပြီဆိုတော့ ခင်ဗျားပဲ ကျွန်းပိုင်ရှင်တွေကို ခေါ်ပြီး အရင် လိုက်ပြလိုက်ပါ"

ထုလုံ မျက်မှောင်ကြုတ်သွားပြီး "မလုပ်ပါနဲ့ဗျာ... ဧည့်ခံတဲ့ အလုပ်မျိုးတွေကို ကျွန်တော် မလုပ်တတ်ဘူး... ဦးလေးမာ တို့ကိုပဲ လုပ်ခိုင်းလိုက်ပါ"

"ကျွန်တော် ခင်ဗျားနဲ့ပဲ လိုက်သွားပြီး ဒီ အရိပ်တပ်ဖွဲ့က လူယုတ်မာတွေရဲ့ စွမ်းအားကို သွားစမ်းသပ်ကြည့်တာ ပိုကောင်းမယ်"

လီချင်းဟွာက အနည်းငယ် စဉ်းစားလိုက်ပြီး "ဒါလည်း ရတာပါပဲ"

ထို့ကြောင့် လီချင်းဟွာ နှင့် ထုလုံ တို့သည် ချွီကျင့်၊ မုန့်ဟူ တို့၏ ရေပေါ်ကျွန်းများကို ထိုက်ယန်တောင် စက်ဝန်းကျွန်းနှင့် (၆၀) မိုင်ခန့် အကွာအဝေးရှိ နေရာတွင် နေရာချထားပေးလိုက်ကြသည်။

ထို့နောက် ကျွန်းပိုင်ရှင်အဆင့်ရှိသူ အချို့ကို ထိုက်ယန်တောင်သို့ ဧည့်သည်အဖြစ် အလည်အပတ် လာရောက်ရန် ဖိတ်ခေါ်လိုက်ကြသည်။

သို့သော် ချွီကျင့်တို့ အဖွဲ့မှာ ကာကွယ်လိုစိတ်၊ သတိထားလိုစိတ်များ ရှိနေဆဲဖြစ်သဖြင့် သူတို့အားလုံး အတူတကွ သွားရောက်ရန် ချိန်းဆိုလိုက်ကြသည်။

ထို့ကြောင့် ထိုလူအုပ်ကြီးသည် ကပ်ဘေးကြီး မတိုင်မီက ကုန်တင်သင်္ဘောကြီး တစ်စင်းပေါ်သို့ အလုံးအရင်းဖြင့် တက်ရောက်ကာ ထိုက်ယန်တောင် ရှိရာသို့ တစ်ဟုန်ထိုး ခုတ်မောင်းသွားကြလေတော့သည်။

ဆက်ရန်...

All Chapters