← Chapters

အခန်း ၉၀၈

Vol. 46 Ch. 908

အခန်း ၉၀၈

Vol. 46 Ch. 908

အပိုင်း (၉၀၈) အချိန်အကန့်အသတ်ရှိသည်

ထိုက်ယန်တောင်မှ အရေးပေါ်သတင်း။

လင်းယွမ်က အနည်းငယ် မှင်သက်သွားသည်။

ယခုအခါ မုန်ယာကုမ္ပဏီနှင့် ခိုက်ရီနည်းပညာ နှစ်ခုစလုံးကို သူ သိမ်းပိုက်လိုက်နိုင်ပြီ ဖြစ်သည်။

ဘာအရေးပေါ်ကိစ္စ ရှိနိုင်သေးလို့လဲ။

နေပါဦး... ဝူယောင်ပန်း များလား။

လင်းယွမ်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး ချက်ချင်း မေးလိုက်သည်။ "ဘာကိစ္စလဲ"

"လင်ကျန်းမြို့ထဲကို ရေပေါ်ကျွန်း ခြောက်ကျွန်း ဝင်ရောက်လာပါတယ်... ကျွန်တော်တို့လူတွေက တားဆီးပြီး မေးမြန်းကြည့်တော့မှ ဒီလူတွေက အရှေ့ပိုင်းပြည်နယ်တွေနဲ့ တောင်ပိုင်းပြည်နယ်တွေဘက်ကနေ ထွက်ပြေးလာကြတာလို့ သိရတယ်" ဟု ကူဖုန်းက ချက်ချင်း ပြန်ဖြေလိုက်သည်။

လင်းယွမ်က သံသယဖြင့် မေးလိုက်သည်။ "မင်ပြည်နယ်နဲ့ ကွမ်းတုံပြည်နယ်က ဟုတ်လား... ထွက်ပြေးလာတာလား"

ကူဖုန်းက အလျင်အမြန်ပင် "ဟုတ်ပါတယ်... ထွက်ပြေးလာကြတာပါ... သတင်းပို့တဲ့သူ ပြောပုံအရတော့... အဲဒီ ထွက်ပြေးလာတဲ့သူတွေက အရိပ်တပ်ဖွဲ့ ရဲ့ တောက်လျှောက် လိုက်လံတိုက်ခိုက်တာကို ခံရပြီးမှ လင်ကျန်းမြို့ဆီ ရောက်လာတာလို့ ဆိုပါတယ်"

"လက်ရှိမှာတော့ ခေါင်းဆောင် လီချင်းဟွာတို့ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းနေပြီး သတင်းကို အရေးပေါ် လာပို့တာပါ"

ထိုစကားကို ကြားလိုက်ရသဖြင့် လင်းယွမ်က မျက်လုံးများကို ကျဉ်းမြောင်းလိုက်မိသည်။ "အရိပ်တပ်ဖွဲ့ ဟုတ်လား"

ဘေးနားရှိ ဝမ်လင်းအာကလည်း အံ့သြတကြီးဖြင့် ဝင်မေးလိုက်သည်။ "အရိပ်တပ်ဖွဲ့ရဲ့ အခြေစိုက်ကျွန်းက ရေဘေးကြီးထဲမှာ မပျက်စီးသွားဘူးလား"

သို့သော် လင်းယွမ်ကမူ အံ့သြသွားခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ယခင်ကတည်းက တောင်ဘက်မှ သင်္ဘောများသည် ထိုက်ယန်တောင် ဆိပ်ကမ်းသို့ ဝင်ရောက်ကာ ကုန်ပစ္စည်းများ ဖလှယ်ခဲ့ကြဖူးပြီး ထိုအချိန်ကတည်းက ထိုလူများထံမှ အရိပ်တပ်ဖွဲ့က ထိုဒေသတွင် ပြဿနာရှာနေကြောင်း ကြားသိခဲ့ရပြီး ဖြစ်သည်။

ယခုလောက်အထိ အင်အားကြီးထွားလာလိမ့်မည်ဟုတော့ သူ မထင်ထားခဲ့မိပေ။ ကွမ်းတုံပြည်နယ်နှင့် မင်ပြည်နယ် နယ်မြေများကို ကျူးကျော်ဝင်ရောက်လာရုံသာမက ပြည်နယ်နှစ်ခုမှ အသက်ရှင်ကျန်ရစ်သူများကို အထက်ပိုင်းပြည်နယ်များဘက်အထိ တောက်လျှောက် လိုက်လံ တိုက်ခိုက်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။

လင်းယွမ်က ခဏမျှ စဉ်းစားလိုက်ပြီး "လင်းအာ... ငါ ထိုက်ယန်တောင်ကို ပြန်မှ ဖြစ်တော့မယ်... မင်းတို့က မုန်ယာကုမ္ပဏီနဲ့ ခိုက်ရီနည်းပညာဘက်မှာပဲ နေခဲ့ပြီး ဒီဘက်က အခြေအနေတွေကို တည်ငြိမ်အောင် ထိန်းထားပေးပါ" ဟု ပြောလိုက်သည်။

"ထိုက်ယန်တောင်ဘက်ကို ပြန်ရောက်လို့ အခြေအနေ အသေးစိတ်ကို သိရပြီဆိုမှ ဘာဆက်လုပ်ရမလဲ ဆိုတာကို ကိုယ် စီစဉ်တော့မယ်"

တကယ်တော့ ဝမ်လင်းအာသည် လင်းယွမ်နှင့်အတူ ပြန်လိုက်သွားချင်သော်လည်း လက်ရှိအချိန်တွင် ဤနေရာ၌ သူမကို ပိုလိုအပ်နေကြောင်း သိထားသည်။

ထို့ကြောင့် ခေါင်းညိတ်လိုက်ပြီး "ဒါဆိုရင်လည်း အစ်ကိုလင်းယွမ်... ဂရုစိုက်ပါနော်" ဟု ပြောလိုက်သည်။

လင်းယွမ်က ခေါင်းညိတ်ပြလိုက်ပြီး ကူဖုန်းဘက်သို့ လှည့်ကာ "ယာဉ်ပျံ ပြင်ဆင်ထားလိုက်... ငါ ထိုက်ယန်တောင်ကို ချက်ချင်း ပြန်မယ်" ဟု အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့ပါ ဆရာလင်း"

မကြာမီမှာပင် လင်းယွမ်သည် ယာဉ်ပျံပေါ်သို့ တက်ရောက်သွားပြီး ထိုက်ယန်တောင်ဆီသို့ လျင်မြန်စွာ ဦးတည်ပျံသန်းသွားလေသည်။

ထိုက်ယန်တောင် ရေပေါ်ကျွန်းမှာ အရင်လိုပင် စည်ကားနေဆဲ ဖြစ်သည်။ သို့သော် မြင့်မားသော ကောင်းကင်ယံရှိ ယာဉ်ပျံပေါ်မှ ကြည့်လိုက်လျှင် ထိုက်ယန်တောင်နှင့် မိုင်(၆၀) ခန့် အကွာအဝေးရှိ အဆုံးအစမထင်သော ရေပြင်ကြီးပေါ်တွင် ရပ်နားထားသော ဧရာမ ရေပေါ်ကျွန်း ခြောက်ကျွန်းကို လင်းယွမ် တွေ့မြင်နေရသည်။

ထိုကျွန်းများ၏ ဘေးပတ်ဝန်းကျင်တွင် လှေများ၊ သင်္ဘောများ အများအပြား ဝိုင်းရံထားကြပြီး ကောင်းကင်ယံတွင်လည်း ယာဉ်ပျံများ ပျံဝဲလျက်ရှိသည်။

ထိုက်ယန်တောင်မှ ဧရာမစစ်သင်္ဘောကြီး တစ်စင်းကလည်း ထိုရေပေါ်ကျွန်းများအနီးတွင် ရပ်နားထားပြီး သူတို့ကို စောင့်ကြည့်နေပုံရသည်။

ဤအခြေအနေအတွက် လင်းယွမ် အတော်လေး ကျေနပ်သွားမိသည်။ အနည်းဆုံးတော့ တင်းယန်တို့အဖွဲ့သည် သတိဝီရိယ လွတ်မသွားခဲ့ကြပေ။

မကြာမီ ယာဉ်ပျံသည် ထိုက်ယန်တောင် ရေပေါ်ကျွန်းသို့ ရောက်ရှိသွားပြီး လင်းယွမ်က ယာဉ်ပေါ်မှ လျင်မြန်စွာ ဆင်းလာခဲ့သည်။

သတင်းကို ကြိုတင်ရရှိထားသော တင်းယန်သည်လည်း အလျင်အမြန်ပင် ရောက်ရှိလာခဲ့သည်။

"ပြန်ရောက်ပြီလား"

သူမ၏ အေးစက်တည်ကြည်သော မျက်နှာထက်တွင် ရှားရှားပါးပါး အပြုံးတစ်ခု ပေါ်လွင်နေသည်။

အပြင်လူများရှေ့တွင် သူမသည် လက်လှမ်းမမီနိုင်လောက်အောင် မြင့်မြတ်ပြီး အေးစက်ရက်စက်သော ခေါင်းဆောင်တင်းယန် ဖြစ်သည်။

သို့သော် လင်းယွမ်၏ ရှေ့မှောက်တွင်မူ မိန်းမသားတစ်ဦး၏ နူးညံ့သိမ်မွေ့သော အသွင်အပြင်ကိုသာ ပြသလေ့ရှိသည်။

လင်းယွမ်က သူမကို ပြုံးပြလိုက်ပြီး "ဒီတလော မင်းတို့တွေ အတော်လေး ပင်ပန်းသွားကြပြီ" ဟု ပြောလိုက်သည်။

တင်းယန်က ခေါင်းကို အဆက်မပြတ် ခါယမ်းရင်း "ကျွန်မတို့က ဘာပင်ပန်းတာမှတ်လို့... ရှင်ကိုယ်တိုင် ကျင်းရှီရုံကို သွားရင်ဆိုင်ရတာကမှ တကယ် ပင်ပန်းတာပါ... ဟိုဘက်က အခြေအနေတွေကိုလည်း တချို့တလေ ကြားပြီးပြီ... အခု ဘယ်လိုနေသေးလဲ" ဟု မေးလိုက်သည်။

လင်းယွမ်က ရယ်မောလိုက်ပြီး "အခြေခံအားဖြင့်တော့ ဘာပြဿနာမှ မရှိတော့ပါဘူး... ကျင်းရှီရုံလည်း သေသွားပြီ... ခိုက်ရီနည်းပညာက ဂျိမ်းစ်ကလည်း ငါ့လက်အောက်ကို ရောက်လာပြီဆိုတော့... အခု ယွီကျိုးပြည်နယ်ဘက်က အခြေအနေတွေ အတော်လေး တည်ငြိမ်သွားပါပြီ"

"ဒါဆိုရင်လည်း တော်ပါသေးရဲ့... ဒါမှပဲ တောင်ဘက်ကနေ ရောက်လာတဲ့ အရိပ်တပ်ဖွဲ့ကို ရင်ဆိုင်ဖို့ ကျွန်မတို့ဘက်က အင်အားအပြည့် သုံးနိုင်မှာလေ" ဟု တင်းယန်က သက်ပြင်းချရင်း ပြောလိုက်သည်။

လင်းယွမ်က ကြားသည်နှင့် ချက်ချင်း မေးလိုက်သည်။ "ယာဉ်ပျံပေါ်မှာ အကြမ်းဖျင်းတော့ ကြားခဲ့ရတယ်... အခြေအနေ အတိအကျက ဘယ်လိုရှိလဲ"

တင်းယန်က လက်ရှိအခြေအနေများကို လင်းယွမ်အား အလျင်အမြန် ရှင်းပြလိုက်ပြီး ရေပေါ်ကျွန်း ခြောက်ကျွန်း၏ ကျွန်းသခင်များအကြောင်းကို အဓိကထား၍ ပြောပြလိုက်သည်။

နောက်ဆုံးတွင် သူမက "ထူလုံတို့လည်း လူခေါ်ပြီး တောင်ဘက်ကို အခြေအနေသွားစုံစမ်းနေပြီဆိုတော့ မကြာခင် သတင်းတွေ ရောက်လာလောက်ပါတယ်" ဟု ပြောလိုက်သည်။

လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး "ကြည့်ရတာ တောင်ဘက်က အခြေအနေတွေက တကယ်ကို မလွယ်တဲ့ပုံပဲ... ဒီလူတွေတောင် လင်ကျန်းမြို့ဆီရောက်အောင် တောက်လျှောက် ထွက်ပြေးလာရတယ် ဆိုတော့လေ" ဟု ပြောလိုက်သည်။

"အဲဒီလူတွေ အခု ဘယ်မှာလဲ"

"လီချင်းဟွာက သူတို့ကို ကျွန်မတို့ရဲ့ ထိုက်ယန်တောင် ရေပေါ်ကျွန်းကို လိုက်ပြနေတယ်... အခုလောလောဆယ်တော့ သူတို့အားလုံး ရှင်းမြွေမိစ္ဆာဟင်းလင်းပြင် ဘက်မှာ ရောက်နေကြတယ်"

လင်းယွမ်က ခေါင်းညိတ်ပြပြီး "မင်းပြောစကားတွေအရ ဆိုရင်တော့... တောင်ပိုင်းက မြို့တွေက ကပ်ဘေးအစပိုင်းမှာတင် အတော်လေး ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့ရတဲ့ပုံပဲ"

"သူတို့က အဆင့်မြင့် စက်ပစ္စည်းတွေကို အချိန်မီ မကာကွယ်နိုင်ခဲ့ကြတော့ အခုအချိန်မှာ တိုးတက်မှုနှုန်းက အမီမလိုက်နိုင်တော့ဘူးပေါ့"

တင်းယန်က ထောက်ခံလိုက်သည်။ "ဟုတ်ပါတယ်... လီချင်းဟွာနဲ့ ထူလုံတို့ သူတို့ရဲ့ ရေပေါ်ကျွန်းကို သွားကြည့်ခဲ့သေးတယ်... အဲဒီမှာ ကုန်ထုတ်လုပ်တဲ့ ကိရိယာတွေရော နေထိုင်မှုပုံစံတွေကပါ အတော်လေး ခေတ်နောက်ကျနေတဲ့ ခံစားချက်မျိုး ပေးတယ်တဲ့"

"သင်္ကေတ နည်းပညာသုံး လက်နက်တွေဆိုတာကတော့ ဝေလာဝေးပေါ့... လုံးဝမရှိသလောက်ပဲ... ရှေးခေတ်က လက်နက်တွေ သုံးနေတဲ့ အချိန်လိုမျိုး ဖြစ်နေတာ"

"သေနတ်တွေနဲ့ သင်္ဘောတွေတော့ အများကြီး စုဆောင်းထားကြတယ်... ဒါပေမဲ့ ပြုပြင်ထိန်းသိမ်းဖို့ ပစ္စည်းတွေ မရှိတော့ အကုန်လုံး သံချေးတွေ တက်နေပြီ"

လင်းယွမ်က သက်ပြင်းတစ်ချက် ချလိုက်သည်။ ကပ်ဘေးမတိုင်မီက ကမ်းရိုးတန်းမြို့များသည် တစ်နိုင်ငံလုံးတွင် အစည်ကားဆုံး၊ အတိုးတက်ဆုံး နေရာများ ဖြစ်ခဲ့သည်။

ကမ်းရိုးတန်းဒေသရှိ မြို့များတွင် တစ်နိုင်ငံလုံး လူဦးရေ၏ ၈၀% ခန့် စုဝေးနေထိုင်ကြခြင်း ဖြစ်သည်။

သို့သော် ရေကြီးမှုကြီး ဖြစ်ပွားပြီးနောက်တွင် ထိုနေရာများသည် လူသေဆုံးမှု အများဆုံး ဒေသများ ဖြစ်သွားခဲ့လေသည်။

သူတို့နှစ်ဦးသည် စကားပြောရင်းဖြင့် ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်ဘက်သို့ လျှောက်သွားလိုက်ကြသည်။

မကြာမီမှာပင် သူတို့နှစ်ဦးသည် ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်ရှိ ခေါင်းဆောင်စံအိမ် သို့ ရောက်ရှိသွားကြသည်။

သတင်းရထားသော လီချင်းဟွာသည်လည်း ရေပေါ်ကျွန်း ခြောက်ကျွန်းမှ ကျွန်းသခင်များကို ခေါ်ဆောင်ကာ အလျင်အမြန် ရောက်ရှိလာသည်။

ခေါင်းဆောင်စံအိမ်ထဲသို့ ဝင်လိုက်သည်နှင့် ချွီကျင့်သည် အလယ်တည့်တည့်တွင် ထိုင်နေသော လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။

သူ၏ ရင်ထဲတွင် ချက်ချင်း အံ့သြသွားမိသည်။ 'ဒီလူက ထိုက်ယန်တောင်ရဲ့ ခေါင်းဆောင်များလား'

သို့သော်လည်း အလွန် ငယ်ရွယ်လွန်းနေသည် မဟုတ်ပါလော။

သူ၏ အကြည့်များက ဘေးနားရှိ တင်းယန်ထံသို့ ရောက်သွားပြီး ထိုမိန်းမလှလေးမှာ အလွန်တရာ လှပလွန်းသော်လည်း အဓိက ခေါင်းဆောင်တော့ မဖြစ်နိုင်ဟု သူ ခံစားလိုက်ရသည်။

အဘယ်ကြောင့်ဆိုသော် ထိုက်ယန်တောင် ရေပေါ်ကျွန်း၏ အရှင်သခင်သည် အမျိုးသားတစ်ဦး ဖြစ်ပြီး အမျိုးသမီး မဟုတ်ကြောင်း လီချင်းဟွာက အစောကြီးကတည်းက ပြောပြထားခဲ့သောကြောင့် ဖြစ်သည်။

မုန့်ဟူ၊ ကောက်ရွေ့ နှင့် အခြားသူများကလည်း သူတို့ရှေ့ရှိ လင်းယွမ်ကို အကဲခတ်နေကြပြီး ရင်ထဲတွင် အံ့အားသင့်နေကြသည်။ သူတို့ရှေ့ရှိ လင်းယွမ်သည် ဤမျှ ငယ်ရွယ်နေလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြသည်မှာ ထင်ရှားပေသည်။

လီချင်းဟွာက လျင်မြန်စွာ ရှေ့ထွက်လာပြီး "ဆရာလင်း... ဒီလူတွေက ဟိုဘက်က ရောက်လာတဲ့ ရေပေါ်ကျွန်း ကျွန်းသခင်တွေပါ" ဟု မိတ်ဆက်ပေးလိုက်သည်။

ထို့နောက် ချွီကျင့်တို့ဘက်သို့ လှည့်ကာ "လူကြီးမင်းတို့... ဒီပုဂ္ဂိုလ်ကတော့ ကျွန်တော်တို့ ထိုက်ယန်တောင်ရဲ့ ခေါင်းဆောင် ဆရာလင်း ပါ" ဟု ဆက်လက် မိတ်ဆက်ပေးလိုက်သည်။

လင်းယွမ်က မတ်တတ်ရပ်ကာ ပြုံးလိုက်ပြီး "ချင်းဟွာ... မင်း တော်တော် ပင်ပန်းသွားပြီ" ဟု ပြောလိုက်သည်။

ထို့နောက် အခန်းထဲရှိ လူအားလုံးကို အကဲခတ်ကြည့်လိုက်ပြီး "အားလုံးပဲ... ကျွန်တော်က လင်းယွမ်ပါ... ကျွန်တော်တို့ရဲ့ ထိုက်ယန်တောင် ခိုလှုံရေးစခန်းကနေ ကြိုဆိုပါတယ်" ဟု နှုတ်ဆက်လိုက်သည်။

ချွီကျင့်တို့အဖွဲ့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အားလုံး ပြိုင်တူ ကျေးဇူးတင်စကား ဆိုလိုက်ကြသည်။

ထို့နောက် သူတို့ကိုယ်သူတို့ အသီးသီး မိတ်ဆက်လိုက်ကြသည်။

ထို့နောက်မှ ချွီကျင့်က စကားစလိုက်သည်။ "ဆရာလင်း... ဆရာလည်း အခုမှ ပြန်ရောက်လာတာဆိုတော့ ကျွန်တော်တို့ရဲ့ အခြေအနေ အကြမ်းဖျင်းကိုရော သိပြီးပြီလား"

လင်းယွမ်က ပြုံးလိုက်ပြီး "အခြေခံအားဖြင့်တော့ သိထားပြီးပါပြီ... နောက်ထပ် အချက်အလက်တွေကိုလည်း ကျွန်တော်တို့လူတွေ သွားစုံစမ်းနေပါတယ်"

ချက်ချင်းပင် လင်းယွမ်က အပြုံးကို ရုပ်သိမ်းလိုက်ပြီး မျက်နှာကို တည်ကြက်သွားစေကာ "အားလုံးပဲ... အရိပ်တပ်ဖွဲ့ ဆိုတာက ကပ်ဘေးမတိုင်ခင်ကတည်းက ကျွန်တော်တို့နဲ့ နယ်မြေပိုင်ဆိုင်မှု ပြဿနာတွေ အမြဲရှိခဲ့တဲ့ အဖွဲ့အစည်းပါ"

"အခုလို ရေလွှမ်းမိုးမှု ကပ်ဘေးကြီး ကြုံနေရချိန်မှာ ဥပဒေတွေရော ကိုယ်ကျင့်တရားတွေကပါ သူတို့ကို ထိန်းချုပ်ထားနိုင်စွမ်း မရှိတော့ဘူး"

"ဒီလူတွေက ဘယ်လို ယုတ်မာတဲ့ ကိစ္စမျိုးကိုမဆို လုပ်ရဲတယ်ဆိုတာ ကျွန်တော် မအံ့သြပါဘူး... နောက်ဆိုရင် သူတို့က အထက်ပိုင်းဒေသတွေကိုပါ ဆက်လက် ကျူးကျော်လာမယ်ဆိုရင် ကျွန်တော်တို့ ထိုက်ယန်တောင်က လုံးဝ လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး"

"ဒါကြောင့် ခင်ဗျားတို့အနေနဲ့ စိတ်အေးအေးထားပြီး ဒီမှာ ဆက်နေနိုင်ပါတယ်... အရိပ်တပ်ဖွဲ့ ရဲ့ လိုက်လံတိုက်ခိုက်တာကို ခံရမယ်ဆိုပြီး စိတ်ပူစရာ မလိုတော့ပါဘူး"

ချွီကျင့်တို့အဖွဲ့က ထိုစကားကို ကြားလိုက်ရချိန်တွင် အားလုံး၏ မျက်နှာပေါ်၌ သက်သာရာရသွားသော အမူအရာများ ပေါ်လွင်သွားသည်။

ထိုက်ယန်တောင်၏ ခေါင်းဆောင်က သူတို့ကို ကူညီပေးနိုင်စွမ်းရှိသည်ဟု ပြောဆိုလာမှတော့ သေချာပေါက် နောက်ပြောင်နေခြင်း မဟုတ်ပေ။

ထို့ပြင် တစ်ဖက်လူသည် မျက်ကန်းတစ္ဆေမကြောက် စွန့်စားနေခြင်းမျိုး မဟုတ်ဘဲ အရိပ်တပ်ဖွဲ့ ၏ သတင်းအချက်အလက်များကို အမှန်တကယ် လူလွှတ်၍ စုံစမ်းနေပြီ ဖြစ်သည်။

ချွီကျင့်က ချက်ချင်းပင် "ဆရာလင်း... ကျွန်တော်တို့က အစကတည်းက အိမ်ရာမဲ့ ခွေးလေခွေးလွင့်တွေလို ဖြစ်နေတာပါ... အခုလို ထိုက်ယန်တောင် ခိုလှုံရေးစခန်းကနေ လက်ခံပေးတာကိုက ဆရာ့ကျေးဇူးတွေ တောင်လို ကြီးမားနေပါပြီ" ဟု ပြောလိုက်သည်။

"နောက်ပိုင်းမှာ ကျွန်တော်တို့ကို အသုံးချစရာရှိရင် ဆရာ အားမနာတမ်း ခိုင်းစေနိုင်ပါတယ်"

"ကျွန်တော်တို့တွေက စွမ်းဆောင်ရည် နိမ့်ကျပေမဲ့ အရိပ်တပ်ဖွဲ့ နဲ့ တိုက်ခိုက်လာတာ အတော်လေး ကြာပြီဆိုတော့... ဒီကောင်တွေကို ရင်ဆိုင်တဲ့နေရာမှာ အတွေ့အကြုံ အနည်းငယ်တော့ ရှိပါတယ်"

မုန့်ဟူကလည်း ချက်ချင်း ထောက်ခံလိုက်သည်။ "မှန်ပါတယ် ဆရာလင်း... တကယ်လို့ အဲဒီ ကျူးကျော်သူတွေကို ရှင်းရမယ်ဆိုရင် ကျွန်တော်တို့ကို သေချာပေါက် သတိရပေးပါ"

"ကျွန်တော်နဲ့ ဒီ အရိပ်တပ်ဖွဲ့ က သွေးကြွေးရှိနေတာ... ဆရာက မခိုင်းရင်တောင် ကျွန်တော်က သူတို့နဲ့ အသေအကြေ သွားတိုက်ချင်နေတာ"

"ဟုတ်ပါတယ်... ဟုတ်ပါတယ်... ဆရာလင်း... ဆရာခိုင်းစရာရှိရင်သာ ခိုင်းပါ... ကျွန်တော်တို့က မျက်မှောင်တစ်ချက် ကုတ်မှာ မဟုတ်ပါဘူး"

အခြားသူများကလည်း အပြိုင်အဆိုင် အော်ဟစ်လိုက်ကြသည်။

ထိုလူများ၏ အရိပ်တပ်ဖွဲ့ အပေါ် ထားရှိသော ပြင်းထန်လှသည့် မုန်းတီးမှုများကို လင်းယွမ် ခံစားမိလိုက်သည်။ ဤကာလအတွင်း သူတို့ အတော်လေး ဒုက္ခရောက်ခဲ့ရမည်မှာ အသေအချာပင်။

"အားလုံးပဲ စိတ်ချပါ... တကယ်လို့ အကူအညီ လိုအပ်လာရင် ကျွန်တော် သေချာပေါက် အားနာနေမှာ မဟုတ်ပါဘူး"

"ဒီလိုလုပ်... ချင်းဟွာ... မင်းက လူတစ်ယောက်ကို တာဝန်ပေးပြီး သူတို့ကို ကျွန်းပေါ် ဆက်လည်ပတ်ခိုင်းလိုက်... ငါတို့က အစည်းအဝေးတစ်ခု လုပ်ရအောင်"

"အဓိကကတော့ ဒီတစ်ခေါက် မြောက်ဘက် ယွီကျိုးပြည်နယ်ကို ခရီးထွက်ခဲ့တဲ့ အခြေအနေတွေရယ်... အရိပ်တပ်ဖွဲ့ ကို ဘယ်လို ရင်ဆိုင်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးကြမယ်"

လီချင်းဟွာက အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး "ကောင်းပါပြီ... ကျွန်တော် အခုပဲ စီစဉ်လိုက်ပါ့မယ်"

တင်းယန်က "ကျွန်းသခင်တွေကို လာခဲ့ဖို့ ကျွန်မ သွားအကြောင်းကြားလိုက်မယ်" ဟု ပြောလိုက်သည်။

လင်းယွမ်က ခေါင်းညိတ်ပြလိုက်ပြီးနောက် လူအားလုံး လူစုခွဲသွားကြသည်။

လူအားလုံး ထွက်ခွာသွားကြသောအခါ လင်းယွမ်သည်လည်း အိမ်ရှိရာဘက်သို့ လျှောက်သွားလိုက်သည်။

ဤတစ်ခေါက် ခရီးထွက်သွားသည်မှာ မျက်စိတစ်မှိတ်အတွင်း (၇) ရက်ခန့်ပင် ကြာမြင့်သွားခဲ့ပြီ။ သူ အိမ်မပြန်ရသည်မှာ ကြာပြီဖြစ်၍ အိမ်က အခြေအနေ ဘယ်လိုရှိနေမည်ကို မသိရပေ။

အိမ်ပြန်ရောက်သည်နှင့် လင်းယွမ်သည် လင်းဟုန် ၏ အော်ဟစ်နေသံကို ကြားလိုက်ရသည်။

"အန်တီလင်းယာ... ဖေဖေရော... ဖေဖေရော ဘယ်မှာလဲ"

"ဟင်... သားမေမေက မပြောပြဘူးလား... သားဖေဖေက လူဆိုးတွေကို သွားဆုံးမနေတာလေ"

"မဟုတ်ပါဘူး... သား ခုနက အိမ်အပြန်လမ်းမှာ ဖေဖေ့ကို တွေ့လိုက်တဲ့သူရှိတယ် ဆိုလို့ အမြန်ပြေးပြန်လာတာ... ဖေဖေ အိမ်မှာ မရှိဘူးလား"

"ဘာ... တကယ်လား... သားဖေဖေ ပြန်ရောက်နေပြီလား"

လင်းယာ၏ အသံမှာ အနည်းငယ် အံ့သြနေပုံရပြီး သူမက အလျင်စလို ဆက်ပြောလိုက်သည်။ "အယ်... ဒီနေ့ ဟင်းစားလည်း သိပ်မဝယ်ထားရသေးဘူး... အမြန် ပြင်ဆင်ရတော့မယ်"

"တုတု... သားရော လိုက်မလား"

လင်းဟုန်က ခေါင်းကို အဆက်မပြတ် ခါယမ်းလိုက်ပြီး ဖေဖေ့ကို သွားရှာမည်ဟု အော်ဟစ်ကာ အပြင်သို့ ပြေးထွက်လာခဲ့သည်။

အပြင်သို့ ရောက်သည်နှင့် တံခါးဝတွင် ပြုံးရွှင်စွာ ရပ်နေသော လင်းယွမ်ကို သူ တွေ့လိုက်ရသည်။

ချက်ချင်းပင် လင်းဟုန်၏ မျက်နှာငယ်လေးပေါ်တွင် စိတ်လှုပ်ရှားပျော်ရွှင်သော အရိပ်အယောင်များ ပေါ်လာပြီး ဝမ်းသာအားရ အော်ခေါ်လိုက်သည်။ "ဖေဖေ"

သူက လင်းယွမ်၏ ရှေ့သို့ အပြေးအလွှား သွားလိုက်ရာ လင်းယွမ်ကလည်း တဟားဟားရယ်မောလျက် သူ့ကို ပွေ့ချီလိုက်သည်။

ဤကလေးငယ်သည် ကပ်ဘေးမတိုင်မီက ကလေးများထက် ကြီးထွားမှုနှုန်း ပိုမို မြန်ဆန်လှသည်။

ထို့ပြင် အစားအသောက် ကောင်းမွန်သောကြောင့် အတော်လေး တုတ်ခိုင်ကျစ်လစ်နေသည်။

လင်းယွမ်က ရယ်မောရင်း "တုတု... အိမ်မှာရော လိမ္မာရဲ့လား" ဟု မေးလိုက်သည်။

လင်းဟုန်က အလျင်အမြန်ပင် ပြန်အော်ပြောလိုက်သည်။ "သားက အရမ်းလိမ္မာတာပေါ့... အခုဆိုရင် အန်တီယွီယန်နဲ့အတူ ကျောင်းတောင် သွားတက်နေပြီ... သားက ထိုက်ယန် မျိုးရိုးဗီဇကျင့်စဉ် ကိုတောင် တတ်နေပြီ သိလား"

"ဖေဖေ... သား လေ့ကျင့်ပြမယ် ကြည့်မလား"

ထိုသို့ပြောရင်း သူ၏ ခန္ဓာကိုယ် သေးသေးလေးသည် လင်းယွမ်၏ ရင်ခွင်ထဲတွင် လှုပ်လူးလွန့်လူး ဖြစ်သွားပြီး လျင်မြန်စွာ ဆင်းသက်ကာ လင်းယွမ်၏ ရှေ့တွင် စတင် လေ့ကျင့်ပြလေတော့သည်။

ကလေးငယ်က သူ အခုလေးတင် သင်ထားသော အစွမ်းအစများကို ပြသနေသည်ကို လင်းယွမ်က ပြုံးရွှင်စွာ ကြည့်ရင်း ရင်ထဲတွင်လည်း ဝမ်းသာပီတိ ဖြစ်နေမိသည်။

ထိုအချိန်တွင် လင်းယာကလည်း အပြင်သို့ ထွက်လာပြီး လင်းယွမ်ကို မြင်လိုက်ရသောအခါ အံ့သြဝမ်းသာစွာဖြင့် "အစ်ကို... ပြန်ရောက်ပြီလား" ဟု အော်လိုက်သည်။

တကယ်တော့ သူမသည် ကိုလင်းယွမ် ဟု ခေါ်ချင်ခဲ့သော်လည်း ထိုသို့ခေါ်လျှင် အနည်းငယ် စိမ်းသက်လွန်းသွားမည်ဟု ခံစားလိုက်ရသည်။

သူတို့နှစ်ဦးကြားရှိ ဆက်ဆံရေးသည် ထိုအဆင့်ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း အိမ်ရှိလူတိုင်းက သိထားကြပြီး ဖြစ်သည်။

သို့သော် သူမက မျက်နှာပူတတ်သူ ဖြစ်သဖြင့် လူများသည့် အချိန်မျိုးတွင်မူ လင်းယွမ်ကို ကိုလင်းယွမ် ဟုသာ ခေါ်လေ့ရှိသည်။

လင်းယွမ်က လက်လှမ်းကာ သူမ၏ ခါးသွယ်သွယ်လေးကို ဖွဖွလေး ဖက်လိုက်ပြီး "ကိုယ့်ကို လွမ်းနေပြီလား" ဟု ပြုံးလျက် မေးလိုက်သည်။

လင်းယာ၏ မျက်နှာလေး နီမြန်းသွားပြီး "ကလေး ရှိနေတယ်လေ" ဟု အလျင်စလို တိုးတိုးလေး ပြောလိုက်သည်။

လင်းယွမ်က ရယ်မောလိုက်ပြီး သူမကို ဆက်မစတော့ဘဲ "အိမ်မှာ မင်းတစ်ယောက်တည်းလား" ဟု မေးလိုက်သည်။

"ဟုတ်တယ်... အားလုံးက အပြင်မှာ အလုပ်ရှုပ်နေကြတာလေ... ယွီယန်တောင် ကျောင်းမှာ စာသွားသင်နေရတယ်" ဟု လင်းယာက မတတ်သာသည့်ဟန်ဖြင့် ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ လင်းယွမ်၏ မျက်လုံးများ အနည်းငယ် အရောင်လက်သွားပြီး "ဒါဆိုရင် ကိုယ်တို့ နှစ်ယောက်တည်း ကမ္ဘာလေး ဖြစ်သွားပြီပေါ့" ဟု တီးတိုး ပြောလိုက်သည်။

လင်းယာ မှင်သက်သွားပြီး ချက်ချင်း မော့ကြည့်လိုက်ရာ သူ၏ အကြည့်များက သူမ၏ မို့မောက်ဖြူဝင်းနေသော ရင်အုံပေါ်တွင် ကျရောက်နေသည်ကို တွေ့လိုက်ရသဖြင့် ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားပြီး မျက်နှာလေး ရဲတက်သွားလေသည်။

"တုတု... လေ့ကျင့်တာ မဆိုးဘူးပဲ... ဒီနေ့ ဖေဖေ အိမ်မှာ ထမင်းစားမှာမို့ သားမေမေတို့ကို အိမ်ပြန်ပြီး ထမင်းလာစားဖို့ သွားပြောချေ"

လင်းယွမ်က စကားတစ်ခွန်းတည်းဖြင့် သားဖြစ်သူကို အဝေးသို့ လွှတ်လိုက်သည်။

လင်းဟုန်သည်လည်း ချက်ချင်းပင် ပျော်ရွှင်တက်ကြွစွာဖြင့် ပြေးထွက်သွားလေသည်။

လင်းယာသည် ထိုမြင်ကွင်းကို တွေ့လိုက်ရသောအခါ နှုတ်ခမ်းနီနီလေးကို ဖွဖွကိုက်လိုက်ပြီး ပါးပြင်များ နီမြန်းနေသော်လည်း ခြေဆောင့်ကာ စိတ်ကောက်ခြင်း မပြုဘဲ သူမ၏ မျက်ဝန်းအစုံမှာမူ ရေလွှမ်းနေသကဲ့သို့ အရည်လဲ့နေလေသည်။

လင်းယွမ်က လက်တစ်ဖက်ဖြင့် သူမ၏ ခါးကို သိမ်းဖက်ပွေ့ချီလိုက်ပြီး "အချိန်က အကန့်အသတ်နဲ့ဆိုတော့... သွားရအောင်" ဟု ပြောလိုက်လေတော့သည်။

ဆက်ရန်...

All Chapters