← Chapters

အခန်း ၉၁၁

Vol. 46 Ch. 911

အခန်း ၉၁၁

Vol. 46 Ch. 911

အပိုင်း (၉၁၁) အစည်းအဝေး

"အဲ့ဒါက ဘယ်လောက်ကြာပြီလဲ"

မလှမ်းမကမ်းတွင် ထိုင်နေသော ရှီဟိုင်ကျူးက မနေနိုင်ဘဲ မေးလိုက်သည်။ သူ၏ မျက်နှာပေါ်တွင် ဒေါသများ ဖုံးလွှမ်းနေပြီ ဖြစ်၏။

ချွီကျင့်က ခါးသီးစွာ ပြုံးလိုက်ပြီး "လွန်ခဲ့တဲ့ တစ်နှစ်ကပါ"

လွန်ခဲ့သော တစ်နှစ်ကတည်းက အရိပ်တပ်ဖွဲ့သည် ဓာတ်ရောင်ခြည်ဗုံး ဆိုသည့်အရာကို တီထွင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ရှီဟိုင်ကျူးက ခဏတာ ပြန်လည်စဉ်းစားကြည့်လိုက်သည်။ ထိုအချိန်က ထိုက်ယန်တောင်သည် စစ်တပ်ကဲ့သို့သော အင်အားစုများနှင့် ယခုမှ စတင် ရင်ဆိုင်ရုံသာ ရှိသေးသည်။

ဟုတ်ပေသည်။ ထိုအချိန်က စစ်တပ်သည် အစွမ်းထက်သော သင်္ကေတလက်နက် မျိုးစုံကို တီထွင်နိုင်ခဲ့ပြီ ဖြစ်သည်။

အရိပ်တပ်ဖွဲ့သည် ကျွန်းတစ်ကျွန်းပေါ်တွင် အခြေစိုက်သော်လည်း သူတို့ကိုယ်တိုင်က ကြီးမားသော အင်အားစုတစ်ခုဖြစ်ရာ စစ်တပ်ကဲ့သို့သော အဖွဲ့အစည်းမျိုး သေချာပေါက် ရှိပေလိမ့်မည်။

သူတို့က သန္ဓေပြောင်းစွမ်းအင်များကို အသုံးပြုပြီး လက်နက်များကို လျင်မြန်စွာ တီထွင်နိုင်ခဲ့ခြင်းမှာလည်း ယုတ္တိရှိပေသည်။

ရှီဟိုင်ကျူးက မနေနိုင်ဘဲ ဆက်မေးလိုက်သည်။ "အရိပ်တပ်ဖွဲ့တောင် သန္ဓေပြောင်းစွမ်းအင်သုံး လက်နက်မျိုးစုံကို တီထွင်နိုင်သေးတာပဲ... ခင်ဗျားတို့ ကွမ်းတုံပြည်နယ်ဘက်မှာရော စစ်တပ် မရှိဘူးလား... သူတို့ကရော လက်နက်တွေ မတီထွင်နိုင်ဘူးလား"

ချွီကျင့်က သက်ပြင်းချလိုက်ပြီး "ရေကြီးတာက အရမ်းမြန်လွန်းတယ်... ကွမ်းတုံပြည်နယ်က မြေနိမ့်ပိုင်းဖြစ်နေတော့ ခဏလေးနဲ့ ရေမြုပ်သွားတာ"

"စစ်တပ်က လက်နက်တွေ တီထွင်နိုင်ခဲ့လား ဆိုတာတော့ ကျွန်တော် မသိဘူး... ဒါပေမဲ့ သူတို့ ဘာလက်နက်ပဲ တီထွင်နိုင်ခဲ့ပါစေ... အရိပ်တပ်ဖွဲ့ရဲ့ ဓာတ်ရောင်ခြည်ဗုံးကိုတော့ တားဆီးနိုင်မှာ မဟုတ်ဘူး"

"အဲ့ဒီ ဓာတ်ရောင်ခြည်ဗုံးက လူအားလုံးကို ပစ်မှတ်ထားတာ... ဓာတ်ရောင်ခြည် ထိသွားပြီဆိုတာနဲ့ မသေရင်တောင် မိစ္ဆာကောင်တွေအဖြစ် သန္ဓေပြောင်းသွားတော့တာပဲ"

"စစ်တပ်က ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ... တန်ပြန်တိုက်ခိုက်နိုင်တဲ့ လက်နက်မရှိရင် ခုခံဖို့ဆိုတာ အရမ်းခက်ခဲပါတယ်"

ရန်ဆန်းမင်က မနေနိုင်ဘဲ မေးလိုက်သည်။ "ဓာတ်ရောင်ခြည်ဗုံး ဆိုတာ ဘာလဲ"

သုတေသနနဲ့ ဖွံ့ဖြိုးရေး ဌာနဘက်မှ ပါမောက္ခ လီဟန်ကျုံးနှင့် အခြားသူများကလည်း လှမ်းကြည့်လာကြသည်။

သူတို့သည် ဤကိစ္စကို အထူးစိတ်ဝင်စားနေကြ၏။ အဘယ်ကြောင့်ဆိုသော် အရိပ်တပ်ဖွဲ့နှင့် အမှန်တကယ် တိုက်ခိုက်ရမည်ဆိုပါက ဤဓာတ်ရောင်ခြည်ဗုံးကို သေချာပေါက် ရင်ဆိုင်ရမည် ဖြစ်သောကြောင့်ပင်။

သုတေသနဌာနအနေဖြင့် ဤအရာနှင့် ပတ်သက်၍ ကြိုတင်လေ့လာထားရန် လိုအပ်ပေသည်။

သေချာသည်က လီချင်းဟွာသည် သုတေသနဌာနထံသို့ အချက်အလက်တစ်ချို့ကို တင်ပြထားပြီး ဖြစ်သည်။

ပါမောက္ခ လီဟန်ကျုံးသည်လည်း ဓာတ်ရောင်ခြည်ဗုံးနှင့် ပတ်သက်၍ အကြမ်းဖျင်း သိထားပြီး ဖြစ်သော်လည်း ဤနစ်နာသူများ၏ ကိုယ်တွေ့ ပြောပြချက်များကို နားထောင်ချင်သေးသည်။

ချွီကျင့်၏ မျက်နှာပေါ်တွင် ကြောက်ရွှံ့ရိပ်များ ပေါ်လွင်လာပြီး "ဓာတ်ရောင်ခြည်ဗုံးဆိုတာ နာမည်အတိုင်းပဲ... အလွန်ပြင်းထန်တဲ့ ဓာတ်ရောင်ခြည်တွေကို ထုတ်လွှတ်ပေးနိုင်တဲ့ ဗုံးတစ်မျိုးပဲ"

"အဲ့ဒီ ဓာတ်ရောင်ခြည်က အစွမ်းပိုင်ရှင်တွေရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဖောက်ပြန်မျိုးရိုးဗီဇတွေကို အဓိက ပစ်မှတ်ထားတာ"

"ဗုံးပေါက်ကွဲသွားတာနဲ့ တစ်ပြိုင်နက်... အစွမ်းပိုင်ရှင်ရဲ့ ခန္ဓာကိုယ်ထဲက ဖောက်ပြန်မျိုးရိုးဗီဇတွေကို ချက်ချင်း လျင်လျင်မြန်မြန် သန္ဓေပြောင်းလဲသွားအောင် ဆွပေးပြီး မျိုးရိုးဗီဇကွင်းဆက်ကြီးကို တိုက်ရိုက် ပြိုကွဲသွားစေတာပဲ"

"ခင်ဗျားတို့ အားလုံး သန္ဓေပြောင်းအစွမ်း နိုးထလာတဲ့အချိန်က ခံစားချက်ကို ကြုံဖူးကြတယ် မဟုတ်လား... အတိအကျကို အဲ့ဒီလို ခံစားချက်မျိုးပဲ"

"ဓာတ်ရောင်ခြည် ထိသွားတာနဲ့ ဖောက်ပြန်မျိုးရိုးဗီဇတွေက အရူးအမူး သန္ဓေပြောင်းလာတယ်... အဲ့ဒီအခါ အစွမ်းပိုင်ရှင်တွေဟာ အစွမ်းနိုးထမှု ကျရှုံးသွားသလိုမျိုး ဖြစ်သွားပြီး ဖောက်ပြန်မျိုးရိုးဗီဇတွေရဲ့ ထိန်းချုပ်မှုကို ခံလိုက်ရတယ်... အဲ့ဒီကနေ သန္ဓေပြောင်း မိစ္ဆာကောင်တွေအဖြစ် ပြောင်းလဲသွားပြီး မျိုးရိုးဗီဇရဲ့ ဗီဇစိတ်အတိုင်းပဲ လှုပ်ရှားတော့တာ"

ပါမောက္ခ လီဟန်ကျုံး မျက်မှောင်ကြုတ်သွားပြီး "နားထောင်ရတာ မျိုးရိုးဗီဇ ရုတ်တရက် ပြောင်းလဲသွားတာနဲ့ တူနေတယ်"

ဘေးနားရှိ ရန်ဆန်းမင်နှင့် ကျန်းဇီယန်တို့ကလည်း ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။

ကျန်းဇီယန်က ဝင်ပြောလိုက်သည်။ "ပြီးတော့ အဲ့ဒါက ပစ်မှတ်ထားပြီး ပြောင်းလဲစေတဲ့ နည်းပညာတစ်မျိုး ဖြစ်လောက်တယ်... မဟုတ်ရင် ဖောက်ပြန်မျိုးရိုးဗီဇတွေချည်းပဲ သက်ရောက်စရာ အကြောင်းမရှိဘူး"

"ပစ်မှတ်ထားပြီး မျိုးရိုးဗီဇကို ပြောင်းလဲတဲ့နည်းပညာက မျိုးရိုးဗီဇပညာရပ်မှာ အစောကြီးကတည်းက သုတေသနလုပ်ထားတာတွေ ရှိတယ်... အထူးသဖြင့် စိုက်ပျိုးရေးကဏ္ဍမှာပေါ့"

"ဒီနည်းပညာကို ဇီဝဗေဒမှာ မျိုးရိုးဗီဇပစ်မှတ်ထားခြင်း ဒါမှမဟုတ် တိကျတဲ့နေရာကို ပြောင်းလဲခြင်းလို့လည်း ခေါ်တယ်... သက်ရှိတွေရဲ့ မျိုးရိုးဗီဇအစုအဝေးထဲက တိကျတဲ့ ဒီအင်န်အေ (DNA) အစီအစဉ်တွေကို လူတွေက ဖန်တီးပြီး တိတိကျကျ ပြောင်းလဲပစ်နိုင်တယ်"

"ပစ်မှတ်ထား ပြောင်းလဲခြင်းနဲ့ ဆန့်ကျင်ဘက်ကတော့ သဘာဝအလျောက် ဖြစ်ပေါ်လာတဲ့ ရိုးရာ မျိုးရိုးဗီဇ ပြောင်းလဲခြင်း နည်းလမ်းပဲ"

"ဒါပေမဲ့ သီအိုရီအရဆိုရင် ဓာတ်ရောင်ခြည်ကြောင့် ဖြစ်ပေါ်လာတဲ့ မျိုးရိုးဗီဇ ပြောင်းလဲမှုက ကျပန်းပြောင်းလဲမှုပဲ ဖြစ်ရမှာ... ပစ်မှတ်ထားပြီး ပြောင်းလဲတာမျိုး မဖြစ်သင့်ဘူး"

ရန်ဆန်းမင်သည် တိုင်းရင်းဆေးဆရာ တစ်ဦးဖြစ်ရာ ဇီဝဗေဒ ဗဟုသုတအပိုင်းတွင် ကန့်သတ်ချက်များ ရှိလေသည်။

သို့သော် အခြေခံ သဘောတရား အချို့ကိုတော့ သူ နားလည်ထားသည်။

ထို့ကြောင့် သူက ချက်ချင်း မေးလိုက်သည်။ "ပစ်မှတ်ထား ပြောင်းလဲတဲ့ နည်းပညာဆိုတာ မျိုးရိုးဗီဇ ပြုပြင်ရေး နည်းပညာကို သုံးရတာ မဟုတ်လား... ဒီလောက် တိကျမှုမြင့်မားတဲ့ နည်းပညာက ဓာတ်ခွဲခန်း လိုအပ်ချက်တွေ အရမ်းမြင့်တယ်... ငါတို့ဆီမှာတောင် မဖြစ်နိုင်တာကို အရိပ်တပ်ဖွဲ့ဆီမှာ ဒီလိုအခြေအနေမျိုး ရှိနေတာလား"

ကျန်းဇီယန်က ဆက်ပြောသည်။ "ခင်ဗျား မေ့မနေနဲ့ဦး... ကပ်ဘေးမတိုင်ခင်ကတည်းက သူတို့က ဇီဝဆေးပညာပိုင်းမှာ တော်တော်လေးကို တိုးတက်နေခဲ့တာ"

"ဒီကဏ္ဍနဲ့ပတ်သက်တဲ့ သူတို့ရဲ့ ဆေးဘက်ဆိုင်ရာ နည်းပညာတွေက ငါတို့ထက် သာလွန်တယ်ဆိုတာ အမှန်ပဲ... ထိပ်တန်း ဓာတ်ခွဲခန်းတွေလည်း အများကြီး ရှိခဲ့တယ်လေ"

"သူတို့ဆီမှာ အဲ့ဒီလို ဓာတ်ခွဲခန်းမျိုးတွေ ကျန်ရစ်နေတာများလား"

သူတို့နှစ်ဦး တစ်ယောက်တစ်ပေါက်ဖြင့် စတင်၍ ခန့်မှန်း တွေးတောနေကြသည်။

သို့သော် အခြားသူများမှာမူ မျိုးရိုးဗီဇ ပစ်မှတ်ထားခြင်း၊ မျိုးရိုးဗီဇ ပြုပြင်ခြင်း ဆိုသည့် စကားလုံးများကို ကြားပြီး ကြောင်အမ်းအမ်း ဖြစ်နေကြသည်။

နားထောင်ရသည်မှာ အလွန် အဆင့်မြင့်လွန်းနေပြီး သာမန်လူများ နားလည်နိုင်ရန် ခက်ခဲသော အဆင့်တစ်ခု ဖြစ်နေပေသည်။

ပါမောက္ခ လီဟန်ကျုံးပင်လျှင် မျက်နှာပေါ်တွင် ဝေခွဲမရသော အမူအရာများ ပေါ်လွင်နေ၏။

လုပ်ငန်းခွင် မတူလျှင် တောင်တစ်လုံး ခြားထားသကဲ့သို့ပင်။ သူသည် သင်္ဘောတည်ဆောက်ရေး နယ်ပယ်တွင် ကျွမ်းကျင်ပညာရှင် တစ်ဦးဖြစ်သော်လည်း ဆေးပညာဘက်တွင်မူ ရန်ဆန်းမင်၏ ဘေးနားရှိ ထန်ယင်းလောက်ပင် နားမလည်ပေ။

ပိုးမွှား ကျွမ်းကျင်ပညာရှင် တစ်ဦးဖြစ်သော ကျန်းဇီယန်မှာမူ ခေတ်သစ် ဆေးပညာ ဗဟုသုတတွင် ရန်ဆန်းမင်ထက် သဘာဝကျကျ ပို၍ တော်ပေလိမ့်မည်။

လင်းယွမ်က ချောင်းတစ်ချက် ဟန့်လိုက်ပြီး သူတို့နှစ်ဦး၏ ဆွေးနွေးမှုကို ဖြတ်ပြောလိုက်သည်။

"အဟမ်း... ဒေါက်တာရန်... ဒေါက်တာကျန်း... ပညာရပ်ပိုင်းဆိုင်ရာ ကိစ္စတွေကို နောက်မှ ဆက်ဆွေးနွေးကြပါ... ကျွန်းသခင်ချွီကို ဆက်ပြောခိုင်းလိုက်ပါဦး"

ရန်ဆန်းမင်က လင်းယွမ်ကို အားနာစွာဖြင့် တစ်ချက် ကြည့်လိုက်ပြီးနောက် ချွီကျင့်အား ပြောလိုက်သည်။ "အားနာပါတယ်ဗျာ... ဆက်ပြောပါဦး"

ချွီကျင့်က ခါးသီးစွာ ပြုံးလိုက်ပြီး "ဆက်ပြောစရာလည်း သိပ်မရှိတော့ပါဘူး... အရိပ်တပ်ဖွဲ့က ဓာတ်ရောင်ခြည်ဗုံးရဲ့ အစွမ်းကို အသုံးချပြီး ကွမ်းတုံပြည်နယ်ရဲ့ အင်အားစု တစ်ခုလုံးကို တိုက်ခိုက် ချေမှုန်းပစ်ခဲ့တာ"

"ကွမ်းတုံပြည်နယ်က ရေပေါ်ကျွန်းတွေလည်း ထွက်ပြေးစရာ နေရာမရှိတော့ဘဲ မြောက်ဘက်ကို ထွက်ပြေးပြီး အသက်လုခဲ့ကြရတယ်"

"ကျွန်တော်တို့ မင်ပြည်နယ်ကို ထွက်ပြေးရောက်ရှိလာတော့ ယာယီ အနားယူပြီး ဘယ်လို တန်ပြန်တိုက်ခိုက်ကြမလဲ ဆိုတာကို တိုင်ပင်နိုင်မယ်လို့ ထင်ခဲ့တာ"

"ဒါပေမဲ့ အရိပ်တပ်ဖွဲ့က ကျွန်တော်တို့ကို အဲ့ဒီလို အခွင့်အရေးမျိုး လုံးဝမပေးခဲ့ဘူး... လမ်းတစ်လျှောက်လုံး အသေအလဲ လိုက်လံ တိုက်ခိုက်ပြီး မင်ပြည်နယ်အထိ သတ်ဖြတ် ဝင်ရောက်လာကြတာ"

"မင်ပြည်နယ်မှာ ရေပေါ်ကျွန်း စုစုပေါင်း ဆယ့်ရှစ်ကျွန်း ရှိတယ်... အများစုကို အရိပ်တပ်ဖွဲ့က တိုက်ခိုက် သိမ်းပိုက်သွားပြီး ကျွန်တော့်ဘေးနားက ဒီလူတွေလောက်ပဲ ဒီကို အတူတူ ထွက်ပြေး လွတ်မြောက်လာခဲ့ကြတာ"

တစ်ချိန်လုံး စကားမပြောဘဲ နေလာသော မုန့်ဟူသည်လည်း မျက်ရည်ဝဲလျက် ပြောလိုက်သည်။ "လူကြီးမင်းတို့... အရိပ်တပ်ဖွဲ့က ဒီလောက်နဲ့တင် လုံးဝရပ်တန့်သွားမှာ မဟုတ်ဘူး... သူတို့ သေချာပေါက် မြောက်ဘက်ကို ဆက်ချီတက်ပြီး ကျန်းနန်ပြည်နယ်ကို ကျူးကျော်ဝင်ရောက်လာကြလိမ့်မယ်"

"ကျွန်တော် ပြောတဲ့အထဲမှာ လိမ်ညာတာ တစ်ခွန်းပါခဲ့ရင်... အပြင်ထွက်တာနဲ့ သန္ဓေပြောင်း သတ္တဝါတွေရဲ့ ကိုက်ဖြတ်စားသောက်တာကို ခံရပြီး အသေဆိုးနဲ့ သေပါစေဗျာ"

သူသည် ကျိန်တွယ်သည့်တိုင်အောင် ပြောဆိုနေခြင်း ဖြစ်သည်။ အကြောင်းမှာ ယခင်က သူတို့ လမ်းခရီးတွင် အခြားသော ရေပေါ်ကျွန်း အင်အားစုများနှင့် တွေ့ဆုံခဲ့စဉ်ကလည်း ဤအကြောင်းကို ပြောပြခဲ့ဖူးသောကြောင့်ပင်။

သို့သော် တစ်ဖက်လူများက လုံးဝ မယုံကြည်ခဲ့ကြပေ။ ယုံတစ်ဝက် မယုံတစ်ဝက်ဖြင့် သေသေချာချာ အလေးမထားခဲ့ကြချေ။

ထိုသို့ သူတို့စကားကို မယုံကြည်ခဲ့သော ရေပေါ်ကျွန်းများအားလုံးသည် တစ်ကျွန်းမကျန် အရိပ်တပ်ဖွဲ့၏ ကျူးကျော်သိမ်းပိုက်ခြင်းနှင့် အမြစ်ပြတ် သတ်ဖြတ်ခြင်းကို ခံခဲ့ကြရသည်။

အကယ်၍ လင်းယွမ်တို့ဘက်ကလည်း သူတို့စကားကို မယုံကြည်ပါက အရိပ်တပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်လာချိန်တွင် နောက်ဆက်တွဲ အကျိုးဆက်များမှာ တွေးကြည့်၍ပင် ရမည်မဟုတ်ပေ။

မုန့်ဟူသည် ထိုက်ယန်တောင်မှ လူများကို ဤကိစ္စအပေါ် အမှန်တကယ် အလေးထားစေချင်လှသည်။

ဤရက်ပိုင်းအတွင်း လေ့လာစောင့်ကြည့်မှုများအရ ထိုက်ယန်တောင်သည် သူ မြင်ဖူးသမျှ ခိုလှုံရေးစခန်းများ အားလုံးထက် ပိုမို ပြည့်စုံကောင်းမွန်နေကြောင်း တွေ့ရှိခဲ့ရသည်။

ဤခိုလှုံရေးစခန်းရှိ နေထိုင်သူများ၏ ပျော်ရွှင်မှု အညွှန်းကိန်းမှာ အလွန် မြင့်မားပြီး လူများစွာ၏ မျက်နှာပေါ်တွင် အပြုံးများ ရှိနေသည်ကို သူ မြင်တွေ့နိုင်ခဲ့သည်။

၎င်းက ကပ်ဘေးဆိုးကြီး ကျရောက်နေသည့် မြင်ကွင်းနှင့် လုံးဝ မတူညီပေ။

ကပ်ဘေးတစ်ခုကြောင့် အချို့က မိသားစုကို ဆုံးရှုံးခဲ့ရပြီး အချို့က လုပ်ဖော်ကိုင်ဖက်များကို ဆုံးရှုံးခဲ့ရကာ အချို့ကမူ ချစ်ရသူကို ဆုံးရှုံးခဲ့ကြရသည်။

လူအများအပြားမှာ စိတ်ဓာတ်ကျဆင်းကာ ဘဝအပေါ် မျှော်လင့်ချက် ကင်းမဲ့သွားခဲ့ကြသည်။

ထိုထက်ပိုသော လူများစွာသည် ဆက်လက် ရှင်သန်နိုင်ရေးအတွက် မိမိကိုယ်ကိုယ် ဆုံးရှုံးခဲ့ကြရပြီး ထမင်းတစ်လုတ်အတွက် ခန္ဓာကိုယ်ကို ရောင်းစားကာ ဂုဏ်သိက္ခာကိုပါ စတေးခဲ့ကြရသည်။

သို့သော် ထိုက်ယန်တောင်တွင်မူ ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်သော မြင်ကွင်းမျိုးကို သူ မတွေ့ခဲ့ရဘဲ ဤခိုလှုံရေးစခန်းသည် လူတိုင်းအတွက် အမှန်တကယ် ဘေးကင်းလုံခြုံသော နေရာတစ်ခုဖြစ်ကြောင်း သူ ခံစားသိရှိနိုင်ခဲ့သည်။

လင်းယွမ်က စကားစလိုက်သည်။ "ကျွန်းသခင်မုန့်... ကျွန်တော်တို့ ခင်ဗျားကို ယုံကြည်ပါတယ်... တောင်ဘက်က အရိပ်တပ်ဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို စုံစမ်းဖို့ လူတွေကို ကျွန်တော် စေလွှတ်ထားပြီးပါပြီ... ထူးခြားမှု မရှိဘူးဆိုရင် ဒီရက်ပိုင်းအတွင်း သတင်းတွေ သေချာပေါက် ရောက်လာမှာပါ"

"ကျွန်တော်တို့ဘက်မှာလည်း ကာကွယ်ရေးတွေ စတင် ပြင်ဆင်နေပါပြီ... တကယ်လို့ အရိပ်တပ်ဖွဲ့က မြောက်ဘက်ကို တကယ် ချီတက်လာတာ သေချာပြီဆိုရင် ကျွန်တော်တို့ကလည်း ညှာတာနေမှာ မဟုတ်ပါဘူး... ဒီကိစ္စအတွက် ခင်ဗျား စိတ်ချထားလိုက်ပါ"

မုန့်ဟူက ခေါင်းညိတ်လိုက်ပြီး "ကျွန်တော် ခုနက ပြောသလိုပါပဲ ဆရာလင်း... ကျွန်တော်တို့ကို အသုံးလိုတဲ့ နေရာရှိရင် အချိန်မရွေး ပြောပါ"

"အရိပ်တပ်ဖွဲ့ကို သတ်ရမယ်ဆိုရင် ဘာမဆို လုပ်ပါ့မယ်"

အခြားသော ကျွန်းသခင်များကလည်း သူတို့၏ စေတနာကို အသီးသီး ထုတ်ဖော် ပြောဆိုလာကြသည်။

ဤမြင်ကွင်းက ထိုက်ယန်တောင်ရှိ လူများစွာ၏ သဘောကျမှုကို ရရှိစေခဲ့သည်။

ထို့နောက် လူအားလုံးသည် အရိပ်တပ်ဖွဲ့အား ရင်ဆိုင်ရန် အစီအစဉ်များကို ထပ်မံ ဆွေးနွေးကြပြန်သည်။

အဓိကအားဖြင့် ထို ဓာတ်ရောင်ခြည်ဗုံး ဆိုသည့်အရာ၏ အခြေအနေနှင့် ပတ်သက်၍ ဖြစ်သည်။

လင်းယွမ်သည် ချွီကျင့်နှင့် အခြားသူများ၏ အရိပ်တပ်ဖွဲ့မှ အသုံးပြုသော ဓာတ်ရောင်ခြည်ဗုံး လက်နက်အကြောင်း ပြောပြချက်ကို နားထောင်ပြီးနောက် သူ၏ မျက်နှာပေါ်တွင်လည်း လေးနက်တည်ကြည်သော အရိပ်အယောင်များ ပေါ်လွင်လာခဲ့သည်။

အစွမ်းပိုင်ရှင်များ၏ ဖောက်ပြန်မျိုးရိုးဗီဇများကို ရုတ်တရက် ပြောင်းလဲသွားစေရန် တွန်းအားပေးပြီး ပိုမို သွက်လက်လာစေသည့် ဓာတ်ရောင်ခြည်လှိုင်းများသည် အစွမ်းပိုင်ရှင်များအတွက် လုံးဝကို အလွန်တရာ အန္တရာယ်များလှပေသည်။

လင်းယွမ်သည် ဤလက်နက်၏ ဖြစ်တည်မှုအပေါ် သံသယ မရှိခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် သူ၏ စနစ် ကံစမ်းမဲနှိုက်မှုထဲတွင် ဆင်တူသော မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း စက်ပစ္စည်းကို သူ မြင်တွေ့ခဲ့ဖူးသောကြောင့်ပင်။

၎င်းအပေါ်တွင် 'မျိုးရိုးဗီဇ ပစ်မှတ်ထား ရွေးချယ်ကိရိယာ' ဟူသော စာသားကို ရှင်းလင်းစွာ ရေးသားထားသည်။

၎င်းက ဤကဲ့သို့သော လက်နက်မျိုး အမှန်တကယ် တည်ရှိနေပြီး တီထွင်ဖန်တီးနိုင်ခြေ ရှိကြောင်း ပြသနေခြင်း ဖြစ်သည်။

"ကြည့်ရတာ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း ကို အမြန်ဆုံး ၁၀၀% ပြည့်ဝသွားအောင် လေ့ကျင့်ဖို့ နည်းလမ်းရှာရတော့မယ်"

မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့် ၁၀၀% သို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် ခန္ဓာကိုယ်တွင်းရှိ မျိုးရိုးဗီဇများသည် လုံးဝ ပြီးပြည့်စုံသော ကွင်းဆက်တစ်ခုအဖြစ် ဖွဲ့စည်းသွားမည် ဖြစ်ရာ ဖောက်ပြန်မျိုးရိုးဗီဇများ မည်မျှပင် တက်ကြွနေပါစေ... ၁၀၀% ပြီးမြောက်ထားသော မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အစွမ်းပိုင်ရှင်တစ်ဦးအပေါ် မည်သို့မျှ သက်ရောက်မှု ရှိနိုင်တော့မည် မဟုတ်ပေ။

လင်းယွမ်သာ ထိုအဆင့်သို့ ရောက်ရှိသွားပါက အရိပ်တပ်ဖွဲ့ကို ဆိုထားနှင့်ဦး... ခိုလှုံရေးစခန်း အားလုံးကိုပင် သူ အတားအဆီးမရှိ လွတ်လပ်စွာ ဝင်ထွက် သွားလာနိုင်မည် ဖြစ်သည်။

ထိုအဆင့်သည် ဤကမ္ဘာဂြိုဟ်ပေါ်တွင် ထိပ်တန်းအဆင့်ရှိသော တည်ရှိမှုတစ်ခုအဖြစ် သတ်မှတ်နိုင်ပြီ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ထိုအဆင့်မှ အထက်သို့ ဆက်သွားပါက ကြယ်တာရာနတ်ဘုရား အဆင့်သို့ ရောက်ရှိသွားမည် ဖြစ်သောကြောင့်တည်း။

ထိုအဆင့်မျိုးသည် ကမ္ဘာဂြိုဟ်မှ ခွာခွာပြီး ကြယ်တာရာ ဟင်းလင်းပြင်ကြီးထဲတွင် လှည့်လည်သွားလာနိုင်စွမ်း ရှိပေသည်။

ဆက်ရန်...

All Chapters