← Chapters

အခန်း ၉၁၃

Vol. 46 Ch. 913

အခန်း ၉၁၃

Vol. 46 Ch. 913

အပိုင်း (၉၁၃) ကယ်ဆယ်ခြင်း

လူတိုင်းက ဤမြင်ကွင်းကို ကြည့်နေကြပြီး အသက်ရှင်ကျန်ရစ်သူ အများအပြား၏ မျက်ဝန်းများမှာ နီရဲလာကြသည်။

သူတို့က လက်သီးများကို တင်းကျပ်စွာ ဆုပ်ထားကြသဖြင့် လက်မောင်းပေါ်ရှိ သွေးကြောများပင် ထောင်ထနေ၏။

သို့သော်လည်း ပတ်ပတ်လည်ရှိ အရိပ်တပ်ဖွဲ့ဝင်များ၏ သေနတ်များက သူတို့ဆီသို့ ချိန်ရွယ်ထားပြီး ဖြစ်သည်။

အကယ်၍ သူတို့သာ အနည်းငယ်မျှ လှုပ်ရှားရဲပါက သူတို့ကို ကြိုဆိုနေမည့်အရာမှာ ကျည်ဆန်မိုးများသာ ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် မည်သူကမျှ မလှုပ်ရှားရဲကြပေ။ အချို့ကမူ ဤမြင်ကွင်းကို မကြည့်ရဲသဖြင့် နာကျင်စွာ မျက်လုံးများကို မှိတ်ထားလိုက်ကြသည်။

တပ်မှူးဟေးလန်က သူ့လက်ထဲရှိ သုံ့ပန်းသားကောင်ကို ကျေနပ်အားရစွာဖြင့် ကြည့်နေသည်။

ထိုအဘိုးအိုကို ဘေးသို့ ပေါ့ပေါ့ပါးပါး လွှင့်ပစ်လိုက်ပြီးနောက် သူ မတ်တတ်ရပ်ကာ အကြည့်တစ်ချက် ဝေ့ဝဲလိုက်ပြီး မလှမ်းမကမ်းရှိ လယ်ကွင်းထဲမှ အမျိုးသမီးတစ်ဦးကို ရုတ်တရက် လက်ညှိုးထိုးပြလိုက်သည်။

သူ့ပါးစပ်မှ နားလည်ရခက်သော အရိပ်တပ်ဖွဲ့၏ ဟော့ကင်းစကားများ ထွက်ပေါ်လာသည်။

ဘေးနားရှိ အရိပ်တပ်ဖွဲ့ စစ်သားနှစ်ယောက်က ချက်ချင်း ပြေးထွက်လာပြီး ထိုအမျိုးသမီးကို လျင်မြန်စွာ ဖမ်းဆွဲလိုက်ကြသည်။

ထိုအမျိုးသမီးမှာ အသက်လေးဆယ်ကျော်ခန့် ရှိပုံရပြီး သူမ၏ မျက်နှာမှာ ချက်ချင်း ဖြူဖျော့သွားကာ ကြောက်လန့်တကြား အော်ဟစ်လိုက်တော့သည်။

"မလုပ်ပါနဲ့... မလုပ်ကြပါနဲ့ရှင်"

"ရှင်တို့ ဘာလုပ်ကြတာလဲ... ကျွန်မ ဘာမှမခိုးပါဘူး... ကျွန်မ ဘာမှမယူထားပါဘူး"

"ရှောင်ယွီ... သူတို့ကို ပြောပြပေးပါဦး... အဒေါ် တကယ်ပဲ ဘာမှမယူထားပါဘူးလို့... အဒေါ့်ကို ကူညီပြီး သူတို့ကို ပြောပေးပါဦး"

ထိုလူလတ်ပိုင်း အမျိုးသမီးမှာ အလွန်ကြောက်လန့်သွားသဖြင့် မျက်ရည်များပင် ကျဆင်းလာပြီး ထိတ်လန့်တကြား အော်ဟစ်နေသည်။

ထိုအမျိုးသမီး ဘာသာပြန်၏ မျက်နှာမှာလည်း ထိုနည်းတူ ဖြူရော်နေသော်လည်း ဤအချိန်တွင် သူမ ဝင်ရောက်ပြောဆိုရဲခြင်း မရှိပေ။

အရိပ်တပ်ဖွဲ့ စစ်သားအချို့က ထိုအမျိုးသမီးကို လယ်ကန်သင်းအပြင်ဘက်သို့ ဆွဲခေါ်သွားသည်ကို မြင်လိုက်ရပြီးနောက် တပ်မှူးဟေးလန်က ထိုနေရာသို့ လျှောက်သွားလေသည်။

မြက်ခင်းကျင်းထဲတွင် မြက်ပင်များ ထူထပ်စွာ ပေါက်ရောက်နေသဖြင့် လူအုပ်ကြီးမှာ ထိုဘက်ရှိ အခြေအနေကို ရှင်းလင်းစွာ မမြင်ရပေ။

သို့သော် ထိုနေရာမှ အဝတ်အစားများ ဆုတ်ဖြဲခံရသည့် အသံနှင့်အတူ ထိုအမျိုးသမီး၏ အကူအညီတောင်းခံနေသော စူးစူးဝါးဝါး အော်ဟစ်သံများကို ကြားနေရသည်။

ထိုအသံများကြားထဲတွင် ဟေးလန်၏ ရမ္မက်ခိုးဝေနေသော ရယ်မောသံများလည်း ပါဝင်နေ၏။

တစ်ခဏချင်းမှာပင် အရိပ်တပ်ဖွဲ့ စစ်သားအားလုံးက ထူးဆန်းသော ရယ်မောသံများကို ပြုလုပ်လိုက်ကြသည်။

လယ်ကွင်းထဲရှိ အသက်ရှင်ကျန်ရစ်သူများမှာမူ တစ်ယောက်ပြီးတစ်ယောက် ခေါင်းကို တင်းကျပ်စွာ ငုံ့ထားကြပြီး လက်ထဲရှိ လယ်ယာသုံး ကိရိယာများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားကြသည်။

"တောက်"

ရုတ်တရက် တစ်စုံတစ်ယောက်က လေသံတိုးတိုးဖြင့် ကျိန်ဆဲလိုက်သည့် အသံကို ကြားလိုက်ရသည်။

အပြင်ဘက်စက်ဝိုင်းရှိ အရိပ်တပ်ဖွဲ့ စစ်သားများက ချက်ချင်း ခေါင်းလှည့်လာပြီး အော်ဟစ် ကြိမ်းမောင်းလိုက်ကြသည်။

"မင်းတို့ သေချင်နေတာလား"

အော်ဟစ်ကြိမ်းမောင်းလိုက်သော အရိပ်တပ်ဖွဲ့ စစ်သားသည် အစွမ်းပိုင်ရှင်တစ်ဦး ဖြစ်သဖြင့် အသံထွက်ပေါ်လာသည့် အသက်ရှင်ကျန်ရစ်သူကို မျက်တောင်တစ်ခတ်အတွင်းမှာပင် ပစ်မှတ်ထား ရှာဖွေနိုင်ခဲ့သည်။

ထိုအသက်ရှင်ကျန်ရစ်သူကို ကြည့်လိုက်ရာ အသက်နှစ်ဆယ်ဝန်းကျင်ခန့်သာ ရှိသေးပြီး အသက်မကြီးလှသော်လည်း သူ့ခန္ဓာကိုယ်ပေါ်တွင် တောင့်တင်းသော ကြွက်သားများ ရှိနေသည်။

ထိုလူငယ်၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားပြီးနောက် ချက်ချင်းပင် အံကို တင်းတင်းကြိတ်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ "အပျက်မသားတွေ... ခွေးကောင်တွေ... ငါက ဆဲတော့ရော ဘာဖြစ်လဲ"

"မင်းတို့ကောင်တွေကို သတ်ပစ်မယ်... လာခဲ့စမ်း... ငါ့ကို လာသတ်လှည့်... ငါ မသေခင် မင်းတို့ကို အဝဆဲသွားဦးမယ်"

"မင်းတို့လို တိရစ္ဆာန်ကောင်တွေ... တစ်နေ့ကျရင် ငါတို့လူတွေက မင်းတို့လို တိရစ္ဆာန်အုပ်စုကို မျိုးပြုတ်အောင် သတ်ပစ်မယ်"

"ဒိုင်း"

ထိုလူငယ် ဆဲဆိုလို့ပင် မပြီးသေးမီ အရိပ်တပ်ဖွဲ့ စစ်သားက တိုက်ရိုက် ပစ်ခတ်လိုက်သည်။

စွမ်းအင်ရောင်ခြည်တန်းများက တရှိန်ထိုး ပစ်ခတ်လာ၏။

ဤလူငယ်သည် လုံးဝ တုံ့ပြန်နိုင်စွမ်း မရှိသလို ရှောင်တိမ်းနိုင်ခြင်းလည်း မရှိပေ။

ဤစွမ်းအင်ရောင်ခြည်တန်းများက သူ၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားတော့မည်ကို မြင်နေရသော်လည်း သူ၏ မျက်နှာတွင်မူ ဒေါသများဖြင့် ပြည့်နှက်နေပြီး အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိဘဲ ပါးစပ်မှ ဆက်လက်၍ ဆဲဆိုနေဆဲပင်။

လူယုတ်မာများ၏ မိဘများမှစ၍ တစ်ဖက်လူ၏ ဘိုးဘေး ဆယ့်ရှစ်ဆက်တိုင်အောင် တိုက်ရိုက် ဆဲဆိုလိုက်ခြင်း ဖြစ်သည်။

သူသည် အရာအားလုံးကို စွန့်လွှတ်လိုက်ပြီ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဤဘဝကို ဆက်လက် ရှင်သန်ရန် မဖြစ်နိုင်တော့ပေ။ ဤလူယုတ်မာများ၏ ကျေးကျွန်တိရစ္ဆာန်များကဲ့သို့ အစေခံရခြင်းထက်စာလျှင် သေလိုက်ရသည်ကမှ ပိုကောင်းပေလိမ့်မည်။

သူ ချင်ကန်း သေရမည်ဆိုလျှင်တောင် ခေါင်းကျုံ့နေသော လိပ်သူရဲဘောကြောင် တစ်ကောင်အနေဖြင့် ဆက်လက် ရပ်တည်သွားမည် မဟုတ်ပေ။

ချင်ကန်းဟု ခေါ်သော လူငယ်၏ မျက်ဝန်းထဲတွင် ပြတ်သားမှု အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး လက်ထဲရှိ ပေါက်ပြားကို လယ်ကန်သင်းပေါ်ရှိ အရိပ်တပ်ဖွဲ့ စစ်သားဆီသို့ အားကုန် ပစ်ပေါက်လိုက်လေသည်။

"ခွေးကောင်တွေ... ငါသေရရင်တောင် မင်းတို့ကို ပြန်ချသွားမယ်"

"ဝှီး"

ထိုပေါက်ပြားသည် လေထဲတွင် အလွန် လျင်မြန်သော အလျင်ဖြင့် လွင့်ပျံသွားသည်။ ချင်ကန်း တစ်ကိုယ်လုံးရှိ ခွန်အားများကို အကုန်ထုတ်သုံးလိုက်ခြင်း ဖြစ်ပေလိမ့်မည်။

သို့သော် ထိုကဲ့သို့သော အလျင်သည် ထိုအရိပ်တပ်ဖွဲ့ စစ်သား၏ မျက်စိထဲတွင်မူ လိပ်တစ်ကောင် တွားသွားနေသကဲ့သို့ နှေးကွေးနေ၏။

သူက ရက်စက်စွာ ပြုံးလိုက်ပြီး လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရာ သန္ဓေပြောင်းစွမ်းအင်ဖြင့် ဖွဲ့စည်းထားသော စွမ်းအင်အကာအကွယ် တစ်ခု သူ၏ အရှေ့တွင် ပေါ်လာသည်။

သူသည် ရှောင်တိမ်းခြင်း မရှိဘဲ စွမ်းအင်အကာအကွယ် နောက်တွင် ရပ်နေကာ ချင်ကန်းကို အထင်အမြင်သေးစွာဖြင့် ကြည့်နေသည်။

စွမ်းအင်သေနတ်များမှ ပစ်ခတ်လိုက်သော စွမ်းအင်ကျည်ဆန်များသည် ချင်ကန်း၏ အရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ချင်ကန်းကို ထိမှန်တော့မည့် ဆဲဆဲတွင် ရုတ်တရက် ချင်ကန်း ရှိနေသော ဧရိယာ၌ အနက်ရောင် မြူခိုးများ ထကြွလာသည်။

နောက်တစ်ခဏတွင် ချင်ကန်း၏ ပုံရိပ်သည် လူအများ၏ မျက်မှောက်တွင်ပင် တိုက်ရိုက် ပျောက်ကွယ်သွားလေတော့သည်။

ဤဖြစ်ရပ်ကြောင့် ပတ်ဝန်းကျင်ရှိ လူတိုင်း ချက်ချင်းပင် အံ့သြတုန်လှုပ်သွားကြသည်။

ထိုအရိပ်တပ်ဖွဲ့ စစ်သားမှာလည်း မျက်လုံးများကို ပြူးကျယ်သွားကာ ပါးစပ်မှ အံ့သြတကြီး ရေရွတ်လိုက်သည်။ "ဘာ"

သို့သော် သူ သွားရောက် မစစ်ဆေးနိုင်မီမှာပင် ထိုပေါက်ပြားက ကျဆင်းလာခဲ့ပြီ ဖြစ်သည်။

သူသည် ထိုပေါက်ပြားကို ဂရုမစိုက်ခဲ့ပေ။ အကြောင်းမှာ ဤကဲ့သို့သော ခွန်အားဖြင့် သူ၏ အကာအကွယ်ကို ချိုးဖျက်နိုင်ရန် လုံးဝ မဖြစ်နိုင်သောကြောင့်ပင်။

သို့သော် ဤအချိန်လေးအတွင်းမှာပင် သူ၏ ဦးနှောက်ထဲ၌ စူးရှသော နာကျင်မှုကို ရုတ်တရက် ခံစားလိုက်ရသည်။

သူ တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ ပြင်းထန်သော နာကျင်မှုက တရှိန်ထိုး ဝင်ရောက်လာ၏။

"ဒုတ်"

သူ၏ ခေါင်းသည် ဖရဲသီးတစ်လုံးကဲ့သို့ ရုတ်တရက် ပေါက်ကွဲထွက်သွားလေသည်။

ပတ်ဝန်းကျင်ရှိ စွမ်းအင်အကာအကွယ်မှာလည်း အချိန်ကိုက် ကွဲအက်သွားပြီး ပေါက်ပြားသည် ခေါင်းပြတ်နေသော အလောင်းပေါ်သို့ တိကျစွာ ကျရောက်သွားသည်။

ရုတ်တရက် ကြည့်လိုက်ပါက ထိုပေါက်ပြားကပင် စွမ်းအင်အကာအကွယ်ကို ရိုက်ချိုးပြီး အရိပ်တပ်ဖွဲ့ စစ်သား၏ ခေါင်းကို ရိုက်ခွဲလိုက်သကဲ့သို့ ထင်မှတ်ရပေသည်။

လူတိုင်းက အံ့အားသင့်စွာဖြင့် ထိုနေရာတွင် ငြိမ်သက်နေကြပြီး ဤမြင်ကွင်းကို မယုံနိုင်စွာ ကြည့်နေကြသည်။

ဤကဲ့သို့သော ရလဒ်မျိုး ဖြစ်လာလိမ့်မည်ဟု မည်သူကမျှ ထင်မှတ်မထားခဲ့ကြပေ။

အနည်းငယ်မျှသာ တိတ်ဆိတ်သွားပြီးနောက် နောက်တစ်ခဏတွင် အရိပ်တပ်ဖွဲ့ စစ်သားအားလုံးက ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။

သူတို့က သေနတ်များကို ကောက်ကိုင်လိုက်ပြီး လယ်ကွင်းထဲရှိ ချင်ကန်း ရှိနေသော နေရာသို့ ပြေးဝင်သွားကြသည်။

အချို့က တိုက်ရိုက်ပင် ပစ်ခတ်မှုများ စတင်ပြုလုပ်နေကြ၏။

ထိုမြေကွက်သည် ချက်ချင်းပင် ဗုံးကြဲခံရသကဲ့သို့ ဧရာမ တွင်းကြီးများ ဖြစ်ပေါ်လာသည်။

မျက်စိလည်လမ်းမှားလာသော ကျည်ဆန်များ ထိမှန်ကာ ပွဲချင်းပြီး သေဆုံးသွားရသည့် သုံ့ပန်းအချို့လည်း ရှိနေသည်။

သို့သော် မည်သူကမျှ ၎င်းတို့ကို ဂရုမစိုက်ကြဘဲ အရိပ်တပ်ဖွဲ့ စစ်သားများက အရူးအမူးဖြင့် ချင်ကန်း၏ အရိပ်အယောင်ကို ရှာဖွေနေကြသည်။

သေဆုံးသွားသော အရိပ်တပ်ဖွဲ့ စစ်သားအနီးသို့ ပြေးသွားကာ အလျင်အမြန် စစ်ဆေးနေသော အရိပ်တပ်ဖွဲ့ စစ်သားအချို့လည်း ရှိနေသည်။

တစ်ချိန်တည်းမှာပင် တပ်မှူးဟေးလန်ကို ရှာဖွေရန် မြက်ခင်းပြင်ထဲသို့ ကပျာကယာ ပြေးဝင်သွားသော အရိပ်တပ်ဖွဲ့ စစ်သားများလည်း ရှိနေ၏။

သို့သော် မြက်တောထဲသို့ ရောက်သွားသောအခါမှသာ သူတို့ ထိတ်လန့်စွာ တွေ့ရှိလိုက်ရသည်။

စောစောကမှ ရမ္မက်ခိုးဝေစွာ ရယ်မောနေခဲ့သော တပ်မှူးဟေးလန်၏ ဦးခေါင်းမှာ ဘေးတစ်ဖက်သို့ လိမ့်ကျနေပြီး သူ၏ အောက်ပိုင်းမှာ တုံးတိသော လက်နက်တစ်ခုဖြင့် အသားစဉ်းစားစက်ထဲ ထည့်ကြိတ်ခံထားရသကဲ့သို့ ဖြစ်နေသည်ကိုပင်။

ထိုလူလတ်ပိုင်း အမျိုးသမီးမှာလည်း ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်သည်။

တစ်ခဏချင်းမှာပင် အရိပ်တပ်ဖွဲ့ စစ်သားများက သတိပေး ခရာများကို လျင်မြန်စွာ မှုတ်လိုက်ကြပြီး ကြီးမားသော ရန်သူနှင့် ရင်ဆိုင်နေရသကဲ့သို့ ဖြစ်သွားသည်။

ပတ်ဝန်းကျင်ရှိ အရိပ်တပ်ဖွဲ့ စစ်သား အများအပြားက တစ်ယောက်ပြီးတစ်ယောက် ပြေးလာကြသည်။

လယ်ကွင်းထဲတွင် ရပ်နေသော အသက်ရှင်ကျန်ရစ်သူများက ဤမြင်ကွင်းကို ကြည့်ကာ ရင်ထဲတွင် ကြည်နူးသွားကြပြီး တိတ်တဆိတ် အောင်ပွဲခံနေကြသည်။

အချို့ကမူ မျက်မှောင်ကြုတ်ကာ ပတ်ဝန်းကျင်ကို ထိတ်လန့်တကြား ကြည့်နေကြ၏။

တစ်ချိန်တည်းမှာပင် မျိုးစုံသော ဆွေးနွေးသံများ၊ အော်ဟစ်သံများနှင့် ဆဲဆိုသံများက အဆက်မပြတ် ထွက်ပေါ်နေသည်။

သို့သော် ခုနက အမျိုးသမီး ဘာသာပြန်လည်း ယခုအချိန်တွင် ပျောက်ကွယ်နေပြီဖြစ်ကြောင်းကိုမူ မည်သူကမျှ သတိမထားမိကြပေ။

ခြောက်မိုင်ခန့်အကွာတွင် အမှောင်ထုထဲမှ လူရိပ်အချို့ ထွက်ပေါ်လာသည်။

ဝူယင်၏ ဘေးတွင် ချင်ကန်းမှာ အထိတ်တလန့် ဖြစ်နေဆဲဖြစ်ပြီး ဘယ်ညာကို ဝေ့ကြည့်နေသည်။

"ခင်ဗျား... ခင်ဗျားတို့က ဘယ်သူတွေလဲ"

သူက သူ့ရှေ့ရှိ ဝူယင်တို့ သုံးယောက်ကို ဝမ်းသာအံ့သြစွာဖြင့် ကြည့်လိုက်သည်။

မဟုတ်သေးဘူး... တိတိကျကျ ပြောရလျှင် လေးယောက် ဖြစ်သည်။

အကြောင်းမှာ ထို ယွီမန်မန်ဆိုသည့် မိန်းမယုတ်လည်း ဤနေရာတွင် ရှိနေသည်ကို သူ တွေ့လိုက်ရသောကြောင့်ပင်။

သို့သော် ယခုအချိန်တွင် ထိုမိန်းမယုတ်သည် အရပ်ရှည်ရှည် ချောချောလှလှ အမျိုးသမီးတစ်ဦးလက်ချက်ဖြင့် လည်ကုပ်ကို အကိုင်ခံထားရသည်။

ထိုပုံစံက ခုနက သေဆုံးသွားသော အဘိုးအို၏ နောက်စေ့မှ ဆံပင်များကို အဆွဲခံထားရသည့်အချိန်က ပုံစံမျိုးနှင့် တူနေသည်။

အားလုံးက သူတစ်ပါး သတ်ဖြတ်ခြင်းကို ခံရမည့် ပုံစံမျိုး ဖြစ်သည်။

ချင်ကန်းက ဤလူသုံးယောက်ကို အကဲခတ်ကြည့်လိုက်သည်။ ခုနက မိန်းမချောလေးအပြင် ကျန်နှစ်ယောက်ထဲမှ တစ်ယောက်မှာ တက်တူးများ အပြည့်ထိုးထားသော လူကောင်ကြီးဖြစ်ပြီး အခြားတစ်ယောက်မှာမူ အရပ်ပုကာ လူအများ သတိမထားမိလောက်အောင် ဖြစ်သည်။

ထိုအချိန်တွင် တောင့်တင်းသော တက်တူးနှင့် လူကောင်ကြီးက လျှောက်လာပြီး ကြင်နာသော အပြုံးတစ်ခုကို ပြသလိုက်သည်။

"ကောင်လေး... ခုနက ငါအကုန်မြင်တယ်... ဒီလောက်လူအုပ်ကြီးထဲမှာ မင်းတစ်ယောက်ပဲ သတ္တိရှိတာ"

ချင်ကန်းမှာ ကြောင်အမ်းသွားပြီးနောက် ချက်ချင်းပင် စိတ်လှုပ်ရှားလာသည်။ "ခင်ဗျား... ခင်ဗျားတို့က ကျွန်တော်တို့လူတွေလား"

"ဘာလဲ... ဒါက မသိသာဘူးလား"

ထူလုံက ဟားတိုက် ရယ်မောလိုက်သည်။

ချင်ကန်းမှာ ရုတ်တရက် မျက်ဝန်းများ နီရဲလာပြီး ငိုသံပါကြီးဖြင့် ပြောလိုက်သည်။ "အပြင်ဘက်မှာ... အသက်ရှင်ကျန်ရစ်သူတွေ ရှိသေးတာလား"

"ကျွန်တော်က... ကျွန်တော်က အားလုံးကို ဒီလူယုတ်မာတွေက... က..."

ချင်ကန်းမှာ ရုတ်တရက် မိမိကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ မျက်ရည်များ အဆက်မပြတ် ကျဆင်းလာတော့သည်။

ထူလုံက ဤမြင်ကွင်းကို တွေ့သောအခါ အနည်းငယ် စိတ်ပျက်စွာဖြင့် မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်သည်။ "ယောက်ျားတန်မဲ့ ဘာလို့ ငိုယိုနေတာလဲ"

"အသက်ရှင်ကျန်ရစ်သူတွေ အများကြီးရှိပါသေးတယ်... စိတ်အေးအေးထားပါ"

ချင်ကန်းက ဤစကားကို ကြားသောအခါ မျက်ရည်များကို သုတ်လိုက်ပြီး ကမန်းကတန်း ပြောလိုက်သည်။ "ခင်ဗျားတို့က ဘယ်လိုလုပ်ပြီး ဒီကိုရောက်နေတာလဲ... အရိပ်တပ်ဖွဲ့ကကောင်တွေ ခင်ဗျားတို့ကို မမြင်ဘူးလား... မြန်မြန်သွား မြန်မြန်သွား... ဒီနေရာက အရမ်းအန္တရာယ်များတယ်... အရိပ်တပ်ဖွဲ့ကကောင်တွေ တွေ့သွားရင် ခင်ဗျားတို့ ပြေးလို့လွတ်မှာမဟုတ်ဘူး"

ထူလုံက ရယ်မောရင်း ဆူပူလိုက်သည်။ "ကောင်လေး... စကားများမနေနဲ့... ခုနက မင်းမှာ သတ္တိနည်းနည်းရှိတာ တွေ့လို့ ကယ်လိုက်တာ... ရော့ ဒါက မင်းအတွက်"

ပြောရင်းဆိုရင်း ထူလုံက သူ၏ ရင်ဘတ်ထဲမှ အပြာရောင် အသီးတစ်လုံးကို ထုတ်ယူလိုက်သည်။

ချင်ကန်းမှာ ကြောင်အမ်းသွားပြီး ချက်ချင်းပင် သူ၏ သူငယ်အိမ်များ ကျုံ့ဝင်သွားသည်။ "သန္ဓေပြောင်းစွမ်းအင် အသီးလား"

ထူလုံက ပြုံးလိုက်သည်။ "ရေဓာတ်အသီးပဲ... ဒါကိုစားလိုက်ပြီး အစွမ်းကောင်းကောင်းတစ်ခုခု နိုးထလာရင် မြောက်ဘက်က ထိုက်ယန်တောင် ခိုလှုံရေးစခန်းကို သွားရှာလိုက်"

ဤအချိန်တွင် ဟန်ရှန်းမန်ဘက်၌လည်း ယွီမန်မန်ဟုခေါ်သော အမျိုးသမီးကို စတင် စစ်မေးနေပြီ ဖြစ်သည်။

ယွီမန်မန်မှာ အပျိုစင် သူရဲကောင်းမလေး တစ်ယောက် မဟုတ်သလို သံမဏိလို ခိုင်မာသော စိတ်ဓာတ်မျိုးလည်း မရှိပေ။

ဟန်ရှန်းမန်၏ ခြိမ်းခြောက်စကား အနည်းငယ်မျှဖြင့်ပင် သူမသည် အရိပ်တပ်ဖွဲ့၏ စစ်စခန်းတည်ရှိရာ နေရာကို ဖွင့်ပြောလိုက်လေသည်။

"နင့်စကားအရ သူတို့ရဲ့ စစ်စခန်းက မြေအောက်မှာ တည်ဆောက်ထားတာပေါ့"

"ဟုတ်... ဟုတ်ပါတယ်... ကျွန်မ ကိုယ်တိုင် မျက်မြင်တွေ့ခဲ့တာပါ"

"သူတို့က အရင်တုန်းက အသက်ရှင်ကျန်ရစ်သူ တစ်စုကို ဖမ်းသွားပြီး စမ်းသပ်မှုတွေ လုပ်ဖို့ မြေအောက်ကို ပို့လိုက်တယ်"

"အောက်ဘက်မှာ သူတို့ရဲ့ စစ်စခန်းရှိတယ်... သူတို့က ကျွန်မကို အောက်ဆင်းခွင့်မပြုပေမဲ့ အဲ့ဒီနေရာက စစ်စခန်းဆိုတာ ကျွန်မ သိတယ်"

ဝူယင်က လျှောက်လာပြီး မေးလိုက်သည်။ "သူတို့ရဲ့ လက်နက်တိုက်က ဘယ်မှာလဲဆိုတာ နင် သိလား"

"အဲ့... အဲ့ဒါတော့ ကျွန်မ မသိပါဘူး... ကျွန်မက ဘာသာပြန်သက်သက်ပါ... အဲ့ဒီကောင်တွေက ကျွန်မကို လူစာရင်းတောင် သွင်းတာမဟုတ်ပါဘူး" ယွီမန်မန်က မျက်ရည်ဝဲကာ ငိုယိုပြီး ပြောလိုက်သည်။

ဤအချိန်တွင် ချင်ကန်းမှာ သတိဝင်လာပြီး ချက်ချင်းပင် အော်ဟစ်လိုက်သည်။ "သူမကို မယုံကြနဲ့... သူက သစ္စာဖောက်ပဲ"

"ဒီရက်ပိုင်းအတွင်း သူက အဲ့ဒီ လူယုတ်မာ တပ်မှူးဟေးလန်ကို ကူညီပြီး ကျွန်တော်တို့လူတွေကို အများကြီး နှိပ်စက်သတ်ဖြတ်ခဲ့တာ"

ထူလုံက ဤစကားကို ကြားသောအခါ သူ၏ မျက်နှာမှာ ချက်ချင်း မှောင်မိုက်သွားသည်။

ဟန်ရှန်းမန်ပင်လျှင် သတ်ဖြတ်လိုသော အရိပ်အယောင် အနည်းငယ်ကို ပြသလာသည်။

ယွီမန်မန်မှာ ကြောက်လန့်တကြားဖြင့် မျက်နှာ ဖြူဖျော့သွားကာ တစ်ကိုယ်လုံး တုန်ယင်နေပြီး ကမန်းကတန်း အသနားခံတော့သည်။ "ဒါ တကယ် ကျွန်မနဲ့ မဆိုင်ပါဘူး... ကျွန်မမှာလည်း တခြား ရွေးချယ်စရာ မရှိလို့ပါ"

"ကျွန်မသာ ဒီလိုမလုပ်ရင် သေရမှာက ကျွန်မဖြစ်သွားမှာပေါ့"

"အစ်ကိုတို့ အစ်မတို့ရယ်... ကျွန်မက အသက်ရှင်ချင်ရုံ သက်သက်ပါ... ကျွန်မမှာ ဘာအပြစ်ရှိလို့လဲ"

"ကျွန်မက အဲ့ဒီလူယုတ်မာတွေ စကားကို နားမထောင်လို့ သူတို့အတွက် အလုပ်မလုပ်ပေးရင်တောင်... တခြားလူတွေက သူတို့အတွက် လုပ်ပေးကြမှာပဲလေ"

"ပြီးတော့ ကျွန်မက သူတို့အတွက် ဘာသာပြန်ပေးပေမဲ့... ဘယ်သူ့ကိုမှ ဒုက္ခမပေးခဲ့ဖူးပါဘူး"

"လူသတ်တဲ့ကိစ္စတွေကလည်း အဲ့ဒီကောင်တွေ လုပ်တာချည်းပါပဲ... ကျွန်မနဲ့ ဘာမှမဆိုင်ပါဘူး"

"တောင်းပန်ပါတယ်... ကျွန်မကို မသတ်ကြပါနဲ့... ကျွန်မမှာ ကလေးရှိသေးတယ်... ကျွန်မကလေးက ဆယ်နှစ်ပဲ ရှိပါသေးတယ်... သူ ကျွန်မမရှိလို့ မဖြစ်ဘူးရှင့်... ဟင့်ဟင့်"

ယွီမန်မန်က ငိုယိုနေပြီး ဟန်ရှန်းမန်ကို အဆက်မပြတ် ခေါင်းငုံ့ကာ ရှိခိုးနေသည်။

ဟန်ရှန်းမန်၏ ရင်ထဲတွင် တွေဝေသွားပြီး ထူလုံသည်လည်း မျက်မှောင်ကြုတ်လိုက်သည်။

ဝူယင်က မျက်နှာသေဖြင့် ချင်ကန်းကို ကြည့်ကာ မေးလိုက်သည်။ "သူ့မှာ တကယ် ကလေးရှိတာလား"

ချင်ကန်းက ဤစကားကို ကြားသောအခါ ပြန်ပြောလိုက်သည်။ "အဲ့... အဲ့ဒါတော့ ကျွန်တော် မသိဘူး"

သူ တကယ်ပင် မသိခဲ့ပေ။ ဤအမျိုးသမီးက လယ်ကွင်းထဲသို့ ပေါ်လာတိုင်း ဘာသာပြန် အရာရှိတစ်ယောက်၏ အခန်းကဏ္ဍမှသာ ပေါ်လာခြင်း ဖြစ်သည်။

ထို့ပြင် အကြိမ်တိုင်းတွင် ဂုဏ်ယူဝင့်ကြွားနေသော ပုံစံမျိုး ရှိနေသဖြင့် နေရာရှိ အသက်ရှင်ကျန်ရစ်သူများကို အလွန်မုန်းတီးစေခဲ့သည်။

ဝူယင်က အကြံပြုလိုက်သည်။ "ငါတို့ရဲ့ လှုပ်ရှားမှုက လျှို့ဝှက်တယ်... ဒီလိုလူမျိုးကို အရှင်ထားလို့ မဖြစ်ဘူး... သတ်ပစ်လိုက်"

ဤစကားကို ကြားလိုက်ရသောအခါ ယွီမန်မန်မှာ ကြောက်လန့်တကြားဖြင့် မျက်နှာ ဖြူဖျော့သွားပြီး အသည်းအသန် ငိုယိုအသနားခံလာကာ ခေါင်းကို မြေကြီးနှင့် အဆက်မပြတ် ဆောင့်၍ ရှိခိုးတောင်းပန်တော့သည်။

"မလုပ်ပါနဲ့... တောင်းပန်ပါတယ်... ကျွန်မပြောတာတွေ အားလုံးက အမှန်တွေချည်းပါပဲ... ကျွန်မစကားမှာ အလိမ်အညာ တစ်ခွန်းပါခဲ့ရင်... ကျွန်မသားလေး အိမ်အပြင်ထွက်တာနဲ့ အဲ့ဒီလူယုတ်မာတွေလက်ချက်နဲ့ သေပါစေ"

"ကျွန်မက အမေတစ်ယောက်ပါ... ကိုယ့်သားကိုအသုံးချပြီး ဘယ်တော့မှ ကျိန်ဆိုမှာ မဟုတ်ပါဘူး... တောင်းပန်ပါတယ်... ကျေးဇူးပြုပြီး တောင်းပန်ပါတယ်... ဟင့်ဟင့်..."

"ကျွန်မသားလေးက တကယ် ငယ်ပါသေးတယ်... သူ အမေမရှိလို့ မဖြစ်ဘူးရှင့်... တောင်းပန်ပါတယ်"

ထူလုံလို ကြမ်းတမ်းသော ယောက်ျားကြီးပင်လျှင် ဤမြင်ကွင်းကို တွေ့သောအခါ မျက်မှောင် အနည်းငယ် ကြုတ်သွားမိပြီး အနည်းငယ် ဆုံးဖြတ်ရခက်သွားသည်။

ဟန်ရှန်းမန်ကလည်း သက်ပြင်းတစ်ချက်ချလိုက်ပြီး တိတ်တဆိတ် နောက်လှည့်သွားကာ ပြောလိုက်သည်။ "ထားလိုက်ပါတော့... သူမကို မေ့သွားအောင် လုပ်ပြီး အသက်ချမ်းသာပေးလိုက်ပါ"

ဝူယင်က ခဏစဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည်။ "အဲ့ဒါလည်း ရပါတယ်"

ထိုသို့ပြောဆိုရင်း သူက တိုက်ရိုက် လျှောက်သွားကာ ယွီမန်မန်၏ ထိတ်လန့်နေသော အမူအရာအောက်တွင် သူမ၏ လည်ကုပ်ကို ညင်သာစွာ ခေါက်လိုက်သည်။

ယွီမန်မန်မှာ ချက်ချင်းပင် မျက်လုံးများ ပြာသွားပြီး ထိုနေရာ၌ပင် မေ့လဲသွားတော့သည်။

ဆက်ရန်...

All Chapters