အခန်း (၂၀၉၁-၂၀၉၂)
Vol. 210 Ch. 2091-2092
အခန်း (၂၀၉၁) ထျန်လန်ရှန့်ရန်
ဖန့်ချန် နိုင်သွားခဲ့ချေပြီ
ဖုန်းချင်းရှန်းတောင်သို့ တပည့်အဖြစ် ဝင်ရောက်ကာ၊ ရူးသွပ်လက်သီးချက်ကို နားလည်သဘောပေါက်ထားခဲ့သော မေဒေါင်ကွမ်းပင်လျှင် သူ၏ ပြိုင်ဘက် မဟုတ်ခဲ့ချေ။
လူသားမျိုးနွယ်စု ကျောင်းတော်၏ တစ်ပိုင်းသူတော်စင်များနှင့် သူတော်စင်များသည်၊ အခြေခံအနှစ်သာရ အပိုင်းတွင် ဖန့်ချန်က တကယ့်ကို အခြားလူများထက် သာလွန်ထူးကဲနေကြောင်းကို ရင်ထဲ၌ မဝန်ခံဘဲ မနေနိုင်ကြတော့ပေ။
ဤအချိန်အထိ ရောက်ရှိလာမှသာ၊ တစ်စုံတစ်ယောက်က နောက်ဆုံးတွင် မချိတင်ကဲ ရေရွတ်လိုက်မိတော့သည်။
“ငါ အခုမှပဲ ကောင်းကင်နိမိတ်ဖြစ်စဉ်အဆင့် အတွင်းကမ္ဘာနယ်မြေရဲ့ ထူးခြားဆန်းပြားတဲ့အချက်ကို တကယ့်ကို နားလည်သွားတော့တယ်၊ အတိတ်တုန်းကတော့ ငါ မကျေနပ်ခဲ့ဘူး၊ ပါရမီက စွမ်းရည်ကို ကိုယ်စားမပြုနိုင်ဘူးလို့ အမြဲတမ်း တွေးခဲ့တာ၊ အခုတော့ ငါ လုံးဝ အရှုံးပေးလိုက်ပါပြီ……”
“ဟုတ်ပါ့ကွာ၊ အရှုံးပေးလိုက်ရပြီ၊ မေဒေါင်ကွမ်းရဲ့ စွမ်းရည်က ငါတို့ထက် အဆမတန် သာလွန်ကောင်းမွန်နေတာတောင်မှ၊ အခုလေးတင် သူတော်စင်အဆင့်ကို တက်လှမ်းထားတဲ့ ဖန့်ချန်ရဲ့ လက်ထဲမှာ ရှုံးနိမ့်သွားခဲ့ရတာပဲ၊ ဘယ်လိုလုပ်ပြီး အရှုံးမပေးဘဲ နေနိုင်မှာလဲ”
ကျောင်းသားဟောင်းအချို့သည် စိတ်ဓာတ်ကျဆင်းလျက် ခေါင်းငိုက်စိုက်ကျသွားခဲ့ကြပြီး၊ မိမိတို့နှင့် ဖန့်ချန်အကြားရှိ ကွာဟချက်က တကယ့်ကို ကြီးမားလွန်းလှကြောင်းကို မဝန်ခံဘဲ မနေနိုင်ကြတော့ချေ။
“သူက ကောင်းကင်နိမိတ်ဖြစ်စဉ်အဆင့် အတွင်းကမ္ဘာနယ်မြေ ပိုင်ရှင်လား”
ထွက်ခွာမသွားသေးသော အခြားမျိုးနွယ်စုမှ သူတော်စင်အချို့သည် စိတ်လှုပ်ရှားသွားကြပြီး၊ မိမိတို့၏ ဘေးနားရှိ မိတ်ဆွေများထံသို့ အနည်းငယ်မျှ အံ့အားသင့်စွာဖြင့် လှမ်း၍ ကြည့်ရှုလိုက်ကြသည်။
ဆရာတစ်ယောက်က စိတ်ရှုပ်ထွေးလှသော မျက်နှာအမူအရာဖြင့် ခေါင်းညိတ်ပြလိုက်ရင်း -
“ဟုတ်တယ်... သူက ကောင်းကင်နိမိတ်ဖြစ်စဉ်အဆင့် အတွင်းကမ္ဘာနယ်မြေပဲ……”
“ရှူး……”
အခြားမျိုးနွယ်စုမှ အင်အားကြီးပုဂ္ဂိုလ်များသည် ရင်ထဲ၌ အေးစက်လှသော လေထုကို တရှူးရှူး ရှူရှိုက်လိုက်မိကြတော့၏။
၎င်းတို့သည် ယခုအခါတွင် ကမ္ဘာကြီးသူတော်စင်အဆင့်သို့ ရောက်ရှိနေကြပြီ ဖြစ်သော်လည်း၊ မိမိတို့၏ လမ်းခရီးသည် အကြမ်းဖျင်းအားဖြင့် ဤမျှအထိသာ လျှောက်လှမ်းနိုင်တော့မည်ကို မိမိတို့ကိုယ်တိုင် ကောင်းစွာ သိရှိနေကြသည်။
အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ အတွင်းကမ္ဘာနယ်မြေ အဆင့်အတန်းသည် အမြင့်ဆုံးအနေဖြင့် ကမ္ဘာကြီးအထက်တန်းအဆင့်မျှသာ ရှိသောကြောင့် ဖြစ်ပေသည်။
အချို့ဆိုလျှင် ကမ္ဘာကြီးအောက်ခြေအဆင့်မျှသာ ရှိကြ၏။
လုံလောက်သော အတွင်းကမ္ဘာနယ်မြေ အဆင့်အတန်းကို အခြေခံအနှစ်သာရအဖြစ် ပိုင်ဆိုင်မထားပါက၊ နောက်ပိုင်းလမ်းခရီးသည် ပိုမို၍ လျှောက်လှမ်းရ ခက်ခဲလာပေလိမ့်မည်။
ထောင်ပေါင်းသောင်းချီသော၊ သို့မဟုတ် ရာစုနှစ်ပေါင်းများစွာသော ကျင့်ကြံခြင်းများကပင်လျှင်၊ ကျင့်ကြံခြင်းအဆင့်ကို စိုးစဉ်းမျှပင် တိုးတက်လာစေရန် မစွမ်းဆောင်နိုင်တော့ချေ။
မဟုတ်ပါကလည်း ၎င်းတို့အနေဖြင့် မိမိတို့ မျိုးနွယ်စုအတွင်းရှိ အသစ်တက်လာသော တပည့်များကို ပြုစုပျိုးထောင်ပေးရန်အတွက် လုံလောက်သော အချိန်များ ရှိနေလိမ့်မည် မဟုတ်ပေ။
“ကောင်းကင်နိမိတ်ဖြစ်စဉ်အဆင့် အတွင်းကမ္ဘာနယ်မြေ ဖြစ်နေတာတောင်မှ၊ ကရုဏာတောင်ဘက်ကို တပည့်အဖြစ် ဝင်ရောက်သွားခဲ့တာပဲ……”
“သူ့ရဲ့ ဒီလို စွမ်းရည်မျိုးနဲ့ဆိုရင်၊ ကောင်းကင်ငါးပါးစစ်မြေပြင်ကို သွားရမှာ သေချာတယ်”
“မင်းတို့ လူသားမျိုးနွယ်စု ကျောင်းတော်ကလည်း တကယ့်ကို စကားပြောရတာ လွယ်ကူလွန်းလှတာပဲနော်၊ ငါတို့ ဧရာမဘီလူးမျိုးနွယ်စုဘက်မှာသာဆိုရင်၊ တစ်စုံတစ်ယောက်က အသက်ရှင်ဖို့ လောဘတက်ပြီး သေရမှာကြောက်လို့ ကောင်းကင်ငါးပါးစစ်မြေပြင်ကို မသွားချင်ဘူးလို့ ငြင်းဆန်ရဲရင်၊ သူက ကောင်းကင်နိမိတ်ဖြစ်စဉ်အဆင့် အတွင်းကမ္ဘာနယ်မြေ ဖြစ်နေရင်တောင်မှ ဘာဖြစ်လဲ အကုန်လုံးကို အုပ်စုလိုက် နှင်ထုတ်ပစ်မှာပဲ”
“အဓိကက ကျောင်းအုပ်ကြီး မရှိနေတာရယ်၊ ရှူရှန့်ဆိုတဲ့လူကလည်း ဘယ်လိုမှ ပြောလို့ဆိုလို့မရတာရယ်၊ အဲ့ဒီ ကာကွယ်ရေးဆရာတွေကလည်း မျက်နှာပျက်စရာကိစ္စမျိုးကို တိုက်ရိုက် မလုပ်ချင်ကြတာရယ်ကြောင့်၊ ဒီလိုမျိုး အခြေအနေတွေ ဖြစ်ပေါ်လာရတာပါ”
“ဒါပေမဲ့လည်း... ဒီတစ်ကြိမ် တိုက်ခိုက်မှု ပြီးဆုံးသွားရင်တော့၊ ကရုဏာတောင်အနေနဲ့ သေချာပေါက် ရှင်းလင်းချက်တစ်ခု ပေးရလိမ့်မယ်၊ စင်ကြယ်တဲ့ သွေးဗောဓိသီးဆိုတာက အလကားရတာမျိုး မဟုတ်ဘူးလေ”
ပတ်ပတ်လည်မှ တိုးညင်းစွာ ပြောဆိုနေကြသော စကားသံများကို ကြားလိုက်ရသဖြင့်။
ကျိလင်၏ မျက်နှာအမူအရာသည် အနည်းငယ်မျှ ကြည့်ရဆိုးသွားခဲ့ရ၏။
ရွှမ်ပုထုံနှင့် အခြားလူများ၏ စိတ်ခံစားချက်ကလည်း မည်သို့မျှ ကောင်းမွန်မနေခဲ့ကြချေ။
မိမိတို့အနေဖြင့် ကရုဏာတောင်မှ ထွက်ခွာလာခဲ့ပါက၊ ဖန့်ချန်နှင့် အလွန်တရာ ကြီးမားသော ကွာဟချက်တစ်ခု ဖြစ်ပေါ်လာလိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြသည်။
သို့သော်လည်း တစ်ဖက်လူသည် စင်ကြယ်တဲ့ သွေးဗောဓိသီးကို သုံးစွဲခွင့် ရရှိခဲ့ရုံသာမက၊ စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်ကို မမျှော်လင့်ထားခဲ့ကြချေ။
ထို့အပြင် လုံးဝဥဿုံ သာလွန်ကောင်းမွန်သော အသာစီးဖြင့် မေဒေါင်ကွမ်းကို ခွေးပြေးဝက်ပြေး ပြေးရလောက်အောင် ရိုက်နှက်ပစ်ခဲ့ပြီး၊ တရှုံ့ရှုံ့ ငိုကြွေးလျက် ထွက်ခွာသွားစေခဲ့သည်။
ဤကဲ့သို့သော နည်းလမ်းများသည် ၎င်းတို့၏ အထက်တွင် အဆမတန် ရောက်ရှိနေခဲ့ချေပြီ။
“အတိတ်တုန်းကတော့ ငါ မမြင်မိခဲ့ဘူးပဲ၊ ဒီလူရဲ့ နည်းလမ်းတွေက တကယ့်ကို မဆိုးလှဘူး”
ထိုက်ရှီဝမ်းကျန်းသည် ဝေးကွာလှသော နေရာရှိ ဖန့်ချန်ကို စူးစိုက်ကြည့်ရှုလိုက်မိရင်း၊ မျက်ဝန်းအစုံအတွင်း၌ မချိတင်ကဲ ဖြစ်ရသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့၏။
သူသည် ဖန့်ချန်အပေါ် ထားရှိသော အမြင်က တကယ်တော့ ရှုပ်ထွေးလှပေသည်။
တစ်ဖက်လူက ကျိုကျိတောင်နှင့် အဆင်မပြေသည်ကို သိရှိနေသော်လည်း၊ သူ၏ ရင်ထဲ၌ မုန်းတီး၍ မရခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် ဖန့်ချန်က အတိတ်တုန်းက သူကိုယ်တိုင် တာဝန်ယူ၍ ကြိုဆိုခဲ့ရသော ကျောင်းသားသစ်တစ်ယောက် ဖြစ်ခဲ့သောကြောင့်ပင်။
မိမိကိုယ်တိုင် ကြိုဆိုခဲ့ရသော ကျောင်းသားသစ်တစ်ယောက်သည်၊ တစ်ပိုင်းသူတော်စင်အဆင့်မှနေ၍ ယနေ့ကဲ့သို့သော ခြေလှမ်းအထိ လျှောက်လှမ်းလာနိုင်ခဲ့ပြီး၊ စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့် သူတော်စင်တစ်ပါးအဖြစ် အသွင်ပြောင်းလဲလျက်၊ ထူးခြားဆန်းပြားသော နည်းလမ်းများနှင့် အလားအလာများကို ထုတ်ဖော်ပြသနေသည်ကို ကြည့်ရှုလိုက်ရသဖြင့်၊ သူ၏ ရင်ထဲ၌ ကြည်နူးပီတိဖြစ်ရပေသည်။
“ဟမ်းဟမ်း”
ရှူရှန့်က ချောင်းတစ်ချက် ဟမ့်လိုက်ရင်း၊ ဖန့်ချန်ကို ပြုံး၍ ပြောဆိုလိုက်သည်။
“ကဲပါ.. မင်းလည်း ပြန်ပြီးတော့ ကောင်းကောင်း အနားယူလိုက်လို့ရပြီ၊ ကျောင်းသားသစ်သက်တမ်းက မင်းကို ဘယ်လိုမှ ကန့်သတ်ထားလို့ မရတော့ဘူးဆိုတော့၊ နောင်ကျရင် ကျင့်ကြံခြင်းဂူဗိမာန်ထဲမှာ တံခါးပိတ်ကျင့်ကြံချင်ရင်လည်း ကျင့်ကြံ၊ စာဖတ်ချင်ရင်လည်း လာပြီးဖတ်၊ လွတ်လပ်ပေါ့ပါးတဲ့ သူတော်စင်တစ်ပါးအဖြစ် နေထိုင်သွားလိုက်ပါ၊ ဒါမှသာ သူတော်စင်အဆင့်ကို တက်လှမ်းရခြင်းရဲ့ အဓိပ္ပာယ်ပဲ”
လူတိုင်းသည် ထိုစကားကို ကြားလိုက်ရသောအခါ၊ ရင်ထဲ၌ နှာခေါင်းရှုံ့လိုက်ကြမိကြတော့၏။
တစ်စုံတစ်ယောက်က မနေနိုင်ဘဲ လှမ်း၍ အော်ဟစ်လိုက်သည်။
“ရှူရှန့်... မင်းတို့ ကရုဏာတောင်က ဒီလောက်အထိ တကိုယ်ကောင်းဆန်ရတာလား သူတော်စင်တစ်ပါးဖြစ်လာပြီဆိုရင်၊ လူသားမျိုးနွယ်စု ကျောင်းတော်အတွက် အကျိုးပြုသင့်သလို၊ ဟင်းလင်းပြင် အဆင့်မြင့်ဆုံးမဟာမိတ်အဖွဲ့ကြီးအတွက်လည်း အကျိုးပြုရမှာပေါ့”
“အိုင်း... ဒီလိုမျိုးကိစ္စရပ်တွေက ငါတို့လို စာပေသမားတွေနဲ့ ဘယ်လိုလုပ်ပြီး သက်ဆိုင်မှာလဲ အရပ်ရှည်တဲ့လူတွေကပဲ တာဝန်ယူသင့်တာပါ၊ ဥပမာအားဖြင့် မင်းတို့ လိုမျိုးပေါ့ကွာ”
ရှူရှန့်က သက်ပြင်းတစ်ချက် ချလိုက်မိရင်း မတတ်နိုင်သည့်အလား -
“ငါတို့ ကရုဏာတောင်က တိုက်ခိုက်ခြင်း အပိုင်းမှာ အားနည်းလွန်းလို့၊ တကယ့်ကို တတ်နိုင်စွမ်း မရှိပါဘူး၊ မင်းတို့အားလုံးအနေနဲ့လည်း တင်းတင်းကျပ်ကျပ် တွယ်ကပ်မနေကြပါနဲ့တော့ကွာ”
“သူက ငါတို့ကို ခွေးလို့ ဆဲနေတာပဲ”
“မင်းအမေကိုပဲ... ရှူရှန့်... ငါ မင်းနဲ့ အသေအလဲ စိန်ခေါ်တိုက်ခိုက်မယ်”
ကွင်းပြင်ကြီးတစ်ခုလုံးသည် တစ်ခဏအတွင်းမှာတင် အနည်းငယ်မျှ ရှုပ်ထွေးပွေလီသွားခဲ့ရတော့သည်။
ထိုအခြေအနေသည် ဤအရာ ပေါ်ထွက်လာသည့်တိုင်အောင်ပင် -
ကောင်းကင်ပြင်ကြီးထက်၌၊ ရုတ်တရက်ဆိုသလို ရွှေရောင်အလင်းတန်းတစ်ခု ဝင်းခနဲ လက်ပတ်ပျံသန်းလာခဲ့ချေပြီ။
အကြိမ်အနည်းငယ်မျှ လှုပ်ရှားပျံသန်းသွားခဲ့ပြီးနောက်၊ ရွှေရောင်အလင်းတန်းသည် လူတိုင်း၏ မျက်စိရှေ့မှောက်သို့ ပေါ်ထွက်လာခဲ့တော့၏။
၎င်းသည် သေးငယ်လှသော သားရဲလေးတစ်ကောင် ဖြစ်ပေရာ၊ တစ်ကိုယ်လုံးတွင် ပြာလဲ့လဲ့ အမွှေးနုလေးများ ပေါက်ရောက်နေခဲ့ပြီး၊ နားရွက်ကြီးများသည် မျက်နှာ၏ တစ်ဝက်ခန့်ကို ဖုံးအုပ်ထားခဲ့ကာ၊ မျက်နှာ မျက်လုံး နှာခေါင်း မကျန် အားလုံးသည် ကျားတစ်ကောင်နှင့် အနည်းငယ်မျှ တူညီနေသော်လည်း၊ မျက်ဝန်းအစုံကမူ တကယ့်ကို ကြီးမားလွန်းလှသဖြင့်၊ မျက်နှာပြင်တစ်ခုလုံး၏ သုံးပုံတစ်ပုံခန့်ကို နေရာယူထားခဲ့သည်။
ထိုသားရဲငယ်လေး ပေါ်ထွက်လာသည်နှင့်၊ လူသားမျိုးနွယ်စု ကျောင်းတော်မှ မြောက်မြားစွာသော ဆရာများသည် ၎င်း၏ နောက်ခံအကြောင်းအရင်းကို ချက်ချင်းပင် မှတ်မိသွားကြသဖြင့်၊ မျက်နှာထက်၌ ရိုသေလေးစားမှု အရိပ်အယောင်များ ထွက်ပေါ်လာခဲ့ကြရပြီး၊ ချက်ချင်း မတ်တတ်ရပ်လျက် ဦးညွှတ် အလေးပြုလိုက်ကြတော့၏။
“ကျွန်တော်မျိုးတို့ ထျန်လန်ရှန့်ရန် ကို ဖူးမြော်ပါတယ်”
ရှူရှန့်သည် စိတ်မပါလက်မပါ ဖြစ်နေခဲ့သော်လည်း၊ ဦးညွှတ်လျက် အလေးပြုလိုက်ရုံသာ ရှိခဲ့သည်။
ဖန့်ချန်သည် စိတ်ထဲ၌ အနည်းငယ်မျှ အံ့အားသင့်သွားခဲ့ရပြီး၊ ဤသားရဲငယ်လေးက မည်သို့သော နောက်ခံအကြောင်းအရင်း ရှိနေသနည်း။ သူကလည်း ကောင်းကင်နိမိတ်ဖြစ်စဉ်အဆင့် သူတော်စင်တစ်ပါးလား။
သို့သော်လည်း သူသည် ဤသားရဲငယ်လေး၏ ခန္ဓာကိုယ်ထက်မှ၊ ချင်ဂွေ့တို့ သုံးယောက်ကဲ့သို့သော ကောင်းကင်နိမိတ်ဖြစ်စဉ်အဆင့် အရှိန်အဝါမျိုးကို စိုးစဉ်းမျှပင် ခံစားမိခြင်း မရှိခဲ့ချေ။
“ဂျူနီယာညီလေးဖန့်... အလေးမပြုသေးဘူးလား ထျန်လန်ရှန့်ရန်ရဲ့ နောက်ခံက တကယ့်ကို မသေးလှဘူးနော်၊ ကာကွယ်ရေးဆရာတွေ မြင်ရင်တောင်မှ လိမ္မာယဉ်ကျေးစွာနဲ့ ဦးညွှတ် အလေးပြုရတာ ”
လင်းဖုန်း၏ အသံသည် ဖန့်ချန်၏ နားထဲသို့ တိုးဝင်လာခဲ့သည်။
ဖန့်ချန်သည် အလျင်အမြန်ပင် ဦးညွှတ် အလေးပြုလိုက်ရင်း၊ တစ်ချိန်တည်းမှာပင် မျက်လုံးထောင့်မှနေ၍ ဝေးကွာလှသော နေရာရှိ ချင်ဝူဆန့်ကို လှမ်း၍ တစ်ချက် အကဲခတ်လိုက်မိ၏။
ချင်ဝူဆန့်သည်လည်း၊ ယခုတစ်ခဏ၌ လိမ္မာယဉ်ကျေးစွာဖြင့် ဦးညွှတ် အလေးပြုနေသည်ကို မြင်တွေ့လိုက်ရသဖြင့်၊ သူ၏ ရင်ထဲ၌ ဤသားရဲငယ်လေး၏ နောက်ခံအကြောင်းအရင်းအပေါ်၊ ပိုမို၍ သိချင်စိတ် ပြင်းပြလာခဲ့ရတော့သည်။
“ဟမ်းဟမ်း”
သားရဲငယ်လေးက ခေါင်းကို ခပ်ဖွဖွလေး ညိတ်လိုက်မိရင်း၊ လူတိုင်း၏ သဘောထားအပေါ် တကယ့်ကို ကျေနပ်အားရနေသည့်အလား ရှိနေခဲ့ပြီးနောက်၊ ရှူရှန့်ကို လှမ်းကြည့်လိုက်ကာ ကလေးသံလေးဖြင့် ပြောဆိုလိုက်တော့သည်။
“ရှူရှန့် ရှိနေလား”
“ထျန်လန်ရှန့်ရန်... ကျွန်တော့်ကို မြင်တွေ့နေရတာ မဟုတ်ဘူးလား”
ရှူရှန့်က မတတ်နိုင်သည့်အလား ပြောဆိုလိုက်မိရင်း၊ ထို့နောက်တွင် လက်အုပ်ချီလိုက်ကာ -
“ထျန်လန်ရှန့်ရန် ဒီကို ရောက်လာတာ၊ ဘာများ ညွှန်ကြားစရာ ရှိလို့လဲခင်ဗျာ”
“အဖိုးကြီးနင်က ငါ့ကို မင်းဆီ လာပြောခိုင်းလိုက်တာ၊ မင်းတို့ ကရုဏာတောင်က သေချာပေါက် လူတစ်ယောက် ကောင်းကင်ငါးပါးစစ်မြေပြင်ကို လွှတ်ပေးရမယ်တဲ့။
မဟုတ်ရင် ကျောင်းအုပ်ကြီး ပြန်လာတဲ့အခါ သူ ရှင်းပြဖို့ နည်းလမ်းမရှိဘူးဖြစ်လိမ့်မယ်။
ဒီတစ်ကြိမ်မှာ မင်းက ဝေလျန့်ရွမ်တို့လို ဦးနှောက်မရှိတဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ လက်ထဲကနေ၊ စင်ကြယ်တဲ့ သွေးဗောဓိသီးတစ်လုံးကို နိုင်ခဲ့တာ မဟုတ်ဘူးလား။
အကျိုးအမြတ်တွေကို ရယူပြီးပြီဆိုရင်တော့၊ ငါတို့ကျောင်းတော်အတွက် အင်အားတစ်ခုခုတော့ စိုက်ထုတ်ပေးသင့်တာပေါ့”
သားရဲငယ်လေးက ပြောဆိုလိုက်၏။
ပြောရင်းပြောရင်းဖြင့်ပင်၊ ၎င်းသည် မည်သည့်နေရာမှ ရရှိလာသည်မသိသော အရည်ရွှမ်းလှသည့် သစ်သီးစိုတစ်လုံးကို ထုတ်ယူလိုက်ကာ၊ ပါးစပ်ထဲသို့ ထည့်လျက် ဝါးစားလိုက်ရင်း၊ မျက်နှာထက်၌ ကျေနပ်အားရမှု အရိပ်အယောင်များ ပေါ်ထွက်လာခဲ့ရသည်။
“ဘိုးဘေးနင်က စကားထုတ်ပြောလိုက်တာလား”
“ဟားဟား... ဒီတစ်ကြိမ် ကရုဏာတောင်က ဘယ်လိုမျိုး ထပ်ပြီး ငြင်းဆန်ဦးမလဲဆိုတာ ကြည့်ကြသေးတာပေါ့”
“မင်းတို့တွေလည်း စောစောစီးစီး ဝမ်းမသာနေကြပါနဲ့ဦး၊ ဘိုးဘေးနင်က ကရုဏာတောင်ကို လူတစ်ယောက်ပဲ လွှတ်ခိုင်းတာ……”
“အော်... ဟုတ်သားပဲ……”
လူတိုင်း၏ မျက်နှာအမူအရာသည် အနည်းငယ်မျှ ပြောင်းလဲသွားခဲ့ရပြီး၊ ရင်ထဲ၌ ရုတ်တရက်ဆိုသလို မချိတင်ကဲ ဖြစ်ရပြန်တော့သည်။
ကရုဏာတောင်သည် မည်သို့မျှ ပြောလို့ဆိုလို့မရလောက်အောင် ဖြစ်နေခဲ့သဖြင့်၊ ဘိုးဘေးနင်ကိုယ်တိုင်ပင်လျှင် ၎င်းတို့အပေါ် ဤမျှအထိ သဘောထားကြီးပေးနေရသည့် အခြေအနေသို့ ရောက်ရှိနေခဲ့ပြီပေါ့လေ။
ဒါက ငိုတတ်တဲ့ကလေးက၊ နို့…… စို့ရတာ ပိုလွယ်ကူတယ်ဆိုတဲ့ သဘောမျိုးလား။
“ဒီကိစ္စက…… စီနီယာနင်ရဲ့ ဆိုလိုရင်းကိုတော့၊ ကျွန်တော်မျိုးအနေနဲ့ လုံးဝ သဘောမတူနိုင်ပါဘူး……”
ရှူရှန့်၏ မျက်နှာထက်၌ ခက်ခဲခက်ဆဲ ဖြစ်ရသည့် အရိပ်အယောင်များ ပေါ်ထွက်လာခဲ့ရရင်း -
“ငါတို့ ကရုဏာတောင်က လူတိုင်းက ကြက်ကလေးတစ်ကောင်ကိုတောင် သတ်နိုင်တဲ့ စွမ်းအား မရှိကြတာ၊ ကောင်းကင်ငါးပါးစစ်မြေပြင်ကို သွားမယ်ဆိုရင်၊ အဲ့ဒါက အခြားလူတွေအတွက် ဟင်းဖတ် သွားလုပ်ပေးသလိုမျိုး ဖြစ်မနေဘူးလား”
“ဘာပဲဖြစ်ဖြစ် ဒါက အဖိုးကြီးနင်ရဲ့ ဆိုလိုရင်းပဲ၊ ငါ့ရဲ့ ဆိုလိုရင်း မဟုတ်ဘူး၊ မင်း ဆင်ခြေပေးချင်တယ်ဆိုရင် သူ့ဆီ ကိုယ်တိုင်သွားပြီး ပြောလိုက်၊ ငါကတော့ ဒီတစ်ကြိမ် အပြင်ကို ခဲရာခဲဆစ် ထွက်လာရတာဆိုတော့၊ ပတ်ပတ်လည်ကို လျှောက်ပြီး ကစားဦးမှာ”
သားရဲငယ်လေးက ပြောဆိုလိုက်သည်။
စကားကို ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက်
“အော်... ဟုတ်သားပဲ၊ အဖိုးကြီးနင်က ပြောသေးတယ်၊ မင်းတို့ ကရုဏာတောင်က ဒီတပည့်နှစ်ယောက်စလုံးက၊ တကယ်တော့ ကောင်းကင်ငါးပါးစစ်မြေပြင်ကို သွားဖို့အတွက် တကယ့်ကို သင့်တော်လှတယ်တဲ့၊ အသစ်ရောက်လာတဲ့လူက သူတော်စင်အဆင့်ကို မတက်လှမ်းရသေးဘူးဆိုတော့ ထားလိုက်ပါတော့၊ ဒီလူပဲပေါ့၊ သူ့ကို အထဲဝင်ဖို့ စီစဉ်လိုက်”
သားရဲငယ်လေးသည် မိမိ၏ ခြေသည်းကို မြှင့်တင်လိုက်ရင်း၊ ဖန့်ချန်၏ထံသို့ ခပ်ဖွဖွလေး တစ်ချက် ညွှန်ပြလိုက်တော့၏။
“အကယ်၍ ကျွန်တော် သဘောမတူရင်ကော”
ရှူရှန့်က ယခုတိုင် ခေါင်းမာနေဆဲ ဖြစ်သည်။
နောက်တစ်ခဏ၌ သားရဲငယ်လေးသည် ကောင်းကင်ပြင်ကြီးကို ရိုက်နှက်လိုက်သည့်အတိုင်း ဖြစ်ပေရာ၊ ထို့နောက်တွင် ရှူရှန့်၏ မျက်နှာထက်၌ လက်ဝါးရာတစ်ခု ထပ်မံ၍ တိုးထွက်လာခဲ့ရပြီး၊ တစ်ကိုယ်လုံးလည်း ခြေလှမ်းအနည်းငယ်မျှအထိ လွင့်ထွက်သွားခဲ့ရတော့သည်။
လူတိုင်း ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရသော်လည်း၊ မြောက်မြားစွာသော ဆရာများသည် စိတ်ထဲ၌ တိတ်တဆိတ် သဘောကျနေခဲ့ကြ၏။
“အဖိုးကြီးနင်က ပြောတယ်၊ တကယ်လို့ မင်း သဘောမတူရင်၊ နောက်ထပ် လက်ဝါးတစ်ချက်ကတော့၊ သူကိုယ်တိုင် လာပြီး ရိုက်လိမ့်မယ်တဲ့”
သားရဲငယ်လေးက ပြောဆိုလိုက်သည်။
“ကောင်းပြီလေ... မင်းတို့တွေ တကယ့်ကို ရက်စက်ကြတယ်၊ ငါ သဘောတူလိုက်ပြီ”
ရှူရှန့်က အံကို တင်းတင်းကြပ်ကြပ် ခဲလိုက်မိရင်း ပြောဆိုလိုက်ရတော့၏။
သားရဲငယ်လေးသည် ချက်ချင်းပင် ကျေနပ်အားရမှု အရိပ်အယောင်များ ပေါ်ထွက်လာခဲ့ရပြီး၊
“အခြေအနေကို သိတတ်သားပဲ၊ ဒါဆိုရင်တော့ ကတိအတိုင်းပဲပေါ့၊ နောက်ထပ် နှစ်ပေါင်းတစ်ရာကျရင်၊ ဒီလူငယ်က ကောင်းကင်ငါးပါး စစ်မြေပြင်ကို သွားရမယ်”
စကားဆုံးသည်နှင့်၊ ၎င်းသည် မိမိ၏ နားရွက်ကြီးများကို တစ်ချက် ခါယမ်းလိုက်ရင်း၊ အကြိမ်အနည်းငယ်မျှ လှုပ်ရှားပျံသန်းသွားခဲ့ပြီးနောက် လူတိုင်း၏ မျက်စိရှေ့မှောက်မှ ပျောက်ကွယ်သွားခဲ့တော့သည်။
အခန်း (၂၀၉၂) ရှီလင်ဟုန်
သားရဲငယ်လေး ထွက်ခွာသွားသည်နှင့်၊ ပတ်ပတ်လည်ရှိ လူအားလုံး စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ကြသည်ကို ဖန့်ချန် သိသာထင်ရှားစွာ ခံစားလိုက်ရသည်။
တောင်အသီးသီးမှ ဆရာများကိုပင် ဤမျှအထိ ကြောက်ရွံ့တုန်လှုပ်သွားစေနိုင်သဖြင့်၊ သူ၏ ရင်ထဲ၌ ဤထျန်လန်ရှန့်ရန်၏ နောက်ခံအကြောင်းအရင်းနှင့်၊ ၎င်း၏ ပါးစပ်မှ ပြောဆိုခဲ့သော အဖိုးကြီးနင်မှာ မည်သူဖြစ်ကြောင်းကို ပိုမို၍ သိချင်စိတ် ပြင်းပြလာခဲ့ရတော့၏။
“တကယ်ကို ကံဆိုးတာပဲကွာ”
ရှူရှန့်က မိမိ၏ ပါးပြင်ကို ခပ်ဖွဖွလေး ပွတ်သပ်လိုက်ရင်း၊ ထို့နောက်တွင် ကျန်းတောက်ယွဲ့နှင့် အခြားလူများကို လှမ်း၍ ပြောဆိုလိုက်သည်။
“ငါတို့ သွားကြစို့”
ကရုဏာတောင်မှ လူတိုင်းသည် တစ်ယောက်ပြီးတစ်ယောက် အတွင်းကမ္ဘာနယ်မြေကို မောင်းနှင်လိုက်ကြပြီး၊ ရှူရှန့်နှင့်အတူ ထိုနေရာမှ ထွက်ခွာသွားခဲ့ကြတော့သည်။
ကျိလင်သည် ဖန့်ချန် ဝေးကွာရာသို့ ထွက်ခွာသွားသည်ကို မျက်တောင်မခတ်တမ်း ငေးမောကြည့်ရှုနေခဲ့ပြီး၊ အစမှအဆုံးတိုင်အောင် စိုးစဉ်းမျှပင် စကားမဟခဲ့ချေ၊ သူ၏ မျက်ဝန်းအစုံသည် လေးနက်တည်ကြည်နေခဲ့ကာ၊ မချိတင်ကဲဖြစ်ရသည့် အရိပ်အယောင်တစ်ခုနှင့်၊ ကံကောင်းသွားရသည့် အရိပ်အယောင်တစ်ခု စုပြုံနှောနှောင်နေခဲ့သည်။
ဝူချုံသည် ကျိလင်၏ ရင်ထဲမှ အတွေးအမြင်များကို ရိပ်မိနိုင်သဖြင့်၊ စက္ကန့်အနည်းငယ်မျှ စဉ်းစားတွေးတောလိုက်ပြီးနောက်၊ နောက်ဆုံးတွင်တော့ ဝင်ရောက်ဖျောင်းဖျရန် စကားမဟခဲ့တော့ချေ။
သူမအနေဖြင့် မိမိကိုယ်တိုင် ယခုအချိန်တွင် ထပ်မံ၍ ဖျောင်းဖျနေပါကလည်း၊ မည်သို့သော အဓိပ္ပာယ်မျိုးမှ ရှိတော့မည်မဟုတ်ဟု ခံစားလိုက်ရသည်။
ဖန့်ချန် ထုတ်ဖော်ပြသလိုက်သော အင်အားကြီးမားလှသည့် စွမ်းရည်များသည်၊ ယခုအချိန်၌ ကျိလင် နှိုင်းယှဉ်နိုင်စွမ်းရှိသည့် အရာမျိုးထက် အဆမတန် သာလွန်ကောင်းမွန်နေခဲ့ချေပြီ။
“သူက အခုဆိုရင်…… တကယ်ပဲ မျိုးဆက်သုံးဆက်ရဲ့ နံပါတ်တစ် ဖြစ်သွားခဲ့ပြီပေါ့နော်”
ချိုင်စစ်ရှို့က ထူးဆန်းလှသော မျက်နှာအမူအရာဖြင့် တိုးညင်းစွာ ရေရွတ်လိုက်မိ၏။
ရွှမ်ပုထုံ၏ ရင်ထဲ၌ ဒိတ်ခနဲ ဖြစ်သွားခဲ့ရပြီး၊ အသေးစိတ်မျှ တွေးတောလိုက်မိသောအခါ၊ မျက်နှာအမူအရာသည် တစ်ခဏအတွင်းမှာတင် အလွန်တရာ ထူးဆန်းပွေလီသွားခဲ့ရတော့သည်။
၎င်းတို့၏ အထက်နှစ်မှာ၊ ဝေရွှင်တို့၏ နှစ်ဖြစ်ပေသည်။
ယခုကြည့်ရသည်မှာ၊ ဤနှစ်၏ သူတော်စင်များသည် ဖန့်ချန်နှင့် တိုက်ရိုက်တိုက်ခိုက်ဖူးခြင်း မရှိကြသေးသော်လည်း၊ ၎င်းတို့၏ စွမ်းရည်များသည် အများအားဖြင့် မေဒေါင်ကွမ်းနှင့် အဆင့်တူမျှသာ ရှိကြပေလိမ့်မည်။
မေဒေါင်ကွမ်း အတိတ်တုန်းက ထုတ်ဖော်ပြသခဲ့သော စွမ်းအားများသည်၊ ဝေရွှင်နှင့် လုံးဝ ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ရှိသော်လည်း၊ ယခုတိုင် ဖန့်ချန်၏ လက်ထဲ၌ ရှုံးနိမ့်သွားခဲ့ရဆဲပင်။
ထို့ကြောင့် ၎င်းတို့၏ အပတ်အတွင်း၌လည်း၊ ဖန့်ချန်နှင့် နှိုင်းယှဉ်နိုင်စွမ်းရှိသော တည်ရှိမှုမျိုးကို ရှာဖွေ၍ ရတော့မည်မဟုတ်ချေ။
“နောက်ထပ် အောက်နှစ်တွေအတွက်ကတော့……”
ရွှမ်ပုထုံသည် ကျိုကျိတောင်မှ ကျောင်းသားသစ်အချို့ကို သတိရသွားခဲ့သဖြင့်၊ မျက်ဝန်းကို အနည်းငယ်မျှ လှည့်ပတ်ကြည့်ရှုလိုက်ရာ၊ တောင်အသီးသီးမှ ကျောင်းသားသစ်များ၏ ပုံရိပ်များသည် မျက်စိထဲသို့ တိုးဝင်လာခဲ့ကြသည်။
အချိန်အတော်ကြာပြီးနောက်၊ သူက သက်ပြင်းတစ်ချက် ခပ်ဖွဖွ ချလိုက်မိတော့၏။
ဤကျောင်းသားသစ်အုပ်စုထဲမှ ဖန့်ချန်နှင့် နှိုင်းယှဉ်နိုင်စွမ်းရှိမည့်သူတစ်ယောက်ကို ရှာဖွေရန်မှာ၊ ပိုမို၍ပင် ခက်ခဲလိမ့်မည် ဖြစ်ပေသည်။
“မျိုးဆက်သုံးဆက် ရဲ့ နံပါတ်တစ် ဟုတ်လား”
ကျိလင်က ရုတ်တရက် နှာခေါင်းရှုံ့လိုက်ရင်း -
“မင်းတို့တွေ မသိတာ ဖြစ်နိုင်တယ်၊ ငါတို့အပတ်ထဲမှာ၊ ကျောင်းသား သုံးယောက်က ကာကွယ်ရေးဆရာတွေရဲ့ တံခါးအောက်ကို တပည့်အဖြစ် ဝင်ရောက်သွားခဲ့ကြတယ်ဆိုတာကိုကော”
“ဘာလဲ”
လူတိုင်းသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုလိုက်ကြမိရင်း၊ မယုံကြည်နိုင်လောက်သည့် မျက်ဝန်းအစုံဖြင့် ကျိလင်ကို စိုက်ကြည့်လိုက်ကြသည်။
“မင်းတို့တွေ သေချာ ပြန်ပြီး စဉ်းစားကြည့်လိုက်ဦး၊ ဒီနှစ်တွေအတွင်းမှာ မင်းတို့ တစ်ခါမှ မမြင်ဖူးတဲ့ လူသုံးယောက်က ဘယ်သူတွေလဲဆိုတာကို”
ကျိလင်က ပြုံးလျက် ဝူချုံကို တစ်ချက် ကြည့်ရှုလိုက်ရာ၊ ဝူချုံသည် စဉ်းစားတွေးတောနေသည့် မျက်ဝန်းအစုံဖြင့် ကရုဏာတောင်၏ လားရာဘက်သို့ စူးစိုက်ကြည့်နေသည်ကို မြင်တွေ့လိုက်ရသဖြင့်၊ သူသည် သတိမထားမိနိုင်လောက်အောင် မျက်ခုံးကို တွန့်လိုက်မိရင်း၊ မျက်ဝန်းအောက်ခြေ၌ မကျေနပ်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့၏။
“ငါတို့ တစ်ခါမှ မမြင်ဖူးတဲ့ လူသုံးယောက်က ဘယ်သူတွေလဲ”
ချိုက်စစ်ရှို့က တိုးညင်းစွာ ရေရွတ်လိုက်မိရင်း -
“ငါတို့ အုပ်စုတုန်းက၊ လူသုံးရာတောင် မပြည့်ဘူး၊ ဒီနှစ်ပေါင်း ခုနစ်ရာကျော်အတွင်းမှာ၊ သေတဲ့လူကသေ၊ ဒုက္ခိတဖြစ်တဲ့လူကဖြစ်နဲ့၊ စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့်ကို တက်လှမ်းနိုင်တဲ့လူကလည်း၊ လေးငါးဆယ်ယောက်မျှသာ ရှိတာ……”
“ဒီကျောင်းနေဘက်တွေကို ပုံမှန်အားဖြင့် ကောင်းကင်ငါးပါးစစ်မြေပြင်မှာ မြင်တွေ့ရတတ်သလို၊ ရံဖန်ရံခါလည်း……”
“အဲ့ဒီ လူသုံးယောက်လား”
လုကျိုဝမ်က ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည့်အလား၊ အနည်းငယ်မျှ မယုံကြည်နိုင်စွာဖြင့် ဝူချုံကို လှမ်း၍ ကြည့်ရှုလိုက်မိသည်။
သူ မှတ်မိသည်မှာ ၎င်းတို့၏ အပတ်တုန်းက၊ ဝူချုံတို့ တစ်စု လေးယောက်စလုံးသည် နောက်ခံအသိုင်းအဝိုင်း တကယ့်ကို မသေးလှကြချေ၊ ကျန်ရှိသော သုံးယောက်သည်လည်း မဟာမျိုးနွယ်စုများမှ ဆင်းသက်လာကြသူများ ဖြစ်ကြသဖြင့်၊ ခွေရွှေမျိုးနွယ်စုထက် မနိမ့်ပါးကြချေ။
ထိုသုံးယောက်သည် ကျိုကျိတောင်သို့ တပည့်အဖြစ် ဝင်ရောက်ခြင်း မရှိခဲ့ကြသဖြင့်၊ ၎င်းတို့၏ စိတ်ထဲ၌ ထင်ထင်ရှားရှား မှတ်မိနေခြင်း မရှိကြခြင်း ဖြစ်ပေသည်။
ယခု ပြန်လည်စဉ်းစားကြည့်လိုက်သောအခါမှသာ၊ ဤသုံးယောက်သည် မည်သည့်တောင်ကုန်းသို့ တပည့်အဖြစ် ဝင်ရောက်သွားခဲ့ကြသည်ကို အနည်းငယ်မျှပင် မမှတ်မိနိုင်လောက်အောင် ဖြစ်နေခဲ့ရသည်။
“ကြည့်ရတာ ညီကိုလုက ရိပ်မိသွားပုံပဲ၊ တကယ့်ကို အဲ့ဒီ သုံးယောက်ပါပဲ၊ လွန်ခဲ့တဲ့ နှစ်တွေကတည်းက ကာကွယ်ရေးဆရာတွေရဲ့ မျက်စိကျခြင်းကို ခံခဲ့ရပြီး၊ တံခါးအောက်ကို တပည့်အဖြစ် အပ်နှံခြင်း ခံခဲ့ရတာ။
အကယ်၍ ချုံအာက ငါ့ကို ဒီကိစ္စကို ပြောပြမလာခဲ့ရင်၊ ငါလည်း သူတို့ သုံးယောက်မှာ ဒီလိုမျိုး ကံကောင်းခြင်း အခွင့်အရေးရှိနေတာကို သိမှာမဟုတ်ဘူး။
သူတို့ ကာကွယ်ရေးဆရာတွေရဲ့ တံခါးအောက်ကို ဝင်ရောက်ခဲ့တဲ့ အချိန်က၊ မေအစ်ကိုထက်တောင်မှ ပိုပြီးတော့ ကြာမြင့်ခဲ့သေးတယ်၊ ဒါ့အပြင် ပိုမိုစောစီးတဲ့ အချိန်ကတည်းက စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့် သူတော်စင်အဖြစ်ကို တက်လှမ်းထားခဲ့ကြတာ၊ ဒါပေမဲ့လည်း ကျင့်ကြံခြင်းအဆင့်ကို အစဉ်တစိုက် တိတ်တဆိတ် တည်ငြိမ်အောင် ကျင့်ကြံနေခဲ့ကြပြီး၊ ကောင်းကင်ငါးပါးစစ်မြေပြင်ကို သွားရောက်ခြင်း မရှိခဲ့ကြသေးလို့သာ၊ မင်းတို့တွေရဲ့ စိတ်ထဲမှာ မှတ်မိမနေကြတာပါ”
ကျိလင်က ခပ်အေးအေး ပြုံးလိုက်ရင်း -
“ငါ သိထားသလောက်ဆိုရင်တော့၊ ဒီသုံးယောက်ထဲက တစ်ယောက်က၊ ပါပုရှန်တောင်ရဲ့ နာလန် ဆရာ့အောက်မှာ ကျင့်ကြံနေတာ။
သူတို့ သုံးယောက် ရှိနေသရွေ့တော့၊ ဖန့်ချန်အနေနဲ့ မျိုးဆက်သုံးဆက်ရဲ့ နံပါတ်တစ် ဖြစ်ချင်တယ်ဆိုရင်တော့၊ အနည်းငယ်လောက်တော့ လိုအပ်နေဦးမှာ သေချာတယ်။
ဒါတွေအပြင်၊ ငါတို့ရဲ့ အထက်နှစ်မှာလည်း၊ တကယ့် ပါရမီရှင်အစစ်အမှန်တစ်ယောက် ထွက်ပေါ်ခဲ့ဖူးသေးတယ်၊ ကြားသိရသလောက်ဆိုရင်တော့ သူ့ရဲ့ အတွင်းကမ္ဘာနယ်မြေက ကောင်းကင်နိမိတ်ဖြစ်စဉ်အဆင့် အထက်တန်း ဖြစ်ပြီး၊ ကျင့်ကြံခြင်းကလည်း စွမ်းအင်စုစည်းခြင်း အလယ်ပိုင်းအဆင့်ကို တက်လှမ်းထားခဲ့ပြီးပြီတဲ့။
ဒီပုဂ္ဂိုလ်ကတော့ အတိတ်တုန်းက၊ မျိုးဆက်ငါးဆက်ရဲ့ နံပါတ်တစ်လို့ ချီးကျူးဂုဏ်ပြုခြင်း ခံခဲ့ရတဲ့ တည်ရှိမှုမျိုးပဲ ”
“ရှူး”
ရွှမ်ပုထုံနှင့် အခြားလူများသည် ရင်ထဲ၌ အေးစက်လှသော လေထုကို တရှူးရှူး ရှူရှိုက်လိုက်မိကြရရင်း၊ မျက်ဝန်းအစုံအတွင်း၌ မယုံကြည်နိုင်လောက်သည့် အရိပ်အယောင်များ ထွက်ပေါ်လာခဲ့ကြသည်။
လူသားမျိုးနွယ်စု ကျောင်းတော်ထဲမှာ၊ ဤကဲ့သို့သော မိစ္ဆာကောင်မျိုး ရှိနေသေးတာလား။
၎င်းတို့ထက် တစ်ပတ်မျှသာ မြင့်သော်လည်း၊ ယခုအခါတွင် စွမ်းအင်စုစည်းခြင်း အလယ်ပိုင်းအဆင့် ကျင့်ကြံခြင်းသို့ ရောက်ရှိနေခဲ့ချေပြီလား။
(တစ်ပတ်ဆိုတာ နှစ်ငါးရာပါ)
၎င်းတို့သည် မိမိတို့ကိုယ်မိမိ တမူထူးခြားလှသည်ဟု ထင်မှတ်ထားကြသော်လည်း၊ မိမိတို့နှင့် စွမ်းအင်စုစည်းခြင်း အလယ်ပိုင်းအဆင့်အကြားရှိ အကွာအဝေးသည်၊ အနည်းဆုံးအနေဖြင့်ပင် နှစ်ပေါင်းထောင်ချီ၊ သို့မဟုတ် သောင်းချီသော အချိန်လိုအပ်နေဦးမည်ဟု ယခုတိုင် တွေးဆနေကြရဆဲ ဖြစ်ပေသည်။
“ကျိဂျူနီယာကျောင်းသားကလည်း အဲ့ဒီပုဂ္ဂိုလ်ကို သိနေတာလား အဲ့ဒီပုဂ္ဂိုလ်ကတော့ တကယ့်ကို မျိုးဆက်ငါးဆက်ရဲ့ နံပါတ်တစ်လို့ ခေါ်ဆိုဖို့ ထိုက်တန်လှပါတယ်”
မည်သည့်အချိန်ကတည်းက ရောက်ရှိနေသည်မသိသော ထိုက်ရှီဝမ်းကျန်းသည်၊ လူအနည်းငယ်၏ ဘေးနားသို့ ရောက်ရှိလာခဲ့ချေပြီဖြစ်ရာ၊ မျက်ဝန်းအစုံအတွင်း၌ တမ်းတရသည့် အရိပ်အယောင်တစ်ခု ထွက်ပေါ်နေခဲ့၏။
“ထိုက်ရှီစီနီယာအစ်ကို”
လူတိုင်းက တစ်ယောက်ပြီးတစ်ယောက် ဦးညွှတ် အလေးပြုလိုက်ကြသည်။
ချိုင်စစ်ရှို့နှင့် လုကျိုဝမ်တို့သည် ကျိုကျိတောင်မှ တပည့်များ မဟုတ်ကြသော်လည်း၊ ထိုက်ရှီဝမ်းကျန်းအပေါ် တကယ့်ကို ရိုသေလေးစားမှု ရှိကြပေသည်။
ဤပုဂ္ဂိုလ်က ၎င်းတို့၏ လမ်းပြခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့ဖူးသည် မဟုတ်ပါလား။
“မလိုတော့ပါဘူးကွာ”
ထိုက်ရှီဝမ်းကျန်းက ခပ်အေးအေး ပြုံးလိုက်ရင်း -
“မင်းတို့အားလုံးကလည်း စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့်ကို တက်လှမ်းထားခဲ့ကြပြီးပြီပဲ၊ နောင်ကျရင် ငါ့အပေါ် ဒီလောက်အထိ အားနာယဉ်ကျေးနေဖို့ မလိုတော့ပါဘူး၊ လူတိုင်းရဲ့ ကျင့်ကြံခြင်းက တူညီနေကြတာပဲကို၊ ငါကလည်း မင်းတို့ထက် နှစ်အနည်းငယ်ပဲ စောပြီး ရောက်လာခဲ့ရုံသက်သက်ပါပဲ”
သူက စကားကို ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် -
“ကျိကျောင်းသား ပြောတဲ့ အဲ့ဒီပုဂ္ဂိုလ်ရဲ့ နာမည်ကတော့ တုန်းဖန့်ဟို့ လို့ ခေါ်တယ်၊ အတိတ်တုန်းက သူ ကျောင်းတော်ကို ဝင်ရောက်လာတဲ့ အချိန်တုန်းက၊ တိုက်တိုက်ဆိုင်ဆိုင်ပဲ ငါက တာဝန်ယူပြီး လမ်းပြပေးခဲ့ရတာ၊ အဲ့ဒီအချိန်တုန်းက ငါက စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့် သူတော်စင်တစ်ပါး ဖြစ်နေခဲ့ပြီ။
ဒါပေမဲ့ တုန်းဖန်ဟို့ ကတော့၊ တစ်ပိုင်းသူတော်စင်အဆင့်ပဲ ရှိသေးတာ။
သူ့ရဲ့ ကောင်းကင်နိမိတ်ဖြစ်စဉ်အဆင့် အထက်တန်း အတွင်းကမ္ဘာနယ်မြေကြောင့်၊ လူတိုင်းကလည်း သူ့ရဲ့ နောင်ကျရင် ကျင့်ကြံခြင်း အရှိန်အဟုန်က တကယ့်ကို မြန်ဆန်လိမ့်မယ်ဆိုတာကို သိထားခဲ့ကြတယ်။
ဒါပေမဲ့ လူကို ကြောက်ရွံ့တုန်လှုပ်သွားစေလောက်အောင်အထိ မြန်ဆန်လိမ့်မယ်လို့တော့ မမျှော်လင့်ထားခဲ့ကြဘူး။
သူ စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့်ကို တက်လှမ်းဖို့အတွက်၊ နှစ်ပေါင်းငါးဆယ်ပဲ အသုံးပြုခဲ့ရပြီး၊နောက်တော့ ကျောင်းသားသစ်သက်တမ်းအတွင်းမှာတင်၊ စွမ်းအင်စုစည်းခြင်း အလယ်ပိုင်းအဆင့် သူတော်စင်အဖြစ်ကို တက်လှမ်းသွားခဲ့ကာ၊ တစ်မျိုးဆက်ထဲ မြောက်မြားစွာသော လူတွေကို အဆမတန် ကျော်ဖြတ်သွားခဲ့တော့တာ။
နောက်ဆုံးတော့ အထက်တစ်ပတ်၊ အထက်နှစ်ပတ်တွေတောင်မှ၊ သူ့ကို ဘယ်လိုမှ မမီနိုင်ကြတော့ဘူး။
ဥပမာအားဖြင့် ငါဆိုရင်၊ သူ့ထက် မြောက်မြားစွာသော အပတ်တွေ ပိုပြီး မြင့်မားခဲ့ပေမဲ့လည်း၊ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှ စွမ်းအင်စုစည်းခြင်း အလယ်ပိုင်းအဆင့်ကို ခဲရာခဲဆစ် တက်လှမ်းနိုင်ခဲ့တာ။
ဒီအချိန်မှာတော့……တုန်းဖန်ဟို့ ကတော့ စွမ်းအင်စုစည်းခြင်း အဆုံးသတ်အဆင့်ရဲ့ အထွတ်အထိပ်ကို တက်လှမ်းဖို့အတွက် ကြိုးပမ်းနေလောက်ပြီ ထင်တယ်”
ချိုင်စစ်ရှို့နှင့် အခြားလူများသည် ကြက်သီးမွေးညင်းများ ထသွားကြရတော့၏။
ဒီလောကကြီးထဲမှာ ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းလှသော ပါရမီရှင်မျိုး ရှိနေသေးတာလား။
ကျောင်းတော်ကို စတင်ဝင်ရောက်ပြီး နှစ်ပေါင်းငါးဆယ်အတွင်းမှာတင် စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့်ကို တက်လှမ်းခဲ့တယ် ဟုတ်လား ကျောင်းသားသစ်သက်တမ်းအတွင်းမှာတင်၊ စွမ်းအင်စုစည်းခြင်း အလယ်ပိုင်းအဆင့်ကို တက်လှမ်းခဲ့တယ် ဟုတ်လား။
ဒီကိစ္စကသာ အစစ်အမှန်ဆိုရင်၊ ငါးပတ်ဆက်တိုက်ရဲ့ နံပါတ်တစ် မကလို့၊ ဆယ်ပတ်ဆက်တိုက်ရဲ့ နံပါတ်တစ်လို့ ခေါ်ရင်တောင်မှ…… လွန်အကျွံ ဖြစ်လိမ့်မည် မဟုတ်ပေ။
၎င်းတို့သည် ချက်ချင်းပင် ဖန့်ချန်၏ နည်းလမ်းများကို သတိရသွားခဲ့ကြပြီး၊ မူလကတော့ ဖန့်ချန်၏ နည်းလမ်းများသည် တကယ့်ကို ထိတ်လန့်ဖွယ်ကောင်းလှသဖြင့်၊ မိမိတို့အနေဖြင့် လိုက်မီရန် ခက်ခဲလိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြသည်။
သို့သော်လည်း ဤ တုန်းဖန်ဟို့ နှင့် နှိုင်းယှဉ်လိုက်သောအခါတွင်မူ၊ ဘာမျှ မဟုတ်တော့ချေ……
လူတိုင်းသည် ထိုအရာကို တွေးတောလိုက်မိကြပြီးနောက်၊ တစ်ယောက်မကျန် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ကြတော့၏။
ဖန့်ချန်ကို နှိမ်နင်းနိုင်မည့်လူ ရှိနေသေးသရွေ့တော့၊ ၎င်းတို့၏ စိတ်ခံစားချက်ကလည်း ဤမျှအထိ ခံရခက်နေတော့မည် မဟုတ်ပေ။
“ဖန့်ကျောင်းသားက ဒီတစ်ကြိမ်မှာ စင်ကြယ်တဲ့ သွေးဗောဓိသီးကို သုံးစွဲခွင့် ရရှိခဲ့တာဆိုတော့၊ နောင်ကျရင် အခြေခံအနှစ်သာရအပိုင်းကတော့ မင်းတို့ထက် အနည်းငယ် သာလွန်ကောင်းမွန်နေမှာ သေချာပါတယ်။
ဒါပေမဲ့ ဒီ အနည်းငယ် ဆိုတာကလည်း၊ ကျော်ဖြတ်လို့ မရနိုင်တဲ့ အရာမျိုးတော့ မဟုတ်ပါဘူး၊ ရံဖန်ရံခါ ကျင့်ကြံခြင်းလမ်းခရီးဆိုတာက၊ ခြေလှမ်းတစ်လှမ်းချင်းစီအတိုင်း အထက်ကို လျှောက်လှမ်းနေရတာမျိုး မဟုတ်ဘဲ၊ တစ်ခါတလေကျရင် လူအချို့က ခြေလှမ်းအနည်းငယ်မျှ ဖြတ်ကျော်ပြီး ခုန်တက်သွားတတ်ကြတာမျိုးလည်း ရှိတတ်ပါတယ်။
မင်းတို့အားလုံးအနေနဲ့ ဒီတစ်ကြိမ်ကိစ္စကြောင့် စိတ်ဓာတ်ကျဆင်းမသွားကြဖို့ မျှော်လင့်ပါတယ်ကွာ”
ထိုက်ရှီဝမ်းကျန်းက ပြုံး၍ ပြောဆိုလိုက်သည်။
“ထိုက်ရှီစီနီယာအစ်ကိုရဲ့ လမ်းညွှန်မှုကို ကျေးဇူးတင်ပါတယ်”
လူတိုင်း၏ ရင်ထဲ၌ နွေးထွေးသွားခဲ့ကြရပြီး၊ တစ်ယောက်ပြီးတစ်ယောက် လက်အုပ်ချီလျက် ဦးညွှတ် အလေးပြုလိုက်ကြတော့၏။
……
……
ကရုဏာတောင်
ရှူရှန့်သည် ကရုဏာတောင်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက်၊ တစ်တွားတွား ရေရွတ်ရင်း ထွက်ခွာသွားခဲ့ချေပြီ။
“ဆရာကတော့ ဒီတစ်ကြိမ်မှာ သေချာပေါက် ဒေါသထွက်ပြီး သေတော့မှာပဲ၊ ကံဆိုးတာက လက်ဦးမှုယူလိုက်တဲ့လူက ထျန်လန်ရှန့်ရန် ဖြစ်နေတာဆိုတော့၊ အကြမ်းဖျင်းအားဖြင့်တော့ ဒီမျက်နှာသာချက်ကို ပြန်ပြီး ရှာဖွေလို့ရမှာ မဟုတ်တော့ဘူး”
လင်းဖုန်းက မချိတင်ကဲ ရေရွတ်လိုက်မိ၏။
ဖန့်ချန်နှင့် ဝမ်ချွမ်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုလိုက်ကြမိရင်း၊ နှစ်ယောက်စလုံး၏ မျက်ဝန်းအစုံအတွင်း၌ သိချင်စိတ် ပြင်းပြနေသည့် အရိပ်အယောင်များကို မြင်တွေ့လိုက်ကြရသည်။
“လင်းဖုန်းစီနီယာအစ်ကို... ထျန်လန်ရှန့်ရန်က တကယ်တော့ ဘယ်လိုမျိုး နောက်ခံအကြောင်းအရင်း ရှိနေတာလဲဟင်”
ဝမ်ချုံစန်းက မနေနိုင်ဘဲ လှမ်း၍ မေးမြန်းလိုက်မိသည်။
လင်းဖုန်းက စကားဟ၍ ပြောဆိုရန် ပြင်လိုက်ခါနီးမှာပင်၊ အမြဲတစေ အလွန်တရာ အေးစက်တည်ငြိမ်လှသော ဝမ်ယန်က သူ့ကို တစ်ချက် စောင်းငဲ့ကြည့်လိုက်ရင်း -
“နင့်မှာ လုပ်စရာကိစ္စတွေ ရှိသေးတယ် မဟုတ်ဘူးလား အခုထိ မသွားသေးဘူးလား”
“အော်... ဟုတ်သားပဲ၊ ဂျူနီယာညီလေးနှစ်ယောက်၊ ငါ စောစောစီးစီး သွားနှင့်ဦးမယ်နော်”
လင်းဖုန်းက အမြီးလေးတုတ်တုတ်ဖြင့် အလျင်အမြန်ပင် ထွက်ခွာသွားခဲ့တော့၏။
ဝမ်ယန်က တည်ငြိမ်အေးဆေးစွာဖြင့် ပြောဆိုလိုက်သည်။
“ထျန်လန်ရှန့်ရန်ဆိုတာက၊ နင်ကျိကျိုရဲ့ ဝိညာဉ်သားရဲပဲ၊ သူ့ရဲ့ ကိုယ်ပိုင်မျိုးနွယ်စုရဲ့ နာမည်ကိုတော့ ရှီလင်ဟုန် လို့ ခေါ်တယ်၊ အတိတ်တုန်းက ကောင်းကင်ငါးပါးထဲမှာ၊ နေရာတစ်နေရာကို သိမ်းပိုက်နိုင်ခဲ့ဖူးတဲ့အထိ ဖြစ်ခဲ့ဖူးပေမဲ့၊ အခုအခါမှာတော့ ဆုတ်ယုတ်ပျက်စီးသွားခဲ့ပြီ”