← Chapters

အခန်း (၂၀၉၇-၂၀၉၈)

Vol. 210 Ch. 2097-2098

အခန်း (၂၀၉၇-၂၀၉၈)

Vol. 210 Ch. 2097-2098

အခန်း (၂၀၉၇) မင်းလည်း ကိုယ့်ဘာသာ သတိထား နေထိုင်ပေတော့

“နည်းနည်းတော့ စည်ကားနေတာပဲ”

ဖန့်ချန်က ကောင်းကင်ငါးပါးနန်းဆောင်၏ အပြင်ဘက်တွင် ဘက်ပေါင်းစုံမှ ရောက်ရှိနေကြသည့် သူတော်စင်မြောက်မြားစွာကို ကြည့်ရှုလိုက်မိရင်း၊ မျက်ဝန်းထဲ၌ သက်ပြင်းချမိသည့် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့ရတော့သည်။

သူသည် လူသူနည်းပါးလှသော နေရာတစ်ခုကို ရွေးချယ်လိုက်ပြီး၊ ကောင်းကင်ငါးပါးနန်းဆောင် ပွင့်လှစ်လာမည့်အချိန်ကို ငြိမ်သက်စွာဖြင့် စောင့်ဆိုင်းနေခဲ့၏။

“ကျောင်းတော်သား ဖန့်”

မိုရှဲ့က ရှေ့သို့ လျှောက်လှမ်းလာခဲ့ပြီး၊ ပြုံးလျက် လက်အုပ်ချီ၍ နှုတ်ဆက်လိုက်သည်။

“စီနီယာအစ်ကိုကြီး မိုရှဲ့”

ဖန့်ချန်ကလည်း ပြုံး၍ လက်အုပ်ချီကာ ပြန်လည်နှုတ်ဆက်လိုက်တော့သည်။

“ကျောင်းတော်သား ဖန့်က ဒီတစ်ကြိမ် ကောင်းကင်ငါးပါးစစ်မြေပြင်ကို ပထမဆုံးအကြိမ် ဝင်ရောက်တာဆိုတော့၊ အချို့ ကိစ္စရပ်တွေကို ကရုဏာတောင်ဘက်က ကြိုတင်ပြီးတော့ မှာကြားထားတာမျိုး ရှိလား”

မိုရှဲ့က ဆို၏။

“ဘာမှတော့ မှာကြားထားတာမျိုး မရှိပါဘူး”

ဖန့်ချန်က ဆိုသည်။

မိုရှဲ့၏ မျက်နှာအမူအရာက တစ်ချက်မျှ လှုပ်ရှားသွားခဲ့ရပြီးနောက်၊ ပြုံး၍ ဆိုလာပြန်သည်။

“ကျောင်းတော်သား ဖန့် ကျောင်းတော်ကို စတင်ဝင်ရောက်ခါစတုန်းက၊ ထိုက်ရှီဝမ်ကျန်းလည်း ထုတ်ဖော်ပြီးတော့ ပြောခဲ့ဖူးတာပဲ။

ဒီကောင်းကင်ငါးပါးနန်းဆောင်က၊ ကောင်းကင်ငါးပါးစစ်မြေပြင်နဲ့ ချိတ်ဆက်ထားတာ။

ဒါပေမဲ့ ဒီကောင်းကင်ငါးပါးစစ်မြေပြင်ကလည်း၊ နယ်မြေဒေသ မြောက်မြားစွာ ကွဲပြားခြားနားသေးတယ်။

ဥပမာအားဖြင့် စိန်ခေါ်မှုနယ်မြေ၊ စစ်ပြိုင်နယ်မြေ၊ အဖွဲ့လိုက်တိုက်ပွဲနယ်မြေ ဆိုပြီးတော့ပေါ့။

ဒီနယ်မြေသုံးခုအပြင်၊ တခြားသော နေရာတစ်ခုလည်း ရှိသေးတယ်၊ အဲဒီနေရာကိုတော့ ခုနစ်ပါးနေမင်းဆောင်လို့ ခေါ်တယ်”

“ဒီစိန်ခေါ်မှုနယ်မြေကတော့၊ နာမည်အတိုင်းပါပဲ၊ အကယ်၍ မင်းမှာ ရင်ဆိုင်ချင်တဲ့ ပြိုင်ဘက်မျိုး ရှိနေခဲ့ရင်၊ စိန်ခေါ်မှုနယ်မြေထဲမှာ စိန်ခေါ်မှုကို စတင်ပြုလုပ်လို့ရတယ်။

တစ်ဖက်လူက တကယ်လို့ စိန်ခေါ်မှုကို လက်ခံတယ်ဆိုရင်တော့၊ မင်းတို့နှစ်ယောက်က အဲဒီထဲမှာ တိုက်ပွဲတစ်ပွဲ ဆင်နွှဲလို့ရပြီ။

ဘယ်သူ့ကို စိန်ခေါ်မလဲ၊ ဒါမှမဟုတ် ဘယ်သူက မင်းကို စိန်ခေါ်မလဲဆိုတာကို၊ ကိုယ်တိုင် စိတ်ကြိုက် ဆုံးဖြတ်လို့ရတယ်”

“စစ်ပြိုင်နယ်မြေကတော့၊ ကောင်းကင်ငါးပါးစစ်မြေပြင်ရဲ့ ကြီးကြပ်ကွပ်ကဲရေးမှူးတွေကနေပြီးတော့ ပြိုင်ဘက်တွေကို ခွဲဝေပေးတာမျိုး ဖြစ်တယ်၊ အဲဒီကြီးကြပ်ကွပ်ကဲရေးမှူးတွေအားလုံးက ကောင်းကင်ငါးပါး မဟာမိတ်အဖွဲ့အစည်းအသီးသီးရဲ့ အားအကောင်းဆုံး ပုဂ္ဂိုလ်တွေ ဖြစ်ကြပြီး၊ အဲဒီထဲမှာ အထွတ်ထိပ်တာအို အဆင့်တွေလည်း အမြောက်အများ ပါဝင်နေသေးတယ်။

ကြီးကြပ်ကွပ်ကဲရေးမှူးတွေ ခွဲဝေပေးလိုက်တဲ့ ပြိုင်ဘက်တွေကိုတော့၊ ငြင်းပယ်ပိုင်ခွင့် အရည်အချင်း လုံးဝ မရှိဘူး”

“အဖွဲ့လိုက်တိုက်ပွဲနယ်မြေကတော့၊ မိမိကိုယ်တိုင်က အသင်းဖော် လေးယောက်ကို ရွေးချယ်ပြီးတော့၊ ငါးယောက်အဖွဲ့ငယ်လေး ဖွဲ့စည်းရတာမျိုး ဖြစ်တယ်၊ ဒါကလည်း ကြီးကြပ်ကွပ်ကဲရေးမှူးတွေကပဲ တိုက်ပွဲဆင်နွှဲဖို့ ပြိုင်ဘက်တွေကို ခွဲဝေပေးတာပဲ”

“အလိုအပ်ဆုံး ထုတ်ဖော်ပြောရမယ့် နေရာကတော့ ခုနစ်ပါးနေမင်းဆောင်ပဲ”

မိုရှဲ့၏ မျက်ဝန်းထဲ၌ ကြီးမားလှသော သက်ပြင်းချမိသည့် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့ရရင်း

“မင်း ကောင်းကင်ငါးပါးစစ်မြေပြင်ထဲမှာ တိုက်ပွဲတစ်ပွဲ နိုင်တိုင်း၊ လျော်ညီတဲ့ ရမှတ်တွေကို ရရှိလိမ့်မယ်။

မင်းရဲ့ ရမှတ်က အကယ်၍ ကျင့်ကြံခြင်းအဆင့်တူ လူတွေထဲမှာ၊ ထိပ်တန်း အယောက်တစ်ရာအတွင်း ဝင်ဆံ့သွားပြီဆိုရင်တော့၊ ခုနစ်ပါးနေမင်းဆောင်ထဲကို တက်လှမ်းနိုင်ပြီ။

အဲဒီဘက်က ပြိုင်ဘက်တွေအားလုံးက၊ မျိုးနွယ်စုအသီးသီးရဲ့ ထိပ်သီးခေါင်ချုပ်တွေပဲ။

သူတို့နဲ့ ယှဥ်ပြိုင်တိုက်ခိုက်ခြင်းက၊ ပိုမိုများပြားလှတဲ့ ထိုးထွင်းသိမြင်မှုတွေနဲ့ တိုးတက်မှုတွေကို ရရှိစေနိုင်တယ်။

တစ်ချိန်တည်းမှာပဲ တိုက်ပွဲတစ်ပွဲ နိုင်တိုင်း၊ ဆုလာဘ်အဖြစ် ရရှိမယ့် ရွှေဟွေးတံဆိပ် အရေအတွက်ကလည်း တကယ့်ကို အံ့မခန်းလောက်စရာပဲ”

ဖန့်ချန်ကမူ အနည်းငယ်မျှ အံ့ဩသွားခဲ့ရသည်၊ ထိုကောင်းကင်ငါးပါးစစ်မြေပြင်က ဤမျှလောက်အထိ အသေးစိတ်ကျကျ ခွဲခြားထားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။

ကြည့်ရသည်မှာ၊ ဤအရာက မဟာမိတ်အဖွဲ့အစည်းက အဆိပ်ကောင်မွေးမြူရန် အသုံးပြုသည့် နေရာတစ်ခုနှင့် တူလှပေသည်။

၎င်းတို့သည် အဲဒီအထဲက အဆိပ်ကောင်လေးတစ်ကောင်ချင်းစီ သာလျှင် ဖြစ်ကြတော့သည်။

“စီနီယာအစ်ကိုကြီး မိုရှဲ့…… ငါတို့ လူသားကျောင်းတော်အတွင်းမှာကော၊ ခုနစ်ပါးနေမင်းဆောင်ထဲကို ဝင်ဆံ့နိုင်ခဲ့တဲ့လူ ရှိလား”

ဖန့်ချန်က စိတ်ဝင်စားစွာဖြင့် မေးမြန်းလိုက်၏။

“ဒါကတော့ သေချာပေါက် ရှိတာပေါ့၊ ဒါပေမဲ့ ကျင့်ကြံခြင်း အဆင့်တိုင်းမှာ ရှိနေတာမျိုးတော့ မဟုတ်ဘူး၊ ကြည့်ရတာ စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်မှာ နှစ်ယောက် ရှိတယ်၊ အားလုံးက တန်လင်ကျောင်းတော်ဘက်မှာ။

စွမ်းအင်စုစည်းခြင်း အလယ်အလတ်အဆင့်မှာ လေးယောက် ရှိတယ်၊ ဒါကလည်း တန်လင်ကျောင်းတော်ဘက်မှာပဲ။

စွမ်းအင်စုစည်းခြင်း အဆင့်နောက်ပိုင်းနဲ့ ပတ်သက်လို့ကတော့၊ တစ်ယောက်မှ ရှိမနေဘူး၊ ဒါပေမဲ့……”

မိုရှဲ့က မျက်လုံးအစွန်းဖြင့် တုန်းဖန်းဟို့ကို တစ်ချက်မျှ လှမ်းကြည့်လိုက်မိရင်း၊

“ကြည့်ရတာ သိပ်မကြာခင် အချိန်အတွင်းမှာပဲ၊ စွမ်းအင်စုစည်းခြင်း အဆင့်နောက်ပိုင်း လူသားမျိုးနွယ်စု သူတော်စင်တစ်ယောက် ခုနစ်ပါးနေမင်းဆောင်ထဲကို ဝင်ဆံ့သွားနိုင်လိမ့်မယ် ထင်တယ်”

“ငါတို့ ရွှေဟွေးကျောင်းတော်မှာကျတော့၊ တစ်ယောက်မှ မရှိဘူးလား။ အားလုံးက တန်လင်ကျောင်းတော်ဘက်ကချည်းပဲလား”

ဖန့်ချန်၏ မျက်နှာအမူအရာက အနည်းငယ်မျှ ထူးဆန်းသွားခဲ့ရသည်၊ ထိုနှစ်ခုကြားက အခြေခံအနှစ်သာရ ကွာခြားချက်က၊ တကယ့်ကို ကြီးမားလွန်းလှပေသည်။

“ဒါကတော့ သေချာတာပေါ့၊ ရွှေဟွေးကျောင်းတော်နဲ့ တန်လင်ကျောင်းတော်က နာမည်ကျော်ကြားမှုချင်း တူညီတယ်လို့ ဆိုရပေမယ့်၊ လက်တွေ့မှာတော့၊ အဆင့်အတန်းတစ်ခုမက ကွာခြားနေနိုင်တယ်”

မိုရှဲ့၏ အသံက အနည်းငယ်မျှ တိုးညှင်းလေးနက်သွားခဲ့ရတော့သည်။

ဤအရာက ရွှေဟွေးကျောင်းတော်အတွင်းရှိ တည်ရှိမှုအားလုံး အသိအမှတ်မပြုချေချင်သော်လည်း၊ အသိအမှတ်မပြုဘဲ မနေနိုင်သည့် အချက်တစ်ချက် ဖြစ်ပေသည်။

“ခုနစ်ပါးကျောင်းတော်တွေထဲမှာ၊ ငါတို့ ရွှေဟွေးကျောင်းတော်က လက်ရှိအချိန်မှာ အောက်ဆုံးအဆင့်ပဲ၊ ဒါပေမဲ့ တန်လင်ကျောင်းတော် ရှိနေလို့သာ တော်သေးတယ်၊ ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့အစည်းက ကောင်းကင်ငါးပါးအတွင်းမှာ နောက်ဆုံးတန်းစားအဆင့် ဖြစ်မသွားတာ။

အဆင့်အတန်း တော်တော်များများမှာ၊ တန်လင်ကျောင်းတော်ရဲ့ တပည့်တွေက၊ ငါတို့ ရွှေဟွေးကျောင်းတော်အတွက် နောက်ဆုံး မျက်နှာဖုံးအဝတ်စကို လုံအောင်အုပ်ပေးထားကြတာ၊ တခြားလူတွေ လာရောက်ပြီးတော့ ဆွဲခွာတာမျိုး မခံရအောင်ပေါ့”

မိုရှဲ့က မိမိကိုယ်ကို လှောင်ပြောင်သည့်အနေဖြင့် ခေါင်းကို ခပ်ဖွဖွ ရမ်းလိုက်မိတော့သည်။

“ဒါဆို ငါတို့ လူသားကျောင်းတော်အတွင်းမှာ၊ စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်မှာ ရမှတ်အမြင့်ဆုံးက ဘယ်သူလဲ။

ထိပ်တန်း အယောက်တစ်ရာနဲ့ ဘယ်လောက်တောင် ကွာခြားနေသေးလို့လဲ”

ဖန့်ချန်က ထပ်မံ၍ မေးမြန်းလိုက်ပြန်သည်။

“ရမှတ်တွေကိုတော့ ငါတို့ မြင်တွေ့ခွင့်မရှိဘူး၊ အဲဒါက ကြီးကြပ်ကွပ်ကဲရေးမှူးတွေကပဲ တွက်ချက်တာ၊ ငါတို့ စုံစမ်းလို့ရတာကတော့၊ အဆင့်သတ်မှတ်ချက်ပဲ။

ကျင့်ကြံခြင်းအဆင့်တူ ထိပ်တန်းအယောက်တစ်ရာနဲ့ ပတ်သက်လို့ကတော့…… ပြီးခဲ့တဲ့အကြိမ် ကောင်းကင်ငါးပါးတိုက်ပွဲ ပြီးဆုံးသွားပြီးတဲ့နောက်၊ ငါ စုံစမ်းကြည့်ဖူးတယ်။

ငါတို့ လူသားကျောင်းတော်ရဲ့ စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်မှာ အဆင့်အမြင့်ဆုံး ဖြစ်တဲ့ အဲဒီပုဂ္ဂိုလ်ဟာ၊ ထိပ်တန်းအယောက်တစ်ရာနဲ့ နှိုင်းယှဉ်ရင်၊ သုံးလေးရာလောက်ရှိတဲ့ အဆင့်သတ်မှတ်ချက် ကွာခြားချက် ရှိနေသေးတယ်”

မိုရှဲ့က ဆို၏။

သုံးလေးရာလောက်ရှိတဲ့ အဆင့်သတ်မှတ်ချက် ကွာခြားချက် ဟုတ်လား။

ဤသို့ဆိုလျှင် လူသားကျောင်းတော်၏ အပြင်ဘက်တွင်၊ အခြားသော ပြင်ပမျိုးနွယ်စုများ၏ စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့် သုံးလေးရာခန့်က၊ အတိတ်တုန်းက လူသားကျောင်းတော်အတွင်း အားအကောင်းဆုံး ဖြစ်ခဲ့သည့် စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်ထက် ပိုမို၍ အားကောင်းနေသည်ဟု ဆိုလိုခြင်း မဟုတ်ပါလော။

“အဲဒီပုဂ္ဂိုလ်က ရှီဟန့်ချင်းပဲ၊ သူကလည်း ကာကွယ်ရေးဆရာရဲ့ တပည့်ပဲ၊ ငါတို့ထက် အသုတ်ပေါင်း မြောက်မြားစွာ ပိုစောတယ်၊ ကျောင်းတော်မှာ နေခဲ့တာ အနည်းဆုံးတော့ နှစ်ပေါင်းသောင်းဂဏန်းလောက် ရှိနေပြီ”

မိုရှဲ့က အသံလှိုင်းဖြင့် သတင်းပေးလာခဲ့သည်။

သူ၏ သတိပေးချက်အောက်တွင်၊ ဖန့်ချန်သည် အဝေးတစ်နေရာမှ လျှောက်လှမ်းလာခဲ့သည့် မျက်နှာအမူအရာ တည်ငြိမ်အေးဆေးလှသော လူငယ်တစ်ယောက်ကို မြင်တွေ့လိုက်ရတော့သည်။

သူသည် ယခင်က ကျောင်းတော်အတွင်း နှစ်ပေါင်းရှစ်ရာတိုင်အောင် တံခါးပိတ်ကျင့်ကြံနေခဲ့သဖြင့်၊ ထိုလူငယ်ကို မြင်တွေ့ဖူးဟန်မတူချေ၊ ထင်ရှားစွာပင် တစ်ဖက်လူက ကောင်းကင်ငါးပါးနန်းဆောင် ပွင့်လှစ်မည့် အချိန်မျိုး၌သာလာရောက်ခြင်း ဖြစ်ပေသည်။

ရှီဟန့်ချင်းသည် ရောက်ရှိလာသည်နှင့်၊ ရင်းနှီးကျွမ်းဝင်ကြသည့် မြောက်မြားစွာသော စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့် သူတော်စင်များနှင့် နှုတ်ဆက်စကား ဆိုတော့သည်။

လူတိုင်းက မည်သည့်အသုတ်ကပဲ ဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် အားလုံးက ကျင့်ကြံခြင်းအဆင့်တူ တည်ရှိမှုများ ဖြစ်ကြပေရာ၊ ကောင်းကင်ငါးပါးစစ်မြေပြင်အတွင်း မဆိုးလှသော အဆင့်သတ်မှတ်ချက် ရရှိထားနိုင်သည့် ရှီဟန့်ချင်းကဲ့သို့သော လူမျိုးအပေါ်၊ သဘာဝကျစွာပင် အနည်းငယ်မျှ ရိုသေလေးစားမှုများ ရှိကြပေသည်။

“သူက ကာကွယ်ရေးဆရာရဲ့ တပည့်လည်း ဖြစ်တယ်၊ ပြီးတော့ နှစ်ပေါင်းသောင်းဂဏန်းလောက်လည်း နေခဲ့ပြီးပြီဆိုမှတော့၊ ဘာဖြစ်လို့ ကျင့်ကြံခြင်းအဆင့်အတန်းက……”

ဖန့်ချန်က မိုရှဲ့ကို တစ်ချက်မျှ လှမ်းကြည့်လိုက်မိသည်။

မိုရှဲ့က ခပ်ဖွဖွ ပြုံးလိုက်မိရင်း၊ အသံလှိုင်းဖြင့် ပြန်လည်၍ ဆိုလာခဲ့သည်။

“ကြားမိတာတော့ အတိတ်တုန်းက ကောင်းကင်ငါးပါးစစ်မြေပြင်မှာ ရှိနေစဉ်အခါက၊ အတွင်းကမ္ဘာနယ်မြေရဲ့ အခြေခံ ဒဏ်ရာရရှိသွားခဲ့လို့၊ ကျင့်ကြံခြင်းအဆင့်က အချိန်အတော်ကြာအောင် ဖောက်ထွက်နိုင်ခြင်း မရှိတာလို့ ဆိုတယ်။

ဒါပေမဲ့ ငါ ခန့်မှန်းကြည့်ရသလောက်တော့၊ သူ စွမ်းအင်စုစည်းခြင်း အလယ်အလတ်အဆင့်ကို တက်လှမ်းဖို့လည်း မကြာတော့ပါဘူး”

“ညီကိုရှီ…… မင်းရဲ့ ဒီတစ်ကြိမ် အဆင့်သတ်မှတ်ချက်ကတော့၊ ကြည့်ရတာ တခြားလူရဲ့ ချိုးဖျက်ခြင်းကို ခံလိုက်ရတော့မယ် ထင်တယ်”

စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့် သူတော်စင်တစ်ယောက်က ပြုံးရွှင်စွာဖြင့် ဆိုလာ၏။

“အို…… ဒီစကားက ဘယ်လိုမျိုး အဓိပ္ပာယ်လဲ”

ရှီဟန့်ချင်းက ခပ်ဖွဖွ ပြုံးလျက် ဆိုသည်။

တစ်ဖက်လူက မလှမ်းမကမ်းတွင် ရှိနေသည့် ဖန့်ချန်ကို မသိသာစွာဖြင့် တစ်ချက် အချက်ပြလိုက်မိရင်း

“ဟောဟိုက၊ ကရုဏာတောင်ရဲ့ ဖန့်ချန်လေ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာတုန်းက စင်ကြယ်သော ဗောဓိသီးကို စားသုံးခဲ့ပြီးတော့၊ စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့် သူတော်စင်အဆင့်ကို တက်လှမ်းခဲ့တာ။

သူ့ရဲ့ အတွင်းကမ္ဘာ အခြေခံအနှစ်သာရကတော့၊ စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်ရဲ့ အထွတ်အထိပ် အကန့်အသတ်အထိ ရောက်ရှိနေလောက်ပြီ ထင်တယ်”

“ဟမ် ဒီလိုမျိုး ကိစ္စရပ်လည်း ရှိသေးတာလား”

ရှီဟန့်ချင်းက မှင်သက်သွားခဲ့ရသည်၊ သူသည် ဖန့်ချန်၏ နာမည်ကို ပထမဆုံးအကြိမ် ကြားသိရခြင်း ဖြစ်ဟန်တူပေသည်။

“မင်းက ကောင်းကင်ငါးပါးစစ်မြေပြင် ပွင့်လှစ်တဲ့ အချိန်ကလွဲရင် ထင်ရှားပြသတာမျိုး မရှိဘဲ၊ ကျန်တဲ့အချိန်တွေမှာ လောကီကိစ္စတွေကို စိတ်မဝင်စားတာဆိုတော့၊ ဒီနှစ်ပေါင်း ရာဂဏန်းအတွင်းက ကိစ္စရပ်တွေကို သေချာပေါက် မသိတာ မဆန်းပါဘူး။

အဲဒီဂျူနီယာလေးကိုတော့ လျှော့တွက်လို့မရဘူး၊ အချို့လူတွေ ပြောကြတာတော့ သူက သုံးသုတ်ဆက်တိုက် ပထမရခဲ့တဲ့လူ ဖြစ်နိုင်တယ်တဲ့”

“သုံးသုတ်ဆက်တိုက် ပထမ ဟုတ်လား။ ဟဟ”

ရှီဟန့်ချင်းက မဆင်မခြင် ရယ်မောလိုက်မိရင်း၊ မျက်လုံးအစွန်းဖြင့် အဝေးတစ်နေရာက တုန်းဖန်းဟို့ကို တစ်ချက်မျှ လှမ်းကြည့်လိုက်မိကာ၊

“အဲဒီပုဂ္ဂိုလ် ရှိနေတာကို၊ သူ့ထက် တစ်သုတ်ပဲ နောက်ကျတဲ့ တပည့်က ဘယ်လိုလုပ်ပြီးတော့ သုံးသုတ်ဆက်တိုက် ပထမလို့ အမည်ခံရဲမှာလဲ”

သို့သော်လည်း သူသည် အခြားလူ၏ သတိပေးချက်များကြောင့်သာ၊ ဖန့်ချန်ကို အကြိမ်အချို့ ထပ်မံ၍ သေသေချာချာ ကြည့်ရှုလိုက်မိတော့သည်။

သူ့ဦးနှောက်အတွင်း၌ တွေးတောမိသည်မှာမူ၊ စင်ကြယ်သော ဗောဓိသီး သာလျှင် ဖြစ်ပေသည်။

ထိုအရာက ရွှေဟွေးကျောင်းတော်၏ အမာခံတပည့်များသာ စားသုံးပိုင်ခွင့်ရှိသည့် ရတနာကောင်းတစ်ခု မဟုတ်ပါလော။

ကရုဏာတောင်ရဲ့ တပည့်က၊ အံ့ဩစရာကောင်းလောက်အောင် အတွင်းကမ္ဘာနယ်မြေကို မြှင့်တင်ဖို့အတွက် ဒီပစ္စည်းကို ရရှိခဲ့တာလား။

“အကယ်၍ ငါ့မှာသာ စင်ကြယ်သော ဗောဓိသီး ရှိခဲ့မယ်ဆိုရင်၊ အတွင်းကမ္ဘာနယ်မြေရဲ့ ချို့ယွင်းချက်တွေကို သေချာပေါက် ပြုပြင်နိုင်ခဲ့မှာ၊ ရေတွက်လို့မရတဲ့ နှစ်တွေကတည်းက စွမ်းအင်စုစည်းခြင်း အလယ်အလတ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီးပြီပဲ၊ အစောပိုင်းအဆင့်မှာ အခုအချိန်အထိ အချည်းနှီး အချိန်ကုန်ခံနေရမယ့် အခြေအနေမျိုး ဘယ်ရှိပါ့မလဲ……”

ထိုအရာကို တွေးတောမိလိုက်သောအခါ၊ ရှီဟန့်ချင်းက ဖန့်ချန်ကို ကြည့်ရှုလိုက်သည့် အကြည့်များထဲ၌၊ ခပ်ဖျော့ဖျော့ မနာလိုဖြစ်မှု အရိပ်အယောင်တစ်ခု ပိုမို၍ ထွက်ပေါ်လာခဲ့ရတော့သည်။

တုန်းဖန်းဟို့က လူအများ၏ အံ့ဩမှင်သက်နေကြသည့် အကြည့်များအောက်တွင်၊ ဖန့်ချန်ရှိရာ အရပ်မျက်နှာဆီသို့ လျှောက်လှမ်းလာခဲ့သည့် တိုင်အောင် ဖြစ်ပေသည်။

မိုရှဲ့က ထိုအခြေအနေကို မြင်တွေ့လိုက်ရသောအခါ၊ ချက်ချင်းပင် ဖန့်ချန်ကို တစ်ချက်မျှ ပြုံးပြလိုက်ပြီးနောက်၊ ချိုင်စစ်ရှို့တို့ လူစု၏ ဘေးနားသို့ ဆုတ်ခွာသွားခဲ့တော့သည်။

“ငါကတော့ တုန်းဖန်းဟို့ပါ”

တုန်းဖန်းဟို့က ဖန့်ချန်၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ပြီး၊ ပြုံး၍ ဆိုလိုက်၏။

“ကရုဏာတောင်ရဲ့ ဖန့်ချန်ပါ”

ဖန့်ချန်က ပြုံး၍ ခေါင်းညိတ်လိုက်မိတော့သည်။

“ငါလည်း စင်ကြယ်သော ဗောဓိသီးကို စားသုံးခဲ့ဖူးတယ်၊ ဒါပေမဲ့ ငါ့ရဲ့ စင်ကြယ်သော ဗောဓိသီးကတော့၊ ဆရာက ပေးသနားခဲ့တာမျိုး မဟုတ်ဘဲ၊ ကျောင်းတော်ကနေ ဆုလာဘ်အဖြစ် ပေးသနားခဲ့တာ”

တုန်းဖန်းဟို့က ခပ်ဖျော့ဖျော့ ပြုံးလျက် ဆိုလာသည်။

ဘာလဲ

ကျောင်းတော်က ပေးသနားတဲ့ ဆုလာဘ် ဟုတ်လား။

ထိုအရာက အမာခံတပည့်များသာ ရရှိနိုင်သည့် အခွင့်အရေးမျိုး မဟုတ်ပါလော။

တုန်းဖန်းဟို့က အမာခံတပည့် ဖြစ်သွားခဲ့ပြီလား။

လူအများ၏ မျက်ဝန်းထဲ၌ ထိတ်လန့်တုန်လှုပ်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့ရတော့သည်။

ဖန့်ချန်က တစ်ချက်မျှ မှင်သက်သွားခဲ့ရပြီးနောက်၊ ချက်ချင်းပင် ပြုံး၍ ဆိုလိုက်မိရင်း -

“ဆရာပေးတာဖြစ်ဖြစ်၊ ကျောင်းတော်ကပေးတာဖြစ်ဖြစ်၊ အားလုံးက စင်ကြယ်သော ဗောဓိသီးချင်း အတူတူပါပဲ၊ ဒီနှစ်ခုကြားထဲမှာတော့၊ ဘာမှ ကွာခြားချက် ရှိနေလိမ့်မယ် မထင်ဘူးမလား”

ဒါက ဘယ်လိုလုပ်ပြီးတော့ ကွာခြားချက် ရှိမနေဘဲ ရှိပါ့မလဲ။

လူအများ၏ မျက်နှာအမူအရာက ထူးဆန်းသွားခဲ့ရသည်၊ တစ်ခုက အမာခံတပည့် ဖြစ်လာခဲ့ခြင်းကို ကိုယ်စားပြုပြီး၊ အခြားတစ်ခုကမူ မိမိကိုယ်တိုင်၏ ကံတရားက အနည်းငယ်မျှ ကောင်းမွန်ခဲ့ရုံမျှသာ ရှိသည်ကို ကိုယ်စားပြုပေသည်။

ကွာခြားချက်က တကယ့်ကို ကြီးမားလွန်းလှပေသည်။

တုန်းဖန်းဟို့သည်လည်း တစ်ချက်မျှ မှင်သက်သွားခဲ့ရပြီးမှ၊ ပြုံး၍ ခေါင်းညိတ်လိုက်မိရင်း -

“ဟုတ်ပါရဲ့၊ တကယ့်ကို ဘာမှ ကွာခြားချက် မရှိပါဘူး”

သူက စကားလမ်းကြောင်းကို ချက်ချင်း လွှဲပြောင်းလိုက်သည်။

“ညီကိုကျိ ပြောတာ ကြားမိတာတော့၊ မင်းက ကျိမိသားစုရဲ့ အခွင့်အရေးကို အသုံးပြုပြီးမှ ကျောင်းတော်ကို ဝင်ရောက်သင်ကြားခွင့် ရရှိခဲ့တာဆို၊ အဲဒီကနေမှ နောက်ပိုင်း အခွင့်အရေးတွေကို ရရှိခဲ့တာပဲ။

ဒါပေမဲ့ မင်းကတော့ အတိတ်က သံယောဇဉ်တွေကို ထည့်မတွက်ဘဲ၊ ပထမဆုံးနေ့မှာတင် ညီကိုကျိကို စာသင်ခန်း ပျက်ကွက်အောင် လုပ်ခဲ့တယ်။

ငါက မင်းလိုမျိုး လူစားမျိုးကို တကယ့်ကို ရွံရှာမုန်းတီးတယ်၊ နှမြောစရာကောင်းတာက မင်းနဲ့ ငါ့ကြားထဲမှာ ကျင့်ကြံခြင်းအဆင့် ကွာခြားချက်က အလွန်တရာ ဝေးကွာလွန်းနေတာပဲ၊ လက်ရည်ယှဉ်ဖို့ အခွင့်အရေး ရှိလိမ့်မယ် မထင်ဘူး။

မင်းလည်း၊ ကိုယ့်ဘာသာပဲ သတိထားနေထိုင်ပေတော့”

တုန်းဖန်းဟို့က စကားပြောဆိုပြီးသွားခဲ့ပြီးနောက်၊ ချက်ချင်းပင် ကျိလင်၏ ဘေးနားသို့ ပြန်လည်၍ လျှောက်လှမ်းသွားခဲ့တော့သည်။

လူအများတို့က ဤအခြေအနေကို မြင်တွေ့လိုက်ကြရသောအခါ၊ တစ်ယောက်ပြီးတစ်ယောက် မျက်နှာထက်၌ သူတစ်ပါး ပျက်စီးခြင်းကို ဝမ်းမြောက်လိုသည့် အရိပ်အယောင်များ ထွက်ပေါ်လာခဲ့ကြတော့သည်။

အကယ်၍ တုန်းဖန်းဟို့က အမှန်တကယ်ပင် အမာခံတပည့် ဖြစ်လာခဲ့ပြီဆိုပါက၊ ထိုကရုဏာတောင်ရဲ့ ဖန့်ချန်ကတော့၊ နောင်တစ်ချိန် အနာဂတ်တွင် အားကိုးအားထားပြုရမည့် ဆရာသခင်ကြီးတစ်ပါးကို သေချာပေါက် ပြစ်မှားမိလိုက်ပြီ ဖြစ်တော့သည်။

အခန်း (၂၀၉၈) လူချင်းနှိုင်းရင် ဒေါသထွက်လို့ သေရလိမ့်မယ်

“ ဖန့်ချန်ရဲ့ နောင်တစ်ချိန် ရှေ့ဆက်သွားမယ့် လမ်းကြောင်းကတော့၊ ကြည့်ရတာ လျှောက်လှမ်းရ သိပ်မလွယ်ကူတော့ဘူး ထင်တယ်”

“တုန်းဖန်းဟို့က အမာခံတပည့်တစ်ယောက် ဖြစ်လာနိုင်လိမ့်မယ်လို့၊ တကယ်ကို ထင်မှတ်မထားခဲ့မိဘူး”

“သူ့ရဲ့ ဒီလိုမျိုး ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ ပါရမီအရည်အချင်းနဲ့တောင် အမာခံတပည့် ဖြစ်မလာခဲ့ဘူးဆိုရင်တော့၊ ငါတို့က ရွှေဟွေးကျောင်းတော်ရဲ့ မျှတမှုအပေါ် သံသယဝင်ကြရမှာပဲ”

“တုန်းဖန်းဟို့ရဲ့ အရှေ့တုန်းက၊ ငါတို့ လူသားကျောင်းတော်မှာ အမာခံတပည့် ထွက်ပေါ်မလာခဲ့တာ ဘယ်လောက်တောင် ကြာမြင့်နေခဲ့ပြီလဲ”

“မင်း မပြောရင် ငါတောင် မေ့လုနီးပါး ဖြစ်နေပြီ၊ အတိတ်တုန်းက အဲဒီအမာခံတပည့် အနည်းငယ်ဟာ၊ လက်ရှိအချိန်မှာ ဘယ်လိုမျိုး အခြေအနေတွေ ရှိနေကြပြီလဲ”

“ဘယ်သူသိမှာလဲ၊ ခုနစ်ပါးနေမင်းဆောင်ဘက်က လှုပ်ရှားမှုတွေနဲ့ အဆင့်သတ်မှတ်ချက်တွေကို၊ ငါတို့က ကြည့်ရှုပိုင်ခွင့် အရည်အချင်းမှ မရှိတာ”

လူအများ၏ မျက်ဝန်းထဲ၌ သက်ပြင်းချမိသည့် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့ကြတော့သည်။

၎င်းတို့သည် ခုနစ်ပါးနေမင်းဆောင်ထဲသို့ ဝင်ရောက်ရန် မဆိုထားနှင့်၊ ခုနစ်ပါးနေမင်းဆောင်၏ အရာအားလုံးကိုပင် သိရှိပိုင်ခွင့် အရည်အချင်း မရှိကြချေ။

ထိုဘက်က တိုက်ပွဲများနှင့် အဆင့်သတ်မှတ်ချက်များ အပါအဝင်၊ အားလုံးကို လုံးဝ မြင်တွေ့ခွင့်မရှိပေ။

လက်ရှိအချိန်တွင် တုန်းဖန်းဟို့သည် အမာခံတပည့်တစ်ယောက် ဖြစ်လာခဲ့သည်ဟု ယူဆရသည့်အပြင်၊ စင်ကြယ်သော ဗောဓိသီးကိုလည်း စားသုံးခဲ့ဖူးပေရာ၊ အကယ်၍ ဘာမှ မမျှော်လင့်ထားသည့် ကိစ္စရပ်မျိုး မရှိခဲ့လျှင်၊ ခုနစ်ပါးနေမင်းဆောင်အတွင်း၌ သေချာပေါက် သူ၏ နေရာတစ်နေရာ ရှိနေပေလိမ့်မည်။

ခုနစ်ပါးနေမင်းဆောင်ထဲသို့ ဝင်ရောက်နိုင်ခြင်းက၊ ရွှေဟွေးကျောင်းတော်၏ ကျင့်ကြံခြင်းအဆင့်တူ လူတွေထဲတွင် ထိပ်တန်းအယောက်တစ်ရာအတွင်း ဝင်ဆံ့ခြင်းကို ကိုယ်စားပြုပေသည်။

ထိုစကားလုံး၏ တန်ဖိုးက တန်လင်ကျောင်းတော်လောက် မြင့်မားခြင်းမျိုး မရှိသော်လည်း၊ ကြီးမားလှသော ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့အစည်းအတွင်း၌၊ အထက်တန်းလွှာ အကျဆုံးသော လူနည်းစုထဲက တစ်စု ဖြစ်သည်ဟုတော့ ဆိုနိုင်ပေသည်။

တုန်းဖန်းဟို့သည် ကျိလင်၏ ဘေးနားသို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီးနောက်၊ လူနှစ်ဦးသည် ဘေးလူမရှိသကဲ့သို့ ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ အတိတ်က ကိစ္စရပ်များကို ပြန်လည်၍ စကားစမြည် ပြောဆိုနေကြတော့သည်။

ဖန့်ချန်က ထိုအခြေအနေကို မြင်တွေ့လိုက်ရသောအခါ၊ စောစောက တုန်းဖန်းဟို့ ချန်ထားခဲ့သည့် ကိုယ့်ဘာသာ သတိထားနေထိုင်ပေတော့ ဆိုသည့် စကားစုကို ပြန်လည်တွေးတောမိလိုက်ရင်း၊ စိတ်ထဲ၌ မချိပြုံး ပြုံးလိုက်မိ၏။

"ဖန့်ချန်…… မင်း အဲဒီတုန်းဖန်းဟို့ရဲ့ နောက်ခံမျိုးရိုးကို သိလား”

ချိုင်စစ်ရှို့က ရုတ်တရက် ဖန့်ချန်၏ ဘေးနားသို့ ရောက်ရှိလာခဲ့သည်။

ဖန့်ချန် စကားပြောသည်ကို စောင့်ဆိုင်းမနေဘဲ၊ သူသည် တရစပ်ဖြင့် တုန်းဖန်းဟို့၏ နောက်ခံအကြောင်းအရာကို အသေးစိတ် မိတ်ဆက်ပေးလာခဲ့တော့သည်။

“ငါတို့ထက် တစ်သုတ် ပိုစောတယ်ဆိုတော့၊ အဲဒါက ဝေရွှင်တို့နဲ့ တစ်သုတ်တည်းပေါ့၊ စီနီယာအစ်ကိုကြီး ထိုက်ရှီထက်တောင် သုတ်ပေါင်း မြောက်မြားစွာ နိမ့်ကျနေသေးတာပဲ၊ ဒါပေမဲ့ စွမ်းအင်စုစည်းခြင်း အဆင့်နောက်ပိုင်း ဖြစ်နေပြီပေါ့……”

ဖန့်ချန်၏ မျက်ဝန်းထဲ၌ မချိတင်ကရ သက်ပြင်းချမိသည့် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့ရတော့သည်။

ဤကဲ့သို့သော ပါရမီအရည်အချင်းက၊ တကယ့်ကို အနည်းငယ်မျှ ကောင်းကင်ဘုံကို ဆန့်ကျင်လွန်းလှပေသည်။

သူကိုယ်တိုင်ပင်လျှင် တိုတောင်းလှသော နှစ်ပေါင်းတစ်ထောင်ကျော် အချိန်အတွင်းမှာ၊ တစ်ပိုင်းသူတော်စင်အဆင့်ကနေ စွမ်းအင်စုစည်းခြင်း အဆင့်နောက်ပိုင်း သူတော်စင်အဆင့်သို့ တစ်ဟုန်ထိုး တက်လှမ်းနိုင်ရန်အတွက် စိတ်ချသေချာမှုမျိုး မရှိချေ။

စဉ်းစားကြည့်လျှင် အတိတ်တုန်းက ချီယန်သူတော်စင်သည် စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်ကနေ၊ စွမ်းအင်စုစည်းခြင်း အလယ်အလတ်အဆင့်သို့ တက်လှမ်းရန်အတွက်၊ နှစ်ပေါင်း မည်မျှလောက်တောင် ကုန်ဆုံးခဲ့ရသနည်း။

“လူချင်းနှိုင်းရင်၊ ဒေါသထွက်လို့ သေရလိမ့်မယ်”

ဖန့်ချန်က တိုးညှင်းစွာဖြင့် ရေရွတ်လိုက်မိသည်၊ အကယ်၍ ချီယန်သူတော်စင်သာ တစ်စုံတစ်ယောက်က စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့်တွင် ဤမျှလောက်အထိ လျင်မြန်စွာ တိုးတက်အောင်မြင်နိုင်သည်ကို သိရှိသွားခဲ့လျှင်၊ ကျင့်ကြံခြင်းက အချည်းနှီး အလုပ်တစ်ခု ဖြစ်နေပြီဟု ခံစားရလောက်ပေသည်။

“ဟုတ်ပါရဲ့၊ လူချင်းနှိုင်းရင် ဒေါသထွက်လို့ သေရလိမ့်မယ်”

ချိုင်စစ်ရှို့က ဖန့်ချန်သည် မိမိကိုယ်ကိုယ်နှင့် တုန်းဖန်းဟို့ကြားက ကွာခြားချက်ကို ကြည့်ပြီး သက်ပြင်းချနေသည်ဟု ထင်မှတ်နေခဲ့သဖြင့်၊ အလွန်တရာ ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်ပြီးနောက်၊ ထပ်မံ၍ ဆိုလာပြန်သည်။

“ဖန့်ချန် ငါတို့ စွမ်းအားရှင်အဖွဲ့အစည်းထဲကို ဝင်ရောက်ဖို့ တကယ်ပဲ ထပ်ပြီးတော့ မစဉ်းစားတော့ဘူးလား။

အဖွဲ့အစည်းက အစဉ်အမြဲပဲ ရည်မှန်းချက်ကြီးမားတဲ့ လူတွေကို ကြိုဆိုနေတာပါ၊ ငါတို့က ဆင်းရဲနွမ်းပါးတဲ့ မျိုးရိုးကနေ မွေးဖွားလာကြတာဆိုတော့၊ စည်းလုံးညီညွတ်မှုကိုပဲ အားကိုးပြီးတော့မှသာ၊ အဲဒီမျိုးနွယ်စုကြီးတွေရဲ့ သားသမီးတွေနဲ့ ယှဉ်ပြိုင်နိုင်မှာ။

အခုဆိုရင် မင်းက တုန်းဖန်းဟို့ကိုလည်း ပြစ်မှားမိသွားပြီ၊ သူနဲ့ ကျိလင်တို့ရဲ့ ဆက်ဆံရေးကို ကြည့်ရင်၊ နောင်တစ်ချိန် အနာဂတ်မှာ မင်းအပေါ်ကို သေချာပေါက် ဖိနှိပ်မှုတွေ ပြုလုပ်လာလိမ့်မယ်။

အကယ်၍ မင်းသာ စွမ်းအားရှင်အဖွဲ့အစည်းထဲကို ဝင်ရောက်မယ်ဆိုရင်တော့၊ သူတို့ကို ကြောက်ရွံ့နေစရာ လုံးဝ မလိုတော့ဘူး။

ကျင့်ကြံခြင်းအဆင့် တိုးတက်မှု မြန်ဆန်တယ်ဆိုတာကလည်း၊ စွမ်းအင်စုစည်းခြင်း အဆင့်နောက်ပိုင်းပဲ ရှိသေးတာပဲ၊ ငါတို့ စွမ်းအားရှင်အဖွဲ့အစည်းထဲမှာဆိုရင်၊ ကမ္ဘာကြီးအဆင့် သူတော်စင်တွေတောင် ရှိသေးတယ်”

ဖန့်ချန်ကမူ ယခင်အတိုင်းပဲ ပြုံးလျက် ယဉ်ကျေးစွာဖြင့် ငြင်းပယ်လိုက်တော့သည်။

ချိုင်စစ်ရှို့၏ မျက်နှာအမူအရာက ချက်ချင်းပင် အနည်းငယ်မျှ ကြည့်ရဆိုးသွားခဲ့ရပြီး၊ လုကျိုးဝမ်တို့ လူစု၏ ဘေးနားဆီသို့သာ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး ထိုအကြောင်းအရာကို အသိပေးလိုက်ရတော့သည်။

ဖန့်ချန်က ယခင်အတိုင်း စွမ်းအားရှင်အဖွဲ့အစည်းထဲသို့ ဝင်ရောက်ရန် ဆန္ဒမရှိသည်ကို မြင်တွေ့လိုက်ရသောအခါ၊ မိုရှဲ့၏ မျက်နှာထက်က ပြုံးရွှင်မှု အရိပ်အယောင်ကလည်း တဖြည်းဖြည်းနှင့် ဖျော့တော့သွားခဲ့ရတော့သည်။

တုန်းဖန်းဟို့နှင့် အမြဲတမ်း စကားလက်ဆုံကျနေသကဲ့သို့ ပုံစံမျိုး ရှိနေသော်လည်း၊ တိတ်တဆိတ်တွင်မူ ဖန့်ချန်ဘက်က လှုပ်ရှားမှုများကို ခိုးကြောင်ခိုးဝှက် အကဲခတ်နေခဲ့သည့် ကျိလင်က ထိုအခြေအနေကို မြင်တွေ့လိုက်ရသောအခါ၊ နှုတ်ခမ်းထောင့်စွန်းကို မသိမသာ တွန့်ကွေးလိုက်မိတော့သည်။

ထိုအချိန်၌ပင်၊ ကောင်းကင်ငါးပါးနန်းဆောင်က ရုတ်တရက် ဖြူဖွေးတောက်ပလှသော အလင်းတန်းများကို စတင်၍ ထုတ်လွှတ်လာခဲ့ရတော့သည်။

လူအများတို့က မည်သည့် လှုပ်ရှားမှုမျိုးမျှ မပြုလုပ်ကြဘဲ၊ တစ်စုံတစ်ရာကိုသာ ငြိမ်သက်စွာဖြင့် စောင့်ဆိုင်းနေခဲ့ကြ၏။

အချိန်အနည်းငယ်မျှ ကြာမြင့်ပြီးနောက်၊ အတွင်းကမ္ဘာနယ်မြေတစ်ခုပြီးတစ်ခုက ဟင်းလင်းပြင်ကို ဖြတ်ကျော်လျက် ရောက်ရှိလာခဲ့ကြတော့သည်။

အတွင်းကမ္ဘာနယ်မြေ၏ အရှင်သခင်များသည် လူအများ၏ ရှေ့မှောက်တွင်ပင်၊ ကောင်းကင်ငါးပါးနန်းဆောင်အတွင်းသို့ လျှောက်လှမ်း ဝင်ရောက်သွားခဲ့ကြသည်။

ဤတည်ရှိမှုများအားလုံးက၊ တောင်ကုန်းအသီးသီး၏ ကမ္ဘာတည်ဆောက်ခြင်းအဆင့် အားကောင်းသော ပုဂ္ဂိုလ်များ ဖြစ်ကြပေသည်။

အဲဒီထဲမှာ ကမ္ဘာတည်ဆောက်ခြင်း အစောပိုင်းအဆင့်များ ရှိသကဲ့သို့၊ အလယ်အလတ်နှင့် နောက်ပိုင်းအဆင့် တည်ရှိမှုများလည်း ပါဝင်နေသေး၏။

ဖန့်ချန်သည် ကျိုကျိတောင်၏ ရွှေရှင်းကို မြင်တွေ့လိုက်ရသည်။

၎င်းတို့ ကောင်းကင်ငါးပါးနန်းဆောင်အတွင်းသို့ ဝင်ရောက်သွားပြီးသည့်နောက်မှသာ၊ ကွင်းပြင်အတွင်း ရှိနေကြသည့် အသက်စွမ်းအင်အဆင့် သူတော်စင်များက ကောင်းကင်ငါးပါးနန်းဆောင်အတွင်းသို့ စတင်ဝင်ရောက်ကြတော့သည်။

နောက်ဆုံးကျမှသာ ဖန့်ချန်ကဲ့သို့သော စွမ်းအင်စုစည်းခြင်းအဆင့် သူတော်စင်များ၏ အလှည့်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေသည်။

ကောင်းကင်ငါးပါးနန်းဆောင်အတွင်းပိုင်းကမူ၊ နတ်ဘုရားတို့၏ နယ်မြေကဲ့သို့ပင် ဖြစ်ပေသည်။

နေရာတိုင်း၊ လက်မတိုင်းက၊ နက်နဲဆန်းကြယ်ပြီး တိုင်းတာ၍မရနိုင်လောက်အောင် ကြီးကျယ်ခမ်းနားလှသော အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့ကြ၏။

ထိုအချိန်တွင် ကြီးမားလှသော တံခါးမကြီး သုံးချပ်က ပွင့်လှစ်နေခဲ့ပေသည်။

၎င်းတို့က မိုရှဲ့ ယခင်က ပြောကြားခဲ့ဖူးသည့် စိန်ခေါ်မှုနယ်မြေ၊ စစ်ပြိုင်နယ်မြေနှင့် အဖွဲ့လိုက်တိုက်ပွဲနယ်မြေတို့ကို ကိုယ်စားပြုနေခဲ့ကြခြင်း ဖြစ်သည်။

ဖန့်ချန်က နောက်ဆုံးကနေ လျှောက်လှမ်းလာခဲ့ခြင်း ဖြစ်သဖြင့်၊ စစ်ပြိုင်နယ်မြေအတွင်းသို့ ဝင်ရောက်သွားကြသည့် သူတော်စင် အရေအတွက်က အများဆုံး ဖြစ်ပြီး၊ ဒုတိယအများဆုံးကမူ စိန်ခေါ်မှုနယ်မြေ ဖြစ်ကာ၊ နောက်ဆုံးကျမှသာ အဖွဲ့လိုက်တိုက်ပွဲနယ်မြေ ဖြစ်သည်ကို အထင်အရှား မြင်တွေ့လိုက်ရတော့သည်။

“ဖန့်ချန်…… ငါ ကြားမိတာတော့ ဒီနှစ်တွေအတွင်းမှာ၊ နင်က လူသားကျောင်းတော်ရဲ့ တစ်ပိုင်းသူတော်စင်တွေကို မော့မကြည့်နိုင်လောက်အောင်အထိ ဖိနှိပ်ထားခဲ့တယ်ဆို၊ စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့် သူတော်စင်တွေထဲမှာတောင်၊ နင့်ရဲ့ ပြိုင်ဘက် ဖြစ်နိုင်တဲ့လူ အနည်းငယ်မျှပဲ ရှိတော့တယ်ဆိုတာ ဟုတ်လား”

မူလက ဝူချုံး၏ ဘေးနားမှ မလှမ်းမကမ်းတွင် လျှောက်လှမ်းနေခဲ့သည့် ရွှီကျီယွမ်က ရုတ်တရက် ဖန့်ချန်၏ ဘေးနားသို့ ရောက်ရှိလာခဲ့ပြီး၊ ပြုံးလျက် မေးမြန်းလိုက်၏။

ဝူချုံး၊ ကျိလင်နှင့် တုန်းဖန်းဟို့တို့ လူစုက တစ်ပြိုင်နက်တည်း ဖန့်ချန်ကို လှမ်းကြည့်လိုက်ကြမိရင်း၊ မျက်ဝန်းထဲ၌ နက်နဲလှသည့် ခပ်ဖျော့ဖျော့ အပြုံးများကို ထုတ်ဖော်လိုက်ကြတော့သည်။

“ဒါတွေက ကောလာဟလတွေပါ ငါတို့ ကရုဏာတောင်က သူတော်စင်တွေရဲ့ စာပေတွေကိုပဲ ဖတ်ရှုရတာ သဘောကျတာပါ၊ အစွမ်းချင်း ယှဉ်ပြိုင်တိုက်ခိုက်ခြင်းနဲ့ ပတ်သက်လို့ကတော့၊ တကယ့်ကို သိပ်ပြီးတော့ မကျွမ်းကျင်ပါဘူး”

ဖန့်ချန်က ပြုံး၍ ဆိုလိုက်သည်။

“မစမ်းသပ်ကြည့်ဘဲနဲ့ ကောလာဟလ ဟုတ်မဟုတ်ဆိုတာ ဘယ်လိုလုပ်ပြီးတော့ သိနိုင်မှာလဲ။

စိန်ခေါ်မှုနယ်မြေထဲမှာက ကိုယ့်ကျောင်းတော်ရဲ့ တပည့်တွေကို စိန်ခေါ်လို့ရတယ်၊ ဒါကြောင့် ငါ စိန်ခေါ်မှုနယ်မြေထဲကို ဝင်ရောက်ပြီးသွားရင်၊ နင့်ကို စိန်ခေါ်မှာ”

ရွှီကျီယွမ်က ခပ်ဖျော့ဖျော့ ပြုံးလျက် ဆို၏။

“ငါ စိန်ခေါ်မှုကို လက်မခံဘူး”

ဖန့်ချန်က တည်ငြိမ်အေးဆေးစွာဖြင့် ဆိုလိုက်ရင်း -

“ငါတို့ကျောင်းတော်က အချင်းချင်း အတွင်းပဋိပက္ခ ဖြစ်နေဖို့ မလိုအပ်ပါဘူး၊ တိုက်ခိုက်မယ်ဆိုရင်လည်း အခြားကျောင်းတော်တွေကိုပဲ သွားရောက်တိုက်ခိုက်ရမှာပါ”

“နင် စိန်ခေါ်မှုကို လက်မခံဘူး ဟုတ်လား”

ရွှီကျိယွန်းတစ်ယောက် မှင်သက်အံ့ဩသွားခဲ့ရတော့သည်။

သူမ၏ အမြင်အရဆိုလျှင်၊ စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့်သို့ ရောက်ရှိနေခဲ့သည့် သူတော်စင်များက၊ စိန်ခေါ်မှုများကို မိမိအလိုအလျောက် ငြင်းပယ်လေ့ရှိခြင်းမျိုး တကယ့်ကို ရှားပါးလှပေသည်၊ ထိုသို့ပြုလုပ်ခြင်းက မိမိကိုယ်တိုင်၏ စိတ်အခြေအနေအပေါ်၌ ဖုန်မှုန့်လွှာတစ်ခု အုပ်ဆိုင်းသွားစေနိုင်ပြီး၊ ကျင့်ကြံခြင်းလမ်းစဉ်အတွက် မကောင်းမွန်လှချေ။

“ဟားဟားဟားဟား၊ ဖန့်ချန်က ရွှီကျီယွမ်ရဲ့ စိန်ခေါ်မှုကို လက်မခံရဲဘူးတဲ့ ဟားဟားဟား”

မေဒေါင်ကွမ်းက ရူးသွပ်စွာဖြင့် ရယ်မောလိုက်မိရင်း လူနှစ်ဦး၏ ဘေးနားမှ ဖြတ်သန်းသွားခဲ့ပြီးနောက်၊ စစ်ပြိုင်နယ်မြေအတွင်းသို့ လျင်မြန်စွာ ဝင်ရောက်သွားခဲ့တော့သည်။

“ဖုန်းချင်းရှန်းတောင်ရဲ့ အရူးကောင်”

ရွှီကျီယွမ်က ရွံရှာမုန်းတီးလှသော မျက်နှာအမူအရာဖြင့် တစ်ချက်မျှ ဆဲရေးတိုင်းထွာလိုက်မိပြီးမှ၊ ဖန့်ချန်ကို လှမ်းကြည့်လိုက်မိကာ ခပ်အေးအေးဖြင့် ဆိုလာခဲ့သည်။

“နင် ငါ့ရဲ့ စိန်ခေါ်မှုကို လက်ခံရမယ်၊ တကယ်လို့ ငါက နင့်ကို ရှုံးနိမ့်သွားခဲ့မယ်ဆိုရင်၊ နင်နဲ့ငါ လက်ထပ်ကြတာပေါ့”

“ရှူး”

အနီးနားရှိ အချို့သော သူတော်စင်များက ထိုစကားကို ကြားလိုက်ကြရသောအခါ၊ ချက်ချင်းပင် အေးစက်လှသော လေထုကို တစ်ချက်မျှ ပြင်းထန်စွာ ရှူရှိုက်လိုက်ကြမိရင်း၊ ဖန့်ချန်အပေါ်သို့ မနာလိုဖြစ်လှသော အကြည့်များကို ပို့လွှတ်လိုက်ကြတော့သည်။

ရွှီကျီယွမ်က ရုပ်ရည်ရူပကာ ကောင်းမွန်ရုံမျှမက၊ နောက်ခံမျိုးရိုးကလည်း သာမန်မဟုတ်ချေ၊ သူမ၏ နောက်ကွယ်တွင် ကြီးမားလှသော မျိုးနွယ်စုကြီးတစ်ခုက ကျောထောက်နောက်ခံပြုပေးထားပေသည်။

မိမိကိုယ်တိုင်ကလည်း ပါးပုနတ်တောင်၏ နာလန်ချိုးဟုန် ၏ တပည့်အဖြစ် သတ်မှတ်ခြင်း ခံထားရသေး၏။

အကယ်၍ ဘာမှ မျှော်လင့်မထားသည့် ကိစ္စရပ်မျိုး မရှိခဲ့လျှင်၊ သူမသည် နောင်တစ်ချိန် အနာဂတ်တွင် အနည်းဆုံးတော့ အသက်စွမ်းအင်အဆင့်ထက် မြင့်မားသော တည်ရှိမှုတစ်ခု ဖြစ်လာပေလိမ့်မည်။

အကယ်၍ ကမ္ဘာတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့မည်ဆိုပါက၊ ထိုအရာက ပိုမို၍ပင် အံ့ဩတုန်လှုပ်စရာ ကောင်းလှပေလိမ့်မည်။

ကျိလင်၏ မျက်နှာအမူအရာက အနည်းငယ်မျှ ပြောင်းလဲသွားခဲ့ရပြီး၊ မျက်ဝန်းများကလည်း ပိုမို၍ မှောင်မိုက် အုံ့မှိုင်းသွားခဲ့ရတော့သည်။

အကယ်၍ ဖန့်ချန်နှင့် ရွှီကျီယွမ်တို့က အတူတူရှိသွားခဲ့ကြပြီး၊ သူနှင့် ဝူချုံးတို့က အတူတူရှိနေခဲ့ကြမည်ဆိုလျှင်၊ ထိုအရာက သွယ်ဝိုက်သော နည်းလမ်းအားဖြင့် သူသည် ဖန့်ချန်ကို အဝေးကြီး လိုက်မမီနိုင်လောက်အောင် ညံ့ဖျင်းလွန်းလှသည်ဟု ဆိုလိုခြင်း မဟုတ်ပါလော။

“တော်ပါပြီ၊ မလုပ်ပါနဲ့တော့”

ဖန့်ချန်က ခေါင်းကို ဖြည်းညှင်းစွာ ရမ်းလိုက်မိရင်း၊ စစ်ပြိုင်နယ်မြေ အရပ်မျက်နှာဆီသို့ ခြေလှမ်းများကို ခပ်သွက်သွက် လှမ်းလျှောက်သွားခဲ့တော့သည်။

တုန်းဖန်းဟို့က ကိုယ်ထည်တစ်ချက် လှုပ်ရှားလိုက်မိရင်း၊ ဖန့်ချန်၏ သွားရာလမ်းကို ပိတ်ဆို့လိုက်တော့သည်။

သူက ခပ်ဖျော့ဖျော့ ပြုံးလျက် ဆိုလာသည်

“ဖန့်ချန်…… ငါတို့ လူသားမျိုးနွယ်စုရဲ့ သူတော်စင်တွေက၊ ကျင့်ကြံခြင်းအဆင့်တူ စိန်ခေါ်မှုကို ငြင်းပယ်ရမယ့် အကြောင်းပြချက် ဘယ်မှာ ရှိပါ့မလဲ၊ ဒီလိုမျိုး လုပ်ရပ်က ဘယ်လိုလုပ်ပြီးတော့ တိုးတက်မှုကို ရရှိစေနိုင်မှာလဲ။

ဒီလိုလုပ်၊ မင်း ကျောင်းတော်သား ရွှီကျီယွမ်ရဲ့ စိန်ခေါ်မှုကို လက်ခံလိုက်၊ ငါက ကြားခံလူအဖြစ် လုပ်ပေးမယ်၊ မင်းတို့နှစ်ယောက်လုံး အသက်အန္တရာယ်မျိုး မရှိစေရဘူးလို့ ငါ အာမခံတယ်”

လူအများတို့က ခြေလှမ်းများကို အနည်းငယ်မျှ တုံ့ဆိုင်းလိုက်ကြမိရင်း၊ ဖန့်ချန်သည် တုန်းဖန်းဟို့ကဲ့သို့သော စစ်မှန်လှသည့် ငါးသုတ်ဆက်တိုက် ပထမရထားသည့် ပုဂ္ဂိုလ်၏ ရှေ့မှောက်တွင်၊ မည်သို့သော သဘောထားမျိုးကို ထုတ်ဖော်ပြသလာမည်နည်း ဆိုသည်ကို မြင်တွေ့လိုကြပေသည်။

“တကယ်လို့ ငါက မလိုက်လျောဘူးဆိုရင်ကော”

ဖန့်ချန်က အချိန်အနည်းငယ်မျှ တွေးတောလိုက်မိပြီးနောက်၊ မေးမြန်းလိုက်၏။

“အကယ်၍ မင်းက မလိုက်လျောဘူးဆိုရင်လည်း၊ ငါက ဘာမှ တတ်နိုင်မှာ မဟုတ်ပါဘူး၊ ဘာပဲဖြစ်ဖြစ် ငါက စွမ်းအင်စုစည်းခြင်း အဆင့်နောက်ပိုင်း ဖြစ်နေတာဆိုတော့၊ မင်းအပေါ်ကို လက်ဦးမှု ရယူပြီးတော့ တိုက်ခိုက်လို့မှ မရတာ”

တုန်းဖန်းဟို့က ခပ်ဖျော့ဖျော့ ပြုံးလျက် ဆိုသည်။

“ဒါဆို ငါက ဘာဖြစ်လို့ လိုက်လျောရမှာလဲ။ ရူးနေလို့လား”

ဖန့်ချန်က ပြုံးလိုက်မိရင်း၊ တုန်းဖန်းဟို့၏ ဘေးနားမှ ကျော်ဖြတ်လျက်၊ စစ်ပြိုင်နယ်မြေဆီသို့ ဆက်လက်၍ လျှောက်လှမ်းသွားခဲ့တော့သည်။

တုန်းဖန်းဟို့က တစ်ချက်မျှ မှင်သက်သွားခဲ့ရပြီးမှ၊ ချက်ချင်းပင် ပြုံး၍ ဆိုလာပြန်သည်။

“ခုနစ်ပါးနေမင်းဆောင်ရဲ့ သူတော်စင်တွေက၊ အခြားလူရဲ့ သဘောတူညီချက် မလိုအပ်ဘဲနဲ့၊ မည်သူ့ကိုမဆို တိုက်ရိုက် စိန်ခေါ်ပိုင်ခွင့် ရှိတယ်။

ကျင့်ကြံခြင်း အဆင့်အတန်းချင်း တူညီနေရုံနဲ့တင် ရပြီ”

ဤကဲ့သို့သော ကိစ္စရပ်မျိုးလည်း ရှိသေးတာလား

လူအများတို့က တစ်ချက်မျှ မှင်သက်သွားခဲ့ရကြသည်၊ ၎င်းတို့သည် ခုနစ်ပါးနေမင်းဆောင်တွင် ထိုကဲ့သို့သော အခွင့်အာဏာမျိုး ရှိနေသည်ကို တကယ်ကိုပင် မသိရှိခဲ့ကြချေ။

“ငါက မတော်တဆပဲ ခုနစ်ပါးနေမင်းဆောင်က စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့် ပုဂ္ဂိုလ်တစ်ယောက်နဲ့ သိကျွမ်းထားတာ ရှိတယ်၊ မင်းက ရွှီကျီယွမ်နဲ့ လက်ရည်ယှဉ်ချင်တာလား၊ ဒါမှမဟုတ် အဲဒီပုဂ္ဂိုလ်နဲ့ လက်ရည်ယှဉ်ချင်တာလား”

တုန်းဖန်းဟို့က ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။

လူအများတို့က ဖန့်ချန်သည် အနည်းဆုံးတော့ အလေးအနက်ထား၍ အချိန်အနည်းငယ်မျှ စဉ်းစားတွေးတောလိမ့်မည်ဟု ထင်မှတ်နေကြသည့် အချိန်မျိုး၌၊ ဖန့်ချန်ကမူ လက်ကို တစ်ချက်မျှသာ ဝှေ့ယမ်းပြလိုက်မိရင်း၊ သူ၏ ကိုယ်ထည်က စစ်ပြိုင်နယ်မြေ၏ တံခါးမကြီးအတွင်းသို့ ပျောက်ကွယ် သွားခဲ့ရတော့သည်။

All Chapters