← Chapters

အခန်း (၂၀၉၉-၂၁၀၀)

Vol. 210 Ch. 2099-2100

အခန်း (၂၀၉၉-၂၁၀၀)

Vol. 210 Ch. 2099-2100

အခန်း (၂၀၉၉) အမာခံ ပြိုင်ဘက်

“ဒီကောင်ကတော့…… ဘယ်လိုပြောပြော နားမဝင်ပါလား”

တုန်းဖန်းဟို့က တိုးညှင်းစွာဖြင့် ရေရွတ်လိုက်မိသည်။

ကျိလင်က ထိုအခြေအနေကို မြင်တွေ့လိုက်ရသောအခါ၊ နှုတ်ခမ်းဟလျက် ပြုံး၍ ဆိုလာသည်။

“ညီကိုတုန်းဖန်း၊ ကရုဏာတောင်က လူတွေအားလုံးက ဒီလိုမျိုး စရိုက်ဗီဇ ရှိကြတာပါ၊ ဒါ့အပြင် သူက ကျောင်းတော်သား ရွှီရဲ့ နည်းလမ်းတွေကို ကြောက်ရွံ့နေလို့လည်း ဖြစ်နိုင်တယ်၊ ဒါကြောင့်ပဲ စိန်ခေါ်မှုကို လက်မခံရဲတာပေါ့”

“သူက စင်ကြယ်တဲ့ ဗောဓိသီးကို တကယ်ပဲ စားသုံးခဲ့တာ ဟုတ်တယ်မလား”

တုန်းဖန်းဟို့၏ မျက်နှာအမူအရာက တစ်ချက်မျှ လှုပ်ရှားသွားခဲ့သည်။

လူအများတို့က တစ်ချက်မျှ မှင်သက်သွားခဲ့ရကြပြီး၊ သူက ဘာဖြစ်လို့ ရုတ်တရက် ဤအကြောင်းအရာကို ထုတ်ဖော်ပြောဆိုလာသလဲ ဆိုသည်ကို မသိရှိကြချေ။

“သူက စင်ကြယ်တဲ့ ဗောဓိသီးကို တကယ်ပဲ စားသုံးခဲ့တာပါ၊ ငါတို့ ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရတာ”

ကျိလင်က ခေါင်းကို ဖြည်းညှင်းစွာ ညိတ်လိုက်ရင်း

“ဒါပေမဲ့ စင်ကြယ်တဲ့ ဗောဓိသီးကို မစားသုံးခင်တုန်းကတော့၊ သူက နှစ်ပေါင်း ခုနစ်ရာလုံးလုံး စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့်ကို တက်လှမ်းနိုင်မယ့် အရိပ်အယောင်မျိုး လုံးဝ မရှိခဲ့ဘူး၊ အဓိကကတော့ ကရုဏာတောင်ဘက်မှာ အချိန်တွေ အများကြီး ဖြုန်းတီးပစ်ခဲ့လို့ပဲ။

အခုအချိန်မှာ စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီ ဆိုပေမဲ့လည်း၊ သာမန် စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့် သူတော်စင်တွေထက် အများကြီး ပိုမို အားကောင်းနေဦးမှာ ဖြစ်ပေမဲ့၊ ဖြုန်းတီးပစ်လိုက်ရတဲ့ အခြေခံအုတ်မြစ်တွေကိုတော့၊ ပြန်လည်ပြီး ဖြည့်တင်းနိုင်ဖို့ မလွယ်ကူတော့ပါဘူး။

အမာခံတပည့်တွေနဲ့တော့ နှိုင်းယှဉ်လို့ ရမှာ မဟုတ်ဘူး”

“အင်း၊ အမာခံတပည့်တွေနဲ့ နှိုင်းယှဉ်ရင်တော့၊ တကယ့်ကို အနည်းငယ်မျှ နိမ့်ကျနေဦးမှာပဲ။

ဒါပေမဲ့ စင်ကြယ်တဲ့ ဗောဓိသီးကို စားသုံးခဲ့ဖူးရုံနဲ့တင် ရပြီ။

ကောင်းကင်ငါးပါး စစ်တလင်းရဲ့ ကြီးကြပ်ရေးမှူးက၊ သူ့ကို စင်ကြယ်တဲ့ ဗောဓိသီးကို စားသုံးခဲ့ဖူးတဲ့ စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့် ပြိုင်ဘက်မျိုးနဲ့ပဲ စီစဉ်ပေးလိမ့်မယ်”

တုန်းဖန်းဟို့က ပြုံး၍ ဆိုလိုက်သည်။

လူအများတို့က ချက်ချင်းပင် မှင်သက်အံ့ဩသွားခဲ့ရတော့သည်၊ ဤကဲ့သို့သော စည်းမျဉ်းမျိုးလည်း ရှိသေးသလော။

စင်ကြယ်သော ဗောဓိသီးကို စားသုံးခဲ့ဖူးသည့် စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့် ဆိုသည်က၊ အခြားကျောင်းတော်များ၏ အမာခံတပည့် ဖြစ်နေဖို့ ရာခိုင်နှုန်း အလွန်တရာ မြင့်မားလှပေသည်။

ထို့အပြင် လူသားမျိုးနွယ်စု၏ ပြိုင်ဘက်က၊ လူသားမျိုးနွယ်စု သက်သက်သာ ဖြစ်နေလိမ့်မည်ဟု မဆိုနိုင်ချေ။

တန်လင်ကျောင်းတော်မှ အဆင့်တူ လူသားမျိုးနွယ်စုများနှင့် မဆုံတွေ့သရွေ့၊ အခြားကျောင်းတော်များအတွင်း၌မူ လူသားမျိုးနွယ်စုများ တည်ရှိမနေပေရာ၊ ဖန့်ချန် ဆုံတွေ့ရမည့် ပြိုင်ဘက်က တစ်ပါးသော မျိုးနွယ်စုများ၏ အမာခံတပည့်သာ ဖြစ်လာပေလိမ့်မည်။

ဒီအထဲမှာဆိုရင်၊ အချို့သော တည်ရှိမှုများက လူတွေ စိတ်ကူးကြည့်ဖို့တောင် ခက်ခဲလှလောက်အောင်အထိ အားကောင်းမောင်းသန် ဖြစ်နေကြလောက်ပေသည်။

“ကောင်းကင်ငါးပါး စစ်တလင်းထဲကို ပထမဆုံးအကြိမ် ဝင်ရောက်တာနဲ့၊ အမာခံတပည့်ရဲ့ ရိုက်နှက်ဆုံးမမှုကို ရင်ဆိုင်ရတော့မှာပဲ။

ဒီတစ်ကြိမ်မှာတော့၊ သူ ဖြုန်းတီးပစ်ခဲ့တဲ့ အချိန်တွေက ဘယ်လောက်တောင် အဖိုးတန်လှသလဲဆိုတာကို၊ သူ့ကို ကောင်းကောင်းကြီး နားလည်သွားစေနိုင်လိမ့်မယ်”

တုန်းဖန်းဟို့က ခပ်ဖျော့ဖျော့ ပြုံးလျက် ဆို၏။

ကျိလင်၏ မျက်ဝန်းထဲ၌မူ မျှော်လင့်တကြီး ဖြစ်နေသည့် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့ရတော့သည်။

……

……

ဖန့်ချန်သည် စစ်ပြိုင်နယ်မြေအတွင်းသို့ ဝင်ရောက်သွားပြီးသည့်နောက်၊ မိမိကိုယ်ကိုယ် ကြီးမားကျယ်ပြန့်လှသော စင်မြင့်ကြီးတစ်ခုထက်တွင် ရောက်ရှိနေသကဲ့သို့ ချက်ချင်းပင် သတိပြုမိလိုက်ရတော့သည်။

သူ့၏ ပတ်ပတ်လည်တွင်မူ၊ သိပ်သည်းလျက် ရေတွက်၍မကုန်နိုင်လောက်အောင် များပြားလှသော ကိုယ်ထည်အရိပ်အယောင်များ မတ်တပ်ရပ်နေခဲ့ကြသည်။

တစ်ဦးချင်းစီတိုင်းက စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်၏ အရှိန်အဝါ လှိုင်းထန်မှုများကို ထုတ်လွှတ်နေခဲ့ကြသည်။

ဤတည်ရှိမှုများအားလုံးက၊ တစ်ခြားသော မျိုးနွယ်စုများ ဖြစ်ကြပေရာ၊ ရုပ်ရည်ပုံသဏ္ဌာန်များကလည်း ထူးဆန်းအံ့ဩဖွယ်ရာ ကောင်းလှပြီး၊ အမျိုးအစား အရေအတွက် များပြားလွန်းလှသဖြင့် ဖန့်ချန်တစ်ယောက် အချိန်တိုအတွင်းမှာပင် ရေတွက်၍ မဆုံးနိုင်တော့ချေ။

သူသည် လူအုပ်ကြီးထဲတွင် လူသားမျိုးနွယ်စု သူတော်စင်တစ်ယောက်ကို ရှာဖွေချင်သဖြင့်၊ အချိန်အတော်ကြာအောင် လှမ်းမျှော်ကြည့်လိုက်သော်လည်း လုံးဝ မြင်တွေ့ရခြင်း မရှိချေ။

“ဒီစင်မြင့်ကြီးပေါ်မှာ၊ ခုနစ်ပါးနေမင်း ကျောင်းတော်တွေထဲက၊ ခပ်သိမ်းသော မျိုးနွယ်စုတွေရဲ့ စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့် သူတော်စင်တွေ အားလုံးကို စုစည်းထားတာလား”

ဖန့်ချန်၏ မျက်ဝန်းထဲ၌ အံ့ဩမှင်သက်ရသည့် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့ရပြီး၊ ချက်ချင်းပင် မိမိကိုယ်တိုင်၏ ခန့်မှန်းချက်က အမှန်တရား ဖြစ်နေနိုင်သည်ဟု ခံစားလိုက်ရတော့သည်။

ထို့ကြောင့်လည်း သူသည် ရွှေဟွေးကျောင်းတော် လူသားကျောင်းတော်ကနေ လာကြသည့် အတန်းဖော်များကို အချိန်တိုအတွင်း မြင်တွေ့ရခြင်း မရှိခြင်း ဖြစ်ပေလိမ့်မည်။

“ဒီနေရာက သူတော်စင် အရေအတွက်ကတော့၊ တကယ်ကို တိုင်းတာရခက်လောက်အောင် များပြားလွန်းလှတာပဲ……”

စိတ်ထဲကနေ သက်ပြင်းချလိုက်မိရင်း၊ ဖန့်ချန်က ပတ်ဝန်းကျင်ကို တိတ်တဆိတ်ဖြင့် အကဲခတ်နေခဲ့တော့သည်။

ဤနေရာက စစ်ပြိုင်နယ်မြေ ဖြစ်နေပေရာ၊ နောင်တစ်ချိန်တွင် ဤနေရာရှိ သူတော်စင်တစ်ဦးချင်းစီတိုင်းကို၊ ကြီးကြပ်ရေးမှူးက ကျင့်ကြံခြင်းအဆင့်ချင်း မတိမ်းမယိမ်း ရှိမည့် ပြိုင်ဘက်များနှင့် စီစဉ်ပေးလာလိမ့်မည် ဖြစ်၏။

သူသည် မိမိ၏ ပြိုင်ဘက်က မည်သူ ဖြစ်လာမလဲ၊ နည်းလမ်းများက မည်သို့သော အဆင့်အတန်းအထိ ရောက်ရှိနေမလဲ ဆိုသည်ကို အနည်းငယ်မျှ စူးစမ်းလိုစိတ် ဖြစ်ပေါ်နေမိသည်။

မိမိကို အထူးမွန်မြတ်လှသော တန်ခိုးစွမ်းအားကြီး ဖြစ်သည့် ကရုဏာတံဆိပ်တော်ကို ထုတ်ဖော်အသုံးပြုလာအောင်အထိ ဖိအားပေးနိုင်စွမ်း ရှိမလား။

“မင်းက ရှီမျိုးနွယ်စုရဲ့ သူတော်စင် ဟုတ်တယ်မလား”

အရှေ့တုန်းက နဂါးသူတော်စင်နှင့် ရုပ်ရည်ချင်း ဆင်တူလှပြီး၊ မတ်တပ်ရပ်နေသည့် ကြီးမားလှသော ဖွတ်ကောင်ကြီးတစ်ကောင်ကဲ့သို့ တည်ရှိမှုတစ်ခုက ဖန့်ချန်ကို အချိန်အတော်ကြာအောင် အကဲခတ်ကြည့်နေခဲ့ပြီးနောက်၊ အချိန်အနည်းငယ်အကြာတွင် မနေနိုင်တော့ဘဲ စကားစ၍ မေးမြန်းလာခဲ့တော့သည်။

“ရှီမျိုးနွယ်စု”

ဖန့်ချန်က စိတ်ထဲကနေ ပြန်လည်၍ စဉ်းစားတွေးတောလိုက်မိသော်လည်း၊ စာကြည့်ဆောင်အတွင်း၌ ဤကဲ့သို့သော ဆင်တူသည့် စာအုပ်စာပေမျိုးကို မြင်တွေ့ခဲ့ဖူးခြင်း မရှိပေရာ၊ မိမိအနေဖြင့် သင်ယူလေ့လာရန် လိုအပ်နေသေးသည့် ဗဟုသုတများစွာ ကျန်ရှိနေသေးသည်ကို မနေနိုင်ဘဲ သက်ပြင်းချမိလိုက်ရတော့သည်။

“မင်းက ရှီမျိုးနွယ်စုရဲ့ သူတော်စင် မဟုတ်ဘူးလား။ ဒါဆိုရင်တော့ ဆန်းကြယ်တယ်၊ ဘာဖြစ်လို့ ရုပ်ချင်း ဒီလောက်တောင် ဆင်တူနေရတာလဲ”

မတ်တပ်ရပ်နေသည့် ဖွတ်ကောင်ကြီးက ဖန့်ချန်၏ မျက်နှာအမူအရာကို မြင်တွေ့လိုက်ရသောအခါ၊ မိမိကိုယ်တိုင် ခန့်မှန်းချက် လွဲမှားသွားခဲ့သည်ကို သိရှိသွားခဲ့သဖြင့်၊ ချက်ချင်းပင် ရယ်မောလျက် ဆိုလာခဲ့သည်။

“ငါက ဖူကွမ်းကျောင်းတော် သစ်သားနဂါးမျိုးနွယ်စုက လျဲ့ယွမ်လုံ ပါ”

ဖူကွမ်းကျောင်းတော်

ဖန့်ချန်က စိတ်ထဲကနေ ခေါင်းညိတ်လိုက်မိသည်၊ သူသည် ဖူကွမ်းကျောင်းတော်က ကောင်းကင်ယံ အဆင့်မြင့် မဟာမိတ်အဖွဲ့အစည်းအောက်တွင် ပါဝင်သည်ကို သိရှိထားပေသည်၊ စာကြည့်ဆောင်အတွင်း၌ စာအုပ်တစ်အုပ် ရှိနေခဲ့ဖူးပြီး၊ ထိုစာအုပ်က ကောင်းကင်ငါးပါးအတွင်းက ခုနစ်ပါးနေမင်း ကျောင်းတော်များကို မိတ်ဆက်ပေးထားခြင်း ဖြစ်၏။

“ငါက ရွှေဟွေးကျောင်းတော် လူသားမျိုးနွယ်စုက ‘ဖန့်ချန်’ ပါဗျာ”

ဖန့်ချန်က လက်နှစ်ဖက်ကို ရှေ့သို့ဆန့်ထုတ်လျက် ဂါရဝပြုလိုက်သည်။

“ရွှေဟွေးကျောင်းတော်ကလား။ လူသားမျိုးနွယ်စု…… တကယ်ပဲ မကြားဖူးပါဘူး။

ဒါပေမဲ့ မင်းတို့ ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့အစည်းရဲ့ တန်လင်ကျောင်းတော်ကိုတော့၊ ငါက အနည်းငယ် နားလည်ထားတာ ရှိတယ်၊ ဟိုဘက်က ကျောင်းတော်သားတွေနဲ့ လက်ရည်ယှဉ် တိုက်ခိုက်ဖူးတယ်၊ သူတို့မှာ နည်းလမ်းအချို့ ရှိကြတယ်”

လျဲ့ယွမ်လုံက ဖန့်ချန်ကို ကြည့်သည့် မျက်ဝန်းများကလည်း အနည်းငယ်မျှ အေးစက်စက် နိုင်သွားခဲ့ရပြီး၊ ပေါ့ပေါ့ပါးပါး စကားအနည်းငယ်မျှ ပြောဆိုပြီးသည်နှင့်၊ အခြားလူများကို ရှာဖွေလျက် စကားစမြည် ပြောဆိုရန်အတွက် ထွက်ခွာသွားခဲ့တော့သည်။

“ဒီသဘောထားကို ကြည့်ရင်တော့၊ ရွှေဟွေးကျောင်းတော်က ခုနစ်ပါးနေမင်း ကျောင်းတော်တွေထဲမှာ အောက်ခြေအဆင့် တည်ရှိမှုတစ်ခု ဖြစ်နေတာ တကယ့်ကို အမှန်ပဲ”

ဖန့်ချန်က စိတ်ထဲကနေ တိတ်တဆိတ် တွေးတောလိုက်မိ၏။

ထိုအချိန်၌ပင်၊ ကောင်းကင်ယံထက်ကနေ ရုတ်တရက် ကြီးမားလှသော ပိတ်ကားချပ်ကြီးတစ်ခုပြီးတစ်ခုက သွန်ဆင်းလာခဲ့ရတော့သည်။

ပိတ်ကားချပ်ကြီးထက်တွင် ရွှေရောင်တောက်ပလှသော နာမည်များက လွင့်မျောလှုပ်ရှားနေခဲ့ကြ၏။

ဖန့်ချန်က စိတ်ထဲကနေ တစ်စုံတစ်ရာကို ခံစားမိလိုက်ရပြီး၊ တစ်စုံတစ်ဦးသော အင်အားစုက မိမိကို လမ်းညွှန်ပြသနေသကဲ့သို့ ပုံစံမျိုးဖြင့်၊ ထိုအပေါ်၌ မိမိ၏ နာမည်ကို ချက်ချင်းပင် ရှာဖွေတွေ့ရှိသွားခဲ့ရတော့သည်၊ မိမိ၏ နာမည်နှင့်အတူ ရှိနေသည်က၊ အခြားသော နာမည်တစ်ခု ဖြစ်ပေသည်။

ရွှေဟွေးကျောင်းတော် ဖန့်ချန် ဖူကွမ်းကျောင်းတော် လျဲ့ချန်ကျူး

“ဖူကွမ်းကျောင်းတော် မျိုးရိုးနာမည်က လျဲ့လား။ ဒီလောက်တောင် တိုက်ဆိုင်ပြီး သစ်သားနဂါးမျိုးနွယ်စုက ဖြစ်မနေလောက်ပါဘူးနော်”

ဖန့်ချန်က မလှမ်းမကမ်းရှိ လျဲ့ယွမ်လုံကို တစ်ချက်မျှ လှမ်းမျှော်ကြည့်လိုက်မိ၏။

“တကယ့်ကိုပဲ အဲဒီအမာခံတွေရဲ့ ပြိုင်ဘက်တွေက အမြဲတမ်း ပြိုင်ဘက်ဟောင်းတွေပဲ ဖြစ်နေတုန်းပဲ၊ ဘာမှ မပြောင်းလဲဘူး”

စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့် သူတော်စင် အရေအတွက်က တကယ်ကို များပြားလွန်းလှသဖြင့်၊ လူတိုင်းက တစ်ဦးနှင့်တစ်ဦး သိပ်ပြီးတော့ မသိကျွမ်းကြချေ၊ မိမိတို့၏ ပြိုင်ဘက်အကြောင်းကိုလည်း စကားမဆိုကြဘဲ၊ ကျောင်းတော်အသီးသီး၏ ကျော်ကြားလှသော အမာခံတပည့်များကိုသာ အရင်ဆုံး ကြည့်ရှုနေခဲ့ကြ၏။

ဤအမာခံတပည့်များက စစ်ပြိုင်နယ်မြေအတွင်း တည်ရှိနေသေးခြင်းက၊ အခြေခံအားဖြင့် ခုနစ်ပါးနေမင်းဆောင် အဆင့်အတန်းနှင့် အလွန်တရာ နီးကပ်လွန်းလှသည့် တည်ရှိမှုများ ဖြစ်ကြပေသည်။

ထိုအချိန်တွင် ရွမ်ပုထုံတို့ လူစုကလည်း ထိုအပေါ်၌ မိမိတို့၏ နာမည်များကို ရှာဖွေတွေ့ရှိသွားခဲ့ကြပြီးနောက်၊ ဖန့်ချန်၏ နာမည်ကို လိုက်လံရှာဖွေနေခဲ့ကြတော့သည်။

“ဖန့်ချန်ရဲ့ ပြိုင်ဘက်က လျဲ့ချန်ကျူး ဟုတ်လား။ ဖူကွမ်းကျောင်းတော်ရဲ့ အမာခံတပည့်လား။ ဒီလူရဲ့ ရမှတ်က အနည်းငယ်မျှ ပိုပြီးတော့ များပြားလာခဲ့မယ်ဆိုရင်၊ ခုနစ်ပါးနေမင်းဆောင်ထဲကို တက်လှမ်းနိုင်မယ့် အခွင့်အရေး ရှိနေတာ……”

ရွမ်ပုထုံက အံ့ဩတုန်လှုပ်ခြင်းနှင့်အတူ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့ရတော့သည်။

အံ့ဩမိသည်က ဤနေရာရှိ ကြီးကြပ်ရေးမှူးက ဖန့်ချန်ကို ပြိုင်ဘက်အဖြစ် အမာခံတပည့်တစ်ယောက်နှင့် အမှန်တကယ် စီစဉ်ပေးလာခဲ့ခြင်း ဖြစ်၏။

ဝမ်းမြောက်မိသည်ကမူ၊ ဖန့်ချန်တစ်ယောက် သေချာပေါက် ရှုံးနိမ့်တော့မည် ဖြစ်ခြင်းကြောင့်ပင်။

ဘာဖြစ်လို့လဲဆိုတော့ အရှေ့တုန်းက တုန်းဖန်းဟို့ ပြောကြားခဲ့သည့် စကားကို သူလည်း ကြားလိုက်ရခြင်းကြောင့် ဖြစ်ပေသည်။

စင်ကြယ်သော ဗောဓိသီးကို စားသုံးခဲ့ဖူးသရွေ့၊ အစွမ်းသတ္တိက အမာခံအဆင့်အထိ ရောက်ရှိခြင်း ရှိမရှိကို ဂရုမစိုက်ဘဲ၊ သူ့ကို ကိုက်ညီမှုရှိသည့် ပြိုင်ဘက်မျိုးနှင့် စီစဉ်ပေးလာလိမ့်မည် ဖြစ်သည်။

“လျဲ့ချန်ကျူးပဲကိုး၊ ဖန့်ချန် ဒီတစ်ကြိမ်တော့ သွားပြီ”

မေဒေါင်ကွမ်းက ခေါင်းကိုမော့လျက် ပိတ်ကားချပ်ကြီးကို စိုက်ကြည့်နေခဲ့မိရင်း၊ မျက်နှာထက်တွင် အရှေ့တုန်းက ရူးသွပ်လှသော အပြုံးများ မရှိတော့ဘဲ၊ တည်ရှိနေသည်က၊ အုံ့မှိုင်းခြင်းနှင့် မုန်းတီးနာကျည်းမှု အရိပ်အယောင်မျှသာ ဖြစ်တော့သည်။

ထိုအချိန်တွင် ကျိလင်၊ ဝူချုံး၊ ရွှီကျီယွမ်တို့ လူစုကလည်း ဤရလဒ်ကို မြင်တွေ့လိုက်ရသောအခါ၊ မျက်နှာအမူအရာ အသီးသီး ဖြစ်ပေါ်သွားခဲ့ရတော့သည်။

တုန်းဖန်းဟို့က လက်နှစ်ဖက်ကို နောက်ပစ်လျက် မတ်တပ်ရပ်နေခဲ့မိရင်း၊ အရင်ဆုံး မိမိ၏ ပြိုင်ဘက်နာမည်ကို တစ်ချက်မျှ ဝေ့ကြည့်လိုက်ပြီးမှ၊ ဖန့်ချန်၏ ပြိုင်ဘက်နာမည်ကို ရှာဖွေတွေ့ရှိသွားခဲ့ရတော့သည်။

“လျဲ့ချန်ကျူး…… ဖူကွမ်းကျောင်းတော်ရဲ့ အသစ်တက်လာတဲ့ အမာခံတပည့်ပဲ၊ အမာခံတပည့်အဖြစ် တက်လှမ်းလာတာ နှစ်တစ်ထောင် ဒါမှမဟုတ် နှစ်ထောင်လောက် ရှိပြီထင်တယ်၊ အတိတ်တုန်းက ငါ့ရဲ့ လက်အောက်ခံ ရှုံးနိမ့်ဖူးတဲ့လူပဲ”

တုန်းဖန်းဟို့၏ နှုတ်ခမ်းထောင့်စွန်းက မသိမသာ တွန့်ကွေးလျက် အပေါ်သို့ မြင့်တက်သွားခဲ့ရသည်။

သူသည် ဤလူကို တကယ်ကိုပင် အလွန်အမင်း ရင်းနှီးကျွမ်းဝင်လှပေသည်၊ ထိုလူက လက်ရှိအချိန်အထိ စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်မှာပဲ တည်ရှိနေရခြင်းကလည်း၊ အတိတ်တုန်းက သူနှင့် တိုက်ခိုက်ခဲ့သည့် ထိုတိုက်ပွဲကြောင့် ဖြစ်ပြီး၊ မိမိကြောင့် သူ၏ အတွင်းကမ္ဘာ အခြေခံအုတ်မြစ်များ ပျက်စီးဆုံးရှုံးသွားခဲ့ရခြင်း ဖြစ်သည်။

“လက်ရှိအချိန်မှာတော့၊ ပြန်ပြီးတော့ ဖြည့်တင်းလို့ ပြီးလုနီးပါး ဖြစ်နေလောက်ပြီ၊ မကြာခင်မှာပဲ စွမ်းအင်စုစည်းခြင်း အလယ်အလတ်အဆင့်ကို တက်လှမ်းနိုင်တော့မယ်လို့ ခန့်မှန်းရလောက်တယ်။

ဖန့်ချန်က ဒီလို ပြိုင်ဘက်နဲ့ ဆုံတွေ့ရတာကလည်း…… လူဆိုးကို လူမိုက်နဲ့ ဆုံးမတာပဲလို့ ဆိုရမှာပေါ့”

……

……

“အစ်ကိုကြီး လျဲ့၊ မင်းရဲ့ မျိုးရိုးနာမည်ကလည်း လျဲ့ပဲဆိုတော့၊ ဒီလျဲ့ချန်ကျူးဆိုတဲ့လူက၊ မင်းရဲ့ မျိုးနွယ်စုဝင် ဖြစ်မနေဘူးမလား”

လျဲ့ယွမ်လုံသည် လူအများအပြားနှင့် မိမိတို့၏ ဂိုဏ်းနောက်ခံများကို အပြန်အလှန် မိတ်ဆက်ပြီးသွားခဲ့ပြီ ဖြစ်ပေရာ၊ ထိုအချိန်တွင် တစ်စုံတစ်ယောက်က ရုတ်တရက် လျဲ့ယွမ်လုံ၏ နောက်ခံမျိုးရိုးကို သတိရသွားခဲ့မိရင်း၊ အနည်းငယ်မျှ အံ့ဩတုန်လှုပ်စွာဖြင့် မေးမြန်းလာခဲ့တော့သည်။

“လျဲ့ချန်ကျူးက၊ ငါ့ရဲ့ မျိုးနွယ်စုညီငယ်တစ်ယောက်ပါ၊ အကယ်၍ အရင် အသက်ငယ်တုန်းက အခြေခံအုတ်မြစ်တွေ ပျက်စီးဆုံးရှုံးမှု မရှိခဲ့ဘူးဆိုရင်တော့၊ အခုအချိန်မှာ အစောကြီးကတည်းက စွမ်းအင်စုစည်းခြင်း အလယ်အလတ်အဆင့်၊ ဒါမှမဟုတ် နောက်ပိုင်းအဆင့်ကိုတောင် ရောက်ရှိနေလောက်ပြီ”

လျဲ့ယွမ်လုံက အနည်းငယ်မျှ သက်ပြင်းချမိလိုက်ရင်း၊ ထိုနာမည်ကို စိုက်ကြည့်နေမိကာ၊ မျက်ဝန်းအိမ်အောက်ခြေ၌ ခပ်ဖျော့ဖျော့ မနာလိုဖြစ်ရသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့ရတော့သည်။

“သူ့ရဲ့ ပြိုင်ဘက်ကလည်း အမာခံတပည့်တစ်ယောက် ဖြစ်နေရမှာပဲ၊ ရွှေဟွေးကျောင်းတော် ဖန့်ချန်လို့ခေါ်တဲ့ အမာခံတပည့် ရှိနေတာကို ဘာဖြစ်လို့ မကြားဖူးရတာလဲ။

အသစ်တက်လာတဲ့ အမာခံတပည့်လား”

လူအများတို့က တိုးညှင်းစွာဖြင့် ရေရွတ်လိုက်ကြသည်။

လျဲ့ယွမ်လုံက တစ်ချက်မျှ မှင်သက်သွားခဲ့ရပြီး၊ ဤနာမည်က အနည်းငယ်မျှ ရင်းနှီးနေသကဲ့သို့ အစဉ်အမြဲ ခံစားနေရမိရင်း၊ ရုတ်တရက်ဆိုသလို သူ၏ မျက်နှာထက်တွင် မယုံကြည်နိုင်လောက်အောင် ဖြစ်ရသည့် အမူအရာတစ်ခု ထွက်ပေါ်လာခဲ့ရကာ၊ ခေါင်းကိုလှည့်လျက် မလှမ်းမကမ်းရှိ ဖန့်ချန်ကို လှမ်းကြည့်လိုက်မိတော့သည်။

သူလား.......

အခန်း (၂၁၀၀) မင်းကို မခြောက်လှန့်မိဘူးမလား

“ဘယ်လိုဖြစ်လို့ သူ ဖြစ်နေရတာလဲ”

လျဲ့ယွမ်လုံသည် အနည်းငယ်မျှ ထူးဆန်းအံ့ဩသကဲ့သို့ ခံစားလိုက်ရမိသည်။ ဤကဲ့သို့သော မျက်နှာစိမ်း ကောင်တစ်ယောက်၊ စိမ်းသက်လှသော နာမည်တစ်ခုကို၊ ကြီးကြပ်ရေးမှူးက ဖူကွမ်းကျောင်းတော် သစ်သားနဂါးကျောင်းဆောင်ရဲ့ မကြာသေးမီနှစ်တွေအတွင်း အားအကောင်းဆုံး ပါရမီရှင်ဖြစ်သူ လျဲ့ချန်ကျူးနှင့် လက်ရည်ယှဉ် တိုက်ခိုက်ရန်အတွက် အဘယ်ကြောင့် စီစဉ်ပေးခဲ့ရသနည်း။

ပြိုင်ဘက်များ၏ အမည်စာရင်း ထွက်ပေါ်လာပြီးသည့်နောက်တွင်၊ ကောင်းကင်ယံထက်မှ တောက်ပလှသော ရွှေရောင်အလင်းတန်းများ တစ်ခုပြီးတစ်ခု သွန်ဆင်းလာခဲ့ရပြီး၊ လူအများတို့ကို ကျယ်ပြန့်လှသော စင်မြင့်ကြီးထက်မှ ဆက်တိုက်ဆိုသလို ပျောက်ကွယ်သွားစေခဲ့တော့သည်။

ဖန့်ချန်သည်လည်း ရွှေရောင်အလင်းတန်းတစ်ခု၏ ခေါ်ဆောင်သွားခြင်းကို ခံလိုက်ရပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင်၊ ဟင်းလင်းပြင် တစ်နေရာအတွင်းသို့ ရောက်ရှိသွားခဲ့ရတော့သည်။

“ရွှေဟွေးကျောင်းတော်၊ လူသားမျိုးနွယ်စု ကျောင်းတော်က ဖန့်ချန်လား။ မင်းတို့ လူသားမျိုးနွယ်စု ကျောင်းတော်မှာ ဘယ်တုန်းကများ မင်းလို လူမျိုးတစ်ယောက် ထွက်ပေါ်လာခဲ့တာလဲ”

မျက်နှာချင်းဆိုင်တွင်မူ၊ လျဲ့ယွမ်လုံနှင့် ရုပ်ချင်း အလွန်တရာ ဆင်တူလှသော လူသားပုံသဏ္ဌာန် ဖားပြုတ်ကြီး (ဖွတ်ကောင်ကြီး) တစ်ကောင်က ခမ်းနားထည်ဝါလှသော အတွင်းကမ္ဘာအတွင်း မတ်တပ်ရပ်နေခဲ့မိရင်း၊ ဖန့်ချန်ကို တိတ်တဆိတ်ဖြင့် စိုက်ကြည့်နေခဲ့၏။

“မင်းက ရွှေဟွေးကျောင်းတော်ရဲ့ အမာခံတပည့်လား”

လျဲ့ချန်ကျူးသည် ဖန့်ချန်က စကားတစ်ခွန်းမျှ မဆိုဘဲ ငြိမ်သက်နေသည်ကို မြင်တွေ့လိုက်ရသောအခါ၊ ထပ်မံ၍ မေးမြန်းလာခဲ့ပြန်သည်။

“သာမန် ကျောင်းတော်သားတစ်ယောက်ပါပဲ အမာခံတပည့် မဟုတ်ပါဘူး”

ဖန့်ချန်က ပြုံး၍ ဆိုလိုက်သည်။

“သာမန် ကျောင်းတော်သား ဟုတ်လား”

လျဲ့ချန်ကျူးက တစ်ချက်မျှ မှင်သက်သွားခဲ့ရပြီး -

“သာမန် ကျောင်းတော်သားတစ်ယောက်အနေနဲ့၊ ကြီးကြပ်ရေးမှူးက ငါနဲ့ လက်ရည်ယှဉ်ဖို့ စီစဉ်ပေးလာစရာ အကြောင်းမရှိဘူး……”

ခဏမျှ တုံ့ဆိုင်းသွားခဲ့ပြီးနောက်၊ သူ၏ မျက်နှာအမူအရာက တစ်ချက်မျှ လှုပ်ရှားသွားခဲ့ရကာ -

“မင်းက စင်ကြယ်တဲ့ ဗောဓိသီးကို စားသုံးခဲ့ဖူးတာလား”

“မှန်တယ်၊ ငါ သူတော်စင်အဆင့်ကို မတက်လှမ်းခင်တုန်းက၊ စင်ကြယ်တဲ့ ဗောဓိသီးကို မျိုချစားသုံးခဲ့ဖူးတယ်”

ဖန့်ချန်က ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။

“ဒါဆိုရင်တော့ မဆန်းတော့ဘူးပဲ”

လျဲ့ချန်ကျူးက ရုတ်တရက် သဘောပေါက်သွားခဲ့ရပြီး -

“မင်းက စင်ကြယ်တဲ့ ဗောဓိသီးကို စားသုံးခဲ့ဖူးတာဆိုတော့၊ တရားမျှတမှု ရှိစေဖို့အတွက်၊ ကြီးကြပ်ရေးမှူးက မင်းကို စင်ကြယ်တဲ့ ဗောဓိသီးကို စားသုံးခဲ့ဖူးတဲ့ ပြိုင်ဘက်မျိုးနဲ့ပဲ စီစဉ်ပေးရုံပဲ ရှိတာပေါ့။

ပြီးတော့ အခြေအနေ အများစုမှာတော့၊ အမာခံတပည့်တွေကသာ စင်ကြယ်တဲ့ ဗောဓိသီးကို စားသုံးပိုင်ခွင့် ရှိကြတာ။

ရွှေဟွေးကျောင်းတော်ရဲ့ သယံဇာတ အရင်းအမြစ်က ငါတို့ ဖူကွမ်းကျောင်းတော်ထက်တောင် နည်းပါးသေးတာ၊ သာမန်တပည့်တစ်ယောက်ကို စင်ကြယ်တဲ့ ဗောဓိသီး ပေးပြီး စားသုံးစေဖို့ ဆိုတာကတော့ ဖြစ်နိုင်ခြေ အလွန်နည်းပါးလှတယ်။

လူသားမျိုးနွယ်စု ကျောင်းတော်…… နေပါဦး၊ မင်းက ကရုဏာတောင်က တပည့်လား”

“မင်းကလည်း ကရုဏာတောင်အကြောင်းကို သိတာလား”

ဖန့်ချန်က အနည်းငယ်မျှ စူးစမ်းလိုစိတ် ဖြစ်ပေါ်သွားခဲ့ရသည်။

ဤကောင်းကင်ငါးပါး စစ်တလင်း၏ လွှမ်းခြုံမှု အတိုင်းအတာက၊ သာမန်လူတွေ စိတ်ကူးကြည့်နိုင်သည်ထက် အဆပေါင်းများစွာ ပိုမိုကျယ်ပြန့်လှသည်ကို သိရှိထားပေသည်။

ကျောင်းတော် တစ်ခုချင်းစီတိုင်းတွင်လည်း၊ မရေမတွက်နိုင်သော ခပ်သိမ်းသော အားကောင်းမောင်းသန် မျိုးနွယ်စုများကို ကိုယ်စားပြုသည့် ကျောင်းဆောင်များစွာ တည်ရှိနေခဲ့ကြ၏။

ကရုဏာတောင် ဆိုသည်ကလည်း၊ ရွှေဟွေးကျောင်းတော်အတွင်းရှိ လူသားမျိုးနွယ်စု ကျောင်းဆောင်များစွာထဲက တောင်ကုန်းတစ်ခုမျှသာ ဖြစ်ပေသည်။

ဖူကွမ်းကျောင်းတော်၏ အမာခံတပည့်တစ်ယောက်က၊ ကရုဏာတောင် တည်ရှိမှုကို သိရှိနေလိမ့်မည်ဟု တကယ့်ကို ထင်မှတ်မထားခဲ့မိချေ။

“သိတာပေါ့၊ ဘာဖြစ်လို့ မသိရမှာလဲ”

လျဲ့ချန်ကျူးက မျက်လုံးတစ်ချက် လှန်လိုက်မိရင်း -

“မင်းတို့ ကရုဏာတောင်က လူတွေက အစဉ်အမြဲ ကောင်းကင်ငါးပါး စစ်တလင်းထဲကို မဝင်ရောက်ချင်ကြဘူး၊ ဝင်လာခဲ့ရင်တောင်မှ၊ အစွမ်းကုန် ထုတ်ဖော်တိုက်ခိုက်တာမျိုး ခဲယဉ်းတယ်၊ ဒါပေမဲ့ တစ်ကြိမ်ချင်းစီတိုင်းမှာတော့၊ မင်းတို့တွေက ကြီးကြပ်ရေးမှူးရဲ့ အမာခံတပည့်တွေနဲ့ပဲ သွားပြီး ကိုက်ညီမှု ရှိနေတတ်ကြတယ်၊ အရေအတွက်အားဖြင့် နည်းပါးတယ် ဆိုပေမဲ့လည်း၊ ဒီအကြောင်းအရာက ကောင်းကင်ငါးပါး စစ်တလင်းရဲ့ အမာခံအသိုင်းအဝိုင်းထဲမှာ ပျံ့နှံ့နေခဲ့တာ ကြာပြီ။

မင်းတို့ ကရုဏာတောင်က ဆရာက၊ တကယ့်ကို စွမ်းဆောင်နိုင်စွမ်းရှိတဲ့ လူတစ်ယောက်ပဲလို့ ပြောကြတယ်၊ ရွှေဟွေးကျောင်းတော်ရဲ့ အထက်လူကြီးတွေနဲ့ တစ်စုံတစ်ရာ ပတ်သက်မှု ရှိနေနိုင်တယ်၊ ဒါကြောင့်ပဲ စင်ကြယ်တဲ့ ဗောဓိသီးကို အမြဲတမ်း ရရှိနိုင်နေတာ”

“ကြည့်ရတာ စီနီယာအစ်ကိုကြီး ကျန်းတို့ လူစုကလည်း စင်ကြယ်တဲ့ ဗောဓိသီးကို စားသုံးခဲ့ဖူးကြတာပဲ၊ ဆရာ ရှူရဲ့ နည်းလမ်းတွေကတော့၊ တကယ့်ကို အထင်သေးလို့ မရဘူးပဲ”

ဖန့်ချန်က စိတ်ထဲကနေ တိတ်တဆိတ် ရေရွတ်လိုက်မိ၏။

“မင်းက ကရုဏာတောင်က တပည့် ဖြစ်နေမှတော့၊ ငါတို့တွေလည်း အသေအလဲ တိုက်ခိုက်နေဖို့ အကြောင်းမရှိတော့ဘူး၊ ပေါ့ပေါ့ပါးပါးလေး တိုက်ခိုက်ပြီး အထိအတွေ့လောက်တင် ရပ်တန့်လိုက်ရင် ရပြီ၊ အသက်နဲ့လဲပြီး တိုက်ခိုက်နေဖို့ မလိုအပ်ပါဘူး”

လျဲ့ချန်ကျူးက တည်ငြိမ်စွာဖြင့် ဆိုလာခဲ့သည်။

ထိုစကားလုံးများက၊ ဖန့်ချန်ကို တစ်စုံတစ်ဦး ပြောကြားခဲ့ဖူးသည့် ကရုဏာတောင်သည် ကောင်းကင်ငါးပါး စစ်တလင်းအတွင်း၌ အနည်းငယ်မျှ မျက်နှာပန်းပွင့်လှပေရာ၊ အခြေခံအားဖြင့် မည်သူမျှ ကရုဏာတောင် တပည့်များအပေါ် ရက်ရက်စက်စက် လက်ချက်ပြင်းပြင်း ထုတ်ဖော်လိမ့်မည် မဟုတ်ဟူသော စကားကို ရုတ်တရက် သတိရသွားစေခဲ့တော့သည်။

“ဒီလိုကိုး……”

ဖန့်ချန်က တဖြည်းဖြည်းချင်း သဘောပေါက်သွားခဲ့ရတော့သည်။

ဤအထဲက အကြောင်းအရင်းကတော့၊ စီနီယာအစ်ကိုကြီးတို့ လူစုက အခြေခံအားဖြင့် ညှာတာမှု ရှိကြပြီး အစွမ်းကုန် မထုတ်ကြခြင်းအပြင်၊ ကရုဏာတောင်က လူတိုင်းက အမာခံတပည့်များနှင့်သာ အမြဲတမ်း ကိုက်ညီမှု ရှိနေတတ်ခြင်းနှင့်လည်း သက်ဆိုင်နေနိုင်ပေသည်။

အကယ်၍ ဤကဲ့သို့သော တောင်ကုန်းတစ်ခုက ဆရာသည်၊ စင်ကြယ်သော ဗောဓိသီးကို အစဉ်အမြဲ ရရှိနိုင်စွမ်း ရှိသည်ကို သိရှိထားကြလျှင်။

လူမိုက်တစ်ယောက် ဖြစ်နေပါစေဦးတော့၊ ထိုဆရာ၏ နောက်ခံနှင့် လာရာအရင်းအမြစ်ကို စူးစမ်းလိုစိတ် ဖြစ်ပေါ်လာကြမည်ဖြစ်ပြီး၊ လွယ်လွယ်ကူကူဖြင့် ရန်ငြိုးအသေ ဖွဲ့ချင်ကြလိမ့်မည် မဟုတ်ချေ။

“ညီအစ်ကိုဖန့်၊ ဘာတွေ စဉ်းစားနေတာလဲ။ ငါတို့ စတင်ကြရအောင်”

လျဲ့ချန်ကျူးက တစ်ချက်မျှ သတိပေးလိုက်၏။

ဖန့်ချန်က လက်နှစ်ဖက်ကို ရှေ့သို့ဆန့်ထုတ်လျက် ဂါရဝပြုလိုက်ရင်း -

“အစ်ကိုကြီးလျဲ့၊ လမ်းညွှန်ပြသပေးပါဦးဗျာ”

“ပြောရတာ လွယ်တယ်”

မျက်စိတစ်မှိတ်အတွင်းမှာပင်၊ နှစ်ယောက်သားသည် လုံးဝ ငြိမ်သက်နေသည့် အခြေအနေကနေ၊ မျက်စိတစ်မှိတ်အတွင်းမှာပင် တိုက်ကွက်ပေါင်း ရာချီ၍ ကျော်လွန်သွားခဲ့ကြပြီ ဖြစ်ပေသည်။

လျဲ့ချန်ကျူး၏ အတွင်းကမ္ဘာ အခြေခံအုတ်မြစ်က၊ သာမန် စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့် သူတော်စင်များထက် တကယ့်ကို အဆပေါင်းများစွာ ပိုမို အားကောင်းမောင်းသန် လှပေသည်။

ထုတ်ဖော်အသုံးပြုလိုက်သည့် တံဆိပ်ခတ်နှိပ်ခြင်း တန်ခိုးစွမ်းအား၏ အစွမ်းသတ္တိကလည်း အထင်သေးစရာ မဟုတ်ပေရာ၊ ကျိုကျိလက်သီးထက် ဝေးကွာလောက်အောင် အားကောင်းလှပြီး၊ ရူးသွပ်လက်သီးထက်ပင် သာလွန်နေခဲ့သေး၏။

သူ၏ ပြင်းထန်လှသော မုန်တိုင်းကဲ့သို့ တိုက်စစ်ဆင်မှုအောက်တွင်၊ ဖန့်ချန်သည် မိမိ၏ အစွမ်းသတ္တိ ခုနစ်ပုံခန့်ကို ထုတ်ဖော်အသုံးပြုလိုက်ရပြီးမှသာ၊ မနည်းမနောဖြင့် သူနှင့် သရေကျအောင် တိုက်ခိုက်နိုင်ခဲ့တော့သည်။

အတိတ်တုန်းက မေဒေါင်ကွမ်းကို တိုက်ခိုက်စဉ်ကမူ၊ မိမိအနေဖြင့် အစွမ်းသတ္တိ နှစ်ပုံခန့်ကိုပင် ပြည့်အောင် အသုံးမပြုခဲ့ရချေ။

ဤအရာက ကျင့်ကြံခြင်းအဆင့်ချင်း တူညီနေသည့်တိုင်အောင်၊ လျဲ့ချန်ကျူး၏ အစွမ်းသတ္တိက မေဒေါင်ကွမ်းတို့ လူစုကို လုံးဝ ခြေမှုန်းနိုင်စွမ်း ရှိနေပြီး၊ မေဒေါင်ကွမ်း ငါးယောက်ကိုပင် တစ်ယောက်တည်းဖြင့် အလွယ်တကူ တိုက်ခိုက်နိုင်စွမ်း ရှိသည်ကို သက်သေပြနေခဲ့ခြင်း ဖြစ်ပေသည်။

“စင်ကြယ်တဲ့ ဗောဓိသီးကို စားသုံးခဲ့ဖူးတဲ့ တည်ရှိမှုပီပီ တကယ့်ကိုပဲ မဆိုးလှဘူး၊ အစွမ်းသတ္တိ အချို့တော့ ရှိသားပဲ”

လျဲ့ချန်ကျူးသည် ဖန့်ချန်ကို အချိန်အတော်ကြာအောင် မနိုင်သည်ကို မြင်တွေ့လိုက်ရသောအခါ၊ မျက်ဝန်းထဲ၌ ချက်ချင်းပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရသည့် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့ရတော့သည်။

သူ၏ နောက်ထပ် တိုက်စစ်ဆင်မှုများက၊ ပိုမို၍ ကြောက်မက်ဖွယ်ရာ ကောင်းမွန်လာခဲ့ပြီး၊ ဖန့်ချန်ကို ရင်ဆိုင်နိုင်ရန်အတွက် မိမိ၏ အစွမ်းသတ္တိ နောက်ထပ် တစ်ဝက်ခန့်ကိုပါ ထပ်မံထုတ်ဖော်လာအောင် ဖိအားပေးလာခဲ့တော့သည်။

တစ်စုံတစ်ခုသော တိုက်ကွက်တစ်ခု ပြီးဆုံးသွားပြီးသည့်နောက်တွင်မူ၊ လျဲ့ချန်ကျူးသည် မိမိ၏ အတွင်းကမ္ဘာ တံခါးဝထက်တွင်၊ ခပ်ဖျော့ဖျော့ အမာရွတ်ရာတစ်ခု ထင်ကျန်ရစ်ခဲ့သည်ကို သတိပြုမိလိုက်ရသဖြင့်၊ သူသည် ချက်ချင်းပင် ထိုနေရာ၌ မှင်သက်အံ့ဩသွားခဲ့ရတော့သည်။

“ငါ ရှုံးသွားခဲ့ပြီပဲ……”

လျဲ့ချန်ကျူးက တိုးညှင်းစွာဖြင့် ရေရွတ်လိုက်မိပြီးနောက်၊ ခါးသီးလှသော အပြုံးတစ်ခုကို ထုတ်ဖော်လိုက်မိကာ၊ ဖန့်ချန်ကို လက်တစ်ချက် ယမ်းပြလိုက်ရင်း -

“ရှုံးပြီ ရှုံးပြီ၊ တိုက်ကွက်တစ်ကွက်ထဲနဲ့တင် မင်းကို ရှုံးသွားခဲ့တာပဲ။

ငါတို့တွေ ထိတွေ့တာလောက်တင် ရပ်တန့်ဖို့ ပြောထားခဲ့ကြတာဆိုတော့၊ ငါ ပြောတဲ့စကားအတိုင်း တည်စေရမယ်၊ ဒီပွဲကို ငါ အရှုံးပေးပါတယ်”

ဖန့်ချန်သည် ဤလူက စကားပြောရ ဆိုရ အလွန်တရာ လွယ်ကူလှသည်ကို မြင်တွေ့လိုက်ရသောအခါ၊ ပြုံးလျက် လက်နှစ်ဖက်ကို ရှေ့သို့ဆန့်ထုတ်ကာ ဂါရဝပြုလိုက်ရင်း -

“ထိတွေ့တာလောက်တင် ရပ်တန့်တာ ဖြစ်နေမှတော့၊ တိုက်ကွက်တစ်ကွက် နှစ်ကွက်က တကယ့် အစစ်အမှန် အနိုင်အရှုံးလို့ မသတ်မှတ်နိုင်ပါဘူး၊ နောက်တစ်ကြိမ်ကျရင်လည်း အစ်ကိုကြီးလျဲ့နဲ့ ထပ်မံပြီး လက်ရည်ယှဉ်ခွင့် ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်”

လျဲ့ချန်ကျူးကလည်း ဤအမှန်တရားကို သဘာဝကျကျပင် နားလည်ထားပေသည်၊ သူသည် ရွှေဟွေးတံဆိပ်ပြား တစ်ခု၏ အနိုင်အရှုံးကိုလည်း စိတ်ထဲ၌ ထားမနေပေရာ၊ ထို့ကြောင့်ပင် ဤမျှအထိ ပွင့်လင်းပြတ်သားပြီး သန့်ရှင်းတည်ကြည်နေခြင်း ဖြစ်သည်။

သူက ပြုံးလိုက်ရင်း -

“ဒါပေမဲ့ မင်းက ငါနဲ့ ဆုံတွေ့ရလို့ပဲ၊ ဘာဖြစ်လို့လဲဆိုတော့ ငါတို့ ဖူကွမ်းကျောင်းတော်နဲ့ မင်းတို့ ရွှေဟွေးကျောင်းတော်ကြားမှာ ပဋိပက္ခက သိပ်ပြီးတော့ မကြီးမားလှဘူး၊ ဒါပေမဲ့ မင်းက တန်ရှီးကျောင်းတော်၊ ဒါမှမဟုတ် ချန်ယောင်ကျောင်းတော်တွေနဲ့ ဆုံတွေ့ရမယ်ဆိုရင်တော့ သတိထားဖို့ လိုအပ်လိမ့်မယ်။

သူတို့က လင်ယောင် အဆင့်မြင့် မဟာမိတ်အဖွဲ့အစည်းအောက်မှာ ပါဝင်ကြတာ။

မင်းတို့ ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့အစည်းနဲ့ တိုက်ခိုက်လာခဲ့ကြတာ နှစ်ပေါင်းများစွာ ရှိနေပြီ၊ ဒီနှစ်တွေအတွင်းမှာ ပိုပြီးတော့တောင် ပြင်းထန်လှိုင်းထန်နေခဲ့တယ်လို့ ကြားရတယ်၊ အထွတ်ထိပ်တာအို သူတော်စင်တွေတောင် ဒီအကြောင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့ရပြီး၊ ဝိညာဉ်ပါ လွင့်ပြယ် ပျောက်ကွယ်သွားခဲ့ရဖူးတယ်”

ဖန့်ချန်၏ မျက်နှာအမူအရာက တစ်ချက်မျှ လှုပ်ရှားသွားခဲ့ရသည်။

ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့အစည်းနှင့် လင်ယောင် အဆင့်မြင့် မဟာမိတ်အဖွဲ့အစည်းတို့၏ တိုက်ပွဲက ဤမျှအထိ ပြင်းထန်လှသလော။

အထွတ်ထိပ်တာအို သူတော်စင်တွေတောင် ပျက်စီးဆုံးရှုံးခဲ့ရသည်အထိလား။

ဒါဆိုရင်တော့ ထိုနှစ်ဖက်စလုံးက တကယ့်ကိုပင် ရေနဲ့မီးလို လုံးဝ မတည့်ကြသည့် အခြေအနေ ဖြစ်ပေလိမ့်မည်။

“အစ်ကိုကြီးလျဲ့ရဲ့ သတိပေးမှုကို ကျေးဇူးတင်ပါတယ်ဗျာ”

ဖန့်ချန်က ပြုံးလျက် လက်နှစ်ဖက်ကို ရှေ့သို့ဆန့်ထုတ်ကာ ဂါရဝပြုလိုက်သည်။

“အခွင့်အရေး ရှိရင် ပြန်ဆုံကြတာပေါ့၊ ဒါပေမဲ့ နောက်တစ်ကြိမ်ကျရင် ငါက စွမ်းအင်စုစည်းခြင်း အလယ်အလတ်အဆင့်ကို တက်လှမ်းသွားလောက်ပြီဆိုတော့၊ မင်းနဲ့ငါ ပြန်လည်ဆုံတွေ့ဖို့ အခွင့်အရေးကတော့၊ ဝေဝါးလွန်းလှပါတယ်”

လျဲ့ချန်ကျူးက စကားပြောဆိုပြီးသည်နှင့်၊ ရွှေရောင်အလင်းတန်းတစ်ခု၏ လွှမ်းခြုံခြင်းကို ခံလိုက်ရပြီး၊ ဖန့်ချန်၏ မျက်စိရှေ့မှောက်ကနေ ပျောက်ကွယ်သွားခဲ့ရတော့သည်။

ထိုအချိန်တွင်၊ ဟင်းလင်းပြင်ထက်၌ ရွှေဟွေးတံဆိပ်ပြားတစ်ခု ထွက်ပေါ်လာခဲ့ရပြီး၊ လက်တစ်ဖက်၏ ပင့်မထားခြင်းကို ခံရသကဲ့သို့ ပုံစံမျိုးဖြင့်၊ ဖန့်ချန်၏ ရှေ့မှောက်သို့ ပေးပို့လာခဲ့၏။

ထိုရွှေဟွေးတံဆိပ်ပြားကို သိမ်းဆည်းလိုက်ပြီးနောက်၊ ဖန့်ချန်သည်လည်း ဤနေရာမှ ပြန်လည်စေလွှတ်ခြင်းကို ခံလိုက်ရပြီး၊ ကျယ်ပြန့်လှသော စင်မြင့်ကြီးထက်တွင် ပြန်လည်၍ ပုံရိပ်ထင်လာခဲ့ရတော့သည်။

အခြားလူများကမူ တိုက်ပွဲ မပြီးဆုံးသေးခြင်းကြောင့် ဖြစ်နိုင်ပေရာ၊ ဖန့်ချန် ပြန်လည်ရောက်ရှိလာသည့် အချိန်တွင်၊ ပတ်ဝန်းကျင်ရှိ တည်ရှိမှုများက အများကြီး နည်းပါးနေသည်ကို သတိပြုမိလိုက်ရ၏။

ခန့်မှန်းခြေအားဖြင့် နောက်ထပ် ရက်အနည်းငယ်မျှ စောင့်ဆိုင်းလိုက်ရပြီးမှသာ၊ လူအချို့က ရွှေရောင်အလင်းတန်းများ၏ ဆက်တိုက်ဆိုသလို ပြန်လည်စေလွှတ်ခြင်းကို ခံလိုက်ရကြတော့သည်။

“ဒီတစ်ကြိမ်ကတော့ ရှုံးလုနီးပါး ဖြစ်သွားခဲ့ရတာပဲ၊ ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့အစည်း တန်လင်ကျောင်းတော်က ကျောင်းတော်သားတွေကတော့၊ တကယ့်ကို အထင်သေးလို့ မရဘူးပဲ ”

လျဲ့ယွမ်လုံက ရွှေရောင်အလင်းတန်း၏ ပြန်လည်စေလွှတ်ခြင်းကို ခံလိုက်ရသည့် အချိန်တွင်၊ မျက်နှာထက်၌ ကြောက်ရွံ့တုန်လှုပ်ရသည့် အရိပ်အယောင်တစ်ခု ထင်ကျန်နေဆဲ ဖြစ်သည်။

“ကောင်းကင်ငါးပါး စစ်တလင်းကတော့၊ တကယ့်ကို အန္တရာယ် အလွန်တရာ များတာပဲ၊ ငါ ဒီတစ်ကြိမ်မှာ အပြေးမမြန်ခဲ့ဘူးဆိုရင်တော့၊ တကယ်ပဲ အသတ်ခံလိုက်ရတော့မှာ၊ တောက်…… နောက်တစ်ကြိမ်ကျရင် အဲဒီကောင်နဲ့ ထပ်မံဆုံတွေ့ရဦးမယ်ဆိုရင်တော့၊ ငါ သူ့ကို သေချာပေါက် သတ်ပစ်မယ်”

အချို့သော တည်ရှိမှုများက မျက်နှာပျက်ပျက်ဖြင့် တိုးညှင်းစွာ ရေရွတ်နေခဲ့ကြပြီး၊ သူ၏ မျက်ဝန်းများထဲကနေ ကြောက်ရွံ့တုန်လှုပ်ခြင်းနှင့် ပျာယာခတ်ခြင်းများကို မြင်တွေ့နေရဆဲ ဖြစ်ပေရာ၊ သိသာထင်ရှားလှစွာပင် သူ ဆုံတွေ့ခဲ့ရသည့် ပြိုင်ဘက်၏ နည်းလမ်းများက သာမန်မဟုတ်ချေ။

လျဲ့ယွမ်လုံ၏ မျက်နှာအမူအရာက ရုတ်တရက် လှုပ်ရှားသွားခဲ့ရပြီး၊ ဖန့်ချန်က အသက်ရှင်လျက် တည်ရှိနေသေးသည်ကို မြင်တွေ့လိုက်ရသောအခါ၊ မျက်ဝန်းထဲ၌ အနည်းငယ်မျှ အံ့ဩမှင်သက်သွားခဲ့ရကာ၊ စဉ်းစားတွေးတောလိုက်ပြီးနောက်၊ ပြုံးလျက် ဆိုလာခဲ့သည်။

“ညီအစ်ကိုဖန့်…… ငါ့ရဲ့ မျိုးနွယ်စုညီငယ်ရဲ့ နည်းလမ်းတွေက၊ မင်းကို မခြောက်လှန့်မိဘူးမလား”

All Chapters