← Chapters

အခန်း ၄၈၄

Vol. 33 Ch. 484

အခန်း ၄၈၄

Vol. 33 Ch. 484

အခန်း (၄၈၄) ငါ့အမြင်ကတော့ ကွဲပြားတယ်

ညအမှောင်ထု ကြီးစိုးချိန်အောက်တွင် ခပ်သုတ်သုတ် ပြေးလွှားနေသော လူမည်းရိပ်က အရှိန်စတင် လျော့ကျလာသည်။

နောက်ဆုံး၌ တောအုပ်အတွင်းရှိ ဟင်းလင်းပြင် တစ်နေရာ၌ ရပ်တန့်သွားလေတော့၏။

ဘယ်ဘက်လက်မောင်းမှ သွေးစိမ်းရှင်ရှင်များက 'တောက်' ခနဲ 'တောက်' ခနဲ တဆက်တည်း စီးကျနေ၏။

အနက်ရောင်ဝတ်ရုံရှင်က အသက်လုရှူရန် သူ၏ ဓားကို အလိုအလျောက် မှီထောက်လိုက်မိသော်ငြား၊ ပြင်းထန်စွာ ချောင်းဆိုးချလိုက်ရလေသည်။

ရုတ်တရက်...၊

သူ၏ မျက်ဆန်များက အနည်းငယ် ကျုံ့ဝင်သွားကာ ခါးကို ချက်ချင်း မတ်လိုက်ပြီး အေးစက်စက် အသံဖြင့် ဆိုလိုက်လေ၏။

"ထွက်လာခဲ့စမ်း"

ထိုသို့ဆိုလိုက်ရင်း ပတ်ဝန်းကျင်ရှိ အမှောင်ထုဆီသို့ လှမ်းကြည့်လိုက်တော့၏။

ထိုစဉ် လျှပ်စီးတစ်ကြောင်းက တစ်လောကလုံးကို လင်းထိန်သွားစေလေ၏။

ထိုအလင်းရောင်က အရိပ်ထဲတွင် ပုန်းကွယ်နေသော အနက်ရောင်ဝတ်ရုံရှင်၏ မျက်လုံးများကို လင်းလက်သွားစေပြီး၊ ဓားဆန္ဒများ ပေါက်ကွဲထွက်တော့မည့်အလား ကြမ်းကြုတ်ခက်ထန်နေတော့၏။

အမှောင်ထုထဲမှ ရယ်သံတစ်ခု ထွက်ပေါ်လာလေ၏။

အနက်ရောင်ဝတ်ရုံရှင်နှင့် ရင်းနှီးနေသော အသံတစ်ခု ပဲ့တင်ထပ်လာတော့၏။

"အခြေအနေတွေက ဒီအထိ ဆိုက်လာတာတောင် မင်းက ဒီလိုမျက်နှာထားမျိုး လုပ်ထားနိုင်တုန်းပဲလား၊ တကယ်ကို မင်းနဲ့ ပုံစံတူပါပဲကွာ"

ချုံပုတ်များကြားမှ လူရိပ်တစ်ခု ထွက်ပေါ်လာလေ၏။

သူက သိုင်းဓားရှည်တစ်လက်ကို ပေါ့ပေါ့ပါးပါး ကိုင်ဆောင်ထားကာ၊ သူ၏ မျက်လုံးများက အမှောင်ထုနှင့် ယဉ်ပါးနေပြီဖြစ်၍ တစ်ဖက်လူ၏ ရုပ်သွင်ကို အလွယ်တကူ ပိုင်းခြားသိမြင်နိုင်လေ၏။

ဝမ်ချန်ရှင်း...

အနက်ရောင်ဝတ်ရုံရှင်၏ မျက်လုံးများတွင် မည်သည့် အပြောင်းအလဲမျှ မရှိဘဲ၊ ပိုမို၍သာ အေးစက်ခက်ထန်လာလေ၏။

ဝမ်ချန်ရှင်းကမူ ရယ်လိုက်လေ၏။

"ငါ့ကို မြင်တာတောင် မင်းက နည်းနည်းလေးမှ အံ့သြမသွားဘူးလား"

"ကျန်တဲ့လူတွေ အကုန် ထွက်လာကြရင် မကောင်းဘူးလား"

အနက်ရောင်ဝတ်ရုံရှင်၏ အသံက ရှေးဟောင်းရေတွင်းထဲမှ ရေပြင်လိုမျိုး လှိုင်းဂယက် အလျဉ်းမရှိဘဲ တည်ငြိမ်နေလေ၏။ နက်ရှိုင်းပြီး အေးစက်ကာ အထိအတွေ့မှာပင် ကျောချမ်းဖွယ် ကောင်းနေတော့၏။

"မင်းက အဲ့ဒီလောက် တန်လို့လား"

သူ၏ရှေ့မှ ဝမ်ချန်ရှင်းက အေးစက်စက် လှောင်ပြုံး ပြုံးလိုက်လိုက်သည်။

"ဆုမိုရဲ့ သိုင်းပညာ အဆင့်အတန်း ဘယ်လောက်မြင့်မားလဲဆိုတာကို ယူချွမ်ဂိုဏ်းက တပ်မှူး (၃) ယောက်ရဲ့ အသက်သေဆုံးမှု သက်သေတွေကနေတစ်ဆင့် လူတိုင်း သိသွားကြပြီလေ"

"မင်းက သူ့ရဲ့ ဓားချက်အောက်ကနေ အသက်ရှင်လွတ်မြောက်လာပေမယ့် အခုတော့ အသက်ငင်နေပြီပဲ"

"မင်းကိုသတ်ဖို့ ငါတစ်ယောက်တည်းနဲ့တင် လုံလောက်ပါတယ်ကွာ"

အနက်ရောင်ဝတ်ရုံရှင်က သူ့အား ခေတ္တမျှ တိတ်တဆိတ် စိုက်ကြည့်လိုက်ပြီးနောက်၊ 'ရွှီး' ခနဲ မြည်သံနှင့်အတူ ဓားအိမ်ထဲမှ သိုင်းဓားရှည်ကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်လေ၏

ဓားသွား တစ်လက်မချင်းစီ ထွက်ပေါ်လာသည်နှင့်အမျှ ဓားချီများက ပို၍ အားကောင်းလာတော့သည်။

ဝမ်ချန်ရှင်း၏ စကားများက မထီမဲ့မြင် နိုင်လှသော်ငြား၊ အနက်ရောင်ဝတ်ရုံရှင်ထံမှ ဓားထွက်လာသောအခါ သူ၏ မျက်နှာသွင်ပြင်တွင် လေးနက်သော အမူအရာများ ဖြည်းဖြည်းချင်း ဖုံးလွှမ်းလာလေ၏။

ရုတ်တရက် သူက တိုးတိတ်စွာ ဆိုလိုက်သည်။

"ရုတ်တရက်ကြီး မင်းကို ငါတစ်ယောက်တည်း ရင်ဆိုင်ရမှာက နည်းနည်းတော့ လျှော့တွက်ရာကျနေပြီလို့ ခံစားလာရတယ်"

"... မင်းက စကားသိပ်များတာပဲကွာ"

ထိုသို့ ပြောလိုက်သူက အနက်ရောင်ဝတ်ရုံရှင် မဟုတ်ဘဲ အခြား လူတစ်ယောက် ဖြစ်နေလေ၏။

ထိုသူက အခြား တစ်ဖက်မှ ထွက်လာကာ သူ၏ အသံနှင့် ရုပ်သွင်က ပထမ ဝမ်ချန်ရှင်းနှင့် အတိအကျ တူညီနေပြီး၊ သိုင်းဓားရှည် တစ်လက်ကို ပေါ့ပေါ့ပါးပါး ကိုင်ဆောင်ထားလျက် အနက်ရောင်ဝတ်ရုံရှင်အား တိတ်တဆိတ် စောင့်ကြည့်နေလေ၏။

ဒုတိယမြောက် ဝမ်ချန်ရှင်း...

သို့သော်ငြား ဤမျှနှင့် ပြီးဆုံးသွားခြင်း မဟုတ်ပေ...

အရိပ်များ လှုပ်ရှားသွားကာ၊ ဤတောအုပ်ငယ်လေးထဲမှ လူစုစုပေါင်း (၁၀) ယောက် ထွက်ပေါ်လာလေ၏။

အလယ်ဗဟိုရှိ အနက်ရောင်ဝတ်ရုံရှင်အား အသေအချာ ဝန်းရံလိုက်ကြတော့၏။

သူတို့ တစ်ယောက်ချင်းစီတိုင်းက ဝမ်ချန်ရှင်းများ ဖြစ်နေကြလေသည်။

သို့တိုင် တစ်ချိန်တည်းမှာပင်၊ သူတို့ထဲမှ မည်သူကမျှ အစစ်အမှန် မဟုတ်ကြပေ။

အနက်ရောင်ဝတ်ရုံရှင်က ထို ဝမ်ချန်ရှင်း (၁၀) ယောက်အား တိတ်တဆိတ် စောင့်ကြည့်နေလေ၏။

တူညီသော မျက်နှာများ၊ တူညီသော အရပ်အမောင်း၊ တူညီသော ဝတ်စုံများ၊ တူညီသော ဓားများ။

သူတို့အားလုံးကို ပုံစံခွက်တစ်ခုတည်းမှ ထွင်းထုထားသည့်အလား ဆံတစ်မျှင်ပင် ကွဲလွဲမှု မရှိပေ။

အနက်ရောင်ဝတ်ရုံရှင်၏ မျက်လုံးများကမူ တည်ငြိမ်နေဆဲ ဖြစ်လေ၏။

သို့သော်ငြား သူ၏ အကြည့်များထဲတွင် အတိတ်ကို လွမ်းဆွတ်နေသည့် အရိပ်အယောင်တစ်ခု ရှိနေသည်။

"ယူချွမ်ဂိုဏ်းမှာ အပိုင်း (၂) ပိုင်း၊ အလံ (၃) ခု၊ အမိန့် (၆) ခု ရှိတဲ့အထဲက 'ခန္ဓာလုယူခြင်း အမိန့်' က တကယ်ကို ထူးခြားတယ်နော်"

"လူတွေကို စောင့်ကြည့်တယ်၊ လူတွေကို အတုခိုးတယ်၊ ပြီးတော့ သူတို့ နေရာကို ဝင်ယူတယ်လေ"

"ဒါပေမဲ့ အဲ့ဒီလူက သူတို့ရဲ့ 'ခန္ဓာလုယူခြင်း သိုင်းပညာ' ကို လွန်ခဲ့တဲ့ အချိန်အကြာကြီးကတည်းက ရွံရှာခဲ့တာကွ"

"ဘာလို့လဲဆိုတော့ သူ့ဆီမှာ ပိုကောင်းတဲ့ နည်းလမ်း ရှိနေလို့ပဲ"

"အဲ့ဒီနည်းလမ်းက ဘာလဲလို့ တစ်ချိန်က ငါ သူ့ကို မေးဖူးတယ်"

"သူက ငါ့ကို စကားလုံး (၈) လုံးနဲ့ ပြန်ဖြေခဲ့တယ်"

ထို့နောက် သူက လက်ရှိ ဝမ်ချန်ရှင်း (၁၀) ယောက်အား လှမ်းကြည့်လိုက်လေ၏။

"အရေခွံဆုတ် ဝတ်ရုံလုပ်၊ လူ့အရေခွံ လှည့်စားမှု... ကွ"

"ဒီနေ့ မြင်လိုက်ရတော့ တကယ်ကို ထူးခြားဆန်းကြယ်လွန်းပါတယ်"

"ဒါပေမဲ့ အဲ့ဒီတုန်းက သူက ဒီလှည့်ကွက်နဲ့ ငါ့ကို ပြန်လှည့်စားလိမ့်မယ်လို့ တစ်နေ့မှ မတွေးခဲ့မိဘူး"

"ဝမ်ချန်ရှင်း"

ဝမ်ချန်ရှင်း (၁၀) ယောက်လုံးက သူတို့၏ ဓားရိုးများပေါ်သို့ အသီးသီး လက်တင်လိုက်ကြပြီး အေးစက်စွာ ဆိုလိုက်လေ၏။

"ဒီနေ့တော့ မင်း သေရမယ်ကွ"

"မင်း မသေရင် ငါတို့ထဲက ဘယ်သူမှ ငြိမ်းချမ်းရမှာ မဟုတ်ဘူး"

"အမှန်ပဲ”

အနက်ရောင်ဝတ်ရုံရှင်က ခပ်ဖွဖွ ပြုံးလိုက်လေ၏။

"မင်းတို့က ငါ့ကို အမှီသဟဲပြုပြီး တည်ရှိနေကြတာလေ။ အကယ်လို့ ငါသာ သေသွားခဲ့ရင် မင်းတို့က အတုအယောင်ကနေ အစစ်အမှန်အဖြစ် ပြောင်းလဲသွားနိုင်တာပေါ့"

"ပြီးတော့ တကယ်တော့ ငါက တစ်ခါ သေဖူးပြီးသားကွ"

"မင်း တစ်ခါ သေဖူးတယ်ဆိုရင် နောက်တစ်ခါ ထပ်သေဖို့ ဘာက တားဆီးထားလို့လဲ"

တစ်စုံတစ်ယောက်က စကားဆိုလိုက်ပြီး ဓားကို လှည့်လိုက်သည်နှင့် တစ်ပြိုင်နက် လက်တစ်ဖက်က လျင်မြန်စွာ ခုတ်ပိုင်းလိုက်ရာ 'ဝီ' ခနဲ မြည်သံ ထွက်ပေါ်လာလေ၏။ ဓားချီက မြေပြင်ပေါ်တွင် မျဉ်းကြောင်းတစ်ကြောင်း ရေးခြစ်သွားကာ အနက်ရောင်ဝတ်ရုံရှင်ထံသို့ တည့်မတ်စွာ တိုးဝင်လာတော့သည်။

သို့သော်ငြား အနက်ရောင်ဝတ်ရုံရှင်က သူ၏ ဓားကိုပင် ဆွဲမထုတ်ရသေးဘဲ ခြေတစ်ဖက်ဖြင့် မြေပြင်ကို 'ဖတ်' ခနဲ ခပ်ဖွဖွ ပုတ်လိုက်ရုံသာ ပြုလေ၏။

ထိုသို့ ပုတ်လိုက်သည်နှင့် ချက်ချင်းပင် လမ်းကြောင်းလွဲသွားကာ၊ ထက်မြက်လှသော ထိုဓားချီက ဝမ်ချန်ရှင်းဆီသို့ ပြန်လည် ပြေးဝင်သွားလေတော့သည်။

အနောက်သို့ ပြန်လည်တိုးဝင်လာသည့် အရှိန်က စတင်ပစ်လွှတ်လိုက်စဉ်ကထက် နှိုင်းယှဉ်၍မရအောင် ပိုမို မြန်ဆန်နေတော့သည်။

တိုက်ခိုက်သူ၏ မျက်နှာသွင်ပြင်က ပျက်ယွင်းသွားလေ၏။ သူက တုံ့ပြန်ရန် အချိန်ပင် မရလိုက်ဘဲ ဓားချီက သူ၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားပြီး ဖြစ်လေသည်။

သူ၏ မျက်လုံးများက မှေးမှိန်သွားကာ တစ်ခဏချင်းမှာပင် သူ၏ ခန္ဓာကိုယ်က နှစ်ပိုင်းကွဲကျသွားလေတော့၏။

ကျန်ရှိနေသူများ၏ မျက်ဆန်များက ပြင်းထန်စွာ ကျုံ့ဝင်သွားကြလေ၏။ သူတို့က အနက်ရောင်ဝတ်ရုံရှင်အား ပြန်လည် ကြည့်ရှုလိုက်သောအခါ သူတို့၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခုကို အထင်အရှား မြင်တွေ့လိုက်ရတော့သည်။

သို့သော်ငြား အနက်ရောင်ဝတ်ရုံရှင်က ရုတ်တရက် ပြင်းထန်စွာ ချောင်းဆိုးလိုက်လေ၏။ သူ၏ နှုတ်ခမ်းထောင့်တွင် သွေးစိမ်းရှင်ရှင်များက ဆူပွက်လာသည့်အလား ဖြစ်သွားကာ၊ အလိုအလျောက် လက်ဖြင့် ဖုံးအုပ်ရန် ကြိုးစားလိုက်သော်ငြား သူက တည်တည်ငြိမ်ငြိမ်ပင် အတင်းအကျပ် မတ်တတ်ရပ်နေလေသည်။

"ကောင်းကင်စမ်းရေ နှလုံးသားသန့်စင် ဓားသိုင်းက... ဒီလိုမျိုး သုံးရတာ မဟုတ်ဘူးကွ"

သူက အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်လေ၏။

"မင်းတို့ဆီမှာ ရှိနေတဲ့ ကောင်းကင်စမ်းရေ နှလုံးသားသန့်စင် ဓားသိုင်းတွေက ငါ့ဆီကနေ လာတာပဲ။ ဒီနေ့တော့... မင်းတို့ကို ငါပဲ လိုက်ပို့ပေးလိုက်မယ်ကွာ"

"ဟား ဟား ဟား ဟား"

"ဟီး ဟီး ဟီးဟီး "

သူက လှုပ်ရှားရန် ပြင်လိုက်စဉ်မှာပင်၊ ရုတ်တရက် ပတ်ဝန်းကျင် အရပ်ဆီမှ ကျောချမ်းဖွယ် ရယ်သံ အစဉ်လိုက် ထွက်ပေါ်လာတော့၏။

ကျန်ရစ်နေသော ဝမ်ချန်ရှင်း ကိုးယောက်၏ မျက်နှာအမူအရာများက အနည်းငယ် ပြောင်းလဲသွားကြလေသည်။

"သူတို့ပဲ"

"သူတို့တောင် တကယ် ရောက်လာကြတာလား"

သူတို့ အချင်းချင်း အကဲခတ်ကြည့်လိုက်ကြစဉ် အလယ်ဗဟိုရှိ အနက်ရောင်ဝတ်ရုံရှင်က မျက်ခုံးပင့်လိုက်လေ၏။

တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် သူက စကားလုံး လေးလုံးကို ရေရွတ်လိုက်လေသည်။

"သရဲငါးကောင် ကောင်းကင်ပိုက်ကွန်"

"မင်းတို့က... ငါ့ကို လာတွေ့ရဲသေးတာလား”

--

All Chapters