← Chapters

အခန်း ၄၉၄

Vol. 33 Ch. 494

အခန်း ၄၉၄

Vol. 33 Ch. 494

အခန်း (၄၉၄) မိုးအေးအေးနှင့် တောင်ကြားလိုဏ်ဂူ (အပိုင်း ၂)

ယန်ရှောင်ယွင်ကို အားနာမိသည်မှာ အမှန်ပင် ဖြစ်သော်လည်း သခင်လေးစစ်ထူ၏ မျက်နှာမှာ တကယ့်ကို ယောကျ်ားဆန်လှသဖြင့် ဆုမိုအနေဖြင့် မည်သို့မျှ စိတ်ကူးယဉ်ရန်ပင် မဖြစ်နိုင်ချေ။ သခင်လေးစစ်ထူသည် သူမ၏ အသိစိတ်အား မနည်းပြန်လည် စုစည်းလိုက်ပြီးနောက် အားအင်ချိနဲ့စွာဖြင့် တိုးညင်းစွာ ဆိုသည်။

“ခေါင်းဆောင်ဆု... ကျွန်မရဲ့ ကျောဘက်မှာရှိတဲ့ ဟွမ် သွေးကြောကွက် နှစ်ခုကို တစ်ချက်စီ နှိပ်ပေးပါဦး”

ထိုစကားကို ကြားမှပင် ဆုမိုသည် သက်ပြင်းတစ်ချက်ကို အသာအယာ ချနိုင်တော့၏။ သူသည် သခင်လေးစစ်ထူ၏ အနောက်ဘက်သို့ လျှောက်သွားလိုက်ပြီး လက်ချောင်းဖြင့် အသာအယာ တောက်လိုက်သည်နှင့် ပြင်းထန်လှသော အတွင်းအားများမှာ သွေးကြောကွက်များအတွင်းသို့ အရှိန်အဟုန်ဖြင့် စီးဝင်သွားတော့သည်။

“အဲဒီနောက်မှာတော့... ပုခုံးပေါ်က ထျန်းကျုံး သွေးကြောကွက်တွေကိုလည်း နှိပ်ပေးပါဦး”

ဆုမိုသည် သခင်လေးစစ်ထူ၏ လမ်းညွှန်မှုအတိုင်း သူမ၏ ကိုယ်ခန္ဓာ အရှေ့နှင့် အနောက်ရှိ သွေးကြောကွက် (၅) ခုကို အစဉ်လိုက် နှိပ်ပေးလိုက်သည်။ နောက်ဆုံးတွင် သခင်လေးစစ်ထူက ဆိုသည်။

“ခေါင်းဆောင်ဆုရဲ့ အတွင်းအားတွေနဲ့... ကျွန်မကိုယ်ထဲက... အစစ်အမှန်ယန် စွမ်းအားတွေကို... အပြင်ထုတ်ပေးပါ။ အတွင်းအားကို တဖြည်းဖြည်းချင်းပဲ သွင်းပေးပါ... အလောတကြီး မလုပ်ပါနဲ့ဦး”

သခင်လေးစစ်ထူ၏ စကားအဆုံးတွင် ဆုမို၏ လက်ဝါးမှာ သူမ၏ ဇီယန် သွေးကြောကွက်ပေါ်သို့ ကျရောက်သွားတော့သည်။ အတွင်းအားများ တဖြည်းဖြည်း လှည့်ပတ်လာသည်နှင့်အမျှ ဆုမိုသည် ထူးဆန်းသော အရာတစ်ခုကို သတိပြုမိလိုက်၏။ သူ ခုနက နှိပ်ခဲ့သော သွေးကြောကွက်များရှိ အဝတ်အစားများအောက်မှ တစ်ခုခုမှာ တဖြည်းဖြည်း တိုးထွက်လာနေခြင်း ပင်တည်း။ ခေတ္တမျှ ကြာပြီးနောက်တွင်မူ ၎င်းတို့မှာ အဝတ်များကို ဖောက်ထွက်၍ အပြင်သို့ ကျွတ်ထွက်လာခဲ့လေပြီ။ ၎င်းတို့မှာ နွားမြီးကဲ့သို့ နူးညံ့ပြီး သေးငယ်လှသော ငွေအပ်ကလေးများပင် ဖြစ်ပေသည်။

ဆုမိုသည် သခင်လေးစစ်ထူနှင့် စတင်တွေ့ဆုံခဲ့စဉ်က ဤငွေအပ်ကလေးများကို သူမ အသုံးပြုခဲ့သည်ကို သတိရလိုက်မိ၏။ ဤကဲ့သို့သော အပ်ကလေးများသည် ပါးလွှာပြီး ပေါ့ပါးလှသဖြင့် သာမန်လူများအနေဖြင့် အဝေးသို့ ပစ်ရန်ပင် ခဲယဉ်းလှသလို သတ်ဖြတ်နိုင်စွမ်းလည်း မရှိချေ။ သို့သော် သခင်လေးစစ်ထူ၏ အပ်စိုက်ပညာမှာမူ တကယ့်ကို ပြောင်မြောက်လှပေသည်။ သူမသည် ဤအပ်ကလေးများဖြင့် ဟွိုင်တောင်မှ ကျားငါးကောင်၏ လက်ဝါးများကို တိုက်ရိုက် ထိုးဖောက်နိုင်ခဲ့သည် မဟုတ်ပါလော။ ဒါက သူမ၏ အပ်စိုက်ပညာနှင့် အတွင်းအားမှာ အလွန်တရာ နက်နဲလှကြောင်း သက်ေတ ပင် ဖြစ်၏။ သို့သော် သူမ၏ ကိုယ်ခန္ဓာအတွင်း၌ ဤမျှအထိ များပြားလှသော ငွေအပ်များကို စိုက်သွင်းထားလိမ့်မည်ဟု ဆုမို တစ်ခါမျှ မတွေးခဲ့ဖူးချေ။

ဆုမို၏ အတွင်းအားများ အရှိန်ရလာသည်နှင့်အမျှ ဤငွေအပ်ကလေးများမှာ တစ်ခုပြီးတစ်ခု အပြင်သို့ ထွက်လာကြတော့သည်။ “ဝီး...ဝီး...” ဟူသော အသံများနှင့်အတူ အပ်ကလေးများသည် လိုဏ်ဂူ၏ ကျောက်နံရံများအတွင်းသို့ လက်မဝက်ခန့် နက်ရှိုင်းစွာ စိုက်ဝင်သွားကြသလို ကျန်ရှိနေသော အပ်များကလည်း မနားတမ်း မြည်ဟည်းနေကြသည်။ ငွေအပ်များ အားလုံး အပြင်သို့ ထွက်သွားပြီးနောက်တွင်မူ ထူးဆန်းသော ပြောင်းလဲမှုကြီး တစ်ခု စတင်တော့၏။

သခင်လေးစစ်ထူ၏ ကိုယ်ခန္ဓာမှာ ရုတ်ချည်းပင် အသွင်ပြောင်းသွားသည်။ သူမ၏ ပုခုံးများမှာ ကျဲင်းမြောင်းသွားပြီး နုနယ်သွားသလို ရင်ဘတ်မှာလည်း ရုတ်တရက် မြင့်တက်လာကာ အဝတ်အစားများနှင့် တင်းကျပ်သွားတော့၏။ မျက်နှာမှာလည်း သိသိသာသာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ အစတုန်းက ခိုင်မာပြတ်သားလှသော ယောကျ်ားပျိုတစ်ဦး၏ မျက်နှာသွင်ပြင်မှာ ပျောက်ကွယ်သွားပြီး နူးညံ့သိမ်မွေ့သော ပုံစံသို့ ပြောင်းလဲသွားသည်။ ပါးပြင်လေးများမှာ သွေးရောင်လွှမ်းကာ နီမြန်းလာပြီး အရေပြားမှာလည်း ခပ်ဖွဖွလေး တို့လိုက်ရုံနှင့်ပင် ပဲ့ကြွေသွားတော့မည့်အလား နုနယ်လှပေသည်။

ခဏချင်းအတွင်းမှာပင် ချောမောခန့်ညားသော သခင်လေးတစ်ဦးမှာ နူးညံ့လှပသော မိန်းမပျိုလေးတစ်ဦးအဖြစ် အသွင်ပြောင်းသွားတော့၏။ သူမသည် သေးငယ်နုနယ်လှသလို မျက်လုံး မျက်ဖန်မှာလည်း ဆွဲဆောင်မှုအပြည့် ရှိနေပေသည်။ ဆောင်းဦးပေါက် ရေပြင်ကဲ့သို့ ကြည်လင်လှသော သူမ၏ မျက်ဝန်းများမှာ လူတစ်ယောက်ကို အသည်းယားအောင် ဖမ်းစားနိုင်စွမ်း ရှိနေပေတော့သည်။ သူမသည် ဆုမိုအား မော့ကြည့်လိုက်ပြီး တိုးညှင်းနူးညံ့သော လေသံဖြင့် မေးလိုက်သည်။

“ခေါင်းဆောင်ဆု... ကျွန်မ... လှရဲ့လား”

“ဗျာ”

ဆုမိုမှာ မှင်တက်သွားရပြီး ဘယ်လို ပြန်ဖြေရမှန်းမသိ ဖြစ်နေသဖြင့် ခပ်အူအူပင် ပြန်ပြောလိုက်မိ၏။

“လှပါတယ်”

သခင်လေးစစ်ထူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာပြီး အံကိုကြိတ်ကာ ဆိုလိုက်သည်။

“ဒါပေမဲ့ နှမြောစရာကောင်းတာက ကျွန်မက ခြေမသန်တဲ့သူ ဖြစ်နေတာပဲ... ကျေးဇူးပြုပြီး... ခေါင်းဆောင်ဆု... ကျွန်မရဲ့ အဝတ်တွေကို လျှော့ပေးပါဦး”

“ဒါ... ဒါက”

“ခေါင်းဆောင်ဆု... နားလည်မှု မလွဲပါနဲ့ဦး။ ကျွန်မမှာ မိထားတဲ့ တစ်ညတာ ရှောင်လောင်လေညှင်း အဆိပ်က... ဆီပူထဲ မီးလောင်နေသလိုမျိုး တကယ့်ကို ပြင်းထန်လွန်းလို့ ကိုယ်ခန္ဓာတစ်ခုလုံး လောင်ကျွမ်းနေပြီ။ အခုချိန်မှာ ဒီ ယင်ယန် ဟန်ချက်ပျက်နေတာကို ပြန်ပြင်ဖို့ဆိုရင်... ခေါင်းဆောင်ဆုရဲ့ အစစ်အမှန်ယန် စွမ်းအားတွေပဲ လိုအပ်တာပါ။ အဲဒီ အစစ်အမှန်ယန် စွမ်းအားတွေကို သုံးပြီး ကျွန်မကိုယ်ထဲက ယန်မီးတောက်တွေကို အပြင်ထုတ်ပေးဖို့ လမ်းပြပေးရမှာပါ”

သိုင်းလောကတွင် အတွေ့အကြုံ ရင့်ကျက်လှသော ဆုမိုသည် သခင်လေးစစ်ထူ ပြောလိုသော အဓိပ္ပာယ်ကို ချက်ချင်း သဘောပေါက်သွား၏။ သူမ၏ ကိုယ်ခန္ဓာတစ်ခုလုံးမှာ ယန်မီးတောက်များဖြင့် လောင်ကျွမ်းနေခြင်း ဖြစ်ပေသည်။ အကယ်၍ အစစ်အမှန်ယင် အတွင်းအားများကို သွင်းပေးလိုက်ပါက ယင်နှင့်ယန်မှာ ပြင်းထန်စွာ ပွတ်တိုက်မိပြီး သူမအနေဖြင့် တောင့်ခံနိုင်မည် မဟုတ်ချေ။ ထို့ကြောင့် အစစ်အမှန်ယန် စွမ်းအားဖြင့်သာ လမ်းပြပေးပြီး ကိုယ်တွင်းရှိ ယန်မီးတောက်များကို သွေးကြောကွက်များမှတစ်ဆင့် အပြင်သို့ ထုတ်ပစ်ရမည် ဖြစ်၏။

ယန်စွမ်းအားများ လျော့နည်းသွားသည်နှင့်အမျှ သူမကိုယ်ထဲတွင် ဖိနှိပ်ခံထားရသော ယင်စွမ်းအားများမှာ တဖြည်းဖြည်း ပြန်လည် မြင့်တက်လာမည် ဖြစ်သည်။ နောက်ဆုံးတွင် ယင်နှင့်ယန်မှာ ဟန်ချက်ညီသွားပြီး အသက်ဘေးမှ လွတ်မြောက်နိုင်မည် ပင်တည်း။

'ဟက်... ကြည့်စမ်း။ ဒီမိန်းကလေးကတော့ တကယ့်ကို ရွှမ်ဟူမျှော်စင်ရဲ့ ထိပ်တန်းတပည့်ပဲ။ ဒီလို အသက်လုနေရတဲ့ အခြေအနေမျိုးမှာတောင် တည်တည်ငြိမ်ငြိမ်နဲ့ နည်းလမ်းရှာနိုင်သေးတယ်။ ဒါကတော့ အကောင်းဆုံး ရွေးချယ်မှုပဲပေါ့။ ငါကျင့်ထားတဲ့ ဇီယန် နတ်ဘုရားလက်ဝါး နဲ့ ယိရွှမ် နတ်ဘုရားကျင့်စဉ်တွေကလည်း အစစ်အမှန်ယန် အတွင်းအားတွေ ပါဝင်နေတာဆိုတော့ တကယ့်ကို ကွက်တိပါပဲ။'

‘ဒါပေမဲ့ ဒီနည်းလမ်းကို သုံးဖို့ဆိုတာ သခင်လေးစစ်ထူရဲ့ ဆေးပညာ လမ်းညွှန်မှု မပါရင်တော့ ဘယ်လောက်ပဲ အတွင်းအား ကောင်းပါစေ၊ ဘာမှ လုပ်လို့ရမှာ မဟုတ်ဘူး’

အဝတ်အစားတွေကို လျှော့ခိုင်းတာကလည်း ကိုယ်တွင်းက ယန်မီးတောက်တွေကို အပြင်သို့ လွယ်လွယ်ကူကူ ထွက်သွားနိုင်အောင် လုပ်ဆောင်ခြင်း ဖြစ်ပေသည်။ မဟုတ်ပါက အဝတ်အစားများက ပိတ်ဆို့ထားသဖြင့် ယန်မီးတောက်များမှာ အပြင်မထွက်နိုင်ဘဲ ကိုယ်တွင်းသို့ ပြန်လည် တိုက်ခိုက်ပြီး အခြေအနေကို ပိုမို ဆိုးရွားသွားစေနိုင်သောကြောင့် ဖြစ်၏။ ဆုမိုသည် အသက်ကို ဝဝရှူသွင်းလိုက်ပြီးနောက် ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။

“အခုကတော့ အခြေအနေအရ လိုက်လျောညီထွေ ဖြစ်အောင် လုပ်ရမှာပဲ။ ငါ့ကိုတော့ စိတ်မဆိုးပါနဲ့ သခင်လေးစစ်ထူရာ”

လူတစ်ယောက်၏ အသက်ကို ကယ်တင်ဖို့က အရေးအကြီးဆုံး မဟုတ်ပါလော။ တခြား ကိစ္စတွေကိုတော့ ခေတ္တမျှ ဘေးဖယ်ထားလိုက်ရုံသာ ရှိပေ၏။

သို့ဖြစ်ရာ ဆုမိုသည် ထပ်မံ၍ တွန့်ဆုတ်မနေတော့ချေ။ သို့သော် သခင်လေးစစ်ထူ၏ အဝတ်အစားများကို စတင်၍ လျှော့ပေးရန် လက်လှမ်းလိုက်သောအခါ ဆုမို၏ လက်ဝါးများမှာ ရှက်ကိုးရှက်ကန်းနှင့် တုန်ယင်နေသည်ကို တွေ့လိုက်ရသည်။

'ဒုက္ခပါပဲ။ ငါကတော့ ကမ္ဘာမပြောင်းခင်တုန်းက ဒါမျိုးတွေ အများကြီး မြင်ဖူးထားတာပဲ။ ဒါပေမဲ့ အခုကျမှ ဘာလို့ ဒီလောက်တောင် လက်တွေ တုန်နေရတာလဲ။ သိုင်းလောကရဲ့ အန္တရာယ်တွေကို ကြောက်တာထက် ဒါက ပိုပြီး ရင်ခုန်ဖို့ ကောင်းနေသလား မသိဘူး။'

သူသည် ခေါင်းကို ခါယမ်းကာ ထိုအတွေးများကို ဖယ်ထုတ်လိုက်ပြီး စိတ်ကို တင်းကာ သခင်လေးစစ်ထူ၏ အဝတ်များကို အသာအယာ ဆွဲဖွင့်လိုက်လေတော့သည်။ ပြင်ပတွင်မူ မိုးများမှာ သည်းထန်စွာ ရွာသွန်းနေဆဲ ဖြစ်၏။

လိုဏ်ဂူအပြင်ဘက်၌ မိန်းကလေး (၄) ဦးနှင့် ဝမ်ချန်ရှင်းတို့မှာ တိတ်ဆိတ်စွာ ရပ်နေကြသည်။ သို့သော် မိန်းကလေးများ၏ တိတ်ဆိတ်မှုကြားတွင်မူ ဂဏာမငြိမ်သော အမူအရာများ ရှိနေပေသည်။ ၎င်းတို့သည် ခဏခဏပင် ဂူအတွင်းသို့ လှည့်ကြည့်ချင်နေကြသော်လည်း ကျန်ရှိနေသော အဖော်များက တားဆီးနေကြရ၏။ မိန်းကလေး တစ်ဦးက မနေနိုင်တော့ဘဲ တိုးညင်းစွာ ရေရွတ်လိုက်လေတော့သည်။

“သခင်လေး... တစ်ခုခု ဖြစ်သွားရင်တော့ ငါတို့ ဘယ်လိုလုပ်ကြမလဲ”

--

All Chapters