သေဆုံးနေသော ဟာဝိုင်အီကျွန်း (၂)
Vol. 63 Ch. 1053
“ကပ္ပတိန်လင်း”
ဤအခိုက်အတန့်တွင် ရှုချင်းက စကားပြောလိုက်သည်။
“အခုက မမှောင်သေးဘူးဆိုတော့ ကျွန်မတို့ အရင်းအမြစ်အချို့ကို သွားရှာသင့်လား”
“ငါလည်း ဒီလိုပဲ စိတ်ကူးထားတယ်”
လင်းရှန်က စိတ်လျှော့လိုက်ပြီး သူ၏ နာရီကို ကြည့်လိုက်သည်။
“အကွာအဝေးအရဆိုရင် ငါတို့က အမှတ် ၈နဲ့ အမှတ် ၁၃ တွင်းနက်တွေရဲ့ ဆုံမှတ်နေရာမှာ ရှိနေတယ်၊၊ ဒွန်တွဲနေတဲ့ အမှောင်ဒီရေတွေရှိနိုင်ပေမဲ့ အတော်လေးဝေးတာမို့လို့ သက်ရောက်မှုအများကြီးရှိမှာ မဟုတ်ပါဘူး၊၊ မဟုတ်ရင် ဒီနေရာမှာ ထူးဆန်းတဲ့ သန္ဓေပြောင်းလူသားတွေ ပိုပြီးတော့ များနေလိမ့်မယ်၊၊ ဒါပေမဲ့ ဘေးကင်းဖို့အတွက် လူတိုင်း ၁၈ နာရီ မတိုင်ခင် ပြန်ဆုတ်ကြရမယ်”
“ကျွန်မတို့မှာ ညမမှောင်ခင် ရှင်းလင်းရမယ့် ပထမအဆင့်အမှတ်သားတွေ ရှိသေးတယ်”
ချန်ဆီရွှမ်က ထပ်ပြောလိုက်သည်။
“ကောင်းပြီ၊၊ ဒီအတိုင်းပဲစီစဉ်လိုက်မယ်”
၁၆ နာရီ ၄၅ မိနစ်တွင် နီရဲနေသောနေလုံးကြီးက အနောက်ဘက်သို့ တရွေ့ရွေ့နစ်မြုပ်သွားပြီး ကမ်းရိုးတန်းတစ်လျှောက်တွင် ထင်ရှားသောအရိပ်လိုင်းများကို ထင်ကျန်စေခဲ့သည်။ ကောင်းကင်အမိုးခုံးရထားကြီး၏ တံခါးပွင့်သွားပြီး နန်ကျင်းက ပျက်စီးယိုယွင်းနေသော မြေပြင်ပေါ်သို့ ခြေချလိုက်သည်။ သူ၏အနောက်တွင် အရိပ်ကဲ့သို့ရှိနေသော အားဖေးနှင့် ရှောင်ချင်းတို့ပါဝင်ပြီး အရင်းအမြစ်များသယ်ယူပို့ဆောင်ရေးနှင့် သတင်းအချက်အလက်များလက်ဆင့်ကမ်းပေးရန် တာဝန်ရှိသော အင်ဂျင်နီယာဒရုန်းအနည်းငယ်လည်း ပါဝင်သည်။
“အမြန်လှုပ်ရှားကြရအောင်၊၊ ဆူညံသံတွေ အများကြီးမထွက်စေနဲ့”
တစ်ချိန်တည်းမှာပင် တခြားအဖွဲ့နှစ်ဖွဲ့ကလည်း လူစုခွဲလိုက်ကြသည်။ လှုပ်ရှားနေသော လူရိပ်များကြားတွင် ချီလီ၏ အမှတ်အသားဖြစ်သော ပန်းပွင့်ပုံရင်စေ့အင်္ကျီမှာ အထူးသဖြင့် ထင်ရှားပေါ်လွင်နေသည်။ လော့ယန်ကမူ အားကောင်းသော စက်ရုပ်ဒရုန်းလေးစင်းကို ထိန်းချုပ်မောင်းနှင်ရင်း ပြောနေသည်။
“နောက်ဆုံးတော့ ကုန်းပေါ်ကို ပြန်ရောက်ပြီ၊၊ မဟုတ်ရင် ဒီကောင်တွေက သူတို့ရဲ့ စွမ်းအားကိုပြနိုင်မှာမဟုတ်ဘူး”
“ဟဲဟဲ၊၊ ဖုတ်ကောင်တွေကို တိုက်ခိုက်ဖို့ စက်ရုပ်တွေကို သုံးတာက နည်းနည်းများလွန်ရာကျမလားလို့” လုချန်က အနီးကပ်လိုက်ပါလာရင်း ပြုံးကာ ဆိုလိုက်သည်။
“ဒါပေမဲ့ ပစ္စည်းတွေ ပိုပြီးတော့ သယ်ဆောင်ပေးနိုင်တာက တကယ်ကောင်းပါတယ်၊၊ ငါတို့ ရိက္ခာအချို့ကို ပင်လယ်လင်းယုန်အဖွဲ့ကို ခွဲဝေပေးထားတာဆိုတော့ တောင်အမေရိကကို ဖြတ်သန်းဖို့အတွက် မလုံလောက်တာမျိုး ဖြစ်နိုင်တယ်”
“တကယ်တော့ စိတ်ပူစရာမလိုပါဘူး”
ချီလီက ပခုံးတွန့်ပြလိုက်သည်။
“ငါတို့က လူနှစ်ဆယ်လောက်ပဲ ရှိတာလေ၊၊ ပြီးတော့ အဓိကအဖွဲ့နဲ့ ဆုံတဲ့အခါကျရင် ရိက္ခာမလောက်မှာကို ကြောက်နေရဦးမှာလား”
ရှုချင်းက သတိကြီးစွာဖြင့် ပြောလိုက်သည်။
“ရိက္ခာတွေကို ပိုပြီးတော့ စုဆောင်းထားတာက ပိုကောင်းပါတယ်၊၊ ကျွန်မတို့ရဲ့ ကောင်းကင်အမိုးခုံးရထားက နေရာလွတ်အများကြီးရှိသေးတယ်၊၊ ပြီးတော့ ဒီလိုကမ္ဘာပျက်ကပ်ထဲမှာ ဘယ်သူကမှ အစားအစာတွေ ပိုနေတာကို မုန်းမှာ မဟုတ်ဘူးလေ၊၊ ဒါတင်မကသေးဘူး... တောင်အမေရိကကို ရောက်တဲ့အခါ အစီအစဉ်က ချောမွေ့ချင်မှ ချောမွေ့မှာမဟုတ်လား၊၊ အာရုဏ်ဦးဗဟိုစင်တာက မြောက်အမေရိကကို ဖြတ်သန်းတဲ့အခါ ပြင်းထန်တဲ့တိုက်ပွဲတွေရှိလိမ့်မယ်”
ချီလီက ထိုစကားကို ကြားသောအခါ ခေါင်းညိတ်လိုက်သည်။
“မင်းစကားက ငါ့ရဲ့ ရှောင်မုန့်ကိုတောင် သတိရသွားစေတယ်၊၊ အင်း... သူမကို လွမ်းမိသား၊၊ သူမ ဘေးမှာရှိနေရင် ငါ စိတ်ပူရတာ တော်တော်လေးလျော့နည်းသွားမှာ သေချာတယ်”
အခြားတစ်ဖက်တွင် မိုနီကာက တာလို့ မောင်းနှင်သော လမ်းကြမ်းယာဉ်ပေါ်သို့ တက်လိုက်ပြီး ရှားရှားက မိုးပျံမက်မွန်သီးကို အနိမ့်ပိုင်းမှ ပျံသန်းမောင်းနှင်ကာ ရူဂျီက ၎င်းတို့၏အနောက်တွင် လိုက်ပါလာသည်။ မြို့၏ အခြေအနေကို သိရှိပြီးနောက် ချန်ဆီရွှမ်က စွန်းယုကျန်း၊ မာရှောင်ထန်းနှင့် မြောင်လုတို့ကို ကူညီရန်ခေါ်ထုတ်လာခဲ့သည်။ စွန်းယုကျန်းတွင် ပျံသန်းနိုင်သောစွမ်းရည်ရှိသဖြင့် ရှာဖွေရေးတာဝန်များတွင် များစွာအထောက်အကူပြုပြီး ရှောင်ယွမ်၊ မြောင်လုနှင့် တခြားသူများမှာမူ အပြင်သို့မထွက်ရသည်မှာ ကြာပြီဖြစ်သဖြင့် တော်တော်လေး စိတ်လှုပ်ရှားနေကြသည်။
“ဝါး၊၊ တကယ် လှတာပဲ၊၊ ငါ ကျောင်းတက်တုန်းက ဟာဝိုင်အီကို ခရီးသွားဖို့ အမြဲအိပ်မက်မက်ခဲ့တယ်၊၊ ဒီလိုအခြေအနေမျိုးမှာ ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
မြောင်လုက ကား၏ အနောက်ထိုင်ခုံမှနေ၍ ကြည်လင်နေသော ပင်လယ်ပြင်ကြီးကို ကြည့်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“သတိထားဦး၊၊ အပြင်မှာ ဖုတ်ကောင်တွေ အများကြီးပဲ၊၊ ငါတို့ပေါ်မှာ အမှတ်သားတွေ ရှိနေသေးတယ်” ရှောင်ယွမ်က သတိပေးလိုက်သည်။
ချန်ဆီရွှမ်က သက်ပြင်းချလိုက်သည်။
“ကိစ္စမရှိပါဘူး၊၊ ငါတို့ ကိုယ့်ကိုယ်ကိုယ် ဒီလောက်အထိ ဖိနှိပ်ထားတာကြာပြီဆိုတော့ နည်းနည်းတော့ စိတ်လျှော့သင့်ပါတယ်၊၊ ဒရုန်းတွေက လမ်းကြောင်းကို စူးစမ်းထားပြီးပြီမို့လို့ ငါတို့ နည်းနည်းသတိထားရုံပါပဲ၊၊ ကိုယ့်ကိုယ်ကိုယ် တအားကြီးဖိနှိပ်မထားပါနဲ့”
“ပြဿနာမရှိဘူး၊၊ ကျွန်မ ရှင်တို့ကို ဝေဟင်ကနေ စောင့်ကြည့်ပေးမယ်” စွန်းယုကျန်းက မာရှောင်ထန်းကို အသင့်ပြင်စေပြီးနောက် ချန်ဆီရွှမ်ကို ခေါင်းညိတ်ပြကာ ကောင်းကင်ယံဆီသို့ ပျံတက်သွားတော့သည်။
ဝူး
အဖွဲ့များထွက်ခွာသွားသည်နှင့်အမျှ ကောင်းကင်အမိုးခုံးရထားကြီးသည် လင်းရှန်နှင့် ဗိုင်အိုလာတို့၏ ထိန်းချုပ်မှုအောက်တွင် တဖြည်းဖြည်းပြန်လည်မြင့်တက်လာပြီး မြို့၏ အခြားအရပ်မျက်နှာရှိ သံလမ်းခွဲဘူတာတစ်ခုဆီသို့ ဦးတည်မောင်းနှင်သွားကာ ညအိပ်ရပ်နားရန်နှင့် စုရပ်တစ်ခုအဖြစ် အသုံးပြုရန် ပြင်ဆင်လိုက်သည်။
လင်းရှန်အပြင် အခြားလူနှစ်ဦးလည်း ထွက်မသွားဘဲ ကျန်ရစ်ခဲ့သည်။ ထိုသူတို့မှာ လုရှင်းချန်နှင့် တင်းကျန်းရီတို့ ဖြစ်ကြသည်။
တင်းကျန်းရီက ယခုအချိန်တွင် သူမ၏ သုတေသနစိတ်ကူးသစ်များထဲတွင် နစ်မြုပ်နေပြီး လုရှင်းချန်ကမူ ကောင်းကင်အမိုးခုံးရထားကြီး သံလမ်းဘူတာ၏ သံလမ်းထဲသို့ ဆိုက်ရောက်ရပ်တန့်ပြီးနောက် ထီးတစ်လက်နှင့် နေပူဆာလှုံသည့်ဒရင်းဘတ်ကိုယူဆောင်ကာ ကောင်းကင်အမိုးခုံးရထား၏ ကောင်းကင်တံတားမျက်နှာကြက်ဆီသို့ သီချင်းတညည်းညည်းဖြင့်ရောက်ရှိလာခဲ့သည်။ ထို့နောက် ထီးကိုဖွင့်ကာ နေပူဆာလှုံနေသည်။ လုရှင်းချန်ကမူ ဤသို့သောတာဝန်မျိုးကို အလွန်သဘောကျနှစ်ခြိုက်လေသည်။
ကလန်
မြို့ထဲရှိ ကုန်တိုက်ကြီးတစ်ခု၏ အနောက်ဘက်ဂိုဒေါင်တံခါးဝတွင် ရူဂျီနှင့် မိုနီကာတို့သည် လမ်းကြားထဲသို့ တိုးဝှေ့ဝင်ရောက်လာသော ဖုတ်ကောင်အုပ်ကြီးကို ပြင်းထန်စွာ တိုက်ခိုက်ခြေမှုန်းလိုက်ကြသည်။ နဂါးနက်တိုက်ပွဲဝတ်စုံကို ဝတ်ဆင်ထားသော တာလို့က ဂိုဒေါင်တံခါးကို ဆွဲဖြဲလိုက်ရာ ညှီစော်နံသောအနံ့အသက်ဆိုးကြီးတစ်ခု ချက်ချင်း လှိုက်ထွက်လာသည်။ ရှားရှားက လင်းထိန်နေသော ဒရုန်းငယ်အချို့ကို ဂိုဒေါင်အတွင်းသို့ ချက်ချင်းပစ်သွင်းလိုက်သည်။ အလင်းရောင်များက မီတာအနည်းငယ်မြင့်မားသော ဧရာမ သံမဏိစင်ကြီးများကို လင်းထိန်သွားစေသောအခါ လူတိုင်းမှာ အံ့ဩမှင်သက်ပြီး ရှုပ်ထွေးလှသော အမူအရာများဖြင့် အတွင်းသို့ လျှောက်လှမ်းဝင်ရောက်သွားကြတော့သည်။
ရှားရှားလည်း အသက်ပြင်းပြင်းရှူလိုက်ပြီး ဧရာမဂိုဒေါင်ကြီးကို မျက်လုံးအဝိုင်းသားဖြင့် စိုက်ကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။
“ကျွန်မတို့ ဒီတစ်ခါ တကယ်ပဲရတနာသိုက်ကြီးနဲ့ တိုးတာပဲ...”
“အားလုံးပဲ ကျွန်တော်တို့ ကုန်တိုက်ကြီးတစ်ခုရဲ့ ကုန်လှောင်ရုံကို ရှာတွေ့ထားတယ်၊၊ ဟောင်းနွမ်းပျက်စီးနေပြီး ရှာဖွေမွှေနှောက်ခံထားရပေမဲ့
ကျွန်မတို့ ခန့်မှန်းတာမှန်တယ်၊၊ ဒီကျွန်းကို လူအများကြီးရောက်မလာသေးဘူး”
မိုနီကာသည် သူမ၏ အဖွဲ့ဝင်များနှင့်အတူ တည်ငြိမ်သောခြေလှမ်းများဖြင့် ကုန်လှောင်ရုံထဲသို့ လျှောက်ဝင်လာခဲ့သည်။ အခြားသူများထံ ဆက်သွယ်ရေးကိရိယာမှတစ်ဆင့် အစီရင်ခံတင်ပြရင်း ကုန်လှောင်ရုံကြီးကို လှည့်ပတ်ကြည့်ရှုနေသည်။
ဂယား..
ရုတ်တရက် ဘေးဘက်ရှိ အမှောင်ရိပ်ထဲမှ ခြောက်သွေ့နေသော အလောင်းများနှင့်တူသည့် ဖုတ်ကောင်နှစ်ကောင် ပြေးဝင်လာသည်။ မိုနီကာက ခေါင်းပင်လှည့်မကြည့်ဘဲ လက်ညှိုးကို မြှောက်လိုက်ရာ အသံလှိုင်းဓားတစ်လက်သည် ကွေးညွတ်နေသော ဓားမြှောင်ကဲ့သို့ ပျံထွက်သွားပြီး ဖုတ်ကောင်နှစ်ကောင်ကို ချက်ချင်းပင် အပိုင်းပိုင်းဖြတ်တောက်ပစ်လိုက်သဖြင့် နံရံပေါ်တွင် သွေးစများ စွန်းထင်းသွားသည်။
ထို့နောက် မိုနီကာ စွမ်းအားဝတ်စုံမျက်နှာဖုံးကို ဖွင့်ကာ ဆံပင်များကို ခါယမ်းလိုက်ရင်း နောက်မှ အဖွဲ့သားများကို အေးစက်စွာ ပြောလိုက်သည်။
“ဒီကျွန်းပေါ်ကလူတွေ ကြာကြာမခံခဲ့ကြဘူးနဲ့ တူတယ်”
“ဝိုး”
လင်းရှန် စိတ်ကြိုက်ပြုလုပ်ပေးထားသည့် မီးစွမ်းအားဝတ်စုံကို ဝတ်ဆင်ထားသော ရှားရှားသည် သူမ အရပ်ခန့်ရှိသည့် စွမ်းအင်မြင့် လေဆာအမြောက်ကြီးကို ကိုင်ဆောင်ကာ နောက်မှ ထွက်လာသည်။ ၁၀ မီတာခန့် မြင့်မားပြီး အဝေးသို့ သွယ်တန်းနေသည့် သိုလှောင်စင်တန်းများကို မြင်လိုက်ရသောအခါ သူမသည် ယခင်က မြင်ကွင်းကြီးများကို ကြုံတွေ့ဖူးသော်လည်း အံ့ဩတုန်လှုပ်မှုကို မထိန်းနိုင်ဘဲ ရေရွတ်လိုက်မိသည်။
“ဘုရားရေ… ကုန်ပစ္စည်းတွေ ဒီလောက်အများကြီးရှိတဲ့ ကုန်တိုက်ဂိုဒေါင်မျိုး တစ်ခါမှ မမြင်ဖူးဘူး”
တာလို့နှင့် ရူဂျီတို့လည်း ဝင်လာပြီး ရှေ့မှမြင်ကွင်းကို ကြည့်လိုက်ကြသည်။ တာလို့က အံ့ဩသောအမူအရာဖြင့်
“အပြင်ထွက်လို့မရဘူး ကယ်ဆယ်ရေးလည်းမရှိဘူးဆိုတော့ အသက်ရှင်ကျန်ရစ်သူတွေရှိခဲ့ရင်တောင် ကြာကြာမခံနိုင်ပါဘူး”
စိတ်ပိုင်းဆိုင်ရာဖိအားက ဖုတ်ကောင်များထက်ပင် ပိုမိုကြောက်မက်ဖွယ်ကောင်းသည်။ မျှော်လင့်ချက်မဲ့နေသော အထီးကျန်ကျွန်းတစ်ကျွန်းပေါ်တွင် ဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားနှင့် ကယ်ဆယ်ရေးအားလုံးပြတ်တောက်နေသည့် အခြေအနေကို ရင်ဆိုင်ရသောအခါ သာမန်လူသားများသည် အမှောင်စွမ်းအား၏ ကျူးကျော်မှုကို မတွန်းလှန်နိုင်ကြပေ။
ဤကုန်လှောင်ရုံကြီးထဲတွင် အစားအစာ၊ လူသုံးကုန်ပစ္စည်းများ၊ ကိရိယာတန်ဆာပလာများ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများနှင့် ဖျော်ဖြေရေးပစ္စည်းများစသည်ဖြင့် အရာအားလုံး ရှိနေသည်။ ပုပ်ပွသောအနံ့အသက်များ လွင့်ပျံနေပြီး ပစ္စည်းများပြန့်ကျဲကာ လုယက်ခံထားရသည့်အပြင် အလောင်းအများစုမှာ ခြောက်သွေ့ပုပ်သိုးကုန်ပြီဖြစ်သော်လည်း မီးချောင်းများ လင်းထိန်လာသောအခါ ကုန်ပစ္စည်းများ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ဖုန်မှုန့်များအောက်တွင် စင်ပေါ်၌ နဂိုအတိုင်း ရှိနေသေးသည်ကို တစ်ချက်ရုံဖြင့်မြင်နိုင်ပေသည်။
ဤအချက်က ဤနေရာသို့ လူသူမရောက်ရှိသည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်း ပြသနေပြီး ယခု လှုပ်ရှားနေသော အလောင်းကောင်များသာကျန်ရှိတော့သည့် တိတ်ဆိတ်နေသောမြို့တော်တစ်ခုဖြစ်နေသည်။