← Chapters

ရိတ်သိမ်းခြင်း (၂)

Vol. 63 Ch. 1055

ရိတ်သိမ်းခြင်း (၂)

Vol. 63 Ch. 1055

၅ မိနစ်... ၁၀ မိနစ်... မိနစ် ၂၀...

အချိန်များတရွေ့ရွေ့ကုန်ဆုံးသွားသည်နှင့်အမျှ တိတ်ဆိတ်နေသော ကောင်းကင်တံတားအတွင်းရှိ လေထုမှာ အနည်းငယ်ထူးဆန်းလာသည်။ လူတိုင်း အချင်းချင်းမကြည့်ဘဲ မနေနိုင်ကြတော့ပေ။

“ကြည့်ရတာ... ဘာမှမဖြစ်ဘူးနဲ့ တူတယ်”

ချီလီက ပထမဆုံး စကားစလိုက်သည်။

“ငါတို့ရဲ့ အမှတ်အသားတွေကို ရှင်းလင်းပြီးပြီ မြို့ထဲမှာ ထူးဆန်းတဲ့ သတ္တဝါတွေ ရှိနေတာကို သိနေရပေမဲ့ သူတို့က ကျွန်မတို့ကို ခြိမ်းခြောက်နိုင်မယ့်ပုံ မပေါ်ဘူး” နန်ကျင်းက ပြောလာသည်။

“ဟူး”

ကီကီက ပျင်းရိစွာအကြောဆန့်ရင်း “စိုးရိမ်စရာဘာမှမရှိဘူးထင်တယ်၊၊ သတင်းကောင်းပဲ ဒီညတော့ ကျွန်မကောင်းကောင်းနားလို့ရပြီ၊၊ နေစရာသစ်လည်းရတာဆိုတော့ တကယ်ကို စိတ်ကျေနပ်စရာပဲ”

“ဟုတ်တယ်… အခန်းတွေထဲမှာ ရေချိုးခန်းအကျယ်ကြီးတွေ အနှိပ်ကုလားထိုင်တွေ၊ ရေခဲသေတ္တာတွေနဲ့ ကုတင်အကြီးကြီးတွေ ရှိတယ်” လို့ရှားရှားက မျက်လုံးများ တောက်ပရင်း စိတ်လှုပ်ရှားစွာပြောသည်။

လင်းရှန်လည်း သက်ပြင်းချကာ စိတ်အေးသွားသည်။ မိုနီကာက သူ့ကို လှည့်ကြည့်ပြီး ခေါင်းညိတ်ပြကာ ကောင်းကင်တံတားပေါ်မှ ထွက်ခွာသွားသည်။

“အားလုံး သွားနားကြတော့”

လင်းရှန်က ပြောလိုက်ရာ လူတိုင်း၏ မျက်နှာတွင် တင်းမာမှုများပျောက်ကွယ်သွားပြီး ရှားပါးလှသောသက်တောင့်သက်သာရှိမှုကို ခံစားရင်း တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြတော့သည်။

ချန်ဆီရွှမ်က လင်းရှန်အနားသို့ လျှောက်လာသည်၊၊

“ကျွန်မ ကင်းစောင့်ပေးရမလား”

“မလိုဘူး”

လင်းရှန်က ခေါင်းခါရင်း ချန်ဆီရွှမ်၏ ပုခုံးကို ပုတ်ကာ “ဆရာမချန် သွားနားလိုက်ပါ ဗိုင်အိုလာက ကင်းစောင့်တာကို အပြည့်အဝတာဝန်ယူလိမ့်မယ်၊၊ ဒီလောက်ကြီးတဲ့ ရထားကြီးက သူမကို လိုအပ်တယ်၊၊ ငါလည်း ခဏလောက်ကင်းစောင့်ဦးမှာ”

“ရှင် မနားဘူးလား” ချန်ဆီရွှမ်က မေးသည်။

“မနေ့က ငါ ကောင်းကောင်းအိပ်ခဲ့ရတယ်”

လင်းရှန်က ပြန်ဖြေသည်။

“ဒီညက ဘေးကင်းပါတယ်၊၊ အချိန်လည်းအများကြီးရတာဆိုတော့ ရထားကို အရင်ပြုပြင်ပြီး တချို့ပစ္စည်းတွေကို ဝါးမျိုပစ်ရဦးမယ်၊၊ နောက်လာမယ့်လမ်းကြောင်းတွေ တံတားတွေနဲ့ ဒရုန်းတွေအတွက် ပစ္စည်းတွေ အများကြီးလိုအပ်နေတာမလို့ ပိုပြီး ပြင်ဆင်ထားရမယ်”

မြို့ထဲမှ ကားများနဲ့ ဆိပ်ကမ်းများရှိ စွန့်ပစ်သင်္ဘောများသည် လင်းရှန်အတွက်တော့ ဝါးမျိုစရာပစ္စည်းများဖြစ်သည်။ ကျွန်းလေဆိပ်မှာ သူတစ်ခါမှမမြင်ဖူးသေးသည့် ကိုယ်ထည်ကျယ်ဝန်းသော ခရီးသည်တင်လေယာဉ်ကြီးများတောင်ရှိနေသည်။

သူသည် ဤအချိန်အတွင်း စစ်သုံးရထားကြီးကို အရင်ဆုံးကိုင်တွယ်ပြီးမှ အခြားအရာများကို တဖြည်းဖြည်းချဉ်းကပ်ဝါးမျိုရန် စီစဉ်ထားသည်။ ယခုအခါ သူ၏ ယန္တရားနှလုံးသားကို အဆင့်မြှင့်တင်ရန်အတွက် ယန္တရားရင်းမြစ်အမှတ် ၁၀,၀၀၀ ကျော် လိုအပ်နေသေးရာ လင်းရှန်အနေဖြင့် ဤရှားပါးသော အခွင့်အရေးကို အလဟဿအဖြစ်မခံလိုပေ။ အဆင့် ၇ သို့ ရောက်ရှိသွားပါက စွမ်းရည်သစ်များကို ရရှိမည့်အပြင် သူ အမြဲတမ်းသိချင်နေခဲ့သည့် ‘တိုက်တန်ဂြိုဟ်’ ပုံကြမ်းကို အဖြေရှာရန် သုတေသနနှင့် ဖွံ့ဖြိုးရေးစင်တာကိုလည်း ဖွင့်လှစ်နိုင်မည်ဖြစ်သည်။ ဤကဲ့သို့သော အခွင့်အရေးကို သူ ဘယ်လိုအောင့်အီးထားနိုင်မည်နည်း။

ထို့အပြင် ချန်ယန်ရွှီထံမှ ရရှိထားသည့် အနက်ရောင်ဂီယာကိုလည်း သူလေ့လာချင်သေးသည်။ လုပ်စရာအများကြီးရှိနေသဖြင့် လင်းရှန်အနေဖြင့် အိပ်စက်ရန် စိတ်ကူးမရှိပေ။

ချန်ဆီရွှမ်က ခေါင်းညိတ်ရင်း သူ့ကို တိတ်ဆိတ်စွာ ကြည့်ကာ “ဒါဆို စတားဖိုင်းယားစီမံကိန်းက ဒါနဲ့ပဲ ပြီးသွားတာလား”

လင်းရှန်က အနည်းငယ်ပြုံးရင်း “ဒီလောက်မရိုးရှင်းပါဘူး၊၊ ဒါပေမဲ့ ကနဦးရည်မှန်းချက်တွေတော့ အောင်မြင်ခဲ့ပါပြီ၊၊ မမျှော်လင့်ထားတဲ့ ထူးခြားတာမျိုးမဖြစ်ခဲ့ရင် ဖီးနစ်ရဲ့ အခြားလမ်းကြောင်းတွေကလည်း သိသာတဲ့တိုးတက်မှုတွေ ရှိနေလောက်ပြီဖြစ်သလို အမှောင်ဂိုဏ်းက လူတွေလည်း အပြည့်အဝလှုပ်ရှားနေကြပြီ။ ဒါကြောင့် အခုအချိန်မှာ ဖီးနစ်က အချက်နှစ်ချက်ကို ဦးတည်နေတယ်၊၊ ပထမအချက်က အမှောင်ဂိုဏ်းနဲ့ အမှောင်ယဉ်ကျေးမှုတို့ကြားက ဆက်သွယ်ရေးအချက်အလက်တွေကို သိရှိဖို့ ဒုတိယအချက်က ကောင်းကင်အကာကွယ်ကို ဖျက်ဆီးမယ့် နည်းလမ်းကို ရှာဖွေဖို့ပဲ၊၊ ဒါကို အမှောင်ဂိုဏ်းကလူတွေလည်း သေချာပေါက်သိနေကြမှာပါ”

ချန်ဆီရွှမ်က သက်ပြင်းကို လေးပင်စွာချရင်း ပြောသည်၊၊

“ရှင်က ဓားကိုင်ဆောင်သူတစ်ယောက်ဖြစ်နေတော့ သူတို့က ရှင့်ကို တိုက်ခိုက်ဖို့ သူတို့ရဲ့ စွမ်းအားတွေကို စုစည်းလာနိုင်တယ်၊၊ ဒါကြောင့် ကျွန်မအထင်တော့ ဖီးနစ်ရဲ့ အဓိကစစ်တပ်နဲ့ ပူးပေါင်းတာက ပိုကောင်းတဲ့ မဟာဗျူဟာဖြစ်လိမ့်မယ် ဘာလို့လဲဆိုတော့ သူတို့လှုပ်ရှားလာရင် ကျွန်မတို့က အခွင့်အရေးကို လက်ဦးမှုယူပြီး တန်ပြန်နိုင်မှာမလို့ပဲ”

လင်းရှန်က အနည်းငယ်တွေသွားပြီးမှ လက်ကိုဆန့်ကာ ချန်ဆီရွှမ်ကို ဖက်လိုက်သည်၊၊

“မင်း ငါ့အတွက်စိတ်ပူနေမှန်းသိပါတယ်၊၊ အမှန်တော့ ဓားကိုင်ဆောင်သူဆိုတာ အပေါ်ယံအခေါ်အဝေါ်သက်သက်ပါပဲ၊၊ အမှောင်ထဲမှာ ထွန်းညှိထားတဲ့ ဖယောင်းတိုင်တစ်တိုင်လိုပေါ့၊၊ အမှောင်အမှတ်အသားနဲ့ ထူးဆန်းတဲ့ သတ္တဝါတွေကို ဆွဲဆောင်ရုံသက်သက်ပါ၊၊ ဒီဓားကိုင်ဆောင်သူနဲ့ စတားဖိုင်းယားစီမံကိန်းက လူသားတွေထဲမှာရှိတဲ့ ထူးဆန်းတဲ့ သတ္တဝါတွေကို စိတ်လှုပ်ရှားစေတယ်၊၊ အကယ်၍ အမှောင်ယဉ်ကျေးမှုက လူသားတွေကတစ်ဆင့် ချိတ်ဆက်မှုတွေနဲ့ ထိန်းချုပ်မှုတွေကို လုပ်နိုင်တယ်ဆိုရင် ငါတို့လည်းလုပ်နိုင်မှာပါ”

ချန်ဆီရွှမ်က မျက်မှောင်အနည်းငယ်ကြုတ်ကာ လင်းရှန်၏ ရင်ခွင်ထဲမှ ခေါင်းကိုမော့ပြီး သူ့ကို ကြည့်လိုက်သည်။

“ဒါ ပရော်ဖက်ဆာယဲ့ရဲ့ စိတ်ကူးလား”

လင်းရှန်က ခေါင်းညိတ်လိုက်ပြီးနောက် သူ့မျက်နှာက ပိုမိုတည်ကြည်လေးနက်သွားသည်။

“ဒါပေမဲ့ ချူယန်နဲ့ ဆက်သွယ်နေတုန်းက စိုးရိမ်စရာသတင်းအချို့ ကြားခဲ့ရတယ်၊၊ အမှောင်ထုက မတူညီတဲ့ပြောင်းလဲမှုတစ်ခုဆီကို ဦးတည်နေပုံရတယ်”

“ဘယ်လိုမျိုးလဲ”

“ငါလည်း အခုထိသေချာမသိသေးဘူး”

လင်းရှန်က တည်ငြိမ်စွာဖြင့် ခေါင်းခါလိုက်ရင်း

“ငါ သတိထားမိတာကတော့ ကုန်းမြေပေါ်က အမှောင်ဒီရေတွေက စပြီး...”

“အရောင်ပြောင်းလာတာပဲ”

ကြက်သွေးရောင်။

လင်းရှန် ထိုမြင်ကွင်းကို ကိုယ်တိုင်မမြင်ဖူးခင်အထိ ကောင်းကင်နှင့် မြေပြင်တွင် ဤကဲ့သို့သော အရောင်မျိုးရှိနိုင်လိမ့်မည်ဟု တစ်ခါမျှ မတွေးခဲ့ဖူးချေ။ ယခုအခါ လင်းရှန်သည် ထိုမြင်ကွင်းကို မကြာခဏပြန်လည်တွေးတောမိပြီး စိတ်ထဲတွင်လည်း အဓိပ္ပာယ်ဖော်မရသည့် မချိမဆံ့ဝေဒနာကို ခံစားရလေ့ရှိသည်။ မူလအမှောင်ဒီရေသည် လူသားများကို အမှောင်ထု၏ ကြောက်မက်ဖွယ်ရာများနှင့် တိုက်ရိုက်ရင်ဆိုင်စေခဲ့ခြင်းဖြစ်ပါက ကမ္ဘာမြေပြင်တစ်ခုလုံး ကြက်သွေးရောင်လွှမ်းမိုးလာချိန်တွင်မူ ကမ္ဘာကြီးတစ်ခုလုံး တွန့်လိမ်ကွေးညွတ်သွားပြီး လူသားများအတွက် ထွက်ပြေးစရာလမ်းမရှိတော့သည့်အလား အသက်ရှူကျပ်ဖွယ်ဖိအားမျိုးကို ပေးစွမ်းလေသည်။

၎င်းက ဘယ်လိုအရာမျိုးလဲကို သူ မသိပေ။ ဖီးနစ်ပင်လျှင် ရှင်းရှင်းလင်းလင်းသိနိုင်မည်မဟုတ်ပေ။ အာရုဏ်ဦးမြို့တော်တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ တစ်လပင် မပြည့်သေးချေ။ သို့သော် ဤအရာသည် လုံးဝကောင်းသောလက္ခဏာမဟုတ်ကြောင်း လင်းရှန် သိနေသည်။

ဟာဝိုင်အီကျွန်း၏ ညသည် တိတ်ဆိတ်ငြိမ်သက်ပြီး နက်ရှိုင်းလှကာ ကောင်းကင်ယံတွင် ကြယ်တာယာများစုံလင်စွာလင်းလက်နေပြီး ကျဲပါးလှသောကြယ်အလင်းတန်းများသည် မှောင်မိုက်သောကောင်းကင်ယံထက်တွင် ဖုန်မှုန့်များကဲ့သို့ ဖြန့်ကြဲကျရောက်နေသည်။ ကမ်းခြေသို့ ဖြည်းညှင်းစွာရိုက်ခတ်နေသော လှိုင်းသံများက လူကို အိပ်မွေ့ချနိုင်လောက်သည့် ထူးခြားသောငြိမ်သက်ခြင်းကို ယူဆောင်လာပေးသည်။

မြို့ပြကြီးမှာ သုသာန်တမျှတိတ်ဆိတ်နေပြီး ထိုမီးခိုးရောင်အဆောက်အအုံများကို လင်းထိန်စေမည့် မီးရောင်ဟူ၍ မရှိဘဲ မှေးမှိန်သော ကြယ်အလင်းကသာ အဆောက်အအုံများ၏ ပုံရိပ်ကို ဖော်ပြပေးနေသည်။ ပျက်စီးနေသော အဆောက်အအုံများနှင့် အပျက်အစီးများမှာ ညအမှောင်မိုက်ထဲတွင် လူသူစွန့်ပစ်ထားသည့် တစ္ဆေနယ်မြေတစ်ခုအလားပေါ်ထွက်နေသည်။

များပြားလှသောဖုတ်ကောင်များသည် လမ်းမများပေါ်တွင် တိတ်ဆိတ်စွာလှည့်လည်သွားလာနေကြပြီး ၎င်းတို့၏ ကောက်ကွေးနေသော ကိုယ်ထည်များမှာ တစ္ဆေများနှင့်တူလှသည့်အပြင် အမှောင်ထဲတွင် ပုန်းကွယ်နေသော အရိပ်များနှင့် ဖော်ပြရခက်သည့် ထူးဆန်းသော ခပ်တိုးတိုးအော်ဟစ်သံများလည်းရှိနေသည်။ ဤကဲ့သို့သော မြင်ကွင်းသည် လူကို ကျောချမ်းစေသင့်သော်လည်း အန္တရာယ်အမျိုးမျိုးကို ကြုံတွေ့ဖူးသည့် လင်းရှန်၏ မျက်လုံးထဲတွင်မူ ထိုသို့ ဟိန်းဟောက်နေသော အလောင်းကောင်များနှင့် ထူးဆန်းသောသတ္တဝါများသည် ကြောက်မက်ဖွယ်ရာမဟုတ်တော့ဘဲ ရင်းနှီးနေသည့်ပုံရိပ်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

သူ ကောင်းကင်တံတားရှေ့တွင် ရပ်ရင်း ဤသေဆုံးနေသည့်မြို့တော်ကို စိုက်ကြည့်နေမိသော်လည်း စိတ်ထဲတွင်မမျှော်လင့်သော ရှားပါးလှသည့်တည်ငြိမ်မှုကို ခံစားနေရသည်။ တိတ်ဆိတ်သောကြယ်စုံသည့် ကောင်းကင်နှင့် ငြိမ်သက်နေသော လှိုင်းသံများက သူ၏ စိတ်ထဲမှ ပူလောင်တင်းမာမှုများကို ဖြည်းဖြည်းချင်းဆေးကြောပေးနေပြီး ရှုပ်ထွေးနေသော လက်တွေ့ဘဝကို ယာယီအေးချမ်းရာဆိပ်ကမ်းတစ်ခုအဖြစ်ပြောင်းလဲပေးနေသည့်အလား ခံစားရသည်။

[ကပ္ပတိန်လင်း အခု ရှင့်ရဲ့ အသက်ရှူသံနဲ့ နှလုံးခုန်သံတွေအရ ရှင်က အရင်ကထက်အများကြီးတည်ငြိမ်နေတာကို ပြနေတယ်၊၊ ဒါက တော်တော်လေးရှားပါးတယ်]

ဤအခိုက်အတန့်တွင် အခြားသူများက နားနေရန် မိမိတို့အခန်းများသို့ ပြန်သွားကြပြီဖြစ်သဖြင့် ကောင်းကင်တံတားပေါ်တွင် ဗိုင်အိုလာတစ်ဦးတည်းသာ သူ့အနား၌ ကျန်ရှိတော့သည်။

လင်းရှန် ကောင်းကင်ဘက်သို့ မျှော်ကြည့်ရင်း ပျင်းရိစွာ အကြောဆန့်လိုက်ရင်း “စိုးရိမ်စရာတွေ အများကြီးရှိနေပေမဲ့ အခုက ငါ စိတ်ပူရမယ့် အချိန်မဟုတ်သေးပါဘူး။ ဖီးနစ်ရဲ့ တာဝန်က တစ်ဝက်ပဲပြီးသေးပြီး ဝင်ရိုးစွန်းဒေသကို ရောက်ဖို့လိုသေးတယ်ဆိုပေမဲ့ မျှော်လင့်ထားသလို ဖြစ်လာတာမလို့ အခုလောလောဆယ်တော့ ငါစိတ်လျှော့ထားလို့ ရပါတယ်”

သူက ကျယ်ပြန့်လှသော ကမ်းခြေမြို့ပြကြီးကို လက်ညှိုးညွှန်ပြရင်း ပြုံးကာ “ဒီမှာ ဘာအန္တရာယ်မှမရှိဘူး၊၊ ငါ ခဏလောက် ပျင်းနေလို့ရတယ်လေ”

[ဒါက အတော်ကောင်းတဲ့ စိတ်ကူးပဲ]

ဗိုင်အိုလာက လက်နှစ်ဖက်ကို နောက်ပစ်ကာ ကျော့ရှင်းစွာ ရပ်နေရင်း တည်ငြိမ်စွာဖြင့် ပြန်ဖြေသည်၊၊

[အမှောင်ဒီရေရဲ့ တွက်ချက်မှုတွေအရ အမှတ် ၁၃ တွင်းနက်က ဒီနေရာကို လွှမ်းမိုးဖို့ အနည်းဆုံး ၂၆၁ ရက် လိုသေးတယ်၊၊ ပြီးတော့ ဂြိုဟ်ပတ်ရထားလမ်းကို သုံးရင် ပနားမားကို ရောက်ဖို့ ၁၁၃ နာရီ ကြာလိမ့်မယ်။ အကယ်၍ ပျံသန်းမယ်ဆိုရင်တော့ ၂၃ နာရီပဲ ကြာမှာပါ။ မြောက်အမေရိကကို အာရုဏ်ဦးဗဟိုစင်တာ ဖြတ်သန်းမယ့်အချိန်ကို ထည့်တွက်မယ်ဆိုရင် ရှင်က ဒီမှာ ၁၅ ရက်ကနေ ရက် ၂၀ အထိ နားနေလို့ ရပါတယ်၊၊ အဲဒီအချိန်အတွင်းမှာ ရှင့်ရဲ့ ယန္တရားစွမ်းအားကို မြှင့်တင်နိုင်ပါတယ်။ အခု ကျွန်မတို့ဆီမှာ အဖွဲ့သားတွေ နားနေဖို့နဲ့ ရိက္ခာဖြည့်တင်းဖို့ လုံလောက်တဲ့ ပစ္စည်းတွေလည်း အများကြီးရှိနေပါတယ်]

“၁၅ ရက်တောင်လား”

လင်းရှန်က ခပ်တိုးတိုး ရယ်မောလိုက်သည်၊၊

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊၊ တစ်ရက် ဒါမှမဟုတ် နှစ်ရက်လောက် နားရင်ပဲ အများကြီးကောင်းနေပါပြီ”

သူက အနက်ရောင်ဂီယာကို ထုတ်ယူကာ တစ်ချက်ကြည့်ရင်း “ဗျာဒိတ်တော်ဂိုဏ်းက ငါ့ကို ပစ်မှတ်ထားဖို့ အများကြီးရင်းနှီးထားတာဆိုတော့ အရာအားလုံးက ဒီလောက်မရိုးရှင်းနိုင်ဘူးလို့ ထင်တယ်။ မြင့်မြတ်မြို့တော်၊ ဗျာဒိတ်တော်ဂိုဏ်း၊ ဖောင်ဒေးရှင်းနဲ့ သမုဒ္ဒရာနတ်ဘုရားကြီး... ငါတို့မုန်တိုင်းကနေ လွတ်မြောက်လာခဲ့တယ်ဆိုပေမဲ့ ဒီကျွန်းပေါ်မှာ အကြာကြီးနေလို့မဖြစ်ဘူး၊၊ အဓိကစစ်တပ်နဲ့ အမြန်ဆုံးသွားပူးပေါင်းနိုင်မှ စိတ်အေးရမယ်”

“မင်းရဲ့ အမြင်အရဆိုရင် ဒီတားမြစ်ပစ္စည်းရဲ့ သဘာဝက ဘာဖြစ်မလဲ”

လင်းရှန်က အနက်ရောင်ဂီယာကို ဗိုင်အိုလာထံ ကမ်းပေးလိုက်သည်။

ဗိုင်အိုလာက ၎င်းကို လှမ်းမယူဘဲ မတ်တပ်ရပ်နေရာမှ ပြောလိုက်သည်၊၊

[ကျွန်မရဲ့ အာရုံခံစနစ်တွေထဲက ဝိညာဉ်လှိုင်းတုန်ခါမှုကလွဲလို့ ကျန်တဲ့စနစ်တွေက ဒီပစ္စည်းကို သေချာမရှာဖွေနိုင်ဘူး၊၊ ဒါကြောင့် အာရုံခံစနစ်အမြင်နဲ့တော့ သုံးသပ်ပေးလို့ မရပါဘူး။ ဒါပေမဲ့ ကျွန်မသိထားတဲ့ တားမြစ်ပစ္စည်းတွေရဲ့ သဘာဝနဲ့ ထိန်းချုပ်မှုအချက်အလက်တွေအရ ဒီပစ္စည်းကြောင့် ဖြစ်ပေါ်လာတဲ့ မျက်ကြည်လွှာအချိန်ရေတွက်မှုနဲ့ အသေးစားတွင်းနက်ပေါက်ကွဲမှုလို ဖြစ်စဉ်တွေက တားမြစ်ပစ္စည်းကို ကိုင်ဆောင်ထားသူက ရှင့်ကို တိုက်ခိုက်တာမျိုးမဟုတ်ဘူးလို့ ထင်ပါတယ်]

လင်းရှန် ခေါင်းညိတ်ရင်း လက်ထဲရှိ လေးလံသော အနက်ရောင်ဂီယာကို ဆကြည့်လိုက်သည်၊၊

“သူတို့မှာ အဲဒီလောက်အစွမ်းထက်တဲ့ စွမ်းအားမျိုးရှိနေရင် အစောကြီးကတည်းက သုံးခဲ့ကြမှာပေါ့။ ချန်ယန်ရွှီက ထောင်ချောက်ဆင်ဖို့ ငါ့ဆီမှာ ဒီအရာကို တမင်ချန်ထားခဲ့တာပဲ။ ကြည့်ရတာ အမည်မသိအခြေအနေမျိုးအောက်မှာ ငါက ဒီအနက်ရောင်ဂီယာကို တစ်နည်းနည်းနဲ့ ထိန်းချုပ်မိသွားတာဖြစ်ရမယ်။ ပြီးတော့ အဲဒီအချိန်ရေတွက်မှုကလည်း တစ်ခုခုရဲ့...”

[ဘေးထွက်ဆိုးကျိုးပေါ့]

“ဘေးထွက်ဆိုးကျိုးလား”

လင်းရှန် မျက်ခုံးအနည်းငယ် ပင့်လိုက်သည်၊၊

“ဖြစ်နိုင်တယ်”

လင်းရှန်က အနက်ရောင်ဂီယာကို ကြည့်ရင်း မျက်နှာတည်ကြည်လေးနက်သွားသည်။

“မီးတောက်ရဲ့ အနန္တလက်စွပ်နဲ့ ရှင်းဂျီပေးခဲ့တဲ့ ငွေကျည်ဆန်ကို ရပြီးကတည်းက ငါ တားမြစ်ပစ္စည်းတွေအပေါ်မှာ အန္တရာယ်ရှိတယ်ဆိုတဲ့ ခံစားချက်က ပျောက်ဆုံးလုနီးပါးဖြစ်နေခဲ့တယ်။ ၁၅၄၂ ရေဒီယိုတုန်းက ငါသေလုနီးပါးဖြစ်ခဲ့တာကို သတိရရမယ်၊၊ အိန်ဂျယ်စီမံကိန်းရဲ့ အစောပိုင်းအချက်အလက်တွေမှာလည်း တားမြစ်ပစ္စည်းတွေနဲ့အတူ မကောင်းဆိုးဝါးတွေနဲ့ သေခြင်းတရားတွေ အများကြီးပါလာတတ်တာကို ပြနေတာပဲ။ ဒီအရာက အသေးစားတွင်းနက်ပေါက်ကွဲမှုကိုတောင် ဖြစ်ပေါ်စေနိုင်တယ်။ အဲဒီအတိုင်းအတာနဲ့ အတိုင်းအဆကိုသာ စွမ်းအင်ကူးပြောင်းခြင်းနဲ့ ဆွဲငင်အားမှန်ဘီလူးတွေသာမရှိခဲ့ရင် ငါ သေချာပေါက်ပျက်စီးသွားမှာပဲ။ ဒါတင်မကသေးဘူး ဒီအရာက ငါ့ကို တခြားတားမြစ်ပစ္စည်းတွေ ထိန်းချုပ်တာကိုတောင် တားဆီးပေးနိုင်သေးတယ်၊၊ တကယ်ကို ထူးဆန်းလွန်းတယ်”

[ရှင့်ရဲ့ သုံးသပ်ချက်က မှန်ကန်ပါတယ်၊၊ ရှင့်ကို ပစ်မှတ်ထားနေတဲ့ အမှောင်ဂိုဏ်းရဲ့ လူသားအုပ်စုရှုထောင့်ကနေ ကြည့်ရင် ရှင့်ရဲ့ ငွေကျည်ဆန်ကို တားဆီးတာ၊ တောင်ဘက်ကောင်းကင်ဂိတ်ကို ပိတ်တာနဲ့ ရှင့်ကို သတ်တာတွေက သူတို့အတွက် အကျိုးအမြတ်အများကြီးရှိမယ့်လုပ်ရပ်တွေပဲ၊၊ ဒါပေမဲ့ သူတို့ ရှုံးနိမ့်သွားခဲ့တယ်]

လင်းရှန် အနက်ရောင်ဂီယာကို ကြည့်ရင်း အနည်းငယ် စဉ်းစားမရဖြစ်နေသည်။

စိတ်ရှုပ်စရာ အချိန်ရေတွက်မှုမရှိတော့သည့်နောက်မှာ လင်းရှန်အနေနဲ့ ထိုအနက်ရောင်ဂီယာမှတစ်ဆင့် တစ်စုံတစ်ခုသောစွမ်းအားနဲ့ ချိတ်ဆက်မိနေသလို ခံစားနေရသည်။ ချန်ယန်ရွှီက ဒီပစ္စည်းကို သူ့ဆီ ဘယ်လိုလွှဲပြောင်းပြီး ထိန်းချုပ်စေခဲ့တာလဲဆိုတာကို သူ မသိသေးချေ။ ယခုအချိန်အထိ ၎င်းကို ဘယ်လိုသုံးရမလဲဆိုသည်ကို မသိသေးတာက အတော်လေးစိတ်ရှုပ်စရာကောင်းနေသည်။ သို့သော် အချိန်ရေတွက်မှုရပ်တန့်သွားပြီးနောက်မှာတော့ သူ သက်ပြင်းချနိုင်ခဲ့သည်။ သူ့မှာ စိုးရိမ်စရာတွေ အများကြီးရှိနေသေးသဖြင့် ချက်ချင်းကြီး အဖြေရှာရန် မလောတော့ချေ။ ယခုအချိန်မှာ အရေးကြီးဆုံးကတော့ ဤကဲ့သို့ရှားပါးလှသည့် ညအချိန်နဲ့ ကျွန်းပေါ်မှာရှိသည့် များပြားလှသော ရိက္ခာပစ္စည်းများကို အကောင်းဆုံး အသုံးချရန်ပင်၊၊

All Chapters