← Chapters

အခန်း ၂၄၆

Vol. 25 Ch. 246

အခန်း ၂၄၆

Vol. 25 Ch. 246

အခန်း (၂၄၆)

ချွမ်မိသားစု၏ ဘိုးဘွားအမွေအနှစ်

လုံယု ထွက်ခွာသွားပြီးနောက် အဘိုးချွမ်သည် သူ၏ ဇနီးအား ကြည့်ကာ မေးလိုက်၏။

"မိန်းမ...၊ ငါတို့မိသားစုရဲ့ ဘိုးဘွားအမွေအနှစ်က မင်းဆီမှာပဲ ရှိသေးလား...။”

သူမ၏ ခင်ပွန်းသည်က ဘိုးဘွားအမွေအနှစ်အကြောင်း မေးမြန်းသည်ကို ကြားသောအခါ အဖွားချွမ် သည် အံ့အားသင့်သွားခဲ့လေသည်။ သူမသည် ခင်ပွန်းဖြစ်သူ၏ ပိန်လှီသော လက်ကလေးကို ဆုပ်ကိုင် ရင်း မေးလိုက်လေ၏။

"ရှင် တကယ်ပဲ အဲဒါကို ရေနဲ့ လဲတော့မလို့လား...။”

အဘိုးချွမ်က ခေါင်းညိတ်ပြသည်ကို မြင်သောအခါ သူမ၏ မျက်ဝန်းများ နီမြန်းလာပြီး ပြောလိုက်လေ သည်။

"ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီကတည်းက ရှိခဲ့တဲ့ ရှင့်မိသားစုရဲ့ အမွေအနှစ်လေ...။ ဒါကို ရေနဲ့ ဘယ်လိုလုပ် လဲရက်နိုင်မှာလဲ...။”

အဘိုးချွမ်က သူမ၏ လက်ကို အသာအယာ ပုတ်ကာ သက်ပြင်းချလိုက်လေ၏။

"မိန်းမ...၊ ငါတို့မှာ စားစရာရော သောက်စရာရော မရှိတော့ဘူး...။ ယွမ်ဝေ့ကိုလည်း ဘာမှမစား မသောက်ဘဲ နေ့တိုင်း အပြင်ကို မလွှတ်နိုင်ဘူး...။ ငါတို့ကတော့ အသက်ရှင်သင့်သလောက် ရှင်ပြီး ပြီဆိုတော့ သေရမယ်ဆိုလည်း ကိစ္စမရှိပါဘူးကွာ...။”

သူသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အက်ရှရှအသံဖြင့် ဆက်ပြောလိုက်လေသည်။

"ဒါပေမဲ့ ယွမ်ဝေ့ကရော...၊ သူက ချစ်သူတောင် မရသေးဘူးလေ...။ သေဖို့အတွက် သူက အရမ်းငယ် ပါသေးတယ်...။”

သူမ တုံ့ဆိုင်းနေသည်ကို မြင်သောအခါ အဘိုးချွမ်က ထပ်လောင်းပြောလိုက်လေ၏။

"မိန်းမ... ဒါက အသုံးအဆောင် ပစ္စည်းတစ်ခုပဲလေ...။ စားလို့လည်း မရဘူး...၊ ဒါပေမဲ့ ရေနဲ့ စားစရာ ကတော့ ငါတို့မြေးရဲ့ အသက်ကို ကယ်တင်နိုင်တယ်လေ...၊ သူအသက်ရှင်ဖို့အတွက်ဆိုရင် ဒါကို လဲဖို့ငါ ဆန္ဒရှိပါတယ်...။”

အဖွားချွမ်သည် ဝမ်းနည်းစွာဖြင့် သက်ပြင်းချလိုက်ပြီး နောက်ဆုံးတွင် ပြောလိုက်လေသည်။

"ကောင်းပါပြီ...၊ ခဏနေရင် ကျွန်မ အဲဒီလက်စွပ်ကို အထပ် (၂၀) ဆီ ယူသွားလိုက်ပါမယ်...။”

အဘိုးချွမ်က ခေါင်းညိတ်ပြကာ သူမ၏ လက်ကို တစ်ဖန် ပြန်ပုတ်ပေးလိုက်ပြီးနောက် စင်္ကြံလမ်းရှိ ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့ ငေးကြည့်နေမိလေတော့သည်။ သူသည် သက်ပြင်းတစ်ချက် ထပ်မံချလိုက်ရင်း တိုးတိုးလေး ရေရွတ်နေမိတော့၏။

"ဤဘေးအန္တရာယ်တွေက ဘယ်တော့မှ ပြီးဆုံးမှာလဲ...။”

ဤဘေးဒုက္ခများ မည်သည့်အချိန်တွင် ပြီးဆုံးမည်ကို မည်သူမျှ မသိနိုင်သဖြင့် အဖွားချွမ်သည်လည်း သူ၏ မေးခွန်းကို ပြန်မဖြေနိုင်ခဲ့ပေ။ သူမက ၊

"အဖိုးကြီး...၊ အိမ်ထဲ ပြန်ဝင်ရအောင်လေ...။” ဟုသာ ပြောလိုက်တော့သည်။

လုံယု အထပ် (၁၉) သို့ တစ်ဖန် ပြန်ရောက်လာသောအခါ အဘိုးချွမ်နှင့် အဖွားချွမ်တို့ကို မတွေ့ရတော့ သဖြင့် သူသည် အောက်ထပ်သို့ ဆက်လက် ဆင်းသွားခဲ့၏။

လုံယုသည် ရေအားလုံးကို အထပ် (၂၀) သို့ သယ်ဆောင်ရန် တစ်နာရီကျော် အချိန်ယူခဲ့ရလေသည်။ သူ ၏ လေစွမ်းအင်ကြောင့် သူသည် လျင်မြန်စွာ လမ်းလျှောက်နိုင်ပြီး ရေပုံးများ၏ အလေးချိန်ကိုလည်း လျှော့ချနိုင်ခဲ့လေ၏။ မဟုတ်ပါက သူသည် ဤထက် ပိုမိုကြာမြင့်စွာ အချိန်ယူရမည် ဖြစ်သည်။

အဆောက်အအုံ နောက်ဘက်ရှိ ကားပါကင်တွင် ထရပ်ကားကို ရပ်နားကာ ဓာတ်ဆီများကို စုပ်ထုတ် ပြီးနောက် လုံယုသည် တံခါးကို ပိတ်ကာ အိမ်သို့ ပြန်လာခဲ့လေသည်။ သူ အထပ် (၂၀) သို့ ရောက်ရှိသော အခါ ယောင်ရန်သည် သူမ၏ အိမ်ရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရ၏။

လုံယုသည် သူမထံသို့ လျှောက်သွားလိုက်ရာ သူမ၏ လက်ဖဝါးထဲတွင် ကျောက်စိမ်းလက်စွပ်တစ်ကွင်း ကို တွေ့လိုက်ရသဖြင့် မေးလိုက်လေသည်။

"ရန်ရန်... ဒါက အဖွားချွမ် ပေးလိုက်တာလား...။”

ယောင်ရန်က ခေါင်းညိတ်ပြကာ ၊

"ဟုတ်တယ်... ဒါက အဘိုးချွမ်တို့ မိသားစုရဲ့ အမွေအနှစ် လက်စွပ်ပဲတဲ့...။ အဲဒါကို ရေနဲ့ စားစရာတွေနဲ့ လဲချင်လို့တဲ့...၊ အဖွားချွမ်ရဲ့ ပုံစံကို ကြည့်ရတာ သူတို့ ဘာမှမစားမသောက်ရတာ အနည်းဆုံး နှစ်ရက် လောက် ရှိနေပြီ ထင်တယ်...။”

သူမသည် သက်ပြင်းချကာ လုံယုကို ကြည့်ရင်း မေးလိုက်လေသည်။

"လုံယု...၊ သူတို့ဆီကို ရေနဲ့ စားစရာအချို့ သွားပို့ပေးလို့ ရမလား...။”

လုံယုက ခေါင်းညိတ်ကာ ၊ "ကောင်းပါပြီ...။” ဟု ပြန်ပြောလိုက်၏။

ယောင်ရန်သည် သူမ၏ နေရာလွတ်ထဲမှ အအေးဒဏ်ခံ အာလူး ကီလိုဂရမ် (၁၀၀)၊ အသီးအရွက်ခြောက် (၅) ကီလိုဂရမ်၊ ဝက်သားခြောက် (၂) ကီလိုဂရမ်နှင့် ရောစပ်ထားသော ရေ (၂၀၀) လီတာတို့ကို ထုတ်ယူ ၍ စင်္ကြံလမ်း၌ ချထားလိုက်လေသည်။

အရာအားလုံး အဆင်သင့် ဖြစ်သောအခါ လုံယုသည် ထိုထောက်ပံ့ရေး ပစ္စည်းများကို အခန်းအမှတ် (၁၉၀၂) သို့ သယ်ဆောင်သွားခဲ့၏။ သူ ပစ္စည်းများ သွားပို့နေစဉ်တွင် ယောင်ရန်သည် အခန်းအမှတ် (၂၀၀၁) သို့ ဦးတည်လိုက်လေသည်။

ယောင်ရန် တံခါးခေါက်လိုက်သောအခါ ခေတ္တအကြာတွင် တန်ချီချီက တံခါးဖွင့်ပေး၏။ သူမကို မြင်သောအခါ တန်ချီချီက အံ့အားသင့်သွားပြီး မေးလိုက်လေသည်။ ၊

"မမယောင်ရန်...၊ မမတို့ စောစော ပြန်ရောက်လာတာလား...။”

ယောင်ရန်က စင်္ကြံလမ်းရှိ ရေပုံးများကို ညွှန်ပြကာ ၊

"ငါတို့ လူတိုင်းအတွက် လုံလောက်တဲ့ ရေတွေ သယ်လာခဲ့တယ်...။”

တန်ချီချီသည် ကြည်လင်သော ရေများ ပြည့်နေသည့် ပုံးများကို ကြည့်ကာ ၊

"ကျေးဇူးတင်ပါတယ် မမယောင်ရန်...။ မမ သွားနားလိုက်ပါတော့...၊ ဒါတွေကို ကျွန်မဘာသာပဲ အထဲ သယ်လိုက်ပါ့မယ်...။”

တန်ချီချီ၏ ပတ်တီးစီးထားသော ခြေထောက်ကို ကြည့်ကာ ယောင်ရန်က တားလိုက်၏။

"နင့်ခြေထောက် ဒဏ်ရာနဲ့ ဒီလို အလေးအပင်တွေ မမသင့်ဘူး...။ အခန်းထဲပြန်ပြီး အနားယူလိုက်ပါ...။ လုံယုကို ရေတွေ သယ်ပေးဖို့ ငါပြောလိုက်ပါမယ်...။”

တန်ချီချီသည် အားနာသော်လည်း ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်ကာ ၊

"ကျေးဇူးတင်ပါတယ် မမယောင်ရန်...၊ ဒါဆို ကျွန်မ အခန်းထဲ အရင်ဝင်နှင့်ပါ့မယ်...။”

ယောင်ရန်က ၊ "သွားလေ...။” ဟု ပြောလိုက်၏။

တန်ချီချီ အခန်းတံခါး ပိတ်သွားပြီးနောက် ယောင်ရန်သည် ရေပုံးများကို သူမ၏ နေရာလွတ်ထဲသို့ ထည့် လိုက်လေသည်။ ထို့နောက် သူမသည် အခန်းအမှတ် (၂၀၀၁) ၏ ဧည့်ခန်းသို့ ဝင်သွားကာ ရေပုံးများ အားလုံးကို ထောင့်တစ်နေရာ၌ ချထားလိုက်လေ၏။ ပုလင်းများ၊ ပုံးများနှင့် အိုးများကို ထိုနေရာတွင် စုပုံထားခဲ့ပြီးနောက် သူမသည် တံခါးကို ပိတ်ကာ ထွက်လာခဲ့လေသည်။

အိမ်သို့ ပြန်ရောက်သောအခါ သူမသည် နေရာလွတ်အတွင်းရှိ စိုက်ပျိုးရေးမြေနှင့် တိရစ္ဆာန်များကို စစ်ဆေးရန် ဝင်ရောက်ခဲ့၏။ တိရစ္ဆာန်များမှာ ကြီးထွားလာပြီး အကောင်အသစ်များလည်း မွေးဖွားလာ သည်ကို တွေ့ရသဖြင့် သူမသည် ၎င်းတို့ကို စတင် စီမံလိုက်လေသည်။

နောက်ဆုံးအဆင့် မြှင့်တင်ပြီးကတည်းက သူမ၏ စိုက်ပျိုးရေးမြေအတွင်းရှိ အချိန်စီးဆင်းမှုမှာ ပြင်ပ ကမ္ဘာထက် ငါးဆခန့် ပိုမိုမြန်ဆန်နေပြီး မြက်ခင်းပြင်နှင့် ငါးကန်တို့တွင် သုံးဆခန့် ပိုမိုမြန်ဆန်နေပေ၏။

ထို့ကြောင့် ယောင်ရန်သည် ကောက်ပဲသီးနှံ အများစုကို တစ်လလျှင် အနည်းဆုံး နှစ်ကြိမ်ခန့် ရိတ်သိမ်း နိုင်လေသည်။ တိရစ္ဆာန်များကိုလည်း နှစ်လတစ်ကြိမ် သိမ်းနိုင်ပြီး ငါးကန် ပြည့်သွားသည့် အခါမှသာ ငါးများကို ဖမ်းယူလေ့ရှိ၏။

အလုပ်များ ပြီးစီးပြီးနောက် ယောင်ရန်သည် ရေချိုးကာ နေရာလွတ်ထဲမှ ထွက်လာခဲ့လေသည်။

လုံယု သူမထံသို့ ရောက်မလာသည်ကို မြင်သောအခါ သူမသည် သူ့ကို သွားရှာခဲ့၏။ သူ၏ အိမ်တွင် လည်း မတွေ့ရသဖြင့် သူမသည် နေရာလွတ်ထဲမှ အပူထိန်း ထမင်းဘူး အချို့ကို ထုတ်ယူလိုက်လေ သည်။

သူမသည် ထိုဘူးများထဲတွင် သခွားသီးသုပ်၊ သရက်သီး နို့ပူတင်း၊ ကြက်သား ဆလတ်ရွက်ထုပ်၊ မာပို တို့ဖူး နှင့် စီချွမ်း ခေါက်ဆွဲအေးတို့ကို ဖြည့်လိုက်၏။ ထမင်းဘူးများကို ဖော့ဗူးတစ်ခုအတွင်း ထည့်ပြီး နောက် သူမသည် လုံခြုံစွာ ပိတ်လိုက်လေသည်။

ပြန်မလာခင်တွင် ယောင်ရန်သည် လုံယုအတွက် စားစရာများအကြောင်း မှတ်စုတစ်ခု ရေးသားခဲ့ပြီး ထိုဗူးကို သူ၏ အိပ်ခန်းတံခါးဘေး၌ ထားခဲ့၏။

အိမ်သို့ ပြန်ရောက်သောအခါ သူမသည် ဝါးကုတင်ပေါ်တွင် ထိုင်ကာ ကုတင်ဘေးစားပွဲပေါ်ရှိ ကျောက်စိမ်းလက်စွပ်ကို ထုတ်ယူလိုက်လေသည်။ သူမသည် ၎င်းကို အချိန်အတော်ကြာ စိုက်ကြည့်နေ ပြီးနောက် နေရာလွတ်ထဲသို့ ထည့်လိုက်၏။

ထို့နောက် ယောင်ရန်သည် သူမ၏ ဝါးကုတင်ပေါ်၌ လှဲလျောင်းလိုက်ရာ ခေါင်းနှင့် ခေါင်းအုံး ထိသည်နှင့် တစ်ပြိုင်နက် အိပ်ပျော်သွားတော့သည်။

ညနေပိုင်းတွင် ရှီရွှမ်းနှင့် ကျားရှန်းတို့ ပြန်ရောက်လာကြ၏။ အပြင်ဘက်မှ ဆူညံသံများကို ကြားရသော အခါ ယောင်ရန်သည် အပြင်သို့ ထွက်လာခဲ့ရာ အနံ့ဆိုးကြောင့် မူးမေ့မတတ် ဖြစ်သွားရလေသည်။

တန်ချီချီနှင့် လုံယုတို့လည်း ထိုနေရာတွင် ရှိနေသည်ကို တွေ့ရသဖြင့် သူမသည် ရှီရွှမ်းနှင့် ကျားရှန်းတို့ကို ကြည့်ကာ မေးလိုက်၏။

"ရှင်တို့ ဘယ်တွေသွားနေကြတာလဲ... ၊ ဘာလို့ ဒီလောက်တောင် အနံ့ဆိုးထွက်နေရတာလဲ...။”

ကျားရှန်းက ယောင်ရန်၏ မေးခွန်းကို နားထောင်ပြီးနောက် မောပန်းနွမ်းနယ်စွာဖြင့် သက်ပြင်းချကာ ပြန်ဖြေလိုက်တော့သည်။

"ဒါက ပြောရရင် ရှည်တယ်ဗျ...။”

All Chapters