အခန်း ၃၃
Vol. 4 Ch. 33
အခန်း (၃၃)
ဤသည်မှာ အင်မော်တယ်တို့၏ ဘဝပင် ဖြစ်ပေသည်
ပိုင်ကျီရိုနှင့် လျူရူမေတို့သည် ပိုင်ရွှီကျန်း၏ ကလေးဆန်သော အပြုအမူကြောင့် ရယ်လိုက်မိကြလေသည်။
ဖန်းဟန်၏ လက်ဖဝါးထဲရှိ ဖြူဖွေးပြီး မွှေးပျံ့နေသော အမြှုပ်များကို ကြည့်ရင်း သူမ၏ မျက်လုံးများတွင် စူးစမ်း ချင်စိတ်များဖြင့် ပြည့်နှက်နေခဲ့လေ၏။
ဖန်းဟန်က ပြုံးလိုက်ပြီး သူ၏လက်ပေါ်ရှိ အမြှုပ်များကို ရေဖြင့် ဆေးချလိုက်လေသည်။
ထို့နောက် သူသည် အရောင်နှင့် အနံ့မတူညီသော ကျန်ရှိနေသည့် ဆပ်ပြာအမွှေးတုံးများကို သူတို့ထံသို့ ဝေငှပေး လိုက်လေ၏။
“အားလုံးပဲ စမ်းသုံးကြည့်ကြ...၊ ပြီးတော့ ဒါလေးလည်း ယူသွားကြဦး...။”
ထို့နောက် သူသည် ထောက်ပံ့ရေးပစ္စည်းများကြားမှ ထူးဆန်းသော ပုံစံများပါရှိသည့် ပုလင်းအချို့ကို ထုတ်ယူ လိုက်လေသည်။
“ဒါက ခေါင်းလျှော်ဖို့အတွက်ပဲ...၊ ဆပ်ပြာထက် အဆပေါင်းသန်းချီပြီး ပိုကောင်းတယ်...။”
...
ယာယီရေချိုးခန်းလေးထဲတွင် ညအချိန်သို့ ရောက်ရှိလာခဲ့လေ၏။
လေထုထဲတွင် ရေနွေးငွေ့များ ထောင်းထောင်းထနေပြီး ရေစီးသံလေးများက တိုးညင်းစွာ ထွက်ပေါ်နေလေ သည်။
လေထုထဲတွင် ယခင်က တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသော ရစ်မူးဖွယ်ကောင်းသည့် မွှေးရနံ့များ ပြည့်နှက်နေပြီး ၎င်းမှာ နှင်းဆီ၊ စံပယ်နှင့် ချိုမြိန်သော သစ်သီးရနံ့တို့ ရောနှောနေခြင်းပင် ဖြစ်ပေသည်။
အမျိုးသမီးသုံးဦး ရေချိုးပြီးစီးကာ သန့်ရှင်းသော အဝတ်အစားများ လဲလှယ်ဝတ်ဆင်ပြီးနောက် သူတို့သည် လင်းထိန်နေသော အခန်းထဲတွင် ထိုင်ရင်း တစ်ဦး၏ စိုစွတ်နေသော ဆံပင်များကို အခြားတစ်ဦးက သပ်ရပ် အောင် ပြုလုပ်ပေးနေကြလေသည်။
“အစ်မ...၊ ညီမရဲ့ ဆံပင်လေးကို ကိုင်ကြည့်ပါဦး...။”
ပိုင်ရွှီကျန်းက သူမ၏ ရှည်လျားပြီး နက်မှောင်နေသော ဆံနွယ်များကို ရတနာတစ်ပါးကဲ့သို့ ပိုင်ကျီရိုထံသို့ ပြသ လိုက်လေ၏။
ပိုင်ကျီရိုက သူမ၏ သွယ်လျသော လက်ချောင်းလေးများကို ဆန့်ထုတ်ကာ ဆံနွယ်များကြားသို့ ညင်သာစွာ ထိုးဖွ လိုက်လေသည်။ လက်ချောင်းထိပ်လေးများတွင် ခံစားလိုက်ရသည်မှာ မယုံကြည်နိုင်လောက်အောင် နူးညံ့ချော မွေ့နေခြင်းပင် ဖြစ်ပေသည်။
ဆံနွယ်များမှာ ခြောက်သွေ့ရှုပ်ထွေးနေခြင်း အလျဉ်းမရှိဘဲ ချောမွေ့ကာ ပေါ့ပါးနေလေ၏။
၎င်းသည် စီးဆင်းနေသော လရောင်များကို ဆုပ်ကိုင်ထားရသည့်အလား လက်ချောင်းများကြားမှ လျှောတိုက် ဆင်းသွားခဲ့လေသည်။
“ဒါက...။”
ပိုင်ကျီရိုမှာ အံ့အားသင့်သွားခဲ့ရပေသည်။ သူမသည် သူမ၏ဆံပင်ကို ထပ်မံကိုင်ကြည့်လိုက်ရာ တူညီသော ခံစား ချက်ကို ရရှိလိုက်လေ၏။
သူမသည် အသက် (၂၀) တိုင်တိုင် နေထိုင်လာခဲ့ပြီး အကောင်းဆုံး ဆပ်ပြာများနှင့် အကောင်းဆုံး ခေါင်းလိမ်းဆီ များကို အသုံးပြုခဲ့ဖူးပေသည်။ သို့သော် ယခုကဲ့သို့သော အတွေ့အကြုံမျိုးကို တစ်ကြိမ်တစ်ခါမျှ မကြုံဖူးခဲ့ပေ။
“အစ်မမေအာရဲ့ ဆံပင်တွေက အရမ်းချောမွေ့ပြီး မွှေးနေတာပဲ...။”
ပိုင်ရွှီကျန်းသည် လျူရူမေ၏ အနီးသို့ တိုးကပ်သွားကာ သူမ၏ နှာခေါင်းလုံးလုံးလေးဖြင့် ဆံနွယ်များကို နမ်းရှိုက်လိုက်ရာ သူမ၏ မျက်နှာလေးပေါ်တွင် ပျော်ရွှင်ကြည်နူးမှုများဖြင့် ပြည့်နှက်သွားခဲ့လေသည်။
လျူရူမေသည် ခေါင်းငုံ့လိုက်ပြီး သူမ၏ ဆံနွယ်များမှ ယခင်က မရှိဖူးသော ချောမွေ့မှုနှင့် ခန္ဓာကိုယ်မှ ထွက်ပေါ် နေသည့် ခပ်သင်းသင်း မွှေးရနံ့လေးကို ခံစားလိုက်လေ၏။
မူလကတည်းက တင့်တယ်လှပလှသော ထိုမျက်နှာလေးမှာ ဖယောင်းတိုင်အလင်းရောင်အောက်တွင် ပို၍ပင် ဆွဲဆောင်မှုရှိကာ ညို့ယူဖမ်းစားနိုင်စွမ်း ရှိနေလေတော့သည်။
သူမသည် မှန်ထဲမှ မိမိကိုယ်ကိုယ် ပြန်လည်ကြည့်ရှုလိုက်ရာ အသားအရေမှာ တောက်ပနေသည့်အလား ထင်မှတ်ရပေသည်။
သူမသည် ဖန်းဟန်ထံသို့ ထပ်မံကြည့်ရှုလိုက်ရာ သူမ၏ မျက်ဝန်းများထဲတွင် ရေအဖြစ်သို့ အရည်ပျော်ကျ သွားမတတ် နူးညံ့ကြင်နာမှုများဖြင့် ပြည့်နှက်နေခဲ့လေ၏။
ဤအမျိုးသားသည် သူမကို ငရဲခန်းထဲမှ ဆွဲထုတ်ကယ်တင်ပေးခဲ့ရုံသာမကပေ။ သူမ နားမလည်နိုင်သော နည်းလမ်းများဖြင့် သူမကို ပို၍ပို၍ ကောင်းမွန်လာစေရန် ပြုလုပ်ပေးနေဆဲပင် ဖြစ်လေသည်။
သူတို့သုံးဦးသည် တစ်ဦးကိုတစ်ဦး ကြည့်ရှုလိုက်ကြပြီး ယခင်က မရှိဖူးသော တောက်ပဝင်းပနေသည့် အသွင် အပြင်များကို အပြန်အလှန် ချီးကျူးနေမိကြလေ၏။
သူတို့၏ မျက်ဝန်းများထဲတွင် အံ့အားသင့်မှုများသာမက လျှံကျမတတ် ပျော်ရွှင်မှုများပါ ပြည့်နှက်နေခဲ့လေ သည်။
[ဒင်...။ ပိုင်ကျီရို၏ ပျော်ရွှင်မှုတန်ဖိုး (+၂၀) ၊ ကမ္ဘာနှစ်ခုကြားတံခါးစွမ်းအင် (+၂၀)...။]
[ဒင်...။ ပိုင်ရွှီကျန်း၏ ပျော်ရွှင်မှုတန်ဖိုး (+၂၀) ၊ ကမ္ဘာနှစ်ခုကြားတံခါးစွမ်းအင် (+၂၀)...။]
[ဒင်...။ လျူရူမေ၏ ပျော်ရွှင်မှုတန်ဖိုး (+၂၀) ၊ ကမ္ဘာနှစ်ခုကြားတံခါးစွမ်းအင် (+၂၀)...။]
ညနက်လာသောအခါ ဖန်းဟန်သည် ကုတင်ခေါင်းရင်းကို မှီကာ ရှေးခေတ် ဧကရာဇ်များသာ ရရှိနိုင်သည့် အခွင့် အရေးများကို ခံစားနေခဲ့လေ၏။
ပိုင်ကျီရိုက အပူချိန် အနေတော်ရှိသော ရေနွေးတစ်ဇလုံကို ယူဆောင်လာပြီး သူ၏ ပါးပြင်နှင့် လက်များကို ဂရု တစိုက် သုတ်သင်ပေးလေသည်။
သူမ၏ လှုပ်ရှားမှုများမှာ ညင်သာလှပြီး သူမ၏ အကြည့်များမှာလည်း ရှားပါးရတနာတစ်ပါးကို ကိုင်တွယ် နေရသည့်အလား အလွန်ပင် စူးစိုက်နေခဲ့ပေ၏။
ပိုင်ရွှီကျန်းမှာမူ တက်ကြွနေသော ကြောင်ပေါက်လေးတစ်ကောင်ကဲ့သို့ သူ၏ အနောက်တွင် ဒူးထောက်ထိုင် နေပြီး သူမ၏ လက်သီးဆုပ်လေးများကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလေသည်။ သူမသည် သူ၏ တောင့် တင်းသော ပခုံးနှင့် ကျောပြင်ကို ထုနှက်နှိပ်နယ်ပေးရင်း သံစဉ်မမှန်သော်လည်း ရွှင်လန်းဖွယ်ကောင်းသော တေးသီချင်းတစ်ပုဒ်ကို ခပ်တိုးတိုး ညည်းဆိုနေခဲ့လေ၏။
လျူရူမေမှာမူ သူ၏ ခြေရင်းတွင် တိတ်ဆိတ်စွာ ဒူးထောက်နေလေသည်။ သူမသည် သစ်သားရေဇလုံငယ် တစ်ခု ကို ကိုင်ဆောင်ထားပြီး ဖန်းဟန်၏ ခြေထောက်များကို ရေနွေးထဲသို့ ညင်သာစွာ ထည့်ပေးလိုက်လေ၏။
ထို့နောက် သူမ၏ အရိုးမဲ့နေသကဲ့သို့ နူးညံ့ချောမွေ့လှသော လက်ကလေးများဖြင့် သူ၏ တစ်နေ့တာ ပင်ပန်း နွမ်းနယ်မှုများကို ဆေးကြောပေးလေတော့သည်။
သူမ၏ ခေါင်းမှာ အောက်သို့ ငိုက်ကျနေပြီး သူမ၏ နက်မှောင်သော ဆံနွယ်များက ပခုံးပေါ်သို့ ဖုံးလွှမ်းကျဆင်း နေကာ သူမ၏ မျက်နှာအမူအရာမှာ စူးစိုက်ပြီး ကိုင်းရှိုင်းနေပုံပေါ်လေသည်။
သူမတွင် အခြားမည်သည့် တွေးတောမှုမျှ မရှိဘဲ ဤအမျိုးသား၏ ခြေထောက်များကို ဆေးကြောပေးခွင့် ရခြင်း ကပင် သူမဘဝ၏ အကြီးမားဆုံး ဂုဏ်ကျက်သရေတစ်ခု ဖြစ်နေသည့်အလားပင် ဖြစ်ချေသည်။
အခန်းတွင်းရှိ ဖယောင်းတိုင်အလင်းရောင်မှာ နွေးထွေးကာ တိတ်ဆိတ်အေးချမ်းနေလေ၏။
အလွန်တင့်တယ်လှပသော အလှတရားပိုင်ရှင် သုံးဦး၊ တစ်ဦးက ရေကဲ့သို့ နူးညံ့ပြီး၊ တစ်ဦးက မီးကဲ့သို့ တက်ကြွ ကာ၊ အခြားတစ်ဦးက တိမ်တိုက်ကဲ့သို့ လိုက်လျောညီထွေရှိလှပေသည်။
သူတို့တစ်ဦးစီတွင် ကိုယ်ပိုင်တာဝန်များ ရှိကြသော်လည်း အချင်းချင်း ပြီးပြည့်စုံစွာ ပူးပေါင်းဆောင်ရွက် နေကြလေသည်။
လေထုထဲတွင် ရေချိုးပြီးနောက် ထွက်ပေါ်လာသော သူတို့၏ ခန္ဓာကိုယ်များမှ သင်းပျံ့သည့် မွှေးရနံ့များသာမက အိမ် ဟု ခံစားရစေသော နွေးထွေးသည့် ရနံ့တို့ပါ ပြည့်နှက်နေလေ၏။
ဖန်းဟန်သည် မျက်လုံးများကို မှိတ်ကာ ဤအဆုံးစွန်သော နူးညံ့ကြင်နာမှု ကမ္ဘာလေးကို အရသာခံနေရင်း သူ၏ နှလုံးသားထဲတွင် ကြီးမားလှသော ကျေနပ်မှုနှင့် ပိုင်ဆိုင်မှုခံစားချက်များ တဖွားဖွား ပေါ်ပေါက်လာခဲ့လေသည်။
ခေတ်သစ်ကာလတွင်ဆိုလျှင် သူသည် အချိန်ပြည့် ကွန်ပျူတာနှင့်သာ အချိန်ဖြုန်းနေတတ်သော အထီးကျန် ဂိမ်းသမားတစ်ဦးသာ ဖြစ်နေပေလိမ့်မည်။
သို့သော် ဤနေရာတွင်မူ သူသည် တစ်ကမ္ဘာလုံးကို ပိုင်ဆိုင်ထားသူ ဖြစ်နေလေတော့သည်။
ရေချိုးသန့်စင်ပြီးနောက် ဖန်းဟန်သည် သူ၏ ဘေးပတ်လည်တွင် ထိုင်နေကြသော နာခံမှုရှိသည့် အမျိုးသမီး သုံးဦးကို ကြည့်လိုက်လေ၏။
သူက ပြုံးလိုက်ပြီး မှော်ဆန်သည့်အလား သူ၏ အိတ်ကပ်ထဲမှ တောက်ပနေသော ဖန်စက္ကူ ဖြင့် ထုပ်ပိုးထား သည့် တုတ်ချောင်းငယ်သုံးချောင်းကို ထုတ်ယူလိုက်လေသည်။
“ရော့...၊ ဒါက မင်းတို့အတွက် ဆုချတာပဲ...။”
သူသည် ထိုစုပ်လုံးချိုချဉ်များကို သူတို့သုံးဦးထံသို့ ဝေငှပေးလိုက်လေသည်။
“ခဲအို...၊ ဒါက ဘယ်လို မှော်ဆန်တဲ့ သကြားလုံးမျိုးလဲ...။”
ပိုင်ရွှီကျန်းက စူးစမ်းချင်စိတ်ဖြင့် ယူလိုက်ပြီး အရောင်အသွေး စုံလင်သော ထုပ်ပိုးစက္ကူကို ဆုတ်ဖြဲလိုက် လေ၏။
ကြည်လင်တောက်ပနေသော ပတ္တမြားရောင် စက်လုံးလေးတစ်ခုက သူမ၏ မျက်စိရှေ့တွင် ပေါ်လာခဲ့လေသည်။ သူမသည် ဖန်းဟန် လုပ်ပြသည့်အတိုင်း အတုခိုးကာ သူမ၏ ပန်းရောင်သန်းနေသော လျှာလေးကို ထုတ်၍ ဂရု တစိုက် လျှာဖြင့်လျက်ကြည့်လိုက်လေ၏။
နောက်တစ်စက္ကန့်တွင်မူ သူမ၏ မျက်လုံးလေးများ ချက်ချင်းပင် ပြူးကျယ်သွားခဲ့ရလေတော့သည်။ ယခင်က မကြုံဖူးလောက်အောင် ကြွယ်ဝပြီး အလွန် ပြင်းထန်သော အချိုနှင့် အချဉ်အရသာရှိသည့် သစ်သီးရနံ့က သူမ၏ ပါးစပ်ထဲတွင် ပျံ့နှံ့သွားခဲ့လေ၏။
ထိုအရသာမှာ လွှမ်းမိုးနိုင်စွမ်းရှိပြီး ပျော်ရွှင်မှုကြောင့် ခေါင်းမူးသွားစေမတတ် သန့်စင်ပြီး ကြည်နူးဖွယ်ကောင်း သော ချိုမြိန်မှုမျိုး ဖြစ်ပေသည်။
“အင်း...။”
ကောင်မလေးသည် ပျော်ရွှင်လွန်းသဖြင့် မျက်လုံးလေးများကို မှေးစင်းထားကာ ဝမ်းသာကြည်နူးမှုကြောင့် အရည်ပျော်ကျသွားမတတ် ဖြစ်နေခဲ့လေသည်။
မိမိ၏ အစားအစာကို ကာကွယ်နေသော ရှဉ့်ကလေးတစ်ကောင်ကဲ့သို့ ထိုစုပ်လုံးချိုချဉ်လေးကို ဆုပ်ကိုင်ထား ရင်း သူမသည် အောက်သို့ လွှတ်မချချင်တော့ပေ။
ပိုင်ကျီရိုနှင့် လျူရူမေတို့သည် သူမ၏ သနားစရာကောင်းသော အမူအရာလေးကို ကြည့်ပြီး မရယ်ဘဲ မနေနိုင် အောင် ဖြစ်သွားခဲ့ရကာ သူတို့သည်လည်း ထူးဆန်းသော သကြားလုံးများကို ပါးစပ်ထဲသို့ ထည့်လိုက်ကြ လေသည်။
ထိုသန့်စင်ပြီး ပြီးပြည့်စုံသော ချိုမြိန်မှုက လျှာဖျားပေါ်တွင် အရည်ပျော်သွားသောအခါ။
တည်ငြိမ်လှသော ပိုင်ကျီရိုပင်လျှင် သူမ၏ နူးညံ့ပြီး လှပသော မျက်နှာလေးပေါ်တွင် မိန်းမပျိုလေးတစ်ဦး၏ ရှက်သွေးဖြာမှုနှင့် ကျေနပ်မှုတို့ ရောယှက်နေသော ဆွဲဆောင်မှုရှိသည့် အသွင်အပြင်ကို မတားဆီးနိုင်တော့ပေ။
လျူရူမေ၏ မျက်ဝန်းများတွင်မူ မျက်ရည်များ ဝဲတက်လာခဲ့ပြီး ထိုချိုမြိန်မှုက သူမ၏ နှလုံးသားထဲအထိ တိုက်ရိုက် ထိတွေ့သွားခဲ့လေ၏။
အတိတ်က ခါးသီးမှုအားလုံးမှာ လုံးဝ အရည်ပျော် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပေသည်။
[ဒင်...။ ပိုင်ကျီရို၏ ပျော်ရွှင်မှုတန်ဖိုး (+၁၀) ၊ ကမ္ဘာနှစ်ခုကြားတံခါးစွမ်းအင် (+၁၀)...။]
[ဒင်...။ ပိုင်ရွှီကျန်း၏ ပျော်ရွှင်မှုတန်ဖိုး (+၁၀) ၊ ကမ္ဘာနှစ်ခုကြားတံခါးစွမ်းအင် (+၁၀)...။]
[ဒင်...။ လျူရူမေ၏ ပျော်ရွှင်မှုတန်ဖိုး (+၁၀) ၊ ကမ္ဘာနှစ်ခုကြားတံခါးစွမ်းအင် (+၁၀)...။]
ဖန်းဟန်သည် သူ၏ စိတ်ထဲမှ စနစ်၏ အသိပေးချက်ကို နားထောင်လိုက်လေ၏။ အလွန်တင့်တယ်လှပသော အမျိုးသမီးသုံးဦးကို ကြည့်ရင်း။ သူ၏ စိတ်ထဲတွင် ဖော်ပြစရာ စကားလုံးတစ်လုံးတည်းသာ ရှိနေတော့သည်။
“မိုက်လိုက်တာကွာ…။”