← Chapters

အခန်း ၃၉

Vol. 4 Ch. 39

အခန်း ၃၉

Vol. 4 Ch. 39

အခန်း (၃၉)

ထာဝရစံစားခြင်းနှင့် မိုးခေါင်ရေရှားဘေး၏ အစပျိုးခြင်း

နွေးထွေးသော ရေနွေးငွေ့များ လွှမ်းခြုံနေပြီး ဖယောင်းတိုင်မီးများမှာ တဖျပ်ဖျပ် လင်းလက်နေ၏။

လျူရူမေသည် ဖန်းဟန်၏ ခြေထောက်နားတွင် ဒူးထောက်လျက် ရှိနေပြီး အရိုးအဆစ်မရှိသကဲ့သို့ နူးညံ့လှသော သူမ၏ လက်ကလေးများဖြင့် ဖန်းဟန်၏ ခြေထောက်မှ ရေစက်များကို ဂရုတစိုက် သုတ်ပေးနေခဲ့လေသည်။ သူမ၏ လှုပ်ရှားမှုများမှာ အလွန်ပင် ရိုသေလေးစားမှုနှင့် အာရုံစိုက်မှုတို့ ပါဝင်နေကာ တန်ဖိုးကြီးလှသည့် ရတနာ တစ်ပါးကို ကိုင်တွယ်နေသကဲ့သို့ပင် ဖြစ်သည်။

ပိုင်ကျီရိုနှင့် ပိုင်ရွှီကျန်းတို့မှာမူ ထိုမှော်ဆန်လှသည့် ဆပ်ပြာအမွှေးတုံးဖြင့် ရေချိုးပြီးစီးသွားကြပြီ ဖြစ်၏။

သူမတို့၏ ကိုယ်ခန္ဓာမှ ပန်းရနံ့သင်းသင်းလေးများ ထွက်ပေါ်နေပြီး ကြမ်းတမ်းသော လျှော်တေအဝတ်စဖြင့် စိုစွတ်နေသည့် ဆံနွယ်ရှည်များကို အဆင်မပြေစွာဖြင့် သုတ်နေကြလေသည်။

ထိုအဝတ်စမှာ ကြမ်းတမ်းလှသဖြင့် ရေကို စုပ်ယူနိုင်စွမ်း နည်းပါးလှပေသည်။ အချိန်ကြာမြင့်စွာ သုတ်နေသော် လည်း အနက်ရောင် ဆံနွယ်များမှ ရေစက်များမှာ ဆက်လက်ကျဆင်းနေကာ ပခုံးပေါ်ရှိ အဝတ်အစားများကို စိုစွတ်စေလျက် ရှိနေ၏။

ဖန်းဟန်သည် သူတို့ကို ကြည့်ကာ ပြုံးလိုက်ပြီး စိတ်ထဲမှ အကြံတစ်ခုဖြင့် မှော်ဆန်သည့် ပြကွက်တစ်ခုကို ပြုလုပ်လိုက်လေသည်။

အရောင်အသွေး ကွဲပြားသည့် အဝတ်စ သုံးခုမှာ လေထဲမှ ရုတ်တရက် ပေါ်ထွက်လာလေသည်။

“ဒါနဲ့ သုတ်လိုက်ကြ...။”

သူသည် ဝါဂွမ်းစစ်စစ်ဖြင့် ပြုလုပ်ထားသော တဘက် သုံးခုကို လှမ်းပေးလိုက်လေသည်။

၎င်းတို့မှာ ပန်းရောင်၊ အပြာရောင်နှင့် အဖြူနုရောင်တို့ ဖြစ်ကြပြီး အလွန်ပင် နူးညံ့ပျော့ပျောင်းလှ၏။

“အစ်ကိုဟန်၊ ဒါက ဘယ်လိုရတနာမျိုးလဲ...။”

သိလိုစိတ်ပြင်းပြသည့် ပိုင်ရွှီကျန်းက အရင်ဆုံး လှမ်းယူလိုက်လေသည်။ သူမ၏ လက်ထဲသို့ ရောက်သွားသည့် အချိန်တွင်ပင် ထိုမိန်းကလေးငယ်လေးမှာ “အာ...။” ဟု ညည်းညူလိုက်မိ၏။

၎င်း၏ အထိအတွေ့မှာ သူမတစ်သက်တာလုံး ထိတွေ့ဖူးသမျှ အဝတ်စများနှင့် လုံးဝကွဲပြားခြားနား နေခဲ့လေသည်။

၎င်းမှာ ပိုးထည်များကဲ့သို့ အေးစက်ချောမွေ့ခြင်းမရှိ၊ ဝါဂွမ်းများကဲ့သို့ ရိုးရှင်းခြင်းလည်း မရှိပေ။ ၎င်းမှာ ဖော်ပြ ၍မရနိုင်သော နွေးထွေးပျော့ပျောင်းသည့် အထိအတွေ့မျိုး ဖြစ်ပြီး သေးငယ်သော အမျှင်ကလေးများစွာ ပါဝင် နေလေသည်။

သူမသည် ပန်းရောင်တဘက်ကို သူမ၏ မျက်နှာတွင် ကပ်ထားရင်း ဖွဖွလေး ပွတ်သပ်လိုက်လေသည်။ နောက် တစ်စက္ကန့်တွင် ထိုမိန်းကလေး၏ မျက်လုံးများမှာ အံ့အားသင့်မှုဖြင့် ပြူးကျယ်သွားခဲ့ရသည်။

ထိုခံစားချက်မှာ ကောင်းကင်ဘုံရှိ တိမ်တိုက်တစ်ခုကို မျက်နှာအပ်လိုက်ရသည့်အလားပင် ဖြစ်သည်။ အလွန်ပင် ပျော့ပျောင်းသက်သာလှပြီး သေးငယ်သည့် အမျှင်ကလေးများက သူမ၏ အသားအရေကို ညင်သာစွာ ထိတွေ့ နေခြင်းဖြစ်ပေ၏။

၎င်းမှာ သူမကို အလွန်ပင် သက်သာရာရစေသဖြင့် မျက်လုံးများကို မှေးစင်းကာ ကျေနပ်စွာဖြင့် “အင်း...။” ဟု ညည်းညူလိုက်မိလေသည်။

အစာကို အရသာရှိရှိ စားနေသည့် ကြောင်ပေါက်လေးတစ်ကောင်ကဲ့သို့ သူမသည် ဖန်းဟန်ကို အတုယူကာ စိုစွတ်နေသည့် ဆံပင်များကို တဘက်ဖြင့် ဖုံးအုပ်ပြီး ညင်သာစွာ ဖိပေးလိုက်လေသည်။

ထိုအခါ အံ့မခန်းဖွယ် မြင်ကွင်းတစ်ခုကို တွေ့မြင်လိုက်ရသည်။

ဆံပင်မျှင်များမှ ကျဆင်းနေသည့် ရေစက်များမှာ မမြင်နိုင်သော စွမ်းအားတစ်ခုက ဆွဲယူလိုက်သည့်အလား ချက်ချင်းပင် ခြောက်သွေ့သွားခဲ့လေသည်။

တဘက်ကို ခဏမျှသာ ထားလိုက်ရပြီးနောက်တွင် ဆံပင်များမှာ အတော်လေး ခြောက်သွေ့သွားခဲ့ပြီ ဖြစ်၏။

“အစ်မ...၊ အစ်မရူမေ...၊ ကြည့်ပါဦး...။”

ပိုင်ရွှီကျန်းသည် အသစ်တွေ့ရှိချက်တစ်ခုကို ရသကဲ့သို့ တဘက်ကို မြှောက်ပြရင်း အော်ပြောလိုက်လေသည်။

“ဒီပစ္စည်းက ရေကို စုပ်ယူနိုင်တယ်...၊ တကယ် အံ့သြဖို့ကောင်းတယ်...။”

ပိုင်ကျီရိုနှင့် လျူရူမေတို့မှာလည်း ထိုပစ္စည်း၏ ထူးဆန်းသော အထိအတွေ့ကြောင့် အံ့အားသင့်နေကြပေသည်။

ပိုင်ကျီရိုသည် အပြာရောင်တဘက်ကို ကိုင်တွယ်ကြည့်လိုက်သည်။ သူမ၏ လက်ဖျားသို့ ထိတွေ့လိုက်ရသည့် ပိုးသားမှာ သူမ ဝတ်ဆင်ဖူးသမျှ ကျန်းနန်ပြည်နယ်မှ ပိုးထည်အကောင်းစားများထက်ပင် အဆပေါင်းများစွာ ပိုမိုနူးညံ့နေလေသည်။

သူမသည် သူမ၏ ဆံပင်များကို ဂရုတစိုက် သုတ်သင်လိုက်ရာ ရေစက်များ ချက်ချင်းခြောက်သွေ့သွားသည့် ထိုအံ့သြဖွယ် ခံစားချက်ကို အရသာခံနေမိ၏။

သူမ၏ မျက်ဝန်းလှလှများထဲတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

ဤပစ္စည်းမှာ လျှော်တေအဝတ်စများထက် အဆပေါင်းများစွာသာလွန်သည်သာမက ၎င်း၏ နတ်ဘုံအထိအတွေ့ မှာ အမျိုးသမီးတိုင်းကို ရူးသွပ်စေနိုင်သည်မှာ အမှန်ပင် ဖြစ်၏။

လျူရူမေသည်လည်း အဖြူနုရောင်တဘက်ကို ကိုင်တွယ်ရင်း အကြိမ်ကြိမ်အဖန်ဖန် ထိတွေ့နေမိသည်။ သူမ သည် ၎င်းကို သုံးစွဲရန်ပင် နှမြောနေမိ၏။ သူမ၏ တစ်သက်တာတွင် သုံးစွဲဖူးသမျှ အနူးညံ့ဆုံးအရာမှာ ဖန်းဟန် ၏ အဝတ်စွန်းများသာ ဖြစ်သည်။

ယခုလက်ထဲရှိ တိမ်တိုက်ကဲ့သို့သော ပစ္စည်းနှင့် ယှဉ်လိုက်လျှင် ၎င်းမှာ သဲစားစက္ကူနှင့်ပင် တူနေတော့သည်။

ဤယောက်ျားသည် သူမ၏ အိပ်မက်ထဲတွင်ပင် မမြင်ဖူးသည့် ထူးခြားသောပစ္စည်းများကို အမြဲထုတ်ယူလာ တတ်သည်ပင်။

သူမ “ကောင်းမွန်သည်” ဟု သတ်မှတ်ထားသမျှ အရာအားလုံးကို ဤယောက်ျားက အကြိမ်ကြိမ် ပြောင်းလဲ ပစ်နေခဲ့သည်။

[ဒင်...။ ပိုင်ကျီရို၏ အံ့အားသင့်မှုတန်ဖိုး (+၁၀) ၊ ကမ္ဘာနှစ်ခုကြားတံခါးစွမ်းအင် (+၁၀)..။]

[ဒင်...။ ပိုင်ရွှီကျန်း၏ အံ့အားသင့်မှုတန်ဖိုး (+၁၀) ၊ ကမ္ဘာနှစ်ခုကြားတံခါးစွမ်းအင် (+၁၀)…။]

[ဒင်...။ လျူရူမေ၏ ပျော်ရွှင်မှုတန်ဖိုး (+၁၀)၊ ကမ္ဘာနှစ်ခုကြားတံခါးစွမ်းအင် (+၁၀)…။]

သူ၏ စိတ်ထဲတွင် ပေါ်လာသော အသိပေးချက်သံများကို ကြားရသည့်အခါ ဖန်းဟန်သည် ကုလားထိုင်တွင် အေးဆေးစွာ မှီထိုင်လိုက်လေသည်။

သူသည် အမျိုးသမီးသုံးဦး၏ အသေးစိတ် ဝန်ဆောင်မှုကို ခံယူရင်း ကျေနပ်အားရမှုများဖြင့် ပြည့်နှက်နေမိသည်။

တကယ်ပင် ဤသို့သော ဘဝမျိုးကသာလျှင် အစစ်အမှန် ဖြစ်ချေသည်။

...

အိမ်သစ်တက်ပွဲ၏ ပျော်ရွှင်မှုများမှာ ကြာရှည်မခံလိုက်ပေ။ ရာသီဥတုမှာ နေ့စဉ်နှင့်အမျှ ပိုမိုပူပြင်းလာခဲ့ပေ သည်။ အထက်ရှိ နေမင်းကြီးမှာ ဧရာမ မီးလုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကမ္ဘာမြေကို ရက်စက်စွာ လောင်ကျွမ်းစေလျက် ရှိ၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ်ရက်ကျော် ကြာမြင့်သည့်တိုင် မိုးတစ်စက်မျှ ရွာသွန်းခြင်း မရှိတော့ပေ။

လျိုရှီးရွာ ပတ်ဝန်းကျင်ရှိ မြေပြင်များမှာ သိသာစွာပင် အက်ကွဲလာခဲ့လေသည်။ အက်ကွဲကြောင်းများမှာ ကမ္ဘာ မြေ၏ ခြောက်သွေ့နေသော ပါးစပ်ပေါက်များကဲ့သို့ မိုးရေကို တောင်းဆိုနေကြသည့်အလား ဖြစ်နေ၏။

ရွာအဝင်ရှိ ရွာသူရွာသားတို့ကို အသက်ဆက်ပေးထားသည့် မြစ်ငယ်လေးမှာလည်း နေ့စဉ်နှင့်အမျှ ရေနည်းပါး လာလေတော့သည်။

တစ်ချိန်က ကြည်လင်နေသော မြစ်ရေမှာ နောက်ကျိလာပြီး မြစ်ကြောင်းမှာလည်း ရေတိမ်ကောသွားခဲ့ပြီ ဖြစ်သည်။ နေရောင်ခြည်ကြောင့် အက်ကွဲနေသည့် မြစ်ကြမ်းပြင်များမှာ အထင်သား ပေါ်လာခဲ့လေ၏။

ရွာသားများ၏ မျက်နှာပေါ်ရှိ ပျော်ရွှင်မှုများမှာလည်း ရာသီဥတုနှင့်အမျှ ပြောင်းလဲသွားခဲ့သည်။

၎င်းတို့မှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး စိုးရိမ်ပူပန်မှုများဖြင့် အစားထိုးခြင်း ခံလိုက်ရသည်။

“ကောင်းကင်ဘုံက ဘာလုပ်ဖို့ ကြံရွယ်နေတာလဲ...။ မိုးမရွာဘူးဆိုရင် မြေထဲမှာ စိုက်ထားတဲ့ အပင်ငယ်လေးတွေ အားလုံး မိုးခေါင်ပြီး သေကုန်ကြတော့မှာပဲ...။”

“ဟုတ်တယ်...၊ မြစ်ကို ကြည့်ပါဦး...။ ခမ်းတော့မယ်...။ ဒီအတိုင်းသာဆိုရင် လယ်ယာတွေကို ရေသွင်းဖို့မပြောနဲ့၊ သောက်ရေတောင် ခက်ခဲတော့မှာပဲ...။”

လယ်ကွင်းများတွင် ရွာသားများမှာ အုပ်စုလိုက် စုဝေးကာ ညှိုးနွမ်းနေသည့် သီးနှံများကို ကြည့်ရင်း စိတ်ပျက်စွာ ဖြင့် သက်ပြင်းချနေခဲ့ကြလေသည်။

ရွာသူကြီး ကျောက်ထျဲ့ရှန်းမှာ ပူပန်မှုများကြောင့် ဆံပင်အချို့ပင် ဖြူသွားခဲ့ရလေသည်။ သူသည် နေ့စဉ် အရုဏ် မတက်မီ ထွက်လာပြီး မြစ်ကမ်းပါးရှိ ကျောက်တုံးကြီးပေါ်တွင် ထိုင်ကာ မြစ်ရေကို စောင့်ကြည့်နေတတ်သည်။

သူ၏ ဆေးတံမှ ထွက်လာသော မီးခိုးငွေ့များအကြားတွင် သူ၏ မျက်နှာမှာ အိုမင်းရင့်ရော်နေသော သစ်ပင် အခေါက်ကဲ့သို့ တွန့်လိမ်နေခဲ့ပေသည်။

ရာသီဥတုကိုသာ မှီခိုနေရသည့် လျိုရှီးရွာအတွက် ပြင်းထန်သော မိုးခေါင်ရေရှားဘေးမှာ မည်မျှ ကြောက်မက် ဖွယ်ကောင်းသည်ကို သူ အသိဆုံးပင် ဖြစ်သည်။

၎င်းမှာ သီးနှံများ အလုံးစုံ ပျက်စီးခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်း၊ နောက်ဆုံးတွင် လူများ သေဆုံးခြင်းကို ကိုယ်စား ပြုနေပေသည်။

လျိုရှီးရွာတစ်ခုလုံးမှာ ဖိနှိပ်မှုနှင့် စိုးရိမ်ပူပန်မှုများဖြင့် လွှမ်းခြုံထားခြင်း ခံလိုက်ရသည်။ ရွာ၏ အရှေ့ဘက်တွင် ရှိသော အုတ်ပြာရောင်အိမ်ကြီးတစ်ခုသာလျှင် အခြားကမ္ဘာတစ်ခုသို့ ရောက်ရှိနေသည့်အလား ထင်မှတ်ရပေ သည်။

အိမ်ဝင်းအပြင်ဘက်တွင် အပူရှိန်မှာ ပြင်းထန်ပြီး လေထုမှာပင် ပုံပျက်နေသကဲ့သို့ ဖြစ်နေသော်လည်း အိမ်ကြီး အတွင်းရှိ ခန်းမဆောင်တွင်မူ အေးမြလန်းဆန်းနေလေသည်။

ဖန်းဟန်သည် ကုလားထိုင်တွင် အေးဆေးစွာ ထိုင်နေပြီး ထူးဆန်းသော သံဘူးတစ်ဘူးကို လက်ဖြင့် လှည့်နေ ခဲ့ပေသည်။

ထိုအရာမှာ ဘေးတွင် လက်ကိုင်ပါပြီး အရှေ့တွင် လေပေါက်ပါသော သံဗုံကြီးတစ်ခုနှင့် တူလေသည်။

သူ၏ ရှေ့တွင်မူ သိုလှောင်နေရာမှ ယူလာသော ကြည်လင်သည့် ရေခဲတုံးများဖြင့် ပြည့်နေသည့် သစ်သားဇလုံ ကြီးတစ်ခု ရှိနေ၏။

ဖန်းဟန်က လက်ကိုင်ကို လှည့်လိုက်သည့်အခါ သံဘူးမှ “ဝူး...။” ဟူသော အသံနှင့်အတူ ပြင်းထန်သော လေပြင်း များ ထွက်ပေါ်လာကာ ရေခဲတုံးများအပေါ်သို့ ဖြတ်သန်းသွားသောအခါ တစ်အိမ်လုံးကို အေးမြစေသည့် လေအေးများအဖြစ် ပြောင်းလဲသွားလေသည်။

ဤလက်ဖြင့် လှည့်ရသော လေမှုတ်စက်နှင့် ရေခဲဇလုံမှာ ဖန်းဟန်၏ ကိုယ်ပိုင်ဖန်တီးထားသော သဘာဝအတိုင်း အေးမြစေသည့် “အိမ်လုပ် လေအေးပေးစက်” ပင် ဖြစ်တော့သည်။

ပိုင်ကျီရို၊ ပိုင်ရွှီကျန်းနှင့် လျူရူမေတို့မှာမူ အေးမြပြီး လေဝင်လေထွက်ကောင်းသော ပိုးထည်အင်္ကျီများကို ဝတ်ဆင်ထားကြသည်။ သူတို့သည် အင်မော်တယ်ရှစ်ပါးစားပွဲ ဝိုင်းတွင် ထိုင်နေကြလေသည်။

စားပွဲပေါ်တွင် ရေခဲဖြင့် အေးမြစေထားသည့် ပဲစိမ်းရည်ပန်းကန်နှင့် အလယ်တွင် ထက်ပိုင်းပိုင်းထားသည့် ဖရဲသီးကြီးတစ်လုံး ရှိနေ၏။

“အင်း...၊ အရမ်းအေးတာပဲ...။”

ပိုင်ရွှီကျန်းမှာ စားပွဲပေါ်တွင် လဲလျောင်းနေပြီး ရေခဲနံ့သင်းသည့် လေအေးများကို ရှူရှိုက်နေသည်။

အမွေးအမှင်များကို ပွတ်သပ်ပေးခံရသည့် ကြောင်ပေါက်လေးတစ်ကောင်ကဲ့သို့ ပျော်ရွှင်စွာ ရေရွတ် နေလေ တော့သည်။

သူမသည် ပဲစိမ်းရည်ကို ဇွန်းဖြင့် ခပ်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်ရာ အေးမြချိုမြိန်သော အရသာကို ခံစား လိုက်ရသည်။ ၎င်းမှာ လည်ချောင်းထဲသို့ စီးဆင်းသွားပြီး ခန္ဓာကိုယ်အတွင်းရှိ အပူဓာတ်များကို ချက်ချင်းပင် ဖယ်ရှားပေးလိုက်လေ၏။

“အစ်မ၊ အစ်မလည်း စားပါဦး...၊ အစ်ကိုဟန် လုပ်ထားတဲ့ ပဲစိမ်းရည်က အရမ်း အရသာရှိတယ်...။”

ပိုင်ကျီရိုသည် နူးညံ့စွာ ပြုံးလိုက်ပြီး အေးမြသော အရသာကို ခံစားလိုက်ရသည်။ ၎င်းမှာ အပူဒဏ်ကြောင့် စိတ်တိုလွယ်နေသည့် သူမ၏ စိတ်ကို အလွန်ပင် သက်သာရာရစေသည်။

လျူရူမေသည် တိတ်ဆိတ်စွာဖြင့် ဖရဲသီးတစ်ဖဲ့ကို ကောက်ယူပြီး အစေ့များကို တစ်ခုချင်းစီ ဂရုတစိုက် ဖယ်ရှားလိုက်လေသည်။

ထို့နောက် သူမသည် ဖရဲသီးဖဲ့ကို နှစ်လက်ဖြင့် ကိုင်ကာ ထို “မှော်ဆန်သော ပစ္စည်း” ကို လှည့်နေသည့် ဖန်းဟန် ထံသို့ ကမ်းပေးလိုက်လေသည်။

“သခင်လေး၊ ဖရဲသီး စားပါဦးရှင်...။”

သူမ၏ မျက်ဝန်းများတွင် နူးညံ့မှုနှင့် ချစ်ခင်မှုများ ပြည့်နှက်နေလေသည်။

All Chapters