အခန်း (၂၂၇-၂၂၈)
Vol. 17 Ch. 227-228
အပိုင်း(၂၂၇)
ဆရာနှင့် တပည့်တို့ နှစ်ယောက် လုပ်ဆောင်ရမည့် သီးခြား လုပ်ငန်းစဉ်များကို သေချာစွာ တိုင်ပင်ဆွေးနွေးပြီးနောက် စွန်းဝူခုန်းသည် ချည်နှောင်ခံထားရသော ကျန်းလျိုကို ဖြေပေးလိုက်သည်။ သူ၏ ဆံပင်တစ်ချောင်းကို နှုတ်ကာ ကျန်းလျို၏ အသွင်အဖြစ်သို့ ပြောင်းလဲလိုက်ပြီး တိုင်၌ အစားထိုး ချည်နှောင်ကာ ကျန်းလျို၏ နေရာတွင် ထားလိုက်လေသည်။
ထို့နောက် သူသည် လက်ညိုးတစ်ချက် ထိုးကာ ကျန်းလျိုအား အလောင်းကောင် မိစ္ဆာ တစ်ကောင်၏ အသွင်သို့ ပြောင်းလဲပေးလိုက်ပြီး သူ့ကို မိစ္ဆာဂူ ထဲတွင် ထားရစ်ကာ ထွက်ခွာသွားလေတော့သည်။
"ဟေ့... အထဲက မိစ္ဆာ… နားထောင်စမ်း... ငါ့ဆရာကို အခုချက်ချင်း ပြန်လွှတ်ပေးစမ်း... ငါ့ဆရာကို အခုချက်ချင်း ပြန်ပေး..."
ညဉ့်နက်သန်းခေါင် အချိန် တိတ်ဆိတ်နေသော ဂူဗိမာန်အတွင်း၌ အလောင်းကောင် မိစ္ဆာ အများအပြား အနားယူနေစဉ် ရုတ်တရက် ဂူအပြင်ဘက်မှ ကျယ်လောင်သော အော်ဟစ်သံကြီး ထွက်ပေါ်လာခဲ့သည်။
ထိုအော်ဟစ်သံနှင့်အတူ ဒုန်း... ဒုန်း... ဒုန်း... ဟူသော ဂူတံခါးကို တစ်စုံတစ်ယောက်က ပြင်းထန်စွာ ထုရိုက်နေသည့် အသံမှာလည်း ထင်ထင်ရှားရှား ကြားလိုက်ရလေသည်။
ရုပ်ရည်ချောမောသော အမျိုးသားမှာမူ ပျာယာခတ်ခြင်း မရှိဘဲ တည်ငြိမ်စွာ မျက်လုံးဖွင့်လိုက်သည်။ သူသည် ဤမြင်ကွင်းအတွက် ကြိုတင်ပြင်ဆင်ထားပုံရပေသည်။
သူက မတ်တတ်ရပ်လိုက်၏။ ကျန်းလျို တစ်ယောက် ကြိုးများဖြင့် တိုင်တွင် ချည်နှောင်ခံထားရဆဲဖြစ်သည်ကို မြင်တွေ့ရသောအခါ စိတ်အေးသွားဟန်ဖြင့် သူ၏ မိစ္ဆာငယ် တစ်စုကို ဦးဆောင်ကာ ဂူအပြင်ဘက်သို့ တိုက်ရိုက် ထွက်ခွာလာခဲ့လေသည်။
"ဘယ်က လာတဲ့ မျောက်ရိုင်းလဲ... ငါ့ဂူရှေ့မှာ လာပြီး ပြဿနာရှာရဲတယ်ပေါ့..."
ဂူအပြင်ဘက်တွင် ပိန်ပိန်ပါးပါးနှင့် အရပ်ပုလှသော စွန်းဝူခုန်း ကို မြင်သောအခါ ထိုအမျိုးသားက အထင်အမြင်သေးစွာဖြင့် အော်ဟစ်လိုက်လေသည်။
"ဟွန်း... မသိနားမလည်တဲ့ မိစ္ဆာကောင်... မင်းက ငါ ဝူခုန်း ရဲ့ ဆရာကို ခိုးယူဖမ်းဆီးရဲတယ်ပေါ့..."
မျောက်ရိုင်းဟု ခေါ်ဆိုခံရသဖြင့် စွန်းဝူခုန်း၏ အမွေးအမှင်များ ထောင်ထွက်သွားပြီး စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ရွှေတုတ် ကို ချက်ချင်း ထုတ်ယူလိုက်ကာ ပြောလိုက်လေသည်။
"ဟွန်း... လာမယ်ဆိုရင်လည်း လာခဲ့ပေါ့... မင်းကို ငါက ကြောက်နေမယ် ထင်သလား..."
စွန်းဝူခုန်း၏ လက်ထဲမှ ရွှေတုတ် ကို မြင်သော်လည်း ထိုအမျိုးသားမှာ တုန်လှုပ်ခြင်းမရှိဘဲ သူ၏ လက်ကို မြှောက်ကာ လှံရှည်တစ်စင်းကို ထုတ်ယူ၍ စွန်းဝူခုန်းထံသို့ အပြင်းအထန် ချဉ်းကပ်သွားလေသည်။
ဘေးနားရှိ အလောင်းကောင် မိစ္ဆာ အမြောက်အမြားမှာလည်း တစ်ပြိုင်နက်တည်း အော်ဟစ်ကာ သူတို့၏ ဘုရင်ကြီးကို အားပေးနေကြလေသည်။
ဘုန်း...
အသံနှင့်အတူ ရွှေတုတ် နှင့် ထိုအမျိုးသား၏ လက်ထဲမှ လှံရှည်တို့ ပြင်းထန်စွာ ရိုက်ခတ်မိသွား၏။ စွန်းဝူခုန်းမှာ မူလနေရာမှာပင် လုံးဝ မတုန်မလှုပ်ဘဲ ရှိနေသော်လည်း ခုနကမှ တက်ကြွလှုပ်ရှားနေသော ထိုအမျိုးသားမှာမူ စွန်းဝူခုန်း၏ ရိုက်ချက်ကြောင့် လွင့်ထွက်သွားခဲ့ရလေသည်။
အလောင်းကောင် မိစ္ဆာ များ၏ အားပေးသံများမှာလည်း ပါးစပ်ပိတ်ခံလိုက်ရသည့်အလား ရုတ်တရက် ရပ်တန့်သွားခဲ့လေသည်။
သူတို့၏ ဘုရင်ကြီးနှင့် ဤမျောက်မှာ စွမ်းအားချင်း ဤမျှအထိ ကွာခြားလိမ့်မည်ဟု သူတို့ အလေးအနက် မတွေးထားမိခဲ့ကြပေ။
လုံးဝကို ယှဉ်မရသည့် အခြေအနေပင်...။
"ဟီးဟီးဟီး... မိစ္ဆာကောင်... မင်းက လေလုံးပဲ ထွားနေတာကိုး..."
တစ်ချက်တည်းနှင့် ထိုအမျိုးသားကို လွင့်ထွက်သွားအောင် ရိုက်ထုတ်လိုက်ပြီးနောက် စွန်းဝူခုန်းက လှောင်ပြောင်ရယ်မောလိုက်လေသည်။
စကားပြောနေစဉ်မှာပင် သူသည် ရှေ့သို့ ခုန်တက်သွားကာ ရွှေတုတ် ကို ခေါင်းပေါ်သို့ မြှောက်၍ အားကုန် ရိုက်ချလိုက်ပြန်သည်။
"ဒီမျောက်က နှစ်ပေါင်းငါးရာတောင် နှိပ်စက်ခံထားရတာတောင်မှ အစွမ်းက ကြောက်စရာကောင်းနေတုန်းပဲ... သူရဲ့ စွမ်းအားက တာလော် ရွှေနတ်မင်း အဆင့်ကိုတောင် ရောက်နေပြီလား မသိဘူး..."
တစ်ကွက်တည်းနှင့် လွင့်ထွက်သွားခဲ့ရသဖြင့် ထိုအမျိုးသားမှာ စိတ်ထဲတွင် ကျိန်ဆဲနေမိသည်။ ဤမျောက်၏ အရှိန်အဝါမှာ လွန်ခဲ့သော နှစ်ငါးရာ ကောင်းကင်ဘုံကို ဆူပူသောင်းကျန်းစဉ်ကထက်ပင် လျော့နည်းခြင်း မရှိပေ။
သို့သော်လည်း သူသည် ကောင်းကင်နှင့်တန်းတူ မဟာပညာရှိကြီး ကို အမှန်တကယ် ယှဉ်နိုင်လိမ့်မည်ဟု တစ်ခါမျှ မတွေးခဲ့ဖူးသဖြင့် အံ့အားသင့်သွားသော်လည်း ပျာယာခတ်မသွားခဲ့ပေ။
ဗောဓိသတ်က သူ့အား ဓမ္မရတနာ တစ်ခု ပေးသနားထားခဲ့ပြီးသား ဖြစ်ပေသည်။ စိတ်ထဲမှ အာရုံပြုလိုက်သည်နှင့် ရုပ်ရည်ချောမောသော အမျိုးသား၏ လက်ထဲတွင် မင်ကဲ့သို့ နက်မှောင်နေသော ကြာပန်းနက် တစ်ခု ပေါ်လာခဲ့လေသည်။
သို့တိုင်အောင် စွန်းဝူခုန်းမှာ ထို ကြာပန်းနက် ကို ဂရုမစိုက်ဘဲ ရွှေတုတ် ကို အမြင့်သို့ မြှောက်ကာ ပြင်းထန်စွာ ရိုက်ချလိုက်ပြန်သည်။
လေထဲတွင် ကြီးထွားလာသော ရွှေတုတ် သည် တောင်တန်းများနှင့် မြစ်များကိုပင် ချိုးဖျက်နိုင်လောက်သော အဟုန်ဖြင့် ဧရာမ သံတုတ်ကြီးအဖြစ် ပြောင်းလဲကာ ကျဆင်းလာခဲ့လေသည်။
အမျိုးသားသည် သူ၏ စွမ်းအင်များကို အသုံးချကာ ဂါထာများ ရွတ်ဆိုရင်း ကြာပန်းနက် ကို အပေါ်သို့ မြှောက်တင်လိုက်ရာ ၎င်းမှာ လေထဲတွင် ကြီးထွားလာပြီး ရွှေတုတ် ကို မကြောက်မရွံ့ ရင်ဆိုင်ရန် ကြိုးစားလေသည်။
"အချိန်ကျပြီ..."
အလောင်းကောင် မိစ္ဆာ အသွင်ပြောင်းကာ မိစ္ဆာအုပ်ကြီးထဲတွင် ပုန်းအောင်းနေသော ကျန်းလျို သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူ၏ စိတ်စွမ်းအားကို အသုံးပြု၍ လက်ညိုးဖြင့် ထိုအမျိုးသားကို ညွှန်လိုက်လေသည်။
ဝစီပိတ်တရား...
ရုပ်ရည်ချောမောသော အမျိုးသားသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များမှာ ရုတ်တရက် ရေသေကဲ့သို့ ငြိမ်သက်သွားပြီး လှုပ်ရှား၍ မရနိုင်တော့သည်ကို ခံစားလိုက်ရလေတော့သည်။
မန်နာ စွမ်းအင်၏ ပံ့ပိုးမှုမရှိတော့သဖြင့် လေထဲတွင် မြင့်တက်နေသော ကြာပန်းနက်ကြီးသည် လက်ဝါးအရွယ်အစားခန့်အထိ ပြန်လည်ကျုံ့ဝင်သွားကာ အောက်သို့ ပြုတ်ကျသွားတော့သည်။
"ဟင့်အင်း..."
ကောင်းကင်ယံကိုပင် ခွဲခြမ်းပစ်နိုင်လောက်သည့် အရှိန်အဟုန်ဖြင့် ကျဆင်းလာသော ရွှေတုတ်ကြီးကို ကြည့်ရင်း ထိုလူချောလေးမှာ ကြောက်လန့်တကြား အော်ဟစ်လိုက်တော့သည်။ မာနာစွမ်းအင်ကို မထုတ်ဖော်နိုင်သလို ကြာပန်းနက်၏ စွမ်းအားကိုလည်း မသုံးစွဲနိုင်တော့ဘဲ သူသည် စွန်းဝူခုန်းကို မည်သို့ ရင်ဆိုင်နိုင်ပါမည်နည်း။
သူတတ်နိုင်သမျှမှာ ကောင်းကင်ကို ထောက်မထားသည့် တိုင်လုံးကြီးတစ်တိုင်ပမာ ကျဆင်းလာသော သံတုတ်ကြီးကို မျက်တောင်မခတ်တမ်း ကြည့်နေရန်သာ ရှိတော့သည်။
ဘုန်း...
ရိုက်ခတ်သွားသည့် အဟုန်ကြောင့် မြေပြင်ကြီးသည် ပြင်းထန်စွာ တုန်ခါသွားသကဲ့သို့ ဖြစ်သွားပြီး မိုးကြိုးပစ်ချလိုက်သည့်အလား ကျယ်လောင်သော အသံကြီးနှင့်အတူ မြေကြီးမှာ နက်ရှိုင်းရှည်လျားသော ချောက်ကမ်းပါးကြီးတစ်ခုအဖြစ် ကွဲအက်သွားလေသည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် စွန်းဝူခုန်းသည် ဤတစ်ချက်တွင် သူ၏စွမ်းအားများကို အနည်းငယ်မျှပင် ချန်လှပ်မထားခဲ့ကြောင်း ထင်ရှားလှပေသည်။
မြေပြင်ကြီး တုန်ခါသွားသည်နှင့်တစ်ပြိုင်နက် အလောင်းကောင်မိစ္ဆာများစွာမှာလည်း စူးစူးဝါးဝါး အော်ဟစ်ရင်း မြေပြင်ပေါ်သို့ လဲကျသွားကြတော့သည်။
ရွှေတုတ်ကြီးကို ပြန်လည်မြှောက်တင်လိုက်ချိန်တွင် မူစွန်းဝူခုန်း၏ မျက်လုံးများသည် သွေးကဲ့သို့ နီရဲနေပြီး မကောင်းဆိုးဝါးဆန်ကာ ကြောက်မက်ဖွယ်ကောင်းသော ကြမ်းတမ်းခက်ထန်သည့် အငွေ့အသက်များကို ထုတ်လွှတ်နေလေသည်။ သူ၏ သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်မှာ အထင်အရှားပင် ဖြစ်၏။
ဒြပ်ငါးပါးတောင်အောက်တွင် နှစ်ပေါင်းငါးရာတိုင်တိုင် ဖိနှိပ်ခံခဲ့ရသည့်အတွက် စွန်းဝူခုန်းသည် ထိုနှစ်ပေါင်းများစွာ ကာလပတ်လုံး ဤနာကြည်းချက်များကို မြိုသိပ်ထားခဲ့ရခြင်း ဖြစ်သည်။ ကျန်းလျိုနှင့် စကားပြောဆိုပြီးနောက် ဤ "မကောင်းဆိုးဝါးမိစ္ဆာ" သည် အမှန်တကယ်တွင် ကောင်းကင်ဘုံမှ နတ်ဘုရားများနှင့် ဗုဒ္ဓများထဲမှ တစ်ပါးဖြစ်ကြောင်း သိလိုက်ရသောအခါ အတိုးပြန်ယူရမည့်အချိန် ရောက်ပြီဟု သူခံစားလိုက်ရ၏။ ထို့ကြောင့် စွန်းဝူခုန်းသည် မည်သို့မျှ ညှာတာနေမည် မဟုတ်ပေ။
ကျန်းလျို၏ အမြင်တွင်မူ တုတ်ကြီး ရက်စက်စွာ ရိုက်ချလိုက်ပြီးနောက် အချောအလှလူငယ်လေးမှာ အလွန်ဆိုးရွားသော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကာ သူ၏ သွေးတန်းမှာလည်း ထက်ဝက်ခန့်သာ ကျန်ရှိတော့သည်။ စွန်းဝူခုန်း၏ မျက်လုံးများထဲမှ သတ်ဖြတ်လိုသည့် အရိပ်အယောင်များကို မြင်လိုက်ရသောအခါ သူသည် အထိတ်တလန့်ဖြင့် အော်ဟစ်လိုက်တော့သည်။
"နေ... နေပါဦး… ငါက..."
သိုးအသွင်ပြောင်း နည်းစနစ်...
သို့သော် ကျန်းလျိုက သူ့ကို စကားပြောခွင့် ပေးပါမည်လော။ ထိုလူငယ်၏ အော်သံကို ကြားသည်နှင့်တစ်ပြိုင်နက် ကျန်းလျိုသည် လက်ညှိုးတစ်ချက် ထပ်မံညွှန်ပြလိုက်ပြီး သိုးအသွင်ပြောင်း နည်းစနစ် ကို အသက်သွင်းလိုက်လေသည်။
ချက်ချင်းပင် အချောအလှ လူငယ်လေး၏ ပုံသဏ္ဌာန်မှာ အန္တရာယ်မရှိသော သိုးပေါက်စလေး တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏ အရေးတကြီး ပြောဆိုလိုသော စကားများသည်လည်း "ဘဲ့... ဘဲ့..." ဟူသည့် အလောတကြီး အော်သံများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ သူ၏ မျက်လုံးများထဲတွင်မူ တွေဝေမှုနှင့် ဇဝေဇဝါဖြစ်မှုများက အပြည့်အနှက် နေရာယူနေလေသည်။
ဘုန်း…
ဤတိုက်ခိုက်မှုသည် ဆက်လက်ကျဆင်းလာပြီး သိုးပေါက်စလေးအသွင် ပြောင်းသွားသော လူငယ်လေး မြေပြင်ပေါ်သို့ တိုက်ရိုက်ရိုက်ချခံလိုက်ရချိန်တွင် နောက်ထပ် ကြောက်မက်ဖွယ်ကောင်းသော တုန်ခါမှုကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
ကျန်းလျို၏ အမြင်တွင်မူ သူ၏ သွေးတန်း သည် လုံးဝခမ်းခြောက်သွားပြီး အပြင်းအထန် ဒဏ်ရာရကာ သေလုမျောပါး အခြေအနေသို့ ကျဆင်းသွားသည်ကို မြင်တွေ့လိုက်ရ၏။
"ဟွန့်..."
အချောအလှလူငယ်လေး အပြင်းအထန် ဒဏ်ရာရကာ သတိလစ်သွားသည်ကို မြင်လိုက်ရသောအခါ စွန်းဝူခုန်းသည် အေးစက်စက် ရယ်မောလိုက်ပြီး သူ၏ ရွှေတုတ်ကို နောက်တစ်ကြိမ် ထပ်မံမြှောက်တင်လိုက်ပြန်သည်။
"မဟာပညာရှိကြီး... ခဏနေပါဦး..."
***
အပိုင်း(၂၂၈)
"မဟာပညာရှိကြီး... ခဏနေပါဦး..."
သို့သော်လည်း ဤကဲ့သို့ အရေးကြီးလှသော အချိန်အခါတွင် ကျယ်လောင်သော အော်ဟစ်သံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာတော့သည်။
"ဆရာ ဟောကိန်းထုတ်ထားတဲ့အတိုင်း ကွက်တိပဲ... အရေးကြီးတဲ့ အချိန်ကျရင် ငါ... စွန်းဝူခုန်းကို လာတားမယ့်လူ ပေါ်လာလိမ့်မယ်တဲ့..."
ကောင်းကင်ယံမှ အသံကို ကြားလိုက်ရသော်လည်း စွန်းဝူခုန်းသည် စိတ်ထဲတွင် လှောင်ပြောင်လိုက်ပြီး နားပင်းချင်ယောင်ဆောင်ကာ သူ၏ ရွှေတုတ်ကို နောက်တစ်ကြိမ် ထပ်မံရိုက်ချလိုက်လေသည်။
ဒေါင်…
သို့သော်လည်း ဤအချိန်တွင် မိစ္ဆာနှိမ်နင်းရေး ရတနာဓားတစ်လက်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရွှေတုတ်၏ ရှေ့မှနေ၍ ပိတ်ဆို့တားဆီးလိုက်၏။
စွန်းဝူခုန်း၏ သတ်ဖြတ်လိုသည့် အသွင်အပြင်ကို မြင်လိုက်ရသောအခါ မှောင်ရိပ်ထဲတွင် ပုန်းအောင်းနေသော မိုလီချင်းမှာ အလွန်အမင်း တုန်လှုပ်သွားတော့သည်။ သူသည် ငှားရမ်းထားသော မိစ္ဆာနှိမ်နင်းရေး ရတနာဓားကို ဆင့်ခေါ်လိုက်ပြီး စွန်းဝူခုန်း၏ တိုက်ခိုက်မှုကို တားဆီးလိုက်နိုင်သဖြင့် သက်ပြင်းချနိုင်သွားလေသည်။ ကံကောင်းထောက်မစွာဖြင့် သူသည် လွန်ခဲ့သောရက်များအတွင်းက စိတ်မအေးနိုင်ဖြစ်နေခဲ့သဖြင့် သူ၏နောင်တော်ထံမှ ဓားကို ငှားရမ်းလာခဲ့ခြင်းဖြစ်ပေသည်။
ဝှစ်…
သို့သော်လည်း မိုလီချင်း၏ အာရုံများအားလုံး စွန်းဝူခုန်းအပေါ်သို့ ရောက်ရှိနေပြီး မိစ္ဆာနှိမ်နင်းရေး ရတနာဓားဖြင့် တိုက်ခိုက်မှုကို တားဆီးနေချိန်တွင်၊ မှောင်ရိပ်ထဲတွင် ပုန်းအောင်းနေသော ကျန်းလျိုသည် တောက်ပသည့် ဖိနပ်၏ စွမ်းရည်ကို ချက်ချင်းပင် အသက်သွင်းလိုက်လေတော့သတည်း။
အလောင်းကောင်မိစ္ဆာ အသွင်အပြင်မှ မူလပုံစံသို့ ပြန်လည်ပြောင်းလဲသွားပြီးနောက် ကျန်းလျို၏ ကိုယ်ခန္ဓာသည် သတိလစ်နေသော အချောအလှလူငယ်လေး၏ အနီးသို့ လျှပ်တစ်ပြက် ရောက်ရှိသွားလေသည်။ ထို့နောက် သူ့ကို ဖမ်းဆုပ်လိုက်ပြီး စိတ်ထဲမှနေ၍ တိုးတိတ်စွာ အော်ဟစ်လိုက်၏။
"လက်ဝါးမိုးကြိုး..."
တောက်ပသော အပြာရောင် လျှပ်စီးတန်းများသည် ကျန်းလျို၏ လက်ဝါးထဲမှ ပန်းထွက်လာပြီး လူငယ်လေး၏ တစ်ကိုယ်လုံးသို့ ချက်ချင်းပင် ရိုက်ခတ်သွားတော့သည်။
သွေးတန်းလုံးဝခမ်းခြောက်နေပြီဖြစ်သော ထိုလူငယ်လေးမှာ သတိလစ်နေဆဲမှာပင် ပွဲချင်းပြီး သေဆုံးသွားလေသည်။
သေဆုံးသွားသည်နှင့်တစ်ပြိုင်နက် သူ၏ မူလအသွင်အပြင်သို့ ပြန်လည်ပြောင်းလဲသွားပြီး ကြီးမားလှသော ပန်းကျားမြွေပါကြီး တစ်ကောင် ဖြစ်ကြောင်း ပေါ်လွင်သွားတော့သည်။
[ ဒင် - အတွေ့အကြုံမှတ် ၂၆,၈၀၀ ရရှိပါသည်။ ]
[ ဒင် - "လက်စားချေရန် မနက်ဖြန်အထိ မစောင့်ပါ" တာဝန် ပြီးမြောက်ပါသည်။ အတွေ့အကြုံမှတ် ၂၀၀,၀၀၀ ရရှိပြီး၊ ဒဏ္ဍာရီလာ အရည်အသွေးရတနာသေတ္တာ ၁ လုံး ရရှိပါသည်။ ]
[ ဒင် - အဆင့် ၁ ဆင့် မြင့်တက်သွားပါသည်။ လက်ရှိအဆင့် ၂၈ ဖြစ်ပါသည်။ ]
ပန်းကျားမြွေပါကြီး သေဆုံးသွားသည်နှင့်တစ်ပြိုင်နက် ကျန်းလျို၏ စိတ်ထဲတွင် ဒင် ဒင် မြည်သံများ ဆက်တိုက်ဆိုသလို ပဲ့တင်ထပ်ကာ ထွက်ပေါ်လာတော့သည်။
ပန်းကျားမြွေပါကြီးကို သတ်ဖြတ်ခြင်းမှ ရရှိသော အတွေ့အကြုံမှတ်များ၊ တာဝန်ပြီးမြောက်မှု ဆုကြေးဖြစ်သော အတွေ့အကြုံမှတ် ၂၀၀,၀၀၀ နှင့် လွန်ခဲ့သော လဝက်ခန့်အတွင်း မိစ္ဆာများကို တိုက်ခိုက်ခြင်း၊ ကျင့်ကြံခြင်းတို့မှ ရရှိခဲ့သော အတွေ့အကြုံမှတ်များ ပေါင်းစပ်သွားသောအခါ နောက်ဆုံးတွင် ကျန်းလျို၏ အဆင့်သည် ၂၈ သို့ ရောက်ရှိသွားလေပြီ။
မိမိ၏ အဆင့်တက်သွားမှုနှင့် တာဝန်ပြီးမြောက်မှု ဆုကြေးများကို အာရုံစိုက်ရန် အချိန်မရှိတော့သဖြင့် ကျန်းလျိုသည် ပစ္စည်းအတော်များများကို ဖိမိနေသော ပန်းကျားမြွေပါကြီး၏ အလောင်းကို မ,တင်လိုက်သည်။ ထို့နောက် သူသည် လက်လှမ်းကာ ထိုပစ္စည်းများအားလုံးကို သူ၏ သိုလှောင်နယ်မြေထဲသို့ တစ်ပြိုင်နက်တည်း သိမ်းဆည်းလိုက်လေသည်။
မည်သို့ပင်ဖြစ်စေ ဤအကောင်သည် ကောင်းကင်နတ်ဘုရား အဆင့်ရှိသော သတ္တဝါတစ်ကောင် ဖြစ်သောကြောင့် သူ့ကို သတ်ဖြတ်လိုက်ပါက ပစ္စည်းကောင်းအချို့တော့ ကျလာမည် မဟုတ်ပါလော။
သေချာပေါက်ပင် ပစ္စည်းကောင်းများဆိုသည်မှာ မိစ္ဆာများကို သတ်ဖြတ်ခြင်းမှသာ ရရှိနိုင်သည်မဟုတ်ပေ။ ပန်းကျားမြွေပါကြီး၏ အလောင်းကို အောက်သို့ ပြန်ချလိုက်ပြီးနောက် ကျန်းလျိုသည် အနီးနားရှိ မြက်ခင်းပြင်ထဲတွင် ခေတ္တမျှ ရှာဖွေလိုက်လေသည်။
မကြာမီမှာပင် လက်ဝါးအရွယ်အစားခန့်ရှိသော ကြာပန်းနက် တစ်ပွင့်ကို ရှာတွေ့သွားပြီး ၎င်းကိုပါ တစ်ပါတည်း သိမ်းဆည်းလိုက်တော့သည်။
ပန်းကျားမြွေပါကြီးအား စွန်းဝူခုန်း၏ တိုက်ခိုက်မှုကို ခုခံနိုင်စေခဲ့သည်မှာ ထိုကြာပန်းနက်ပင် ဖြစ်၏။ ၎င်းသည် စစ်မှန်သော ရတနာတစ်ပါးဖြစ်ကြောင်း အထင်အရှားပင်။
"ထိုက်ရိအဆင့်..."
စွန်းဝူခုန်း၏ ရွှေတုတ်သည် မိုလီချင်း၏ လက်ထဲရှိ မိစ္ဆာနှိမ်နင်းရေး ရတနာဓားအပေါ်သို့ ဖိချထားပြီး သူ၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားလေသည်။ မကြာမီမှာပင် သူ၏ နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားကာ လှောင်ပြောင်လိုသော အပြုံးတစ်ခု ထွက်ပေါ်လာတော့သည်။
"ငါတို့နှစ်ယောက်စလုံးက ထိုက်ရိအဆင့်မှာ ရှိနေတယ်ဆိုရင်တောင်… မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ငါ့ထက် အများကြီး နိမ့်ကျနေသေးတယ်… ငါ... စွန်းဝူခုန်းရဲ့ စွမ်းအား တစ်ရာခိုင်နှုန်း၊ နှစ်ရာခိုင်နှုန်းလောက်ပဲ ရှိတာ… မင်းက ဘယ်လိုလုပ် ငါ... စွန်းဝူခုန်းရဲ့ ပြိုင်ဘက် ဖြစ်နိုင်မှာလဲ..."
ထိုသို့ပြောဆိုရင်း စွန်းဝူခုန်း၏ ရွှေတုတ်သည် တစ်ချက် တုန်ခါသွားပြီး မိုလီချင်းကို တိုက်ရိုက် လွင့်စဉ်ထွက်သွားစေလေသည်။
လွင့်စဉ်ထွက်သွားသော မိုလီချင်းသည် စွန်းဝူခုန်းနှင့် ဆက်လက်ရှုပ်ထွေးနေရန် ရည်ရွယ်ချက် မရှိတော့ပေ။ သူ၏ ကိုယ်ခန္ဓာသည် ရွေ့လျားသွားပြီး ပန်းကျားမြွေပါကြီး၏ အနီးသို့ ဆင်းသက်လိုက်၏။
သေဆုံးသွားပြီး မူလအသွင်သဏ္ဌာန်သို့ ပြန်လည်ရောက်ရှိနေသော ပန်းကျားမြွေပါကြီးကို ကြည့်ရင်း သူ၏ မျက်လုံးများထဲတွင် အမုန်းတရားများ ပြည့်နှက်သွားကာ ကျန်းလျိုကို စူးရဲစွာ စိုက်ကြည့်လိုက်တော့သည်။
"မင်း... သူ့ကို သတ်လိုက်တယ်ပေါ့လေ… မင်း အသက်နဲ့ ပြန်ပေးဆပ်ရမယ်..."
မိုလီချင်း၏ မျက်လုံးများမှာ ရက်စက်ကြမ်းကြုတ်နေ၏။ သူက ကျယ်လောင်စွာ အော်ဟစ်လိုက်ရင်း ကျန်းလျိုဆီသို့ ခုန်ဝင်သွားလေသည်။ ထို့နောက် မိစ္ဆာနှိမ်နင်းရေး ရတနာဓားကို မြှောက်ကာ ကျန်းလျို၏ ကိုယ်ခန္ဓာပေါ်သို့ အပြင်းအထန် ခုတ်ချလိုက်တော့သည်။
ဤတိုက်ခိုက်မှုက ကျန်းလျိုကို အလွန်အမင်း တုန်လှုပ်သွားစေ၏။
ဝစီပိတ်တရား၊ သိုးအသွင်ပြောင်း နည်းစနစ်နှင့် တောက်ပသည့် ဖိနပ်၏ အထူးစွမ်းရည်များပင်လျှင် ပြန်လည်အသုံးပြုရန် စောင့်ဆိုင်းချိန်သို့ ရောက်ရှိနေသောကြောင့် ကျန်းလျိုသည် မည်သို့လုပ် ရှောင်တိမ်းနိုင်ပါမည်နည်း။ သူသည် အသည်းအသန် အခြေအနေတွင် သူ့ကိုယ်သူ ကာကွယ်ရန်အတွက် ဝရဇိန်ဂါထာကိုသာ အမြန်ရွတ်ဆိုနိုင်ခဲ့လေသည်။
"ဒုက္ခပါပဲ..."
စွန်းဝူခုန်း၏ မျက်နှာသွင်ပြင် ပြောင်းလဲသွား၏။ မိုလီချင်းသည် သူ၏ ဆရာကို အရူးအမူး တိုက်ခိုက်လိမ့်မည်ဟု သူ မျှော်လင့် မထားခဲ့ချေ။ သူသည် ကယ်တင်ရန် ကြိုးစားလိုက်သော်လည်း အချိန်နှောင်းသွားခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း... မိစ္ဆာနှိမ်နင်းရေး ရတနာဓားသည် ကျန်းလျို၏ ကိုယ်ခန္ဓာသို့ ထိမှန်သွားချိန်တွင် ပြဲဆုတ်သွားသော အသံကြီးတစ်သံသာ ထွက်ပေါ်လာ၏။ ကျန်းလျို ဝတ်ဆင်ထားသော ရွှေပိုးဟပ် ဗုဒ္ဓသင်္ကန်းမှာ ကြီးမားသော အပေါက်ကြီးတစ်ခုအဖြစ် စုတ်ပြဲသွားခဲ့ပြီ ဖြစ်လေသည်။
ကျန်းလျိုသည် ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာမျှ မရရှိခဲ့ဘဲ အကောင်းပကတိအတိုင်း ရှိနေဆဲ ဖြစ်သည်။ သို့သော်လည်း... ရွှေပိုးဟပ် ဗုဒ္ဓသင်္ကန်းပေါ်ရှိ စုတ်ပြဲသွားသော နေရာကို မြင်လိုက်ရသောအခါ ဝရဇိန်ဂါထာက တိုက်ခိုက်မှုစွမ်းအား ၈၀ ရာခိုင်နှုန်းကို လျှော့ချပေးထားသည့်တိုင်အောင် မိုလီချင်းသည် သူ့ကို ချက်ချင်း သတ်ပစ်နိုင်လောက်သည့်အထိ စွမ်းအားကြီးမားလှကြောင်း နားလည်သဘောပေါက် သွားလေသည်။
သို့မဟုတ်ပါက ရွှေပိုးဟပ် ဗုဒ္ဓသင်္ကန်း ၏ အထူးစွမ်းရည်သည် အလိုအလျောက် ပွင့်လာမည် မဟုတ်ပေ။
ကျန်းလျိုတွင် မည်သည့် ထိခိုက်ဒဏ်ရာမျှ မရှိဘဲ ဗုဒ္ဓသင်္ကန်းသာ စုတ်ပြဲသွားသည်ကို မြင်လိုက်ရသောအခါ မိုလီချင်းမှာ အံ့အားသင့်သွားပြီး မိစ္ဆာနှိမ်နင်းရေး ရတနာဓားကို နောက်တစ်ကြိမ် ထပ်မံမြှောက်လိုက်ပြန်သည်။
ဘုန်း...
ကျယ်လောင်သော အသံကြီးတစ်သံ ပဲ့တင်ထပ်သွား၏။ ဒေါသထွက်နေသော စွန်းဝူခုန်းသည် မိုလီချင်းကို ဒုတိယတစ်ချက် ထပ်မံတိုက်ခိုက်ခွင့် ပြုပါတော့မည်လော။ သူသည် မိုလီချင်း၏ ကိုယ်ခန္ဓာပေါ်သို့ အပေါ်စီးမှ မိုး၍ အပြင်းအထန် ရိုက်ချလိုက်ခြင်း ဖြစ်လေသည်။
ထို့နောက်… စွန်းဝူခုန်းသည် အောက်သို့ အားကုန်ဖိချလိုက်ရာ ရွှေတုတ်သည် မိုလီချင်း၏ ပခုံးပေါ်သို့ ကျရောက်သွားပြီး သူ့ကို မြေပြင်ပေါ်၌ ဒူးထောက်ကျသွားစေလေသည်။
သူသည် မတ်တတ်ရပ်ရန် ကြိုးစားသော်လည်း ရွှေတုတ်၏ ဖိအားမှာ တောင်ကြီးထက်ပင် ပိုမိုလေးလံနေသဖြင့် ပြန်ထရန် အခွင့်အရေး လုံးဝမရှိတော့ချေ။
စွန်းဝူခုန်းက မိုလီချင်းကို ဖိနှိပ်ချုပ်နှောင် ထားပေးသည်နှင့်တစ်ပြိုင်နက် ကျန်းလျိုသည်လည်း အနောက်သို့ အလျင်အမြန် ဆုတ်ခွာသွားလေသည်။
သူ့အား သတ်ဖြတ်လိုသည့် မိုလီချင်း၏ အရူးအမူး လုပ်ရပ်ကြောင့် ကျန်းလျိုမှာ အထိတ်တလန့် ဖြစ်သွားခဲ့ရသော်လည်း ယခုအခါတွင် သူ၏ အသက်အန္တရာယ် ကင်းရှင်းသွားပြီ ဖြစ်ရာ ရွှင်လန်းဝမ်းမြောက်မှုက သူ၏ ရင်ထဲ၌ ပြန်လည်ဖြစ်ပေါ်လာ၏။
မိုလီချင်းသည် သူ့ကို သတ်ချင်လောက်အောင်ပင် ဒေါသထွက်နေခြင်းက ပန်းကျားမြွေပါကြီး သေဆုံးသွားမှုသည် သူ့အတွက် မည်မျှ ကြီးမားသော ထိုးနှက်ချက်ဖြစ်ကြောင်း ပြသနေလေသည်။ ထို့အပြင်... ဤကိစ္စကို ကွမ်ယင်ဗောဓိသတ်က ကြိုးကိုင်စီစဉ်ထားခြင်း မဟုတ်ပါလော။ သို့ဖြစ်ရာ သူ့အပေါ်ထားရှိသော ဒေါသများသည်လည်း ကွမ်ယင်ဗောဓိသတ်ထံသို့ ကူးစက်သွားမည်သာ ဖြစ်ပေသည်။
သူက အဘယ်ကြောင့် ပန်းကျားမြွေပါကြီးကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့ရသနည်း။ ဤအကြောင်းရင်းကြောင့်ပင် မဟုတ်ပါလော။
"တောက်... ကျက်သရေမရှိလိုက်တာ... ဟေ့ကောင် မြင်းထိန်းလေး... ငါ့ကို လွှတ်စမ်း..."
မိုလီချင်းသည် ကြာစေ့များ၏ အကူအညီနှင့် နောင်တော်များ၏ စောင့်ရှောက်မှုကြောင့် ထိုက်ရိစစ်မှန်သော နတ်ဘုရား အဆင့်သို့ ကံကောင်းထောက်မစွာဖြင့် တက်လှမ်းနိုင်ခဲ့သော်လည်း သူသည် စွန်းဝူခုန်းကို ပြန်လည်ခုခံနိုင်စွမ်း လုံးဝမရှိသေးချေ။
ပခုံးပေါ်တွင် ဖိထားသော ရွှေတုတ်ကြောင့် မိုလီချင်းမှာ မတ်တတ်ရပ်ရန်ပင် ခဲယဉ်းနေလေသည်။
"ဟဲဟဲ... မြင်းထိန်းလေး ဟုတ်လား... မင်းက ငါ... စွန်းဝူခုန်းကို မသတ်ရဲဘူးလို့များ ထင်နေတာလား..."
မိုလီချင်းကို ရွှေတုတ်ဖြင့် ဖိထားရင်း သူ့ကို မြင်းထိန်းလေးဟု အမှန်တကယ် ခေါ်ဝေါ်လိုက်သည်ကို ကြားလိုက်ရသောအခါ စွန်းဝူခုန်း၏ မျက်လုံးများသည် နောက်တစ်ဖန် ရက်စက်ကြမ်းကြုတ်စွာ တောက်ပသွားပြီး အံကြိတ်ပြုံးလိုက်လေသည်။
"အောမိတော်ဖော... ဝူခုန်း... ရပ်လိုက်စမ်း..."
စွန်းဝူခုန်းမှာ စိတ်ကို ဒုံးဒုံးချကာ မိုလီချင်းအား တစ်ချက်တည်းဖြင့် အဆုံးစီရင်ရန် ပြင်ဆင်နေစဉ်မှာပင် ရုတ်တရက် မိုးကုပ်စက်ဝိုင်းဆီမှ တောက်ပပြီး နူးညံ့သိမ်မွေ့သော ဗုဒ္ဓအလင်းတန်း တစ်ခု ထွက်ပေါ်လာလေတော့သည်။
***