လီချင်းဖုန်းနှင့် ဆုံတွေ့ခြင်း……
Vol. 66 Ch. 915
"နဂါးအကြေးခွံကလန်ရဲ့ ကောင်းကင်နဂါး အကြေးခွံချပ်ဝတ်..."
လီလော့သည် လက်ဝါးနှစ်ဖက်လုံး ပြင်းထန်စွာ တုန်ခါသွားသည်ကို ခံစားရင်း မားမားမတ်မတ် ရပ်လျက် စိတ်ထဲမှ တိုးညင်းစွာ ရေရွတ်လိုက်မိသည်။
သူ့ အကြည့်က လုချင်းမိန်၏ ခန္ဓာကိုယ်ပေါ်တွင် ဖုံးလွှမ်းနေသော လှပဆန်းပြားလှသည့် နဂါးအကြေးခွံများထံသို့သာ အာရုံစိုက်ထားခဲ့သည်။ ကောင်းကင်နဂါး အကြေးခွံချပ်ဝတ်ပညာရပ်မှာ နဂါးအကြေးခွံကလန်၏ ထူးခြားလှသော မြို့စားအဆင့်ပညာရပ် ဖြစ်သည်။ ၎င်းကို ကျွမ်းကျင်သွားပါက အသုံးပြုသူ၏ ခန္ဓာကိုယ်ပေါ်တွင် နဂါးအကြေးခွံများဖြင့် ဖွဲ့စည်းထားသည့် ချပ်ဝတ်တန်ဆာတစ်ခု ပေါ်ထွက်လာမည် ဖြစ်သည်။ ၎င်းက အသုံးပြုသူ၏ ခွန်အား၊ ပဲ့တင်ထပ်သံစွမ်းအား၊ အရှိန်နှင့် ခုခံမှုစွမ်းရည်အားလုံးကို အကြီးအကျယ် မြင့်တက်လာစေနိုင်သည်။
အစောပိုင်းကဆိုလျှင် သူသည် ရှီးဂန်းစွမ်းအားနှင့် အမြွှာပဲ့တင်ထပ်သံစွမ်းအား အားသာချက်များကို အသုံးချကာ လုချင်းမိန်၏ စွမ်းအားများကို ပြန်လည်တွန်းလှန်နိုင်ခဲ့သည်။ သို့သော်လည်း ယခုအခါ သူမ ဤပညာရပ်ကို ထုတ်သုံးလိုက်ချိန်တွင်မူ ပြင်းထန်လှသော ဖိအားများ သူ့ထံသို့ ရုတ်တရက် ပြန်လည်ကျရောက်လာခဲ့ပြီ ဖြစ်သည်။
"လီလော့... နင်သာ မြို့စားအဆင့်ပညာရပ်ကို အခုချက်ချင်း ထုတ်မသုံးဘူးဆိုရင် ငါ ဒီနဂါးအကြေးခွံကို ယူသွားတော့မယ်"
လုချင်းမိန်က လက်ထဲမှ ဖန်သားတောင်ဝှေးကို မြေပြင်ပေါ် ခိုင်မာစွာ ထောက်ရင်း ကြေညာလိုက်သည်။ သူမ ကျောက်စင်မြင့်၏ အထက် ကောင်းကင်ယံထံသို့ မော့ကြည့်လိုက်တော့ ထိုနေရာ၌ လူတစ်ဦး၏ လက်ဝါးခန့် အရွယ်အစားရှိသော ရွှေရောင်နဂါးအကြေးခွံတစ်ခု လွင့်မျောနေသည်ကို တွေ့ရးလိုက်ရသည်။
၎င်းကို ကြားရသောအခါ လီလော့ ပြုံးလိုက်မိသည်။ သူမပြောတာ မှန်ပေသည်။ သူမဘက်က ဝှက်ဖဲများကို ထုတ်ပြလိုက်ပြီ ဖြစ်သည်။ အကယ်၍ သူသာ ဤတိုက်ပွဲအတွင်း အလိုအလျောက် အရှုံးပေးမည့်သူတစ်ဦးသဖွယ် အရိုက်ခံနေရသည့် အခြေအနေမျိုးကို မလိုချင်ဘူးဆိုလျှင် သူသည်လည်း ဝှက်ဖဲကို သေချာပေါက် ထုတ်သုံးရမည် ဖြစ်သည်။
ဤအတွေးများဖြင့် လီလော့က လက်ကွက်များကို အမြန်ဆုံး ပုံဖော်လိုက်ရာ သူ့ခန္ဓာကိုယ်အတွင်းရှိ ပဲ့တင်ထပ်သံစွမ်းအားအားလုံး အရှိန်အဟုန်ဖြင့် စတင်ထွက်ပေါ်လာတော့သည်။
နောက်တစ်ခဏတွင် ဓားအလင်းတန်းတစ်ခု ဟင်းလင်းပြင်၌ ဖြတ်သန်းသွားခဲ့ပြီးနောက် ဟင်းလင်းပြင်တွင် အက်ကြောင်းတစ်ခု ပေါ်ထွက်လာခဲ့ကာ ကြောက်မက်ဖွယ်ကောင်းသော နက်မှောင်လှသည့် ဟင်းလင်းပြင်နေရာတစ်ခုကို ထင်ရှားစွာ မြင်တွေ့လိုက်ကြရသည်။
ထိုအက်ကြောင်းအတွင်းမှနေ၍ ပြင်းထန်စွာ စီးဆင်းနေသော ရေလှိုင်းသံကြီးကိုပါ ရှင်းလင်းစွာ ကြားလိုက်ကြရသည်။
ဝုန်း
အေးစက်လှသော ငရဲမြစ်ရေလှိုင်းလုံးကြီးများ ထိုဟင်းလင်းပြင်အက်ကြောင်းအတွင်းမှနေ၍ တစ်ဟုန်ထိုး စီးထွက်လာပြီး ထိုဧရာမ ရေလှိုင်းလုံးကြီးများနှင့်အတူ ကောင်းကင်ယံ၌ နဂါဟိန်းသံကြီးတစ်သံ ပဲ့တင်ထပ်သွားခဲ့ပြီး ၎င်းအတွင်းမှ နက်မှောင်သော နဂါးကြီးတစ်ကောင် ထွက်ပေါ်လာခဲ့တော့သည်။
မြို့စားအဆင့်ပညာရပ် - မဟူရာမြစ်၏နဂါးအလံတော်
"သွားစမ်း"
လီလော့၏ အမိန့်ပေးသံ ထွက်ပေါ်လာခဲ့ပြီးနောက် ငရဲမြစ်ရေလှိုင်းများ ထိုနဂါးနက်ကြီး၏ ခန္ဓာကိုယ်ကို ဝန်းရံသွားခဲ့ပြီး ၎င်းက ကောင်းကင်ယံကို ဖြတ်သန်းကာ လုချင်းမိန်ရှိရာသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ပူပြင်းလှသော နွေရာသီ အပူရှိန်အားလုံးမှာ အေးစက်လှသော ဆောင်းရာသီ အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိသွားခဲ့သကဲ့သို့ပင် ထင်လိုက်ရသည်။
ယခုအခါ လီလော့သည် နှောင်းပိုင်းနတ်ဆိုးခန္ဓာအဆင့်သို့ အောင်မြင်စွာ တက်လှမ်းထားပြီးသား ဖြစ်နေသဖြင့် ထိုနဂါးကြီး၏ စွမ်းအားမှာ ယခင်ကထက် များစွာ ပိုမိုပြင်းထန်လာခဲ့ပြီ ဖြစ်သည်။
လုချင်းမိန်က ရင်းနှီးပြီးသားဖြစ်သော ထိုနဂါးနက်ကြီး ထပ်မံပေါ်ထွက်လာသည်ကို မြင်တွေ့လိုက်ရချိန်တွင် သူမ၏ မျက်နှာလေး တောက်ပသွားခဲ့လေသည်။ သူမအနေနှင့် ၎င်းနှင့် ထပ်မံ၍ ထိပ်တိုက်ရင်ဆိုင်ရမည့် အချိန်ကို မစောင့်ဆိုင်းနိုင်လောက်အောင် ဖြစ်နေမိသည်။ပထမဆုံး ဆုံတွေ့စဉ်က လီလော့ ဤမြို့စားအဆင့်ပညာရပ်ကို တတိယအဆင့်မှာရှိသော အမြွှာပဲ့တင်ထပ်သံစွမ်းအားများနှင့် ပေါင်းစပ်ထုတ်သုံးခဲ့သဖြင့် သူမကို အကြီးအကျယ် ထိတ်လန့်သွားစေခဲ့ဖူးသည်။
ထိုစဉ်က ဤပညာရပ်၏ စစ်မှန်သော စွမ်းအားမှာ ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်ရှိသော မြို့စားအဆင့်ပညာရပ်တစ်ခုနှင့်ပင် ရင်ပေါင်တန်းနိုင်စွမ်း ရှိခဲ့ဖူးသည်။
ဤအတွေးများဖြင့် လုချင်းမိန်က ဖန်သားတောင်ဝှေးကို လက်ဝါးနှစ်ဖက်လုံးဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည်။ထိုအခါ သူမ၏နောက်မှ ကောင်းကင်ပုလဲမှာလည်း ပြင်းထန်စွာ လည်ပတ်လာခဲ့ပြီး ပတ်ဝန်းကျင်ရှိ သဘာဝစွမ်းအင်များကို အတိုင်းအဆမရှိ စုပ်ယူတော့သည်။
၎င်း၏ လည်ပတ်မှုအရှိန်မှာ မယုံနိုင်လောက်အောင် မြန်ဆန်လှသဖြင့် ဟင်းလင်းပြင်၌ တိုးညင်းလှသော မြည်ဟည်းသံတစ်ခုပင် ထွက်ပေါ်လာခဲ့ရသည်။
တစ်ချိန်တည်းမှာပင် သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ပဲ့တင်ထပ်သံစွမ်းအားများလည်း မိုးပျံမတတ် မြင့်တက်လာခဲ့ပြီ ဖြစ်သည်။
သူမ ရှေ့သို့ ပြင်းထန်စွာ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် သူမ၏ ခန္ဓာကိုယ်ပေါ်မှ ကောင်းကင်နဂါး အကြေးခွံချပ်ဝတ်ထံမှ တောက်ပလှသော အလင်းတန်းများ ပေါက်ကွဲထွက်လာခဲ့သည်။ ထို့နောက် လက်ထဲမှ ဖန်သားတောင်ဝှေးကို ကောင်းကင်ယံထံသို့ မြှောက်လိုက်ပြီး ပြေးဝင်လာသော နဂါးကြီးထံသို့ အရှိန်အဟုန်ဖြင့် ရိုက်ချလိုက်တော့သည်။
ဤအချိန်တွင် ရေတွက်မရနိုင်သော နဂါးအကြေးခွံများ ထိုဖန်သားတောင်ဝှေးကို လုံးဝဥဿုံ ဖုံးလွှမ်းသွားခဲ့သဖြင့် ၎င်းထံမှ ထူးဆန်းလှသော အလင်းတန်းများ ထွက်ပေါ်နေသည်။
ဤသည်က အမှန်တကယ်ပင် ကြီးကျယ်ခမ်းနားလှသော တိုက်ကွက်တစ်ခု ဖြစ်ပြီး လုချင်းမိန်၏ အမြင့်ဆုံးအဆင့်ရှိသော စွမ်းအားအားလုံးကို အပြည့်အဝ ပြသနေခြင်းပင် ဖြစ်သည်။
ဘုန်း
နဂါးကြီးနှင့်တောင်ဝှေးရိုက်ချက်တို့ ထိပ်တိုက်တွေ့ဆုံသွားသည့် တစ်ခဏ၌ ပြင်းထန်လှသော ပေါက်ကွဲမှုကြီး ဟင်းလင်းပြင်တွင် မြည်ဟည်းသွားခဲ့သည်။
စွမ်းအင်မုန်တိုင်းလှိုင်းများ နေရာအနှံ့သို့ အရူးအမူး လွင့်စင်သွားခဲ့ကြသဖြင့် ပတ်ဝန်းကျင်ရှိ ရေတွက်မရနိုင်သော ထိတ်လန့်တကြား အကြည့်များအားလုံး ထိုနေရာသို့ ရောက်ရှိလာခဲ့ကြသည်။
ဤသည်က သူတို့နှစ်ဦးကြားရှိ မယုံနိုင်လောက်အောင် ရက်စက်ပြီး ပြင်းထန်လှသော တိုက်ပွဲတစ်ခု ဖြစ်ပြီး နှစ်ဦးစလုံး မည်သည့်အစွမ်းကိုမျှ ဝှက်ထားခြင်းမရှိကြပေ။
ထိုဧရာမ စွမ်းအင်လုံးကြီး နှစ်ခုမှာ အချင်းချင်း ချေမှုန်းဖျက်ဆီးပစ်ရန် ကြိုးစားနေကြသော်လည်း မည်သူမျှ သိသာထင်ရှားသော အားသာချက်ကို မရရှိနိုင်ကြသေးပေ။
ဤအချိန်သို့ ရောက်ရှိလာမှသာ လီလော့ လက်ကို ရုတ်တရက် ဝှေ့ယမ်းလိုက်တော့ ထိုနဂါးနက်ကြီးက ပါးစပ်ကြီးကို ရက်စက်စွာ ဖွင့်လိုက်ပြီးနောက် ၎င်း၏ ပါးစပ်အတွင်းမှ စုစည်းထားသည့် ရှီးဂန်းစွမ်းအားအမျှင်တန်းတစ်ခုကို နဂါးမီးတောက်သဖွယ် တိုက်ရိုက် မှုတ်ထုတ်လိုက်တော့သည်။
သို့သော်ငြားလည်း ဤသို့သော
ရုတ်တရက် ပြောင်းလဲမှုကြောင့် လုချင်းမိန် ထိတ်လန့်သွားခြင်းမရှိပေ။ သူမက မျက်ခုံးပင့်လိုက်ပြီး စိတ်အာရုံကို ပိုမို၍ စုစည်းလိုက်သည်။ ထို့နောက် သူမ၏ နဂါးအကြေးခွံများ ဖုံးလွှမ်းနေသော ဖန်သားတောင်ဝှေးပေါ်တွင် ထူးဆန်းသော အလင်းတန်းတစ်ခု စတင် စုစည်းလာခဲ့သည်။ နောက်တစ်ခဏတွင် ထိုအလင်းတန်းမှာ နဂါးအကြေးခွံများ လုံးဝဥဿုံ ဖုံးလွှမ်းနေသည့် ရွှေရောင်သမင်ကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားတော့သည်။
ထိုသမင်ကြီးက အပြင်သို့ အသာအယာ ခုန်ထွက်လိုက်ပြီး ၎င်းထံမှ အတိုင်းအဆမရှိလှသော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာခဲ့သည်။
၎င်းသည် ဦးခေါင်းကို အောက်သို့ နှိမ့်ချလိုက်ပြီး ဦးချိုကြီးများကို ရှေ့သို့ ဦးတည်ကာ ပြေးဝင်လာသော ရှီးဂန်းစွမ်းအားကို တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်လိုက်ပြီး ၎င်းတို့ကို လုံးဝ ဖျက်စီးပစ်လိုက်သည်။
"ပေလေးရာမြင့်တဲ့ ရှီးဂန်းစွမ်းအားလောက်နဲ့တော့ ငါ့ကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး"
ဟု လုချင်းမိန်က ဆိုလိုက်သည်။
၎င်းကို ကြားရသောအခါ လီလော့က ပြုံးရုံသာ ပြုံးပြလိုက်သည်။
ထိုတစ်ခဏ၌ပင် လုချင်းမိန် တစ်ခုခုကို သတိပြုမိသွားခဲ့သဖြင့် သူမ၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားလေသည်။
အဘယ့်ကြောင့်ဆိုသော် ထိုပေါက်ကွဲပျက်စီးသွားခဲ့သည့် ရှီးဂန်းစွမ်းအား၏ အနက်ရှိုင်းဆုံးနေရာထံမှ မယုံနိုင်လောက်အောင် ထက်မြက်လှသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်ကို ခံစားမိလိုက်ခြင်း ဖြစ်သည်။
၎င်းမှာ ဓာဆန္ဒအမျှင်တန်းတစ်ခုပင် ဖြစ်သည်။
၎င်းအတွင်း၌ ကျယ်ပြောလှသော စကြဝဠာကြီး၏ အံ့ဖွယ်စွမ်းအားများ ပြည့်နှက်နေသည်။
ဤမယုံနိုင်လောက်အောင် ထက်မြက်လှသော အရှိန်အဝါက သူမကို လီလော့ နဂါးပျံတက်ခြင်းပွဲတုန်းက နဂါးကိုးကောင် ပေါင်းစပ်ခြင်းပညာရပ်ကို ရင်ဆိုင်ရာတွင် ထုတ်သုံးခဲ့ဖူးသည့် ထူးဆန်းလှသော စွမ်းအားကို ချက်ချင်း ပြန်လည်သတိရမိသွားစေသည်။
အမှန်အတိုင်း ပြောရလျှင် ထိုနဂါးနက်ကြီး၏ ပါးစပ်ထဲမှ ထွက်ပေါ်လာခဲ့သည့် ရှီးဂန်းစွမ်းအားမှာ လီလော့၏ စစ်မှန်သော ဝှက်ဖဲမဟုတ်ခဲ့ပေ။ စစ်မှန်သော ဝှက်ဖဲမှာ ၎င်း၏ အနက်ရှိုင်းဆုံးနေရာတွင် ပုန်းကွယ်နေခဲ့သည့် ဤစကြဝဠာဓားဆန္ဒသာ ဖြစ်သည်။
ထိုဓားဆန္ဒလှိုင်းများ ဟင်းလင်းပြင်ကို ဖြတ်သန်းစီးဆင်းသွားချိန်တွင် ၎င်းနှင့် ထိမိသွားသည့် ထိုရွှေရောင်သမင်ကြီးမှာ ချက်ချင်းပင်နှစ်ပိုင်း ပိုင်းဖြတ်ခံလိုက်ရတော့သည်။ ထို့နောက် ၎င်းက လုချင်းမိန်လက်ထဲမှ ဖန်သားတောင်ဝှေးထံသို့ တဟုန်ထိုး ဆက်လက်ပြေးဝင်သွားခဲ့သည်။
ဤအချိန်တွင် ထိုဖန်သားတောင်ဝှေးကို ဖုံးလွှမ်းထားသည့် နဂါးအကြေးခွံများ အရှိန်အဟုန်ဖြင့် စတင် ကွဲအက်ပျက်စီးကုန်သည်။
ယခုဆို သူမ၏ တိုက်စစ်အားလုံး လုံးဝဥဿုံ ဖျက်ဆီးခြင်း ခံလိုက်ရပြီ ဖြစ်သည်။
ထိုနဂါးနက်ကြီးသည်လည်း ဤအကောင်းဆုံး အခွင့်အရေးကို လက်လွတ်မခံဘဲ ကောင်းကင်ယံ၌ ခန့်ညားထည်ဝါစွာ ဟိန်းဟောက်လိုက်တော့သည်။
နောက်တစ်ခဏတွင် လုချင်းမိန်၏ ခန္ဓာကိုယ်အတွင်းရှိ ပဲ့တင်ထပ်သံစွမ်းအားအားလုံးမှာ အေးစက်လှသော ငရဲမြစ်ရေလှိုင်းများကြောင့် လုံးဝ အေးခဲသွားခဲ့ရသည်။
စကြဝဠာဓားဆန္ဒလှိုင်းများနှင့်အတူ ထိုနဂါးနက်ကြီးက သူမ၏ နဂါးအကြေးခွံများ ဖုံးလွှမ်းနေသည့် လှပသော ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် ထိုးနှက်တိုက်ခိုက်လိုက်တော့သည်။
ဘုန်း
သူမ အနောက်သို့ ချက်ချင်းပင် လွင့်စင်သွားခဲ့ရပြီး သူမ၏ ခြေဖဝါးနှစ်ဖက်လုံး မြေပြင်ပေါ်၌ ပေထောင်ဂဏန်းခန့် ရှည်လျားလှသော နက်ရှိုင်းသည့် အစင်းကြောင်းကြီးတစ်ခု ထင်ကျန်ရစ်စေခဲ့ပြီးမှ ရပ်တန့်သွားခဲ့သည်။ သူမသည် လက်ထဲမှ ဖန်သားတောင်ဝှေးကို မြေပြင်ပေါ်သို့ အစွမ်းကုန် စိုက်ထူရင်း မချိတင်ကဲဖြင့် ပြန်လည်တည်ငြိမ်အောင် လုပ်ဆောင်လိုက်ရသည်။
မည်သို့ပင်ဖြစ်စေ သူမ၏ ခန္ဓာကိုယ်ပေါ်မှ နဂါးအကြေးခွံများ တဖြည်းဖြည်းနှင့် ပျက်စီးကုန်သည်ကို ကြည့်ရင်း သူမ၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ထင်ဟပ်နေခဲ့သည်။
ဤအခြေအနေက ခေတ္တမျှသာ ကြာမြင့်ခဲ့ပြီးနောက် သူမက တောက်ပလှသော မျက်ဝန်းများဖြင့် လီလော့ကို စိုက်ကြည့်လိုက်ပြီး…
"နငါ နိုင်ပါပြီ"ဟု ဆိုလိုက်သည်။
သူမ၏ အကြည့်က အလွန်ပင် ထူးခြားလှသည်။ လီလော့၏ စွမ်းအားက သူမကို အမှန်တကယ်ပင် အံ့ဩစေခဲ့သည်။ သူသည် နှောင်းပိုင်းနတ်ဆိုးခန္ဓာအဆင့်မှာပင် ရှိသေးသည်ဆိုသော်လည်း ကောင်းကင်ပုလဲတစ်လုံးရှိသော သူမလို ကျွမ်းကျင်သူကို အောင်မြင်စွာ အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။
သူသည် အမှန်တကယ်ပင် မယုံနိုင်လောက်အောင် ထူးချွန်လှသည်။
တစ်ချိန်တည်းမှာပင် လုချင်းမိန် ရှုံးနိမ့်မှုကို သဘောတူလက်ခံလိုက်သည်ကို ကြည့်ရင်း ပတ်ဝန်းကျင်ရှိ အခြားတံခွန်ကိုင်များ၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုများကို မည်သို့မျှ ဖုံးကွယ်ထားနိုင်ခြင်း မရှိကြပေ။
လီလော့သည် နဂါးပျံတက်ခြင်းပွဲတုန်းက ထူးချွန်သော စွမ်းဆောင်ရည်ကို ပြသခဲ့ဖူးသည်မှာ မှန်သော်လည်း ထိုအရာက စစ်မှန်သော တိုက်ပွဲတစ်ခု မဟုတ်ပေ။
ယခုအခါတွင်မူ သူသည် တံခွန်ကိုင်အားလုံး၏ ဒုတိယအဆင့်မှာ ရှိနေသည့် လုချင်းမိန်ကို တိုက်ရိုက် အနိုင်ယူပြခဲ့ပြီ ဖြစ်သည်။ထို့ကြောင့် သူတို့ ရှေ့ဆက်ပြီး ဘာပြောနိုင်ဦးမည်နည်း။
လီလော့၏ စစ်မှန်သော စွမ်းအားမှာ တံခွန်ကိုင်အားလုံး၏ ထိပ်ဆုံးအဆင့်တွင် ရှိနေပြီဖြစ်ကြောင်း ငြင်းပယ်၍မရနိုင်တော့ပေ။
လူတိုင်း ဤတစ်ခဏ၌ ကောင်းစွာ သဘောပေါက်လိုက်ကြသည်မှာ လီလော့သည် လာမည့် နဂါးခေါင်းဆောင်တိုက်ပွဲအတွင်း၌ လီချင်းဖုန်းကိုပါ စစ်မှန်စွာ ရင်ဆိုင်နိုင်စွမ်းရှိသည့် အခွင့်အရေး ရှိနေပြီ ဖြစ်ကြောင်းပင်။
လီလော့က လက်ဝါးချင်းပူးကာ ဤတိုက်ပွဲအတွက် လုချင်းမိန်ကို ယဉ်ကျေးစွာ ကျေးဇူးတင်စကား ဆိုလိုက်သည်။ သူမကမူ ပြန်လည်၍ မည်သည့်စကားမျှ မပြောခဲ့ပေ။ သူမ ပြတ်သားစွာ လှည့်ထွက်သွားခဲ့ပြီး လာမည့် နောက်ထပ်တိုက်ပွဲများအတွက် ပြင်ဆင်ရန် ထွက်ခွာသွားခဲ့တော့သည်။
တစ်ချိန်တည်းမှာပင် သူတို့၏အထက်တွင် လွင့်မျောနေသော ရွှေရောင်နဂါးအကြေးခွံမှာ အလင်းတန်းတစ်ခုအဖြစ် ကွဲထွက်သွားခဲ့ပြီး လီလော့၏ လက်ဝါးအတွင်းသို့ ရောက်ရှိလာခဲ့သည်။
သူသည် ယခုအချိန်အထိ တိုက်ပွဲ ငါးချီစလုံးကို တရစပ် အနိုင်ရရှိထားခဲ့ပြီ ဖြစ်သည်။ဤသည်က နဂါးအကြေးခွံ ငါးခုကို ခိုင်မာစွာ ရရှိထားပြီဖြစ်ကြောင်း ဆိုလိုခြင်းပင်။
သို့သော်ငြားလည်း ဤပြိုင်ပွဲအတွင်း၌ တိုက်ပွဲ ငါးချီစလုံး တရစပ် အနိုင်ရရှိထားသည့် နောက်ထပ်လူတစ်ယောက် ရှိနေသေးသည်။ ထိုသူမှာ လီချင်းဖုန်း ပင် ဖြစ်သည်။
လီလော့ ဤအကြောင်းကို တွေးမိသောအခါ ဘေးပတ်ဝန်းကျင်ရှိ အခြားကျောက်စင်မြင့်တစ်ခုထံသို့ လှည့်ကြည့်လိုက်ရာ ထိုနေရာမှ တိုက်ပွဲမှာလည်း ယခုတင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
ထိုတိုက်ပွဲအတွင်းမှ လူနှစ်ဦးမှာ သူနှင့် အလွန်ရင်းနှီးပြီးသားဖြစ်သော မျက်နှာများ ဖြစ်ကြသည်၊ ၎င်းတို့မှာ လီချင်းဖုန်းနှင့် တျန့်ဖုန်းရှန်တို့ ဖြစ်ကြသည်။
လီချင်းဖုန်းနှင့်တွေ့ဆုံရခြင်းက
တျန့်ဖုန်းရှန်အတွက် တကယ့်ကို ကံဆိုးလှသော မဲနှိုက်ခြင်း ဖြစ်ခဲ့ရပြီး တိုက်ပွဲရလဒ်ကလည်း အားလုံး မျှော်လင့်ထားကြသည့်အတိုင်းပင် ဖြစ်လာခဲ့သည်။ လီချင်းဖုန်း၏ ကောင်းကင်ပုလဲစွမ်းအားမှာ လုချင်းမိန်ထက် များစွာ ပိုမိုပြင်းထန်လှသည်။
တျန့်ဖုန်းရှန်က ရွှေချပ်ဝတ် ပေါက်ကွဲပျက်စီးသွားခဲ့ပြီးနောက် မကြာမီမှာပင် ရှုံးနိမ့်မှုကို လက်ခံလိုက်ရခြင်း ဖြစ်သည်။
လီချင်းဖုန်းက လီလော့၏ အကြည့်ကို ခံစားမိလိုက်ချိန်တွင် သူလည်း လှည့်ကြည့်လိုက်ပြီး လီလော့ကို တည်ငြိမ်သော အကြည့်ဖြင့် ပြန်လည်စိုက်ကြည့်လိုက်သည်။ သူ့ မျက်ဝန်းများအတွင်း၌မူ ဖုံးကွယ်ထား၍မရနိုင်သော ထက်မြက်လှသည့် အရှိန်အဝါများ ပြည့်နှက်နေခဲ့သည်။
ဤသည်က ခြိမ်းခြောက်မှုများ ပြည့်နှက်နေသည့် အကြည့်တစ်ခုပင်။
အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် လူတိုင်း ကောင်းစွာ သိရှိထားကြသည်မှာ နောက်ဆုံး နဂါးခေါင်းဆောင်ရာထူးကို ရရှိမည့်သူမှာ လီချင်းဖုန်း သို့မဟုတ် လီလော့တို့နှစ်ဦးထဲမှ တစ်ဦးသာ ဖြစ်လာမည် ဖြစ်သောကြောင့်ပင်။
လီကျင်းထောင်အတွက်မူ…
လီလော့ ဤအချိန်တွင် အခြားကျောက်စင်မြင့်တစ်ခုထံသို့ ထပ်မံ၍ အာရုံစိုက်လိုက်ပြန်သည်။
သူ မြင်တွေ့လိုက်ရသည့် မြင်ကွင်းမှာ လီကျင်းထောင်နှင့်.ဒေါသကြီးလှသော လီဟုန်လီတို့၏ ထူးဆန်းလှသော တိုက်ပွဲပင် ဖြစ်သည်။
လီကျင်းထောင်သည် ကျောက်စင်မြင့်၏ အလယ်ဗဟိုတွင် မည်သည့်လှုပ်ရှားမှုမျှမရှိဘဲ ခိုင်မာစွာ ရပ်နေခဲ့သည်။ သူ့ခန္ဓာကိုယ်အတွင်းမှ ပဲ့တင်ထပ်သံစွမ်းအားများ တစ်ဟုန်ထိုး ထွက်ပေါ်နေခဲ့ပြီး နဂါးစွယ်ပုံစံများဖြင့် ဖွဲ့စည်းထားသည့် ဧရာမ ဒိုင်းကာကြီးတစ်ခု သူ့ ခန္ဓာကိုယ်ပတ်လည်တွင် လည်ပတ်နေခဲ့ကာ လီဟုန်လီ၏ ပြင်းထန်လှသော တိုက်ခိုက်မှုအားလုံးကို အောင်မြင်စွာ တားဆီးပေးထားသည်။
မြေပြင်ပေါ်သို့ အဆက်မပြတ် တိုက်ခိုက်မှုများ ကျရောက်နေသော်လည်း ထိုနဂါးစွယ်ဒိုင်းကာကြီးမှာ မည်သည့်ထိခိုက်မှုမျှမရှိဘဲ အကောင်းတိုင်း ရှိနေခဲ့သည်။
လီကျင်းထောင်ကမူ ထိုဒိုင်းကာကြီး၏ အနောက်တွင် ပုန်းကွယ်ရင်း ပြုံးနေခဲ့သည်။ သူ့ရဲ့ လက်ဝါးနှစ်ဖက်လုံးကို ရှည်လျားလှသော အင်္ကျီလက်စအတွင်း၌ ဝှက်ထားခဲ့ပြီး ဝဖိုင့်ဖိုင့် မျက်နှာပေါ်တွင် အေးဆေးတည်ငြိမ်မှုများသာ ပြည့်နှက်နေသည်။
တစ်ဖက်တွင်မူတိုက်စစ်ကို အမြင့်ဆုံးအဆင့်အထိ အတင်းအကျပ် မြှင့်တင်ထားခဲ့သဖြင့် လီဟုန်လီ၏ ပဲ့တင်ထပ်သံစွမ်းအားအားလုံး အရှိန်အဟုန်ဖြင့် ကုန်ဆုံးလာခဲ့သည်။ ၎င်းက သူမကို အလွန်မင်း မောပန်းသွားစေခဲ့သဖြင့် ယခုအခါ အမောတကောဖြင့် သက်ပြင်းချနေရပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့နေခဲ့ပြီ ဖြစ်သည်။
အမှန်အတိုင်း ပြောရလျှင် သူမသည် လီကျင်းထောင်၏ ထိုဒိုင်းကာနောက်မှ အရှက်မရှိလှသော အပြုံးကို ကြည့်ရင်း ဒေါသကြောင့် ပေါက်ကွဲတော့မည့်အသွင် ရှိနေပြီး စက္ကန့်နှင့်အမျှ စိတ်တိုနေလေ၏။
သို့သော်လည်း သူမ လုပ်ဆောင်နိုင်မည့် အခြားနည်းလမ်း မရှိတော့ပေ။ နောက်ဆုံးတွင်မူ သူမသည် လီကျင်းထောင်၏ လိပ်ခွံကြီးကို ဘယ်လိုမှ မဖျက်ဆီးနိုင်ကြောင်း လက်တွေ့ကျကျ သိရှိလိုက်ရသဖြင့် မိမိ၏ ပဲ့တင်ထပ်သံစွမ်းအားများကို မချိတင်ကဲဖြင့် ပြန်လည်ရုတ်သိမ်းလိုက်ရုံသာ တတ်နိုင်တော့သည်။
လီကျင်းထောင်ကမူ ထိုလိပ်ခွံကြီးအတွင်း၌ ဆက်လက်ပုန်းကွယ်နေခဲ့ပြီး မည်သည့်ပြန်လည်တိုက်ခိုက်မှုကိုမျှ လုပ်ဆောင်ရန် စိတ်ကူးမရှိခဲ့ပေ။ ဤအခြေအနေက သတ်မှတ်ထားသည့် အချိန်ကုန်ဆုံးသွားသည်အထိ ဆက်လက်တည်ရှိနေခဲ့ပြီးနောက် သူတို့၏အထက်တွင် လွင့်မျောနေသော ရွှေရောင်နဂါးအကြေးခွံမှာ အလင်းတန်းနှစ်ခုအဖြစ် ကွဲထွက်သွားခဲ့ပြီး ပါဝင်ဆင်နွှဲသူ နှစ်ဦးစလုံးထံသို့ တစ်ဝက်စီ ကျရောက်သွားခဲ့တော့သည်။
ဤသည်က သရေကျသွားခဲ့ခြင်း ဖြစ်သဖြင့် သူတို့နှစ်ဦးစလုံး နဂါးအကြေးခွံ တစ်ဝက်စီသာ အသီးသီး ရရှိခဲ့ကြခြင်း ဖြစ်သည်။
၎င်းကြောင့်ပင် လီကျင်းထောင်သည် စုစုပေါင်း တိုက်ပွဲ ငါးချီစလုံး သရေကျထားခဲ့ပြီ ဖြစ်သည်။ သူ ရရှိထားသည့် နဂါးအကြေးခွံ အရေအတွက်အရ ကြည့်လျှင် ထူးခြားမှုမရှိလှပေ။တိုက်ပွဲအားလုံးမှာ သရေကျခြင်းဖြင့်သာ အဆုံးသတ်ခဲ့ရခြင်း ဖြစ်သည်။
သို့သော်လည်း သူ့ရဲ့ ခုခံမှုနည်းလမ်းများက ပြင်ပမှ စောင့်ကြည့်နေကြသော ပွဲကြည့်ပရိသတ်အားလုံးကိုရော အထက်စင်မြင့်ထက်မှ အကြီးအကဲအားလုံးကိုပါ လုံးဝ ဥဿုံ ဆွံ့အသွားစေခဲ့သည်။
ထို့နောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများမှာ ပုံမှန်အတိုင်းသာ ရှိခဲ့ပြီး ထူးခြားမှု မရှိတော့ပေ။
လီလော့နှင့် လီချင်းဖုန်းတို့နှစ်ဦးစလုံး ဆက်လက်၍ အသီးသီး အနိုင်ရရှိခဲ့ကြပြီး သူတို့နှစ်ဦးစလုံးကို တားဆီးနိုင်မည့် အခြားပြိုင်ဘက်များ ရှိမနေခဲ့ကြတော့ပေ။ ထိုမဲနှိုက်ခြင်း နည်းလမ်းက နောက်ဆုံးတွင် သူတို့နှစ်ဦးကိုသာ ထိပ်တိုက် တွေ့ဆုံစေခဲ့တော့သည်။
အဋ္ဌမမြောက် တိုက်ပွဲ…လီလော့နှင့် လီချင်းဖုန်း….
သူတို့နှစ်ဦးစလုံး ကျောက်စင်မြင့်ပေါ်သို့ ခြေချလိုက်မိကြသည့် တစ်ခဏ၌ အခြားကျန်ရှိသည့် တံခွန်ကိုင်အားလုံး သူတို့၏ လှုပ်ရှားမှုများကို ခေတ္တရပ်တန့်လိုက်ကြသည်။
ကြည့်ရှုနေကြသူတိုင်းကလည်း သူတို့နှစ်ဦးရှိရာ တိုက်ပွဲကွင်းပြင်ထံသို့သာ အာရုံစိုက်လိုက်ကြတော့သည်။
ဤတိုက်ပွဲကသာ လက်ရှိမျိုးဆက်၏ နဂါးခေါင်းဆောင်တိုက်ပွဲ၏ နောက်ဆုံးရလဒ်ကို အပြတ်အသတ် ဆုံးဖြတ်ပေးသွားမည်မှာ သေချာလှပေတော့သည်။