ဆုလာဘ်
Vol. 66 Ch. 924
လီလော့၊ လီဖုန်းယီ၊ လီကျင်းထောင်နှင့် တျန့်ဖုန်းရှန်တို့ လေးဦးသား ဟင်းလင်းပြင်ဝင်္ကပါအတွင်းမှ ထွက်ခွာလာခဲ့ချိန်တွင် နဂါးစွယ်တောင်တန်းသို့ ပြန်လည်ရောက်ရှိလာခဲ့ကြသည်။
ထိုနေရာသို့ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် နားကွဲလုမတတ် ဆူညံနေသည့် အောင်ပွဲခံ အော်ဟစ်သံများဖြင့် သူတို့ကို ကြိုဆိုလိုက်ကြသဖြင့် သူတို့အားလုံး ခေတ္တမျှ မှင်တက်သွားခဲ့ကြသည်။
လီလော့က စိတ်လှုပ်ရှားနေကြသည့် လူအုပ်ကြီးကို ကြည့်ရင်း နားထဲတွင် ဆူညံနေသည့်အသံများကြောင့် နားကို အသာအယာ ပွတ်သပ်လိုက်မိသည်။
သူတို့ ဘာကြောင့် ဤမျှအထိ စိတ်လှုပ်ရှားနေကြသလဲဆိုသည်ကို သူ ကောင်းစွာ နားလည်သည်။
နဂါးခေါင်းဆောင်ရာထူးက လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက နဂါးသွေးကလန်၏ လက်ထဲတွင်သာ အမြဲတမ်း ရှိနေခဲ့သည်။ထို့ကြောင့်ပင် နဂါးစွယ်ကလန်မှာ အမြဲတမ်း အဖိနှိပ်ခံနေခဲ့ရပြီး ၎င်းမှာ သူတို့၏ ရင်ထဲတွင် အမြဲတမ်း နာကျင်စရာကောင်းလှသည့် အချက်တစ်ခု ဖြစ်နေခဲ့သည်။
ဤအဖြစ်က သူတို့ကို ရင်ကွဲစေခဲ့ပြီး မည်သည့်အချက်အလက်ဖြင့်မျှ ပြန်လည် ချေပနိုင်ခြင်းမရှိသည့် အမှန်တရား ဖြစ်နေခဲ့သည်။
ထို့ကြောင့်ပင် တံခွန်တော် လေးခုစလုံးက နဂါးခေါင်းဆောင်ရာထူးကို ရရှိရန်အတွက် များစွာ မျှော်လင့်ချက် မထားခဲ့ကြပေ။
လီလော့၏ လူယုံတော် ကျောက်ယန်ဇီတို့ သူငယ်ချင်းအဖွဲ့ပင်လျှင် လီလော့ကို အထိုက်အလျောက်သာ စွမ်းဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ထားခဲ့ကြပြီး ကြီးမားလှသည့် အိပ်မက်များ မမက်ရဲခဲ့ကြပေ။
လီချင်းဖုန်းဆိုသူမှာ လီလော့၏ ရှေ့တွင် ပိတ်ဆို့ထားသည့် ဧရာမ တောင်ကြီးတစ်လုံးပမာ ဖြစ်နေခဲ့သည်။လီချင်းဖုန်း၏ ကောင်းကင်ပုလဲအဆင့်ရှိသည့် စွမ်းအားများက အခြားတံခွန်ကိုင်များထက် များစွာ သာလွန်နေခဲ့သည်။
သို့သော်လည်း လီလော့က လီချင်းဖုန်းဆိုသည့် ထိုအတားအဆီးကြီးကို အလွယ်တကူပင် ကျော်ဖြတ်သွားလိမ့်မည်ဟု မည်သူမျှ ထင်မှတ်ထားခဲ့ခြင်း မရှိပေ။ ဒါတင် မကသေးပေ၊ သူသည် ကိုးကြိမ်မြောက်တိုက်ပွဲအတွင်း ရှေးယခင်က အသန်မာဆုံးသော နဂါးခေါင်းဆောင်သုံးဦးထဲမှ တစ်ဦး၏ စွမ်းအင်ပုံရိပ်ကိုပါ စိန်ခေါ်တိုက်ခိုက်ခဲ့သဖြင့် သူတို့အားလုံး အချိန်နှင့် အာကာသကို ကျော်ဖြတ်ပြီး ပါရမီရှင်တစ်ဦးနှင့် တစ်ဦးတို့၏ တိုက်ခိုက်မှုကြီးကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှုခွင့် ရရှိသွားခဲ့ကြသည်။
ပို၍ အရေးကြီးသည်မှာ လီလော့ အောင်မြင်စွာ အနိုင်ယူသွားခဲ့ခြင်းပင်။ သူသည် ကိုယ်ပိုင်စွမ်းအားနှင့် တန်ဖိုးကို အပြည့်အဝ သက်သေပြသွားခဲ့ပြီး နောင်အနာဂတ်အတွက် လမ်းစကို အောင်မြင်စွာ ဖော်ဆောင်ပေးသွားခဲ့ခြင်း ဖြစ်သည်။
လီလော့၏ တိုက်ခိုက်နိုင်စွမ်းကို ကြည့်လျှင် နဂါးခေါင်းဆောင်အားလုံးထဲတွင် ထိပ်ဆုံးသုံးဦးစာရင်းဝင်နိုင်လောက်အောင် အစွမ်းထက်လှကြောင်း သူကိုယ်တိုင် သက်သေပြသွားခဲ့သည်။
ထို့အပြင် လီလော့၏ကျင့်စဉ်အဆင့်ကလည်း အခြားသူများထက် များစွာ နိမ့်ကျနေခဲ့သေးသည်။
ဤအားနည်းချက်မှာ လီလော့ ပါရမီ မရှိခြင်းကြောင့် မဟုတ်ဘဲ ပြင်ပကုန်းမြေတွင် ကြီးပြင်းခဲ့ရသည့် ဆင်းရဲနွမ်းပါးလှသော ပတ်ဝန်းကျင်ကြောင့်သာ ဖြစ်သည်။
အကယ်၍ နဂါးခေါင်းဆောင်တိုက်ပွဲသာ နောက်ထပ် ခြောက်လခန့် နောက်ဆုတ်ခဲ့လျှင် ကျင့်စဉ်အဆင့်ပိုင်းတွင် လီချင်းဖုန်းတို့နှင့် ယှဉ်နိုင်သည့်အဆင့်သို့ သေချာပေါက် ရောက်ရှိသွားမည် ဖြစ်သည်။
ထိုအချိန်ကျလျှင် လီလော့ ဘယ်လောက်အထိ ကြောက်စရာကောင်းလာမည်ကို မည်သူ သိနိုင်မည်နည်း။
လူအများစုက ဤအချက်ကို သဘောပေါက်လိုက်ချိန်တွင် နောင်တရသည့် ခံစားချက်များစွာ ပေါ်ပေါက်လာခဲ့ကြသည်။
သို့သော်လည်း ယခုအချိန်မှာ အတိတ်ကို ပြန်ပြောနေရန် မလိုတော့ပေ။
လီလော့၏ ရလဒ်က နဂါးစွယ်ကလန်၏ တိုက်ပွဲဝင်စိတ်ဓာတ်များ မြင့်တက်လာစေရန်အတွက် အပြည့်အဝ လုံလောက်လှပေသည်။
"ဂုဏ်ယူပါတယ် တံခွန်ကိုင် လီလော့... နဂါးစွယ်ကလန်ရဲ့ ဂုဏ်ဒြပ်ကို မင်းရဲ့ စွမ်းဆောင်ရည်တွေနဲ့ ပိုမိုမြင့်တက်လာစေခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"
တံခွန်တော် လေးခုစလုံးမှ အဖွဲ့ဝင် ထောင်ပေါင်းများစွာက သူတို့၏ စိတ်ခံစားချက်များကို ထိန်းချုပ်လိုက်ပြီး စိတ်လှုပ်ရှားမှုများနှင့်အတူ တစ်ညီတစ်ညွတ်တည်း အော်ဟစ်လိုက်ကြသည်။
ဤသည်က ရွှေအလင်းတံခွန်ဖြစ်စေ သို့မဟုတ် အစိမ်းရောင်နယ်သားတံခွန်ဖြစ်စေ၊ အဖွဲ့ဝင်တိုင်း၏ ရင်ထဲမှ အမှန်တကယ် ပေါက်ဖွားလာခဲ့သည့် အော်ဟစ်သံများ ဖြစ်သည်။
လီလော့က သူတို့၏ စိတ်အားထက်သန်နေသည့် အကြည့်များကို ကြည့်ရင်း လေးစားစွာဖြင့် လက်ဝါးချင်းပူးကာ ပြန်လည် နှုတ်ဆက်လိုက်သည်။
နဂါးစွယ်ကလန်မှ လူငယ်များ၏ မျက်လုံးထဲတွင် သူ့ရဲ့ရာထူးနေရာမှာ ယခုအချိန်တွင် နောက်ထပ် အဆင့်တစ်ခုသို့ မြင့်တက်သွားခဲ့ပြီဖြစ်ကြောင်း သူ ကောင်းစွာ သိရှိထားသည်။
အရင်တုန်းကဆိုလျှင် တျန့်ဖုန်းရှန်က သြဇာအာဏာ ပိုမိုကြီးမားလှသဖြင့် ရွှေအလင်းတံခွန်ကိစ္စများတွင် သူနှင့် အားပြိုင်နိုင်ခဲ့သည်။ သို့သော်လည်း ယခုအခါ အခြေအနေအားလုံး လုံးဝ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
ထိုသို့ ဆိုသော်ငြားလည်း လီလော့ကတော့ ရွှေအလင်းတံခွန်၏ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ရန် စိတ်ဝင်စားခြင်း မရှိပေ။ ထို့အပြင် ၎င်းက ရွှေအလင်းခန်းမပိုင် ဖြစ်သဖြင့် ခန်းမသခင်သည်လည်း ဤကဲ့သို့သော အခြေအနေမျိုးကို မနှစ်သက်နိုင်ပေ။
သူတို့လေးဦး၏ နောက်ကွယ်ရှိ ဟင်းလင်းပြင် တုန်ခါသွားခဲ့ပြီးနောက် လူအုပ်စုတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူတို့ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ယခင်က ဆူညံနေသည့် လူအုပ်ကြီးမှာ ချက်ချင်းပင် လုံးဝ ငြိမ်သက်သွားခဲ့ကြသည်။
သူတို့သည် အခြားသူများ မဟုတ်ဘဲ လီကျင်းဇယ် ဦးဆောင်သည့် အကြီးအကဲအဖွဲ့ပင် ဖြစ်သည်။
လီကျင်းဇယ်က နဂါးစွယ်ကလန်အတွင်း၌ အလွန်ပင် စည်းကမ်းတင်းကျပ်ပြီး ခန့်ညားထည်ဝါလှသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ထို့ကြောင့် ခန်းမသခင်များသာမက တံခွန်အဖွဲ့ဝင်များပါ သူ့ရှေ့တွင် အလွန်ပင် ရိုသေလေးစားစွာ နေထိုင်ကြရပြီး မည်သည့် အမှားအယွင်းမျှ မလုပ်ဝံ့ကြပေ။
လီကျင်းဇယ်က လူအုပ်ကြီးကို တစ်ချက်မျှ ဝေ့ကြည့်လိုက်သော်လည်း ကျယ်လောင်စွာ စကားမပြောခဲ့ပေ။
"မင်းတို့ မျိုးဆက်ကို နဂါးစွယ်ကလန်အတွက် အလင်းရောင်တစ်ခုလို့ ဆိုနိုင်တယ်…မင်းတို့က အရင်လူတွေထက် ပိုပြီး သန်မာကြတယ်"
ဟု ဆိုလိုက်သည်။
လူအုပ်ကြီးထဲမှ အချို့မှာ တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြပြီး ပြုံးလိုက်ကြသော်လည်း ဤဒဏ္ဍာရီလာပုဂ္ဂိုလ်ကြီး၏ ရှေ့တွင်မူ အသံပင် မထွက်ရဲကြပေ။
"လီလော့ နဂါးခေါင်းဆောင် ဖြစ်လာတာဟာ ဝမ်းမြောက်စရာ ကောင်းတဲ့ သတင်းကောင်းတခုပါ…ဒါ့ကြောင့်
ရွှေအလင်းတံခွန်၊ ခရမ်းဝိဉာဉ်တံခွန်နဲ့ ကြက်သွေးတိမ်တိုက်တံခွန်တို့ကို တစ်လစာ ကျင့်ကြံခြင်း ရင်းမြစ်တွေ ချီးမြှင့်ပေးမယ်… အစိမ်းရောင်နယ်သာတံခွန်ကိုတော့ လာမည့် သုံးလအတွင်း လစဉ် ကျင့်ကြံခြင်း ရင်းမြစ်တွေ သုံးဆ တိုးမြှင့် ချီးမြှင့်ပေးမယ်"
လီကျင်းဇယ်၏ တည်ငြိမ်လှသည့် အသံ ကွင်းပြင်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့ချိန်တွင် လူအုပ်ကြီးမှာ အရူးအမူး အော်ဟစ်ကာ အောင်ပွဲခံလိုက်ကြတော့သည်။
ဒါ တကယ့်ကို မယုံနိုင်လောက်အောင် ကြွယ်ဝလှသည့် ဆုလာဘ်များပင်…
ဤ အပိုဆုလာဘ်များနှင့်အတူ သူတို့၏ စွမ်းအားများ သိသိသာသာကို ပိုမိုမြင့်တက်လာတော့မည်မှာ အသေအချာပင်။
"ကျေးဇူးတင်ပါတယ် ကလန်အကြီးအကဲ"
လူအုပ်ကြီးက ချက်ချင်းပင် ရိုသေစွာဖြင့် ကျေးဇူးတင်စကား ဆိုလိုက်သည်။
"လီလော့ကို ကျေးဇူးတင်ကြပါ…သူကပဲ ဒီအခွင့်အရေးတွေကို သူ့ရဲ့ စွမ်းဆောင်ရည်တွေနဲ့ ရယူပေးသွားခဲ့တာ"
"နဂါးခေါင်းဆောင်ကို ကျေးဇူးတင်ပါတယ်"
တံခွန်အဖွဲ့ဝင်များက လီလော့ကို ချက်ချင်းပင် ရိုသေစွာ ကျေးဇူးတင်စကားဆိုကြသည်။
လီကျင်းဇယ်၏ နောက်ကွယ်ရှိ အကြီးအကဲများသည်လည်း တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြသည်။
လီကျင်းဇယ်က လီလော့ကို တမင်သက်သက် ထောက်ပံ့ပေးနေခြင်းဖြစ်ပြီး လီလော့၏ ဂုဏ်ဒြပ် မြင့်တက်လာစေရန် ကြိုးစားနေခြင်း ဖြစ်ကြောင်း သူတို့အားလုံး ကောင်းစွာ သိရှိထားကြသည်။ အပြင်ပန်းမှာ အေးစက်လှသော်လည်း နဂါးခေါင်းဆောင်တိုက်ပွဲအတွင်း လီလော့၏ ထူးချွန်လှသော စွမ်းဆောင်ရည်အပေါ် လီကျင်းဇယ် အလွန်ပင် ကျေနပ်အားရနေကြောင်း သူတို့ ရိပ်မိလိုက်ကြသည်။
ထို့နောက် လီကျင်းဇယ်က လက်ဝှေ့ယမ်းလိုက်ပြီး…
"သွားကြတော့"
ဟု အမိန့်ပေးလိုက်သည်။
နောက်ထပ် မည်သည့်စကားမျှ မဆိုဘဲ လူအုပ်စုမှာ လျင်မြန်စွာပင် ထွက်ခွာသွားခဲ့ကြသည်။
တခဏအတွင်းမှာပင် ကွင်းပြင်ကြီးတခုလုံး ရှင်းလင်းသွားခဲ့သည်။
ထိုအခါမှ လီကျင်းဇယ်က အကြီးအကဲများဘက်သို့ လှည့်ကြည့်ကာ…
"လီလော့ နဂါးခေါင်းဆောင် ဖြစ်လာပြီဆိုတဲ့ သတင်းကို နဂါးစွယ်ကလန်ရဲ့ နယ်မြေတိုင်းကို အမြန်ဆုံး အသိပေးလိုက်ကြ… ဒါက နဂါးစွယ်ကလန်အတွင်းမှာ နှစ်ပေါင်းများစွာ မရရှိခဲ့ဖူးတဲ့ ဂုဏ်ဒြပ်တစ်ခု ဖြစ်လို့ အောင်ပွဲခံဖို့ လိုအပ်တယ်…. ဒါကို လူငယ်မျိုးဆက်တွေရဲ့ စိတ်ဓာတ် မြင့်တက်လာစေဖို့အတွက် နည်းလမ်းတစ်ခုအဖြစ် သတ်မှတ်နိုင်တယ်"
ဟု ဆိုလိုက်သည်။
ထိုအခါ အကြီးအကဲများ အနည်းငယ် တုန်လှုပ်သွားခဲ့သည်။
လူငယ်မျိုးဆက်ရဲ့ စိတ်ဓာတ် မြင့်တက်လာစေဖို့….
ဒီအဖိုးကြီးက သူ့မြေးအကြောင်း နယ်မြေအနှံ့ ကြွားလုံးထုတ်ချင်နေတာဖြစ်ပြီး လီလော့ရဲ့ သြဇာအာဏာကို အမြန်ဆုံး ပျံ့နှံ့စေဖို့ လုပ်ဆောင်နေခြင်းသာ ဖြစ်ကြောင်း သူတို့ ကောင်းစွာ သိရှိထားကြသည်။
နဂါးခေါင်းဆောင်ရာထူးရရှိခြင်းက ချီးကျူးစရာကောင်းလှသည့် အောင်မြင်မှုတစ်ခု ဖြစ်သော်လည်း ၎င်းက နဂါးစွယ်ကလန်တစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်လောက်အောင်ထိတော့ မကြီးမားလှပေ။မည်သို့ပင် အကောင်းဆုံးဆိုစေဦးတော့ ဤပြိုင်ပွဲမှာ မြို့စားအဆင့် လူငယ်များကြားက တိုက်ပွဲတစ်ခုသာ ဖြစ်ပြီး နယ်မြေအတွင်းရှိ မြို့စားအဆင့်ကျွမ်းကျင်သူများစွာ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်မည် မဟုတ်ပေ။
မူလကောင်းကင် နတ်ဘုရားကုန်းမြေကြီးမှာ ပါရမီရှင်များဖြင့် ပြည့်နှက်နေသည်မှာ မှန်သော်လည်း မြို့စားအဆင့်သို့ မရောက်ရှိသေးသရွေ့ အရေးပါသော ပုဂ္ဂိုလ်များအဖြစ် သတ်မှတ်၍မရနိုင်ပေ။
ဒါ သူတို့ရဲ့ စိတ်ထဲမှာသာ ရှိနေတဲ့ အတွေးတွေ ဖြစ်ပြီး ဘယ်တော့မှ လီကျင်းဇယ်ရဲ့ ပျော်ရွှင်မှုကို ဖျက်ဆီးရဲကြမှာ မဟုတ်ပေ။
ထို့ကြောင့် အကြီးအကဲများက အမိန့်ကို ရိုသေစွာဖြင့် လက်ခံလိုက်ကြပြီး အမြန်ဆုံး လုပ်ဆောင်ရန် ထွက်ခွာသွားခဲ့ကြသည်။
လီကျင်းဇယ်က လူအားလုံးကို ထွက်ခွာသွားစေပြီးနောက် တျန့်ဖုန်းရှန်တို့ကိုပါ လွှတ်ပေးလိုက်သည်။ထို့နောက် လီကျင်းဇယ်၏ အကြည့်က သူ့ရဲ့ တိုက်ရိုက်မျိုးဆက် သုံးဦးထံသို့ ရောက်ရှိလာခဲ့ပြီး တင်းမာလှသော မျက်နှာထားမှာလည်း တဖြည်းဖြည်းနှင့် နူးညံ့သွားခဲ့သည်။
"မင်းတို့ သုံးယောက် ငါ့နောက် လိုက်ခဲ့ကြ"
သူသည် နောက်တောင်တန်းကြီးဘက်သို့ လှည့်ထွက်သွားခဲ့ပြီး သူတို့သုံးဦးမှာလည်း ဂရုတစိုက်ဖြင့် နောက်ကနေ လိုက်ပါသွားကြသည်။
သူတို့တွေ ဝါးရုံတောကြီးတစ်ခုထံသို့ ရောက်ရှိသွားခဲ့ပြီး လီကျင်းဇယ်က မည်သည့်စကားမျှ မဆိုဘဲ မျှစ်ခူးဆွတ်ရန် ထွက်သွားခဲ့ကာ ထိုသုံးဦးကိုသာ ခြံဝင်းအတွင်း၌ စကားစမြည် ပြောဆိုနေစေခဲ့သည်။
လီဖုန်းယီနှင့် လီကျင်းထောင်တို့ လွန်ခဲ့သော လအနည်းငယ်ကတည်းက လီလော့နှင့်အတူ ဤနေရာသို့ အကြိမ်ပေါင်းများစွာ ရောက်ရှိခဲ့ဖူးကြသည်။ ထို့ကြောင့် ယခင်ကလို တင်းကျပ်လှသော အဘိုးဖြစ်သူနှင့် မဟုတ်ဘဲ နူးညံ့လှသည့် ပုံစံမျိုးကို ရင်းနှီးကျွမ်းဝင်လာခဲ့ကြသဖြင့် အရင်ကလောက် မကြောက်ရွံ့ကြတော့ပေ။
အချိန်အနည်းငယ် ကြာမြင့်သွားခဲ့ပြီးနောက် လီကျင်းဇယ် ပြန်လည်ရောက်ရှိလာခဲ့ပြီး ထိုသုံးဦးအတွက် ရိုးရှင်းသော အစားအစာများကို ပြင်ဆင်ပေးခဲ့သည်။
ထို့နောက်လေးဦးသား လပြည့်ည၏ လရောင်အောက်တွင် ဝါးရုံတောအတွင်း၌ အစားအစာများကို စားသောက်နေကြသည်။
"မင်းတို့ရဲ့ ဒီကနေ့ စွမ်းဆောင်ရည်တွေ တကယ် မဆိုးဘူးပဲ"
ဟု လီကျင်းဇယ်က ထိုမြေးသုံးဦးကို ကြည့်ရင်း မှတ်ချက်ချလိုက်သည်။
ပုံမှန်အားဖြင့် အပြုံးမရှိသည့် သူ့မျက်နှာမှာ နွေးထွေးလှသည့် အပြုံးတစ်ခုဖြင့် အစားထိုးခြင်း ခံလိုက်ရသည်။
လီဖုန်းယီနှင့် လီကျင်းထောင်တို့ တကယ့်ကို အံ့ဩသွားခဲ့ရပြီး တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြသည်။ အဘိုးဖြစ်သူ ပြုံးနေသည်ကို မြင်တွေ့ရခြင်းမှာ အလွန်ပင် ရှားပါးလှသော ကိစ္စတစ်ခု ဖြစ်သည်။
"ကျင်းထောင်... မင်းရဲ့ စိတ်နေစိတ်ထားက နဂါးစွယ်ကလန်နဲ့ မကိုက်ညီဘူး… မင်း ကိုယ်ပိုင်လမ်းကြောင်း ရှာတွေ့သွားပြီဆိုရင်တော့ အဲဒီလမ်းအတိုင်းပဲ ပြတ်သားစွာနဲ့ ဆက်လျှောက်သွားပါ"
ဟု လီကျင်းဇယ်က အကြံပေးလိုက်သည်။
ထိုအခါ လီကျင်းထောင်က အလျင်အစလိုပင် ခေါင်းညိတ်လိုက်သည်။
ထို့နောက် လီဖုန်းယီဘက်သို့ လှည့်ကြည့်လိုက်ပြီး…
"မင်းရဲ့ ပါရမီက ဒီနှစ်ဦးနဲ့ ယှဉ်ရင် ဘယ်လိုမှ မမီဘူး.. ဒါပေမဲ့ မင်းရဲ့ တာဝန်ယူလိုစိတ်ကတော့ မယုံနိုင်လောက်အောင်ကို ထူးခြားလွန်းတယ်… ဘယ်သူ သိမလဲ... နောင်အနာဂတ်ကျရင် မင်းကပဲ သူတို့နှစ်ဦးကို ကိစ္စအဝဝမှာ ကူညီပေးမယ့် အရေးကြီးဆုံးသူ ဖြစ်လာမယ်ဆိုတာ"
လီဖုန်းယီက ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့လိုက်သည်။
ထို့နောက်တွင် ဝိုင်တစ်ခွက်ကို မော့သောက်လိုက်ပြီးနောက် လီလော့ဘက်သို့ လှည့်ကြည့်လိုက်သည်။
"ကောင်လေး... မင်း တကယ်ကို မဆိုးဘူးပဲ…မင်း အမှတ်သားကိုးခုကြာပန်းကို ရဖို့ ဘယ်လောက်အထိ ကြိုးစားခဲ့လဲဆိုတာ ငါ သိပါတယ်… မဟုတ်ရင် ဟိုအဖိုးကြီးတွေ ငါ့ကို အသားကုန် အမြတ်ထုတ်သွားကြမှာ… ဒီအတွက် စိတ်မပူနဲ့…ငါ ရအောင်ယူပြီး မင်းအတွက် ခေတ္တခဏ သိမ်းဆည်းပေးမယ်… မင်း လိုအပ်တဲ့အချိန်ကျရင် လာယူလိုက်ပေါ့… ဒါက မယုံနိုင်လောက်အောင် အဖိုးတန်တဲ့ ပစ္စည်းဖြစ်တာကြောင့်
မြို့စားအဆင့်တွေလိုချင် တပ်မက်နေကြတာပေါ့… မင်းသာ ဒါကို ကိုယ်တိုင် သိမ်းဆည်းထားရင် အန္တရာယ်ရှိတဲ့သူတွေရဲ့ ပစ်မှတ် ဖြစ်သွားနိုင်တယ်"
"အဘိုးဆီမှာပဲ ထားထားပါ့မယ်"
"မင်းက နဂါးစွယ်ကလန်အတွက် ဂုဏ်ဒြပ် မြင့်တက်လာစေခဲ့တာမို့ ငါ မင်းကို မတရားသဖြင့် မဆက်ဆံပါဘူး"
ထိုသို့ဆိုရင်း လက်ဝှေ့ယမ်းလိုက်ရာ အလင်းတန်းသုံးခု အပြင်သို့ ပျံသန်းထွက်သွားခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများ ထွက်ပေါ်နေသည့် ရတနာသုံးခုအဖြစ် ပြောင်းလဲသွားတော့သည်။
ထိုအခါ မောင်နှမသုံးယောက်စလုံး ချက်ချင်းပင် မျက်လုံးများ တောက်ပသွားခဲ့ကြသည်။
ဒါတွေက ရတနာပစ္စည်းတွေမလာူ….
အဘိုးဖြစ်သူက တကယ့်ကို ပျော်ရွှင်နေပုံဲ…
ဤမျှအဖိုးတန်လှသည့် ရတနာများကို သူတို့ကို ချီးမြှင့်ပေးဖို့အတွက် ဘယ်လို အကြောင်းပြချက်မျိုးကိုများ ရှာဖွေတွေ့ရှိသွားခဲ့တာလဲ….