အခန်း ၁၁၂
Vol. 11 Ch. 112
အခန်း ၁၁၂ - တန်စန်းသည်သာ ဗီလိန်အစစ်အမှန်ဖြစ်သည်။
"ဒါဆိုရင်တော့ မင်းကို နောက်ဘဝဆီ လမ်းပြပေးလိုက်တော့မယ်။"
ရှောင်ချန်ယွီက အေးစက်စက် ပြောလိုက်ပြီး သူ၏လက်ဝါးကို ကျောက်ဝူကျိ၏ ဦးခေါင်းဆီသို့ အားပြင်းစွာ ရိုက်ချလိုက်သည်။
ဗီလိန်တစ်ယောက်အနေဖြင့် သူသည် ဇာတ်လိုက်အဖွဲ့နှင့် တိုက်ပွဲဝင်ရမည်မှာ မလွဲဧကန်ဖြစ်သည်။ ယခင်က တန်စန်းတို့ကို မသတ်ဖြတ်နိုင်ခဲ့သော်လည်း ယခုမူ ကျောက်ဝူကျိ၏ ကံကြမ္မာ များ လျော့ကျသွားပြီဖြစ်ရာ သူ့ကို အသေသက်နိုင်ပြီဖြစ်သည်။
"ဘုန်းး"
ကျောက်ဝူကျိ၏ ဦးခေါင်းမှာ ရှောင်ချန်ယွီ၏ ရိုက်ချက်ကြောင့် ချက်ချင်းပင် ပျက်စီးသွားသည်။ ဤမြင်ကွင်းကို ကြည့်နေသူအားလုံးမှာ ထိတ်လန့်တုန်လှုပ်သွားကြသည်။
"အဆင့် ၇၆ ဝိညာဉ်သူတော်စင် ကျောက်ဝူကျိကို တစ်ချက်တည်းနဲ့ သတ်လိုက်တာလား... ရှောင်ချန်ယွီက တကယ်ကို ကြောက်စရာကောင်းလွန်းတယ်။"
ပွဲကြည့်စင်ပေါ်ရှိ ကျောင်းသားများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အံ့အားသင့်နေကြသည်။
ရှောင်ချန်ယွီသည် သူတို့၏ စံပြပုဂ္ဂိုလ်ဖြစ်သည့် ကျောက်ဝူကျိကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သည်။
"ငါ့ရဲ့ စွမ်းအားက တန်စန်းဆိုတဲ့ အခွင့်ထူးခံကောင်ကို ရင်ဆိုင်ဖို့ လုံလောက်ပြီ။"
"မင်းရဲ့ ထန်ဂိုဏ်းဆိုတာကိုလည်း ဘယ်တော့မှ ပေါ်ပေါက်လာမှာ မဟုတ်တော့ဘူး။"
တန်စန်းသည် သူ၏မျက်လုံးတွင် ဗီလိန်တစ်ယောက်သာဖြစ်သည်။ တန်စန်း၏ ဖြစ်တည်မှုကြောင့်သာ ဝိညာဉ်ကုန်းမြေတစ်ခုလုံး ရှုပ်ထွေးကုန်ခြင်းဖြစ်သည်။
အမှန်တကယ်တွင် ဝိညာဥ်နန်းတော် သည် ပြည်သူလူထုအတွက် အကောင်းဆုံး နေရာဖြစ်သည်။ ဝိညာဉ်ကုန်းမြေပေါ်တွင် အဆင့်နိမ့် ဝိညာဉ်ပညာရှင်များအတွက် ဝိညာဉ်နန်းတော်မှာ အလုပ်အကိုင်ရရှိနိုင်ပြီး လစဉ်လစာရကာ မိသားစုကို လုပ်ကျွေးနိုင်သော တစ်ခုတည်းသော နေရာဖြစ်သည်။
ဝိညာဉ်နန်းတော်သည် ဆင်းရဲနွမ်းပါးသူများအား အခွင့်အရေးပေးကာ အကယ်ဒမီများ ဆောက်လုပ်ခြင်းဖြင့် လူငယ်များအား ပညာသင်ကြားခွင့် ပေးခဲ့သည်။
တန်စန်းတို့အဖွဲ့က ဝိညာဉ်နန်းတော်ကို မကောင်းဆိုးဝါးဟု တံဆိပ်ကပ်ခဲ့သော်လည်း နတ်ဘုရားတစ်ပါး၏ အမြင်ဖြင့် ကြည့်မည်ဆိုပါက ဝိညာဉ်နန်းတော်သည် ကုန်းမြေကို စည်းလုံးညီညွတ်အောင် လုပ်ဆောင်နေခြင်းသာ ဖြစ်သည်။
စည်းလုံးညီညွတ်မှုကို တည်ဆောက်ရန်အတွက် အတားအဆီးများကို ဖယ်ရှားခြင်းမှာ မလွဲမသွေ ဖြစ်စဉ်တစ်ခုသာ ဖြစ်သည်။
တန်စန်းတို့ကမူ သူတို့၏ အကျိုးစီးပွားအတွက်သာ ကြည့်တတ်သူများ ဖြစ်သည်။ ဝိညာဉ်သားရဲများကို သတ်ဖြတ်ခြင်းမှာလည်း ရှင်သန်မှုအတွက်ဖြစ်ရာ အပြစ်ဟု မသတ်မှတ်နိုင်ပေ။
"ငါ တန်စန်းကို ဖျက်ဆီးပစ်ဖို့ ဆုံးဖြတ်လိုက်ပြီ။ သူကတော့ သူ့ရဲ့ ဘေးအန္တရာယ်က ဘယ်လောက်နီးကပ်နေပြီဆိုတာ သိတောင် သိမှာ မဟုတ်ဘူး။"
ရှောင်ချန်ယွီသည် ကျောက်ဝူကျိ၏ အလောင်းကို ကျောခိုင်း၍ ထွက်ခွာသွားသည်။ သူ၏ ရည်မှန်းချက်မှာ ဝိညာဉ်ကုန်းမြေကို ပြန်လည် ပုံဖော်ရန်နှင့် တန်စန်း၏ လမ်းကြောင်းကို အမြစ်ပြတ် ချေမှုန်းရန် ဖြစ်သည်။