← Chapters

အခန်း ၄၁၄

Vol. 42 Ch. 414

အခန်း ၄၁၄

Vol. 42 Ch. 414

အခန်း (၄၀၄) - ခေါင်းတလားပွင့်ခြင်းနှင့် ဝိညာဉ်ပေါင်းစပ်ခြင်း

တန်ယွမ်ဇီတစ်ယောက် စကား ဖြတ်ပြောခံလိုက်ရသဖြင့် ဒေါသ မထွက်နိုင်သေးမီမှာပင် လော့ချန် ပြောလိုက်သော လူ၏အမည်ကြောင့် စိတ်ဝင်စားသွားခဲ့သည်။

“ဘယ်သူလဲ”

“ဘယ်သူ ရှိရဦးမှာလဲ.... အကြီးအကဲ လီကျင်ဟွမ်ပဲလေ” ဟု လော့ချန်က ပြုံးစိစိဖြင့် ပြောလိုက်၏။

တန်ယွမ်ဇီ၏ မျက်နှာ အကြီးအကျယ် ပျက်ယွင်းသွားသည်။

“မဖြစ်နိုင်တာ၊ ငါတို့ သေချာ စုံစမ်းစစ်ဆေးပြီးပြီပဲ.... သူက ဇီဝစွမ်းအားတွေ ပြတ်တောက်ပြီး ဝိညာဉ်ပါ ချုပ်ငြိမ်းသွားခဲ့ပြီ.... ၇ ရက်တိတိတောင် ထားပြီးပြီဆိုတော့ သူသေတာ ကျိန်းသေနေပါပြီ”

ပြောနေစဉ်မှာပင် သူသည် အဝေးသို့ တဖြည်းဖြည်း ရွေ့လျားသွားသော လီကျင်ဟွမ်၏ ခေါင်းတလားဆီသို့ မသိမသာ လှမ်းကြည့်လိုက်မိသည်။

သို့သော်လည်း လော့ချန်ကမူ ပြုံးလျက် ရင်ဘတ်ထဲမှ ဝါကျင့်ကျင့် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်၏။

ကျောက်စိမ်းပြားသည် လေထဲသို့ ပျံတက်သွားပြီး သူ့ရင်ဘတ်ရှေ့တွင် ဝဲပျံနေသည်။ သူ လက်တစ်ဖက်ဖြင့် ထီးကိုဆောင်းထားပြီး ကျန်လက်တစ်ဖက်ဖြင့် မုဒြာလက်ကွက်များ အဆက်မပြတ် ဖော်ဆောင်လိုက်တော့သည်။

လက်တစ်ဖက်တည်းဖြင့် မုဒြာလက်ကွက် ဖော်ဆောင်ခြင်း ဖြစ်သည်။

အသက်ရှူတစ်ချက်စာ အချိန်အတွင်းမှာပင် လက်ကွက် ထုတ်ဖော်ပြီးစီးသွားပြီး အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ ထိုဝါကျင့်ကျင့် ကျောက်စိမ်းပြားထံမှ အေးစက်လှသော အလင်းတန်းများ ထွက်ပေါ်လာပြီး ထိတ်လန့်ဖွယ်ကောင်းလှသော အရာတစ်ခု ပိတ်လှောင်မှုမှ ရုန်းထွက်လာတော့မည့်အလား ရှိနေ၏။

တန်ယွမ်ဇီ၏ မျက်နှာမှာ မယုံကြည်နိုင်ခြင်းများဖြင့် ပြည့်နှက်သွားရသည်။ ထို့နောက် တစ်စုံတစ်ခုကို ရိပ်မိသွားသကဲ့သို့ သူ လော့ချန်ထံသို့ တည့်တည့် ပြေးဝင်သွားပြီး ခန္ဓာကိုယ်အတွင်းမှ ဆူပွက်နေသော ချီစွမ်းအင်များကို အမြင့်ဆုံးအဆင့်အထိ မြှင့်တင်လိုက်တော့၏။

တန်ယွမ်ဇီ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရသော်လည်း လော့ချန်ကမူ ထီးကိုဆောင်းမြဲထားဆဲဖြစ်ပြီး မည်သည့်လှုပ်ရှားမှုမျှ မပြုလုပ်ပေ။ သူ့ဦးနှောက်ထဲတွင်မူ ထိုစဉ်က ချင်းဟွာမြစ်အောက်ခြေရှိ ရေအောက်နန်းတော်ထဲတွင် လီကျင်ဟွမ် နောက်ဆုံးအကြိမ် သူ့အား လှမ်းခေါ်ခဲ့သော မြင်ကွင်းကို ပြန်လည် အမှတ်ရနေမိသည်။

“မောင်ရင်.... ကျုပ်မှာ တတိယအဆင့် လျှို့ဝှက်မှော်အတတ်တစ်ခု ရှိတယ်၊ အဲဒါက ကျင့်ကြံသူရဲ့ ဇီဝစွမ်းအား တစ်စိတ်တစ်ပိုင်းကို ဖြတ်တောက်ပြီး ခဏတာ ချိတ်ပိတ် ထိန်းသိမ်းထားနိုင်တယ်.... ထိန်းသိမ်းနိုင်တဲ့ အချိန်ကတော့ သိပ်မကြာဘူး၊ အလွန်ဆုံး ဆယ့်ကိုးရက်ပဲ.... ပထမဆုံးနေ့ကစပြီး အဲဒီ ဇီဝစွမ်းအားက တဖြည်းဖြည်း ကြီးထွားလာလိမ့်မယ်၊ အချိန်ကြာလေလေ ပိုပြီး သန်မာလေလေပဲ.... တကယ်လို့ ဆယ့်ကိုးရက်မြောက်နေ့အထိ ဆွဲထားနိုင်ရင် အဲဒီ ဇီဝစွမ်းအားက ကျင့်ကြံသူရဲ့ အထွတ်အထိပ် အခြေအနေနဲ့တောင် ယှဉ်နိုင်လိမ့်မယ်.... ဒါပေမဲ့ ပိတ်လှောင်မှု ပွင့်သွားတာနဲ့ အဲဒီ စွမ်းအင်က မြန်မြန်ဆန်ဆန် ပျောက်ကွယ်သွားလိမ့်မယ်.... မောင်ရင် သင်ချင်လား”

လော့ချန်၏ မျက်ဝန်းများထဲတွင် အလင်းတန်းများ လက်ခနဲ ဖြစ်သွားသည်။

“ဒါဆို အဲဒါရဲ့ တန်ဖိုးက ဘာလဲ”

လီကျင်ဟွမ်က ဖျာပေါ်တွင် ထိုင်နေရင်း ကြင်နာစွာ ကြည့်ကာ

“တန်ဖိုးကတော့ အဲ့ဒီမှော်အတတ်ကိုသုံးတဲ့ သူဟာ သူ့ရဲ့ သက်တမ်း ဆယ်ပုံတစ်ပုံကို အပြီးတိုင် ဆုံးရှုံးသွားမှာပဲ”

အကယ်၍ အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးက ဇီဝစွမ်းအား တစ်စိတ်တစ်ပိုင်းကို ထုတ်ယူလိုက်မည်ဆိုပါက သက်တမ်း နှစ်ပေါင်း ၂၀ ကျော် ဆုံးရှုံးရမည် ဖြစ်သည်။ အကယ်၍ ရွှေအမြုတေအဆင့် ကျင့်ကြံသူဆိုပါက အနှစ် ၅၀ ကျော် သက်တမ်း ဆုံးရှုံးရပေလိမ့်မည်။ ထို့အပြင် ထုတ်ယူထားသော ဇီဝစွမ်းအားမှာ အလွန်ဆုံး ဆယ့်ကိုးရက်သာ ခံ၏။ ဤအတတ်သည် ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်လောက်အောင် အစွမ်းထက်သော်လည်း အားနည်းချက်ကမူ အလွန် ကြီးမားလှသည်။ ထို့ကြောင့်ပင် ၎င်းကို တတိယအဆင့်ဟု သတ်မှတ်ခြင်း ဖြစ်၏။

လော့ချန်က သူ့အဓိပ္ပာယ်ကို ခပ်ရေးရေး နားလည်သော်လည်း သံသယရှိနေဆဲ ဖြစ်သည်။

“အကြီးအကဲ ကိုယ်တိုင်ကလည်း သက်တမ်း သိပ်မကျန်တော့ဘူးပဲ၊ ဒီအတတ်က အသုံးဝင်ဦးမှာမလို့လဲ”

“ဒါပေါ့ အသုံးဝင်တာပေါ့”

လီကျင်ဟွမ်က မုတ်ဆိတ်ကို သပ်ရင်း ရယ်မောလိုက်သည်။

“ရလဒ်ကတော့ ကျုပ် အစက နောက်ထပ် နှစ်ဝက်လောက် အသက်ရှင်နိုင်ဦးမှာ ဖြစ်ပေမဲ့ ဒီအတတ်ကို သုံးပြီးရင်တော့ နက်ဖြန်တင် သေသွားနိုင်တယ်”

လော့ချန် မျက်မှောင်ကြုတ်လိုက်မိ၏။

“ဒီလောက်အထိ လုပ်ဖို့ လိုအပ်လို့လား”

“ဒါက ကျုပ်ရဲ့ နောက်ဆုံး စွမ်းအားပဲ…. အန္တရာယ်တွေ ရောက်လာတာကို ထိုင်စောင့်နေမယ့်အစား အန္တရာယ်တွေကို ကြိုတင်ပြီး ဖြေရှင်းလိုက်တာ ပိုကောင်းပါတယ်.... အနည်းဆုံးတော့ ကျုပ် တတ်နိုင်သလောက် နောက်ဆုံးတစ်ကြိမ် အစွမ်းကုန် တိုက်ခိုက်သွားလို့ရတာပေါ့”

လီကျင်ဟွမ်က လော့ချန်ကို စူးစိုက် ကြည့်လိုက်သည်။

“မောင်ရင်.... မင်း ကျုပ်ကို ကူညီမှာမလား”

‘ဒါပေါ့.... ကူညီမှာပေါ့’

လော့ချန်သည် ဤ သက်စောင့်လက်ညှိုးဟု ခေါ်သော လျှို့ဝှက်ပညာရပ်ကို အလွန်ပင် စိတ်ဝင်စားမိသည်။ ကျင့်ကြံသူ၏ သက်စောင့်စွမ်းအင်ကို စုပ်ယူပြီး ဤလောကတွင် ဆယ့်ကိုးရက်တိုင်တိုင် ထိန်းသိမ်းထားနိုင်ခြင်း ဖြစ်၏။ ထို့အပြင် ၎င်းကို အထုတ်ယူခံရသူကိုယ်တိုင်သာမက ဖော်ဆောင်သူကပါ ထိုသက်စောင့်စွမ်းအင်ကို အသုံးချနိုင်သေးသည်။ အရေးကြီးသော အချိန်များတွင် ဤပညာရပ်က လော့ချန်အတွက် ကံကြမ္မာကို ပြောင်းလဲပေးနိုင်သော ဝှက်ဖဲတစ်ခု ဖြစ်လာပေလိမ့်မည်။

အထူးသဖြင့် ယခုကဲ့သို့ အချိန်မျိုးတွင်ပင်။

"ဇီဝစွမ်းအားကို ဖြတ်တောက်ပြီး ဝိညာဉ်ကို နက်ရှိုင်းစွာ လွင့်မျောစေလော့၊ တမလွန်သွားဖို့ ခုနစ်ရက် ဆိုင်းငံ့ခဲ့ပြီး.... တစ်ကျော့ပြန်လာခြင်းက တစ်ဆယ့်ကိုးရက်အထိ တည်တံ့စေလော"

လော့ချန် ဂါထာကို တိုးတိုးလေး ရေရွတ်လိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ ရင်ဘတ်ရှေ့တွင် ဝဲပျံနေသော ဝါကျင့်ကျင့် ကျောက်စိမ်းပြားကြီးမှာ စတင်တုန်ခါလာသည်။ ချက်ချင်းပင် အေးစက်လှသော အလင်းတန်းတစ်ခုက အတွင်းမှ ထွက်ပေါ်လာပြီး မျက်စိရှေ့တွင်ပင် ဝိညာဉ်တစ်ကောင်အဖြစ် ပြောင်းလဲသွား၏။

ထိုဝိညာဉ် ပေါ်ထွက်လာပြီးနောက် ပူပြင်းလှသော နေရောင်ခြည်က ၎င်းအပေါ်သို့ တိုက်ရိုက် ကျရောက်လုနီးပါး ဖြစ်သွားသည်။ သို့သော်လည်း လော့ချန် ဆောင်းထားသော ထီးက ထိုနေရောင်ခြည်အားလုံးကို အပြည့်အဝ ကာကွယ်ပေးလိုက်၏။

ပေသုံးဆယ်ခန့် အကွာတွင်မူ တန်ယွမ်ဇီမှာ ထိတ်လန့်တုန်လှုပ်ခြင်းများနှင့် ဒေါသများ ပြည့်နှက်နေသည်။

“ခွေးကောင်”

သူ ဟိန်းဟောက်လိုက်ရင်း မိုးကြိုးမုန်တိုင်းကဲ့သို့ ပြင်းထန်လှသော လက်ဝါးချက်တစ်ခုကို ရိုက်ချလိုက်တော့သည်။

တန်ယွမ်ဇီ၏ ထိုလက်သီးချက်ကို ရင်ဆိုင်ရင်း ဝိညာဉ်ရိပ်ကလည်း လက်ဖဝါးတစ်ချက်ကို ပြတ်သားစွာ ပြန်လည် ရိုက်ထုတ်လိုက်သည်။

“တန်ယွမ်ဇီ”

ဘုန်းးး....

ပြင်းထန်လှသော လေပြင်းများ တိုက်ခတ်သွားပြီး ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ တန်ယွမ်ဇီမှာ ပေရာဂဏန်းခန့် နောက်သို့ လွင့်ထွက်သွားပြီး မျက်နှာထက်တွင် ဒေါသရိပ်များ ပြည့်နှက်နေကာ ထိုဝိညာဉ်ရိပ်အား မကျေမနပ် စူးစိုက်ကြည့်နေတော့သည်။

“လီကျင်ဟွမ်”

လီကျင်ဟွမ်၏ ဝိညာဉ် ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် ချင်းဟွာမြစ်ကမ်း နှစ်ဖက်လုံးတွင် ဆူညံပွက်လောရိုက်သွားတော့၏။

“ဘုရားရေ.... သူ မသေသေးဘူးပဲ”

“ဒါက ဘာနည်းလမ်းလဲ”

“သူက သူ့ရဲ့ စိတ်ဝိညာဉ်ကို အဲဒီ ကျောက်စိမ်းပြားထဲမှာ တိတ်တဆိတ် ဝှက်ထားခဲ့တာလား”

မယုံကြည်နိုင်လောက်သော ရေရွတ်သံများနှင့် အာမေဍိတ်သံများမှာ လူအုပ်ကြီးကြားတွင် ပျံ့နှံ့သွားခဲ့ရပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ သူတို့ မျက်စိရှေ့မှ မြင်ကွင်းကို မယုံကြည်နိုင်ဘဲ စိုက်ကြည့်နေခဲ့ကြတော့သည်။

လူတိုင်းက သူ သေဆုံးသွားခဲ့ပြီဟု သိရှိထားကြခြင်း ဖြစ်သည်။ တစ်ကိုယ်တော်ကျင့်ကြံသူ တော်တော်များများက သူ ဆုံးပါးသွားသည်ကိုပင် ကိုယ်တိုင် မြင်တွေ့ခဲ့ကြရ၏။ ဤရက်ပိုင်းအတွင်း အလောင်းကို ထားရှိစဉ်မှာပင် အခြေတည်အဆင့် ကျင့်ကြံသူ အများအပြားက သူ့အလောင်း၏ အခြေအနေကို တိတ်တဆိတ် စစ်ဆေးခဲ့ကြသေးသည်။ စိတ်ဝိညာဉ် သို့မဟုတ် သက်စောင့်စွမ်းအင် တစ်စက်မျှပင် ကျန်ရှိမနေခဲ့ချေ။ ထိုအလောင်းမှာ သက်စောင့်စွမ်းအားများ ပြတ်တောက်နေပြီး သွေးသားများလည်း ခြောက်သွေ့နေခဲ့ပြီ ဖြစ်သည်။

သူ ယခုကဲ့သို့ အသက်ရှင် နေဆဲဖြစ်လိမ့်မည်ဟု မည်သူမျှ မထင်မှတ်ခဲ့ကြချေ။

သူ ပေါ်ထွက်လာသည့် အချိန်တွင် ဟူမျိုးနွယ်စု ညီအစ်ကို သုံးယောက်မှာလည်း အလျင်အမြန် နောက်သို့ ဆုတ်ခွာသွားကြတော့၏။

လီကျင်ဟွမ်က ဟူမျိုးနွယ်စု ညီအစ်ကို သုံးယောက်ကို မကြည့်သလို တန်ယွမ်ဇီကိုလည်း လှည့်မကြည့်ပေ။ သူ့အား ထီးဆောင်းပေးထားသော လော့ချန်ကိုသာ စူးစိုက်ကြည့်လိုက်သည်။

“နှမြောစရာပဲ မောင်ရင်ရာ.... ၇ ရက်ပဲ ထိန်းသိမ်းထားနိုင်ခဲ့တာဆိုတော့ ကျုပ် အခြေအနေက အထွတ်အထိပ်ကို မရောက်နိုင်သေးဘူး”

လော့ချန် ပြုံးလိုက်၏။

“၇ ရက်က အကန့်အသတ်ပဲ၊ ထပ်ပြီး အချိန်ဆွဲနေရင် အကြီးအကဲရဲ့ လီမျိုးနွယ်စုဝင်တွေ အကုန်လုံး သေကုန်လိမ့်မယ်”

လီကျင်ဟွမ်က ခေါင်းလှည့်ကြည့်လိုက်သည်။ ဈာပနပို့အဖွဲ့ကြီးမှာ ကာလကြာရှည်စွာကပင် ရပ်တန့်နေခဲ့ပြီ ဖြစ်၏။ မရေမတွက်နိုင်သော လီမျိုးနွယ်စုဝင်များက သူ့အား အံ့အားသင့်ခြင်း၊ စိတ်လှုပ်ရှားခြင်းများဖြင့် စူးစိုက်ကြည့်နေကြသည်။ ဤရက်ပိုင်းအတွင်း လီမျိုးနွယ်စုအပေါ် စမ်းသပ်မှုများကား တစ်ခါမျှ မရပ်နားခဲ့ချေ။ သာမန်လူများ သတ်ဖြတ်ခံရပြီး ကျင့်ကြံသူများ ဖမ်းဆီးခံရကာ ရန်သူများက လီမျိုးနွယ်စု နယ်မြေထဲသို့ အချိန်မရွေး တိုးဝင်လာခဲ့ကြသည်။ အချိန်တိုအတွင်းမှာပင် လီမျိုးနွယ်စု၏ အဆင့်နိမ့်ကျင့်ကြံသူ သုံးပုံတစ်ပုံခန့် သေဆုံးခဲ့ရ၏။

လော့ချန် ပြောခဲ့သည့်အတိုင်း အမှန်တကယ်ပင် ဆက်လက် တောင့်ခံထားရန် မဖြစ်နိုင်တော့ပေ။

သို့သော်လည်း ကိစ္စမရှိချေ။ အဓိက ရန်သူကို တစ်ခါတည်း အပြတ် ရှင်းလင်းပစ်နိုင်လျှင် အရာအားလုံးက ထိုက်တန်ပေသည်။

“၇ ရက်ဆိုတဲ့ အချိန်က.... တန်ယွမ်ဇီကို သတ်ဖို့အတွက် လုံလောက်ပါတယ်” လီကျင်ဟွမ်က သက်ပြင်းတစ်ချက်ချလိုက်ပြီး လက်ကို ဝေ့ယမ်းလိုက်သည်။

နောက်တစ်စက္ကန့်တွင် ယွမ်တုန်းရှန်းနှင့် လီမျိုးနွယ်စုဝင်များ ထမ်းပိုးထားသော ခေါင်းတလားအဖုံးမှာ ဝုန်းခနဲ ပွင့်ထွက်သွားသည်။ ဖြူဖျော့ပြီး တောင့်တင်းနေသော ရုပ်အလောင်းတစ်ခုမှာ ခေါင်းတလားအတွင်းမှနေ၍ တဟုန်ထိုး ပျံသန်းထွက်ပေါ်လာခဲ့ပြီး လီကျင်ဟွမ်ထံသို့ တန်းတန်းမတ်မတ် ပြေးဝင်လာခဲ့တော့သည်။

လော့ချန်လည်း အချိန်ကိုက်ပင် ထီးကို ပိတ်လိုက်ပြီး ဘေးသို့ ချလိုက်သည်။ ယခုမူ အသုံးမလိုတော့ချေ။

လွင့်မြောနေသော ဝိညာဉ်နှင့် ရုပ်အလောင်းမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်သားတည်း ပေါင်းစပ်သွားတော့သည်။

ဝူးးး....

လီကျင်ဟွမ် သူ၏ မျက်လုံးကို ရုတ်တရက် ဖွင့်လိုက်ပြီး တန်ယွမ်ဇီထံသို့ လှမ်းကြည့်လိုက်၏။ မူလက အားနည်းနေသော အရှိန်အဝါများမှာ ရူးသွပ်မတတ် မြင့်တက်လာခဲ့ပြီ ဖြစ်သည်။ သူ ထိုရုပ်အလောင်းထဲတွင် မည်သည့်နည်းလမ်းများ သုံးထားခဲ့သည်ကို မသိရသော်လည်း စိတ်ဝိညာဉ် ပေါင်းစပ်သွားပြီးနောက် ကြီးမားလှသော ချီစွမ်းအင် လှိုင်းလုံးကြီးတစ်ခုက ဒီရေအလား တိုးထွက်လာခဲ့၏။

“မင်း မလာခဲ့သင့်ဘူး.... တန်ယွမ်ဇီ”

တန်ယွမ်ဇီ အံကို တင်းတင်း ကြိတ်လိုက်သည်။

“လာသင့်တာ မလာသင့်တာတွေ မရှိဘူး၊ ဒီလိုမျိုး ရတနာနယ်မြေဆိုတာ ထိုက်သူ ရသင့်တာ”

လီကျင်ဟွမ် ခေါင်းခါလိုက်၏။

“လေကြောရှည်မနေနဲ့၊ သေစမ်း”

သူသည် ကောင်းကင်ယံထက်သို့ ပျံတက်သွားပြီး ပါးစပ်မှ “ဓားလာစမ်း” ဟု အော်ဟစ်လိုက်သည်။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

All Chapters