← Chapters

အခန်း ၃၄၅

Vol. 35 Ch. 345

အခန်း ၃၄၅

Vol. 35 Ch. 345

အခန်း (၃၄၅) - နင်မြို့အတွင်းမှ လှုပ်ခတ်နေသော အဝါရောင်လှိုင်းများ (၁)

အချိန်နာရီကို လင်းထျန်းလုံနှင့် မိစ္ဆာဘုရင် လေးပါး မတွေ့ဆုံမီ တစ်ရက်အလိုသို့ ပြန်လည်ရစ်ပတ်လိုက်ရသော်…

ယင်းဖုန်း ဦးဆောင်သော နှင်းခဲအရိပ်လျှို့ဝှက်အစောင့်အရှောက်များက နင်မြို့ဆီသို့ ဦးတည်ရွေ့လျားနေကြသည့် မိစ္ဆာသားရဲများကို ပထမဆုံး စတင်ထောက်လှမ်းမိချိန်၌ မြို့တော်၏ အမြင့်ပျံ ထောက်လှမ်းရေးတပ်ဖွဲ့များကလည်း ဤပုံမှန်မဟုတ်သော လှုပ်ရှားမှုများကို ဖမ်းယူရရှိခဲ့ပြီးဖြစ်သည်။

အစပိုင်းတွင် မျိုးစိတ်မျိုးစုံမှ အားကောင်းလှသော သီးခြား မိစ္ဆာသားရဲအချို့သာ ပြန့်ကျဲနေခြင်းဖြစ်သော်လည်း မကြာမီမှာပင် မီးပွားသုသေသနပညာရှင်အသင်း၏ စောင့်ကြည့်ရေးမျက်နှာပြင်ပေါ်ရှိ အလင်းစက်လေးများသည် စမ်းချောင်းငယ်များအဖြစ် စုစည်းသွားသည်။

ထိုမှတစ်ဆင့် နင်မြို့ဆီသို့ အရပ်မျက်နှာအသီးသီးမှ ပိတ်ဆို့ထားသည့် လှိုင်းထနေသော ဒီရေကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

၎င်း၏ အတိုင်းအတာနှင့် အရည်အသွေးမှာ ယခင်က ဖြစ်ပွားခဲ့ဖူးသမျှသော သားရဲဒီရေအားလုံးထက် များစွာ ကျော်လွန်နေသည်။

မီးပွားသုသေသနပညာရှင်အသင်း၊ မြေအောက် ကွပ်ကဲမှုဗဟိုဌာန။

“ဥက္ကဋ္ဌကြီး။ မြို့အပြင်ဘက်က မိစ္ဆာဘုရင်အဆင့် စွမ်းအင်အချက်ပြမှု ငါးခုထက် ကျော်လွန်နေတာကို အတည်ပြုပြီးပါပြီ။”

“ ဘုရင်အဆင့်က ငါးဆယ်ထက် ကျော်လွန်နေပြီး ထူးကဲအဆင့်နဲ့ သာမန်အဆင့်တွေကတော့... မရေတွက်နိုင်လောက်အောင် များနေပြီး အခုထိ အလျင်အမြန် တိုးပွားနေတုန်းပါပဲ”

သုသေသနပညာရှင်တစ်ဦး၏ အသံမှာ ထိန်းချုပ်မရဘဲ တုန်ရင်နေရှာသည်။

စောင့်ကြည့်ရေးမျက်နှာပြင်ပေါ်တွင် သက်ရှိများနှင့် စွမ်းအင် တုံ့ပြန်မှုများကို ကိုယ်စားပြုသည့် အနီရောင်ဒီရေကြီးသည် နင်မြို့ပတ်လည်ရှိ မြေပုံတစ်ခုလုံးကို ဝါးမြိုတော့မည့်အလား ခြိမ်းခြောက်နေသည်။

ယန်ချင်းယွမ် သူ၏ နှာတံပေါ်ရှိ မျက်မှန်ကို ပင့်တင်လိုက်ရင်း မျက်မှန်နောက်ကွယ်မှနေ၍ မျက်နှာပြင်ကို စိုက်ကြည့်နေသည်။

ထိတ်လန့်မှုနှင့် ကြောက်ရွံ့မှုများက သူ၏ ကျောရိုးတစ်လျှောက် အေးစက်မှုကိုခံစားလိုက်ရပြီး ၎င်းထက် ပိုမိုနက်နဲသော နေရာတွင်မူ ကြီးမားလှသော အကျပ်အတည်းကြောင့် ဖြစ်ပေါ်လာသည့် ရူးသွပ်လုနီးပါး စိတ်လှုပ်ရှားမှုနှင့် ပြတ်သားမှုများ လှုံ့ဆော်ခံလိုက်ရသည်။

ဤမျှ ကျယ်ပြန့်ပြီး အရည်အသွေးမြင့်မားလှသော “စွမ်းအင်” များနှင့် “စမ်းသပ်ပစ္စည်း” များက သူ့တံခါးဝသို့ ကိုယ်တိုင်ရောက်ရှိလာခြင်းပင်။

ဤအရာက အကျပ်အတည်းတစ်ခုဖြစ်သလို တစ်သက်တွင် တစ်ခါသာ ကြုံရခဲသော အခွင့်အရေးတစ်ခုလည်း ဖြစ်သည်။

“ငါတို့ ထပ်ပြီး တွန့်ဆုတ်နေလို့ မဖြစ်တော့ဘူး”

သူ၏ အသံမှာ ဩရှရှဖြစ်နေသော်လည်း ပြတ်သားနေသည်။

“ကောင်းကင်ယံပရိုတိုကောကို စတင်လိုက်။ မြေကမ္ဘာဗဟိုချက် စွမ်းအင်တွင်းရဲ့ ထွက်ရှိမှု စွမ်းအား ၇၀ ရာခိုင်နှုန်းကို မြို့ပြ ကာကွယ်ရေး အမှတ်အားလုံးနဲ့ ချိတ်ဆက်ဖို့ ခွင့်ပြုလိုက်”

“ တစ်ပြိုင်နက်တည်းမှာပဲ အဆင့် ၁ အရပ်သား ရွှေ့ပြောင်းရေး အစီအစဉ်ကို စတင်ပြီး မြေအောက် ခိုလှုံရာနေရာ အားလုံးကို ဖွင့်လှစ်လိုက်”

“ ခေါင်းဆောင် လေ့ဟောက်ကို အကြောင်းကြားပါ၊ ရွှေ့ပြောင်းနေစဉ်အတွင်း စည်းကမ်း ထိန်းသိမ်းဖို့ သံမဏိဒိုင်းကာ ကင်းစခန်းရဲ့ အင်အားကို ငါတို့ လိုအပ်တယ်”

သူပြောဆိုသော ကောင်းကင်ယံပရိုတိုကောဆိုသည်မှာ ကောင်းကင်ယံတံတိုင်း စွမ်းအင်အကာအကွယ်ကို အသက်သွင်းရန် အမြင့်ဆုံး ညွှန်ကြားချက်ပင် ဖြစ်သည်။

ဟုန့်ကျိနှင့် လေ့ဟောက်တို့အတွက် သူပေးခဲ့သော အကြောင်းပြချက်မှာ ယခုအကျပ်အတည်းကို ကိုင်တွယ်ရန်အတွက် သုသေသနအသင်းက လျှို့ဝှက်စွာ တည်ဆောက်ထားသည့် “အဆုံးစွန် မြို့ပြကာကွယ်ရေး နည်းပညာ” တစ်ခုကို ဖြန့်ကျက်ထားခြင်းဖြစ်သည်။

ဤနည်းပညာကို အဘယ်ကြောင့် ဤမျှ လျင်မြန်စွာ ဖြန့်ကျက်ပြီး အသက်သွင်းနိုင်ခဲ့ရသနည်း။

၎င်း၏နောက်ကွယ်ရှိ ကြီးမားလှသော စွမ်းအင်သုံးစွဲမှုများက ဘယ်ကနေ လာသနည်း။

(မြေကမ္ဘာဗဟိုချက် စွမ်းအင်တွင်း တည်ရှိမှုမှာ သုသေသနအသင်း၏ အမြင့်ဆုံး လျှို့ဝှက်ချက်ဖြစ်သည်)

အစရှိသည့်မေးခွန်းများကိုမူ ယန်ချင်းယွမ်က “မဟာဗျူဟာမြောက် အရံအင်အား” နှင့် “နည်းပညာဆိုင်ရာ လျှို့ဝှက်ချက်များ” အဖြစ် ဝေဝါးစွာဖြင့်သာ ဖယ်ရှားပစ်ခဲ့သည်။

အရပ်သားများကို ကိုင်တွယ်ခြင်းနှင့် ပတ်သက်၍ သူသည် သုတေသနအသင်း၏ အပေါ်ယံ “လူသားဆန်မှု” နှင့် “စည်းကမ်း” အသွင်အပြင်ကို ထိန်းသိမ်းထားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် မြို့ပြလုပ်ငန်းစဉ်များကို ထိန်းသိမ်းရန်အတွက် ဖြစ်သည်။

သို့မဟုတ် ရေရှည် “နတ်ဘုရားဖန်တီးရေး စီမံကိန်း” အတွက် လိုအပ်လာနိုင်သည့် “စောင့်ကြည့်ရေး နမူနာများ” နှင့် “တည်ငြိမ်သော စွမ်းအင်များ” အတွက်ဖြစ်စေ အတိုင်းအတာတစ်ခုအထိ လူဦးရေအခြေခံရှိပြီး အတော်အတန် တည်ငြိမ်သော နောက်ခံတစ်ခု ရှိနေခြင်းက အလွန်အရေးကြီးသည်။

နင်မြို့၏ လမ်းမများပေါ်တွင် ထိတ်လန့်မှုများက ကပ်ရောဂါတစ်ခုအလား ပျံ့နှံ့နေသည်။

စူးရှလှသော လေကြောင်းရန် အချက်ပေးဥသြသံများသည် သေခါနီး ဧရာမသားရဲကြီးတစ်ကောင်၏ ငိုကြွေးသံအလား မြို့တော်၏ ကောင်းကင်ယံကို အကြိမ်ကြိမ် ဆုတ်ဖြဲနေသည်။

အေးစက်သော အီလက်ထရွန်နစ် ကြေညာသံတစ်ခုက လမ်းများနှင့် လမ်းကြားများတစ်လျှောက် ထပ်ခါတလဲလဲ ထွက်ပေါ်နေသည်။

“အရပ်သားအားလုံး သတိပြုပေးပါ။ သတ်မှတ်ထားတဲ့ ခိုလှုံရာနေရာတွေဆီကို ချက်ချင်း သွားရောက်ကြပါရန်။ ထပ်မံ ကြေညာအပ်ပါသည်၊ သတ်မှတ်ထားတဲ့ ခိုလှုံရာနေရာတွေဆီကို ချက်ချင်း သွားရောက်ကြပါရန်”

“ဖေဖေ။ ဖေဖေ ဘယ်မှာလဲဟင်”

မိသားစုနှင့် ကွဲကွာသွားခဲ့ရှာသော ကောင်လေးငယ်တစ်ဦးသည် လမ်းထောင့်တစ်ခုတွင် ရပ်ကာ အားကိုးရာမဲ့စွာ ငိုယိုအော်ဟစ်နေရှာသည်။

မျက်ရည်များနှင့် ပေရည်နေသည့် သူ၏ မျက်နှာလေးပေါ်တွင် ရွှံ့ကွက်များ ဖြစ်နေသော်လည်း သူသည် ဘေးမှ ထိတ်လန့်တကြား ပြေးလွှားသွားကြသည့် လူအုပ်ကြီး၏ တွန်းတိုက်ခြင်းကိုသာ ခံနေရရှာသည်။

မိခင်တစ်ဦးက သူမ၏ ရင်ခွင်ထဲရှိ ကလေးငယ်ကို တင်းကြပ်စွာ ပွေ့ဖက်ထားရင်း ဆိုင်တစ်ဆိုင်၏ အမိုးအောက်တွင် ကပ်နေရှာသည်။

သူမ၏ မျက်နှာမှာ ဖြူရော်နေပြီး ခန္ဓာကိုယ်လေးမှာ အကြောက်တရားကြောင့် အဆက်မပြတ် တုန်ယင်နေရှာသည်။

သူမသည် အပြင်ဘက်က ကြောက်မက်ဖွယ်ရာ အားလုံးကို မေ့ပျောက်စေရန် စည်းချက်မကျသော သားချော့သီချင်းလေးတစ်ပုဒ်ကို မသိစိတ်မှ ညင်သာစွာ ညည်းဆိုနေရှာသည်။

ပိုမိုများပြားသော လူအုပ်ကြီးမှာမူ လမ်းမများပေါ်တွင် ပြေးလွှားနေကြသည်။ အချို့က အစားအစာများနှင့် အဖိုးတန်ပစ္စည်းများ ပြည့်နှက်နေသည့် ခရီးဆောင်သေတ္တာများကို ဆွဲနေကြသဖြင့် ဘီးများက ပျက်စီးနေသော လမ်းပေါ်တွင် စူးရှသော အသံများကို ထွက်ပေါ်စေသည်။

အချို့က လမ်းလယ်ခေါင်တွင် ဒူးထောက်လျက် ကောင်းကင်ကြီးကို ရူးသွပ်စွာ ဦးချနေကြပြီး သူတို့၏ နဖူးများမှ သွေးများ ထွက်နေသည်ကိုပင် သတိမပြုမိကြပေ။

အများစုမှာမူ စိတ်ပျက်အားငယ်မှုကြောင့် ထုံထိုင်းနေကြပြီး စည်းကမ်းထိန်းသိမ်းနေကြသည့် စစ်သည်များနှင့် ဝန်ထမ်းများ၏ တွန်းပို့မှုအောက်တွင် မြေအောက်ခိုလှုံရာနေရာများဆီသို့ ဦးတည်နေသည့် ရှည်လျားလှသော လူအုပ်ကြီးထဲသို့ တိုးဝင်နေကြသည်။

“မတွန်းကြနဲ့။ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေကို အရင် သွားခွင့်ပြုပါ။ မင်းတို့ မျက်လုံးတွေ ကန်းနေကြတာလား”

သံမဏိဒိုင်းကာ ကင်းစခန်းမှ စစ်သည်တစ်ဦး၏ အသံမှာ အော်ဟစ်လွန်းသဖြင့် အာခေါင်ခြောက်နေခဲ့ပြီဖြစ်သည်။

သူ၏ ခန္ဓာကိုယ်ကို အသုံးပြု၍ နောက်ဘက်မှ တိုးဝှေ့လာသည့် လူအုပ်ကြီးကို ဆန့်ကျင်ခုခံရင်း ယိမ်းယိုင်နေသော အဘွားအိုတစ်ဦးအတွက် နေရာလွတ်လေးတစ်ခုကို ခက်ခက်ခဲခဲ ဖန်တီးပေးနေရှာသည်။

သူ၏ ချပ်ဝတ်တန်ဆာပေါ်တွင် ချွေးများ၊ ဖုန်မှုန့်များနှင့် မည်သည့်နေရာမှ လာသည်မသိသော သွေးကွက်များ ဖုံးလွှမ်းနေသည်။

“စည်းကမ်း။ စည်းကမ်း ထိန်းသိမ်းပါ။ မှတ်ပုံတင်ထားတဲ့ အစီအစဉ်အတိုင်း ဝင်ကြပါ”

သုသေသနအသင်းမှ ဝန်ထမ်းများသည် တည်ငြိမ်ပုံရပြီး ဂရုမစိုက်ဟန်ပင် ရှိနေကြသည်။

သူတို့သည် စွမ်းအင်မှတ်ပုံတင် ကိရိယာများကို ကိုင်ဆောင်ထားကြပြီး ခိုလှုံရာနေရာသို့ ဝင်ရောက်လာသူတိုင်းကို လျင်မြန်စွာ မှတ်တမ်းတင်နေကြကာ သာမန် နံပါတ်တပ်ထားသော လက်ပတ်များကို ခွဲဝေပေးနေကြလေသည်။

All Chapters