← Chapters

အခန်း ၃၄၇

Vol. 35 Ch. 347

အခန်း ၃၄၇

Vol. 35 Ch. 347

အခန်း (၃၄၇) - တပ်ခွဲခြင်းနှင့် မဟာဗျူဟာ ချမှတ်ခြင်း (၁)

လင်းထျန်းလုံသည် မိစ္ဆာမဟာမိတ်အဖွဲ့၏ ပင်မစခန်းမှ သူ၏ ဂုဏ်သတင်းနှင့်အတူ ထွက်ခွာလာပြီး လာမည့် မြို့သိမ်းတိုက်ပွဲအတွက် နောက်ဆုံး ပြင်ဆင်မှုများ ပြုလုပ်ရန် ယွဲ့ရီ၊ ယင်းဖုန်းတို့နှင့်အတူ ဝံပုလွေအသိုက်သို့ ပြန်လာခဲ့သည့် အချိန်မှာပင်…

မိုင်ပေါင်း ဆယ်ဂဏန်းခန့် ကွာဝေးသော နင်မြို့အတွင်းရှိ မီးပွားသုသေသနပညာရှင်အသင်း ဌာနချုပ်၏ မြေအောက် ကွပ်ကဲမှုဗဟိုဌာန၌ လူဦးရေ သန်းချီရှိသော ဤမြို့တော်ကြီး၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် အစည်းအဝေးတစ်ခု တင်းမာစွာ ကျင်းပနေသည်။

စားပွဲ၏ အလယ်ဗဟိုတွင် အပြာရောင်ဖျော့ဖျော့ သုံးဖက်မြင်ပုံရိပ်ယောင်တစ်ခု လွင့်မျောနေပြီး နင်မြို့၏ မြေမျက်နှာသွင်ပြင်ကို ရှင်းလင်းစွာ ပုံဖော်ထားသည်။

အပြင်ဘက် ပတ်လည်တွင် မိစ္ဆာအင်အားစုများကို ကိုယ်စားပြုသည့် အလင်းစက်နီနီများသည် အသက်ရှူကျပ်စေသော ဝိုင်းရံမှုတစ်ခုကို ဖန်တီးထားသည်။

၎င်း၏ အတိုင်းအတာမှာ သမိုင်းတစ်လျှောက် မည်သည့် သားရဲဒီရေထက်မဆို များစွာ ကျော်လွန်နေသည်။

ပို၍ပင် နှလုံးခုန်ရပ်မတတ် ဖြစ်စေသည်မှာ အလွန်တရာ မျက်စိကျိန်းလောက်အောင် တောက်ပနေပြီး ပုံရိပ်ယောင်မှတစ်ဆင့်ပင် လူကို တုန်လှုပ်ချောက်ချားစေမည့် စွမ်းအင် အတက်အကျများကို ထုတ်လွှတ်နေသည့် အနီရင့်ရင့် အလင်းစက်ကြီး ငါးခုပင် ဖြစ်သည်။

၎င်းတို့မှာ မိစ္ဆာဘုရင် ငါးပါး ဖြစ်ကြသည်။

“အခြေအနေက ရှင်းလင်းသွားပါပြီ”

ယန်ချင်းယွမ် သူ၏ နှာတံပေါ်ရှိ မျက်မှန်ကို ပင့်တင်လိုက်ရင်း မျက်မှန်နောက်ကွယ်မှ အကြည့်များဖြင့် သူ့ရှေ့တည့်တည့်တွင် ထိုင်နေကြသော ဟုန့်ကျိနှင့် လေ့ဟောက်တို့ကို စစ်ဆေးကြည့်လိုက်သည်။

သူ၏ အသံမှာ တည်ငြိမ်နေသော်လည်း လေးနက်မှုတစ်ခု ပါဝင်နေသည်။

“ကောင်းကင်ယံတံတိုင်းရဲ့ စွမ်းအင်သုံးစွဲမှုက သီအိုရီအရ ခန့်မှန်းထားတာထက် ၂၀ ရာခိုင်နှုန်း ပိုများနေတယ်။ ငါ ကာကွယ်ရေးဒိုင်းရဲ့ ဗဟိုချက် တည်ငြိမ်ဖို့အတွက် စွမ်းအင်အဓိကအမှတ်မှာပဲ နေရမယ်။”

“ဒါကြောင့် အနောက်ဘက်တံခါး ကာကွယ်ရေးမျဉ်းကိုတော့ ငါတို့ သုသေသနအသင်းရဲ့ ‘အစောင့်အရှောက်’ ပင်မတိုက်ပွဲဝင် တင့်ကားတပ်စုတွေနဲ့ ‘သိန်းငှက်’ ထိုးစစ်ဆင် ဒရုန်းအုပ်စုတွေကိုပဲ တာဝန်ယူခိုင်းလိမ့်မယ်”

“သူတို့က တိကျတဲ့ အဝေးပစ် စွမ်းအားပြင်းပစ်ခတ်မှုတွေကို ဆက်တိုက် ပံ့ပိုးပေးနိုင်တယ်”

သူ ခဏရပ်လိုက်ပြီးနောက် သုံးဖက်မြင်ပုံရိပ်ပေါ်တွင် သူ၏ လက်ညှိုးလေးဖြင့် ဆွဲလိုက်ရာ လက်နက်များ သိုလှောင်မှုစာရင်း ထွက်ပေါ်လာသည်။

သူ၏ လေသံမှာ ပြောင်းလဲသွားသည်။

“ဂိုဏ်းချုပ်ဟုန့်၊ စခန်းမှူးလေ့၊ မင်းတို့ ကွပ်ကဲမှုအောက်က အဓိကတိုက်ခိုက်ရေး အင်အားစုတွေထဲမှာ တစ်ဦးချင်းခွန်အားနဲ့ ဝိညာဉ်တိုက်ခိုက်မှုတွေမှာ အရမ်းထူးချွန်ကြတယ်ဆိုတာ ကျုပ်ကောင်းကောင်းသိပါတယ်။”

“ ဒါပေမဲ့ ဒီလောက်ကြီးမားတဲ့ သားရဲအုပ်စုနဲ့ ရင်ဆိုင်ရချိန်မှာ သာမန်တပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုက အရမ်းအရေးကြီးတယ်။”

“ကျုပ် သိထားသလောက်တော့ မင်းတို့နှစ်ယောက်လုံးက စွမ်းအားပြင်း ပစ်ခတ်မှုအပိုင်းမှာ နည်းနည်း အားနည်းနေပုံရတယ် မဟုတ်လား”

ဟုန့်ကျိသည် လက်ပိုက်ထားရင်း သူ့ပတ်လည်တွင် အနီရင့်ရင့်မီးတောက်များ ဝေဝါးစွာ လှည့်ပတ်နေသည်။

သူ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ပြန်မပြောခဲ့ပေ။

ဤသည်မှာ တိတ်ဆိတ်စွာ ဝန်ခံလိုက်ခြင်းပင် ဖြစ်သည်။

လေ့ဟောက်က တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။

သူ၏ သံမဏိဒိုင်းကာ ကင်းစခန်းသည် ကာကွယ်ရေးခံတပ်များနှင့် တစ်ဦးချင်း အရည်အသွေးအပေါ်တွင်သာ ပိုမိုအာရုံစိုက်ထားသဖြင့် ကျယ်ပြန့်သော ဧရိယာအလိုက် ဖျက်ဆီးနိုင်သည့် လက်နက်ကြီးများ အမှန်တကယ်ပင် ကင်းမဲ့နေသည်။

ဤသည်ကို မြင်တွေ့ရသောအခါ ယန်ချင်းယွမ်က ဆက်ပြောသည်။

“ငါတို့ သုသေသနအသင်းရဲ့ မဟာဗျူဟာမြောက် အရံအင်အားထဲမှာ ‘မိုးကြိုးမုန်တိုင်း-၄’ တစ်ကိုယ်ရေသုံး ဒုံးကျည်ပစ်လွှတ်ကိရိယာ အစီးရေ တစ်ရာ့ငါးဆယ် ရှိနေသေးတယ်”

“အကာအကွယ်ဖောက် ရေခဲဗုံးနဲ့ စွမ်းအားပြင်း ပေါက်ကွဲဗုံး ကျည်ဆန် သုံးရာစီ ပါဝင်တယ်။ ဒါ့အပြင် ‘မီးတောင်-၇’ ခြောက်လုံးပြူး လည်ပတ် စက်သေနတ်ကြီး သုံးလက်နဲ့ ၎င်းတို့ရဲ့ ကျည်ဆန်တွေလည်း ရှိသေးတယ်။”

“ဒီလက်နက်ကိရိယာတွေကို မင်းတို့နှစ်ယောက်ဆီ ခဏငှားရမ်းပေးနိုင်ပါတယ်”

“အဓိကအမှတ်တွေရဲ့ ကာကွယ်ရေးကို အားဖြည့်ဖို့၊ အထူးသဖြင့် ဖြစ်လာနိုင်တဲ့ ဘုရင်အဆင့် ဒါမှမဟုတ် မိစ္ဆာဘုရင်အဆင့် သတ္တဝါတွေရဲ့ ရိုက်ခတ်မှုတွေကို ကိုင်တွယ်ဖို့ အသုံးပြုနိုင်လိမ့်မယ်”

“ငှားရမ်းတာ ဟုတ်လား”

ဟုန့်ကျိ၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြောင်သည့် အကွေးတစ်ခု ပေါ်လာပြီး ယန်ချင်းယွမ်၏ ဂရုတစိုက် ထုပ်ပိုးထားသော စကားလုံးများကို တိုက်ရိုက်တုံ့ပြန်လိုက်သည်။

“ဥက္ကဋ္ဌယန်၊ ဒီအချိန်အထိ ရောက်နေပြီမို့ ငါတို့ စကားကို ဝေ့ဝိုက်မနေနဲ့တော့ တိုက်ရိုက်ပဲ ပြောစမ်းပါ၊ တန်ဖိုးက ဘာလဲ”

သူသည် မီးပွားသုတေသနအသင်း၏ ယဉ်ကျေးပုံရသော ခေါင်းဆောင်ကို ကောင်းကောင်းသိသည်။

၎င်းသည် အရှုံးပေါ်မည့် အရောင်းအဝယ်မျိုး ဘယ်တော့မှ မလုပ်တတ်ပေ။

ယန်ချင်းယွမ်၏ မျက်နှာအမူအရာမှာ ပြောင်းလဲခြင်းမရှိဘဲ တည်ငြိမ်စွာဖြင့်ပင် စည်းကမ်းချက်များကို ပြောဆိုခဲ့သည်။

“ဂိုဏ်းချုပ်ဟုန့်၊ လာမယ့်သုံးလအတွင်း အရှေ့ခရိုင် မဟာဗျူဟာမြောက် သိုလှောင်ရုံ အမှတ် ၃ နဲ့ အဲဒါရဲ့ လက်အောက်ခံဖြစ်တဲ့ အဆောက်အအုံတွေရဲ့ အပြည့်အဝ စီမံခန့်ခွဲခွင့်ကို ငါတို့ သုသေသနအသင်းဆီ လွှဲပြောင်းပေးရမယ်။"

“တစ်ချိန်တည်းမှာပဲ ဒီကာလအတွင်း လောင်ကျွမ်းမီးလျှံဂိုဏ်းရဲ့ ပြင်ပစစ်ဆင်ရေး ဝင်ငွေအားလုံးရဲ့ ငါးရာခိုင်နှုန်းကို ဒီလက်နက်‌တွေရဲ့ ထိန်းသိမ်းခအဖြစ် ပေးဆောင်ရမယ်”

“ငါးရာခိုင်နှုန်း ဟုတ်လား။ မင်း ငါတို့ကို ဓားပြတိုက်လိုက်တာကမှ ပိုမြန်ဦးမယ်”

ဟုန့်ကျိ၏ အနောက်တွင် ရပ်နေသည့် သစ္စာရှိ လက်အောက်ငယ်သားတစ်ဦးက ဒေါသတကြီးဖြင့် မအောင့်နိုင်ဘဲ အော်ဟစ်လိုက်မိသည်။

ထိုသိုလှောင်ရုံတွင် လောင်ကျွမ်းမီးလျှံဂိုဏ်း၏ ပစ္စည်းလက်ကျန် အားလုံးနီးပါး သုံးဆယ်ရာခိုင်နှုန်းခန့်ကို သိုလှောင်ထားခြင်းဖြစ်သည်။

ဝင်ငွေ၏ ငါးရာခိုင်နှုန်းကိုပါ တောင်းဆိုခြင်းက ဗြောင်ကျကျ လုယက်ခြင်း သက်သက်သာ ဖြစ်သည်။

ဟုန့်ကျိ လက်ပြကာ သူ့လက်အောက်ငယ်သားကို တားဆီးလိုက်သည်။ အစည်းအဝေးခန်းအတွင်းရှိ လေထုမှာ အေးခဲသွားသကဲ့သို့ ယန်ချင်းယွမ်ကို မှုန်မှိုင်းစွာ စိုက်ကြည့်နေသည်။

သူ့ပတ်လည်ရှိ မီးတောက်များသည် သူ၏ စိတ်ထဲမှ ပြင်းထန်သော လှုပ်ခတ်မှုများကို ပြသနေသကဲ့သို့ ထိန်းချုပ်မရဘဲ အနည်းငယ်ခန့် ပိုမိုမြင့်တက်လာသည်။

ကြာမြင့်စွာ တိတ်ဆိတ်သွားပြီးနောက် သူသည် သူအံကြိတ်ကာ စကားလုံးတစ်လုံးကို ပြောထုတ်လိုက်ရသည်။

“...ကောင်းပြီ”

အခြေအနေက သူ့အတွက် အင်အားမမျှ‌ပေ။ ဤစွမ်းအားပြင်း ပစ်ခတ်မှုလက်နက်ကြီးများ မရှိပါက သူ၏ ကွပ်ကဲမှုအောက်ရှိ သာမန် စစ်သည်များသည် သားရဲအုပ်စုရှေ့တွင် စတေးခံရမည့် သိုးသူငယ်များသာ ဖြစ်သွားကြလိမ့်မည်။

ထို့နောက် ဤတန်ဖိုးကို သူပေးဆပ်ရမည် ဖြစ်သည်။

လေ့ဟောက်လည်း ဆင်တူသော ခက်ခဲသည့် အခြေအနေတစ်ခုနှင့် ရင်ဆိုင်ခဲ့ရသည်။ သူသည် အနောက်ဘက်ရှိ အဓိကကင်းမျှော်စင်နှစ်ခု၏ ယာယီကွပ်ကဲမှုအာဏာကို လွှဲပြောင်းပေးခြင်းနှင့် ထိုဧရိယာရှိ ထောက်လှမ်းရေး သတင်းအားလုံးကို မျှဝေခြင်းတို့ဖြင့် ဒုံးကျည်ပစ်လွှတ်ကိရိယာ ရှစ်ဆယ်နှင့် ‘မီးတောင်’ စက်သေနတ်ကြီး တစ်လက်တို့၏ ပံ့ပိုးမှုကို လဲလှယ်ရယူခဲ့သည်။

မဟာဗျူဟာမြောက် ဖြန့်ကျက်မှုကို ဤသို့ဖြင့် ခက်ခက်ခဲခဲ သတ်မှတ်လိုက်ကြပြီ ဖြစ်သည်။

ဟုန့်ကျိနှင့် သူ၏ လောင်ကျွမ်းမီးလျှံဂိုဏ်း ပင်မတပ်ဖွဲ့များသည် ဖိအားအများဆုံးရှိပြီး ရန်သူ၏ ပင်မတပ်ဖွဲ့နှင့် ရင်ဆိုင်ရနိုင်ခြေ အရှိဆုံးဖြစ်သည့် မြောက်ဘက်တံခါးကို ကာကွယ်ရမည်။

လေ့ဟောက်နှင့် သူ၏ သံမဏိဒိုင်းကာ ကင်းစခန်းတို့က အရှေ့ဘက်တံခါး ကာကွယ်ရေးကို တာဝန်ယူရမည်ဖြစ်ပြီး တောင်ဘက်တံခါးသို့ ပံ့ပိုးမှုများ ပေးရမည်။

ယန်ချင်းယွမ်ကမူ အနောက်ဘက်တံခါးနှင့် ဗဟိုဧရိယာကို ထိန်းချုပ်ထားပြီး နည်းပညာဆိုင်ရာ ပံ့ပိုးမှုများနှင့် အလုံးစုံ စောင့်ကြည့်မှုများကို ပံ့ပိုးပေးရမည်။

နင်မြို့၏ အင်အားစု သုံးခုကြားတွင် အားနည်းလှသော မဟာမိတ်အဖွဲ့တစ်ခု ဖွဲ့စည်းလိုက်သည့် အချိန်မှာပင် လင်းထျန်းလုံသည်လည်း ဝံပုလွေအသိုက်သို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

သူ၏ ကြီးကျယ်ခမ်းနားသော ငွေဖြူရောင် ခန္ဓာကိုယ်သည် တိုတမ်မိခင်သစ်ပင်အောက်တွင် မတ်မတ်ရပ်နေပြီး သဘာဝအတိုင်း ထုတ်လွှတ်နေသည့် အရှင်သခင်အဆင့်နီးပါး ဖိအားများက စုဝေးရောက်ရှိနေကြသော ဝံပုလွေအုပ်စုဝင်များအားလုံးကို အလွန်တရာ စိတ်အေးချမ်းမှုနှင့် တက်ကြွမှုများကို ပေးစွမ်းနေသည်။

“ဘုရင်မင်းမြတ်၊ မိစ္ဆာဘုရင်လေးပါးက ငါတို့ကို တံခါးတစ်ခုတည်းတင် တိုက်ခိုက်ခွင့်ပြုဖို့ လွယ်လွယ်ကူကူ သဘောတူကြလိမ့်မယ် မထင်ဘူး”

လင်းထျန်းလုံ၏ အနောက်ဘက်မှ ယင်းဖုန်း၏ပုံရိပ် တိတ်တဆိတ် ထွက်ပေါ်လာပြီး သူ၏အသံမှာ အမြဲတမ်းလိုပင် အေးစက်ကာ တိုတောင်းနေတော့သည်။

All Chapters