← Chapters

အခန်း ၉၃

Vol. 10 Ch. 93

အခန်း ၉၃

Vol. 10 Ch. 93

အခန်း (၉၃) ချူဖုန်းက နတ်ဆိုးဝင်ပူးပြီး တပည့်အကြီးဆုံးအား သတ်ဖြတ်ခြင်း

ချူဖုန်း၏ ရင်ဘတ်ပေါ်ရှိ အမည်းရောင်ဆွဲသီးသည် သွေးရောင်ဓားတစ်လက်အဖြစ် ပြောင်းလဲသွားပြီး သူ၏လက်ထဲတွင် လေဟာပြင်မှ ထွက်ပေါ်လာခဲ့ရာ ဖန်ချင်း၏ အာရုံစိုက်မှုကိုလည်း ရရှိသွားခဲ့ပေသည်။

သွေးဓား၏ ကိုယ်ထည်မှနေ၍ သူမက ရွံရှာဖွယ်ကောင်းသော သွေးညှီနံ့ကို ခံစားလိုက်ရသည်။

"ဂျူနီယာမောင်လေး... ဒါက ဘာလဲ"

ဖန်ချင်းက မေးမြန်းလိုက်၏။

သွေးဓားကို ကိုင်ထားသော ချူဖုန်း၏ လက်မှာ တုန်ရီနေပြီး သူ၏ အမူအရာက အနည်းငယ် ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။

"သူမကို ပေးလိုက်"

တိုးညင်းသော အော်ဟစ်သံတစ်ခုက ချူဖုန်း၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားခဲ့၏။

ချူဖုန်းက ရုတ်တရက် ခေါင်းမော့ကာ ဖန်ချင်းကို ကြည့်လိုက်သည်။

"စီနီယာအစ်မ... ဒီဓားက အစီအရင်ကို ဖျက်ဆီးနိုင်လောက်တယ်"

"ငါ့ကို ပေး"

ဖန်ချင်းက ချက်ချင်း လက်ကမ်းပေးလိုက်၏။

"ဒါပေမဲ့ အစ်မ သေသွားနိုင်တယ်နော်..."

ချူဖုန်းက တုန်ရီစွာဖြင့် ပြောဆိုလိုက်သည်။

"မင်း အသက်ရှင်လျက် ထွက်သွားနိုင်တယ် မဟုတ်လား..."

ဖန်ချင်းက မေးမြန်းလိုက်၏။

ချူဖုန်းက ပြန်လည်မဖြေကြားခဲ့သော်လည်း ဖန်ချင်းတွင် အဖြေရှိပြီးသား ဖြစ်ပေသည်။

"တော်ပြီ... ငါတို့ထဲက တစ်ယောက်ယောက်တော့ အသက်ရှင်လျက် ထွက်သွားနိုင်ရမယ်... မဟုတ်ရင် ငါတို့အတွက် ဘယ်သူက လက်စားချေပေးမှာလဲ"

"ငါ့ကို ပေးစမ်း..."

ဖန်ချင်းက ချူဖုန်း၏ လက်ထဲမှ သွေးရောင်ဓားကို အတင်းအကျပ် ဆွဲယူလိုက်သည်။

သူမ၏ မျက်နှာက ချက်ချင်း ပြောင်းလဲသွားပြီး သွေးရောင်ဓားထံမှ အသက်သွင်းရမည့် နည်းလမ်းကို ချက်ချင်း သိရှိသွားခဲ့ပေသည်။

သူမ၏ အသွေးသားနှင့် ဝိညာဉ်ကို ဝါးမြိုပြီးနောက် အချိန်တိုအတွင်း မဟာသူတော်စင်အဆင့် တိုက်ခိုက်ရေးစွမ်းအားကို ထုတ်ဖော်နိုင်မည် ဖြစ်ပေသည်။

လက်ထဲရှိ သွေးဓား၏ အကူအညီဖြင့် သူမက အစီအရင်အလယ်တွင် အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်စေပြီး ချူဖုန်းကို အပြင်သို့ ပို့ဆောင်ပေးနိုင်မည် ဖြစ်သည်။

"ဂျူနီယာမောင်လေး... ခဏနေရင် ငါ လှုပ်ရှားလိုက်မယ်... မင်းက ဒီကနေ ချက်ချင်း ထွက်ပြေးရမယ်... မှတ်ထားပါ ဝေးဝေးပြေးနိုင်ရင် ပိုကောင်းတယ်"

"မင်းရဲ့ ကျင့်ကြံမှုအဆင့်က မဟာသူတော်စင်အဆင့်ကို မရောက်မချင်း လက်စားချေဖို့ ဒီကို ပြန်မလာခဲ့နဲ့... မင်း သေချာပေါက် မှတ်ထားရမယ်နော်"

ဖန်ချင်းက ချူဖုန်းကို လေးနက်သော လေသံဖြင့် အကြံပေးလိုက်ရာ ချူဖုန်း၏ စိတ်နှလုံးကို ဓားဖြင့် မွှန်းခံလိုက်ရသည့်အလား ဖြစ်သွားစေပြီး သူက နှုတ်ခမ်းကို လှုပ်ရှားလိုက်သော်လည်း ဆွံ့အသွားကာ စကားတစ်ခွန်းမျှ မဟနိုင်တော့ချေ။

ထိုအချိန်တွင် စုချန်ချန်နှင့် ယဲ့လန်တို့၏ တိုက်ပွဲမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ယဲ့လန်၏ စွမ်းအားမှာ အလွန် အားကောင်းလှပြီး ဓားပညာမှာလည်း အလွန် ပြောင်မြောက်လှရာ ကြီးမားသောအောင်မြင်မှုအဆင့် ဓားဆန္ဒက သူမ၏ တိုက်ခိုက်ရေးစွမ်းအားကို တဟုန်ထိုး တိုးတက်စေခဲ့ပြီး မဟာသူတော်စင်အလယ်အလတ်အဆင့် စုချန်ချန်ထက်ပင် အနည်းငယ် သာလွန်နေခဲ့ပေသည်။

စုချန်ချန်မှာ ခရမ်းရောင်မိုးကြိုးမြင့်မြတ်တူကို အားကိုး၍သာ ယဲ့လန်နှင့် သရေကျအောင် တိုက်ခိုက်နိုင်ခဲ့သည်။

"ဓားကျင့်ကြံသူတွေရဲ့ တိုက်ခိုက်ရေးစွမ်းအားက တကယ်ပဲ အလွန် ထိတ်လန့်စရာကောင်းတာပဲ"

စုချန်ချန်က တိတ်တဆိတ် ရေရွတ်လိုက်၏။

အကယ်၍ ကောင်းကင်ကြယ်တာရာ ဓားတစ်သောင်းအစီအရင်သာ မရှိခဲ့လျှင် ယနေ့ မည်သူ အနိုင်ရမည်ကို ပြောရခက်ပေလိမ့်မည်။

သို့သော် ယခုအခါတွင်မူ ယဲ့လန်အတွက် အခွင့်အရေး မရှိတော့ချေ။

"ကောင်းကင်ကြယ်တာရာ ဓားတစ်သောင်းအစီအရင်... ဖိနှိပ်စမ်း"

စုချန်ချန်က ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ရာ ကောင်းကင်ကြယ်တာရာ ဓားတစ်သောင်းအစီအရင်မှ ဓားစွမ်းအင် သောင်းချီ၍ ယဲ့လန်ထံသို့ လေချွန်သံများဖြင့် ပြေးဝင်သွားပြီး သူမ၏ တစ်ကိုယ်လုံးကို တင်းကြပ်စွာ ဝိုင်းရံထားလိုက်ပေသည်။

ယဲ့လန်၏ မျက်နှာက တည်ကြည်လေးနက်သွားပြီး သူမက ဖန်ချင်း၏ နားထဲသို့ အသံလှိုင်း ပို့လွှတ်လိုက်၏။

"ရှောင်ချင်း... ငါ အခွင့်အရေး တစ်ခု ဖန်တီးပေးမယ်... မင်း အစွမ်းကုန် ကြိုးစားပြီး မင်းတို့နှစ်ယောက်အတွက် ရှင်သန်နိုင်မယ့် လမ်းစတစ်ခုကို ရှာဖွေလိုက်"

ဖန်ချင်းက တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ပြီး လက်ထဲရှိ သွေးရောင်ဓားကို ဆုပ်ကိုင်ကာ သူမ၏ လက်ဖဝါးကို ဖြတ်တောက်လိုက်သည်။

‘ဝုန်း’

သူမ၏ ခန္ဓာကိုယ်ထဲရှိ သွေးများက စတင် လှုပ်ရှားလာပြီး သွေးဓားဆီသို့ ရူးသွပ်စွာ စီးဝင်သွားခဲ့၏။

သူမ၏ မျက်နှာက ချက်ချင်းပင် စက္ကူကဲ့သို့ ဖြူလျော့သွားခဲ့သည်။

ဤအခိုက်အတန့်တွင် သူမ လက်ထဲရှိ သွေးရောင်ဓားလေးသည် ဓားရှည်တစ်လက်အဖြစ် ပြောင်းလဲသွားခဲ့ပေသည်။

ဤအရာအားလုံးကို ခံစားလိုက်ရချိန်၌ ချူဖုန်းက နောက်ဆုံးတွင် ခက်ခဲစွာ ပါးစပ်ဖွင့်၍ တားဆီးလိုက်သည်။

"စီနီယာအစ်မ... မလုပ်နဲ့”

"ဟီး ဟီး ဟီး..."

"ကောင်လေး... မင်းက တကယ်ပဲ အရိုးလည်းကိုက်၊ အသားလည်းဝါးချင်တဲ့ကောင်ပဲ"

"ဒီလုပ်ရပ်က နောက်ကြောင်းပြန်လှည့်လို့ မရတော့ဘူးဆိုတာကို မင်း မသိတာမှ မဟုတ်တာ"

"သူမ မစတင်ခင်တုန်းက ဘာလို့ မတားဆီးခဲ့ဘဲ အခုမှ လာတားနေရတာလဲ"

"ကောင်လေး... ငါ မင်းကို တကယ်ပဲ အထင်သေးသွားပြီ"

"အား!"

ချူဖုန်းက သူ၏ စိတ်နှလုံးထဲတွင် ဖုံးကွယ်ထားသော အတွေးများကို ဖော်ထုတ်ခံလိုက်ရ၍လား သို့မဟုတ် အမှန်တကယ်ပင် စိတ်နှလုံး နာကျင်သွား၍လား မသိသော်လည်း ဒေါသတကြီး ဟိန်းဟောက်လိုက်ပေသည်။

"ထွက်သွားစမ်း…ဒီနေ့ ငါ ချူဖုန်း ဒီကနေ မသွားဘူး..ငါ လုံးဝ မသွားဘူး"

"အရူးကောင်... မင်းသဘောပဲလေ... ငါ မကူညီနိုင်တော့ဘူး"

‘ဝုန်း’

သွေးဓား ကြီးထွားလာသည်နှင့်အမျှ အမည်းရောင်အငွေ့အသက်များက ဟိန်းဟောက်ထွက်ပေါ်လာပြီး ချူဖုန်းထံသို့ ပြေးဝင်သွားခဲ့၏။

အမည်းရောင်အငွေ့အသက်၏ ပစ်မှတ်မှာ ရှင်းလင်းပေသည်။ ချူဖုန်း၏ အသိစိတ်ပင်လယ်ပင် ဖြစ်၏။

[ချူဖုန်းသည် နတ်ဆိုးဝိညာဉ်၏ ကျူးကျော်မှုကို ခံလိုက်ရပြီး ကံကြမ္မာတန်ဖိုး ၅၀,၀၀၀ မှတ် ဆုံးရှုံးသွားကာ ပိုင်ရှင်မှ ဗီလိန်မှတ် ၅၀,၀၀၀ မှတ် ရရှိပါသည်။]

[ချူဖုန်း၏ တာအိုနှလုံးသား ပြိုလဲသွားပြီး ကံကြမ္မာတန်ဖိုး ၅၀,၀၀၀ မှတ် ဆုံးရှုံးသွားကာ ပိုင်ရှင်မှ ဗီလိန်မှတ် ၅၀,၀၀၀ မှတ် ရရှိပါသည်။]

"ဟင်..."

ချင်လော့က အံ့အားသင့်သွားသည်။

"ငါ လှုပ်ရှားရတောင် မလှုပ်ရှားရသေးဘူး... ချူဖုန်းက ပြီးဆုံးတော့မယ်လို့ မင်းက ပြောနေတာလား"

"ဒါက ဘယ်လို နတ်ဆိုးဝိညာဉ်မျိုးလဲ... ဒါက ရှင်းရှင်းလင်းလင်းကို ငါ့ရဲ့ ချစ်လှစွာသော ပေါင်းဖော်ပဲမလား"

‘ဝုန်း’

ဖန်ချင်း၏ လက်ထဲရှိ သွေးရောင်ဓားရှည်က စူးရှသော သွေးနီရောင်အလင်းများကို ထုတ်လွှတ်လိုက်ပြီး တစ်ချိန်တည်းမှာပင် ယဲ့လန်ကလည်း ဖန်ချင်း တစ်ခုခု မှားယွင်းနေကြောင်းကို သတိပြုမိသွားခဲ့သည်။

သို့သော် ဤအချိန်တွင် အများကြီး တွေးတောနေ၍ မရတော့ချေ။

ယဲ့လန်က ဓားတစ်လက်ကို ထုတ်ယူလိုက်ရာ အပြာရောင် ဓားစွမ်းအင်များ လျင်မြန်စွာ စုစည်းလာပြီး မျက်တောင်တစ်ခတ်အတွင်း စုစည်းသွားသော ဓားစွမ်းအင် အရေအတွက်မှာ ကောင်းကင်ကြယ်တာရာ ဓားတစ်သောင်းအစီအရင်ထက်ပင် ပိုများပြားနေသော်လည်း စွမ်းအားမှာမူ များစွာ ကွာခြားလှပေသည်။

ဓားစွမ်းအင် နှစ်ခု ရိုက်ခတ်သွားပြီး ယဲ့လန်၏ ဓားစွမ်းအင်မှာ ထိတွေ့လိုက်သည်နှင့် ပြိုကွဲသွားခဲ့သော်လည်း ဖန်ချင်းအတွက် အချိန်ရစေခဲ့ပေသည်။

ဖန်ချင်းက ဓားကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ပြင်းထန်စွာ ခုတ်ပိုင်းလိုက်ရာ သွေးရောင် ဓားစွမ်းအင်က သူမ၏ရှေ့ရှိ အရာအားလုံးကို ချက်ချင်း ဆုတ်ဖြဲသွားခဲ့သည်ကို မြင်တွေ့လိုက်ရ၏။

"ပွင့်စမ်း"

ဖန်ချင်းက ဟိန်းဟောက်လိုက်ရာ သူမ၏ ရုပ်ရည်သွင်ပြင်မှာ သာမန်မျက်စိဖြင့် မြင်နိုင်လောက်အောင် စတင် အိုမင်းလာပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် မိန်းမပျိုလေး ဘဝမှ အဘွားအိုတစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့ပေသည်။

‘ဝုန်း’

ကျယ်လောင်သော အသံကြီးနှင့်အတူ ကောင်းကင်ကြယ်တာရာ ဓားတစ်သောင်းအစီအရင်သည် ဤအခိုက်အတန့်တွင် တုန်ခါသွားခဲ့၏။

ချင်လော့၏ မျက်လုံးများ ပြူးကျယ်သွားသည်။

ကောင်းကင်ကြယ်တာရာ ဓားတစ်သောင်းအစီအရင်တွင် ဤအခိုက်အတန့်၌ အက်ကွဲကြောင်းများ အမှန်တကယ် ပေါ်လာခဲ့သည်လား။

"အခုပဲ... သွားတော့"

ဖန်ချင်းက စွမ်းအားတစ်ခုကို ထိန်းသိမ်းထားပြီး ချူဖုန်းကို အပြင်သို့ ပြင်းပြင်းထန်ထန် တွန်းထုတ်လိုက်သည်။

"ကောင်းကောင်း အသက်ရှင်နေပါ"

စီနီယာအစ်မ၏ အသံကို ကြားလိုက်ရချိန်၌ ချူဖုန်းမှာ ငိုကြွေးခြင်းကို မထိန်းချုပ်နိုင်တော့ချေ။ သူ မိမိကိုယ်ကို မုန်းတီးမိသည်။ မိမိကိုယ်ကို အလွန် မုန်းတီးမိပေသည်။

[ချူဖုန်းသည် နတ်ဆိုးအသွင်ပြောင်းသွားပြီး ကံကြမ္မာတန်ဖိုးများ အဆက်မပြတ် ဆုံးရှုံးနေကာ ၅၀,၀၀၀ မှတ် ဆုံးရှုံးသွားပြီး ပိုင်ရှင်မှ ဗီလိန်မှတ် ၅၀,၀၀၀ မှတ် ရရှိပါသည်။]

[ချူဖုန်းမှ ကံကြမ္မာတန်ဖိုး ၅၀,၀၀၀ မှတ် ဆုံးရှုံးသွားပြီး ပိုင်ရှင်မှ ဗီလိန်မှတ် ၅၀,၀၀၀ မှတ် ရရှိပါသည်။]

"ငါ စွမ်းအား လိုချင်တယ်... လောကကြီးကို ဖျက်ဆီးပစ်နိုင်တဲ့ စွမ်းအားကို လိုချင်တယ်... ဒီမှာရှိတဲ့ လူတိုင်းကို ဖျက်ဆီးပစ်ချင်တယ်... နတ်ဆိုးလမ်းစဉ်ထဲ ဝင်ရမယ်ဆိုရင်တောင် ငါ ဝန်မလေးဘူး"

"တွမ့်မုလင်... မင်း ငါ့ကို စွမ်းအားပေးပါ... မင်းရဲ့ စည်းကမ်းချက်တွေ အားလုံးကို ငါ သဘောတူတယ်... ငါ့ကို စွမ်းအားပေးစမ်း"

တွမ့်မုလင်၏ အသံက ချူဖုန်း၏ စိတ်ထဲတွင် ထွက်ပေါ်လာ၏။

"ငါ မလုပ်နိုင်ဘူး"

"မင်း အရင်က လူတိုင်းကို ဖျက်ဆီးဖို့ ကူညီပေးနိုင်တယ်လို့ ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်လေ"

"အိုး... အဲ့ဒါက ငါ မင်းကို လိမ်ခဲ့တာပဲ"

"အခု ငါ အပြင်ကို ရောက်နေပြီဆိုတော့ မင်းကို ထပ်ပြီး လိမ်မှာ မဟုတ်တော့ဘူး"

"မင်းရဲ့ ခန္ဓာကိုယ်ကို ငါ့ကို ပေးစမ်း”

" ဟီး ဟီး... စိတ်မပူပါနဲ့... မင်းရဲ့ ခန္ဓာကိုယ်ကို ငါ လွှဲယူပြီးရင် ဒီကမ္ဘာကြီးကို ဖျက်ဆီးပြီး မင်းအတွက် လက်စားချေပေးဖို့ နည်းလမ်း ရှာပေးပါ့မယ်... ဟားဟားဟား"

"မလုပ်နဲ့... တွမ့်မုလင်... မင်း လူလိမ်"

ကောင်းကင်ကြယ်တာရာ ဓားတစ်သောင်းအစီအရင် အတွင်းတွင် ဖန်ချင်းသည် သွေးရောင်ဓားရှည်ကို ကိုင်ဆောင်ထားသော်လည်း သူမသည် ဓားရှည်ကို ထိန်းချုပ်နေသူ မဟုတ်တော့ဘဲ ဓားရှည်၏ ထိန်းချုပ်မှုကို ခံရသော ဓားကျွန်တစ်ဦး ဖြစ်နေခဲ့ပေပြီ။

‘ရွှီး!’

ဓားရှည်က လေဟာနယ်နယ်မြေကို ဖွင့်ကာ သူမနှင့်အတူ အပြင်သို့ ပြေးထွက်သွားခဲ့သည်။

လေထဲတွင် လွင့်ပျံနေသော ငွေရောင်ဆံပင်များနှင့်အတူ ဤမြင်ကွင်းကို မြင်လိုက်ရချိန်၌ လျိုကျင်းကျင်းနှင့် အခြားသူများက "စီနီယာအစ်မ!" ဟု တစ်ယောက်ပြီးတစ်ယောက် အော်ဟစ်လိုက်ကြ၏။

သို့သော် နောက်တစ်စက္ကန့်တွင် သူတို့ကို ပို၍ တုန်လှုပ်သွားစေမည့် အရာတစ်ခုကို မြင်တွေ့လိုက်ကြရသည်။

ချူဖုန်းက ခြေတစ်လှမ်း လှမ်းလိုက်ရာ သွေးရောင်ဓားရှည်က သူ၏လက်ထဲသို့ ရောက်ရှိလာပြီးနောက် သူက နားကွဲမတတ် လှောင်ပြောင်ရယ်မောလိုက်သည်။

"ဟား ဟား... မင်းရဲ့ သွေးနဲ့ ဝိညာဉ်ကို သုံးပြီး ဓားအကျဉ်းထောင်ကို ဖွင့်ဖို့ ငါ့ကို ကူညီပေး"

‘ဖူး!’

ချူဖုန်း၏ ဓားတစ်လက်က ဖန်ချင်း၏ ရင်ဘတ်ကို ထိုးဖောက်သွားခဲ့ပြီး ဖန်ချင်း၏ မယုံကြည်နိုင်သော အမူအရာကို ကြည့်ကာ သူ၏ နှုတ်ခမ်းထောင့်များတွင် မကောင်းဆိုးဝါး အပြုံးတစ်ခု ကွေးညွတ်သွားခဲ့၏။

"ကျေးဇူးပြုပြီး ငါ့ကို မမုန်းပါနဲ့... မင်းရဲ့ ဂျူနီယာမောင်လေးကို ကူညီဖို့က အခြားနည်းလမ်းမရှိလို့ပါ... ငါလည်း အသက်ရှင်ချင်တယ်လေ"

All Chapters