← Chapters

အခန်း ၉၅

Vol. 10 Ch. 95

အခန်း ၉၅

Vol. 10 Ch. 95

အခန်း (၉၅) ချင်ကျင်းက ဓားကိုတူးဖော်ခြင်းနှင့် ခြိမ်းခြောက်သွေးဆောင်၍ နတ်ဆိုးမျိုးစေ့ကို အောင်မြင်စွာ စိုက်ပျိုးခြင်း

ချင်ကျင်းက မြင်းစီးလာပြီး အောက်ဘက်တွင် အလောင်းတစ်လောင်းကဲ့သို့ လဲလျောင်းနေသော ချူဖုန်းကို ငုံ့ကြည့်လိုက်ရာ ချူဖုန်း၏ သက်စောင့်စွမ်းအင်မှာ အလွန် အားနည်းနေကြောင်း ခံစားမိလိုက်သဖြင့် ပေါ့ပေါ့ပါးပါးဖြင့် ပြောဆိုလိုက်သည်။

"ငါတို့ တွေ့နေမှတော့ တွင်းတူးပြီး

မြှုပ်ပေးလိုက်..."

"ဟုတ်ကဲ့ပါ..."

သူရဲကောင်းအချို့က လုပ်ဆောင်ရန် ပြင်လိုက်ချိန်တွင် တားဆီးခံလိုက်ရ၏။

"နေဦး…"

ချင်ကျင်း၏ အစောင့်အရှောက်က ထွက်လာပြီး ချူဖုန်း၏ အနီးသို့ လျှောက်သွားကာ ချူဖုန်း၏ ဒဏ်ရာများကို အနည်းငယ် စစ်ဆေးကြည့်ပြီးနောက် အလွန် အံ့အားသင့်သွားခဲ့သည်။

"မင်းသမီး... ဒီလူရဲ့ ဒဏ်ရာတွေက အရမ်းပြင်းထန်တယ်။ သူ့ရဲ့ ကိုယ်တွင်းအင်္ဂါတွေ အားလုံးနီးပါး ပျက်စီးနေပြီ... တန်ထျန်လဲပျက်စီးနေတာကြာပြီ..."

"ဟင်..."

ချင်ကျင်း၏ မျက်လုံးများ အနည်းငယ် တောက်ပသွား၏။

"အဲဒါ ဘာအဓိပ္ပာယ်လဲ..."

"သူ့ခန္ဓာကိုယ်ထဲမှာ ဓားတစ်လက် ရှိနေတယ်။ အဲဒီဓားရဲ့ အဆင့်ကလည်း မနိမ့်ဘူး။ သူ အခုထိ ကျင့်ကြံနိုင်နေပြီး အသက်မသေသေးတာက အဲဒီဓားရဲ့ စွမ်းအားကြောင့်ပဲ..."

"ဒါဆို... ဒီဓားက ပစ္စည်းကောင်းတစ်ခုပေါ့..."

ချင်ကျင်းက ချူဖုန်း၏ တန်ထျန်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်ပြီး တုံ့ဆိုင်းမနေဘဲ ပြတ်သားစွာ အမိန့်ပေးလိုက်သည်။

"တူးထုတ်လိုက်"

[ချူဖုန်း၏ ခန္ဓာကိုယ်အတွင်းရှိ 'နတ်ဓား' တူးဖော်ခံလိုက်ရသဖြင့် ကံကြမ္မာတန်ဖိုး ၅၀,၀၀၀ မှတ် ဆုံးရှုံးသွားကာ ပိုင်ရှင်မှ ဗီလိန်မှတ် ၅၀,၀၀၀ မှတ် ရရှိပါသည်။]

[ချူဖုန်း၏ ကျန်ရှိနေသော ကံကြမ္မာတန်ဖိုး : ၁၉,၈၀၀ မှတ်]

[ကံကြမ္မာသားတော် အဆင့်အတန်း မကြာမီ ဆုံးရှုံးတော့မည်။]

"ဟင်... လွန်လွန်းတယ်... တစ်ယောက်ယောက်က ငါ့ဆီကနေ စီးပွားရေး လုတာလား"

ချင်လော့ တစ်ခဏမျှ အံ့အားသင့်သွားသည်။

ချူဖုန်း၏ ခန္ဓာကိုယ်အတွင်းရှိ နတ်ဓားကို သူ ယူမည်ဟု ကြိုတင် သတ်မှတ်ထားပြီး ဖြစ်သော်လည်း ယခု လုယူခံလိုက်ရပေသည်။

"ငါ့ပစ္စည်းကို လုရဲတယ်ဆိုတော့ သတ္တိမသေးဘူးပဲ... နောက်ထပ် ကံကြမ္မာသားတော် များလား"

"ထားလိုက်ပါတော့... ရှေ့က ကိစ္စကို အရင်လုပ်ရမယ်"

ချင်လော့၏ အကြည့်က ယဲ့လန်ထံသို့ ပြန်ရောက်သွား၏။

"လိမ္မာတယ်... စကားနားထောင်ရင် သက်သာလိမ့်မယ်"

ချင်လော့၏ လက်ထဲရှိ နတ်ဆိုးမျိုးစေ့ကို ကြည့်ကာ ယဲ့လန်က အေးစက်စွာ ပြောဆိုလိုက်သည်။

"မဖြစ်နိုင်ဘူး"

"မင်း ငါ့ကို သတ်လိုက်တာ ပိုကောင်းမယ်"

သေမည့်ဝက်က ရေနွေးပူကို မကြောက်ဆိုသည့် အမူအရာမျိုး ပြသကာ သူရဲကောင်းပီသစွာ သေဆုံးရန် ရည်ရွယ်ထားပေသည်။

"ကျွတ်... အမျိုးသမီး... မင်းက နည်းနည်း ရိုင်းစိုင်းတာပဲ"

"ဒါကို မျိုချလိုက်... မဟုတ်ရင် ဒီနေ့ မင်းရဲ့ တပည့်တွေ မင်းရှေ့မှာ သေသွားတာကို မင်း မြင်ရလိမ့်မယ်"

စကားပြောနေစဉ် ချင်လော့၏ ဓားတစ်လက်က လျိုကျင်းကျင်း၏ လည်ပင်းပေါ်သို့ ရောက်သွားသည်။

"ရွေးချယ်လိုက်"

ချင်လော့၏ ထိန်းချုပ်မှုအောက်တွင် လျိုကျင်းကျင်းမှာ လှုပ်ရှား၍ မရနိုင်သဖြင့် မျက်ရည်များဖြင့် ပြည့်နှက်နေသော မျက်လုံးများဖြင့်သာ ချင်လော့၏ တောင်းဆိုမှုကို လက်မခံရန် ဆရာဖြစ်သူအား အချက်ပြနိုင်တော့သည်။

ယဲ့လန် စကားမပြောနိုင်မီ ချင်လော့က ဓားဖြင့် လှီးဖြတ်လိုက်၏။

‘ရွှီး’

လျိုကျင်းကျင်းကို လှီးဖြတ်လိုက်ခြင်း မဟုတ်ဘဲ သူမ၏ အဝတ်အစားများကို ဖြတ်တောက်လိုက်ခြင်းဖြစ်ရာ နေ့ခင်းဘက်တွင် သူမ အဝတ်အစားများ မရှိဖြစ်သွားခဲ့ပေသည်။

"နောက်ဓားတစ်ချက်က သူမရဲ့ လည်ပင်းဖြစ်လိမ့်မယ်..."

ချင်လော့က လျိုကျင်းကျင်း၏ လည်ပင်းကို ညှစ်ထားလိုက်၏။

"ဒီလောက်တောင် ဖြူဖွေးပြီး ချောမွေ့နူးညံ့တာကို မင်းဂရုမစိုက်တော့ဘူးလား"

"မင်းရဲ့ တပည့်တွေ မင်းရှေ့မှာ သေသွားတာကို မင်း မမြင်ချင်ဘူးလို့ ထင်ပါတယ်"

"မဟုတ်ဘူး၊မဟုတ်ဘူး၊ သေတာတင် မကဘူး... သူတို့ဘဝမှာ စိတ်ကူးလို့တောင် မရနိုင်တဲ့ ထိတ်လန့်စရာတွေကိုပါ ခံစားရနိုင်တယ်"

"ငါက မင်းကို တောင်းဆိုမှုလေး တစ်ခုပဲ လုပ်နေတာပါ"

စကားပြောနေစဉ် ချင်လော့က ဓားဖြင့် ခုတ်ပိုင်းလိုက်ရာ လင်းယွဲ့၏ အဝတ်အစားများလည်း ဆုတ်ဖြဲခံလိုက်ရပြီး အခြားတပည့်များလည်း ထိုနည်းတူပင် ဖြစ်ကာ သူတို့တစ်ယောက်စီ၏ မျက်နှာပေါ်တွင် အရှက်ရနေသော အမူအရာများ ရှိနေကြပြီး ဤနေရာတွင် ချက်ချင်း သေဆုံးသွားချင်နေကြပေသည်။

သို့သော် ချင်လော့၏ ထိန်းချုပ်မှုအောက်တွင် သူတို့ မည်သို့မျှ မတတ်နိုင်ခဲ့ချေ။

ယဲ့လန်၏ မျက်လုံးများ နီရဲသွားပြီး ချင်လော့ကို ကြည့်ကာ အော်ဟစ်လိုက်သည်။

"တော်တော့..."

"ငါ သောက်မယ်..."

ယဲ့လန်က အံကြိတ်၍ ပြောဆိုလိုက်၏။

တပည့်အများအပြားက မစားရန် ယဲ့လန်အား မျက်လုံးများဖြင့် ချက်ချင်း အချက်ပြလိုက်ကြသည်။

ယဲ့လန်က သက်ပြင်းချလိုက်၏။

အကယ်၍ သူမက သူမ၏ တပည့်များနှင့်အတူ အသတ်ခံရမည်ဆိုလျှင် သူမက မျက်လုံးမှိတ်ထားလိုက်ရုံဖြင့် အမြန် ပြီးဆုံးသွားမည်ဖြစ်သည်။

သို့သော် သူမက သမီးများကဲ့သို့ သဘောထားသော တပည့်များကို သူမရှေ့တွင် အရှက်ခွဲခံရသည်ကို ကြည့်နေရန်မှာ မဖြစ်နိုင်ချေ။

သူမကို သတ်ဖြတ်ခြင်းထက် အဆတစ်ထောင်၊ အဆတစ်သောင်း ပို၍ ခံစားရခက်စေပေသည်။

"ဉာဏ်ကောင်းတဲ့ ရွေးချယ်မှုပဲ"

ချင်လော့က နတ်ဆိုးမျိုးစေ့ကို ယဲ့လန်၏ ပါးစပ်နားသို့ ယူသွားပေးလိုက်ရာ ယဲ့လန်က သူမ၏ နှုတ်ခမ်းနီနီလေးကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် နတ်ဆိုးမျိုးစေ့က အထဲသို့ ရွှီးခနဲ ပြေးဝင်သွားခဲ့သည်။

သူမ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီးနောက် ရူးသွပ်စွာ လှည့်လည်သွားလာနေပြီး ပစ်မှတ်မှာ အလွန် ရှင်းလင်းကာ ယဲ့လန်၏ ဝိညာဉ်ပင်လယ်ဆီသို့ ရောက်ရှိသွားခဲ့၏။

"မင်း ငါ့ကို ဘာလုပ်လိုက်တာလဲ"

ယဲ့လန်က ချင်လော့ကို ထိတ်လန့်စွာ ကြည့်လိုက်သည်။

ယခုလေးတင် ဝင်သွားသောအရာက သူမ၏ ဝိညာဉ်ထဲသို့ ပြေးဝင်သွားသကဲ့သို့ပင်။

သူမ၏ ဝိညာဉ်မှာ ပျက်စီးမှု မရှိသော်လည်း ဝိညာဉ်ဆိုသည်မှာ လူတစ်ယောက်အတွက် အရေးကြီးဆုံးနေရာဖြစ်ရာ ရှင်းပြ၍မရသော အရာတစ်ခု ဝင်ရောက်သွားသဖြင့် သူမ မည်သို့ မကြောက်ရွံ့ဘဲ နေမည်နည်း။

"ဘာမှမဟုတ်ပါဘူး... အသေးအဖွဲ့လေးပါပဲ..."

ချင်လော့က ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်၏။

တာအိုနှလုံးသားနတ်ဆိုးမျိုးစေ့မဟာကျင့်စဉ်ကို လုပ်ဆောင်လိုက်ရာ သူတို့နှစ်ဦးကြားရှိ ဆက်သွယ်မှုကို ဝေဝါးစွာ ရှာဖွေတွေ့ရှိနိုင်ပြီ ဖြစ်ပေသည်။

"မင်း ငါ့ကို မသတ်အောင် လုပ်ထားတဲ့ လှည့်ကွက်လေး တစ်ခုပါပဲ"

"ငါက ကတိကို အသက်ထက်အလေးထားတဲ့သူပါ... မင်းရဲ့ တပည့်တွေကို ဒီနေ့ ငါ မသတ်ပါဘူး"

ယဲ့လန် အသက်ရှူဖို့ အချိန်တောင် မရလိုက်ခင် ချင်လော့ ဆက်ပြောသည်ကို ကြားလိုက်ရသည်။

"ဒါပေမဲ့ အနာဂတ်အတွက်တော့ အာမမခံနိုင်ဘူး"

"မင်း ငါ့ကို လိမ်တယ်..."

ယဲ့လန်က ဟိန်းဟောက်လိုက်၏။

ချင်လော့က ခေါင်းယမ်းလိုက်သည်။

"မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ဘူး... ဒါက ငါက ကတိစကားတွေကို ပိုပြီး သစ္စာရှိတယ်ဆိုတာကို သက်သေပြနေတာပဲ... မဟုတ်ရင် ငါက တခြားလူသာဆို ကတိကို ချက်ချင်း ဖျက်ပစ်ပြီးလောက်ပြီ"

"နောက်ထပ် သဘောတူညီမှု တစ်ခုလောက် လုပ်ကြမလား"

"မင်း ငါ့ဘေးမှာ သုံးနှစ်နေပေး။ အချိန်ပြည့်သွားရင် မင်းရဲ့ တပည့်တွေ အားလုံးကို ငါ့ရဲ့ ထိန်းချုပ်မှုအောက်ကနေ လွှတ်ပေးမယ်"

ချင်လော့၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် သူသည် လျိုကျင်းကျင်း၏ ခန္ဓာကိုယ်အတွင်းရှိ သေခြင်းရှင်ခြင်းတံဆိပ်တုံးကို အသက်သွင်းလိုက်၏။

"အား…"

လျိုကျင်းကျင်းသည် နာကျင်မှုကြောင့် စူးစူးဝါးဝါး အော်ဟစ်လိုက်ရသည်။ ချက်ချင်းပင် သူမ၏ ဖြူဖွေးသော ခန္ဓာကိုယ်တစ်လျှောက် ချွေးစက်များ ထွက်ပေါ်လာပြီး မျက်နှာလေးမှာလည်း နာကျင်မှုကြောင့် ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့၏။

ဤမြင်ကွင်းက ယဲ့လန်၏ စိတ်နှလုံးကို နာကျင်စေခဲ့သည်။

လျိုကျင်းကျင်းသည် ယခုအခါ သူတော်စင်ဘုရင်အဆင့် ဖြစ်သည်။

သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူကို ချွေးထွက်လာသည်အထိ နာကျင်စေခြင်းက ဘာအဓိပ္ပာယ်လဲ။

"ငါ့ကို သတ်လိုက်ပါ..ငါ့ကို သတ်လိုက်ပါ… ကျေးဇူးပြုပြီး ငါ့ကို သတ်လိုက်ပါ!"

နာကျင်နေသော လျိုကျင်းကျင်းသည် သူမ၏ ကိုယ်ပိုင် အသက်နှင့် သေခြင်းတရားကိုပင် မထိန်းချုပ်နိုင်တော့ဘဲ ချင်လော့၏ ကရုဏာကိုသာ ဆုတောင်းနိုင်တော့ပေသည်။

ယဲ့လန်က မျက်လုံးမှိတ်ထားလိုက်၏။

အလျှော့ပေးမှုတိုင်းက တစ်ဖက်လူကို ပိုမို အခွင့်အရေး ရသွားစေခဲ့သည်။

သူမ ဘာမှ မလုပ်နိုင်ဘူး မဟုတ်လား။

"သုံးနှစ်... ငါ မင်းဘေးမှာ သုံးနှစ် နေပေးမယ်... ဒါပေမဲ့ ငါ မလုပ်ချင်တဲ့အရာကို မင်း ငါ့ကို အတင်းအကျပ် ခိုင်းလို့မရဘူး"

"သဘောတူတယ်"

ချင်လော့က သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ လျိုကျင်းကျင်း၏ ခန္ဓာကိုယ်ရှိ နာကျင်မှုများ သက်သာသွားခဲ့သည်။

နတ်ဆိုးမျိုးစေ့ အမြစ်တွယ်ပြီး ယဲ့လန်ကို ပြောင်းလဲသွားစေရန် သုံးနှစ်ဆိုသော အချိန်က လုံလောက်သည်ဟု သူ တွေးလိုက်၏။

သုံးနှစ်ကြာပြီးနောက် သူမ ထွက်သွားချင်သည်လား။

‘ဟားးဟားး…’

ချင်လော့၏ စကားတစ်ခွန်းတည်းဖြင့် သူမက သူ၏ ခြေရင်းတွင် နာခံစွာ ဒူးထောက်နေမည်ဖြစ်သည်။

အကယ်၍ တိုးတက်မှုက ပိုမြန်မည်ဆိုလျှင် သုံးနှစ်ပင် လိုအပ်မည် မဟုတ်ချေ။

ချင်လော့၏ အကြည့်က ဖန်ချင်းထံသို့ ရောက်သွားသည်။

"အခု မင်းအလှည့်ပဲ..."

ဖန်ချင်း၏ ခန္ဓာကိုယ် တုန်ရီသွားပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်လာအောင် အတင်းအကျပ် ကြိုးစားကာ ပြောဆိုလိုက်၏။

"ငါ မစားဘဲ နေလို့ရမလား..."

ချင်လော့က ခေါင်းယမ်းလိုက်သည်။

"မရဘူး... လိမ္မာပါတယ်... မျိုချလိုက်... ဒါက အရမ်း အာဟာရဖြစ်တယ်"

မဟာသူတော်စင်အဆင့် ကျင့်ကြံသူပင်လျှင် မခုခံနိုင်ခဲ့ရာ ဖန်ချင်းက ဘာလုပ်နိုင်မည်နည်း။

ချင်လော့က သေခြင်းရှင်ခြင်းတံဆိပ်တုံးကိုပင် သူမအား အတင်းအကျပ် ရိုက်နှိပ်နိုင်သည်။

သို့သော် အကယ်၍ သူမက အမှန်တကယ် လက်နက်ချနိုင်ပါက ထိုနည်းလမ်းကို အဘယ်ကြောင့် အသုံးပြုမည်နည်း။

ဓားဝိညာဉ်သူတော်စင်ခန္ဓာ။

ဤအရာက အလွန် အသုံးဝင်လှပေ၏။

ဖန်ချင်းက မျက်လုံးမှိတ်ကာ မျိုချလိုက်သည်။

"အင်း... ဟုတ်တယ်"

ချင်လော့က ဖန်ချင်းကို လက်ညှိုးထိုးပြကာ ပြောဆိုလိုက်သည်။

"ဒီတစ်ယောက်ကလည်း မင်းရဲ့ တပည့် ဖန်ချင်းပဲ"

ယဲ့လန် အံ့အားသင့်သွား၏။

တပည့် ဖန်ချင်းလား။

‘နောက်နေတာလား…’

သူမနှင့် ဖန်ချင်းတို့မှာ နှစ်ပေါင်း ရာနှင့်ချီ၍ အတူနေလာခဲ့ကြရာ သူမ ဘယ်လိုလုပ် မမှတ်မိဘဲ နေမည်နည်း။

ရုပ်ရည်သွင်ပြင် ကွာခြားရုံသာမက ဝိညာဉ်အငွေ့အသက်ကလည်း လုံးဝ ကွာခြားလှပေသည်။

"သေချာတာပေါ့... သူမက ဖန်ချင်းလည်း မဟုတ်ပါဘူး... ဘာလို့လဲဆိုတော့ ဖန်ချင်းကို မင်းရဲ့ ချစ်လှစွာသော တပည့်လေးက သတ်လိုက်ပြီလေ..."

‘ဝုန်း…’

ယဲ့လန်၏ စိတ်နှလုံးကို ဧရာမ သံတူကြီးတစ်ခုဖြင့် ပြင်းထန်စွာ ထုနှက်ခံလိုက်ရသည့်အလားပင်။

"ဒါကို သူတို့ ကိုယ်တိုင် မျက်စိနဲ့ မြင်ခဲ့တာပါ..."

ချင်လော့က လျိုကျင်းကျင်းတို့ကို ညွှန်ပြကာ ပြောဆိုလိုက်၏။

ယဲ့လန်က လျိုကျင်းကျင်းတို့ကို မော့ကြည့်လိုက်ရာ သူတို့၏ မျက်လုံးများထဲတွင် အဖြေကို တွေ့လိုက်ရသည်။

ချူဖုန်းက ဖန်ချင်းကို အမှန်တကယ် သတ်လိုက်သည်လား။

"သူမက ဖန်ချင်းရဲ့ ဒုတိယခန္ဓာပဲ... ကြည့်စမ်း... မင်းရဲ့ တပည့်လေးက မင်းရဲ့ တပည့်အကြီးဆုံးကို သတ်လိုက်တယ်... ငါက မင်းရဲ့ တပည့်အကြီးဆုံးကို ကယ်တင်ခဲ့တယ်... ကျွတ် ကျွတ်..."

"အဆုံးစွန်ပြောရရင် ငါက မင်းအပေါ် ကျေးဇူးရှိနေသေးတယ်။ ဒီကျေးဇူးကိုတော့ ပြန်ဆပ်ရမှာပေါ့... မင်းကော ဘယ်လိုထင်လဲ..."

ချင်လော့၏ စကားကို ကြားလိုက်ရသောအခါ ယဲ့လန်မှာ ခဏတာ စကားဆွံ့အသွားခဲ့၏။ ထိုစကားများက ယုတ္တိတန်နေသလို ထင်ရသော်လည်း တစ်နေရာရာတွင် မှားယွင်းနေသလိုလည်း ခံစားရပြီး သူမအနေဖြင့် မည်သို့ ပြန်ချေပရမည်ကိုပင် မသိတော့ချေ။

[ဖန်ချင်းသည် နတ်ဆိုးစိုက်ပျိုးခံလိုက်ရသဖြင့် ကံကြမ္မာတန်ဖိုး ၂၀,၀၀၀ မှတ် ဆုံးရှုံးသွားကာ ပိုင်ရှင်မှ ဗီလိန်မှတ် ၂၀,၀၀၀ မှတ် ရရှိပါသည်။]

[နတ်ဆိုးစိုက်ပျိုးမှု တိုးတက်လာသည်နှင့်အမျှ ကံကြမ္မာတန်ဖိုးများ အဆက်မပြတ် ဆုံးရှုံးနေပါသည်။]

"စနစ်... သူမဆီမှာ အရင်က အမှတ် ၂၀,၀၀၀ ပဲ ရှိတာ မဟုတ်ဘူးလား..."

[သူမက သူမ မဟုတ်တော့ပါဘူး။ သေဆုံးပြီးနောက် သူမရဲ့ ကံကြမ္မာတန်ဖိုးတွေက သူမဆီကို အလိုအလျောက် ပြောင်းလဲသွားတာပါ။]

ကောင်းပါပြီလေ။

ဤရှင်းပြချက်က ယုတ္တိရှိပုံရပေသည်။

ယနေ့သည် အမြတ်ကြီးထွက်သောနေ့ဟု ဆိုနိုင်ပြီး သူ၏ လက်အောက်တွင် နောက်ထပ် မဟာသူတော်စင်တစ်ပါး တိုးလာခဲ့ရာ ချင်လော့အနေဖြင့် တောင်တန်းတစ်သောင်းနယ်မြေတွင် သူ ဘာမဆိုနီးပါး လုပ်နိုင်ပြီဟု ခံစားရပေသည်။

ချင်လော့ ပြီးဆုံးသွားပြီးနောက် လျိုကျင်းကျင်းတို့မှာ အဝတ်အစားများ ပြန်ဝတ်ပြီးသွားကြကာ စစ်သူကြီး ကျန်းတို ဝင်လာခဲ့သည်။

"အရှင်မင်းသား... ယင်းဝူစစ်သူကြီးဆီက စာတစ်စောင် ရောက်လာပါတယ်"

All Chapters