← Chapters

အခန်း ၁၀၀

Vol. 10 Ch. 100

အခန်း ၁၀၀

Vol. 10 Ch. 100

အခန်း (၁၀၀) မဟာချင်အင်ပါယာကို စော်ကားသူတိုင်း အပြစ်ပေးခံရမည်

"အကြီးအကဲချီ... ဒါက..."

ရှောင်ကျွင်းဟယ်၏ မျက်နှာသည် စက္ကူကဲ့သို့ ချက်ချင်း ဖြူလျော့သွားပေ၏။

သူက ချီချန်ကို ကြည့်လိုက်ရာ သူ၏ မျက်လုံးများတွင် အကူအညီတောင်းခံသည့် အရိပ်အယောင်များ ရှိနေသည်။

သူ၏ စကားဆုံးသည်နှင့် တစ်ဖက်လူက လာရောက် ပါးရိုက်လိမ့်မည်ဟု ချီချန် မမျှော်လင့်ထားခဲ့ချေ။

ဤသည်က သူ့ကို မျက်နှာမပေးရုံသာမက ရွှမ်ထျန်းတာအိုဂိုဏ်းကိုပါ မျက်နှာမပေးခြင်းပင် ဖြစ်သည်။

သည်းခံနိုင်စရာ မရှိချေ။

‘ဘုန်း’

သူက ခုန်ထလိုက်ပြီး လေထဲသို့ တက်သွားကာ အဝေးသို့ လှမ်းကြည့်လိုက်ချိန်၌ ပျော့ပျောင်းသော ခုတင်ပေါ်တွင် လှဲလျောင်းနေသည့် ချင်လော့ကို အလှမယ်လေးဦးက ထမ်းကာ ဖြည်းညင်းစွာ ပျံသန်းလာသည်ကို မြင်တွေ့လိုက်ရသည်။

သူ၏ ဘေးပတ်လည်တွင် လျိုကျင်းကျင်းနှင့် ကျိုးဟုန်ယွီတို့ သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူ နှစ်ဦးက ဘယ်ညာ အစောင့်များအဖြစ် ရှိနေကြသည်။

သူ၏ ရှေ့တွင် စစ်သူကြီး ကျန်းတိုက ဧရာမ ပုဆိန်ကြီးကို ကိုင်ဆောင်ထားပြီး သူ၏ မျက်နှာတစ်ခုလုံးက တုန်ခါနေကာ သူ၏ ထက်မြက်သော မျက်လုံးများက ချီချန်၏ ခန္ဓာကိုယ်ပေါ်တွင် စူးစိုက်နေပေ၏။

"မင်းက ငါ့ကို တားရဲတာလား..."

သူ စကားပြောနေစဉ် သူ၏ လက်ထဲရှိ ဧရာမ ပုဆိန်ကြီးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး အချိန်မရွေး တိုက်ခိုက်ရန် ပြင်ဆင်ထားသည်။

"သူတော်စင် အလယ်အလတ်အဆင့်..."

ချီချန်၏ အမူအရာက အနည်းငယ် တည်ကြည်သွားသည်။

စစ်သူကြီး ကျန်းတို၏ ကျင့်ကြံမှုအဆင့်သည် သူနှင့် အတူတူပင် ဖြစ်သည်။

"မြန်မြန် ဖယ်စမ်း... မဟုတ်ရင် မင်းလည်း အတူတူ အပြစ်ပေးခံရမယ်"

စစ်သူကြီး ကျန်းတိုက သူ့ကို အော်ဟစ်လိုက်၏။

အပြင်ဘက်တွင် ချီချန်သည် ရွှမ်ထျန်းတာအိုဂိုဏ်း၏ မျက်နှာကို ကိုယ်စားပြုနေသဖြင့် သူ့ကို ဖယ်ပေးရန်မှာ မဖြစ်နိုင်ပေ။

သူက အေးစက်စွာ နှာခေါင်းရှုံ့

လိုက်သည်။

"ငါက မဖယ်ဘူးလို့ ပြောရင်ရော..."

"ဒါဆိုရင် သေဖို့ပဲ ရှိတယ်..."

‘ဘုန်း’

စစ်သူကြီး ကျန်းတို၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် ပုဆိန်ကြီးတစ်လက်က ချီချန်ဆီသို့ ပြင်းထန်စွာ ခုတ်ပိုင်းလာခဲ့သည်။

အပိုစကား တစ်ခွန်းမျှပင် မပါရှိသဖြင့် ချီချန်ကို အလွန် အံ့အားသင့်သွားစေခဲ့သည်။

သူ၏ မိသားစု နောက်ခံကို ပြောပြရန် အချိန်ပင် မရလိုက်ချေ။

အဘယ်ကြောင့် တစ်ဖက်လူက ပုံမှန်အတိုင်း မလုပ်ဆောင်ရသနည်း။

ပျော့ပျောင်းသော ခုတင်ပေါ်တွင် လှဲလျောင်းနေသည့် ချင်လော့က ချီချန်ကို တစ်ချက်ကြည့်ကာ ပြုံးလျက် ပြောဆိုလိုက်၏။

"ငါ မမှားဘူးဆိုရင် အဲ့ဒီသူက ရွှမ်ထျန်းတာအိုဂိုဏ်းက လူဖြစ်ရမယ်"

"သူတို့လူတွေပဲ ဒီလောက် မာနကြီးပြီး စိတ်ဝင်စားဖို့ မကောင်းတာ"

အခြားလူများ၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားကြသည်။

မာနကြီးသည့် အကြောင်းအရာနှင့် ပတ်သက်လာလျှင် ချင်လော့က ဒုတိယနေရာကို ယူရဲလျှင် ပထမနေရာကို မည်သူမျှ ယူရဲမည် မဟုတ်ဟု သူတို့ ခံစားရပေသည်။

ချီချန်သည်လည်း တိုကခုက်ခံရသောကြောင့်

ဒေါသထွက်နေသည်။

ထိုသူသည် ပြောသည့်အတိုင်း လုပ်ဆောင်ပြီး သိုင်းပညာအကြောင်း လုံးဝ မပြောဆိုသဖြင့် သူက မည်သို့ ဒေါသမထွက်ဘဲ နေမည်နည်း။

သူတို့နှစ်ဦးသည် အပြန်အလှန် တိုက်ခိုက်ရင်း လှုပ်ရှားမှု ဆယ်ခုကျော်မျှသာ ကြာမြင့်ခဲ့ပြီး ချီချန်သည် တဖြည်းဖြည်း အရေးနိမ့်လာခဲ့သည်။

စစ်သူကြီး ကျန်းတိုသည် ချီချန်ကို အနိုင်မယူနိုင်သည်ကို မြင်ချိန်၌ အော်ဟစ်လိုက်၏။

"လာပြီး ငါ့ကို ကူညီဦး"

"ကောင်းပြီ"

ကျိုးလီက ခုန်ထွက်လာပြီး သူ၏ အငွေ့အသက်များသည် စစ်သူကြီး ကျန်းတိုထက်ပင် အားကောင်းနေပေသည်။

ချီချန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။

တစ်ဖက်လူသည် သိုင်းပညာတွင် ညံ့ဖျင်းရုံသာမက လုံးဝ အရှက်မရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

သူက စိတ်ထဲတွင် အော်ဟစ်လိုက်၏။

"အရေးနိမ့်နေတာ ငါလေ... မင်းက အကူအညီ တောင်းနေတာလား... မင်း ယဉ်ကျေးမှုရောရှိရဲ့လား"

ချင်လော့နှင့်အတူ အချိန်ကြာလာသည်နှင့်အမျှ သူတို့သည် ရှေးရိုးစွဲ အတွေးအခေါ် အချို့ကို စွန့်လွှတ်ခဲ့ကြသည်။

ချင်လော့သည် ရလဒ်ကိုသာ ကြည့်သောသူ ဖြစ်သည်။

လုပ်ငန်းစဉ်မှာမူ သေချာပေါက် မြန်လေ ကောင်းလေပင်။

သူတို့နှစ်ဦး ပူးပေါင်း တိုက်ခိုက်လိုက်ချိန်၌ ချီချန်သည် သိသိသာသာ အရေးနိမ့်သွားခဲ့သည်။

‘ဘုန်း’

စစ်သူကြီး ကျန်းတို၏ ပုဆိန်ချက်ကို ပြင်းထန်စွာ ခံလိုက်ရပြီးနောက် ချီချန်သည် ယွင်ရှန်းမြို့ဘက်သို့ လွင့်စင်သွားခဲ့သည်။

ဤမြင်ကွင်းကို ကြည့်နေသော ရှောင်မိသားစုဝင်များ တစ်ယောက်ပြီး တစ်ယောက် မျက်နှာများ ဖြူလျော့ကာ အေးစက်သွားကြသည်။

"သွားပြီ... သွားပြီ... ငါတို့ ထွက်ပြေးသင့်တယ်ဆိုတာ ငါ သိတယ်"

ရှောင်ကျွင်းဟယ်က ဝမ်းနည်းဖွယ် မျက်နှာဖြင့် ပြောဆိုလိုက်၏။

"ရွှမ်ထျန်းတာအိုဂိုဏ်း... မင်းတို့က ငါတို့ ရှောင်မိသားစုကို ဒုက္ခပေးတာပဲ"

အကယ်၍ ရှောင်ယာက ရွှမ်ထျန်းတာအိုဂိုဏ်းသည် ရှောင်မိသားစုနှင့် တွေ့ဆုံမည်ဟု သတင်းမပို့ခဲ့လျှင်…အကယ်၍ ရွှမ်ထျန်းတာအိုဂိုဏ်းက ရှောင်မိသားစုမှ ထူးချွန်သော တပည့်များကို ရွှမ်ထျန်းတာအိုဂိုဏ်းသို့ ဝင်ရောက်ရန် လူလွှတ်ပေးမည်ဟု ကတိမပေးခဲ့လျှင် သူတို့ ရှောင်မိသားစုသည် ထွက်ပြေးနေပြီ ဖြစ်သည်။

‘ဖူး’

ချီချန်သည် လေထဲတွင် သွေးများ အန်ထုတ်လိုက်ရပြီး မြေပြင်ပေါ်သို့ ကျဆင်းသွားပြီးနောက် သူက ချက်ချင်း အော်ဟစ်လိုက်၏။

"ငါက ရွှမ်ထျန်းတာအိုဂိုဏ်းရဲ့ အကြီးအကဲ ချီချန်ပဲ... မင်းတို့ မဟာချင်အင်ပါယာက လူတွေ လွန်လွန်းတယ်"

"မင်းတို့က ငါတို့ ရွှမ်ထျန်းတာအိုဂိုဏ်းနဲ့ စစ်ဖြစ်ချင်နေတာလား"

ချင်လော့သည် ပျော့ပျောင်းသော ခုတင်ပေါ်မှ ခုန်ထလိုက်ပြီး လေထဲတွင် ရပ်ကာ အောက်ဘက်ရှိ ချီချန်ကို ငုံ့ကြည့်ရင်း တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

"ယွင်ရှန်းရှောင်မိသားစုက ဝူယွမ်စစ်သူကြီးစံအိမ် တစ်ခုလုံးကို သတ်ဖြတ်တဲ့အထဲမှာ ပါဝင်ပတ်သက်နေပြီး မင်းသားကို လုပ်ကြံဖို့နဲ့ မဟာချင်အင်ပါယာကို ဖြုတ်ချဖို့ ကြံစည်နေတာက ကြီးလေးတဲ့ ပြစ်မှုပဲ”

"မင်းတို့ ရွှမ်ထျန်းတာအိုဂိုဏ်းက ယွင်ရှန်းရှောင်မိသားစုရဲ့ နောက်ခံအဖြစ် လုပ်ဆောင်ချင်နေတာက မင်းတို့ ရွှမ်ထျန်းတာအိုဂိုဏ်းကရော မဟာချင်အင်ပါယာကို ဖြုတ်ချဖို့ ကြံစည်နေတာ မဟုတ်ဘူးလား"

"မင်းတို့ ရွှမ်ထျန်းတာအိုဂိုဏ်းက တိုက်ချင်တယ်ဆိုရင်လည်း တိုက်ကြတာပေါ့... မဟာချင်အင်ပါယာက မင်းတို့ ရွှမ်ထျန်းတာအိုဂိုဏ်းကို မကြောက်ဘူး"

ချီချန် တစ်ကိုယ်လုံး ထုံကျင်သွားသည်။

ဖြောင့်မတ်ပြီး တည်ကြည်လေးနက်နေသော ချင်လော့ကို ကြည့်ရင်း သူသည်ပင် အမှန်ဟု ယုံကြည်လုနီးပါး ဖြစ်သွားခဲ့သည်။

"အဓိပ္ပာယ်မရှိတာ... ယွင်ရှန်းရှောင်မိသားစုက တောင်တန်းတစ်သောင်းနယ်မြေက သေးငယ်တဲ့ ကျင့်ကြံသူ မိသားစုလေး တစ်ခုပါပဲ... မင်းတို့ မဟာချင်အင်ပါယာကို ဘယ်လိုလုပ် ဖြုတ်ချနိုင်မှာလဲ"

"ယွင်ရှန်းရှောင်မိသားစုက ဝူယွမ်စစ်သူကြီးစံအိမ် ပျက်စီးရတဲ့ အမှုမှာ ပါဝင်ပတ်သက်နေတယ်ဆိုတာ သက်သေပြဖို့ ငါ့ဆီမှာ သက်သေရှိတယ်"

"ဝူယွမ်စစ်သူကြီး သတ်ဖြတ်ခံလိုက်ရတာက ရိုးရိုးရှင်းရှင်းမဟုတ်ဘူး။ သူက တစ်စုံတစ်ယောက်ဟာ မဟာချင်အင်ပါယာအတွင်းက လီမိသားစု၊ ကျန်မိသားစု၊ စုန့်မိသားစုတို့လို အင်အားကြီးမိသားစုတွေနဲ့ ပူးပေါင်းပြီး မဟာချင်အင်ပါယာကို ဖြုတ်ချဖို့ ကြံစည်နေတာကို သိရှိသွားလို့ပဲ..."

"ဟူးးး... ငါ့အဖေမှာ မဟာမိတ်တွေ နည်းနည်း များလွန်းတာပဲ"

ချင်လော့၏ အနောက်မှ မိုယဲ့ဟန်က သက်ပြင်းချလိုက်၏။

စွမ်းအားသည်သာ အမှန်တရားဖြစ်ပြီး ရှောင်မိသားစုသည် ယနေ့တွင် ကပ်ဘေးဆိုက်နေပြီ ဖြစ်သည်။

"ဒီနေ့ မင်း ရှောင်မိသားစုကို အရေးယူဖို့ ဆုံးဖြတ်ထားတာလား"

ချီချန်က ချင်လော့ကို ကြည့်ကာ တည်ကြည်လေးနက်သော အသံဖြင့် မေးမြန်းလိုက်သည်။

"ရှောင်မိသားစုအတွက်တော့ သေချာတယ်... မင်းအတွက်ကတော့... တကယ်လို့ မင်း အခုချက်ချင်း ဒူးထောက်ပြီး ဦးညွှတ်မယ်ဆိုရင် မင်း ခုနက ကျူးလွန်ခဲ့တဲ့ ပြစ်မှုအတွက် ငါ ခွင့်လွှတ်ပေးနိုင်တယ်... မဟုတ်ရင် မင်းလည်း အတူတူ အပြစ်ပေးခံရမယ်"

ချီချန်က ရယ်မောလိုက်သည်။

"ဟားဟားဟား... ကောင်းတယ်... မဟာချင်အင်ပါယာရဲ့ နဝမမင်းသားက တော်တော် မာနကြီးတာပဲ"

"ဒီနေ့ကိစ္စကို ငါတို့ ရွှမ်ထျန်းတာအိုဂိုဏ်းက မှတ်ထားလိုက်မယ်"

"ငါတို့ ရွှမ်ထျန်းတာအိုဂိုဏ်းရဲ့ တာအိုသားတော် ကြီးပြင်းလာတဲ့အထိ စောင့်နေလိုက်... ချင်လော့... မင်း ဒီနေ့လို ဆက်ပြီး မာနကြီးနိုင်ပါစေလို့ မျှော်လင့်ပါတယ်"

"နောက်ဆုံးအနေနဲ့ မင်းကို အကြံပေးချင်တယ်... ဒီနေရာက တောင်တန်းတစ်သောင်းနယ်မြေပဲ... မင်းလုပ်ချင်တာကို အကုန်လုပ်နိုင်တယ်လို့ တကယ် ထင်နေတာလား"

ချီချန်က စကားပြောပြီးနောက် ရှောင်ကျွင်းဟယ်ကို လှည့်ကြည့်ကာ တောင်းပန်သည့် အမူအရာကို ပြသလိုက်၏။

သူတစ်ယောက်တည်း တောင့်ခံထား၍ မရနိုင်သကဲ့သို့ ရှောင်မိသားစုကိုလည်း သူ မကယ်တင်နိုင်တော့ချေ။

သူက လှည့်ကာ ထွက်သွားရန် ပြင်လိုက်သည်။

"ငါ မင်းကို သွားခွင့်ပြုလိုက်လို့လား"

ချင်လော့၏ စကားတစ်ခွန်းက ချီချန်ကို ရပ်တန့်သွားစေခဲ့သည်။

သူက ချင်လော့ကို လှည့်ကြည့်လိုက်၏။

"ဘာလဲ... မင်း ချင်လော့က ငါတို့ ရွှမ်ထျန်းတာအိုဂိုဏ်းကို သေတဲ့အထိ ရန်စချင်နေတာလား... မင်း ငါ့ကို သတ်ရဲလို့လား"

"မင်း ငါ့အကြောင်းကို သေချာ မသိသေးဘူးပဲ... ငါ ချင်လော့ စကားပြောရင် တံတွေးတစ်ချက်၊ သံမှိုတစ်ချက်ပဲ... မင်း ဦးညွှတ်မယ်ဆိုရင် မင်းရဲ့ အပြစ်တွေကို ငါ ခွင့်လွှတ်ပေးနိုင်တယ်လို့ ပြောခဲ့တယ်... ဒါပေမဲ့ မင်းက မလုပ်ဘူးဆိုရင်တော့ မင်းကို သက်ညှာမှု မပေးဘူးလို့ အပြစ်မတင်နဲ့"

"မဟာချင်အင်ပါယာရဲ့ တရားဥပဒေ စိုးမိုးရေးကို တားဆီးတဲ့အတွက် ယွင်ရှန်းရှောင်မိသားစုနဲ့ ပြစ်မှု အတူတူပဲ... သူ့ကို သတ်လိုက်"

ချင်လော့၏ စကားဆုံးသည်နှင့် သူ၏ ဘေးမှ လျိုကျင်းကျင်းက မြားတစ်စင်းကဲ့သို့ ပြေးထွက်သွားပြီး ဓားတစ်လက်ကို ဆွဲထုတ်လိုက်ရာ အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားခဲ့သည်။

‘ဖူး’

ချီချန်က သူ၏ ရင်ဘတ်ကို ငုံ့ကြည့်လိုက်ရာ သူ၏ မျက်လုံးများတွင် မယုံကြည်နိုင်မှုများ ရှိနေသည်။

ချင်လော့သည် သူနှင့် နောက်ပြောင်နေခြင်း မဟုတ်ကြောင်းကို သူ မမျှော်လင့်ထားခဲ့ချေ။ တကယ်ပဲ တစ်ယောက်ယောက်ကို သူ့အား သတ်ခိုင်းရဲတာလား။

သူက ချင်လော့ကို လက်ညိုးထိုးကာ ပြောဆိုလိုက်၏။

"ရွှမ်ထျန်းတာအိုဂိုဏ်းက... မင်းကို... မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး"

"သေတော့မယ့်လူက ဘာလို့ ဒီလောက်တောင် စိုးရိမ်ပူပန်နေရတာလဲ"

ချင်လော့က သူ၏ ဘေးသို့ ချက်ချင်း ရောက်ရှိလာပြီး လူသားဧကရာဇ်အလံအတွင်းသို့ ချီချန်ကို ချက်ချင်း ထည့်သွင်းလိုက်သည်။

"စိတ်မပူပါနဲ့... မင်းတို့ ရွှမ်ထျန်းတာအိုဂိုဏ်းက လူတွေလည်း မင်းရဲ့ ညီအစ်ကိုတွေ ဖြစ်လာဖို့ ဒီထဲကို ဝင်လာရမှာပါ"

ချင်လော့၏ အကြည့်က ယွင်ရှန်းမြို့အတွင်းသို့ ရောက်ရှိသွားပြီး သူက တည်ကြည်လေးနက်သော အသံဖြင့် ပြောဆိုလိုက်၏။

"ပိတ်ဆို့ထားလိုက်... ယွင်ရှန်းရှောင်မိသားစုက မြက်တစ်ပင်တောင် အရှင်မထားနဲ့”

"သတင်း ဖြန့်လိုက်... ငါတို့ရဲ့ မဟာချင်အင်ပါယာကို ရန်စတဲ့သူတိုင်း အပြစ်ပေးခံရမယ်"

ယွင်ရှန်းရှောင်မိသားစု၏ သတင်းသည် မျက်တောင်တစ်ခတ်အတွင်း တောင်တန်းတစ်သောင်းနယ်မြေ တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။

"တောင်တန်းတစ်သောင်းနယ်မြေမှာ မဟာချင်အင်ပါယာကို ဖြုတ်ချဖို့ ကြံစည်နေတဲ့ ဂိုဏ်း ရှိတယ်”

"နောက်နေတာလား... ဘယ်ဂိုဏ်းနဲ့ မြင့်မြတ်နယ်မြေက ဒီလို လုပ်နိုင်စွမ်း ရှိလို့လဲ"

"ဒါက အကြောင်းပြချက် မရှိဘဲ ဖြစ်လာတာတော့ မဟုတ်လောက်ဘူး... အရင်တုန်းက ကိစ္စကို မင်းတို့ မေ့သွားကြပြီလား...မုန်တိုင်းလာတော့မယ်... စောစော ကြိုတင်ပြင်ဆင်ထားကြ"

တောင်တန်းတစ်သောင်းနယ်မြေ၏ အနက်ရှိုင်းဆုံး အပိုင်းရှိ မှောင်မိုက်သော နန်းတော်တစ်ခုအတွင်း၌ မြင့်မားသော စင်မြင့်ပေါ်တွင် ထိုင်နေသည့် အေးစက်သော မျက်နှာဖြင့် အမျိုးသားတစ်ဦးသည် ချင်လော့၏ သတင်းအချက်အလက်များကို လက်ခံရရှိခဲ့သည်။

"ဟမ့်..."

သူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရာ သူ၏ မျက်နှာသည် မည်းမှောင်နေပေ၏။

"မဟာချင်အင်ပါယာ... ဒါက စမ်းသပ်တာလား... တကယ်ပဲ သူတို့ တစ်ခုခုကို ရှာတွေ့သွားတာလား"

"မကြာသေးခင်က လှုပ်ရှားမှုတွေ အားလုံးကို ရပ်ဆိုင်းထားလိုက်"

"လျှို့ဝှက်နဂါးတပ်အဖွဲ့ဆီ သတင်းပို့လိုက်... အဲ့ဒီကိစ္စကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ ပြောလိုက်... အချိန်နဲ့ ဒီရေက လူကို စောင့်နေမှာ မဟုတ်ဘူး"

အမိန့်ပေးပြီးနောက် သူက အပြင်ဘက်သို့ ကြည့်လိုက်ရာ သူ၏ မျက်နှာသည် တိမ်ဖုံးနေပေ၏။

"ထိုက်ရွှီသူတော်စင်သားတော် ၊ မဟာချင်အင်ပါယာရဲ့ နဝမမင်းသား ချင်လော့... ချင်ဧကရာဇ်က လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ထဲက သူ့ကို ရှာတွေ့ခဲ့တာလား... သူက အစထဲက ကြံစည်နေခဲ့တာလား"

"ဒါပေမဲ့ ကြွက်တစ်ကောင်က ငါ့ရဲ့ ဟင်းချိုအိုးကို ဖျက်ဆီးချင်နေတာကတော့ စိတ်ကူးယဉ်နေတာပဲ”

All Chapters