← Chapters

အခန်း ၁၆၄

Vol. 17 Ch. 164

အခန်း ၁၆၄

Vol. 17 Ch. 164

အခန်း(၁၆၄) ရွေးချယ်စရာ မရှိတော့ခြင်း

သူသည် အိပ်ရာဝင်ဝတ်စုံဖြင့် ရှိနေပြီး ၎င်း၏အပေါ်တွင် ဝတ်ရုံတစ်ထည် လွှမ်းခြုံထားသည်။ ဆံပင်များမှာလည်း အမြဲလိုလို ငှက်သိုက်ကဲ့သို့ ရှုပ်ပွနေဆဲပင်။

ညဘက်လေအေးတစ်ချက် တိုက်ခတ်သွားလေတိုင်း သူသည် တုန်ယင်သွားပြီး မကျေမနပ်နှင့် ရေရွတ်လိုက်သည်။

"သူများကဖြင့် အိပ်မက်ထဲ အရေးကြီးတဲ့ အချိန်ရောက်နေတာကို တကယ်ပါပဲ..."

ယန်ရှင်းနန်းဆောင်တွင် မီးရောင်များဖြင့် ထိန်လင်းနေသည်။

သို့သော် ထိုအလင်းရောင်မှာ နွေးထွေးမှုမရှိဘဲ နန်းဆောင်အတွင်းရှိ အေးစက်မှု နှင့် လူသူကင်းမဲ့နေမှုကို ပိုမိုထင်ရှားစေသည်။ ကြီးမားသော နန်းဆောင်တိုင်လုံးကြီးများသည် မြေပြင်ပေါ်တွင် နက်ရှိုင်းသော အရိပ်များကို ထိုးကျနေပြီး လေထုထဲတွင် အသက်ရှူရခက်စေသည့် လေးလံသော ဖိအားများဖြင့် ပြည့်နှက်နေသည်။

နန်းဆောင်အတွင်း၌ နဂါးပလ္လင်ပေါ်တွင် ထိုင်နေသော ဧကရာဇ်မင်းမြတ် ရှောင်ယွမ် မှလွဲ၍ အခြားမည်သူမျှ မရှိပေ။

ရှောင်ရှန်းကို နန်းဆောင်တံခါးဝသို့ ပို့ဆောင်ပေးပြီးနောက် လီသယ်ချွမ်သည် လူအားလုံးကို ဆုတ်ခွာသွားရန် လက်ယပ်ခေါ်လိုက်ပြီး သူကိုယ်တိုင်လည်း နန်းဆောင်အပြင်ဘက်ရှိ အမှောင်ရိပ်ထဲသို့ ခေါင်းငုံ့ကာ ဆုတ်ခွာသွားသည်။

လေးလံသော နန်းဆောင်တံခါးကြီးသည် ရှောင်ရှန်း၏ နောက်ကွယ်တွင် ဖြည်းညင်းစွာ ပိတ်သွားပြီး ကမ္ဘာနှစ်ခုကို အဆက်ဖြတ်လိုက်သကဲ့သို့ပင်။

ရှောင်ရှန်း၏ ရင်ထဲတွင် တုန်လှုပ်သွားပြီး ခေါင်းကိုမော့ကာ ရှေ့သို့ ကြည့်လိုက်မိသည်။

နဂါးပလ္လင်ပေါ်ရှိ ခမည်းတော်သည် အမြဲတမ်းပြုလုပ်နေကျအတိုင်း အိပ်ငိုက်နေသည့်ပုံစံဖြင့် နောက်မှီကို မှီထားခြင်းမျိုးမရှိဘဲ သူသည် ခါးကို မတ်မတ်ဆန့်၍ လက်နှစ်ဖက်ကို ဒူးပေါ်တွင် တင်ထားသည်။

သူ၏ မျက်ဝန်းများသည် ပုံမှန်အားဖြင့် မှုန်ဝါးဝါးဖြစ်ပြီး မြူခိုးများ ဖုံးလွှမ်းနေသယောင် ရှိတတ်သော်လည်း ယခုအချိန်တွင်မူ လင်းလက်တောက်ပနေကာ စွန်ရဲတစ်ကောင်၏ မျက်လုံးများကဲ့သို့ ထက်မြက်နေပြီး ရှောင်ရှန်းကို တည့်တည့်ကြီး စိုက်ကြည့်နေသည်။

ထိုအကြည့်များသည် အိုမင်းရင့်ရော်ပြီး အသိဉာဏ်မဲ့နေသော လူအိုကြီးတစ်ယောက်တွင် ရှိသင့်သည့် အကြည့်မျိုး မဟုတ်ပေ။

ရှောင်ရှန်း၏ ရင်ထဲတွင် တုန်လှုပ်သွားပြီး ထွက်ပြေးချင်စိတ်များပင် ဖြစ်ပေါ်လာသည်။ သူသည် မတတ်သာသည့်အဆုံး ခေါင်းကိုမော့ကာ အားမရှိသောလေသံဖြင့် ဦးညွှတ်လိုက်သည်။

"သားတော် ခမည်းတော်ကို အရိုအသေပေးပါတယ် ၊ ခမည်းတော် ညဉ့်နက်သန်းခေါင်မှ ဆင့်ခေါ်လိုက်တာ ဘာအရေးကြီးကိစ္စရှိလို့လဲ မသိဘူး”

“တကယ်လို့ အရေးကြီးတာ မဟုတ်ဘူးဆိုရင် သားတော် မနက်ဖြန် စောစောထရမှာမို့လို့ ပြန်သွားအိပ်လိုက်တော့မယ်”

"မင်း ဘာတွေကို မြင်ခဲ့တာလဲ"

ဧကရာဇ် ရှောင်ယွမ် က စကားစလိုက်သည်။ အသံမှာ ကျယ်လောင်ခြင်းမရှိသော်လည်း ရှောင်ရှန်း၏ ရင်ဘတ်ကို လေးလံသော တူဖြင့် ထုလိုက်သကဲ့သို့ ခံစားရစေသည်။

သူ့ကို တရားပိတ်ကျင့်ကြံခြင်းနှင့်ပတ်သက်၍ မေးမြန်းနေခြင်း မဟုတ်သလို နန်းတွင်း၌ သူ ပြုမူနေသည့် အဓိပ္ပာယ်မဲ့ လုပ်ရပ်များကိုလည်း မေးမြန်းခြင်းမဟုတ်။ ဤသို့ အစအနမရှိသော စကားကို မေးမြန်းလိုက်ခြင်းသာ ဖြစ်သည်။

‘ဘာကိုမြင်ခဲ့တာလဲ..’

ရှောင်ရှန်း၏ ဦးနှောက်ထဲတွင် ဗလာကျင်းသွားပြီး ထိုထူးဆန်းသော အိပ်မက်လောကသည် ချက်ချင်းဆိုသလို စိတ်ထဲတွင် ပြန်လည် ပေါ်ပေါက်လာသည်။

ရွှေရောင်နဂါးကြီး၊ အနက်ရောင် သံမှိုများ နှင့် ထိုအေးစက်သော အကြည့်များ...

သူသည် အလိုအလျောက် ငြင်းဆိုရန် ပြင်လိုက်သော်လည်း၊ ပါးစပ်ဖျားသို့ ရောက်ခါမှ အသက်ရှင်လိုစိတ်ကြောင့် စကားကို လှည့်ပတ်ပြောလိုက်ရသည်။

" ကျွန်တော် အိပ်မက်နတ်ဘုရားကို မြင်ခဲ့တာပါ”

ရှောင်ရှန်းသည် ပျင်းရိသော အပြုံးတစ်ခုကို ခက်ခက်ခဲခဲ ဖန်တီးလိုက်ပြီး သူ၏ သရုပ်ဆောင်မှုကို စတင်လိုက်သည်။

"ခမည်းတော် မသိပါဘူး၊ သားတော်က သူနဲ့ စစ်တုရင် တစ်ပွဲ ကစားနေတာ၊ အနိုင်ရတော့မယ့် အချိန်မှာပဲ ခမည်းတော်ရဲ့ အမိန့်တော်ကြောင့် အရာအားလုံး ပျက်စီးသွားရတယ်..အရမ်းနစ်နာတယ် မဟုတ်လား နောက်တစ်ခါကျရင် ခမည်းတော် သားတော်ကို စစ်တုရင်တစ်ပွဲ ပြန်လျော်ပေးရမယ်နော်"

သူသည် ဤကဲ့သို့ လှောင်သလိုလိုဖြင့် ဟာသနှောပြောဆိုလိုက်ခြင်းက လေထုကို အနည်းငယ် ပေါ့ပါးသွားစေမည်ဟု ထင်မှတ်ထားခဲ့သည်။

"ဟမ်”

ဧကရာဇ် ရှောင်ယွမ် က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

သူသည် ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး လှေကားထစ်များမှတစ်ဆင့် တစ်လှမ်းချင်း ဆင်းလာသည်။ သူ၏ နဂါးဝတ်ရုံသည် မြေပြင်ပေါ်တွင်‌ ပွတ်တိုက်ကာ လျှောကျလာပြီး ခြေလှမ်းတိုင်းသည် ရှောင်ရှန်း၏ နှလုံးခုန်သံနှင့်အတူ စည်းချက်ကျနေလေ၏။

"နဂါးစောင့်ရှောက်သူမျိုးနွယ်ဆိုတာကို ကြားဖူးလား”

ဧကရာဇ် ရှောင်ယွမ်သည် ရှောင်ရှန်း၏ ရှေ့သို့ ရောက်လာပြီး စူးရှထက်မြက်သော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။

ရှောင်ရှန်းမှာ အံ့အားသင့်သွားသည်။

‘ဘယ်လို ..နဂါးစောင့်ရှောက်သူ’

"ငါတို့ သာရှမင်းဆက် ဟာ သာမန်လူတွေ မဟုတ်ဘူး”

ဧကရာဇ် ရှောင်ယွမ်၏ အသံမှာ နှိမ့်ချထားသော်လည်း အားမာန်အပြည့်ရှိသည်။ စကားလုံးတိုင်းတွင် ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေနိုင်လောက်သည့် လျှို့ဝှက်ချက်များ ပါဝင်နေသည်။

"ငါတို့ဟာ ရှေးဟောင်းအမတဂိုဏ်း 'နဂါးစောင့်ရှောက်သူမျိုးနွယ်' ရဲ့ ဆက်ခံသူတွေပဲ...မျိုးဆက်အဆက်ဆက်ရဲ့ ကံကြမ္မာဟာ ဒီသာရှတိုင်းပြည် ရဲ့ ကံကြမ္မာကို စောင့်ရှောက်ဖို့နဲ့ မြို့တော်အောက်မှာ ရှိတဲ့... နဂါးသွေးကြောကို စောင့်ရှောက်ဖို့ပဲ “

ထိုသို့ပြောနေရင်းနှင့်ပင် သူ၏ ခြေထောက်အောက်ရှိ ရွှေရောင်ကြမ်းခင်းကို လက်ညိုးဖြင့်ထိုးပြလိုက်သည်။

All Chapters