← Chapters

အခန်း ၁၆၉

Vol. 17 Ch. 169

အခန်း ၁၆၉

Vol. 17 Ch. 169

အခန်း(၁၆၉) အတွင်းလူက သူဖြစ်နေတာလား

မှန်၏။ ဤအချက်မှာ ယုတ္တိရှိပေသည်။ သို့သော် စိတ်ခံစားမှုအရ သူ လုံးဝ လက်မခံနိုင်ပေ။ ချင်ချန်း၏ "ငါဟာ သစ္စာရှိတဲ့ အမတ်တစ်ယောက်ပဲ” ဟူသော စာသားများ ရေးထိုးထားသည့် မျက်နှာသည် သူ၏ ဦးနှောက်ထဲတွင် စွဲကျန်ရစ်နေခဲ့သည်။

"ငါတော့ မယုံသေးဘူး”

ရှောင်ရှန်းသည် လက်ပိုက်ထားပြီး "ဘာပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး" ဟူသော အမူအရာဖြင့် ပြန်လည်နေလိုက်ပြသည်။

"ကိုယ်တိုင် မျက်စိနဲ့ မမြင်ရသရွေ့တော့ မယုံဘူး”

"ကျွန်မ ဆိုလိုရင်းကလည်း အဲ့တာပဲ”

စူးဝမ်ချင်းသည် သူ ဤသို့ပြောလာမည်ကို ကြိုတင်သိရှိထားသည့်အတိုင်းပင်။

"ဒါကြောင့် မင်းသားအနေနဲ့ ထောင်ချောက်တစ်ခု ဆင်ပေးဖို့ လိုအပ်တယ်"

သူတို့နှစ်ယောက်သည် အနွေးခန်းထဲတွင် နာရီဝက်ခန့် တိတ်တဆိတ် တိုင်ပင်ခဲ့ကြသည်။ ရှောင်ရှန်း ပြန်ထွက်လာချိန်တွင် သူ၏ မျက်နှာပေါ်၌ "အချိန်ပို ဆင်းရတော့မည်" ဟူသော နာကျင်မှုများဖြင့် ပြည့်နှက်နေသော အမူအရာလေးဖြင့် မြငိရသူအဖို့ သနားစိတ်ဝင်မိသည်။

နောက်တစ်နေ့ နံနက်စောစောတွင် အရှေ့နန်းဆောင်မှ သတင်းတစ်ခု ထွက်ပေါ်လာပြီး နန်းတော်ထဲတွင် အနည်းငယ် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားသည်။

အိမ်ရှေ့စံမင်းသားသည် အမည်မသိ အကြောင်းပြချက်ကြောင့် "စစ်ရေးလေ့ကျင့်မှု" ကို ရုတ်တရက် စိတ်ဝင်စားလာပြီး ကင်းစောင့်တပ်မှ အထူးတပ်သား တစ်ထောင်ကို ရွေးချယ်ကာ သုံးရက်မြောက်နေ့တွင် မြို့တော်၏ အနောက်ဘက်ရှိ တော်ဝင်အမဲလိုက်ကွင်းသို့ သွားရောက်၍ စစ်ရေးလေ့ကျင့်မှုကို စစ်ဆေးမည်ဟု အမိန့်ပေးခဲ့သည်။

ထိုသတင်းသည် မင်းသား(၃) ရှောင်းကျင်း၏ နေအိမ်သို့ ရောက်ရှိသွားသောအခါ သူသည် အေးစက်စွာ ရယ်မောလိုက်ပြီး သူ၏ အကြံပေးပုဂ္ဂိုလ်အား ပြောဆိုလိုက်သည်။

"သူ လုပ်ချင်တာ လုပ်ပါစေ၊ သူ့ပုံစံက ထီးနန်းဆက်ခံသူ တစ်ပါးနဲ့ မတူလေ၊ ငါတို့အတွက် အခွင့်အရေး ပိုများလေပဲ"

သို့သော်လည်း ထိုအမိန့်စာသည် စစ်သူကြီး ချင်ချန်း၏ စားပွဲပေါ်သို့ ရောက်ရှိသွားချိန်တွင် ဤသံမဏိစစ်သူကြီး၏ တုံ့ပြန်မှုမှာမူ ထူးခြားနေခဲ့သည်။

သူသည် ဒေါသထွက်ခြင်းမရှိ၊ အထင်သေးခြင်းလည်း မရှိပေ။ သူသည် တပ်သားစုဆောင်းရေး စာရွက်ကို တိတ်ဆိတ်စွာ ကြည့်နေပြီး မျက်မှောင်ကြုတ်လျက် ရှိနေသည်။

သူသည် သူ့နောက်တွင် ချိတ်ဆွဲထားသော ဧရာမ မြေပုံကြီးဆီသို့ လျှောက်သွားကာ မြို့တော်၏ မြေမျက်နှာသွင်ပြင်ကို ငေးကြည့်လိုက်ပြီး နောက်ဆုံးတွင် မြို့တော်အနောက်ဘက်ရှိ တော်ဝင်အမဲလိုက်ကွင်း၏ တည်နေရာသို့ အကြည့်ရောက်သွားသည်။

" အရှင့်သား လျှောက်လုပ်နေတာက ဘာလို့ ဒီနေရာ ဖြစ်နေရတာလဲ"

သံသယများနှင့် ပြည့်နှက်နေသော အကြည့်များဖြင့် သူ့ကိုယ်သူ တိုးတိုးလေး ရေရွတ်လိုက်သည်။ ဤနေရာသည် အလွန်ပင် တိုက်ဆိုင်လွန်းလှသည်။ သူ့ကို သတိထားမိစေသည်အထိ တိုက်ဆိုင်လွန်းသည်။

သုံးရက်မြောက်နေ့ ညဉ့်နက်ချိန်။

တော်ဝင်အမဲလိုက်ကွင်းသည် သေမင်းတမန်ကဲ့သို့ တိတ်ဆိတ်နေပြီး အင်းဆက်ပိုးမွှားများ၏ အော်ဟစ်သံကိုပင် မကြားရပေ။ လမင်းကြီးမှာ တိမ်မည်းများဖြင့် ဖုံးအုပ်ခံထားရသောကြောင့် ကိုယ့်လက်ဝါးကို မမြင်နိုင်လောက်အောင် မှောင်မိုက်နေသည်။

အမဲလိုက်ကွင်း၏ အစွန်းရှိ သစ်တောအုပ်တစ်ခုထဲတွင် ရှောင်ရှန်းသည် သစ်ပင်ကြီးတစ်ပင်ပေါ်၌ ပုန်းအောင်းနေပြီး ညလေအေးကြောင့် တုန်တုန်ယင်ယင်ဖြင့် ရှိနေသည်။ သူ၏ ဘေးတွင်မူ စူးဝမ်ချင်းသည် တည်ငြိမ်စွာဖြင့် ရှိနေသည်။

"ငါ ပြောမယ်... ငါတို့ ပွဲကြည့်ဖို့ နွေးထွေးတဲ့ နေရာမျိုး ရှာလို့မရဘူးလား ဥပမာ မြင်းလှည်းထဲမှာ လက်ဖက်ရည် ခပ်နွေးနွေးလေးသောက်ပြီး ကြည့်တာမျိုးပေါ့"

ရှောင်ရှန်းသည် အသံတိုးတိုးဖြင့် ညည်းညူလိုက်သည်။

စူးဝမ်ချင်းမှာ မျက်တောင်ပင် မခတ် အဝေးရှိ ကွင်းပြင်ကိုသာ အာရုံစိုက် ကြည့်နေပြီး ခံစားချက်ကင်းမဲ့သည့် ရုပ်တုတစ်ခုအလား တည်ငြိမ်နေသည်။

ရှောင်ရှန်းတစ်ယောက် တစ်ဖက်လူထံမှ တိတ်ဆိတ်ခြင်းဖြင့် အငြင်းခံလိုက်ရသောကြောင့် စကားရပ်လိုက်ရပြီး ခြင်ကိုက်ခြင်းကို သည်းခံကာ အနာဂတ်အတွက် မရေရာမှုများကြားတွင် ဆက်လက် ပုန်းအောင်းနေလိုက်ရသည်။

သူ အိပ်ပျော်သွားတော့မည့်အချိန်တွင် အဝေးမှ နီးကပ်လာသော မြင်းခွာသံ အနည်းငယ်ကို ကြားလိုက်ရသည်။

တစ်ကိုယ်လုံး နက်မှောင်နေသည့် မြင်းတစ်ကောင်သည် ကြံ့ခိုင်သော လူတစ်ယောက်ကို တင်ဆောင်လာပြီး အမဲလိုက်ကွင်းရှိ ကွင်းပြင်တစ်ခုတွင် ဖြည်းညင်းစွာ ရပ်တန့်သွားသည်။

လာသူသည် မြင်းပေါ်မှ လျင်မြန်စွာ ခုန်ဆင်းလိုက်သည်။ သူ၏မျက်နှာကို သေချာ မမြင်ရသော်လည်း ၊ ထိုလူ၏ ကိုယ်ပေါ်မှ ထွက်ပေါ်လာသော စစ်သည်တော် တစ်ယောက်၏ အငွေ့အသက်ကို အဝေးကပင် ခံစားမိနိုင်သည်။

---

လာသူမှာ ချင်ချန်းပင် ဖြစ်သည်။

သူသည် အမှန်တကယ်ပင် ရောက်ရှိလာခဲ့သည်။ ထို့အပြင် တစ်ယောက်တည်း ရဲရဲဝံ့ဝံ့ လာခဲ့ခြင်း ဖြစ်သည်။

ရှောင်ရှန်း၏ ရင်ခုန်သံမှာ ဝုန်းဒိုင်းကျဲလို့ နေသည်။ သူသည် စူးဝမ်ချင်းဘက်သို့ အလိုလို လှည့်ကြည့်လိုက်သော်လည်း သူမ၏ မျက်နှာမှာမူ အေးဆေးတည်ငြိမ်နေဆဲပင်။

ချင်ချန်းသည် နေရာတွင် ကြာကြာမနေခဲ့ချေ။ သူသည် ကျားသစ်တစ်ကောင်ကဲ့သို့ အသံမထွက်ဘဲ အခြားတစ်ဖက်ရှိ တောအုပ်ထဲသို့ တိုးဝင်သွားခဲ့သည်။

"လိုက်ခဲ့"

စူးဝမ်ချင်းသည် ထိုစကားလုံး နှစ်လုံးကိုသာ ဆိုလိုက်သည်။ သူမ၏ ခန္ဓာကိုယ်မှာ တစ္ဆေတစ်ကောင်အလား သစ်ပင်ထိပ်မှ အသံတစ်စက်ကလေးမျှပင် မထွက်ဘဲ ဆင်းပြေးသွားသည်။

ရှောင်ရှန်းသည် သစ်ပင်ပေါ်မှ ခက်ခက်ခဲခဲ ဆင်းလိုက်ရပြီး အသည်းအသန်ပင် သူမ၏နောက်သို့ လိုက်ပါသွားလေ၏။

သူတို့နှစ်ယောက်သည် ချင်ချန်း၏ နောက်သို့ ခပ်လှမ်းလှမ်း အကာအဝေးမှ လိုက်လာခဲ့ကြသည်။ ချင်ချန်းသည် တိတ်ဆိတ်စွာ လျှောက်သွားရင်း နောက်ဆုံးတွင် လျှို့ဝှက်သော တောင်ကြားတစ်ခုရှေ့၌ ရပ်တန့်လိုက်သည်။

တောင်ကြားထဲတွင် အမည်းရောင် လူရိပ်အချို့သည် မကြာသေးမီက တူးထားသည့် မြေကျင်းတစ်ခုကို ဝိုင်းရံထားပြီး တစ်စုံတစ်ရာကို လျှို့ဝှက်စွာဖြင့် ပြင်ဆင်နေကြသည်။

"တကယ်ပဲ ပြဿနာ ရှိနေတာပဲ"

ရှောင်ရှန်း၏ စိတ်ထဲတွင် တုန်လှုပ်သွားုသည်။

သူသည် ယနေ့ညတွင် ချင်ချန်းကို စမ်းသပ်ရန် လာခဲ့သော်လည်း၊ သို့သော် ချင်ချန်းမှာ ဤလူများကို လက်ပူးလက်ကျပ် ဖမ်းဆီးရန် ရောက်လာခဲ့ခြင်း ဖြစ်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

ဤစစ်သူကြီးသည်လည်း ပုံမှန်မဟုတ်သည်ကို ကြိုတင်ရိပ်မိနေပြီး အထောက်အထား မရှိသည့်အတွက် ခက်ခဲနေခဲ့ပုံရသည်။

"ဘယ်သူလဲ"

All Chapters