← Chapters

အခန်း (၄၅၆)

Vol. 46 Ch. 456

အခန်း (၄၅၆)

Vol. 46 Ch. 456

‘ထောင်လွှားလွန်းတယ်။ တကယ့်ကို ထောင်လွှားလွန်းတယ်’

မျက်နှာထက်တွင် အထင်အမြင်သေးမှုများ အထင်အရှား ပေါ်လွင်နေသော အရှေ့မှ လူငယ်လေးကို ကြည့်ကာ အစီအရင်ထဲတွင် ရှိနေသူအားလုံး၏ စိတ်ထဲတွင် ထိုအတွေးတစ်ခုက တပြိုင်နက်တည်း ဖြတ်ပြေးသွားကြလေ၏။

ငရဲကိုးထပ်မြင့်မြတ်နယ်မြေ၏ သူတော်စင်တစ်ပိုင်းဟိုင်မင်မှာလည်း ဆွံ့အသွားရသည်။

‘ဒီကောင်စုတ်လေးက... ဘာလို့ စည်းမျဉ်းအတိုင်း မကစားတာလဲ’

သူ အစကတည်းကပင် အရှိန်အဝါဖြင့် ထိုလူငယ်အား ဖိနှိပ်ပြီး အသာစီးယူဖို့ ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ကောင်လေး၏ ပထမဆုံး တုံ့ပြန်မှုက ချကြမလားလို့ မေးလာလိမ့်မည်လို့ သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။

“ဟားဟား”

ဟိုင်မင်၏ မျက်နှာ ပျက်သွားသည်အား မြင်သော် သူတော်စင်တစ်ပိုင်းရွှမ်ကျင်း စကားပင်မဆိုနိုင်အောင် ကျေနပ်သွားပြီး တဟားဟား အော်ရယ်လိုက်တော့သည်။

“ဟိုင်မင်... မင်း ဂုဏ်မောက်ချင်မောက်လို့ရတယ်။ ငါတို့ရဲ့ မြင့်မြတ်သားတော် ရှေ့မှ လာပြီး မောက်မာပြရတယ်လို့”

“မင်း သိထားသင့်တာက ငါတို့မြင့်မြတ်သားတောာ်ဟာ တစ်ချိန်က မဟာပဏ္ဍိတမိုးမြေနဲ့အတူ သူတော်စင် နှစ်ပါးကို သတ်ဖြတ်ခဲ့တဲ့အပြင် မဟာပဏ္ဍိတတွေကိုလည်း ကိုယ်တိုင် နှိမ်နင်းခဲ့ဖူးတယ်။ သူ မမြင်ဖူးတဲ့ အရာ ဘာရှိဦးမှာလဲ”

“မင်းလို မဟာပဏ္ဍိတအဆင့်ကို တက်လှမ်းနိုင်ခဲ့တာ နှစ်တစ်ရာတောင်မပြည့်သေးတဲ့လူတစ်ယောက်က သူ့ရှေ့မှာ လာပြီး ထောင်လွှားပြနေတာ.. အဆိပ်သောက်ပြီး သေကြောင်းကြံနေတဲ့ အဘိုးအို တစ်ယောက်လို ဖြစ်မနေဘူးလား”

သူတော်စင်နှစ်ပါးကို သတ်ဖြတ်ခြင်း ဆိုသည့် စကားလုံးများကြောင့် အစီအရင်ထဲ ရှိနေသူအားလုံးမှာ အလိုအလျောက်ပင် အသက်ရှူမှားမတတ် တုန်လှုပ်သွားကြ၏။

အထူးသဖြင့် မြင့်မြတ်နယ်မြေ နှစ်ခုမှ မဟာပဏ္ဍိတများ သူတော်စင်တို့၏ စွမ်းအားကို ကိုယ်တိုင် မြင်တွေ့ဖူးတာကြောင့် သူတို့ ဘယ်လောက်အထိ ကြောက်စရာကောင်းလဲဆိုသည်အား အပြည့်အဝ သိထားကြသည်။

သို့သော် ယခုတွင် ဝမ်တောက်ကျောင်းတော်၏ မြင့်မြတ်သားတော်သည် သူတော်စင်များအား တိုက်ခိုက်ခဲ့သော တိုက်ပွဲတွင် ပါဝင်ခဲ့ရုံတင်မက မဟာပဏ္ဍိတတစ်ပါးကိုပါ ကိုယ်တိုင် နှိမ်နင်းခဲ့လေ၏။

‘သူက မြို့စားအဆင့်မှာပဲ ရှိသေးတာလေ’

မဟာပဏ္ဍိတလေးပါးလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မျက်မှောင်အနည်းငယ် ကြုတ်လိုက်ကြလေ၏။

ယခုတွင် သူတို့မှာ ကျားမြီးဆွဲမိသလို ဖြစ်နေပြီး ဆင်း၍လည်း မရတော့ပေ။

သူတို့ နှုတ်ဆိတ်နေသည်ကို မြင်တော့ ချောင်ရို့ချန် တည်ငြိမ်စွာ ပြောလိုက်သည်။

“ဘာလဲ... အခုကျတော့ ကြောက်သွားကြပြီလား”

“ကောင်လေး ဒီမှာ လာပြီး လေမကြီးနဲ့။ မင်း တကယ်ပဲ မဟာပဏ္ဍိတတစ်ပါးကို နှိမ်နင်းနိုင်တယ်ဆိုတာ ငါမယုံဘူး”

မဟာပဏ္ဍိတဟိုင်မင်၏ လေသံမှာ ဆက်၍ တင်းမာနေတုန်း ဖြစ်သော်လည်း သူ့ယုံကြည်မှုမှာတော့ သိသိသာသာ ယိမ်းယိုင်နေပြီဖြစ်သည်။

ချောင်ရို့ချန်က ပြုံးလိုက်သည်။

“မျက်နှာမည်းကြီး ကျုပ်က ခင်ဗျား စောစောက ပြခဲ့တဲ့ ရန်လိုတဲ့ အမူအရာကိုပဲ ပိုသဘောကျတယ်။ ဒါပေမဲ့ ကျုပ် မဟာပဏ္ဍိတတစ်ပါး နှိမ်နင်းပြတာကို ခင်ဗျား တကယ်ပဲ မြင်ချင်နေတာ သေချာလို့လား”

ပြောပြောဆိုဆိုနှင့် သူ ရှေ့သို့ တစ်လှမ်း တိုးလိုက်လေ၏။

ထိုပေါ့ပေါ့ပါးပါး ခြေလှမ်းတစ်လှမ်းမှနေ၍ ကြောက်မက်ဖွယ်ကောင်းလှသည့် နတ်ဘုရားအလင်းတန်းများ ထွက်ပေါ်လာကြသည်။ သူ့နောက်ကွယ်တွက် ကြီးမားလှသော ဓမ္မပုံရိပ်ကြီး တစ်ခုက လေထုထဲတွင် ပေါ်ပေါက်လာခဲ့လေ၏။

ဟိုင်မင် နောက်သို့ ခြေလှမ်းဝက်ခန့် ဆုတ်လိုက်မိသည်။ ထိုလူငယ်‌လေးဆီမှ ထွက်ပေါ်လာသော အရှိန်အဝါမှာ အလွန်ပင် ကြောက်စရာကောင်းလွန်းလှပြီး သူ့စိတ်နှလုံးထဲတွင် အကြောက်တရား အရိပ်အယောင်တစ်ခုကို လှုံ့ဆော်ပေးလိုက်သလိုပင်။

‘ဒီကောင်လေးက တကယ်ပဲ မြို့စားအဆင့်မှာပဲ ရှိသေးတာ ဟုတ်ရဲ့လား’

ထိုသို့ဖြစ်နေတုန်းနမှာပင် နှုတ်ဆိတ်နေခဲ့သော မဟာပဏ္ဍိတဝူဖုန်း နောက်ဆုံးတွင် စကားကိုစလိုက်ပြီး ဖိနှိပ်ထားသည့် လေထုအား ဖြိုခွဲလိုက်လေသည်။

“မြင့်မြတ်သားတော် ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့။ တာအိုမိတ်ဆွေဟိုင်မင်က စော်ကားလိုတဲ့ သဘောနဲ့ ပြောတာ မဟုတ်ပါဘူး”

ထိုစကားအား ကြားသော် ချောင်ရို့ချန် သူ့အရှိန်အဝါနှင့် ဖိအားများကို ပြန်ရုပ်သိမ်းလိုက်ပြီး ပြုံးပြလိုက်လေ၏။

“ဒါဆိုရင် စီနီယာ ခင်ဗျားတို့ ဒီလို အင်အားစုကြီးနဲ့ ဒီကို လာရတဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ ကျုပ်ကို ပြောပြနိုင်မလား”

မဟာပဏ္ဍိတရွှမ်ကျဲ့က ပြန်ဖြေသည်။

“မြင့်မြတ်သားတော် မီးနတ်ဘုရားဂိုဏ်းကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးက ငါတို့ ဂိုဏ်းသုံးခုရဲ့ ပူးပေါင်း ဆုံးဖြတ်ချက်ပဲ။ မင်းတို့ ဘီလူးနတ်ဘုရားကျောင်းတော်ပဲ သုံးမကုန်တဲ့ ရတနာတွေကို အကုန်ယူသွားပြီး ငါတို့ကိုတော့ အကြွင်းအကျန်တွေပဲ ချန်ထားခဲ့တာ မဖြစ်သင့်ဘူး မဟုတ်လား”

“စီနီယာ ပြောတာ မှန်တယ်”

ချောင်ရို့ချန်က အသာအယာ ပြောလိုက်သည်။

“အမှန်အတိုင်း ပြောရရင် ကျုပ် မီးနတ်ဘုရားဂိုဏ်းရဲ့ ဌာနချုပ်တစ်ခုလုံးကို အကုန်အစင် မလုယက်ရသေးပါဘူး။ ကျုပ်က မီးနတ်ဘုရားဂိုဏ်းချုပ်ကိုပဲ နှိမ်နင်းပြီး သူ့ရဲ့ ရတနာတိုက်ထဲက အရာတွေကိုပဲ ယူခဲ့တာပါ။ အဲဒါက သိပ်ပြီးတော့မှ များလွန်းမနေပါဘူး မဟုတ်လား”

“လုံးဝ မများပါဘူး”

မဟာပဏ္ဍိတရွှမ်ကျဲ့က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

သူက မီးနတ်ဘုရားဂိုဏ်းချုပ်၏ စွမ်းအားကို သဘာဝကျကျပင် နားလည်ထားရာ သူ့ကို နှိမ်နင်းနိုင်သူက ရတနာတွေကို ရထိုက်တယ်ဆိုတာ ဖြစ်သင့်လေ၏။

“ဒါဆိုရင် မြင့်မြတ်သားတော်က ငါတို့အတွက် အများကြီး ချန်ထားခဲ့တယ်ပေါ့ ဟုတ်လား”

ချောင်ရို့ချန်က ပခုံးတွန့်ပြလိုက်သည်။

“ဒါပေါ့။ ကျွန်တာ်က မီးနတ်ဘုရားဂိုဏ်း ဌာနချုပ်တစ်ခုလုံးရဲ့ ရတနာစုစုပေါင်းထဲက ဆယ်ပုံတစ်ပုံကိုပဲ ယူခဲ့တာ။ ကျန်တာတွေကိုတော့ ဂိုဏ်းသုံးခုလုံး ညီတူညီမျှ ခွဲဝေယူကြပေါ့။ စီနီယာက ဒီလို စီစဉ်မှုကို စိတ်ကျေနပ်မှု ရှိရဲ့လားလို့ သိချင်မိတယ်”

“မြင့်မြတ်သားတော်ပြောတာ အမှန်ဆိုရင်တော့ ဒီအဘိုးကြီး လက်ခံဖို့ အသင့်ပါပဲ”

မဟာပဏ္ဍိတရွှမ်ကျဲ့မှာ လုံလောက်သောအကျိုးအမြတ်များကို ရရှိထားပြီးဖြစ်၏။

သူကိုယ်တိုင်က မဟာပဏ္ဍိတတစ်ပါးကို နှိမ်နင်းခဲ့သလို သူ့တပည့်များကလည်း မီးနတ်ဘုရားဂိုဏ်းဝင် အမြောက်အမြားကို သတ်ဖြတ်နိုင်ခဲ့သည်။

သူတို့ဘက်က အကျအဆုံးက နည်းပါးပြီး ရလဒ်ကတော့ အဆမတန် များပြားခဲ့လေ၏။ ယခုထက် ပိုပြီး လောဘတက်ဖို့ဆိုသည်မှာ မိုက်မဲရာကျလိမ့်ပေမည်။

ချောင်ရို့ချန် ကျေနပ်စွာ ခေါင်းညိတ်ပြပြီး ငရဲကိုးထပ်မြင့်မြတ်နယ်မြေမှ မဟာပဏ္ဍိတ နှစ်ပါးဘက်သို့ အကြည့်ကို လွှဲလိုက်သည်။။

“ဒါဆို ခင်ဗျားတို့ နှစ်ယောက်ကကော ဘယ်လိုလဲ”

“ငါတို့လည်း ပြောထားတဲ့အတိုင်းပဲ လုပ်ကြတာပေါ့”

မဟာပဏ္ဍိတကွေ့လီက ပြန်ဖြေလိုက်၏။ သူ မီးနတ်ဘုရား နတ်ဆိုးသလင်းကျောက်အား အလွန်အမင်း လိုချင်သော်လည်း လက်ရှိ အခြေအနေက သူ့ မကျေနပ်မှုများကို မြိုသိပ်ထားဖို့ကလွဲ၍ အခြားရွေးချယ်စရာ မရှိပေ။

“ကောင်းပြီ။ ဒါဆိုရင် ကျေးဇူးပြုပြီး ဒီဘက်ကို ကြွပါ”

ချောင်ရို့ချန် ပြောပြောဆိုဆိုနှင့် ဘေးကို ဖယ်ကာ လမ်းဖွင့်ပေးလိုက်လေ၏။

“ဟမ့်”

မဟာပဏ္ဍိတဟိုင်မင် နှာမှုတ်ပြီး မီးနတ်ဘုရားဂိုဏ်း၏ ဌာနချုပ်ထဲသို့ ပထမဆုံး ခြေလှမ်းကျဲကျဲဖြင့် ဝင်သွားတော့သည်။

ခေတ္တမျှ ဆွေးနွေးပြီးနောက် မဟာပဏ္ဍိတ ခြောက်ပါးလုံးမှာ သူတို့ ရှာဖွေရမည့် နေရာတွေကို အသီးသီး ခွဲဝေလိုက်ကြသည်။ ၎င်းသည် သူတို့ တပည့်အချင်းချင်းကြား၌ တစ်ယောက်နှင့်တစ်ယောက် ပဋိပက္ခမဖြစ်စေဖို့ တားဆီးဖို့ပင်။

ဝမ်တောက်ကျောင်းတော်၏ အန္တရာယ်ရှိပြီး ခန့်မှန်းရခက်သော မြင့်မြတ်သားတော် ရှိနေတာကြောင့် မည်သူကမှ ဘီလူးနတ်ဘုရားကျောင်းတော်သို့ သွားပြီး မဆွချင်ကြပေ။

အခြား အင်အားစုနှစ်ခုမှ ကျင့်ကြံသူများ ထွက်ခွာသွားသည်ကို မြင်သော် မဟာပဏ္ဍိတရွှမ်ကျင်းက သူ့လက်ကို ဝှေ့ယမ်းလိုက်လေ၏။

“ကလေးတို့ မင်းတို့ဘာသာ မင်းတို့ ရတနာ သွားရှာကြတော့”

“ဘိုးဘေးကို ကျေးဇူးတင်ပါတယ်”

ဘီလူးနတ်ဘုရားကျောင်းတော်၏ တပည့်များ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေကြသည်။

စောစောက ယဇ်ပုလ္လင် တံခါးဝတွင် မြင့်မြတ်သားတော်၏ စွမ်းအားကို ပြသခဲ့သောပုံမှာ သူတို့အား ဂုဏ်ယူဝင့်ကြွားစေခဲ့လေ၏။ အကယ်၍ မြင့်မြတ်သားတော်နှင့် အခြား အင်အားစုနှစ်ခုကြားက သဘောတူညီချက်သာ မရှိလျှင် သူတို့ မီးနတ်ဘုရားဂိုဏ်း၏ ရတနာအားလုံးကို သူတို့ဘာသာ သိမ်းပိုက်မည်က်ို သေချာနေ၏။

မဟာပဏ္ဍိတရွှမ်ကျင်း လက်သီးဆုပ်ကာ ဆိုလိုက်သည်။

“မြင့်မြတ်သားတော်ရဲ့ နတ်ဘုရားအရှိန်အဝါက ဒီအဘိုးကြီးရဲ့ မျက်စိတွေကို တကယ်ပဲ ပွင့်စေခဲ့တာပဲ”

ချောင်ရို့ချန် ပြန်ပြောသည်။

“အဘိုးကြီး... ကျုပ်ကို လာပြီး မြှောက်မနေနဲ့။ ခင်ဗျားကော ဘာလို့ ရတနာ သွားမရှာတာလဲ”

မဟာပဏ္ဍိတရွှမ်ကျင်း တဟားဟား ရယ်မောလိုက်သည်။

“ဒီအဘိုးကြီးက စောစောက မဟာပဏ္ဍိတတစ်ပါးကို နှိမ်နင်းပြီးသားမို့ သူ့ဆီကနေ အများကြီး ရခဲ့ပြီးပြီ။ ကျန်တာတွေကိုတော့ မျိုးဆက်သစ်တွေအတွက်ပဲ ချန်ထားခဲ့ပါတော့မယ်”

ချောင်ရို့ချန်က ပြုံးလိုက်သည်။

“ခင်ဗျားမှာ ဒီလို ထိန်းချုပ်နိုင်စွမ်း ရှိလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး”

သူတို့ ပေါ့ပေါ့ပါးပါး စကားပြောနေကြစဉ်မှာပဲ မဟာပဏ္ဍိတဟိုင်မင် မဟာပဏ္ဍိတကွေ့လီကို စိတ်ပျက်လက်ပျက်နဲ့ ပြောလိုက်သည်။

“စီနီယာအစ်ကို... မင်းက ဘာလို့ ဝမ်တောက်ကျောင်းတော်ရဲ့ မြင့်မြတ်သားတော်ကို အလျှော့ပေးလိုက်တာလဲ။ မင်းရဲ့ လက်အောက်မှာ မဟာပဏ္ဍိတအဆင့်ဝိညာဉ်သားရဲ တစ်ကောင် ရှိနေတာပဲ”

“ဟမ့်”

မဟာပဏ္ဍိတကွေ့လီ နှာမှုတ်လိုက်သည်။

“မင်းက တကယ်ပဲ အဲဒီ မြင့်မြတ်သားတော်ကို သာမန်မြို့စားအဆင့် ကျင့်ကြံသူတစ်ယောက်လို့ ထင်နေတာလား”

“သူက မင်းလို အသုံးမကျတဲ့ မဟာပဏ္ဍိတတစ်ယောက်ကို အလွယ်တကူ ချေမှုန်းနိုင်ရုံတင်မကဘူး၊၊ ငါ့ရဲ့ မဟာပဏ္ဍိတအဆင့် ဝိညာဉ်သားရဲတောင်မှ သူ့စောင့်ရှောက်သူဆီကနေ အကြောက်တရားရဲ့ အရိပ်အယောင်ကို ခံစားရတယ်။ အကယ်၍ ငါတို့သာ လှုပ်ရှားခဲ့ရင် နှစ်ယောက်စလုံး ဒီနေရာကနေ အသက်ရှင်လျက် ပြန်ထွက်သွားနိုင်မှာ မဟုတ်ဘူး”

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ဟိုင်မင် ကွေ့လီ၏ ဝိညာဉ်သားရဲမှာ ဘယ်လောက်အထိ အစွမ်းထက်လဲဆိုတာ ကောင်းကောင်းသိနေ၏။ ၎င်းက သူတော်စင်အဆင့်နီးပါး ရောက်နေသော သက်ရှိတစ်ကောင်ပင်။

အကယ်၍ ထိုဝိညာဉ်ကသာ ကွေ့လီ၏ ညီအစ်ကိုရင်း မဟုတ်ခဲ့လျှင် သူက ဘယ်တော့မှ ထိန်းချုပ်နိုင်မည် မဟုတ်ပေ။

“စကားပုံ ရှိတယ်မဟုတ်လား။ တောင်ထက် မြင့်တဲ့ တောင် ရှိတယ်၊ ကောင်းကင်ထက် မြင့်တဲ့ ကောင်းကင်လည်း ရှိသေးတယ်လေ။ ဒီတစ်ကြိမ်တော့ ငါတို့ရဲ့ ဆုံးရှုံးမှုကို မျိုသိပ်ထားလိုက်ရမှာပဲ”

မဟာပဏ္ဍိတကွေ့လီ သက်ပြင်းချရင်း ပြောလိုက်သည်။

“ဒါ့အပြင် ငါတို့ လက်ဗလာနဲ့ ပြန်ရတာမှ မဟုတ်တာ။ ငါတို့ ဒဏ်ရာတစ်ချက်မှမရဘဲ မဟာပဏ္ဍိတနှစ်ပါးကို နှိမ်နင်းနိုင်ခဲ့တယ်။ အဲဒါက ငါတို့ မျှော်လင့်ထားတာထက် အများကြီး ပိုကောင်းပါတယ်ကွ”

မကျေနပ်သော်လည်း ဟိုင်မင် ဆက်ပြီး ငြင်းခုံမနေတော့ပေ။ အကယ်၍ သူ့စီနီယာအစ်ကိုက လှုပ်ရှားဖို့ ငြင်းဆန်နေပြီး သူကိုယ်တိုင် မြင့်မြတ်သားတော်နောက်ကို လိုက်သွားခဲ့ပါက သူ ဘယ်တော့မှ အသက်ရှင်လျက် ပြန်လာနိုင်မှာ မဟုတ်တာ သေချာသလောက်ပင်။

အခြားတစ်ဖက်မှာတော့ မဟာပဏ္ဍိတရွှမ်ကျဲ့ မဟာပဏ္ဍိတဝူဖုန်းနှင့် တိုးတိုးတိတ်တိတ် စကားပြောနေကြလေ၏။

“စီနီယာအစ်ကို မင်း ဝမ်တောက်ကျောင်းတော်ရဲ့ မြင့်မြတ်သားတော်ကို ဘယ်လို မြင်လဲ”

“သူ့ရဲ့ မျိုးဆက်ထဲမှာတော့ ပြိုင်ဘက်ကင်းပဲ”

ဝူဖုန်း လေးနက်စွာ ပြောလိုက်သည်။

“သူက ထောင်လွှားပုံရပေမဲ့ သတိကြီးပြီး စဉ်းစားဆင်ခြင်ဉာဏ် ရှိတယ်။ ငါတို့ ပြန်ရောက်တာနဲ့ ဓားကြီး မြင့်မြတ်နယ်မြေရဲ့ တပည့်တွေကို အပြင်ထွက်တဲ့အခါ သတိထားဖို့ ညွှန်ကြားလိုက်ပါ။ ဝမ်တောက်ကျောင်းတော်ရဲ့ မြင့်မြတ်သားတော်ကို သွားပြီး မဆွမိပါစေနဲ့။ မဟုတ်ရင် ငါတို့ ဒုက္ခကြီးကြီးမားမား ရင်ဆိုင်ရလိမ့်မယ်”

“နားလည်ပါပြီ”

မဟာပဏ္ဍိတရွှမ်ကျဲ့ကလည်း ကန့်ကွက်ခြင်း မရှိခဲ့ပေ။ သူတို့ဂိုဏ်းမှာ ဘီလူးနတ်ဘုရားကျောင်းတော်နှင့် ဘာရန်ငြိုးမှ မရှိသလို ဤစစ်ဆင်ရေးမှနေ၍ အကျိုးအမြတ် အများကြီး ရရှိခဲ့ပြီးဖြစ်သည်။

သုံးရက်နှင့် သုံးညတိုင်တိုင် မီးနတ်ဘုရားဂိုဏ်းကို လုယက်ပြီးနောက် အင်အားစုကြီး သုံးခုသည် နောက်ဆုံးတွင် လမ်းခွဲပြီး သူတို့၏ အသီးသီးသော ဂိုဏ်းများဆီ ပြန်သွားကြ၏။

“မြင့်မြတ်သားတော် နောက်ထပ် ဘာအစီအစဉ်ရှိလဲ”

ချောင်ရို့ချန်နောက်ကို လိုက်ပြီး အကျိုးအမြတ်အများကြီး ရခဲ့သော မဟာပဏ္ဍိတပါပေါင် မျက်နှာလိုမျက်နှာရလုပ်ကာ မေးလိုက်သည်။

“အခြေချပြီး ကျင့်ကြံဖို့ပဲ။ ဒီတစ်ခေါက် လူရိုင်းဒေသမှာ ကျွန်တော် နောက်ထပ် အောင်မြင်မှုတွေ ရအောင် လုပ်ဖို့ ရည်ရွယ်ထားတယ်။ ကျွန်တော့ရဲ့ စီနီယာအစ်ကိုက ကျွန်တော့ကို ကျော်တက်သွားတာကိုတော့ လုံးဝ အဖြစ်မခံနိုင်ဘူး”

ချောင်ရိူ့ချန်မှာ သူ၏ စီနီယာအစ်ကိုအကြောင်း ပြောလိုက်သော ခဏ၌ သူ့မျက်လုံးများက ထူးထူးခြားခြား လေးနက်သွားလေ၏။

ပါပေါင်နှင့် မဟာပဏ္ဍိတရွှမ်ကျင်းတို့ နှစ်ယောက်လုံးမှာ သူ၏ မျက်ဝန်းထဲက အပြောင်းအလဲကို သတိပြုမိလိုက်ကြပြီး စိတ်ထဲကနေ၍ တွေးလိုက်မိသည်။

‘သူပြောနေတဲ့ စီနီယာအစ်ကိုဆိုတာ ဘယ်လောက်တောင် အစွမ်းထက်နေလို့လဲ’

All Chapters