အခန်း (၂၁၀၃-၂၁၀၄)
Vol. 211 Ch. 2103-2104
အခန်း (၂၁၀၃) ဆန်းစစ်ချက် မှားယွင်းခြင်း
ဟင်းလင်းပြင် ကမ္ဘာတစ်ခုအတွင်း၌……
အတွင်းကမ္ဘာ တံခါးဝနှစ်ခုသည် တစ်ဖက်နှင့်တစ်ဖက် ဟင်းလင်းပြင်ကို ခြားလျက် ထိပ်တိုက် ရင်ဆိုင်နေကြပေသည်။
ဖေရန်ထူသည် မိမိရှေ့မှောက်ရှိ အနည်းငယ်မျှ အားနည်းချို့တဲ့လှပုံရသော လူရိပ်ကို တည်ငြိမ်စွာ စိုက်ကြည့်နေရင်း၊ မျက်ဝန်းထဲ၌ ရက်စက်ကြမ်းကြုတ်သော ပြုံးယောင်သန်းမှုတစ်ခု ထွက်ပေါ်လာခဲ့ကာ -
“ရွှေဟွေးကျောင်းတော်ရဲ့ အမာခံတပည့်လား…… စိတ်ဝင်စားဖို့ကောင်းသားပဲ”
“ရွှေဟွေးကျောင်းတော်၊ လူသားမျိုးနွယ်စု ကျောင်းဆောင်၊ ကရုဏာတောင်က ဖန့်ချန်ပါ၊ အဆွေတော်ကို နှုတ်ဆက်ပါတယ်”
ဖန့်ချန်က လက်အုပ်ချီလျက် ပြုံး၍ ဆိုလိုက်၏။
“လူသားမျိုးနွယ်စု ကျောင်းဆောင်ရဲ့ ကရုဏာတောင်လား…… ကြားဖူးသလိုလိုတော့ ရှိသားပဲ”
ဖေရန်ထူ၏ မျက်နှာအမူအရာက အနည်းငယ်မျှ လှုပ်ခတ်သွားခဲ့ရသည်။
ဖန့်ချန်ကမူ အရေးစိုက်ခြင်း မရှိချေ။
ကျန်းတောက်ယွဲ့ နှင့် အခြားသူများသည် ကောင်းကင်ငါးပါး စစ်တလင်းဆီသို့ ရောက်ရှိဖူးကြသည်ဖြစ်ရာ၊ ၎င်းတို့၏ တည်ရှိမှုသည် အရပ်ရပ်မှ ပါရမီရှင်များ၏ စိတ်အာရုံထဲ၌ ကရုဏာတောင်ကို အနည်းနှင့်အများ မှတ်မိနေစေရန် လွယ်ကူစေပေလိမ့်မည်။
“ငါ မှတ်မိပြီ၊ မင်းတို့ ကရုဏာတောင်က လူတွေနဲ့ ငါ ကိုယ်တိုင်လည်း လက်ရည်ယှဉ် တိုက်ခိုက်ဖူးတယ်”
ဖေရန်ထူက ရုတ်တရက် အရာရာကို ပြန်လည်တွေးတောမိသွားပုံရပြီးနောက်၊ ထူးဆန်းဆန်းပြားစွာ ရယ်မောလိုက်ရင်း -
“မင်းတို့ လှုပ်ရှားတဲ့အခါကျရင် အဆုံးအစအထိ မတိုက်ဘဲ လမ်းခုလတ်တင် ရပ်တန့်တတ်ကြတာကိုး၊ ဒါကြောင့်လည်း အရပ်ရပ်က လူတွေက မင်းတို့ကို မျက်နှာသာ အနည်းငယ် ပေးကြတာပေါ့။
တကယ်လို့ အရင်ကသာ ဆိုရင်တော့၊ ငါ မင်းကို အသက်ရှင်လျက် ထွက်ခွာသွားခွင့် ပေးမိကောင်း ပေးမိလိမ့်မယ်။
ဒါပေမဲ့ ဒီနေ့ဒီအချိန်မှာတော့ မတူတော့ဘူး မင်းတို့ ဟင်းလင်းပြင်အဆင့်မြင့်ဟာမိတ်အဖွဲ့က တကယ့်ကို တစ်ဖက်သတ် ဖိနှိပ်လွန်းတယ်၊ ငါတို့ လင်ယောင်အဆင့်မြင့် မဟာမိတ်အဖွဲ့က မဟာသူတော်စင်ကြီးတွေကိုတောင် ဆုံးရှုံးရအောင်အထိ လုပ်ခဲ့ကြတာလေ။
ဒါကြောင့် ငါတို့ ရင်ထဲက အမုန်းတရားတွေ ပြေပျောက်သွားစေဖို့အတွက်၊ မင်းတို့ရဲ့ အသက်တွေကို တစ်ချောင်းပြီးတစ်ချောင်း မဟာသူတော်စင် ဂူသင်္ချိုင်းကြီးထဲကို သွေးမြေကျအောင် ဖြည့်သွင်းပေးရလိမ့်မယ် ”
စကားအဆုံး၌၊ ဖေရန်ထူသည် မည်သည့် ညှာတာထောက်ထားခြင်းမျှ မရှိဘဲ၊ တိုက်ရိုက်ပင် သတ်ဖြတ်ရန် လှုပ်ရှားလာခဲ့တော့သည်။
သူ ပေါက်ကွဲထွက်ပေါ်လာစေသည့် စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်၏ စွမ်းရည်သည်၊ အနည်းဆုံး မေဒေါင်ကွမ်း ငါးယောက်စာနှင့် ညီမျှနေပေသည်။
လျဲ့ချန်ကျူးထက်ပင် အနည်းငယ်မျှ ပိုမို၍ သန်မာနေသေး၏။
ဖန့်ချန်၏ စိတ်အာရုံက အနည်းငယ်မျှ လှုပ်ရှားသွားခဲ့ရသည်။
ဒါဆိုရင်……
ကရုဏာတံဆိပ်တော်ကို စမ်းသပ်ကြည့်ရမလား။
ထိုကဲ့သို့သော တည်ရှိမှုကို ရင်ဆိုင်ရရာတွင်၊ ကရုဏာတံဆိပ်တော်ကို အသုံးမပြုလျှင်ပင်၊ တစ်ဖက်လူကို နှိမ်နင်းသတ်ဖြတ်ရန် သူ့၌ သေချာပေါက် ယုံကြည်ချက် ရှိပေသည်။
သို့သော်လည်း ဆန်းပြားလှသော ထူးခြားစွမ်းပကားကြီးကို ရရှိခဲ့သည့် အချိန်မှစ၍၊ သူသည် ဤထူးခြားစွမ်းပကားကို တစ်ကြိမ်တစ်ခါမျှ အမှန်တကယ် ထုတ်ဖော်အသုံးပြုဖူးခြင်း မရှိသေးချေ။
ယင်း၏ စွမ်းပကားနှင့် ထိရောက်မှုအပေါ်တွင်လည်း အမှန်တကယ် သဘောပေါက်နားလည်ခြင်း မရှိသေးရာ၊ ယခုအချိန်သည် တကယ့်ကို ကောင်းမွန်လှသော အခွင့်အရေးတစ်ခု ဖြစ်ပေသည်။
“ဒါဆိုရင်တော့ စမ်းကြည့်ရတာပေါ့”
စိတ်ကူးပေါ်လာသည်နှင့်၊ ထူးခြားစွမ်းအားက ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပေသည်။
ခမ်းနားထည်ဝါလှသော အတွင်းကမ္ဘာကြီးအတွင်း၌၊ အတွင်းကမ္ဘာ အလင်းတန်းစွမ်းအားများက တစ်ခုပြီးတစ်ခု စဉ်ဆက်မပြတ် ဝေ့ဝဲလှုပ်ခတ်လာခဲ့ကြတော့သည်။
“ဒါပေမဲ့လည်း…… တကယ်လို့ တိုက်ပွဲပုံရိပ်ကို တစ်ယောက်ယောက်က ပြန်လည်ကြည့်ရှုတာမျိုး ရှိခဲ့ရင်၊ အာရုံစိုက်ခံရတာကတော့ ရှောင်လွှဲလို့ ရမှာ မဟုတ်ဘူး”
ထိုသို့ တွေးတောမိလိုက်သောအခါ၊ ဖန့်ချန်သည် နှလုံးသားထဲက စိတ်ကူးကို ပြန်လည်ဖျောက်ဖျက်လိုက်ပြီး၊ ဖေရန်ထူကို ရင်ဆိုင်ရန်အတွက် အခြားသော ထူးခြားစွမ်းပကား အနည်းငယ်ကိုသာ အလွယ်တကူ သုံးစွဲရန် ကြံရွယ်လိုက်တော့သည်။
သို့သော်လည်း ကရုဏာတံဆိပ်တော်က လှုံ့ဆော်ခြင်း ခံလိုက်ရပြီး ဖြစ်သလို၊ တစ်ချိန်တည်းမှာပင် ဖေရန်ထူက ဖန့်ချန်အပေါ် ပေးစွမ်းနေသည့် ခြိမ်းခြောက်မှုကိုပါ သတိပြုမိသွားခဲ့ပြီ ဖြစ်ပေသည်။
သူ့အနေဖြင့် ထူးခြားစွမ်းအားကို ပြန်လည်ရုပ်သိမ်းရန် ကြံရွယ်လိုက်သော်လည်း၊ ဖျော့တော့လှသော အငွေ့အသက်တစ်ခုကမူ အတွင်းကမ္ဘာကြီးအတွင်းမှ ယိုစိမ့်ထွက်ပေါ်သွားခဲ့ရပြီ ဖြစ်ပေ၏။
လေပြေညင်းလေးတစ်ခုက မျက်နှာကို ဖြတ်သန်းတိုက်ခတ်သွားသကဲ့သို့ပင်……
ရှေ့မှောက်ရှိ ပတ်ဝန်းကျင် အခြေအနေ အားလုံးက ရုတ်တရက် အေးခဲရပ်တန့်သွားခဲ့ရတော့သည်။
ဖေရန်ထူသည် ရပ်နေသည့် နေရာ၌ပင် စိုးစဉ်းမျှ မလှုပ်ရှားနိုင်တော့ဘဲ တည်ငြိမ်သွားခဲ့ရပြီး၊ သူ၏ စွမ်းအားကြီးကလည်း သူနှင့်အတူတူပင်၊ ရုပ်ဝတ္ထုမရှိသော စွမ်းအားတစ်ခုခု၏ ဖိနှိပ်ချုပ်ချယ်ခြင်းကို ခံလိုက်ရသကဲ့သို့ ရပ်တန့်သွားခဲ့ရတော့၏။
ထိုအတိုင်း ရှေးဦးအချိန်အနည်းငယ်မျှ ကြာမြင့်သွားခဲ့ပြီးနောက်၊ မျက်စိတစ်မှိတ်အတွင်းမှာပင်၊ သူနှင့် သူ၏ စွမ်းအား နှစ်ခုစလုံးသည် တစ်ခဏချင်းအတွင်းမှာပင် ပြာမှုန်အဖြစ်သို့ ပြောင်းလဲပျောက်ကွယ်သွားခဲ့ရတော့သည်။
အတွင်းကမ္ဘာကြီးသည်ပင် ဤဘေးဒုက္ခမှ ရှောင်လွှဲနိုင်ခြင်း မရှိခဲ့ဘဲ၊ မျက်စိဖြင့် မြင်တွေ့နိုင်သည့် နှုန်းထားဖြင့် ပြိုလဲပျက်စီးသွားခဲ့ရတော့သည်။
အားနည်းချို့တဲ့လှသော ဝိညာဉ်တစ်ခုသည် ဟင်းလင်းပြင်ထဲ၌ တည်ငြိမ်စွာ မတ်တတ်ရပ်နေခဲ့ပြီး၊ မျက်ဝန်းထဲ၌ အံ့ဩမှင်သက်ခြင်းနှင့် ဇဝေဇဝါဖြစ်ခြင်း အရိပ်အယောင်များ ပြည့်နှက်နေခဲ့ပေသည်။
ဖန့်ချန်သည် ဤဝိညာဉ်၏ တည်ရှိမှုကို အထင်အရှား မြင်တွေ့နေရသော်လည်း၊ မမြင်ချင်ယောင်ဆောင်၍သာ နေလိုက်သည်။
အဘယ်ကြောင့်ဆိုသော် ဝိညာဉ်ဖမ်း တမန်တော်တစ်ပါးက ဖေရန်ထူ၏ ဝိညာဉ်ဘေးနား၌ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သောကြောင့် ဖြစ်ပေသည်။
“ဒန်ရှီးကျောင်းတော်ရဲ့ အမာခံတပည့် ဖေရန်ထူလား…… နှမြောစရာကောင်းလိုက်တာ”
ထိုဝိညာဉ်ဖမ်း တမန်တော်က မိမိဘာသာ ရေရွတ်လိုက်ပြီးနောက်၊ ဖေရန်ထူကို ခေါ်ဆောင်ကာ ဤနေရာမှ ထွက်ခွာသွားခဲ့တော့သည်။
တိုက်ပွဲက ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပေသည်။
မကြာမီအချိန်အတွင်းမှာပင်၊ ဖန့်ချန်သည် ရွှေရောင်အလင်းတန်း၏ ခေါ်ဆောင်မှုကို ခံလိုက်ရပြီး ဤနေရာမှ ထွက်ခွာသွားခဲ့ကာ၊ စင်မြင့်ထက်ဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့ရတော့၏။
သူ၏ စိတ်အာရုံထဲ၌မူ၊ ခုနက ကရုဏာတံဆိပ်တော်၏ စွမ်းအားကို ထပ်ခါတလဲလဲ ပြန်လည်သုံးသပ်နေခဲ့မိဆဲ ဖြစ်ပေသည်။
နောက်ဆုံးတွင် အဖြေတစ်ခုတည်းကိုသာ ရရှိခဲ့တော့သည်။
ခြောက်ခြားဖွယ်ရာ ကောင်းလှသည်၊ အလွန်တရာ တုန်လှုပ်ခြောက်ခြားဖွယ်ရာ ကောင်းလှပေစွ
ဤကရုဏာတံဆိပ်တော် ဟု ခေါ်ဝေါ်သည့်အရာသည်၊ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်သတ်ဖြတ်ခြင်း စွမ်းအားကြီးကို ပိုင်ဆိုင်ထားခြင်း ဖြစ်ပေသည်။
သူ အခုလက်ရှိ ပိုင်ဆိုင်ထားသည့် အခြားသော နတ်ဘုရားစွမ်းရည်မျိုးစုံထက်ပင် အပြတ်အသတ် သာလွန်နေသေး၏။
ရှစ်မျက်အရပ် ဓားကျမ်းသည်ပင်၊ ယင်းနှင့် ယှဉ်လျှင် အနည်းငယ်မျှ မှေးမှိန်သွားရပေလိမ့်မည်။
“ကျန်ရစ်နေတဲ့ အငွေ့အသက် အနည်းငယ်လေး တင်၊ ဒန်ရှီးကျောင်းတော်ရဲ့ အမာခံတပည့် တစ်ယောက်ကို အစအနမကျန် အသက်ပျောက်သွားစေခဲ့တာပဲ။
ဒီလို တည်ရှိမှုမျိုးက အပြင်လောကမှာဆိုရင်၊ အဆင့်ကျော်ပြီး သာမန် စွမ်းအင်စုစည်းခြင်း အလယ်အလတ်အဆင့် သူတော်စင်တွေနဲ့ လက်ရည်ယှဉ် တိုက်ခိုက်နိုင်စွမ်း ရှိရမှာ။
ဆိုလိုတာက၊ ငါ အခုလက်ရှိ ပိုင်ဆိုင်ထားတဲ့ စွမ်းအားတွေကိုသာ အကုန်လုံး ထုတ်သုံးလိုက်မယ်ဆိုရင်……
ကျောင်းတော်ရဲ့ စွမ်းအင်စုစည်းခြင်း အလယ်လတ်အဆင့်တွေနဲ့တောင် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပြီပေါ့အပြင်လောကမှာဆိုရင်တော့……”
ဖန့်ချန်က တဖြည်းဖြည်းချင်း နားလည်သဘောပေါက်လာခဲ့ရသည်။
သူ၏ အခုလက်ရှိ အခြေခံအုတ်မြစ်သည် မသိမသာအတွင်းမှာပင်၊ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အဆင့်အတန်းတစ်ခုဆီသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်ပေသည်။
သူတော်စင်အဆင့်အတန်းအတွင်း၌ပင် အဆင့်ကျော်၍ တိုက်ခိုက်နှိမ်နင်းနိုင်စွမ်း ရှိနေခဲ့ပြီ ဖြစ်၏။
သူ၏ အကန့်အသတ်က ဘယ်လောက်အထိလဲ ဆိုသည်ကိုမူ၊ သူကိုယ်တိုင်လည်း စမ်းသပ်ကြည့်ရခြင်း မရှိသေးချေ။
“ဒါတွေအားလုံးက၊ အရပ်ရပ်က ကံတရားတွေကြောင့် ရရှိလာတဲ့ အသာစီးရမှုတွေအပြင်၊ အဓိကကတော့ ငါ့ရဲ့ ထူးခြားလှတဲ့ ဝိညာဉ်စွမ်းအားကြောင့်ပဲ ဖြစ်ရမယ်……”
ဖန့်ချန်က တည်ငြိမ်စွာ တွေးတောဆင်ခြင်နေခဲ့မိသည်။
အချိန်ကာလ တရွေ့ရွေ့ ကုန်ဆုံးသွားသည်နှင့်အမျှ၊ တိုက်ပွဲပြီးဆုံးသွားသည့် သူတော်စင်များက ပိုမို၍ များပြားလာခဲ့သည်။
သူ့ပတ်ဝန်းကျင်သည်လည်း တဖြည်းဖြည်းချင်း ပြန်လည်စည်ကားလာခဲ့ရတော့၏။
ရွှေရောင်အလင်းတန်းတစ်ခု ဖြတ်ပြေးသွားခဲ့ပြီးနောက်၊ ဂျန်ဝမ်က ဖန့်ချန်၏ ပတ်ဝန်းကျင်အနီး၌ ထွက်ပေါ်လာခဲ့သည်။
သူသည် ယခုအချိန်တွင် အနည်းငယ်မျှ နွမ်းလျဖရိုဖရဲ ဖြစ်နေခဲ့ရပြီး၊ ကိုယ်ခန္ဓာထက်၌ ပြင်းထန်သော တိုက်ပွဲကို ဖြတ်သန်းခဲ့ရသည့် အမှတ်အသားများ ပြည့်နှက်နေခဲ့ပေသည်။
သူသည် ဖန့်ချန်က တိုက်ပွဲကို စောစီးစွာ ပြီးဆုံးထားခဲ့ပြီး ဖြစ်သည်ကို မြင်တွေ့လိုက်ရသည့်အပြင်၊ ကိုယ်ခန္ဓာထက်၌လည်း မည်သည့် တိုက်ပွဲအမှတ်အသားမျှ စိုးစဉ်းမျှ ထွက်ပေါ်နေခြင်း မရှိသည်ကို သတိပြုမိလိုက်ရသောအခါ၊ မျက်နှာအမူအရာက မလွဲမသွေ အနည်းငယ်မျှ ပြောင်းလဲသွားခဲ့ရတော့၏။
“ဖန့်အစ်ကိုကြီး…… မင်းရဲ့ ပြိုင်ဘက်က ဒန်ရှီးကျောင်းတော်ရဲ့ အမာခံတပည့် ဖေရန်ထူ မဟုတ်ဘူးလား”
ဂျန်ဝမ်က မသိစိတ်အလျောက် မေးမြန်းလိုက်မိသည်။
“ဟုတ်တယ်လေ”
ဖန့်ချန်က ခပ်ဖျော့ဖျော့ ခေါင်းညိတ်ပြလိုက်၏။
“ဒါပေမဲ့……”
ဂျန်ဝမ်၏ မျက်နှာအမူအရာက ထူးခြားသွားခဲ့ရပြီး၊ ယခုတစ်ကြိမ် တိုက်ပွဲ၏ အသေးစိတ်ရလဒ်များ ထွက်ပေါ်လာမည့် အချိန်ကို စောင့်ဆိုင်းကာ၊ ဖန့်ချန်၏ တိုက်ပွဲပုံရိပ်ကို ပြန်လည်ကြည့်ရှုရန် စီစဉ်လိုက်တော့သည်။
မသေမချင်း တိုက်ခိုက်ရသည့် တိုက်ပွဲမျိုး၌၊ ရှေ့မှောက်က လူသည် မည်သို့ဖြစ်၍ မည်သည့် ဒဏ်ရာဒဏ်ချက်မျှ မရရှိဘဲ နေနိုင်ရသနည်း။ တစ်ဖက်လူနဲ့ လုံးဝ မတိုက်ခိုက်ခဲ့ရသလိုမျိုး ဖြစ်နေသည် မဟုတ်ပါလား။
နောက်ထပ် တစ်ရက် ကုန်ဆုံးသွားခဲ့ပြန်၏။
ကျောက်ယွီချင်သည်လည်း တိုက်ပွဲကို ပြီးဆုံး၍ ပြန်လည်ရောက်ရှိလာခဲ့သည်။
သူမသည် ဖန့်ချန်က အသက်ရှင်လျက် ရှိနေဆဲ ဖြစ်သည်ကို မြင်တွေ့လိုက်ရသောအခါ၊ စကားပြောဆိုမှုအတွင်းရှိ တက်ကြွမှုက အများကြီး ပိုမိုမြင့်တက်သွားခဲ့ရသည်။
နောက်ဆုံးတွင်၊ တိုက်ပွဲ၏ အသေးစိတ်ရလဒ်များ ပိတ်ကားချပ်ကြီးထက်၌ ထွက်ပေါ်လာခဲ့သည့် အချိန်၌မူ၊ ဖန့်ချန်သည် မိမိတို့ ပတ်ဝန်းကျင်ရှိ သူတော်စင်အများအပြား ပြန်လည်ထွက်ပေါ်လာခြင်း မရှိတော့သည်ကို စူးရှစွာ သတိပြုမိလိုက်ရ၏။
ဒါက သူတို့အနေဖြင့် တိုက်ပွဲအတွင်း၌ သေဆုံးသွားခဲ့ရပြီ ဖြစ်ကြောင်း အထင်အရှား ပြသနေခြင်း ဖြစ်ပေသည်။
မလှမ်းမကမ်းရှိ လျဲ့ယွမ်လုံသည်မူ၊ တစ်ဖက်မှ ချီစုပ်ယူလျက် ကိုယ်ခန္ဓာထက်က ဒဏ်ရာများကို ကုသနေရင်း၊ တစ်ဖက်မှလည်း မိမိ ထိုတစ်ကြိမ် ရင်ဆိုင်ခဲ့ရသည့် ပြိုင်ဘက်က ဘယ်လောက်တောင် သန်မာကြောင်းကို အခြားသူများကို လက်ဟန်ခြေဟန်ဖြင့် မြူးတူးစွာ ပြောပြနေခဲ့ပေသည်။
ထိုအချိန်တွင် ဂျန်ဝမ်က ရုတ်တရက် လန့်ဖျန့်စွာ အော်ဟစ်လိုက်မိ၏။
ဖန့်ချန်နှင့် စကားပြောဆိုနေသည့် ကျောက်ယွီချင်က မျက်မှောင်ကြုတ်လိုက်မိပြီး -
“ဂျန်ဝမ်…… ဘာဖြစ်လို့ ဒီလောက်တောင် လန့်ဖျန့်နေရတာလဲ၊ အခြားလူတွေ မြင်ရင် ငါတို့ ရွှေဟွေးကျောင်းတော်ရဲ့ တပည့်တွေက ဒီလို ပုံစံမျိုးတွေချည်းပဲလို့ ထင်ကုန်ကြဦးမယ်”
“ကျောက်အစ်မကြီး…… ကျွန်တော်…… ကျွန်တော်……”
ဂျန်ဝမ်က စကားများကို ထစ်ထစ်ငေါ့ငေါ့ ဆိုလိုက်မိရင်း၊ မျက်လုံးထောင့်မှတစ်ဆင့် ဖန့်ချန်ကို လှမ်းကြည့်လိုက်ရာ၊ မျက်ဝန်းထဲ၌ ထင်ရှားလှသော ကြောက်ရွံ့တုန်လှုပ်ခြင်း အရိပ်အယောင်တစ်ခု ထွက်ပေါ်နေခဲ့ပေသည်။
“ဘာဖြစ်လို့လဲ”
ကျောက်ယွီချင်၏ စိတ်အာရုံက လှုပ်ရှားသွားခဲ့ရပြီး၊ အခြေအနေက တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိလိုက်ရ၏။
ဂျန်ဝမ်က အသက်ကို ပြင်းပြင်းရှူလိုက်မိရင်း၊ ပိတ်ကားချပ်ကြီးထက်က အသေးစိတ် တိုက်ပွဲရလဒ်ကို လှမ်းကြည့်လိုက်တော့သည်။
ဖန့်ချန်နှင့် ဖေရန်ထူ၏ စာကြောင်းကို ကြည့်လိုက်ရာ၊ ဖေရန်ထူ၏ နာမည်က လုံးဝ မီးခိုးရောင်အဖြစ် ပြောင်းလဲသွားခဲ့ရပြီ ဖြစ်ပေသည်။
ထို့ပြင် တိုက်ပွဲပုံရိပ်ကို ပြန်လည်ကြည့်ရှုရန် နှိပ်၍လည်း မရနိုင်တော့ချေ။
တိုက်ပွဲအတွင်း၌ တစ်ဖက်ဖက်က သေဆုံးသွားခဲ့မှသာလျှင်၊ အခြားသူများကို တိုက်ပွဲပုံရိပ် ပြန်လည်ကြည့်ရှုခွင့်ကို ပိတ်ပင်တားဆီးထားခြင်း ဖြစ်ပေသည်။
ဒါက တိုက်ခိုက်ခဲ့ကြသည့် နှစ်ဖက်စလုံး၏ လျှို့ဝှက်ချက်များကို ကာကွယ်ပေးရန်နှင့်၊ မိမိတို့၏ အစီအမံများကို အခြားသူများ မြင်တွေ့သွားခြင်းမှ ရှောင်လွှဲနိုင်ရန်အတွက် ဖြစ်ပေသည်။
“ဖန့်ချန်……နင့်ရဲ့ ပြိုင်ဘက်က သေသွားတာလား”
ကျောက်ယွီချင်က အနည်းငယ်မျှ မယုံကြည်နိုင် ဖြစ်သွားခဲ့ရသည်။
အားလုံးက အမာခံတပည့်ချင်း အတူတူပင် ဖြစ်ရာ, အမာခံတပည့်နှင့် အမာခံတပည့်တို့၏ တိုက်ပွဲအတွင်း၌၊ ဤမျှလောက် လွယ်လွယ်ကူကူဖြင့် အသက်ပျောက်သွားသည့် အခြေအနေမျိုး ဘယ်လိုလုပ်ပြီး ဖြစ်ပေါ်နိုင်ပါ့မလဲ။
ပိုပြီးတော့ အရေးကြီးတာက၊ သေဆုံးသွားတဲ့သူက ဒန်ရှီးကျောင်းတော်ရဲ့ အမာခံတပည့် ဖြစ်နေခြင်းပဲ။
ထိုကျောင်းတော်၏ အခြေခံအုတ်မြစ်က၊ ရွှေဟွေးကျောင်းတော်ထက် အများကြီး ပိုမို၍ သန်မာကျယ်ပြန့်လှပေသည် မဟုတ်ပါလား။
“ကံကောင်းသွားတာပါ၊ ငါ့ရဲ့ အဲဒီပြိုင်ဘက်ရဲ့ အခြေအနေက တစ်ခုခု မှားယွင်းနေပုံရတယ်”
ဖန့်ချန်က ပြုံးလျက် -
“သူက ငါ့ကို သတ်ချင်နေတာဆိုတော့၊ ငါလည်း အစွမ်းကုန် လှုပ်ရှားလိုက်ရတော့တာပေါ့”
“အခြေအနေ မှားယွင်းနေတာ ဟုတ်လား ဒါဆိုရင် ပြီးခဲ့တဲ့ တိုက်ပွဲတုန်းက ဒဏ်ရာရထားခဲ့တာ ဖြစ်နိုင်တာပဲ”
ကျောက်ယွီချင်၏ မျက်နှာအမူအရာက တစ်မျိုးဖြစ်သွားခဲ့ရသော်လည်း၊ ချက်ချင်းပင် ဂုဏ်ပြုစကား ဆိုလိုက်သည်။
“ဖန့်ချန်…… ဂုဏ်ယူပါတယ်၊ အမာခံတပည့် တစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့တာက၊ မှတ်တမ်းရမှတ်တွေကို အများကြီး တိုးတက်စေနိုင်လိမ့်မယ်။ အခုတစ်ကြိမ် ကောင်းကင်ငါးပါး စစ်တလင်း ပြီးဆုံးသွားတာနဲ့၊ နင့်ရဲ့ အဆင့်အတန်းက ရွှေဟွေးကျောင်းတော်ရဲ့ တူညီတဲ့ အဆင့်အတန်းတပည့်တွေထဲမှာ အရှေ့က အယောက်နှစ်ရာအတွင်းကို သေချာပေါက် ဝင်ရောက်သွားနိုင်လိမ့်မယ်”
အမှန်တကယ်တော့၊ သူမအနေဖြင့် ဖန့်ချန်၏ စွမ်းရည်က ရွှေဟွေးကျောင်းတော်၏ တူညီသောအဆင့်အတန်းအတွင်း၌ အရှေ့က အယောက်တစ်ရာအတွင်းသို့ ဝင်ရောက်ရန် မျှော်လင့်ချက် ရှိနိုင်သည်ကို သိရှိထားပေသည်။
သို့သော်လည်း မှတ်တမ်းရမှတ်ဟူသည်မှာ စုဆောင်းရယူရသည့် အရာမျိုး ဖြစ်သဖြင့်၊ တိုက်ပွဲတစ်ပွဲနှစ်ပွဲမျှဖြင့် အရှေ့ဆုံးတန်းဆီသို့ ချက်ချင်း ခုန်တက်သွားနိုင်ရန်မှာမူ မဖြစ်နိုင်ချေ။
သူမ၏ စကားသံ ဆုံးရုံတင်ရှိသေး၊ ကောင်းကင်ယံထက်၌ ခမ်းနားထည်ဝါလှသော လူရိပ်ကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်ကို မြင်တွေ့လိုက်ကြရတော့၏။
“ကြီးကြပ်စစ်ဆေးရေးမှူးကြီး”
သူတော်စင်အပေါင်းတို့က ထိတ်လန့်တုန်လှုပ်သွားခဲ့ကြရပြီး၊ အလျင်အစလို ဦးညွှတ် အလေးပြုလိုက်ကြတော့သည်။
“ရွှေဟွေးကျောင်းတော်က ဖန့်ချန် လား”
ထိုသူက တည်ငြိမ်စွာ ဆိုလိုက်၏။
“ကျွန်တော်ပါပဲခင်ဗျာ”
ဖန့်ချန်က လက်အုပ်ချီ ဦးညွှတ်လိုက်ရင်း၊ ထိုသူ့ထံမှ ထွက်ပေါ်နေသည့် နက်ရှိုင်းလှသော အငွေ့အသက်ကြီးကို မရေမရာမျှ ခံစားလိုက်မိပေသည်။
“အခုတစ်ကြိမ် မင်းရဲ့ ကျင့်ကြံခြင်း အဆင့်အတန်းအပေါ် ဆန်းစစ်ချက်က မှားယွင်းနေခဲ့တယ်၊ ဒါကြောင့် မင်းရဲ့ အခုတစ်ကြိမ် ကောင်းကင်ငါးပါး စစ်တလင်း တိုက်ခိုက်ခွင့် အရည်အချင်းကို ယာယီရပ်ဆိုင်းလိုက်တယ်၊ မင်း ပြန်လည်ထွက်ခွာလိုက်တော့”
ထိုသူက စကားအဆုံး၌၊ လက်ကို အသာအယာ ဝေ့ယမ်းလိုက်ရာ၊ ဖန့်ချန်၏ လူရိပ်သည် စင်မြင့်ထက်မှ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့ရတော့ပေသတည်း။
ကျောက်ယွီချင်နှင့် ဂျန်ဝမ်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လျက် မှင်သက်ကျန်ရစ်ခဲ့ကြရပြီး၊ ဘာအကြောင်းအရာများ ဖြစ်ပျက်သွားခဲ့သည်ကို စိုးစဉ်းမျှ သဘောပေါက်ခြင်း မရှိကြတော့ချေ။
အခန်း (၂၁၀၄) ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခြင်း
ဟင်းလင်းပြင် ငါးပါးနန်းတော်၏ အပြင်ဘက်၌……
ကြီးကြပ်စစ်ဆေးရေးမှူး အောက်ဝူဖားသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် တည်ငြိမ်စွာ မတ်တတ်ရပ်နေခဲ့ပေသည်။
လွန်ခဲ့သော ခဏချင်းအတွင်းမှာပင်၊ သူသည် ရွှေဟွေးကျောင်းတော် လူသားမျိုးနွယ်စု ကျောင်းဆောင်မှ တစ်စုံတစ်ယောက်သည် မရိုးမသား ပြုလုပ်ခဲ့သည်ဟူသော သတင်းစကားကို လက်ခံရရှိခဲ့၏။
မည်သည့် နည်းလမ်းကို အသုံးပြုခဲ့သည်မသိဘဲ၊ ငါးပါးစစ်တလင်း ကြီးကြပ်ကွပ်ကဲသူ၏ မျက်စိကို ကွယ်အောင် ဖုံးကွယ်ကာ၊ မိမိ၏ ကျင့်ကြံခြင်း အဆင့်အတန်းကို ဖုံးကွယ်ထားခဲ့သည်။
ထိုအကြောင်းကြောင့် ဒန်ရှီးကျောင်းတော်၏ အမာခံတပည့်တစ်ယောက် သွေးမြေကျ သေဆုံးသွားခဲ့ရခြင်း ဖြစ်ပေသည်။
ဒန်ရှီးကျောင်းတော်သည် ဤအကြောင်းအရာကို ကြားသိရပြီးနောက်၊ ပြင်းထန်သော ကန့်ကွက်မှုကို ထုတ်ဖော်ပြောဆိုလာခဲ့ပြီ ဖြစ်ပေသည်။
ရွှေဟွေးကျောင်းတော်အနေဖြင့် ထိုကိစ္စကို အစအဆုံး သေချာစွာ စုံစမ်းစစ်ဆေးပြီး၊ ကျေနပ်လောက်သော အဖြေတစ်ခု ပေးရန် တောင်းဆိုလာခဲ့ကြ၏။
ဤတာဝန်သည် မလွဲမသွေပင် ကြီးကြပ်စစ်ဆေးရေးမှူး ဖြစ်သော သူ၏ခေါင်းပေါ်သို့ ကျရောက်လာခဲ့ရတော့သည်။ အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်စု ကျောင်းဆောင်သည်လည်း သူ တာဝန်ယူကြီးကြပ်ရသည့် ကျောင်းဆောင်များထဲမှ တစ်ခု ဖြစ်နေသောကြောင့် ဖြစ်ပေသည်။
“ကျင့်ကြံခြင်း အဆင့်အတန်းကို ဖုံးကွယ်ထားတယ် ဟုတ်လား။ ဘယ်သူက ဒီလောက်တောင် စည်းကမ်းမရှိ ဖြစ်နေရတာလဲ……”
“ဒါပေမဲ့လည်း…… အဲဒီ ကြီးကြပ်ကွပ်ကဲသူတွေရဲ့ စွမ်းရည်မျိုးနဲ့ဆိုရင်၊ ဘယ်လိုလုပ်ပြီး အဖုံးကွယ်ခံလိုက်ရတာလဲ……”
“တကယ့်ကို ထူးဆန်းလှချေလားကွာ……”
အောက်ဝူဖားက တိုးညှင်းစွာ ရေရွတ်လိုက်မိ၏။
ထိုအချိန်တွင် သူ မော့ကြည့်လိုက်ရာ၊ ဘာအကြောင်းမှန်း မသိဘဲ ဇဝေဇဝါ ဖြစ်နေသည့် ဖန့်ချန်သည် ဟင်းလင်းပြင် ငါးပါးနန်းတော်အတွင်းမှ လှမ်းလျှောက်ထွက်လာသည်ကို မြင်တွေ့လိုက်ရတော့သည်။
“မင်းကိုး……”
အောက်ဝူဖားက ဖန့်ချန်ကို မှတ်မိပေသည်။
လွန်ခဲ့သော ရက်အနည်းငယ်က ကျိုကျိတောင်နှင့် ကရုဏာတောင်တို့၏ တိုက်ပွဲအခမ်းအနားကြီး ဖြစ်ပွားခဲ့ရခြင်းမှာ၊ ဤသူငယ်ကြောင့် မဟုတ်ပါလား။
“ဖန့်ချန်၊ စီနီယာကြီးကို နှုတ်ဆက်ပါတယ်”
ဖန့်ချန်ကလည်း အောက်ဝူဖားကို မှတ်မိပေသည်။ သူသည် ကောင်းကင်နိမိတ်ဖြစ်စဥ် သူတော်စင်တစ်ပါး ဖြစ်ပြီး၊ ကျင့်ကြံခြင်း စွမ်းအားက နက်ရှိုင်းလှသလို ကြီးကြပ်စစ်ဆေးရေးမှူးလည်း ဖြစ်ရာ၊ အဆင့်အတန်းက နင်အကြီးကဲထက်ပင် တစ်ဆင့် ပိုမိုမြင့်မားပုံရပေသည်။
“ငါ ခုနတင် သတင်းရတယ်၊ မင်းက ကျင့်ကြံခြင်း အဆင့်အတန်းကို ဖုံးကွယ်ထားတယ်လို့ ပြောနေကြတယ်။ မင်းက စွမ်းအင်စုစည်းခြင်း အလယ်လတ်အဆင့်လား။ ဒါမှမဟုတ် စွမ်းအင်စုစည်းခြင်း နောက်ပိုင်းအဆင့်လား”
အောက်ဝူဖား၏ မျက်နှာအမူအရာက ရုတ်တရက် အုံ့မှိုင်းသွားခဲ့ရပြီး၊ မျက်ဝန်းများက အေးစက်စူးရှလာခဲ့သည်။
“မင်း အမှန်အတိုင်း ပြောစမ်း၊ ဒါက မင်းရဲ့ဆရာ ရှူရှန့် လုပ်ပေးလိုက်တဲ့ လှည့်ကွက် မဟုတ်လား။”
“ဒီကိစ္စက တကယ့်ကို ဆိုးဝါးလွန်းတယ်၊ မင်းက ဒန်ရှီးကျောင်းတော်ရဲ့ အမာခံတပည့်တစ်ယောက်ကိုပါ သတ်ဖြတ်ခဲ့သေးတာ။ သတိမထားမိရင်၊ အလွန်တရာ ပြင်းထန်တဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ ဖြစ်ပေါ်လာနိုင်တယ် ”
“တစ်ဖက်လူတွေကတော့ အခု ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချနေကြပြီ ”
ဖန့်ချန်သည် အချိန်အတော်ကြာအောင် နှုတ်ဆိတ်နေခဲ့ပြီးမှ၊ ဖြည်းညှင်းစွာ ဆိုလိုက်သည်။
“တပည့်က စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့တာ မကြာသေးပါဘူး၊ ဘယ်ကနေပြီး ကျင့်ကြံခြင်း အဆင့်အတန်းကို ဖုံးကွယ်ထားရမှာလဲ”
အောက်ဝူဖား၏ စိတ်အာရုံက လှုပ်ရှားသွားခဲ့ရပြီး၊ သူ၏ လက်ထဲ၌ ရုတ်တရက် ရွှေရောင်တောက်ပလှသော စာအုပ်တစ်အုပ် ပေါ်လာခဲ့ကာ၊ ယင်းအပေါ်၌ အသာအယာ တစ်ချက် တို့ထိလိုက်တော့သည်။
သူသည် ထိုစာအုပ်ထက်တွင် ဖန့်ချန်၏ အသေးစိတ် အချက်အလက်များအားလုံးနှင့်တကွ၊ ရွှေဟွေးကျောင်းတော်သို့ မည်သည့်အချိန်တွင် ရောက်ရှိလာခဲ့သည်ကို ချက်ချင်းပင် မြင်တွေ့လိုက်ရ၏။
“နှစ်ပေါင်း ရှစ်ရာကျော်ပဲ ရှိသေးတာလား။ ဒါဆိုရင် စွမ်းအင်စုစည်းခြင်း နောက်ပိုင်းအဆင့်တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ တကယ်လို့ စွမ်းအင်စုစည်းခြင်း အလယ်လတ်အဆင့် ဆိုရင်တော့……”
အောက်ဝူဖားသည် ရုတ်တရက် လက်တစ်ဖက်ကို လွှဲယမ်းလိုက်တော့သည်။
ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကြီးက မျက်စိတစ်မှိတ်အတွင်းမှာပင် ဖန့်ချန်၏ ကိုယ်ခန္ဓာထက်သို့ ဖိနှိပ်ချုပ်ချယ်ကာ ကျရောက်လာခဲ့ရ၏။
ဖန့်ချန်သည် မိမိ၏ အတွင်းကမ္ဘာကြီးကို ဖွင့်လှစ်ကာ ထိုသူနှင့် အဆုံးအစအထိ ယှဉ်ပြိုင်တိုက်ခိုက်ရန် ဆံခြည်မျှင်တစ်ဦးစာမျှသာ လိုတော့သော်လည်း၊ ကံကောင်းထောက်မစွာဖြင့် အတင်းအကျပ် ပြန်လည်နှိပ်ကွပ်ကာ အောင့်အီးသည်းခံလိုက်ရပေသည်။
သူသည် ဤကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကြီး၏ ဝန်းရံခြင်းကို ခံရကာ၊ တစ်ကိုယ်လုံးကို စိစစ်စစ်ဆေးခြင်း ခံလိုက်ရတော့သည်။
ရှေးဦးအချိန်အနည်းငယ်မျှ ကုန်ဆုံးသွားပြီးနောက်၊ အောက်ဝူဖားက ဒေါသတကြီးဖြင့် -
“မင်းက အထင်အရှား စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့် သက်သက်ပဲဥစ္စာ ဒန်ရှီးကျောင်းတော်ဘက်က မင်းကို မတရား စွပ်စွဲပြီး၊ ငါတို့ ရွှေဟွေးကျောင်းတော်ကို တမင်တကာ သိက္ခာချဖို့ လုပ်နေတာပဲ ”
“အတွင်းက ကြီးကြပ်ကွပ်ကဲသူတွေကကော ဘယ်လိုမျိုး အလုပ်လုပ်နေကြတာလဲ၊ မင်းရဲ့ ကျင့်ကြံခြင်း အဆင့်အတန်းကိုတောင် သဲသဲကွဲကွဲ ခွဲခြားနိုင်ခြင်း မရှိကြဘူးလား ”
“မင်း ဒီနေရာမှာပဲ ခဏစောင့်နေ၊ ငါ အခုချက်ချင်း သွားပြီး မေးမြန်းလိုက်ဦးမယ် ”
စကားအဆုံး၌၊ အောက်ဝူဖာသည် ခြေလှမ်းကျဲကြီးများဖြင့် ဟင်းလင်းပြင် ငါးပါးနန်းတော်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားခဲ့တော့သည်။
ဖန့်ချန်ကမူ ဤအတိုင်းပင် တည်ငြိမ်စွာ မတ်တတ်ရပ်လျက် စောင့်ဆိုင်းနေခဲ့မိတော့၏။
……
……
စင်မြင့်ထက်၌……
ဖန့်ချန် ခေါ်ဆောင်ခြင်း ခံလိုက်ရပြီးနောက်၊ ကျောက်ယွီချင်နှင့် ဂျန်ဝမ်တို့သည်လည်း လေးနက်လှသော တွေးတောဆင်ခြင်မှုတစ်ခုအတွင်းသို့ ကျရောက်သွားခဲ့ကြရတော့သည်။
ဆန်းစစ်ချက် မှားယွင်းခြင်း
ဒါက ထိုကြီးကြပ်ကွပ်ကဲသူသည် ဖန့်ချန်ကို မပို့ဆောင်မီ၊ ချန်လှပ်ထားခဲ့သည့် စကားလုံးများ ဖြစ်ပေသည်။
ထို့ပြင် ဖေရန်ထူသည်လည်း အသက်ပျောက် သေဆုံးသွားခဲ့ပြီ ဖြစ်သည်ကို ပြန်လည်တွေးတောမိလိုက်ကြသောအခါ……
၎င်းတို့သည် ဤစကားလုံးလေးလုံး၏ အနက်အဓိပ္ပာယ်အစစ်အမှန်ကို တဖြည်းဖြည်းချင်း ခံစားမိသွားကြရပြီ ဖြစ်သည်။
“ဖန့်ချန်ရဲ့ ကျင့်ကြံခြင်း အဆင့်အတန်းက…… တကယ်တမ်းကျတော့ စွမ်းအင်စုစည်းခြင်း အလယ်လတ်အဆင့်များ ဖြစ်နေမလား။ နည်းလမ်းတစ်ခုခုကို အသုံးပြုပြီးတော့မှ၊ ဖုံးကွယ်ထားခဲ့တာလား……”
ကျောက်ယွီချင်က တိုးညှင်းစွာ ရေရွတ်လိုက်မိသည်။
ဂျန်ဝမ်က မှင်သက်သွားခဲ့ရပြီး၊ မသိစိတ်အလျောက် ဆိုလိုက်မိသည်။
“မဖြစ်နိုင်လောက်ပါဘူး၊ ကျွန်တော် ကြားတာတော့ သူ ရွှေဟွေးကျောင်းတော်ကို ဝင်ရောက်ခဲ့တဲ့ သက်တမ်းကလည်း မကြာသေးဘူးတဲ့၊ ကျွန်တော်နဲ့ တစ်သုတ်တည်းပဲ……”
“နင်နဲ့ တစ်သုတ်တည်း ဟုတ်လား။ သူက စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်ကို ရောက်နေပြီ၊ နင်ကျတော့……”
ကျောက်ယွီချင်က ဂျန်ဝမ်ကို မျက်စောင်းတစ်ချက် ထိုးလိုက်တော့သည်။
ဂျန်ဝမ်က တိုးညှင်းစွာဖြင့် -
“ကျွန်တော်က အခြေခံအုတ်မြစ်ကို သေချာစုဆောင်းနေလို့ပါ အရာရာ အဆင်သင့်ဖြစ်ပြီ ဆိုမှ၊ တစ်ချက်တည်းနဲ့ ဖောက်ထွက်ဖို့ စီစဉ်ထားတာ။ ကျွန်တော့်မှာ အမှန်တကယ် ဖောက်ထွက်နိုင်စွမ်း ရှိနေပါပြီ၊ ဒါ့အပြင်……စင်ကြယ်သော ဗောဓိသီးကိုလည်း စောင့်ဆိုင်းချင်နေသေးလို့ပါ……”
“ဒါကတော့ ဟုတ်တာပေါ့၊ စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်ကျမှ စင်ကြယ်သော ဗောဓိသီးကို သုံးစွဲတာက၊ တစ်ပိုင်းသူတော်စင် အဆင့်မှာ သုံးစွဲတာလောက် အကျိုးသက်ရောက်မှု မကောင်းနိုင်ဘူးလေ။”
ကျောက်ယွီချင်က မသိစိတ်အလျောက် ခေါင်းညိတ်လိုက်မိ၏။
အခြားတစ်ဖက်တွင်မူ……
“ဟားဟားဟားဟား ဖန့်ချန် သေသွားပြီကွ ဟားဟားဟားဟား ”
မေဒေါင်ကွမ်းသည် ထိုရုတ်တရက် မီးခိုးရောင်အဖြစ် ပြောင်းလဲသွားသည့် နာမည်ကို ကြည့်ရင်း၊ မထိန်းချုပ်နိုင်ဘဲ အကျယ်ကြီး အော်ဟစ်ရယ်မောလိုက်တော့သည်။
ပတ်ဝန်းကျင်ရှိ သူတော်စင်များကမူ စက်ဆုပ်ရွံရှာဖွယ်ရာ မျက်နှာအမူအရာများဖြင့် လှမ်းကြည့်လိုက်ကြပြီး၊ ဤလူသည် တကယ့်ကို နားငြီးလှသည်ဟု ခံစားမိကာ၊ လက်ဝါးတစ်ချက်ဖြင့် ရိုက်သတ်ပစ်ချင်စိတ် ပေါက်သွားကြရတော့သည်။
“အမာခံတပည့်တစ်ယောက်နဲ့ အတူတူ သေဆုံးသွားနိုင်တာကလည်း၊ မင်းအတွက်တော့ ဂုဏ်ယူစရာ အချက်တစ်ခုပါပဲ။ ဒါပေမဲ့ နှမြောစရာကောင်းတာကတော့၊ နောက်လာမယ့် နေ့ရက်တွေမှာ၊ မင်းက ငါ့ရဲ့ စိတ်နှလုံးကျောက်ဆောင် ဖြစ်လာတော့မှာ မဟုတ်ဘူး။”
မေဒေါင်ကွမ်းက ရုတ်တရက် ရယ်မောခြင်းကို ရပ်တန့်လိုက်ပြီး၊ မျက်နှာထက်က အမူအရာက အလွန်တရာ တည်ငြိမ်အေးစက်သွားခဲ့ရကာ၊ မိမိဘာသာ တိုးညှင်းစွာ ပြောဆိုလိုက်တော့သည်။
သူ့အပြင်၊ ဖန့်ချန်ကို အစဉ်အမြဲ အာရုံစိုက်နေခဲ့ကြသည့် ကျိလင်၊ချိုင်စစ်ရှို၊ လုကျိုဝမ်၊ ဝူချုံး၊ ချင်ထောင် နှင့် တုန်းဖန်းဟို့ စသည့်သူများ အားလုံးကလည်း၊ ဖန့်ချန်၏ နာမည်သည် မီးခိုးရောင်အဖြစ် ပြောင်းလဲသွားခဲ့သည်ကို မြင်တွေ့လိုက်ကြရပြီ ဖြစ်ပေသည်။
“ကရုဏာတောင်က ဖန့်ချန်…… သေသွားတာလား”
ထိုက်ရှီဝမ်းကျန်းသည် အခြားသော မျိုးနွယ်စု သူတော်စင်များ၏ အလယ်တွင် မတ်တတ်ရပ်နေခဲ့ရင်း၊ ကောင်းကင်ယံထက်က ပိတ်ကားချပ်ကြီးကို မော့ကြည့်လိုက်ရာ၊ မျက်ဝန်းထဲ၌ မယုံကြည်နိုင်ခြင်း အရိပ်အယောင်တစ်ခု ထွက်ပေါ်နေခဲ့သလို၊ ဖျော့တော့လှသော စိတ်ပျက်အားလျော့မှုတစ်ခုလည်း ရှိနေခဲ့ပေသည်။
“သူ ကောင်းကင်ငါးပါး စစ်တလင်းကို ပထမဆုံးအကြိမ် ပါဝင်တာနဲ့ တင်၊ သေဆုံးသွားခဲ့တာလား…… ဒါက နင်ကျန့်ကျိုဘက်က စီစဉ်မှုများလား။ ဒါမှမဟုတ်……”
သူသည် ဆက်လက်၍ နက်နက်နဲနဲ မတွေးဝံ့တော့ချေ။
……
……
“ဒီဖန့်ချန်ကတော့…… ဟားဟားဟား၊ ရယ်ရလွန်းလို့ သေတော့မှာပဲ။ ကောင်းကင်ငါးပါး စစ်တလင်းကို ပထမဆုံးအကြိမ် ပါဝင်တာနဲ့ သေသွားတာတဲ့၊ ဒါသာ အပြင်ကို ပြန့်သွားရင်တော့၊ ကမ္ဘာအဆက်ဆက်ရဲ့ အကြီးမားဆုံး လူပြက်ကြီး ဖြစ်သွားတော့မှာ မဟုတ်ဘူးလား။”
ကျိလင်က ဝမ်းဗိုက်ကို နှိပ်လျက် အကျယ်ကြီး ရယ်မောနေခဲ့ပြီး၊ ရယ်လွန်းသဖြင့် မျက်ရည်များပင် စီးကျလာခဲ့ရတော့သည်။
သူသည် တကယ့်ကို မထိန်းချုပ်နိုင်တော့ချေ။
သူက ဖန့်ချန်သည် ယခုတစ်ကြိမ် ကောင်းကင်ငါးပါး စစ်တလင်းအတွင်း၌ အနည်းငယ်မျှ ကျော်ကြားမှုကို ရရှိလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း၊ တစ်ဖက်လူက စကားတစ်ခွန်းမှ မဆိုရသေးဘဲ၊ တိုက်ရိုက်ပင် ဤနေရာ၌ သွေးမြေကျ သေဆုံးသွားခဲ့ရပြီး၊ လူပြက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။
“ဘိုးဘေးကြီးကတော့ အခုအချိန်မှာ အရာရာကို သဲသဲကွဲကွဲ မြင်တွေ့နိုင်လောက်ပြီ ထင်တယ်။ ဘယ်လောက်တောင် အဖိုးတန်တဲ့ ပါဝင်ခွင့်နေရာလဲ၊ ဒါကို ဒီလိုလူမျိုးဆီကို အလွယ်တကူ ပေးအပ်လိုက်ရတာလေ၊ ဟဲဟဲ ”
ကျိလင်က မီးခိုးရောင် နာမည်ကို စိုက်ကြည့်ရင်း၊ ဆက်တိုက်ပင် အေးစက်စက် နှာခေါင်းရှုံ့လိုက်တော့သည်။
……
……
ထိုအချိန်တွင်၊ အောက်ဝူဖားသည် အခြားသော လူရိပ်တစ်ခုနှင့်အတူ ပူးတွဲမတ်တတ်ရပ်နေခဲ့ပြီး၊ ဖန့်ချန်နှင့် ဖေရန်ထူတို့၏ တိုက်ပွဲပုံရိပ်ကို အတူတူ ပြန်လည်ကြည့်ရှုနေခဲ့ကြပေသည်။
၎င်းတို့သည် ဖန့်ချန်က တစ်စုံတစ်ခုသော နတ်ဘုရားစွမ်းရည်ကို ထုတ်ဖော်ရန် ကြံရွယ်လိုက်သော်လည်း၊ ချက်ချင်းပင် ပြန်လည်နှိပ်ကွပ်လိုက်သည်ကို မြင်တွေ့လိုက်ရ၏။ သို့သော်လည်း အကျိုးဆက်အနေဖြင့် ဤနတ်ဘုရားစွမ်းရည်၏ ကျန်ရစ်နေသော အငွေ့အသက် အနည်းငယ်လေး တင်တင်၊ ဖေရန်ထူကို နေရာတင်ပင် အစအနမကျန် ပျောက်ကွယ်သွားအောင် နှိမ်နင်းသတ်ဖြတ်လိုက်ခြင်း ဖြစ်ပေသည်။
“အောက်ဝူဖား…… ဒါက ကျင့်ကြံခြင်း အဆင့်အတန်းကို ဖုံးကွယ်ထားတာ မဟုတ်ရင် ဘာလဲ။ အဲဒီထဲက အဓိက သော့ချက်ကတော့၊ အတွင်းကမ္ဘာနယ်မြေ မှာ ရှိနေရမယ် ”
“ဒါက မင်းတို့ ရွှေဟွေးကျောင်းတော်ထဲက ဘယ်သူကများ၊ သူ့ရဲ့ အတွင်းကမ္ဘာထဲမှာ တစ်ခုခု လှည့်ကွက် ဆင်ပေးထားလို့လား။”
“ဒါက မဖြစ်နိုင်တာပဲ ငါ ကိုယ်တိုင်လည်း ခုနတင် မျက်စိနဲ့ သေချာ ကြည့်ခဲ့ပြီးပြီ၊ ဒီလူငယ်ရဲ့ ကျင့်ကြံခြင်းက စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့် သက်သက်ပဲ။ ပြီးတော့ သက်သေအထောက်အထားလည်း ရှိတယ်၊ သူ ရွှေဟွေးကျောင်းတော်ကို ဝင်ရောက်ခဲ့တာ နှစ်ပေါင်း ရှစ်ရာပဲ ရှိသေးတာ ”
“နေဦး၊ ဒါက သူ့ရဲ့ အတွင်းကမ္ဘာနယ်မြေ အဆင့်အတန်းကြောင့်များလား။ သူ့ရဲ့ အတွင်းကမ္ဘာအဆင့်က ကောင်းကင်နိမိတ်ဖြစ်စဥ် အောက်ဆင့် ဖြစ်နေတာ၊ ဒါက သူ့ရဲ့ ကောင်းကင်နိမိတ်ဖြစ်စဥ် စွမ်းအားတွေကို လှုံ့ဆော်လိုက်တာများ ဖြစ်မလား။”
အောက်ဝူဖားက ဆန်းပြားသော မျက်နှာအမူအရာဖြင့် ဆိုလိုက်၏။
တစ်ဖက်လူက အေးစက်စက် နှာခေါင်းရှုံ့လိုက်ရင်း -
“ဖေရန်ထူကလည်း ကောင်းကင်နိမိတ်ဖြစ်စဥ် အောက်ဆင့် အတွင်းကမ္ဘာပဲဥစ္စာ၊ သူ့ရဲ့ ကောင်းကင်ပုံရိပ် စွမ်းအားတွေက ဘာဖြစ်လို့ သေခါနီးအချိန်အထိ ဖိနှိပ်ချုပ်ချယ်ခြင်း ခံလိုက်ရတာလဲ။”
“ဒါဆိုရင်တော့ နတ်ဘုရားစွမ်းရည်နဲ့ ပတ်သက်နေတာ ဖြစ်နိုင်တာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်၊ ဒီလူငယ်ကတော့ ကျင့်ကြံခြင်း အဆင့်အတန်းကို ဖုံးကွယ်ထားတာမျိုး မရှိဘူး။”
အောက်ဝူဖားက တင်းမာစွာဖြင့် -
“ဒန်ရှီးကျောင်းတော်က ဒီကိစ္စကို အခွင့်ကောင်းယူပြီး ရွှေဟွေးကျောင်းတော်ကို သိက္ခာချချင်နေတာ၊ ရွှေဟွေးကျောင်းတော်ကတော့ သေချာပေါက် လက်ခံမှာ မဟုတ်ဘူး ”
“ဒါဆိုရင် ဒါကို ဘယ်လို ရှင်းပြမလဲ။ မင်းကော ငါကော နှစ်ယောက်လုံး ကောင်းကင်နိမိတ်ဖြစ်စဥ် အဆင့်တွေပဲ၊ ငါက ကောင်းကင်းငါးပါးစစ်တလင်းရဲ့ ကြီးကြပ်ကွပ်ကဲသူတစ်ယောက် ဖြစ်တာမို့၊ ငါ သေချာပေါက် ပြောနိုင်တာကတော့ အဲဒီခဏချင်းအတွင်းမှာ ဖြစ်ပေါ်သွားတဲ့ အငွေ့အသက် လှုပ်ခတ်မှုက၊ စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်ရဲ့ အကန့်အသတ်ကို လုံးဝ ကျော်လွန်သွားခဲ့ပြီ ”
“မင်း ပြောချင်တာက မင်းတို့ ရွှေဟွေးကျောင်းတော်မှာ၊ ခုနစ်ဆောင်နေမင်းခန်းမထဲကို ဝင်ရောက်ဖို့ အရည်အချင်းရှိတဲ့ တည်ရှိမှုတစ်ခု ထွက်ပေါ်လာခဲ့ပြီလို့ ပြောချင်တာလား ”
တစ်ဖက်လူ၏ မျက်ဝန်းထဲ၌ ဖျော့တော့လှသော လှောင်ပြုံးတစ်ခု ထွက်ပေါ်လာခဲ့ရ၏။
သို့သော်လည်း စကားပြောရင်းပြောရင်းနှင့်ပင်၊ သူ၏ မျက်နှာအမူအရာက ရုတ်တရက် အကြီးအကျယ် ပြောင်းလဲသွားခဲ့ရတော့သည်။
“ဟုတ်တာပဲ……ဒီလို နည်းလမ်းမျိုးက၊ ကျောင်းတော်ကြီး ခုနစ်ခုရဲ့ တူညီတဲ့ အဆင့်အတန်းတွေထဲမှာဆိုရင်၊ အရှေ့က အယောက်တစ်ရာအတွင်းကို သေချာပေါက် ဝင်ရောက်နိုင်စွမ်း ရှိရမယ် မဟုတ်လား။”
အောက်ဝူဖားက မိမိဘာသာ ရေရွတ်လိုက်မိ၏။
တစ်ဖက်လူက ရုတ်တရက် မေးမြန်းလာခဲ့သည်
“သူက ရှီးမျိုးနွယ်စုလား”
“မဟုတ်ဘူး၊ လူသားမျိုးနွယ်စုကပဲ”
“လူသားမျိုးနွယ်စု ဟုတ်လား”
တစ်ဖက်လူ၏ မျက်ဝန်းထဲ၌ ဇဝေဇဝါဖြစ်ခြင်း အရိပ်အယောင်များ ပြည့်နှက်သွားခဲ့ရတော့သည်။
ထို့နောက်တွင်၊ ၎င်းတို့ နှစ်ယောက်လုံးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက်၊ နောက်ထပ်တစ်ကြိမ် အလွန်တရာ လေးနက်တည်ကြည်စွာဖြင့် တိုက်ပွဲပုံရိပ်ကို အစအဆုံး ပြန်လည်ကြည့်ရှုရန် စတင်လိုက်ကြတော့သည်။