← Chapters

အခန်း (၄၅၁-၄၅၂)

Vol. 46 Ch. 451-452

အခန်း (၄၅၁-၄၅၂)

Vol. 46 Ch. 451-452

အခန်း (၄၅၁) - ယန်ရွှိုက်ဦးဆောင်သော မိစ္ဆာဗိုလ်ချုပ်ကိုးဦး(၂)

“ဂလု...”

သားရဲတစ်ရာတောင်တန်းမှ ချင်ကန်းနှင့် အခြားသူများက တိတ်တဆိတ် တံတွေးမျိုချလိုက်ကြ၏ သူတို့၏ ခြေထောက်များ အားနည်းနေပြီး အလွန်အမင်း ထိတ်လန့်နေကြပြီဖြစ်သည်။ ချင်ကန်းက ဝူယွမ်ကို ကြောက်ရွံ့တုန်လှုပ်သော မျက်လုံးများဖြင့် ကြည့်လိုက်မိသည်။

ဤတစ်ကြိမ်တွင် သူ မစော်ကားသင့်သူကို စော်ကားမိပြီဖြစ်ကြောင်း သိရှိလိုက်သည်။

ရှင်းရှင်း၊ ရှင်းချင်နှင့် အခြား အမြီးကိုးချောင်းမြေခွေး မျိုးနွယ်စု အဖွဲ့ဝင်များမှာ မှင်တက်သွားကြသည်။ မိစ္ဆာနယ်မြေသို့ ယခုလေးတင် ရောက်ရှိလာသော ဤလူနှစ်ဦးသည် သားရဲတိုက်ပွဲနယ်မြေ မိစ္ဆာဗိုလ်ချုပ် ရှစ်ဦး၏ စုပေါင်း ဒူးထောက် ဂါရဝပြုမှုကို ရရှိလိမ့်မည်ဟု သူတို့ ဘယ်သောအခါမှ မတွေးဖူးခဲ့ကြပေ။

သခင်ကြီးဝူယွမ်သည် သူတို့ စိတ်ကူးယဉ်ထားသည်ထက်ပင် ပိုမိုကြောက်မက်ဖွယ်ကောင်းနေသည်။

“ထကြ” ဝူယွမ်က အေးတိအေးစက် ပြောလိုက်သည်။

ရှောင်ယန်သည် သားရဲတိုက်ပွဲနယ်မြေ၏ မိစ္ဆာဗိုလ်ချုပ် ရှစ်ဦးလုံးကို အညံ့ခံအောင် လုပ်နိုင်ခဲ့ခြင်းအတွက် သူ၏ စိတ်နှလုံးထဲတွင် အနည်းငယ် အံ့အားသင့်သွားသည်။

မူရင်းဝတ္ထုတွင် ရှောင်ယန်သည် သားရဲတိုက်ပွဲနယ်မြေသို့ ပထမဆုံး ရောက်ရှိလာချိန်က သူသည် မိစ္ဆာဗိုလ်ချုပ် ရှစ်ဦးအနက် တစ်ဦးဖြစ်သော ရွှီကျုံး၏ လက်အောက်မှ ဗိုလ်ချုပ်တစ်ဦးမျှသာ ဖြစ်သည်။ နောက်ပိုင်းမှသာ လင်းတုန်၏ အကူအညီဖြင့် သူသည် မိစ္ဆာဗိုလ်ချုပ်တစ်ဦး ဖြစ်လာခဲ့ခြင်းဖြစ်သည်။

ယခုအခါ ရှောင်ယန်၏ စွမ်းအားမှာ သံသရာအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

‘ကြည့်ရတာ သူ အဲဒီ အခွင့်အရေးကို ရရှိပြီးပြီ ထင်တယ်'

ရှောင်ယန်သည် ဝူယွမ် ပေးထားသော ခန္ဓာကိုယ်သန့်စင်ခြင်းကျမ်းကို ကျင့်ကြံထားခဲ့သည်။ ဒေါသထွက်နေသော မသေမျိုးအာဏာရှင်ခန္ဓာကိုယ် ပေါက်ကွဲထွက်မှုအောက်တွင် ရှောင်ယန်သည် အဆင့်တူပြိုင်ဘက် ဆယ်ယောက်ကို အလွယ်တကူ တိုက်ခိုက်နိုင်သည်။

မိစ္ဆာဗိုလ်ချုပ်ရှစ်ဦးကို သူ အညံ့ခံစေနိုင်ခဲ့သည့်အတွက် ဝူယွမ် သိပ်အံ့အားမသင့်ပေ။

ဤအချိန်တွင် မိစ္ဆာဗိုလ်ချုပ် ရှစ်ဦး မတ်တပ်ရပ်လိုက်ကြပြီး ဝူယွမ်နှင့် လင်းတုန်တို့ကို တိတ်တဆိတ် အကဲခတ်ကြည့်ရှုနေကြ၏။ သူတို့၏ မျက်လုံးများထဲတွင် စူးစမ်းလိုစိတ်များ ပြည့်နှက်နေပြီး ဤနှစ်ဦးသည် ဗိုလ်ချုပ်ကြီးယန်၏ လေးစားမှုကို မည်သို့ရရှိခဲ့ကြောင်း သိချင်နေပုံရသည်။

ဗိုလ်ချုပ်ကြီးယန်၏စွမ်းအား မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သူတို့ နက်နက်ရှိုင်းရှိုင်း တွေ့ကြုံခဲ့ရပြီးဖြစ်သည်။

အကယ်၍ ဤနှစ်ဦးသည် ဗိုလ်ချုပ်ကြီးယန်ထက်ပင် ပိုမိုအစွမ်းထက်ပါက သူတို့သည်လည်း သံသရာအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များ ဖြစ်လောက်ပေသည်။

“ဒီကောင်ကို မင်းတို့သိလား” ဝူယွမ်က ရှေ့ရှိ ချင်ကန်းကို လက်ညှိုးထိုးပြလိုက်သည်။

ရှောင်ယန်နှင့် မိစ္ဆာဗိုလ်ချုပ် ရှစ်ဦးတို့က လှမ်းကြည့်လိုက်ကြသည်။ ရွှီကျုံးက သတိကြီးစွာဖြင့် ပြောလိုက်သည်။ “သားရဲတစ်ရာ တောင်တန်းက ချင်ကန်း၊ သူက ငါ့လူတွေထဲက တစ်ယောက်ပါ၊ သူ သခင်ကြီးကို စော်ကားမိလို့လား”

သားရဲတစ်ရာတောင်တန်းသည်လည်း မိုးကြိုး ချောက်ကမ်းပါး တောင်၏ စီရင်ပိုင်ခွင့်အောက်တွင် ရှိပြီး ရွှီကျုံး၏ လက်အောက်ခံ အင်အားစုတစ်ခု ဖြစ်သည်။

“ဖြန်း”

ချင်ကန်း ချက်ချင်း ဒူးထောက်ကျသွားပြီး ပြင်းပြင်းထန်ထန် ဦးညွှတ်လိုက်သည်။

“ဒီအောက်တန်းစားက မျက်စိကန်းပြီး သခင်ကြီးကို စော်ကားမိသွားပါတယ်”

“ငါ့အစ်ကိုကြီးကို မလေးမစား လုပ်ရဲတယ်ပေါ့” ရှောင်ယန်၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အစွမ်းထက်သော ဖိအားတစ်ခုက ချင်ကန်းကို လွှမ်းခြုံသွားလေသည်။

ချင်ကန်းက အထိတ်တလန့် ဦးညွှတ်ကာ တောင်းပန်လိုက်သည်။ “ဗိုလ်ချုပ်ကြီး ယန်၊ ကျေးဇူးပြုပြီး ငါ့အသက်ကို ချမ်းသာပေးပါ! ဒီအောက်တန်းစားက သူက ခင်ဗျားရဲ့ အစ်ကိုကြီးမှန်း မသိခဲ့လို့ပါ”

“မသိခဲ့ဘူးလား၊ ရတယ်၊ နောက်ဘဝကျရင် ပိုပြီးသတိထားလိုက်ပေါ့”

ရှောင်ယန်က အေးစက်စွာ ပြောလိုက်ပြီးနောက် လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။

အမည်းရောင် စွမ်းအင်လက်ဝါးတစ်ခုက သူ့ကို ဖိနှိပ်ချလိုက်သည်။ ချင်ကန်းမှာ ရှောင်ယန်၏ ဖိအားအောက်တွင် လုံးဝ မလှုပ်ရှားနိုင်ဘဲ လက်ဝါးကြောင့် အသားပြားဖြစ်သွားလေသည်။

ဆန်းကြယ်သေခြင်း ပြီးပြည့်စုံခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ် ချင်ကန်းမှာ ဗိုလ်ချုပ်ကြီး ယန်၏ လက်ချက်ဖြင့် ပုရွက်ဆိတ်တစ်ကောင်ပမာ ကြေမွသွားလေသည်။

ထိုမြင်ကွင်းပြီးနောက် လုံးဝတိတ်ဆိတ်သွားပြီး အသံတစ်သံမျှ မကြားရတော့ပေ။

“ကြည့်ရတာ မိစ္ဆာနယ်မြေမှာ မိစ္ဆာသားရဲတွေနဲ့ အတူနေရင်း ရှောင်ယန်ရဲ့ တောရိုင်းသဘာဝက ဖြည်းဖြည်းချင်း တိုးတက်လာပုံရတယ်၊ လက်ရှိ ရှောင်ယန်ကမှ စစ်မှန်တဲ့ ရှောင်ယန်ပဲ”

ဝူယွမ်က သူ့ဘာသာသူ တိတ်တဆိတ် အကဲဖြတ်လိုက်သည်။

မိစ္ဆာသားရဲများသည် သူတို့၏ စစ်မှန်သော သဘာဝကို ထုတ်ဖော်ပြသနိုင်စေရန် မိစ္ဆာသားရဲများနှင့် အတူရှိနေသင့်သည်။

“အခုကစပြီး သားရဲတိုက်ပွဲနယ်မြေကို ငါ့အစ်ကိုကြီးက ဦးဆောင်မယ်၊ ဘယ်သူမဆို မနာခံဘူးဆိုရင် ဒါက သူတို့ရဲ့ ကံကြမ္မာပဲ” ရှောင်ယန်က မိစ္ဆာဗိုလ်ချုပ် ရှစ်ဦးကို ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ၊ ဗိုလ်ချုပ်ကြီးယန်”

မိစ္ဆာဗိုလ်ချုပ် ရှစ်ဦးက အမိန့်ကို လိမ္မာပါးနပ်စွာ လက်ခံလိုက်ကြသည်။

လင်းတုန်က ရှောင်ယန်ကို အနည်းငယ် အံ့အားသင့်ပြီး ဝမ်းသာသောအကြည့်ဖြင့် ကြည့်ကာ တွေးလိုက်သည်။

‘ဒီကောင်ရှောင်ယန် တကယ် ကြီးလာပြီပဲ၊ သူ့ရဲ့ လုပ်ရပ်တွေက အရမ်း လွှမ်းမိုးနိုင်တာပဲ’

သူက မိစ္ဆာဗိုလ်ချုပ် ရှစ်ဦးအား သူတို့၏ လူများကို ဦးဆောင်ကာ အမြီးကိုးချောင်း ရွာအပြင်ဘက်တွင် လောလောဆယ် စောင့်ဆိုင်းနေရန် ပြောလိုက်သည်။

ဝူယွမ်နှင့် ရှောင်ယန်တို့ အတိတ်က အကြောင်းများ ပြောဆိုရန် အခန်းထဲသို့ ဝင်သွားကြသည်။

ထိုအခါမှသာ ရှောင်တျောင်း၏ အခြေအနေကို မေးလိုက်သည်။ “ရှောင်တျောင်းကော ဘယ်မှာလဲ၊ သူ ဘာလို့ မင်းနဲ့ အတူမရှိတာလဲ၊ မိစ္ဆာနယ်မြေကို ရောက်ပြီးတဲ့နောက် ဘာတွေဖြစ်ခဲ့လဲဆိုတာ ပြောပြပါဦး”

ရှောင်ယန်က “တတိယ အစ်ကိုနဲ့ ကျွန်တော် မိစ္ဆာနယ်မြေကို ရောက်တော့ သားရဲတိုက်ပွဲနယ်မြေကို နေရာရွှေ့ပြောင်း ခံလိုက်ရတယ်၊ ကံကောင်းခြင်တော့ ရောက်ရောက်ချင်းပဲ လျှို့ဝှက်ဂူ တစ်ခုကို ကျွန်တော်တို့ ရှာတွေ့ခဲ့တယ်၊ အဲဒီ လျှို့ဝှက်ဂူရဲ့ ပိုင်ရှင်က သက်ရှိထင်ရှား ရှိစဉ်က ကျားမျိုးနွယ်စုရဲ့ သွေးကို ပိုင်ဆိုင်ထားတဲ့ သံသရာအဆင့် အစွမ်းထက်ပုဂ္ဂိုလ် တစ်ယောက်ပဲ၊ အဲဒီမှာ အဲဒီစီနီယာရဲ့ အစစ်ါမှန် သွေးအဆီအနှစ်ကို ကျွန်တော်ရခဲ့တယ်”

“လျှို့ဝှက်ဂူထဲမှာ မိစ္ဆာဗိုလ်ချုပ် ရှစ်ဦးထဲက တစ်ဦးဖြစ်တဲ့ ရွှီကျုံးနဲ့ တွေ့ခဲ့ရတယ်၊ တတိယ အစ်ကိုက သူ့ကို အညံ့ခံအောင် လုပ်ဖို့ ကျွန်တော့်ကြိ ပြောခဲ့တယ်”

“နောက်ပိုင်းမှာ အစစ်အမှန် သွေးအဆီအနှစ်ရဲ့ အကူအညီနဲ့ ကျွန်တော် သံသရာအဆင့်ကို အောင်မြင်စွာ ချိုးဖောက်ဝင်ရောက်နိုင်ခဲ့တယ်”

“တတိယအစ်ကိုက သားရဲတိုက်ပွဲနယ်မြေရဲ့ အခြေအနေကို နားလည်သွားပြီးတဲ့နောက် သားရဲ တိုက်ပွဲ နယ်မြေမှာပဲ နေခဲ့ဖို့ ကျွန်တော့်ကို ပြောခဲ့တယ်၊ ကောင်းကင်မိစ္ဆာမြွေပါ မျိုးနွယ်စုရဲ့ အခြေအနေကို သူ သေချာမသိသေးဘူးလို့ ပြောတယ်၊ ပြီးတော့ အရင်သွားစုံစမ်းကြည့်မယ်တဲ့"

“လိုအပ်ရင် ကျွန်တော့်ကို ဆက်သွယ်ဖို့ လူတစ်ယောက်လွှတ်လိုက်မယ်လို့ ပြောတယ်၊ သားရဲတိုက်ပွဲနယ်မြေမှာ အရင်ဆုံး အတွေ့အကြုံယူဖို့နဲ့ အကောင်းဆုံးကတော့ အနာဂတ်မှာ ကျွန်တော်တို့ အသုံးပြုနိုင်မယ့် အင်အားစုတစ်ခု ဖွဲ့စည်းဖို့ ပြောခဲ့တယ်”

“အဲဒီနောက်မှာ ရွှီကျုံးကို ဦးဆောင်ပြီး သားရဲတိုက်ပွဲနယ်မြေကို သိမ်းပိုက်ဖို့ သွားခဲ့တယ်၊ တခြား မိစ္ဆာဗိုလ်ချုပ် ခုနစ်ဦးကို တစ်ယောက်ပြီး တစ်ယောက် အညံ့ခံစေခဲ့တယ်”

“သားရဲတိုက်ပွဲ နယ်မြေကိုပေါင်းစည်းပြီးတဲ့နောက် အစ်ကိုကြီး ရောက်လာတဲ့အချိန်မှာ ပတ်ဝန်းကျင် ဒေသတွေကို ဆက်တိုးချဲ့ဖို့ ပြင်ဆင်နေတာ”

“ဒါပေမယ့် အစ်ကိုကြီး၊ မင်း ရောက်လာတာ အချိန်ကိုက်ပဲ”

ရှောင်ယန် စကားပြောနေစဉ် သူ့လက်ထဲတွင် အလင်းတန်းတစ်ခု ပေါ်လာပြီး တြိဂံပုံသဏ္ဌာန် လက်ဖဝါးအရွယ်အစားခန့်ရှိသော ရှေးဟောင်း ကြေးဝါကျောက်ပြားတစ်ခုကို ဖော်ပြလိုက်သည်။

ကြေးဝါကျောက်ပြားကို အစိမ်းရင့်ရောင် အလင်းတန်းဖြင့် ဖုံးလွှမ်းထားသည်။

ကြေးဝါ ကျောက်ပြား၏ ထောင့်တစ်နေရာတွင် ရှေးဟောင်းအက္ခရာ နှစ်လုံးကို ဝေဝါးဝါး မြင်တွေ့နိုင်သည်။

“ရတနာ”

ရှောင်ယန်က မေးလိုက်သည်။ “အစ်ကိုကြီး၊ အစ်ကိုလတ်၊ ရှေးဟောင်းနတ်ဘုရားရတနာတိုက်အကြောင်း ကြားဖူးလား”

“ရှေးဟောင်းနတ်ဘုရားရတနာတိုက်လား၊ အဲဒါက ဘာလဲ”

လင်းတုန်က မေးလိုက်သည်။

ရှောင်ယန်က ရယ်မောလိုက်ပြီး ပြန်ဖြေလိုက်သည်။

“သားရဲတိုက်ပွဲနယ်မြေမှာ ရှေးဟောင်းခေတ်ကတည်းက လက်ဆင့်ကမ်းလာတဲ့ ရှေးဟောင်း နတ်ဘုရားရတနာ တိုက်တစ်ခု ရှိတယ်”

“အဲဒီတိုက်ထဲမှာ ရှေးဟောင်းနတ်ဘုရားရတနာ အများအပြားရှိပြီး တစ်ခုစီက ကြီးမားတဲ့စွမ်းအားတွေကို ပိုင်ဆိုင်ထားကြတယ်လို့ ပြောကြတယ်”

“ပြီးတော့ ဒီရှေးဟောင်းနတ်ဘုရားရတနာတိုက်ကို မူလက သားရဲတိုက်ပွဲနယ်မြေရဲ့ မိစ္ဆာဗိုလ်ချုပ်အင်အားစု ရှစ်ခုက ပူးတွဲစောင့်ကြပ်ခဲ့တာ၊ သုံးနှစ်ကိုတစ်ကြိမ် တိုက်က ပွင့်လာတယ် အဲဒါက သားရဲတိုက်ပွဲနယ်မြေ တစ်ခုလုံးမှာ အစည်ကားဆုံးအချိန်ပဲ”

“ဒီမှာ မပါဝင်တဲ့ တချို့အင်အားစုတွေတောင် ပါဝင်ပတ်သက်လာပြီး ဝေစုတစ်ခုရဖို့ ကြိုးစားကြတယ်”

“ဒါပေမယ့် ရှေးဟောင်းနတ်ဘုရားရတနာတိုက်က အတော်လေးထူးဆန်းတယ်၊ အဲဒီမှာ အရမ်းမှော်ဆန်တဲ့ စွမ်းအားတစ်ခု ရှိတယ်၊ အဲဒီစွမ်းအားကနေတစ်ဆင့် နတ်ဘုရားရတနာတွေကို ရယူဖို့ဆိုရင် ကျွန်တော့်လက်ထဲက ဒီရှေးဟောင်းနတ်ဘုရားတံဆိပ်ကိုပဲ အားကိုးလို့ရတယ်”

“သားရဲတိုက်ပွ နယ်မြေမှာ စုစုပေါင်း ရှေးဟောင်းနတ်ဘုရားတံဆိပ် ဆယ့်သုံးခု ရှိတယ်၊ မိစ္ဆာဗိုလ်ချုပ် ရှစ်ဦးထဲမှာ မဟာမိစ္ဆာဗိုလ်ချုပ် သုံးဦးက ခြောက်ခု ယူထားတယ်၊ ကျန်တဲ့ မိစ္ဆာဗိုလ်ချုပ် ငါးဦးက တစ်ခုစီ ရှိကြပြီး သားရဲတိုက်ပွဲနယ်မြေမှာ အတော်လေးအစွမ်းထက်တဲ့ အင်အားစုနှစ်ခုက နောက်ထပ် နှစ်ခုကို ကိုင်ဆောင်ထားကြတယ်”

“ကျွန်တော့်လက်ထဲက ဒီရှေးဟောင်းနတ်ဘုရားတံဆိပ်က ရွှီကျုံးဆီက ရတာပါ၊ ဒါနဲ့ ပတ်သက်ပြီး မကြာသေးခင်ကမှ ကြားခဲ့ရတာမလို့ တခြားသူတွေဆီက ရှေးဟောင်းနတ်ဘုရားတံဆိပ်တွေကို စုဆောင်းဖို့ ပြင်ဆင်နေတာ”

“ရှေးဟောင်းနတ်ဘုရားရတနာတိုက်က လဝက်နေရင် ပွင့်တော့မှာဆိုတော့ အစ်ကိုကြီးနဲ့ အစ်ကိုလတ်တို့ ရောက်လာတာ အချိန်ကိုက်ပဲ၊ အစ်ကိုကြီး ဒီမှာ ရှိနေတော့ ပိုပြီး အစွမ်းထက်တဲ့ နတ်ဘုရားရတနာတွေကို ကျွန်တော်တို့ ရကောင်းရနိုင်တယ်”

“ရှေးဟောင်းနတ်ဘုရားရတနာတိုက် နောက်ဆုံးအကြိမ် ပွင့်တုန်းက နဝမမြောက်ကောင်းကင် ဧရာမတောင်ထွတ်လို့ခေါ်တဲ့ နတ်ဘုရားရတနာတစ်ခု ပေါ်လာတယ်၊ အဲဒါက ရှေးဟောင်းနတ်ဘုရားရတနာ အဆင့်သတ်မှတ်ချက်မှာ အဆင့်သုံးဆယ့်နှစ် ရှိတယ်လို့ ပြောကြတယ်”

ရှောင်ယန်၏ စကားများကို နားထောင်ပြီးနောက် ဝူယွမ်နှင့် လင်းတုန်တို့မှာ မပြုံးပဲ မနေနိုင်ကြပေ။

တစ်ချိန်က သူတို့၏ နောက်မှ လိုက်လာခဲ့သော ရှောင်ယန်သည် ယခုအခါ ဗိုလ်ချုပ်ကြီးယန်အဖြစ် ကြီးပြင်းလာပြီး အရာရာကို ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းနိုင်နေပြီဖြစ်သည်။

ဝူယွမ်က အနည်းငယ်ပြုံးကာ ပြောလိုက်သည်။

“ပြဿနာမရှိပါဘူး၊ ဒါဆိုရင် ဒီရှေးဟောင်း နတ်ဘုရားရတနာ တိုက်ကို ငါတို့ အတူတူ သွားကြည့်ကြတာပေါ့၊ တခြား မိစ္ဆာဗိုလ်ချုပ်တွေ လက်ထဲက ရှေးဟောင်းနတ်ဘုရားတံဆိပ်တွေအတွက်ကတော့ စုဆောင်းဖို့ လောစရာမလိုပါဘူး”

ရှေးဟောင်းနတ်ဘုရားရတနာတိုက်အကြောင်း ရှောင်ယန်ထက် သူ ပိုသိသည်။

‘အချိန်ကျလာရင် နတ်ဘုရားရတနာတွေကို မပြောနဲ့၊ တိုက် တစ်ခုလုံးကိုပါ ငါယူသွားမှာ'

ထို့ကြောင့် တခြားသူများထံမှ ရှေးဟောင်းနတ်ဘုရားတံဆိပ်များကို စုဆောင်းခြင်းက သိပ်ပြီး အဓိပ္ပာယ်မရှိပေ။

သူတို့ နတ်ဘုရားရတနာများ ရသည်၊ မရသည် ဆိုသည်မှာ ဝူယွမ်အပေါ်တွင်သာ မူတည်သည်။

ယခု သူတို့၏ ရှေးဟောင်းနတ်ဘုရားတံဆိပ်များကို စုဆောင်းခြင်းက သူတို့ကို မကောင်းသောရည်ရွယ်ချက်များ ထားရှိရန် ဖိအားပေးသလိုသာ ဖြစ်ပေလိမ့်မည်။

ဝူယွမ် - “ဒါဆိုရင် အမြီးကိုးချောင်း မြေခွေး မျိုးနွယ်စုကို ရှေးဟောင်းကျောက်တိုင် ကမ္ဘာထဲကို အခု ပြောင်းရွှေ့ကြတာပေါ့”

“သူတို့ ပြောင်းရွှေ့ပြီးတာနဲ့ ငါတို့ ထွက်သွားကြမယ်”

အခန်း (၄၅၂) - အမြီးကိုးချောင်းမြေခွေးမျိုးနွယ်စု၏ ဘုန်းကျက်သရေကို ပြန်လည်ရယူပေးခြင်း(၁)

ဝူယွမ်သည် အမြီးကိုးချောင်းမြေခွေးမျိုးနွယ်စု တစ်စုလုံးကို နေရာရွှေ့ပြောင်းမည့်အရေးနှင့်ပတ်သက်၍ ဆွေးနွေးရန်အတွက် မျိုးနွယ်စုခေါင်းဆောင်ရှင်းရှင်းထံ သွားရောက်ခဲ့သည်။

ရှင်းရှင်း၏ သောကဗျာပါဒ တွန့်လိမ်နေသော မျက်နှာထက်တွင် ဝေခွဲရခက်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားပြီးနောက် ခက်ခဲပင်ပန်းစွာ ဖွင့်ဟရှာသည်။

“သခင်ကြီးဝူယွမ်၊ ရှေးဟောင်းကျောက်တိုင် ကမ္ဘာအောက်မှာ ခိုလှုံဖို့က ဘာပြဿနာမှ မရှိပါဘူး၊ ကျွန်မရဲ့ မျိုးနွယ်ဝင်တွေ အားလုံးလည်း အဲဒီသုခဘုံလေးကို အလွန်သဘောကျနှစ်ခြိုက်ကြပါတယ်၊ ဒါပေမယ့် ရင်လေးစရာ အလွန်ကောင်းတဲ့ ကိစ္စတစ်ခု ရှိနေတယ်”

“ကျွန်မတို့ အမြီးကိုးချောင်းမြေခွေးမျိုးနွယ်စုရဲ့ သက်စောင့်အသက်ဝိညာဉ်တည်ရှိရာ ဘိုးဘေးဝိညာဉ်ခန်းမဆောင်ကြီးကို ရွှေ့ပြောင်းဖို့ မဖြစ်နိုင်တာပဲ၊ ငါတို့ ကိုယ်တိုင်လည်း အခုထက်ထိ အဲဒီဘိုးဘေးဝိညာဉ် ခန်းမဆောင်ရဲ့ ဆန်းကြယ်တဲ့ စမ်းသပ်မှုတွေကို ကျော်ဖြတ်နိုင်ခြင်း မရှိသေးဘူး"

“အထဲမှာ သေခြင်းတရားရဲ့ အန္တရာယ်တွေ အရမ်းများလွန်းလှပါတယ်၊ အတိတ်ကာလတုန်းက ရဲရင့်တဲ့ မျိုးနွယ်ဝင်အများအပြား အထဲကို စွန့်စားဝင်ရောက်ခဲ့ကြပေမယ့် ဘယ်တော့မဇ ပြန်လည်ခြေချခွင့် မရခဲ့ကြဘူး၊ ဒါကြောင့် အထဲက စစ်မှန်တဲ့ အခြေအနေကို ကျွန်မတို့လည်း တပ်အပ်မသိရသေးတာ”

ဝူယွမ်က ထိုစကားကို ကြားရသော် ခဏမျှ နက်နက်နဲနဲ တွေးတောလိုက်ပြီးနောက် လေသံကို ခပ်မှန်မှန် ပြန်လည်ပြုပြင်လိုက်သည်။

“ဒါဆိုရင်လည်း ငါတို့ကိုယ်တိုင် အထဲကို ဝင်ပြီးစစ်ဆေးကြည့်ရင် အဖြေပေါ်လာမှာပေါ့၊ မျိုးနွယ်စုခေါင်းဆောင်နဲ့ ရှင်းချင်ကို ငါနဲ့အတူ ခေါ်သွားမယ်၊ ငါရှိနေသရွေ့တော့ ဘာအန္တရာယ်မှ မဖြစ်စေရဘူး”

“ကောင်းပါပြီ၊ ဒါဆိုရင်တော့ ကျွန်မတို့ သားအမိ နှစ်ယောက် သခင်ကြီးဝူယွမ်ရဲ့ အရိပ်အောက်မှာ ခိုလှုံပြီး အထဲကို စွန့်စားဝင်ရောက်ပါ့မယ်”

ရှင်းရှင်းသည် အများကြီး တွေဝေတုံ့ဆိုင်းမနေဘဲ ပြတ်သားစိုးမိုးစွာ သဘောတူလိုက်သည်။ ဝူယွမ် ပြသခဲ့သော ကောင်းကင်လှုပ်ခတ်လုမတတ် စွမ်းအားနှင့် နက်နဲသော အစီအရင်များဖြင့်ဆိုလျှင် ဘိုးဘေးဝိညာဉ် ခန်းမဆောင်တွင် မည်ကဲ့သို့သော ထောင်ချောက်မျိုး ရှိနေပါစေ ဝူယွမ်ကို ခြိမ်းခြောက်နိုင်ရန်မှာ လုံးဝ မဖြစ်နိုင်ကြောင်း သူမ နားလည်ပေသည်။

အခြေအနေ မည်မျှပင် သွေးပျက်ဖွယ်ကောင်းပါစေ ဝူယွမ်သည် ရှေးဟောင်းကျောက်တိုင်ကို ဆင့်ခေါ်ကာ ကျောက်တိုင်ကမ္ဘာအတွင်းသို့ ဆုတ်ခွာနိုင်ပြီး မည်သူမျှ သူတို့၏ ဆံခြည်တစ်မျှင်ကိုပင် ထိခိုက်နိုင်မည် မဟုတ်ချေ။

ရှေးဟောင်းကျောက်တိုင် ကမ္ဘာအတွင်း ရောက်ရှိသွားသည်နှင့် ၎င်းမှာ ဝူယွမ် စိတ်တိုင်းကျ စိုးမိုးခြယ်လှယ်နိုင်သော နယ်ပယ် ဖြစ်ပေသည်။

ဟွမ်က ရုတ်တရက် ဝူယွမ်၏ စိတ်အာရုံထဲသို့ တိုးဝင်ကာ သတင်းပို့လာသည်။

“ရှေးဟောင်းခေတ်တုန်းက အမြီးကိုးချောင်းမျိုးနွယ်စုက မိစ္ဆာသားရဲကမ္ဘာမှာ ကောင်းကင်တစ်ခွင်ကို အုပ်စိုးခဲ့တဲ့ ထိပ်တန်း မျိုးနွယ်စုကြီးတစ်ခုပဲ”

“အဲဒီတုန်းက သူတို့ မျိုးနွယ်စုအတွင်းမှာ အထွတ်အထိပ် သံသရာအဆင့် အစွမ်းထက်ပုဂ္ဂိုလ် သုံးဦးအထိ ပေါ်ထွန်းခဲ့ပြီး ဖီးနစ်ကိုးကောင် မျိုးနွယ်စုနဲ့ ခွန်းဖန်မျိုးနွယ်စုလို အုပ်စိုးရှင်တွေနဲ့ ရင်ဘောင်တန်းနိုင်တဲ့ စွမ်းပကား ရှိခဲ့တာ”

“ဟိုတုန်းက ကောင်းကင်နဲ့ မြေကြီးရဲ့ ကပ်ဘေးစစ်ပွဲကြီးအတွင်းမှာ အမြီးကိုးချောင်း မျိုးနွယ်စုက အဆောင်ဘိုးဘေးရဲ့ ဘေးမှာ သစ္စာရှိရှိ လိုက်ပါခဲ့ပြီး ကြီးမားတဲ့ ပံ့ပိုးမှုတွေ လုပ်ခဲ့တယ်၊ ဒါပေမယ့် ဒါကြောင့်ပဲ သူတို့က ကမ္ဘာခြားနတ်ဆိုးတွေရဲ့ ပစ်မှတ်ဖြစ်လာခဲ့ရတာ”

“မျိုးနွယ်စုရဲ့ ထိပ်တန်း အစွမ်းထက်ပုဂ္ဂိုလ်တွေ ကြီးမားတဲ့ သေဆုံးပျက်စီးမှုတွေ ခံခဲ့ရတယ်၊ နောက်ဆုံး အဆုံးအဖြတ်တိုက်ပွဲမှာ သူတို့ မျိုးနွယ်စုရဲ့ နောက်ဆုံး အမြီးကိုးချောင်း ဝိညာဉ်မြေခွေးက ကမ္ဘာခြားနတ်ဆိုးဘုရင်သုံးပါးကို အကြွင်းမဲ့ ချိတ်ပိတ်ဖိနှိပ်ဖို့အတွက် သူမရဲ့ အသက်ဝိညာဉ်ကို စတေးခဲ့တယ်လို့ ပြောကြတယ်”

“အမြီးကိုးချောင်းမြေခွေးမျိုးနွယ်စုရဲ့ လက်ရှိ ဆုတ်ယုတ်လာမှုက အဲဒီကမ္ဘာခြားနတ်ဆိုး ဘုရင်သုံးပါးကို ဖိနှိပ်ထားတာနဲ့ သေချာပေါက် ဆက်စပ်နေလိမ့်မယ်၊ ဘိုးဘေးဝိညာဉ် ခန်းမဆောင်က အဲဒီကမ္ဘာခြားနတ်ဆိုးဘုရင်သုံးပါးကို ဖိနှိပ်ထားတဲ့ လျှို့ဝှက်ချက်ရှိနေတယ်လို့ ငါ သံသယဝင်မိတယ်”

ဝူယွမ်က ထိုလျှို့ဝှက်ချက်ကို ကြားသိရသော် ခေါင်းညိတ်လိုက်ပြီး စိတ်အေးလက်အေး ပုံစံဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။

“အင်း၊ ဖိနှိပ်ခံထားရတဲ့ ကမ္ဘာခြားနတ်ဆိုးဘုရင် သုံးပါး ဟုတ်လား၊ အချိန်တွေ ဘယ်လောက်ပဲ ကုန်လွန်သွားပါစေ အမြုတေ ပျက်စီးနေတဲ့ သူတို့တွေဟာ မဟာရှေးဟောင်းဂိုဏ်းအောက်က နဝမမြောက် ဘုရင်ထက် ပိုမစွမ်းနိုင်တော့ပါဘူး၊ ငါ့လက်နဲ့တင် အမှုန့်ခြေပစ်လို့ရတယ်”

ခရီးစဉ် စတင်ပြီးနောက် ဝူယွမ်သည် ရှင်းရှင်းနှင့် အခြားသူများ၏ နောက်သို့ လိုက်ပါကာ အမြီးကိုးချောင်းရွာ၏ နက်ရှိုင်းသော သုသာန်ပမာ အရပ်သို့ ဦးတည်သွားခဲ့သည်။

သူတို့သည် အလင်းရောင် ကွယ်ပျောက်လုနီးပါး သိပ်သည်းလှသော တောအုပ်နက်ကြီးကို ဖြတ်သန်းခဲ့ကြပြီး ရှေးဟောင်း အပျက်အစီးများ၏ ဗဟိုချက်ဆီသို့ ခြေချလိုက်ကြသည်။

ဤနေရာတွင် သွေးညှီနံ့ ခပ်သင်းသင်း ရောပြွမ်းနေသည့် ဧရာမယဇ်ပလ္လင်ကြီးတစ်ခု ရှိနေသည်။

ရှင်းရှင်းက လူတိုင်းကို ယဇ်ပလ္လင်ထက်သို့ ဦးဆောင်ခေါ်ယူသွားခဲ့ပြီး ဗဟိုရှိ ကျောက်စင်မြင့်ရှေ့တွင် ရပ်တန့်လိုက်သည်။ သူမ၏ လက်ဖဝါးကို ရစ်ပတ်ကာ ဆုပ်ကိုင်လိုက်ရာ လက်ဖဝါးအရွယ်အစားခန့်ရှိသော ဆန်းကြယ်သည့် ကြေးဝါရုပ်တုတစ်ခု ပေါ်ထွက်လာသည်။

ထိုကြေးဝါရုပ်တုမှာ လတ်လတ်ဆတ်ဆတ် သွေးကဲ့သို့ နီရဲတောက်ပသော အရောင်အသွေး ရှိကာ ၎င်း၏ နောက်ကွယ်တွင် အမြီးကိုးချောင်းက ကောင်းကင်ယံကို လှုပ်ခတ်မည့်အလား ရူးသွပ်စွာ လှုပ်ယမ်းနေပြီး ပြင်းထန်ဆိုးရွားသော မိစ္ဆာစွမ်းအင်များကို ထုတ်လွှတ်နေသည်။

ရှင်းရှင်းက ကြေးဝါရုပ်တုကို ကျောက်စင်မြင့်ထက်သို့ အသာအယာ တင်လိုက်ပြီးနောက် လက်ညှိုးကို တစ်ချက် တောက်လိုက်ရာ လေထုထဲတွင် နက်မှောင်သော သွေးလုံးလေးတစ်ခု ပေါ်ထွက်လာပြီး ပြင်းထန်သော သွေးညှီနံ့များ ဖြာထွက်လာသည်။

ထိုသွေးလုံးလေးသည် ကြေးဝါရုပ်တုပေါ်သို့ ကျရောက်စိမ့်ဝင်သွားသောအခါ သွေးရောင် အမြီးကိုးချောင်း ဝိညာဉ်မြေခွေးသည် ဤအခိုက်အတန့်တွင် အသက်ဝိညာဉ်လာသကဲ့သို့ ထူးဆန်းစွာ ကုန်းထလာပြီး ကောင်းကင်ယံဆီသို့ စူးရှစွာ ဟိန်းဟောက်လိုက်လေသည်။

ဤအခိုက်အတန့်တွင် ကောင်းကင်ယံ၌ မှောင်မိုက်သော တိမ်တိုက်များ လိပ်ခဲတည်းလည်း လိမ့်ဆင်းလာပြီး သွေးလုံးလေးသည် သွေးရောင်အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းကာ အမြီးကိုးချောင်း ဝိညာဉ်မြေခွေး၏ ဟထားသော ပါးစပ်အတွင်းသို့ တိုက်ရိုက်စုပ်ယူခြင်း ခံလိုက်ရသည်။

ဝူး၊ ဝူး…

ရှေးကျပြီး အနိမ့်သံဟိန်းဟောက်သံများက အထီးကျန်ဆန်သော လွမ်းမောဖွယ်ခံစားချက်ကို သယ်ဆောင်လာပြီး ဤလေဟာနယ်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။ ယဇ်ပလ္လင်ပေါ်ရှိ အမြီးကိုးချောင်းဝိညာဉ်မြေခွေးမှာ သက်ဝင်လှုပ်ရှားလာပုံရပြီး ၎င်း၏ စူးရှသော မျက်လုံးအစုံက လူတိုင်းအပေါ်သို့ ဝေ့ဝဲစိုက်ကြည့်လိုက်သည်။

ထို့နောက် ၎င်း၏ ပါးစပ်မှ သွေးရောင်အလင်းတန်းတစ်ခုကို မှုတ်ထုတ်လိုက်ရာ သူတို့၏ ရှေ့တည့်တည့်တွင် ဧရာမ သွေးရောင်လေဟာနယ်တံခါးကြီးတစ်ခု တိုက်ရိုက်ပွင့်ဟလာလေသည်။

ရှင်းရှင်းက နှုတ်ခမ်းကို ဖိကိုက်ကာ အနည်းငယ် ရှက်ရွံ့တုန်လှုပ်စွာဖြင့် ဝူယွမ်ကို လှမ်းကြည့်သည်။

“သခင်ကြီးဝူယွမ်၊ ရှင်က အမြီးကိုးချောင်းမြေခွေးမျိုးနွယ်စုဝင် မဟုတ်တဲ့အတွက် ကျွန်မတို့ သားအမိ နှစ်ယောက်နဲ့ သွေးချင်းဆက်နွှယ်ထားဖို့ လိုအပ်တယ်၊ အဲဒီလိုမှမဟုတ်ရင် လေဟာနယ်ရဲ့ ပယ်ထုတ်ခြင်းကို ခံရပြီး သီးခြားဖြစ်သွားလိမ့်မယ်”

“ဒါဆိုရင်လည်း လာလေ၊ ဘာခက်တာမှတ်လို့”

ဝူယွမ်က ပေါ့ပေါ့ပါးပါးပင် သဘောတူလိုက်သည်။ ရှင်းရှင်းနှင့် ရှင်းချင် သားအမိ နှစ်ယောက်မှာ ဝူယွမ်၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ချက်ချင်း တိုးကပ်ရပ်လိုက်ကြပြီး သူ၏ တောင့်တင်းသော လက်မောင်းများကို နူးညံ့စွာ မှီတွယ်ထားကြသည်။

ထို့နောက် ဖြူဖွေးနူးညံ့လွန်းလှသော လက်ကလေးများကို ဆန့်ထုတ်ကာ ဝူယွမ်၏ ဘယ်နှင့် ညာလက်များကို တင်းကျပ်စွာ ဆုပ်ကိုင်လျက် လက်ချောင်းချင်း ယှက်နွှယ်လိုက်ကြသည်။

ဝူယွမ်သည် အဆုံးအစမဲ့ ဝိညာဉ်စွမ်းအင်များကို သိမ်မွေ့စွာ ထုတ်လွှတ်လိုက်ပြီး ရှင်းရှင်းနှင့် သူမ၏သမီးဖြစ်သူကို နွေးထွေးစွာ လွှမ်းခြုံပေးလိုက်ကာ သူတို့၏ သောကဗျာပါဒ စိတ်အစုံကို ငြိမ်းချမ်းသွားစေခဲ့သည်။

“မစိုးရိမ်ပါနဲ့၊ ငါ့နောက်ကိုပဲ အသာလေးလိုက်ခဲ့ကြ”

ဝူယွမ်၏ လက်ဖဝါးမှ ထွက်ပေါ်လာသော နွေးထွေးမှုနှင့် သူ၏ အစွမ်းထက်လှသော ဝိညာဉ်စွမ်းအင်များ၏ လွှမ်းခြုံမှုကို ခံလိုက်ရသဖြင့် ရှင်းရှင်းနှင့် ရှင်းချင်တို့သည် မျက်စိတစ်မှိတ်အတွင်း ထူးခြားသော လုံခြုံမှု ခံစားချက်ကို ရရှိလိုက်ပြီး စိုးရိမ်ပူပန်မှုနှင့် ထိတ်လန့်မှုများ လုံးဝကွယ်ပျောက်သွားခဲ့သည်။

ဝူယွမ်၏ ခန့်ညားတည်ကြည်လှသော ဘေးတိုက်ပုံသဏ္ဌာန်ကို ခိုးကြည့်မိရင်း ရှင်းချင်၏ ပျိုဖော်ဝင်ကာစ နှလုံးသားလေးမှာ မထိန်းနိုင်ဘဲ တဒိန်းဒိန်း ခုန်နေခဲ့သည်။ ရှင်းရှင်း၏ လှပရင့်ကျက်သော မျက်လုံးများမှာမူ သွေးရောင် လေဟာနယ်တံခါးကိုသာ စိုက်ကြည့်နေမိပြီး သူမ၏သမီးနှင့် ဝူယွမ်တို့ကို မကြည့်ရဲဘဲ ရှိနေသည်။

ဝူယွမ်က ထိုအမျိုးသမီးနှစ်ဦးကို စိုးမိုးစွာ ဦးဆောင်ကာ သွေးရောင်လေဟာနယ်တံခါးအတွင်းသို့ တိုက်ရိုက် လျှောက်လှမ်းဝင်ရောက်ခဲ့သည်။

သူတို့၏ ပုံရိပ်များ ပျောက်ကွယ်သွားသည်နှင့်အမျှ သွေးရောင် လှိုင်းဂယက်တစ်ခု ပြန့်ကျဲသွားလေသည်။

မျက်လုံးများ ပြန်လည်ပွင့်လာသောအခါ ထိုသုံးဦးလုံး စိတ်ကူးယဉ်ထားသော မည်သည့်အန္တရာယ်နှင့်မှ မတွေ့ဆုံခဲ့ကြပေ။

သူတို့ရှေ့တွင် ရှိနေသည်မှာ မျက်စိတစ်ဆုံးကျယ်ပြောပြီး အဆုံးအစမရှိသော သွေးရောင်ပင်လယ်ပြင်ကြီးတစ်ခုဖြစ်သည်။

သူတို့သည် ဤပင်လယ်ကို ဖြတ်သန်းဆန့်တန်းထားသည့် စင်္ကြံလမ်းတစ်ခုပေါ်တွင် ရပ်နေကြပြီး စင်္ကြံလမ်း၏ အဆုံးတွင် ထူးခြားစွာ ကြီးမားခမ်းနားလှသော ရင်ပြင်ကြီးတစ်ခု ရှိနေသည်။

ရှင်းရှင်းနှင့် ရှင်းချင်တို့သည် ရှေးဟောင်းခေတ်ထံမှ သွေးချင်းဆွဲဆောင်မှုကို အာရုံခံမိသကဲ့သို့ ရင်ပြင်ကို တောင့်တသော မျက်လုံးများဖြင့် ငေးကြည့်လိုက်ကြသည်။ ထိုနှစ်ဦးမှာ မသိမသာ ညှို့ငင်ခံလိုက်ရပြီး ရင်ပြင်ဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားကြသည်။

ဝူယွမ်က သူတို့အနောက်မှ ရင်ပြင်ဆီသို့ တိတ်တဆိတ်လိုက်ပါသွားခဲ့သည်။ ရင်ပြင်၏ဗဟိုချက်တွင် ကျန်းတစ်သောင်းခန့်မြင့်မားသော ဧရာမကျောက်ဆစ်ရုပ်တုကြီးတစ်ခု တည်ရှိနေသည်။

ထိုကျောက်ဆစ်ရုပ်တုမှာ အမြီးကိုးချောင်းဝိညာဉ်မြေခွေးတစ်ကောင်ဖြစ်ပြီး ၎င်း၏ ထွက်ပေါ်နေသော အရှိန်အဝါမှာ ယခင်က ကြေးဝါရုပ်တုထက် အဆပေါင်းများစွာ ပိုမိုအစွမ်းထက်လှသည်။

ဝူယွမ်၏ စူးရှသော အကြည့်များက ၎င်းအပေါ်သို့ စူးစိုက်သွားရာ ၎င်းမှာ ဟန်ဆောင်ထားခြင်းမဟုတ်ဘဲ စစ်မှန်သော အမြီးကိုးချောင်း ဝိညာဉ်မြေခွေးတစ်ကောင်၏ ရှေးဟောင်းအရိုးစုဖြစ်ကြောင်း သူ တပ်အပ်သိရှိလိုက်သည်။

၎င်းသည် သာမန် အမြီးကိုးချောင်း ဝိညာဉ်မြေခွေး မဟုတ်ပေ။ ဤမျှကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါဖြင့်ဆိုလျှင် သူမသည် အသက်ရှင်စဉ်က အနည်းဆုံး သံသရာအဆင့်တွင် ရှိခဲ့ရမည် ဖြစ်သည်။

All Chapters