← Chapters

အခန်း (၄၅၇-၄၅၈)

Vol. 46 Ch. 457-458

အခန်း (၄၅၇-၄၅၈)

Vol. 46 Ch. 457-458

အခန်း (၄၅၇) - နဂါးမျိုးနွယ်စု(၁)

ယခုအခါ ဝူယွမ်၏ လက်ဝယ်တွင် ဘိုးဘေးကျောက်တုံးနှင့် မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်သာမက ကမ္ဘာသစ်ပင်ကိုပါ ပိုင်ဆိုင်ထားလေပြီ။

ဤအရာအားလုံးသည် ကမ္ဘာခြားနတ်ဆိုးများကို အပြင်းအထန် ဖိနှိပ်နိုင်စွမ်းရှိသည့် ထိပ်တန်းနတ်ဘုရားရတနာများ ဖြစ်ကြသည်။

နှစ်ပေါင်းများစွာ ဖိနှိပ်ခံထားရသော ဤကမ္ဘာခြားနတ်ဆိုးများကို မဆိုထားနှင့်၊ အထွတ်အထိပ်အဆင့်ရောက်နေသည့် စစ်မှန်သော ကမ္ဘာခြားနတ်ဆိုးဘုရင်တစ်ပါးကိုပင် အလွယ်တကူ နှိမ်နင်းနိုင်စွမ်း ရှိပေသည်။

“သူတို့ရဲ့ အသိစိတ်တွေကို ငါ ဖိနှိပ်လိုက်မယ်”

မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်က ခန်းမဆောင်ကြီးအတွင်းသို့ ကျဆင်းလာကာ ဧရာမ အဝါရောင်ရှေးဟောင်းကျောက်တိုင်ကြီးအဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။

၎င်း၏အတွင်း၌ ကမ္ဘာသစ်ပင်၏ ကောင်းချီးပေးမှု ပါဝင်နေခြင်းကြောင့် မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်၏ ဖိနှိပ်နိုင်စွမ်းက ယခုအခါ ယုံကြည်နိုင်လောက်စရာမရှိအောင် အစွမ်းထက်မြက်နေလေပြီ။

မူလကတည်းက နတ်ဘုရားရတနာမှတ်တမ်းတွင် အဆင့်သုံးနေရာ၌ ရပ်တည်ခဲ့သော ဤကျောက်တိုင်ကို အဆောင်ဘိုးဘေးက ကမ္ဘာခြားနတ်ဆိုးများကို နှိမ်နင်းရန် သီးသန့် ဖန်တီးခဲ့ခြင်းဖြစ်သည်။

ယခုအခါ ကျောက်တိုင်၏ အတွင်းပိုင်းသည် သေးငယ်သော ကမ္ဘာငယ်လေးတစ်ခုအဖြစ် တိုက်ရိုက် ပြောင်းလဲတိုးတက်သွားခဲ့ပြီဖြစ်ရာ တစ်ကမ္ဘာလုံး၏ စွမ်းအားကို အသုံးပြု၍ ကမ္ဘာခြားနတ်ဆိုးများကို ဖိနှိပ်ချိတ်ပိတ်ရန် ကူညီပေးနေသကဲ့သို့ ဖြစ်နေသည်။

တစ်ချိန်တည်းမှာပင် ဘိုးဘေးကျောက်တုံးကလည်း စတင်လှုပ်ရှားလာသည်။ ၎င်းထံမှ ဖြာထွက်လာသော အဖြူရောင်အလင်းတန်းများသည် ကမ္ဘာခြားနတ်ဆိုးများကို သန့်စင်ပေးနိုင်ပြီး ၎င်းတို့၏ စွမ်းအားများကို အားနည်းသွားစေနိုင်သည်။

နတ်ဘုရားရတနာနှစ်ပါး စတင်လှုပ်ရှားလိုက်သည်နှင့် အညိုရောင်သမ်းနေသော စွမ်းအင်များက အောက်ဘက်ရှိ အမည်းရောင်သမုဒ္ဒရာကြီးကို လွှမ်းခြုံသွားသည်။ အမည်းရောင်သမုဒ္ဒရာကြီးမှာ ချက်ချင်းပင် လှိုင်းတံပိုးများ ထန်လာကာ ဆူပွက်လာပြီး စူးရှရှ အသံဆိုးကြီးများ ထွက်ပေါ်လာသည်။

အဖြူရောင်စွမ်းအင်များက ထိုအထဲသို့ တိုးဝင်သွားသည်။ ဘိုးဘေးကျောက်တုံး၏ ဧရာမလက်ကြီးက ဆုပ်ကိုင်လိုက်ရာ လက်ဖဝါးပေါ်ရှိ တောက်ပသော အဖြူရောင်အလင်းတန်းသည် အလင်းတိုင်ကြီးတစ်ခုအဖြစ် ချက်ချင်းပြောင်းလဲသွားပြီး အောက်ဘက်ရှိ အမည်းရောင်သမုဒ္ဒရာထဲသို့ ကြမ်းတမ်းစွာ ထိုးဆင်းသွားသည်။

အဖြူရောင်အလင်းတန်းသည် အမည်းရောင်သမုဒ္ဒရာထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီးနောက် နူးညံ့သော အဖြူရောင်ရောင်ခြည်များက စက်ဝိုင်းပုံစံ ပြန့်ထွက်သွားသည်။

အပြင်သို့ ထွက်ပေါ်လာလုဆဲဆဲဖြစ်နေသော ပျစ်ချွဲချွဲ ကမ္ဘာခြားနတ်ဆိုးစွမ်းအင်များသည် အံ့မခန်းအမြန်နှုန်းဖြင့် ချက်ချင်း အရည်ပျော်ကျသွားလေသည်။

အမည်းရောင်သမုဒ္ဒရာကြီးမှာ ရူးသွပ်စွာ ဆူပွက်နေသည်။ ခဏအကြာတွင် ဒေါသတကြီး ဟိန်းဟောက်သံများ ရုတ်တရက် ထွက်ပေါ်လာသည်။

အမည်းရောင်လှိုင်းတံပိုးများ ရိုက်ခတ်လာသည်နှင့်အမျှ အမည်းရောင်အရည်များ စုစည်းသွားကာ ဧရာမအရည်သဏ္ဌာန် နတ်ဆိုးအရိပ်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။

ထိုနတ်ဆိုးအရိပ်ကြီးအတွင်းမှ အလွန်ဆိုးယုတ်သော မျက်လုံးတစ်စုံက ကောင်းကင်သို့ မော့ကြည့်လာပြီးနောက် ဒေါသတကြီး ဟိန်းဟောက်သံကြီး ထွက်ပေါ်လာသည်။

“ဘိုးဘေးကျောက်တုံး... မဟာရှေးဟောင်းကျောက်တိုင်... မင်းတို့ ခွေးကောင်နှစ်ကောင်ပဲကိုး”

“ဘာလို့ မသေသေးတာလဲ”

အမည်းရောင်သမုဒ္ဒရာကြီးက ဟိန်းဟောက်လိုက်ပြီး မြေအောက်မှ ပျစ်ချွဲနေသော ကမ္ဘာခြားနတ်ဆိုးစွမ်းအင်များ ပန်းထွက်လာသည်။

မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်က တိုက်ရိုက်ဖိချလိုက်ရာ ခန်းမတစ်ခုလုံး တုန်ခါသွားသည်။

ဟွမ်က လှောင်ပြောင်လိုက်သည်။

“ရေတွက်လို့မရတဲ့ ကမ္ဘာခြားနတ်ဆိုးတွေ စုပေါင်းပြီး ဖြစ်တည်လာတဲ့ အမှိုက်ကောင်... မင်းကရော ဘာလို့ အသက်ရှင်နေသေးတာလဲ”

အညိုရောင်သမ်းနေသော စွမ်းအင်စီးကြောင်းများက အောက်သို့ ဖိဆင်းလာသည်။ အမည်းရောင်သမုဒ္ဒရာကြီး မည်မျှပင် ဟိန်းဟောက်နေပါစေ ထိုစွမ်းအင်များကို မကျော်လွှားနိုင်ပေ။

“ဟွမ်... မင်း လှုပ်ရှားရဲသလား၊ ဒီကောင်ကို ငါသတ်ပစ်လိုက်မှာကို မကြောက်ဘူးလား”

ထိုစဉ် ဝူယွမ်က ဝင်ရောက်ပြောဆိုလိုက်သည်။

“အမှိုက်ကောင်... မင်းကိုယ်မင်း အထင်ကြီးလွန်းနေပြီ”

ရှေးဟောင်းကျောက်တိုင်ထံမှ မျက်စိကျိန်းမတတ် တောက်ပလွန်းသော မြအဆင်းရောင် အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာပြီး စိမ်းလန်းသော သစ်ကိုင်းများ ဆန့်ထွက်လာသည်။

ထိုသစ်ကိုင်းများသည် အမည်းရောင်သမုဒ္ဒရာထဲသို့ ထိုးဆင်းသွားပြီး ဗဟိုချက်ရှိ အမည်းရောင်သံကြိုးများဖြင့် ချည်နှောင်ခံထားရသော ကလေးငယ်သဏ္ဌာန် အလင်းရောင်ခန္ဓာကိုယ်လေးကို ချက်ချင်း ရစ်ပတ်ကာကွယ်ပေးလိုက်သည်။

တစ်ချိန်တည်းမှာပင် စိမ်းလန်းသော သစ်ကိုင်းများထံမှ အသက်စွမ်းအင်အရည်များ အစက်ကျလာကာ ထိုကလေးငယ်သဏ္ဌာန် အလင်းရောင်ခန္ဓာကိုယ်လေးကို အာဟာရဖြည့်တင်းပေးရင်း နိုးထလာစေရန် ကြိုးပမ်းလေသည်။

ဘိုးဘေးကျောက်တုံးက အော်ဟစ်လိုက်သည်။

“ထျန်းရွှမ်နန်းတော်... မင်း ဒီလိုအသက်ငွေ့ငွေ့လေးနဲ့ ဘယ်လောက်ကြာအောင် နေနေဦးမှာလဲ”

ဘိုးဘေးကျောက်တုံး၏ အသံဆုံးသွားသည်နှင့် သစ်ကိုင်းစိမ်းများဖြင့် ရစ်ပတ်ထားသော ကလေးငယ်သဏ္ဌာန် အလင်းရောင်ခန္ဓာကိုယ်လေးမှာ အနည်းငယ်တုန်ခါသွားသည်။

ထို့နောက် တင်းကြပ်စွာ မှိတ်ထားသော မျက်လုံးများက တဖြည်းဖြည်း ပွင့်လာသည်။ ထိုမျက်လုံးများမှာ ခဏတာ တွေဝေသွားပြီးနောက် လက်ရှိအခြေအနေကို သတိမထားမိသေးသည့်ဟန် ပေါ်နေသည်။

ဘိုးဘေးကျောက်တုံးနှင့် ဟွမ်တို့ကို မြင်လိုက်ရချိန်တွင်မှ သက်ပြင်းတစ်ချက်ချလိုက်နိုင်သည်။

ထျန်းရွှမ်နန်းတော်၏ ရတနာဝိညာဉ်က အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ ၎င်း၏အသံမှာ ကလေးဆန်ဆန် ရှိသော်လည်း ရှေးကျသော အရိပ်အယောင်တစ်ခု ရောယှက်နေသည်။

“မင်းတို့နှစ်ယောက်လုံး ရောက်လာတာပဲ... အရမ်းကောင်းတယ်”

“ငါ အဆင်ပြေပါတယ်။ ဒီကောင် ငါ့ကို ဘာမှမလုပ်နိုင်ပါဘူး။ မင်းတို့နှစ်ယောက် မြန်မြန် ဒီအစီအရင်ကြီးကို ချိုးဖျက်ပြီး နတ်ဘုရားရတနာတွေထဲက နတ်ဆိုးစွမ်းအင်တွေကို အမြစ်ပြတ် ရှင်းလင်းပေးကြပါ”

ထျန်းရွှမ်နန်းတော် အဆင်ပြေနေသည်ကို မြင်သောအခါ ဟွမ်က စိတ်အေးလက်အေးဖြင့် ပြောလိုက်သည်။

“စိတ်မပူပါနဲ့... မင်း အဆင်ပြေတာပဲ ကောင်းပါတယ်။ ဒီအမှိုက်ကောင်ကို ငါတို့ မကြာခင် ရှင်းထုတ်ပစ်မှာပါ”

ဘိုးဘေးကျောက်တုံးက သတိပေးလိုက်သည်။

“ဝူယွမ်... မင်းလှုပ်ရှားလို့ရပြီ”

ဝူယွမ် ခေါင်းညိတ်ပြလိုက်သည်။ စောစောက ထျန်းရွှမ်နန်းတော်၏ ရတနာဝိညာဉ်ကို ထိခိုက်မိမည်စိုး၍ မည်သည့် ကြီးမားသောလှုပ်ရှားမှုမှ မပြုလုပ်ရဲခဲ့ပေ။

ယခုမူကား ထျန်းရွှမ်နန်းတော် နိုးထလာပြီး ကမ္ဘာသစ်ပင်၏ သစ်ကိုင်းများဖြင့် အကာအကွယ် ရရှိနေပြီဖြစ်ရာ ဤကမ္ဘာခြားနတ်ဆိုးများကို အာဟာရအဖြစ် အစွမ်းကုန် သန့်စင်ပစ်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။

ကစဉ်ကလျားသန္ဓေသားမှာ လှုပ်ရှားသွားပြီး ဘိုးဘေးအဆောင်ခြောက်ခု ပျံသန်းထွက်ပေါ်လာသည်။ ဝူယွမ်သည် ဘိုးဘေးအဆောင်ခြောက်ခုကို သယ်ဆောင်ကာ အမည်းရောင်သမုဒ္ဒရာထဲသို့ တိုက်ရိုက်ဝင်ရောက်သွားသည်။

စွမ်းအားခြောက်မျိုးက သူ့ပတ်လည်တွင် လှည့်ပတ်နေသဖြင့် အမည်းရောင်သမုဒ္ဒရာထဲရှိ ကမ္ဘာခြားနတ်ဆိုးများမှာ အနားသို့မကပ်ရဲကြပေ။

မရေမတွက်နိုင်သော ကမ္ဘာခြားနတ်ဆိုးများ ပေါင်းစပ်ဖြစ်တည်နေသည့် အသိစိတ်က ဝူယွမ်ကို ထိတ်လန့်တကြား ကြည့်လာသည်။

“ဘိုးဘေးအဆောင်ခြောက်ခု... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ဝူယွမ်၏ ဝိညာဉ်စွမ်းအင်က ထိုအသိစိတ်ကို ချက်ချင်း ပစ်မှတ်ထားလိုက်သည်။

ဤအသိစိတ်သည် ကမ္ဘာခြားနတ်ဆိုးများ ပေါင်းစပ်ထားခြင်းဖြစ်၍ မယုံနိုင်လောက်အောင် ရှုပ်ထွေးပြီး ကစဉ်ကလျားဖြစ်နေကြောင်း သူ ရှင်းလင်းစွာ ခံစားသိရှိလိုက်သည်။

“မဖြစ်နိုင်တာ ဘာမှမရှိဘူး” သူက အေးစက်စွာ ပြုံးလိုက်သည်။

“ပေါင်းစပ်ထားတဲ့ ကမ္ဘာခြားနတ်ဆိုးကောင်... အသက်ရှင်နေရတာ အရမ်းပင်ပန်းနေမှာပဲ။ မင်းကို တမန်လွန်ဆီ ငါ ပို့ပေးမယ်”

ဝူယွမ် စကားပြောဆိုအပြီးတွင် ကစဉ်ကလျားသန္ဓေသားထံမှ မူလစိတ်ဝိညာဉ်ဓားသန္ဓေသား၏ စွမ်းအားများ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာပြီး အမည်းရောင် မူလစိတ်ဝိညာဉ်ဓားသန္ဓေသားတစ်ခုအဖြစ် စုစည်းသွားသည်။

“ကစဉ်ကလျှားထိန်းချုပ်ခြင်း ဓားအတတ်”

“အချိန်ရပ်တန့်ခြင်း”

မူလစိတ်ဝိညာဉ်ဓားသန္ဓေသားက ပစ်လွှတ်လိုက်သည်နှင့် အချိန်ရပ်တန့်ခြင်းအဆောင်၏ စွမ်းအားက ကမ္ဘာခြားနတ်ဆိုး၏ ပေါင်းစပ်ခန္ဓာကိုယ်ကို ဖမ်းဆီးချုပ်နှောင်လိုက်သည်။

ဝီ...

ဓားမြည်သံ ပြန့်ပျံ့သွားပြီး မူလစိတ်ဝိညာဉ်ဓားသန္ဓေသားက ထိုအသိစိတ်ခန္ဓာကိုယ်ကို တိုက်ရိုက် ချေမှုန်းဖျက်ဆီးပစ်လိုက်သည်။

“ပြီးသွားပြီ”

ဝူယွမ်က လက်ခုပ်တီးလိုက်ပြီး တိုက်ပွဲနယ်မြေကို ရှင်းလင်းရန်နှင့် ကျန်ရှိနေသော ကမ္ဘာခြားနတ်ဆိုးစွမ်းအင်များကို စုပ်ယူရန် ဟွမ်ကို ခေါ်ထုတ်လိုက်သည်။

ထျန်းရွှမ်နန်းတော်က ဝူယွမ်ကို စပ်စုချင်စိတ်ဖြင့် အကဲခတ်လိုက်ရင်း သူ၏စွမ်းဆောင်ရည်များကို အလွန်အမင်း သဘောကျသွားသည်။

“အသိစိတ်ကို တိုက်ရိုက် ချေမှုန်းပစ်နိုင်တဲ့ အစွမ်းထက်လှတဲ့ နည်းစနစ်ပါလား၊ ဒီလောက်စွမ်းအားကြီးတဲ့ အကူအညီကို မင်းတို့ ဘယ်ကနေ ရှာတွေ့ခဲ့တာလဲ”

၎င်းကို နှစ်ပေါင်းများစွာ ဒုက္ခပေးခဲ့ပြီး ဝါးမျိုခံရလုနီးပါး ဖြစ်စေခဲ့သည့် ပေါင်းစပ်ကမ္ဘာခြားနတ်ဆိုးသည် ယခုအခါ ဝူယွမ်၏ ဓားတစ်ချက်တည်းဖြင့် ချက်ချင်း အသတ်ခံလိုက်ရသဖြင့် အမှန်တကယ်ပင် အံ့အားသင့်သွားရသည်။

ဝူယွမ်က အနည်းငယ် ပြုံးလိုက်သည်။

“လှည့်ကွက်လေးတစ်ခုပါပဲ။ ဒီလို အသိစိတ်ခန္ဓာကိုယ်မျိုးကို နှိမ်နင်းနိုင်တာ တိုက်ဆိုင်သွားရုံပါ... အထူးအဆန်းလုပ်ပြီး အံ့သြနေစရာမလိုပါဘူး”

ဟွမ်က ကိုယ်ထင်ပြလာပြီး အကြံပေးလိုက်သည်။

“ထျန်းရွှမ်နန်းတော်... ဒါက ငါတို့ရဲ့ သခင်အသစ် ဝူယွမ်ပဲ။ အခုကစပြီး မင်းလည်း သူ့နောက်ကို လိုက်သင့်တယ်။ မင်းရဲ့ လက်ရှိ သနားစရာကောင်းတဲ့ အခြေအနေမှာ သူတစ်ယောက်တည်းကပဲ မင်းကို ကူညီနိုင်လိမ့်မယ်”

ထျန်းရွှမ်နန်းတော်၏ ရတနာဝိညာဉ်သည် ပေါင်းစပ်ကမ္ဘာခြားနတ်ဆိုးနှင့် နှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရသဖြင့် အလွန်အမင်း အားနည်းနေပြီး နာလန်ထူလာရန် အချိန်ကြာမြင့်စွာ လိုအပ်နေသည်။

သို့သော် ၎င်းကို ကမ္ဘာသစ်ပင်တွင် ထားရှိကာ အာဟာရဖြည့်တင်းပေးမည်ဆိုလျှင် အပြည့်အဝ ပြန်လည်ကောင်းမွန်လာရန် အချိန်ကြာမြင့်မည်မဟုတ်ပေ။ ထို့ထက်ပို၍ မြင့်မားသော အဆင့်တစ်နေရာသို့ပင် တက်လှမ်းနိုင်ပေလိမ့်မည်။

ထျန်းရွှမ်နန်းတော်မှာ အနည်းငယ် တွေဝေသွားပြီး ထပ်မံအတည်ပြုလိုက်သည်။

“မင်းတို့နှစ်ယောက်လုံး သူ့ကို သခင်အဖြစ် အသိအမှတ်ပြုထားတာလား”

“ဟုတ်တယ်... နောက်ကျရင် မင်း တဖြည်းဖြည်း နားလည်လာပါလိမ့်မယ်။ ဝူယွမ်နောက်ကို လိုက်တာက မင်းအတွက် အကျိုးကျေးဇူးတွေပဲ ရလာလိမ့်မယ်”

ယန်က ထျန်းရွှမ်နန်းတော်ထံသို့ လျှို့ဝှက်စွာ သတင်းစကားပါးလိုက်သည်။

“သူက ငါတွေ့ဖူးသမျှထဲမှာ အဆောင်ဘိုးဘေးကို ကျော်လွန်နိုင်မယ့်အလားအလာအရှိဆုံးသူပဲ။ အဆောင်ဘိုးဘေးရဲ့အဆင့်ကို ရောက်ဖို့တင်မကဘူး... အဆောင်ဘိုးဘေးကိုပါ ကျော်လွန်သွားနိုင်တယ်”

“ဒီနည်းစနစ်ကို ကြည့်လိုက်”

ဘိုးဘေးကျောက်တုံးက ဟွမ် ထိန်းချုပ်ထားပြီး ကမ္ဘာခြားနတ်ဆိုးစွမ်းအင်များကို စုပ်ယူနေသည့် ကမ္ဘာသစ်ပင်၏ သစ်ကိုင်းများဆီသို့ လက်ညှိုးထိုးပြလိုက်သည်။

“ဒီသစ်ကိုင်းတွေက ကမ္ဘာခြားနတ်ဆိုးစွမ်းအင်တွေကို တိုက်ရိုက်စုပ်ယူနိုင်တာလား။ ဒါက ကမ္ဘာခြားနတ်ဆိုးတွေရဲ့ အဓိက ဘေးဆိုးကြီးပဲ။ ဒီသစ်ကိုင်းတွေက ဘယ်လိုသစ်ပင်မျိုးဆီကလာတာလဲ”

ထျန်းရွှမ်နန်းတော်မှာ သိသိသာသာ ထိတ်လန့်သွားသည်။ ကမ္ဘာသစ်ပင်၏ တည်ရှိမှုက ၎င်း၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေခဲ့လေပြီ။

ဘိုးဘေးကျောက်တုံးက ထပ်မံတိုက်တွန်းလိုက်သည်။

“အရင်ဆုံး ဝူယွမ်ကို သခင်အဖြစ် အသိအမှတ်ပြုလိုက်ပါ... ပြီးရင် မင်း တဖြည်းဖြည်း နားလည်လာလိမ့်မယ်။ ငါ့ကို ယုံစမ်းပါ... မင်း ဘာမှမနစ်နာစေရဘူး”

ဝူယွမ်သည် ၎င်းတို့ ဆက်သွယ်ပြောဆိုနေသည်ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။ သူ ဤနေရာသို့ လာရောက်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ထျန်းရွှမ်နန်းတော်ကို သိမ်းပိုက်ရန်ပင်။

နတ်ဘုရားရတနာများကို ဖန်တီးပေးနိုင်စွမ်းရှိသော ဤနတ်ဘုရားရတနာသည် သူ၏ အနာဂတ်ရည်မှန်းချက်များနှင့် ကြီးမားလှသော အစီအစဉ်များအတွက် အလွန်တရာ အသုံးဝင်လှပေသည်။

အခန်း (၄၅၈) - နဂါးမျိုးနွယ်စု(၂)

ထျန်းရွှမ်နန်းတော်မှာ အချိန်ကြာမြင့်စွာ တုံ့ဆိုင်းမနေခဲ့ပေ။ ဝူယွမ်ကို မယုံကြည်လျှင်တောင်မှ ၎င်း၏ ရဲဘော်ရဲဘက်ဟောင်း နှစ်ဦးဖြစ်သော ဟွမ်နှင့် ဘိုးဘေးကျောက်တုံးတို့သည်ကား ယုံကြည်စိတ်ချရသူများ ဖြစ်ကြသည်။

၎င်း၏ ဖြူလွှလွှ မျက်ခုံးလေးများ လှုပ်ရှားသွားပြီး မျက်ခုံးနှစ်ခုကြားမှ အလင်းတံဆိပ်တစ်ခု ပစ်ထွက်လာကာ ဝူယွမ်ထံသို့ လွင့်မျောလာသည်။ ထျန်းရွှမ်နန်းတော်က ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။

“ငါ့ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ အခုကစပြီး မင်းနောက်ကို ငါလိုက်ပါ့မယ်”

“မင်းရဲ့ သွေးအဆီအနှစ်ကို ထည့်သွင်ူလိုက်ပါ။ အခုချိန်ကစပြီး ခန်းမထဲမှာရှိတဲ့ အရာအားလုံးနဲ့ ဒီနေရာက နတ်ဘုရားရတနာတွေ အားလုံးကို မင်းထိန်းချုပ်နိုင်ပြီ”

ဝူယွမ်က သွေးအဆီအနှစ်တစ်စက်ကို ပစ်လွှတ်လိုက်ရာ ထျန်းရွှမ်နန်းတော်နှင့် အောင်မြင်စွာ ဆက်သွယ်မှု တည်ဆောက်နိုင်ခဲ့သည်။

“ကောင်းပြီ... မင်းတို့နှစ်ယောက် ထျန်းရွှမ်နန်းတော်ကို ကမ္ဘာသစ်ပင်ဆီ ပြန်ခေါ်သွားပြီး အရင်ဆုံး အနားယူခိုင်းလိုက်ပါ”

စီစဉ်ညွှန်ကြားပြီးနောက် ဝူယွမ်သည် ထျန်းရွှမ်နန်းတော်အတွင်းမှ ထွက်ခွာလာခဲ့သည်။

အပြင်ဘက်တွင်မူ ရွှေရောင်အလင်းဝန်းကြီး ပျောက်ကွယ်သွားပြီး အရောင်ငါးမျိုး ဖြာထွက်နေသော ခန်းမဆောင်ကြီးတစ်ခု ပေါ်လာသည်။

“ဘာတွေဖြစ်နေတာလဲ၊ ရွှေရောင်အတားအဆီးက ဘာလို့ပျောက်သွားတာလဲ”

“ဒါက ရှေးဟောင်း နတ်ဘုရားရတနာတိုက်ရဲ့ အစစ်အမှန်ပုံစံလား”

“ခန်းမထဲမှာ နတ်ဘုရားရတနာတွေ အများကြီးရှိမလား”

လူတိုင်း တွေဝေနေပြီး ခန်းမထဲသို့ အပြေးအလွှား ဝင်ရောက်စစ်ဆေးရန် ပြင်နေဆဲမှာပင် ဝူယွမ်က ခန်းမထဲမှ ပျံသန်းထွက်ပေါ်လာသည်။ လင်းတုန်နှင့် ရှောင်ယန်တို့က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြသည်။

“အစ်ကိုကြီး”

ဝူယွမ်က အောက်သို့ ဆင်းသက်လာပြီး တောင်ထိပ်ပေါ်တွင် ရပ်လိုက်သည်။

သူ၏လက်ဖဝါးကို ဖြည်းညင်းစွာ မြှောက်လိုက်ရာ လေထဲရှိ အရောင်ငါးမျိုးဖြာထွက်နေသော ခန်းမဆောင်ကြီးထံမှ အလွန် ကြောက်မက်ဖွယ်ကောင်းသော လှိုင်းဂယက်များ ထွက်ပေါ်လာပြီး ဤလောကရှိ ယွမ်စွမ်းအားများကိုပင် ရိုက်ခတ်သွားစေသည်။

ဝှစ်...

အရောင်ငါးမျိုး ခန်းမဆောင်ကြီးသည် ရုတ်တရက် ကျုံ့ဝင်သွားပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ဝူယွမ်၏ လက်ထဲသို့ ကျဆင်းလာသည်။ ၎င်းသည် လက်ဖဝါးအရွယ်အစားခန့်ရှိသော ရှေးဟောင်းခန်းမငယ်လေးတစ်ခု ဖြစ်သွားလေသည်။

“နတ်ဘုရားရတနာတိုက်ကြီးကို သူ ယူသွားပြီ”

“ဒါကို သူ ဘယ်လိုလုပ်လိုက်တာလဲ”

မဟာမိစ္ဆာစစ်သူကြီးရှစ်ပါးမှာ တိတ်တဆိတ် တံတွေးမျိုချလိုက်မိကြသည်။ ဤနတ်ဘုရားရတနာတိုက်သည် နတ်ဘုရားရတနာတောင်တန်းတွင် နှစ်ပေါင်းမည်မျှကြာအောင် တည်ရှိနေခဲ့သနည်း။

မည်သူကမျှ အတွင်းသို့ မဝင်ရောက်နိုင်ခဲ့ပေ။ သို့သော် ယခုအခါ ဝူယွမ်သည် ဝင်ရောက်နိုင်ခဲ့ရုံသာမက အောင်မြင်စွာပင် သိမ်းပိုက်နိုင်ခဲ့လေပြီ။

နတ်ဘုရားရတနာတိုက်ကို ပိုင်ဆိုင်လိုက်ခြင်းက ဝူယွမ်သည် အဆုံးမဲ့ နတ်ဘုရားရတနာများကို ပိုင်ဆိုင်သွားသည်နှင့် အတူတူပင်။ ဝူယွမ်အပေါ် ထားရှိသော ၎င်းတို့၏ အကြည့်များမှာ ပိုမို ရိုသေလေးစားလာကြပြီး တိတ်တဆိတ် တွေးတောနေမိကြသည်။

အကယ်၍ ၎င်းတို့သာ ဝူယွမ်၏ မျက်နှာသာပေးမှုကို ရရှိနိုင်မည်ဆိုပါက ဝူယွမ်က ၎င်းတို့ကို နတ်ဘုရားရတနာ တစ်ခု သို့မဟုတ် နှစ်ခုခန့် ချီးမြှင့်ကောင်း ချီးမြှင့်ပေလိမ့်မည်။

ဤသည်က ယခင်က ရွှေရောင်အလင်းဝန်းထဲသို့ ဝင်ရောက်ရခြင်းထက် များစွာ ပိုမို လွယ်ကူပေလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ ၎င်းတို့သည် ယခုအခါ ဝူယွမ်၏ လက်အောက်ငယ်သားများ ဖြစ်နေကြပြီ မဟုတ်လော။

ဝူယွမ်က အိုးကိုးလုံးနတ်ဘုရားတူကို ထုတ်ယူကာ ရှောင်ယန်ထံ ကမ်းပေးလိုက်သည်။

“ဒီနတ်ဘုရားရတနာက မင်းနဲ့ တော်တော်လေး လိုက်ဖက်မယ်ထင်တယ်”

တစ်စုံတစ်ယောက်က အာမေဍိတ်သံဖြင့် အော်ပြောလိုက်သည်။

“ရှေးဟောင်းနတ်ဘုရားရတနာမှတ်တမ်းမှာ အဆင့်နှစ်ဆယ့်သုံးချိတ်တဲ့ အိုးကိုးလုံးနတ်ဘုရားတူပဲ”

လူတိုင်း၏ မျက်လုံးများက ဝူယွမ်ကို အလွန်အမင်း တပ်မက်လိုချင်သော အကြည့်များဖြင့် ကြည့်လာကြသည်။

ဝူယွမ်က ထျန်းရွှမ်နန်းတော်ကို သိမ်းဆည်းလိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။

“ကောင်းပြီ... အားလုံးပဲ လူစုခွဲလိုက်ကြတော့။ ဒီနေရာမှာ နတ်ဘုရားရတနာတိုက်ဆိုတာ မရှိတော့ဘူး။ ဒါပေမဲ့ မင်းတို့ နတ်ဘုရားရတနာတွေ လိုချင်တယ်ဆိုရင်တော့ စစ်သူကြီးယန်ရဲ့ တပ်ဖွဲ့ထဲကို ဝင်ရောက်နိုင်တယ်။ ငါက စစ်သူကြီးယန်ကို အချိန်အပိုင်းအခြားအလိုက် နတ်ဘုရားရတနာ တစ်သုတ်စီ ချီးမြှင့်ပေးသွားမယ်”

“ဒါ့အပြင် မင်းတို့အနေနဲ့ ရှားပါးပြီး တန်ဖိုးကြီးတဲ့ ရတနာဖန်တီးရေး ပစ္စည်းတွေကိုလည်း စုဆောင်းထားနိုင်တယ်။ တကယ်လို့ ပစ္စည်းတွေက လုံလောက်ပြီး အရည်အသွေး ကောင်းမွန်မယ်ဆိုရင် ထျန်းရွှမ်နန်းတော်ကို အသုံးပြုပြီး မင်းတို့အတွက် သီးသန့်နတ်ဘုရားရတနာတွေ ဖန်တီးပေးဖို့ ငါ စဉ်းစားပေးမယ်”

နတ်ဘုရားရတနာများကို ဖန်တီးပေးခြင်းသည်လည်း ထျန်းရွှမ်နန်းတော်အတွက် ကျင့်ကြံခြင်းနှင့် တိုးတက်ခြင်းပုံစံတစ်မျိုးပင်။

ဝူယွမ်၏ စကားများကို ကြားပြီးနောက် လူတိုင်းတွင် မျှော်လင့်ချက်အသစ်များ အသီးသီး ဖြစ်ပေါ်လာကြပြီး အများအပြားက ရှောင်ယန်၏ တပ်ဖွဲ့ထဲသို့ ဝင်ရောက်ရန် ချက်ချင်းပင် စုံစမ်းမေးမြန်းလာကြသည်။

ထိုစဉ် နဂါးဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာသည်။

ဝေါင်း...

နဂါးဟိန်းဟောက်သံကြီးက လောကတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားသည်။ တောင်ထိပ်ပေါ်တွင် ပုံရိပ်နှစ်ခု ပေါ်လာသည်။

၎င်းတို့၏ အနောက်ဘက်တွင် ၎င်းတို့၏ အငွေ့အသက်များသည် ရစ်ခွေနေသော ဧရာမ နဂါးကြီးတစ်ကောင်၏ ပုံသဏ္ဌာန်အဖြစ် သိမ်မွေ့စွာ စုစည်းနေပြီး ထိုဖိအားကြီးက ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံထားလေသည်။

“နဂါးမျိုးနွယ်စုလား”

“နဂါးမျိုးနွယ်စုကလူတွေ ဘာလို့ ဒီကို ရောက်နေတာလဲ”

နဂါးနှစ်ကောင် ရောက်ရှိလာခြင်းက လူတိုင်း၏အာရုံကို ဆွဲဆောင်သွားသည်။ နဂါးမျိုးနွယ်စုသည် လက်ရှိ သားရဲလောကတွင် အင်အားအကြီးမားဆုံး အရှင်သခင်များ ဖြစ်ကြသည်။

ကောင်းကင်နဂါး မိစ္ဆာစစ်သူကြီးက အသစ်ရောက်လာသူများကို မြင်သောအခါ ဝမ်းသာအားရ အော်ခေါ်လိုက်သည်။

“အစ်ကိုကြီး တွမ့်ထောင်”

တွမ့်ထောင်က မေးလိုက်သည်။ “သခင်လေးဝူယွမ်ဆိုတာ ဘယ်သူလဲ”

ကောင်းကင်နဂါး မိစ္ဆာစစ်သူကြီးက ဝူယွမ်ကို လှမ်းကြည့်လိုက်သည်။

ဝူယွမ်က ပြန်မေးလိုက်သည်။

“ငါ့ကို ရှာနေတာလား”

တွမ့်ထောင်က အလျင်အမြန် လေးစားစွာ အရိုအသေပေးလိုက်သည်။

“သခင်လေး ဝူယွမ်ကို ဂါရဝပြုပါတယ်... ကျွန်တော်က နဂါးမျိုးနွယ်စုက တွမ့်ထောင်ပါ”

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လူတိုင်းမှာ ထပ်မံအံ့အားသင့်သွားရပြန်သည်။ နဂါးမျိုးနွယ်စုမှ လူများက ဝူယွမ်အပေါ် ဤမျှ လေးစားသမှု ပြသနေကြပြီး ‘သခင်လေး’ဟုပင် ခေါ်ဝေါ်နေကြသည်မဟုတ်လော။

နဂါးမျိုးနွယ်စုသည် မိစ္ဆာနယ်မြေတွင် အမြဲတစေ ဗိုလ်ကျလွှမ်းမိုးလေ့ရှိကြောင်းကို လူတိုင်း သိထားကြသည်။ ပုံမှန်အားဖြင့် အခြားသူများကသာ ၎င်းတို့ကို လေးစားရိုသေကြရသည်။

‘သူတို့က ဘယ်တုန်းကများ အခြားသူတစ်ယောက်ကို လေးစားမှု ပြသခဲ့ဖူးလို့လဲ။ ဒီဝူယွမ်က ဘယ်လို အရေးပါတဲ့ ပုဂ္ဂိုလ်ကြီးမျိုးများလဲ'

ဝူယွမ်က ပြုံးရွှင်စွာဖြင့် မေးလိုက်သည်။

“အို... အစ်ကိုတွမ့်... ကျွန်တော့်ဆီမှာ ဘာကိစ္စများ ရှိလို့လဲ”

တွမ့်ထောင်သည် ခဏမျှ ရပ်တန့်သွားပြီးနောက် ခါးခါးသီးသီး ပြုံးရင်း ခေါင်းညိတ်ကာ တိုးညှင်းစွာ ပြောလိုက်သည်။

“ကျွန်တော်တို့ နဂါးမျိုးနွယ်စုမှာ ပြဿနာတချို့ ဖြစ်နေလို့... သခင်လေး ဝူယွမ်ရဲ့ အကူအညီကို လိုအပ်နေပါတယ်”

ဝူယွမ်က မျက်မှောင်အနည်းငယ် ကျုံ့လိုက်သည်။

“ကျွန်တော် ဒီမှာရှိနေတာကို ခင်ဗျား ဘယ်လိုသိတာလဲ”

တွမ့်ထောင်က ရှင်းပြလိုက်သည်။

“သခင်ကြီးချင်းကျီက သတင်းစကား ပါးလိုက်တာပါ။ ကျွန်တော်တို့ နဂါးမျိုးနွယ်စု လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာကို သခင်လေးဝူယွမ် တစ်ယောက်တည်းကပဲ ဖြေရှင်းပေးနိုင်မယ်တဲ့"

“သခင်လေးဝူယွမ်က မကြာခင် မိစ္ဆာနယ်မြေကို လာလိမ့်မယ်၊ သားရဲတိုက်ပွဲနယ်မြေမှာ ရှိလောက်တယ်လို့လည်း သူက ပြောပြခဲ့တယ်။ ဒါကြောင့် ကျွန်တော်က ကောင်းကင်နဂါးကို သခင်လေးကို ရှာပေးဖို့ သတင်းလှမ်းပို့လိုက်တာပါ”

“ကောင်းပြီလေ... ဒါဆိုရင်လည်း ခင်ဗျားနဲ့အတူ ကျွန်တော်လိုက်ခဲ့ပါ့မယ်”

ဝူယွမ်က သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ သူကိုယ်တိုင်ကလည်း နဂါးမျိုးနွယ်စု၏ နဂါးအသွင်ပြောင်းရေကန်တွင် ဆိုင်းအင်ဝင်ရန် အစီအစဉ်ရှိနေခဲ့သည်မဟုတ်လော။

ထို့နောက် ဝူယွမ်က ရှောင်ယန်ကို ညွှန်ကြားလိုက်သည်။

“ရှောင်ယန်... မင်းက သားရဲတိုက်ပွဲနယ်မြေမှာ ဆက်နေခဲ့၊ မင်းရဲ့ နယ်မြေကို တိုးချဲ့ပြီး ဒီက တပ်ဖွဲ့တွေကို ပေါင်းစည်းထားလိုက်။ ပြီးတော့ မကြာခင် ဖြစ်လာတော့မယ့် ကောင်းကင်နဲ့ မြေကြီးကြားက မဟာစစ်ပွဲကြီးအတွက် ကြိုတင်ပြင်ဆင်ထားပါ”

ရှောင်ယန်က အလေးအနက် တုံ့ပြန်လိုက်သည်။

“စိတ်ချပါ အစ်ကိုကြီး”

ကောင်းကင်နှင့် မြေကြီးကြားက မဟာစစ်ပွဲကြီးသည် ရှောင်လွှဲ၍မရနိုင်သော အရာဖြစ်ရာ ၎င်းတို့အနေဖြင့် ကြိုတင်ပြင်ဆင်ထားရန်သာ တတ်နိုင်ပေသည်။

ရှောင်ယန်သည် ဝူယွမ်၏နောက်သို့ ဤခရီးတစ်လျှောက်လုံး လိုက်ပါလာခဲ့သူဖြစ်ရာ ကမ္ဘာခြားနတ်ဆိုးများ၏ ခြိမ်းခြောက်မှုကြီးကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်ထားလေသည်။

ဝူယွမ်သည် ထျန်းရွှမ်နန်းတော်မှ နတ်ဘုရားရတနာ တစ်စိတ်တစ်ပိုင်းကိုလည်း ရှောင်ယန်အား ခွဲဝေပေးခဲ့သည်။

ဤနတ်ဘုရားရတနာများကို ရှောင်ယန်၏ ကျားဝါးမျိုခြင်းတပ်ဖွဲ့အတွက် တပ်ဆင်ပေးရန် အသုံးပြုနိုင်ပေသည်။ တပ်ဆင်ပြီးသွားသည်နှင့် ဤတပ်ဖွဲ့၏ တိုက်ခိုက်ရေးစွမ်းအားမှာ အံ့မခန်းအဆင့်တစ်ခုသို့ သေချာပေါက် ရောက်ရှိသွားပေလိမ့်မည်။

ထိုအချိန်ရောက်လျှင် ရှောင်ယန်အနေဖြင့် ဤတပ်ဖွဲ့နှင့် အင်အားပေါင်းစပ်လိုက်ပါက သံသရာအဆင့် ကျင့်ကြံသူများကို ယှဉ်ပြိုင်နိုင်ရန် အသေအချာပင် လုံလောက်ပေလိမ့်မည်။

ကျန်ရှိနေသော နတ်ဘုရားရတနာများကိုမူ ရှေးဟောင်းကျောက်တိုင်ကမ္ဘာအတွင်းရှိ မဟာတောရိုင်းဂိုဏ်းနှင့် တာအိုဂိုဏ်းတပ်ဖွဲ့များအတွက် ချန်ထားခဲ့လေသည်။

မီးတောက်နတ်ဘုရားကျောင်းတော်မှ ထန်ရှင်းလျန်ဦးဆောင်သော မီးတောက်နတ်ဘုရားကိုယ်ရံတော်တပ်ဖွဲ့ကို စံနမူနာထား၍ မဟာတောရိုင်းဂိုဏ်းနှင့် တာအိုဂိုဏ်းတို့သည်လည်း ၎င်းတို့ကိုယ်ပိုင် တပ်ဖွဲ့များကို တည်ထောင်ရန် လိုအပ်နေပေသည်။

ထျန်းရွှမ်နန်းတော်နှင့် ဘိုးဘေးကျောက်တုံးတို့ ပြန်လည်ကောင်းမွန်လာမှုနှင့်အတူ တစ်ခုက နတ်ဘုရားရတနာများကို အစုလိုက်အပြုံလိုက် ထုတ်လုပ်ပေးနိုင်ပြီး နောက်တစ်ခုက ဆေးလုံးများကို အမြောက်အမြား ပြောင်းလဲပေးနိုင်သည်။

ယင်းတို့အပြင် လက်ဖဝါးထဲမှကောင်းကင်ပုလင်း၏ အရှိန်မြှင့် တိုးတက်စေမှုနှင့် နှလုံးကြွေမီးတောက်၏ ကျင့်ကြံခြင်းကို အရှိန်မြှင့်တင်ပေးနိုင်သည့် စွမ်းအားတို့ ပေါင်းစပ်လိုက်သောအခါ ဝူယွမ်သည် ယခုအခါ အစွမ်းထက်သော တပ်ဖွဲ့ကြီးများကို အစုလိုက်အပြုံလိုက် လေ့ကျင့်မွေးထုတ်ပေးနိုင်နေပြီဖြစ်သည်။

ရှောင်ယန်ကို ညွှန်ကြားချက်များပေးပြီးနောက် ဝူယွမ်သည် လင်းတုန်ကိုခေါ်ကာ တွမ့်ထောင်နှင့်အတူ မိစ္ဆာနယ်မြေ၏ မြောက်ဘက်ရှိ နဂါးမျိုးနွယ်စုဆီသို့ ထွက်ခွာလာခဲ့လေသည်။

ထိုနေရာသည် နဂါးမျိုးနွယ်စုနေထိုင်ရာ နဂါးနယ်မြေဟု လူသိများသည့် နေရာဖြစ်သည်။ နဂါးနယ်မြေကြီးမှာ မယုံနိုင်လောက်အောင် ကျယ်ဝန်းလှသည်။

တွမ့်ထောင်၏ ဦးဆောင်မှုဖြင့် အကြိမ်ပေါင်းများစွာ အာကာသကူးပြောင်းမှုများ ပြုလုပ်ပြီးနောက် ဝူယွမ်နှင့် အခြားသူများသည် နောက်ဆုံးတွင် ဤနေရာသို့ ရောက်ရှိလာခဲ့ကြသည်။

၎င်းတို့ရှေ့မှောက်ရှိ အဆုံးအစမဲ့ ကျယ်ပြောလှသော တောရိုင်းမြေပြင်ကြီးကို လှမ်းကြည့်လိုက်ရာ တောင်တန်းကြီးများသည် ဝပ်တွားနေသော ဧရာမ နဂါးကြီးများသဖွယ် သွယ်တန်းနေပြီး ရှေးဟောင်းသစ်တောကြီးများက မားမားမတ်မတ် ရပ်တည်နေကြသည်။

ပေပေါင်းသောင်းချီ မြင့်မားသော ရှေးဟောင်းသစ်ပင်ကြီးများသည် တောင်ငယ်လေးများပမာ ရပ်တည်နေကြပြီး ၎င်းတို့၏ ဖြာထွက်နေသော သစ်ကိုင်းကြီးများက ကျန်းတစ်ထောင်နီးပါး ကျယ်ဝန်းသောဧရိယာကို လွှမ်းခြုံထားသည်။

ပြင်းထန်ပြီး ရှေးကျသော မူလအငွေ့အသက်တစ်ခုက ကောင်းကင်နှင့် မြေကြီးအနှံ့ ပျံ့နှံ့နေလေသည်။ သားရဲတိုက်ပွဲနယ်မြေနှင့် နှိုင်းယှဉ်လျှင် ဤနေရာရှိ တောရိုင်းအငွေ့အသက်မှာ ပိုမို ပြင်းထန်လှပေသည်။

နဂါးမျိုးနွယ်စုသည် ၎င်း၏ အရှင်သခင်အဆင့်အတန်းကို အမြဲတမ်း ထိန်းသိမ်းထားနိုင်ခဲ့သောကြောင့် နဂါးနယ်မြေသည် ရှေးခေတ်ကာလမှစ၍ ယနေ့တိုင်အောင် မည်သည့် ဖျက်ဆီးခံရမှုမျိုးကိုမျှ မကြုံတွေ့ခဲ့ရပေ။

မြေပြင်တစ်ခုလုံးတွင် သဘာဝရတနာမျိုးစုံဖြင့် ပြည့်နှက်နေလေသည်။ မည်သူကမျှ ဤနေရာသို့ လာရောက်၍ ရတနာများကို မရှာဖွေရဲကြပေ။

နဂါးမျိုးနွယ်စု၏ နယ်မြေကို ကျူးကျော်ဝင်ရောက်ခြင်းက ကြီးလေးသော အကျိုးဆက်များကို ခံစားရစေမည်ဖြစ်သည်။

နဂါးမျိုးနွယ်စုသည် နဂါးနယ်မြေ၏ ဗဟိုချက်တွင် နေထိုင်ကြပြီး ကြီးကျယ်ခမ်းနားသော အစီအရင်များစွာဖြင့် အကာအကွယ် ရယူထားကြသည်။ သာမန်လူများအနေဖြင့် အလွယ်တကူ ဝင်ရောက်နိုင်ရန် လုံးဝ မဖြစ်နိုင်ပေ။

တွမ့်ထောင်၏ ဦးဆောင်မှုဖြင့် ၎င်းတို့သည် အစီအရင်များကို ဖြတ်ကျော်လာခဲ့ကြပြီး မကြာမီမှာပင် ဗဟိုချက်သို့ ရောက်ရှိသွားကြသည်။

ထိုနေရာတွင် တင့်တယ်ခမ်းနားပြီး ကြီးကျယ်လှသော နန်းတော်များနှင့် ကျောက်တိုင်စင်မြင့်များ မားမားမတ်မတ် ရပ်တည်နေကြပြီး ကျယ်ပြောလှသော ခမ်းနားကြီးကျယ်မှု ခံစားချက်တစ်ခုက ၎င်းတို့ကို ဆီးကြိုနေလေသည်။

ဤနေရာသို့ ရောက်ရှိလာချိန်တွင် ဝူယွမ်၏ ကစဉ်ကလျားသန္ဓေသားအတွင်း၌ ရိုက်နှိပ်ထားသော ဘိုးဘေးအဆောင်ခြောက်ခုထံမှ သိမ်မွေ့သော တုံ့ပြန်မှုတစ်ခု ထွက်ပေါ်လာသည်။ ဝါးမျိုခြင်း၊ မိုးကြိုးနှင့် အာကာသ ဘိုးဘေးအဆောင်တို့ကို ပိုင်ဆိုင်ထားသော လင်းတုန်ကလည်း ၎င်းကို အာရုံခံမိသွားသည်။

လင်းတုန်က လျှို့ဝှက်စွာ သတင်းစကားပါးလိုက်သည်။

“အစ်ကိုကြီး... နဂါးမျိုးနွယ်စုဆီမှာ ဘိုးဘေးအဆောင်တွေနဲ့ ပတ်သက်တဲ့ တစ်ခုခု ရှိနေတယ်”

ဝူယွမ်က တည်ငြိမ်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

“ငါသိတယ်”

အမှောင်သခင်သည် နဂါးမျိုးနွယ်စုအတွင်း၌ အိပ်စက်နေခဲ့ခြင်း ဖြစ်သည်။

ဝူယွမ်က တိတ်တဆိတ် စဉ်းစားတွေးတောလိုက်သည်။

‘ဒီတစ်ကြိမ်တော့ အမှောင်သခင် စောစောလွတ်မြောက်လာနိုင်အောင် ငါကူညီပေးနိုင်မလားဆိုတာ ကြည့်ရသေးတာပေါ့’

All Chapters