← Chapters

အခန်း ၆၉၅

Vol. 47 Ch. 695

အခန်း ၆၉၅

Vol. 47 Ch. 695

အခန်း (၆၉၅) - တာအိုသခင် ဉာဏ်ကုန်သွားခြင်းနှင့် တာအိုဧကရာဇ် ပေါင်းစည်းခြင်း အပိုင်း (၁)

လွန်ခဲ့သော ဆယ်စုနှစ်များစွာကတည်းက စုယွီသည် အရည်အသွေးအမြင့်ဆုံး စတုတ္ထအလယ်အလတ်အဆင့် အရိပ်နီ ရုပ်သေးကို ဖန်တီးရန် စတင်ပြင်ဆင်ခဲ့၏။ နှစ်ပေါင်းများစွာ အချိန်ယူ၍ တစ်စစီ ဖန်တီးခဲ့ပြီးနောက် ယခုအခါ အူတိုင်မှလွဲ၍ ကျန်အစိတ်အပိုင်းအားလုံးကို ပြီးပြည့်စုံစွာ ဖန်တီးနိုင်ခဲ့ပြီ ဖြစ်သည်။

လိုအပ်နေသော ထိုအူတိုင်တစ်ခုကိုသာ ဖြည့်ဆည်းနိုင်ခဲ့မည်ဆိုပါက ပြီးပြည့်စုံသော စတုတ္ထအလယ်အလတ်အဆင့် အရိပ်နီ ရုပ်သေးကြီး တစ်ရုပ်ကို သူ ဖန်တီးနိုင်တော့မည် မဟုတ်ပါလော။

စီမံအုပ်ချုပ်ရေးဆောင်မှ တာဝန်ခံ အကြီးအကဲဝူသည် သူ၏ ဝိညာဉ်ကျောက်တုံးများကို သိမ်းဆည်းပြီးနောက် ပြန်လည်ထွက်ခွာရန် ဟန်ပြင်လိုက်၏။ ထိုအခိုက် စုယွီက လှမ်း၍ မေးမြန်းလိုက်သည်။

“အို... အကြီးအကဲဝူ... ကျွန်တော်က တလောကလုံး တံခါးပိတ် ကျင့်ကြံနေခဲ့တာဆိုတော့ အရိုင်းနယ်မြေထဲက အင်မော်တယ်နန်းတော်မှာ ဘာတွေဖြစ်နေလဲဆိုတာ သိပ်မသေချာဘူးဗျ”

မမျှော်လင့်ထားသော မေးခွန်းကြောင့် အကြီးအကဲဝူမှာ ရယ်မောလိုက်ပြီးနောက် သေချာစွာ ရှင်းပြလိုက်၏။

“အဆင်ပြေပါတယ်... အင်မော်တယ်နန်းတော်က အင်မော်တယ်တစ်သောင်းနန်းတော်ရဲ့ ဝိုင်းဝန်းပိတ်ဆို့ခံရတဲ့ အကြပ်အတည်းကို ဖြေရှင်းပြီးသွားပါပြီ... အင်မော်တယ်တစ်သောင်းနန်းတော်၊ ယွီလုံနန်းတော်၊ လီဟော့နန်းတော်နဲ့ ကိုးဝိဉာဥ် အင်မော်တယ်နန်းတော်ဆိုတဲ့ မဟာအင်မော်တယ်နန်းတော် လေးခုစလုံး အထိနာသွားကြပြီး ဘာမှ ထပ်မလှုပ်ရှားရဲကြတော့ဘူးလေ”

“တကယ်တော့ အရိုင်းနယ်မြေဆိုတာ မဟာအင်မော်တယ်နန်းတော် အနည်းငယ်ရဲ့ နယ်မြေသက်သက် မဟုတ်သလို၊ တာ့ချန်က ကျင့်ကြံသူတွေချည်းပဲ ကြီးစိုးထားတဲ့ နေရာမျိုးမှ မဟုတ်တာ”

“နည်းနည်းလေး သတိလွတ်သွားတာနဲ့ မိစ္ဆာမျိုးနွယ်စုတွေ ဒါမှမဟုတ် တခြားနယ်ပယ်က ကျင့်ကြံသူတွေရဲ့ တိုက်ခိုက်တာကို ခံရနိုင်တယ်လေ”

“ဒါကြောင့်မို့လို့ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်ကတည်းက အင်မော်တယ်နန်းတော်ဟာ ယွီလုံနန်းတော်လို အင်အားစုတွေနဲ့ စေ့စပ်ညှိနှိုင်းမှုတွေပဲ လုပ်နေခဲ့တာပါ... အစောပိုင်းတုန်းက သူတို့လူ အတော်များများကို ဖမ်းမိထားတယ်လေ... ဒီဓားစာခံတွေက ယွီလုံနန်းတော်တို့လို အဖွဲ့တွေကို အထိနာသွားစေဖို့ လုံလောက်ပါတယ်”

“သူတို့ဘက်က သွေးထွက်သံယို အကြီးအကျယ် အဖြစ်မခံချင်ဘူးဆိုရင်တော့ သူတို့လူတွေကို ပြန်ရဖို့ မျှော်လင့်မနေနဲ့ပေါ့”

“ဒါပေမဲ့ အသေးစိတ်ကိုတော့ ကျွန်တော်လည်း သေသေချာချာ နားမလည်ပါဘူး... အကြီးအကဲစုက ပိုသိချင်တယ်ဆိုရင်တော့ ပထမအကြီးအကဲကို သွားမေးကြည့်လို့ ရပါတယ်”

ထိုသို့ ရှင်းပြပြီးနောက် အကြီးအကဲဝူသည် နှုတ်ဆက်ကာ ထွက်ခွာသွားတော့၏။

အကြီးအကဲဝူ၏ စကားများကို နားထောင်ပြီးနောက် စုယွီက အခြေအနေကို ကောင်းစွာ သဘောပေါက်လိုက်သည်။ အကြီးအကဲဝူသည် အရိုင်းနယ်မြေ၌ ဖြစ်ပျက်ခဲ့သော အသေးစိတ် အကြောင်းအရာများကို မသိရှိသကဲ့သို့ ယခင်က ဖြစ်ပွားခဲ့သော အဖြစ်အပျက်များတွင် သူ ပါဝင်ပတ်သက်နေခြင်းကိုလည်း လုံးဝ သိရှိပုံ မရချေ။

ထို့အတူ ယွီလုံနန်းတော်၏ တာအို သားတော် ကဲ့သို့သော ဓားစာခံများကို အင်မော်တယ်နန်းတော်က မည်သို့ ကိုင်တွယ် ဖြေရှင်းနေသည် ဆိုသည်ကိုလည်း သူ အသေအချာ မသိပါချေ။ သူသိထားသမျှ အရာအားလုံးမှာ သတင်းမှားများသာ ဖြစ်ပုံရ၏။

သို့သော် ယွီလုံနန်းတော်နှင့် အခြားသော အင်မော်တယ်နန်းတော် အင်အားစုများသည် သူတို့၏ ဒဏ်ရာများကိုသာ ကုသနေကြပြီး အရိုင်းနယ်မြေ၌ မည်သည့် ပြဿနာမျှ မဖန်တီးတော့ကြောင်း ကြားလိုက်ရသဖြင့် စုယွီမှာ များစွာ စိတ်သက်သာရာ ရသွားတော့သည်။ အင်မော်တယ်နန်းတော်၏ အကြပ်အတည်းကြီးမှာ တကယ့် အန္တရာယ်ဆိုးကြီး မကျရောက်လာမီမှာပင် ဘေးကင်းစွာ ပြေလည်သွားခဲ့ပုံ ရ၏။

ယွီလုံနန်းတော်နှင့် အခြားသော အင်မော်တယ်နန်းတော်များက အင်မော်တယ်တစ်သောင်းနန်းတော်နှင့် အမှန်တကယ် ပူးပေါင်းမသွားသရွေ့ မြေကမ္ဘာအင်မော်တယ်စံအိမ် အနေဖြင့် သူတို့ကို ကြောက်ရွံ့နေစရာ အကြောင်း လုံးဝ မရှိပါချေ။

အကြီးအကဲဝူသည် တာ့ယွီတောင်ထွတ်မှ ထွက်ခွာသွားပြီးနောက် စုယွီသည် အရိပ်နီ ရုပ်သေး၏ နောက်ဆုံး အူတိုင်ကို ဖန်တီးရန်အတွက် တားမြစ်နယ်မြေအတွင်းသို့ ပြန်လည် ဝင်ရောက်လာခဲ့၏။ ဤကဲ့သို့ ဖန်တီးခြင်း လုပ်ငန်းစဉ်မှာ မှော်လက်နက်များ သန့်စင်ဖန်တီးခြင်းနှင့် များစွာ ဆင်တူလှပေ၏။

ကွာခြားချက်မှာ တစ်ခုက မှော်ရတနာများကို သန့်စင်ဖန်တီးခြင်း ဖြစ်ပြီး အခြားတစ်ခုက ရုပ်သေး၏ အစိတ်အပိုင်းများကို ဖန်တီးခြင်းသာ ဖြစ်ပေသည်။

စတုတ္ထအလယ်အလတ်အဆင့် အရိပ်နီ ရုပ်သေး၏ အကောင်းဆုံး အရည်အသွေးရှိသော အူတိုင်တစ်ခုကို အောင်မြင်စွာ ဖန်တီးနိုင်ရန်အတွက် စုယွီသည် တစ်နှစ်ကျော်မျှ အချိန်ယူခဲ့ရ၏။

ရုပ်သေး၏ အစိတ်အပိုင်း အားလုံးကို တစ်ခုတည်းအဖြစ် ပေါင်းစပ် တပ်ဆင်လိုက်သောအခါ... ဆယ်ပေ ကျော်မျှ မြင့်မားပြီး အနီရင့်ရောင် ခန္ဓာကိုယ် ရှိကာ လက်ထဲတွင် အဆင့်နိမ့် မှော်လှံရှည်ကြီး တစ်လက်ကို ကိုင်ဆောင်ထားသည့် လူသားပုံစံ ရုပ်သေးကြီး တစ်ရုပ်သည် စုယွီ၏ အရှေ့၌ မားမားမတ်မတ် ပေါ်လာတော့၏။

အရိပ်နီ ရုပ်သေးကြီးသည် အကောင်းဆုံး အရည်အသွေးရှိ စတုတ္ထအဆင့် ဝိညာဉ်အရည် စက်သုံးဆယ်၏ ဝိညာဉ်စွမ်းအင်များကို စုပ်ယူလိုက်ပြီးနောက် စုယွီသည် ရုပ်သေး၏ အူတိုင်ကို လျှပ်တစ်ပြက်အတွင်း အသက်သွင်းလိုက်၏။

“ဝုန်း...”

သာမန် မူလဝိဉာဉ်ရှိ အရှင်သခင်ကြီး တစ်ပါးထက် များစွာ သာလွန်သော လွှမ်းမိုးဖိနှိပ်နိုင်သည့် အပူရှိန်ကြီး တစ်ခုသည် ရုပ်သေးကြီး၏ ခန္ဓာကိုယ်မှ ပေါက်ကွဲ ထွက်ပေါ်လာတော့၏။ ၎င်း၏ မျက်လုံးများ ပွင့်လာသောအခါ ငရဲမီးတောက်ငယ်လေးများအလား တောက်ပနေသော မျက်ဝန်းအစုံကို မြင်တွေ့လိုက်ရသည်။ ဤရုပ်သေးတွင် မိစ္ဆာသားရဲ တစ်ကောင်၏ ရက်စက်ကြမ်းကြုတ်မှုမျိုး မရှိသော်လည်း လူသားကျင့်ကြံသူ တစ်ယောက်၏ အားကောင်းလှသော ဖိနှိပ်မှု အရှိန်အဝါမျိုးက လွန်စွာ ကြီးမား လေးလံလှပေ၏။

အရိပ်နီ ရုပ်သေးကြီးထံမှ အရှိန်အဝါများ အသွင်သဏ္ဌာန် ပေါ်လာသည့် အခိုက်အတန့်၌ တားမြစ်နယ်မြေ တစ်ခုလုံးမှာ ပြင်းထန်သော အပူလှိုင်းလုံးကြီးများ ရိုက်ခတ်သွားသဖြင့် သိမ့်သိမ့်တုန်ခါသွားတော့၏။

တားမြစ်နယ်မြေ တစ်ခုလုံးသည် မီးတောက်မီးလျှံ နယ်ပယ်တစ်ခု၏ ဖုံးလွှမ်း ဖိနှိပ်ခံလိုက်ရသည့်အလား ထင်မှတ်ရ၏။

အရိပ်နီ ရုပ်သေးကြီး၏ အရှေ့၌ ရပ်နေသော်လည်း စုယွီမှာ မည်သည့် ဖိအားကိုမျှ မခံစားရပါချေ။

လက်ရှိ သူ၏ ကျင့်ကြံခြင်း အဆင့်အတန်းမှာ မူလဝိဉာဉ် တတိယအဆင့်၌ ရှိနေပြီး သူ၏ ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်သည်လည်း စတုတ္ထအလယ်အလတ်အဆင့်သို့ ဝင်ရောက်နေခဲ့ချေပြီ။ ထို့ပြင် သူ ကျင့်ကြံခဲ့သော ကောင်းကင် အင်မော်တယ် ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်သည်လည်း စတုတ္ထအဆင့်သို့ ရောက်ရှိနေသကဲ့သို့ သူ၏ စိတ်ဝိဉာဉ် လျှို့ဝှက်ကျင့်စဉ်မှာလည်း စတုတ္ထအဆင့်၌ ရှိနေသည် မဟုတ်ပါလော။

သို့ဖြစ်၍ သူ့အပေါ် ဖိအားအနည်းငယ် ပေးနိုင်ရန်အတွက် အနည်းဆုံး မူလဝိဉာဉ် နှောင်းပိုင်းကာလ အဆင့်ခန့်တော့ လိုအပ်ပေလိမ့်မည်။

သို့သော်ငြားလည်း သာမန် မူလဝိဉာဉ် အရှင်သခင်ကြီး တစ်ပါးထက် ကျော်လွန်နေသော အရိပ်နီ ရုပ်သေးကြီး၏ အရှိန်အဝါကို ခံစားလိုက်ရသောအခါ စုယွီသည် ကျေနပ်အားရစွာဖြင့် ခေါင်းတိတ်တဆိတ် ညိတ်လိုက်မိတော့သည်။

ဤကဲ့သို့ အံ့မခန်း ရုပ်သေးအူတိုင်တစ်ခုကို ရရှိရန်အတွက် နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရပြီး စတုတ္ထအလယ်အလတ်အဆင့် ရုပ်သေး တစ်ရုပ်ကို ဖန်တီးရန် ဤမျှလောက် အားထုတ်ခဲ့ရသဖြင့် ယခုရရှိလာသော အရှိန်အဝါက သူ့ကို လွန်စွာ ကျေနပ်စေခဲ့၏။

'သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားကို စမ်းသပ်ကြည့်ရအောင်'

စုယွီသည် သူပိုင်ဆိုင်ထားသော မှော်လက်နက် ဒါဇင်ပေါင်းများစွာထဲမှ အဆင့်နိမ့် မှော်ချပ်ဝတ်တန်ဆာ တစ်ခုနှင့် မှော်လှံရှည် တစ်လက်ကို အရိပ်နီ ရုပ်သေးကြီးအား တပ်ဆင်ပေးလိုက်၏။ ကျန်ရှိနေသော မှော်လက်နက်များထဲမှ အပိုဆောင်း မှော်လက်နက်များအဖြစ် အင်မော်တယ်များကို ချည်နှောင်နိုင်သော ကြိုးတစ်ချောင်းနှင့် ဝိညာဉ်များကို ဖမ်းယူနိုင်သော ပုတီးစေ့ တစ်လုံးကိုလည်း ရွေးချယ်ပေးလိုက်သေးသည်။

ဤမှော်လက်နက် လေးခုနှင့်ဆိုပါက အရိပ်နီ ရုပ်သေးကြီးသည် မူလဝိဉာဉ် သတ္တမအဆင့်ရှိ သာမန် အရှင်သခင်ကြီးများကိုပင်လျှင် ဖြုတ်ချနိုင်စွမ်း ရှိပေလိမ့်မည်။

ထို့နောက် အရိပ်နီ ရုပ်သေးကြီးကို လွတ်လပ်သော နေရာတစ်ခုသို့ ခေါ်ဆောင်သွားပြီးနောက်...

စုယွီ၏ စိတ်အာရုံ တစ်ချက် လှုပ်ရှားသွားသည်နှင့်အမျှ သူ၏ ဓာတ်ကြီး ငါးပါး တာအိုနယ်ပယ်သည် အရိပ်နီ ရုပ်သေးကြီးကို ဖုံးလွှမ်း ဖိနှိပ်လိုက်တော့၏။ နောက်တစ်ခဏ၌ အရိပ်နီ ရုပ်သေးကြီးသည် မီးတောက်များအဖြစ် ပေါက်ကွဲထွက်သွားပြီး ၎င်း၏ ပတ်ဝန်းကျင်ရှိ ကောင်းကင် စွမ်းအားများ၏ ချည်နှောင် ကန့်သတ်ချက်များကို ရိုက်ချိုး ဖျက်ဆီးပစ်လိုက်သည်။

၎င်း၏ လက်ထဲရှိ လှံရှည်ကြီးကို ရမ်းခုတ်လိုက်ရာ လျှပ်တစ်ပြက်အတွင်း ကောင်းကင်နှင့် မြေကြီးအကြား၌ ဟိန်းဟောက်နေသော မီးနဂါး အကောင်ရေ မရေမတွက်နိုင်အောင် ပေါ်ထွက်လာခဲ့၏။

ထိုမီးနဂါးများ၏ ဟိန်းဟောက်သံများက အသံလှိုင်းများကို ဖြစ်ပေါ်စေပြီး စိတ်ဝိဉာဉ်အပေါ် အနည်းငယ် ဖိနှိပ် တိုက်ခိုက်နိုင်စွမ်း ရှိပေ၏။

ဟိန်းဟောက်နေသော မီးနဂါးကြီးများသည် စုယွီထံသို့ ပြင်းထန်စွာ ဝင်ရောက် တိုက်ခိုက်လာကြတော့သည်။

သို့သော်ငြားလည်း ဤမြင်ကွင်းကို တုံ့ပြန်သည့် အနေဖြင့် စုယွီ၏ အတွေးတစ်ချက်မျှဖြင့် နေ့အလင်းရောင် ဝိညာဉ်ရေ အခင်းအကျင်း တစ်ခုသည် သူ၏ အရှေ့၌ ထွက်ပေါ်လာခဲ့၏။ ထိုဝိညာဉ်ရေများသည် ရေနဂါး အစစ်အမှန် ဝိညာဉ်များအဖြစ် တစ်ကောင်ပြီး တစ်ကောင် အသွင်ပြောင်းသွားကာ အရိပ်နီ ရုပ်သေးကြီး၏ အဆုံးမရှိသော မီးနဂါးများနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်ကြတော့သည်။

သာမန် မူလဝိဉာဉ် အရှင်သခင်ကြီး တစ်ပါးထက် သာလွန်သော စွမ်းအားကို ပိုင်ဆိုင်ထားသည့် အရိပ်နီ ရုပ်သေးကြီးသည် တိုက်ပွဲများ၌ အနည်းငယ် ကိုးရိုးကားရား နိုင်လှသဖြင့် ၎င်း၏ တိုက်ခိုက်ရေးစွမ်းအားကို များစွာ လျော့ကျသွားစေခဲ့၏။

လက်တွေ့ တိုက်ပွဲတွင်မူ မူလဝိဉာဉ် ဆဋ္ဌမအဆင့်ရှိ အစစ်အမှန် အရှင်သခင်ကြီး တစ်ပါးကိုသာ ရင်ဆိုင် နှောင့်ယှက်ထားနိုင်မည် ဆိုလျှင်ပင် အလွန် ကောင်းမွန်လှပေပြီ။

သို့ရာတွင် ၎င်း၏ စွမ်းအားမှာ အတုအယောင် မဟုတ်ပါချေ။ အဆင့်မြင့် မူလဝိဉာဉ် အရှင်သခင်ကြီး တစ်ပါး၏ အဆင့်အတန်းတွင် အခိုင်အမာ ရပ်တည်နေနိုင်သည်ကတော့ အသေအချာပါပင်။

နေ့အလင်းရောင် ဝိညာဉ်ရေ အစစ်အမှန် နဂါးများသည် မီးနဂါးများနှင့် ထိပ်တိုက် ရင်ဆိုင်မိသောအခါ နေ့အလင်းရောင် ဝိညာဉ်ရေ၏ အရှိန်အဝါသည် မီးနဂါးလောက် မပြင်းထန်သော်ငြားလည်း နေ့အလင်းရောင် ဝိညာဉ်ရေသည် ရှေးဟောင်း နတ်ဘုရားပစ္စည်း၏ အကြွင်းအကျန် တစ်ခု ဖြစ်နေခဲ့၏။ ထို့ပြင် ဓာတ်ကြီး ငါးပါး တာအိုနယ်ပယ်၏ ကောင်းချီးစွမ်းအားများ ပေါင်းစပ်ပါဝင်နေသဖြင့် ၎င်းသည် မီးနဂါးများနှင့် ထိတွေ့လိုက်သည့် အခိုက်အတန့်မှာပင် မီးနဂါးများကို မျက်စိတစ်မှိတ်အတွင်း တိုက်စား ဖျက်ဆီးပစ်လိုက်လေတော့သတည်း။

All Chapters