← Chapters

အခန်း ၆၉၇

Vol. 47 Ch. 697

အခန်း ၆၉၇

Vol. 47 Ch. 697

အခန်း (၆၉၇) - ကြယ်ခူး ဘိုးဘေးကြီး ကျဆုံးခြင်း နှင့် မာထျန်းလင် ဂိုဏ်းဝင်ရောက်ခြင်း အပိုင်း (၁)

“နယ်မြေ အကျယ်အဝန်း အရဆိုရင် လန်ဟူ ကျင့်ကြံခြင်း ကမ္ဘာ က ကျွန်တော်တို့ ဒီနေရာထက် အများကြီး ပိုသေးတယ်ဗျ... ဖြစ်နိုင်တာက ထက်ဝက်လောက်ပဲ ရှိမယ်... ပတ်ဝန်းကျင် ကလည်း လုံးဝ ကွဲပြားခြားနားပြီး အပူချိန်ကလည်း အင်မတန်မှ မြင့်မားပြီးတော့ နေရာတိုင်းမှာ လူသူကင်းမဲ့တဲ့ သဲကန္တာရတွေ ချည်းပဲ...”

“ဒါကြောင့်လည်း အဲဒီမှာ ရှိတဲ့ ကျင့်ကြံခြင်း အင်အားစုတွေက ကျွန်တော်တို့ဆီထက် နည်းတယ်... ကျွန်တော်တို့ရဲ့ ဂိုဏ်းတွေနဲ့ ယှဉ်မယ်ဆိုရင် အင်အား အနည်းငယ်လောက်ပဲ ရှိပြီး အဓိက အင်အားစု သုံးခုပဲ ရှိတယ်... အဲဒီ သုံးခုကတော့ လန်ဟူ ကျင့်ကြံခြင်း ကမ္ဘာ ရဲ့ အာဏာရှင်ကြီး သုံးပါး ပဲပေါ့ဗျာ...”

“နောက်ပြီး အဲဒီ ကျင့်ကြံခြင်း ကမ္ဘာ ရဲ့ လှုပ်ရှားမှု ပုံစံတွေက ပိုပြီး ရက်စက်ကြမ်းကြုတ်တယ်... ရက်စက်ပြီး မောက်မာလွန်းတယ်... အင်အား သေးငယ်တဲ့ ဂိုဏ်းတွေဆိုရင် သူတို့ရဲ့ ဖိနှိပ်မှု အောက်မှာ မနည်း ရုန်းကန်နေရတာ... သူတို့ကို သွားပြီး စော်ကားတဲ့သူ ဆိုရင်တော့ သေလမ်းပဲ ...”

“အဲဒီနေရာနဲ့ ယှဉ်လိုက်ရင်...ကျွန်တော်တို့ တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ ကတော့ တကယ့်ကို ကောင်းကင်ဘုံ ပါပဲဗျာ...”

တာအိုဆရာ ရှုဟိုင် သည် သက်ပြင်းတစ်ချက် ချလိုက်ရင်း ပြောလိုက်၏။

တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ တွင် အင်အားစုများစွာ ရှိနေသော်ငြား... အပြန်အလှန် ထိန်းကျောင်းမှုများ ရှိနေသဖြင့် လူတိုင်းမှာ ရမ်းကားစွာ လုပ်ကိုင်ရန် ဝန်လေးနေကြ၏။

သို့သော် လန်ဟူ ကျင့်ကြံခြင်း ကမ္ဘာ တွင်မူ ထိုသို့သော စိုးရိမ်ပူပန်မှုမျိုး မရှိပါချေ။ မင်းက ငါ့ကို စော်ကားသလား... ငါတို့ တိုက်ကြမယ်။ မင်း လက်နက်ချမလား... ဒါမှမဟုတ် မင်း သေမလား... တစ်ခုခုကို ရွေးလိုက်ရုံပင်။

ထို့ကြောင့် တာအိုဆရာ ရှုဟိုင် သည် လန်ဟူ ကျင့်ကြံခြင်း ကမ္ဘာ တွင် ဆယ်နှစ်ပင် မပြည့်မီ အချိန်အတွင်း မနေနိုင်တော့ဘဲ ထွက်ပြေးခဲ့ရတော့၏။

အင်မော်တယ် မြို့တော် ထဲတွင် ပုန်းအောင်းနေသည့်တိုင် ညတိုင်းလိုလို သူ့ကို စောင့်ကြည့်နေသူများ ရှိနေသကဲ့သို့ ခံစားနေရသည်။

ဆယ်နှစ် အတွင်းမှာပင် သူသည် အကြီးအကျယ် တိုက်ပွဲပေါင်း ရာနှင့်ချီ၍ ရင်ဆိုင်ခဲ့ရလေပြီ။

အကယ်၍ ရွှမ်လိပ်ကြီးသာ သူနှင့်အတူ မပါရှိပါက... သူသည် တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ သို့ ပြန်လည် ရောက်ရှိလာနိုင်လိမ့်မည် မဟုတ်ပါချေ။

စုယွီ၊ လော့ချန်ယွီ၊ တာအိုဆရာမ ချင်းချွမ် နှင့် မာရှီချင်း တို့မှာ ထိုစကားများကို နားထောင်ရင်း အနည်းငယ်မျှ အံ့အားသင့်သွားကြ၏။ သူတို့သည် ချန်းကျိုး နယ်ပယ် ရှိ အခြားသော နေရာများသို့ မသွားရောက်ဖူးကြသဖြင့် အပြင်ဘက် ကျင့်ကြံခြင်း ကမ္ဘာ မှာ မည်သို့ ရှိမည်ကို လုံးဝ မသိရှိကြပါချေ။

ယခု ရှုဟိုင် ပြောပြသဖြင့် သူတို့ စိတ်ကူးထားသည်ထက် များစွာ ကွဲပြားခြားနားနေကြောင်း သိရှိလိုက်ရသည်။

တကယ်တမ်းတွင် တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ ၌ ကိုယ့်အလုပ်ကိုယ် လုပ်နေသရွေ့... သာမန် ကျင့်ကြံသူ တစ်ဦးပင်လျှင် ကောင်းမွန်စွာ နေထိုင်နိုင်ပေ၏။

လင်ယွမ် တောင်ထွတ်၊ ယွဲ့လန် တောင်ထွတ် သို့မဟုတ် ပိုင်ဟွာဂိုဏ်း ကဲ့သို့ ဂိုဏ်း အင်အားစုများမှာ တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ တွင် ကြာရှည်စွာ တည်ရှိနေနိုင်သည်။ သူတို့၏ စွမ်းအား နည်းပါးခြင်းက မည်သူကမျှ လာရောက်၍ တိုက်ခိုက်ခြင်း သို့မဟုတ် ဖျက်ဆီးပစ်ခြင်းမျိုး မရှိစေပါချေ။

ထိုအရာက သက်ရှိအားလုံးအတွက် အင်မော်တယ် ဖြစ်နိုင်ခြေ လမ်းကြောင်း တစ်ခု ရှိနေခြင်းပင် ဖြစ်တော့၏။

သို့သော် လန်ဟူ ကျင့်ကြံခြင်း ကမ္ဘာ တွင်မူ... အဓိက အင်အားစု သုံးခုထဲသို့ ဝင်ရောက်ခြင်းမှလွဲ၍ အခြားသော အင်အားစုများ သို့မဟုတ် ကျင့်ကြံသူ မျိုးနွယ်စုများ အနေဖြင့် အင်မော်တယ် ဖြစ်လာရန် လမ်းကြောင်းကို အပြည့်အဝ ဖြတ်တောက်ခံထားရသည်မှာ ထင်ရှားလှသည်။

မူလဝိဉာဉ် နယ်ပယ် သို့မဟုတ် ဝိညာဉ်ခွဲထွက်အဆင့် သို့ တက်လှမ်းမည့် လမ်းကြောင်းကို အဓိက အင်အားစု သုံးခုက ပူးပေါင်း၍ ဖြတ်တောက်ထားလိုက်ခြင်း ဖြစ်၏။

ထိုသို့သော အပြုအမူမှာ အလွန်တရာ မောက်မာလှပေသည်။

စုယွီ၏ မျက်လုံးအိမ်များမှာ အနည်းငယ် ကျဉ်းမြောင်းသွားပြီး... တိုးညှင်းစွာ ရေရွတ်လိုက်၏။

“လန်ဟူ ကျင့်ကြံခြင်း ကမ္ဘာ မှာ ရှိနေတဲ့ အခြေအနေကို စိန်ခေါ်မယ့်သူ တစ်ယောက်လောက်ပဲ လိုအပ်နေတာ... အကယ်၍ အဲဒီအထဲက ပါရမီရှင် တစ်ယောက်ယောက်က ဒီအနှောင်အဖွဲ့တွေကို ချိုးဖျက်နိုင်ခဲ့မယ် ဆိုရင်... အဲဒီလူက အဓိက အင်အားစု သုံးခုရဲ့ အိပ်မက်ဆိုး ဖြစ်လာမှာ အသေအချာပဲ...”

တာအို၏ ရန်ငြိုးမှာ မပြေလည်နိုင်အောင် ကြီးမားလှသည်။

လန်ဟူ ကျင့်ကြံခြင်း ကမ္ဘာ တွင် ဤကဲ့သို့ ပြုလုပ်နေသော ဂိုဏ်း အင်အားစုများမှာ... တစ်နေ့နေ့ တစ်ချိန်ချိန်တွင် သူတို့ ဖျက်ဆီးခံရနိုင်သည် ဆိုသည့် အချက်ကို ကြိုတင် ပြင်ဆင်ထားသင့်ပေ၏။ အကြောင်းတရား နှင့် အကျိုးတရား မှာ ခွဲခြား၍ မရနိုင်ပါချေ။

တာအိုဆရာ ရှုဟိုင် သည် ခေါင်းကို ခပ်ဖွဖွ ယမ်းလိုက်ပြီး...

“ကျွန်တော် အဲဒီမှာ ရှိနေတုန်းက ကောလဟာလ အများကြီး ကြားခဲ့ရတယ်... တာအိုမိတ်ဆွေ စု ပြောသလိုပဲ အဲဒီ အနှောင်အဖွဲ့တွေကို ချိုးဖျက်ပြီး... ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင် တောင် ဖြစ်လာခဲ့ပြီး... အဓိက အင်အားစု သုံးခုကို ဒုက္ခပေးခဲ့တဲ့ ပါရမီရှင် အချို့ ရှိခဲ့ပါတယ်...”

“ဒါပေမဲ့ နှစ်ပေါင်း များစွာ ကြာပြီးနောက်မှာတော့... အဲဒီ လူတွေ အားလုံးက ပြာပုံ အဖြစ်ကို ရောက်သွားခဲ့ပြီး... အဓိက အင်အားစု သုံးခုကတော့ ယခုအထိ တည်ရှိနေဆဲပဲ...”

“ဒီလို အနှောင်အဖွဲ့ မျိုးက လန်ဟူ ကျင့်ကြံခြင်း ကမ္ဘာ မှာ ရှိတဲ့ ကျင့်ကြံသူ အားလုံးကို... အဓိက အင်အားစု သုံးခု က လွဲရင်... အလွန်တရာ ကြီးမားတဲ့ ဖိအားတွေ အောက်မှာ ထားရှိထားတာပဲ...”

ခေါင်းစဉ်မှာ အနည်းငယ် လေးလံနေသဖြင့်...

တာအိုဆရာ ရှုဟိုင် သည် အပြုံးဖြင့် စကားကို ပြောင်းလဲလိုက်၏။

“ဒါပေမဲ့ တကယ် ပြောရမယ် ဆိုရင်တော့... လန်ဟူ ကျင့်ကြံခြင်း ကမ္ဘာ က မှော်လက်နက် ဖန်တီးသူတွေ ရဲ့ အမွေအနှစ် က တကယ်ကို ပြိုင်ဘက်ကင်း ပါပဲ... တစ်ကမ္ဘာလုံးမှာ မှော်လက်နက် ဖန်တီးဖို့ အတွက် အကောင်းဆုံး နေရာဆိုတာ အငြင်းပွားစရာ မလိုပါဘူး...”

“ကျွန်တော် အဲဒီမှာ ရှိနေတုန်းက ကျွန်တော့် စိတ်ကြိုက် အဆင့်နိမ့် မှော်လက်နက် တစ်ခုကို ဖန်တီးဖို့ ဂိုဏ်း တစ်ခုကို အထူး မှာကြားခဲ့တယ်...”

“အရမ်း ကောင်းတယ်... တကယ့်ကို ထိပ်တန်း အရည်အသွေး ပဲ... လန်ဟူ ကျင့်ကြံခြင်း ကမ္ဘာ ရဲ့ မှော်လက်နက် ဖန်တီးသူ များ၏ ထက်မြက်သော လက်များ ဆိုတဲ့ နာမည်ကလည်း လုံးဝ မမှားပါဘူး...”

သူတို့သည် စကားမစပ် ရယ်မောရင်း၊ လွန်ခဲ့သော နှစ်များအတွင်း သူတို့ တွေ့မြင်ခဲ့ရသည်များကို ပြောပြရင်း... လော့ချန်ယွီ နှင့် တာအိုဆရာမ ချင်းချွမ် တို့ အင်မော်တယ် ဂိုဏ်း၏ တပည့်များ အတွက် ဝင်ခွင့် ပြင်ဆင်ရန် အလုပ်များနေကြချိန် အထိ စကားပြောဆို ဖြစ်ကြ၏။ ထိုအခါ လူစု ကွဲသွားကြတော့သည်။

မာရှီချင်း သည် နောက်တွင် ကျန်ရစ်ခဲ့၏။ လော့ချန်ယွီ နှင့် အခြားသူများ ထွက်ခွာသွားပြီးနောက် သူသည် စုယွီ ကို ကြည့်ကာ အနည်းငယ် ပြုံးလျက် ဆိုလာသည်။

“ကျွန်တော် အရိုင်းနယ်မြေ ကို သွားဖို့ စီစဉ်ထားတယ်...”

“နှစ်တစ်ရာ အတွင်းမှာ... တကယ်လို့ ကျွန်တော် အောင်မြင်မှု တစ်ခုခု ရရှိခဲ့ပြီး အဲဒီမှာ မသေခဲ့ဘူး ဆိုရင်တော့ ပြန်လာပြီး တစ်ချက်လောက် လာကြည့်ဦးမယ်...”

“တကယ်လို့ ကျွန်တော် ဘာမှ အောင်မြင်မှု မရခဲ့ဘူး... ဒါမှမဟုတ် အဲဒီမှာ သေသွားခဲ့တယ် ဆိုရင်တော့... တာအိုမိတ်ဆွေ စု... ကျွန်တော့်ရဲ့ မာ မိသားစု နဲ့ ထျန်းလင် ကို သေချာ ဂရုစိုက် ပေးပါလို့ တောင်းဆိုချင်ပါတယ်...”

“ကျွန်တော် အင်မတန် ကျေးဇူးတင်မှာပါ...”

သူသည် စုယွီအား လေးနက်စွာ ဦးညွှတ်လိုက်၏။

စုယွီ သည် သူ့ကို ဖေးမလိုက်ပြီး မာရှီချင်း ကို ကြည့်ကာ မျက်ခုံး အနည်းငယ် တွန့်ချိုးလျက်...

“ခင်ဗျား သေချာ စဉ်းစားပြီးပြီလား... အရိုင်းနယ်မြေ...ကျွန်တော်တောင်.. အဲဒီမှာ နှစ်ပေါင်း ဆယ်စုနှစ် များစွာ နေခဲ့ဖူးပေမယ့်... တော်တော်များများ ကတော့ အင်မော်တယ် ဂိုဏ်းရဲ့ မှော်မြို့တော် ထဲမှာပဲ နေခဲ့တာပါ... အပြင်ကို သိပ်ထွက်လေ့ မရှိပါဘူး...”

“ဒါပေမဲ့ အရိုင်းနယ်မြေ ရဲ့ အန္တရာယ်တွေကို ကျွန်တော် တွေ့ခဲ့ရပါတယ်... မူလဝိညာဉ် အဆင့် အထွတ်အထိပ် ရှိတဲ့သူ... ဒါမှမဟုတ် ဝိညာဉ်ခွဲထွက်အဆင့် ရှိသူ တောင် အဲဒီမှာ ဘေးကင်းလိမ့်မယ် လို့ မပြောနိုင်ပါဘူး...”

“အဲဒီမှာ ရှိတဲ့ အန္တရာယ်တွေက... တာအိုမိတ်ဆွေ ရှုဟိုင် ပြောပြတဲ့ လန်ဟူ ကျင့်ကြံခြင်း ကမ္ဘာ ထက် အဆတစ်ရာ၊ အဆတစ်ထောင် ပိုပြီး အန္တရာယ် များနိုင်ပါတယ်...”

မာရှီချင်း က ဆို၏။

“ကျွန်တော် စဉ်းစားပြီးပါပြီ... မြေဆရာ တစ်ဦးက ကောင်းကင်ကို ဆန့်ကျင်ပြီး ရှေ့ဆက်ရတာပါ... အမြဲတမ်း အနာ ကျက်အောင် လုပ်ပြီး တိတ်ဆိတ်စွာ ကျင့်ကြံနေရုံနဲ့က မြေဆရာ တစ်ဦး အတွက်တော့ မသင့်တော်ပါဘူး... မြေဆရာ တစ်ဦး အနေနဲ့က လေဟုန်ကို ဆန်တက်ရမှာပဲ... တကယ်လို့ ကျွန်တော် ဂိုဏ်းတော်ထဲမှာပဲ ဆက်နေမယ် ဆိုရင်... မူလဝိညာဉ် အဆင့်ရဲ့ အထွတ်အထိပ် က ကျွန်တော့်ရဲ့ ကန့်သတ်ချက် ဖြစ်သွားနိုင်တယ်...”

“တကယ်လို့ အဲဒီလို ဖြစ်သွားမယ် ဆိုရင်တော့... အရိုင်းနယ်မြေ ထဲမှာပဲ နေပြီး နောင်တ မရဘဲ... ကျွန်တော့် ဆရာ ရဲ့ ဆန္ဒ နဲ့ မျှော်လင့်ချက် တွေကို မပျက်စီး စေရတော့မှာပါ...”

စုယွီ သည် ခေတ္တမျှ တိတ်ဆိတ်သွား၏။ သူသည် သူ့ကို နောက်ထပ် မတားဆီးတော့ဘဲ...

“ဘာဖြစ်လို့... ကြယ်ခူး မျှော်စင် ရဲ့ ဘိုးဘေးကြီး က...”

သို့သော် မာရှီချင်း သည် အနည်းငယ်သာ ပြုံးလျက် ဆိုလာသည်။

“ဘိုးဘေးကြီး က ဂိုဏ်းတော်ကို စွန့်ခွာသွားခဲ့ပါပြီ... အစကတည်းက ဘိုးဘေးကြီး က ဘယ်ဂိုဏ်းတော်မှာမှ မဝင်ခဲ့ပါဘူး... ဒါပေမဲ့ ကျွန်တော်တို့ကတော့ ဂိုဏ်းတော် ရဲ့ အကူအညီ ကို မှတ်မိနေကြပါတယ်... ဒါကြောင့် ဘိုးဘေးကြီး က သူ သေဆုံးခြင်း မတိုင်ခင်မှာ ဂိုဏ်းတော် အတွက် ကြီးမားတဲ့ ပြဿနာ တစ်ခုကို ရှင်းလင်းဖို့ ရွေးချယ်ခဲ့တာပါ…”

All Chapters