← Chapters

အခန်း ၇၀၃

Vol. 47 Ch. 703

အခန်း ၇၀၃

Vol. 47 Ch. 703

အခန်း (၇၀၃) - အင်မော်တယ် လက်နက်တုလော... ယွဲ့ အင်မော်တယ် မျှော်စင် (အပိုင်း ၂)

ဟုန်ယွဲ့ စံအိမ်၏ အရှင်သခင်နှင့် အခြားသော နတ်ဘုရားများ အပါအဝင် မြေကမ္ဘာ အင်မော်တယ် နန်းတော်၏ လှုပ်ရှားမှုတိုင်းကို သူတို့ စောင့်ကြည့်နေရပေမည်။

ဤကိစ္စကို ပြီးမြောက်အောင် ဆောင်ရွက်ရန် မလွယ်ကူလှသော်ငြား မိုးပြာငရဲ အင်မော်တယ် နန်းတော်ကသာ အနီးကပ် စောင့်ကြည့်နေမည် ဆိုပါက တစ်နေ့တွင် မြေကမ္ဘာ အင်မော်တယ် နန်းတော် အတွင်း၌ အက်ကြောင်း တစ်ခု ဖန်တီးနိုင်မည့် အခွင့်အရေးကို ရှာတွေ့လာနိုင်ပေသည်။

မည်သို့ပင် ဆိုစေကာမူ ဤအလုပ်သည် သူတို့၏ အထူး ကျွမ်းကျင်မှုပင် မဟုတ်ပါလော။

ထို့အပြင် သူတို့၏ နန်းတော်နှင့် ပူးပေါင်းခြင်းသည်သာ တစ်ခုတည်းသော ရွေးချယ်စရာနှင့် အကောင်းဆုံးသော ရွေးချယ်စရာ ဖြစ်ကြောင်း စုယွီအား အသိပေးရန်လည်း လိုအပ်ပေသေးသည်။

...

“ဝီ…”

နေရာရွှေ့ပြောင်း အခင်းအကျင်း၏ လည်ပတ်မှုနှင့် တုန်ခါမှုများနှင့်အတူ ဟင်းလင်းပြင်တွင် ပြင်းထန်သော လှိုင်းဂယက်များ ထွက်ပေါ်လာတော့၏။ ထိုအခိုက်အတန့်မှာ ကိုယ်ပွားရုပ်သေးသည် နေရာရွှေ့ပြောင်း စင်မြင့်ပေါ်မှ ပျောက်ကွယ်သွားလေသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ကိုယ်ပွားရုပ်သေးသည် ပိုင်ဟွာ ဂိုဏ်း၏ လျှို့ဝှက်နယ်မြေမှ ထွက်ခွာလာပြီး တာ့ယွဲ့ မဟာမိတ် အဖွဲ့၏ လျှို့ဝှက်နယ်မြေသို့ ပြန်လည် ရောက်ရှိလာခဲ့၏။

ပြန်လည် ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် ကိုယ်ပွားရုပ်သေးသည် အပြင်ဘက်သို့ လျှောက်ထွက်လာရင်း အတိတ်က တာအိုမိတ်ဆွေ ရှုယွီ ပေးထားခဲ့သော အမှတ်အသား ကတ်ပြားကို ထုတ်ယူကာ သတင်းစကား ပါးလိုက်လေသည်။

'တာအိုမိတ်ဆွေ ရှုယွီ... ခဏလောက် တွေ့ရအောင်.. တာ့ယွဲ့ နန်းတော်ကို လာခဲ့ပေးလို့ ရမလား'

ခဏအကြာတွင် တာအိုမိတ်ဆွေ ရှုယွီက အနည်းငယ် အံ့အားသင့်သွားဟန်ဖြင့် အဖြေပြန်ပေးလာ၏။

'တာအိုမိတ်ဆွေ စုလား... ရပါတယ်... ဒါပေမဲ့ ကျွန်တော် အခု တာ့ယွဲ့ နန်းတော်နဲ့ တော်တော်လေး ဝေးတဲ့ နေရာမှာ ရောက်နေလို့... ရက်အနည်းငယ်လောက်တော့ စောင့်ပေးပါဦး'

တာ့ယွဲ့ နန်းတော်တွင် တွေ့ဆုံရန် စီစဉ်ပြီးနောက် ကိုယ်ပွားရုပ်သေးသည် တာ့ယွဲ့ တောင်ထွတ်မှ ထွက်ခွာလာပြီး တာ့ယွဲ့ အင်မော်တယ် မြို့တော်သို့ ရောက်ရှိလာခဲ့လေသည်။

တာ့ယွဲ့ အင်မော်တယ် မြို့တော်၏ အလယ်ဗဟို၌ သုံးထပ် သစ်သား အဆောက်အအုံ တစ်ခု ထင်ရှားစွာ တည်ရှိနေ၏။

ထိုနေရာသို့ ကျင့်ကြံသူ အများအပြား ဝင်ထွက် သွားလာလေ့ ရှိကြပေသည်။

ကိုယ်ပွားရုပ်သေးသည် တံခါးအထက်ရှိ ဆိုင်းဘုတ်ကို မော့ကြည့်လိုက်ပြီးနောက် အထဲသို့ ဝင်သွားလေသည်။ အထဲသို့ ခြေလှမ်း အနည်းငယ် ဝင်လိုက်သည်နှင့် သူ့ရှေ့တွင် ရင်းနှီးနေသော အဘိုးအို တစ်ဦးကို မြင်လိုက်ရ၏။

အရှင်သခင်ကြီး အန်းယွဲ့သည် အရောင်းခုံ အနောက်ဘက်တွင် သက်သောင့်သက်သာ ထိုင်လျက် သူ၏ လက်ထဲရှိ ရှေးဟောင်း စာအုပ် တစ်အုပ်ကို လှန်လှော ကြည့်ရှုနေပြီး သူ၏ ဘေးရှိ လူငယ် တစ်ဦးကမူ ဧည့်သည်များကို အလုပ်များစွာဖြင့် နှုတ်ဆက်နေလေသည်။

ကိုယ်ပွားရုပ်သေး ဝင်လာသည်ကို မြင်သောအခါ လူငယ်က နွေးထွေးစွာ မေးမြန်းလိုက်၏။

“ကျွန်တော် ဘာများ ကူညီပေးရမလဲ တာအိုမိတ်ဆွေ”

ကိုယ်ပွားရုပ်သေးက နွေးထွေးစွာ ပြုံးပြလိုက်ပြီး အဘိုးအို အနီးသို့ ချဉ်းကပ်ကာ အရိုအသေပေးလျက် နှုတ်ဆက်လိုက်လေသည်။

“အကြီးအကဲ အန်းယွဲ့... မတွေ့ရတာ ကြာပြီနော်”

အဘိုးအိုသည် ရုတ်တရက် ရပ်တန့်သွားပြီး သူ၏ လက်ထဲရှိ စာအုပ်မှ အကြည့်ကို ကိုယ်ပွားရုပ်သေးဆီသို့ ရွှေ့လိုက်၏။ သူသည် ကိုယ်ပွားရုပ်သေးအား အနီးကပ် လေ့လာကြည့်ရှုလိုက်ပြီး မြူခိုးလွှာ တစ်ခုက ကာကွယ်ထားသကဲ့သို့ သူ့ကို လုံးဝ ထိုးဖောက် မမြင်နိုင်ကြောင်း တွေ့ရှိလိုက်ရသည်။ သူ၏ ချီစွမ်းအင်သည်လည်း ဟင်းလင်းပြင်ထဲတွင် ပျောက်ဆုံးနေသကဲ့သို့ ဖြစ်နေလေသည်။

ထိုအသိအမှတ်ပြုမှုကြောင့် အဘိုးအို၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူ၏ အမူအရာမှာ တည်တင်းသွားတော့၏။

ထိုအချိန်တွင် ကိုယ်ပွားရုပ်သေး၏ မျက်နှာသည် အရိပ်နီ တာအိုကျင့်ကြံသူ၏ ရုပ်သွင်မှ စုယွီ၏ ရုပ်သွင်သို့ ပြောင်းလဲသွားပြီး အဘိုးအိုအား ပြုံးပြလိုက်လေသည်။

စုယွီ၏ မျက်နှာကို ကြည့်ရင်း အဘိုးအိုသည် အချိန်အတန်ကြာ မှင်သက်နေမိတော့၏။

ခဏအကြာတွင် အဘိုးအိုသည် အံ့အားသင့်စွာဖြင့် မတ်တတ်ရပ်လိုက်ပြီး ရေရွတ်လိုက်လေသည်။

“ဒါ... ဒါ မင်းလား”

ထျန်းရှုသိုင်းကျမ်းတိုက်သည် တာ့ယွဲ့စံအိမ်၏ အခြေအနေ အပြောင်းအလဲများကို သဘာဝကျကျ အနည်းငယ် သိရှိထားပြီး တစ်ချိန်က သူတို့ အလွန် တန်ဖိုးထားခဲ့သော လူငယ်လေးသည် ယခုအခါ ကောင်းကင်သို့ ပျံတက်သွားခဲ့ပြီ ဖြစ်ကာ ယွင်ရှန်း ဈေးကွက်ရှိ ချီသန့်စင်ခြင်း ကျင့်ကြံသူလေး တစ်ဦး မဟုတ်တော့ကြောင်း ရှင်းလင်းလှပေသည်။

သို့သော် ကိုယ်ပွားရုပ်သေးသည် သူ၏ ရှေ့တွင် ပေါ်လာသောအခါ အဘိုးအိုသည် မှင်သက် အံ့အားသင့်နေဆဲပင် ဖြစ်၏။

မိမိတောင်မှ ဒီပုဂ္ဂိုလ်ကို ထိုးဖောက် မမြင်နိုင်ဘူးလား။

ရာစုနှစ် နှစ်ခုကျော်လေးပဲ ရှိသေးတာကို။

ခဏအကြာတွင် အဘိုးအိုသည် စုယွီအား ထျန်းရှုသိုင်းကျမ်းတိုက်၏ တတိယထပ်ရှိ ဧည့်ခန်းသို့ ခေါ်ဆောင်သွားလေသည်။

လူငယ်လေးလည်း နောက်မှ လိုက်ပါလာပြီး အဘိုးအိုနှင့် စုယွီတို့ အတွက် လက်ဖက်ရည် ပြင်ဆင်ပေးနေ၏။

“သူက ချိန်ရိ... ထျန်းရှုသိုင်းကျမ်းတိုက်ရဲ့ တပည့်သစ်လေးပါ... ဒီနှစ်မှ အသက် ငါးဆယ်တောင် မပြည့်သေးဘူး... အမြုတေဖွဲ့စည်း‌ခြင်း အဆင့်ကို အခုလေးတင် ဝင်ရောက်လာတာကွ”

အဘိုးအိုက လူငယ်လေးကို မိတ်ဆက်ပေးလိုက်ပြီးနောက် စုယွီအား ကြည့်ကာ ရယ်မောလိုက်ပြီး အံ့ဩတကြီးဖြင့် ခေါင်းခါရင်း ပြောလိုက်လေသည်။

“မင်း ဒီလောက် မြန်မြန် ကြီးထွားလာမယ်လို့ ငါ ဘယ်တုန်းကမှ မထင်ခဲ့ဘူး... ငါ မင်းကို အကဲမခတ်နိုင်တော့ဘူးပဲ”

စုယွီက ပြန်လည် ဖြေကြားလိုက်၏။

“ကျွန်တော် မြေကမ္ဘာ အင်မော်တယ် နန်းတော်ကို ဝင်ရောက်ခဲ့ပြီး အကြီးအကဲတွေရဲ့ တန်ဖိုးထားခံခဲ့ရတယ်... အကြီးအကဲတွေဆီက ကောင်းချီးတွေ ရရှိခဲ့လို့ အဘိုး အနေနဲ့ ဒီလို နားလည်မှု လွဲသွားတာ ဖြစ်နိုင်ပါတယ်”

“ကျွန်တော့် ကျင့်ကြံခြင်း အဆင့်က တကယ်တမ်း မစွမ်းလှပါဘူး... စီနီယာတွေရဲ့ အနောက်မှာ အများကြီး ကျန်နေပါသေးတယ်”

လူငယ်လေးသည် သူတို့ နှစ်ဦးစလုံး အတွက် လက်ဖက်ရည် ငှဲ့ပေးလိုက်ပြီးနောက် အဘိုးအို၏ အနောက်တွင် တိတ်ဆိတ်စွာ ရပ်နေကာ ဝင်ရောက် စွက်ဖက်ခြင်း မပြုချေ။

အဘိုးအိုနှင့် စုယွီတို့သည် ဝိညာဉ် လက်ဖက်ရည်ကို အနည်းငယ် သောက်လိုက်ကြ၏။ အဘိုးအိုက စုယွီကို ကြည့်ကာ မေးလိုက်သည်။

“မင်း ငါ့ကို လာရှာတာ... သတင်းမေး စကားစမြည် ပြောဖို့ သက်သက်တော့ မဟုတ်ဘူးမလား”

စုယွီက ပြုံးပြီး ပြောလိုက်၏။

“ခင်ဗျားဆီကနေ ကောင်းကင်အပျက်အစီးခန်းမ အကြောင်းကို ပိုသိချင်လို့ပါ”

“ကောင်းကင်အပျက်အစီးခန်းမလား”

အဘိုးအိုက အံ့အားသင့်သွားသည်။

မြေကမ္ဘာ အင်မော်တယ် နန်းတော်၏ အင်မော်တယ် မြို့တော်တွင်ပင် ထျန်းရှုသိုင်းကျမ်းတိုက်သည် ဌာနခွဲများ ရှိပြီး တွေးကြည့်၍ မရနိုင်လောက်အောင် အစွမ်းထက်လှပေသည်။

ကောင်းကင်အပျက်အစီးခန်းမကကော ဘယ်လိုလဲ။

အတိတ်ကာလတွင် စုယွီက ကောင်းကင်အပျက်အစီးခန်းမ၏ စွမ်းအားသည် ထျန်းရှုသိုင်းကျမ်းတိုက်နှင့် ကွာခြားမှု မရှိဟု ထင်မှတ်ခဲ့ဖူး၏။

သို့ရာတွင် ယခု ပြန်ပြောင်း တွေးကြည့်သောအခါ ထျန်းရှုသိုင်းကျမ်းတိုက်နှင့် နှိုင်းယှဉ်ပါက ကောင်းကင်အပျက်အစီးခန်းမမှာ အများကြီး နောက်ကျကျန်နေခဲ့ပေသည်။

သေချာသည်ကတော့ တကယ်တမ်း ထိုသို့ ဟုတ်မဟုတ် ဆိုသည်ကို စုယွီ မသေချာသေးပေ။ ထို့ကြောင့် တာအိုမိတ်ဆွေ ရှုယွီ ပြန်မလာသေးသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ထျန်းရှုသိုင်းကျမ်းတိုက်တွင် ကောင်းကင်အပျက်အစီးခန်းမ၏ နောက်ခံ သမိုင်းကြောင်းကို စုံစမ်းရန် လာခဲ့ခြင်း ဖြစ်လေသည်။

အဘိုးအိုက ခေတ္တမျှ တွေးတောပြီးနောက် ပြန်လည် ဖြေကြားလိုက်၏။

“ကောင်းကင်အပျက်အစီးခန်းမရဲ့ တကယ့် အင်အားက ဒီမှာ မဟုတ်ဘူး... အပျက်အစီး တစ်ရာလို့ ခေါ်တဲ့ တခြား ကျင့်ကြံခြင်း ကမ္ဘာ တစ်ခုမှာ ရှိတာ”

“သူတို့ရဲ့ စွမ်းအားက မင်းရဲ့ မြေကမ္ဘာ အင်မော်တယ် နန်းတော်လောက် မကြီးမားပေမဲ့ သူတို့ အနောက်မှာ နတ်ဘုရားခွဲထွက်ခြင်း အဆင့် အရှင်သခင်တွေ ရှိတယ်”

“မင်း အနေနဲ့ တာ့ယွဲ့စံအိမ်နဲ့ တခြား အင်အားစုတွေကို သိမ်းသွင်းနိုင်ပေမဲ့ ကောင်းကင်အပျက်အစီးခန်းမကို မင်းရဲ့ အုပ်ချုပ်မှု အောက်မှာ ထားချင်တယ် ဆိုရင်တော့... မြေကမ္ဘာ အင်မော်တယ် နန်းတော်က ဝင်ရောက် စွက်ဖက်ရင်တောင် အရမ်း ခက်ခဲလိမ့်မယ်”

အဘိုးအို၏ ရှင်းပြချက်အရ စုယွီသည် ကောင်းကင်အပျက်အစီးခန်းမ၏ အသေးစိတ် အချက်အလက်များကို အမှန်တကယ် နားလည် သဘောပေါက်သွားခဲ့လေသည်။

အပျက်အစီး တစ်ရာ ကျင့်ကြံခြင်း ကမ္ဘာတွင်ပင် ကောင်းကင်အပျက်အစီးခန်းမ၏ အခန်းကဏ္ဍမှာ သတင်းအချက်အလက် စုဆောင်းရေး အင်အားစု တစ်ခု အဖြစ်သာ တည်ရှိပြီး အင်အားစု အသီးသီး၏ ကြားတွင် ရှင်သန်ရပ်တည်ရန် ရုန်းကန်နေရဆဲပင်။ တာ့ယွဲ့စံအိမ်ရှိ ကောင်းကင်အပျက်အစီးခန်းမသည် ၎င်း၏ များပြားလှသော ဌာနခွဲများထဲမှ သေးငယ်သော အစိတ်အပိုင်း တစ်ခုသာ ဖြစ်ပေသည်။

ထိုကဲ့သို့သော အင်အားစုမျိုးကို သာမန် လူများ အနေဖြင့် ရင်ဆိုင် ကိုင်တွယ်ရန် အမှန်တကယ် ခက်ခဲလှပေသည်။

စုယွီသည် မူလက ကောင်းကင်အပျက်အစီးခန်းမ အပေါ်တွင် ထူးခြားသော ခံစားချက်မျိုး မရှိခဲ့ပါချေ။ တာအိုမိတ်ဆွေ ရှုယွီနှင့် တွေ့ဆုံချိန်တွင် ပိုမို ယုံကြည်မှု ရှိစေရန်အတွက်သာ ပိုမို သိရှိလိုခဲ့ခြင်း ဖြစ်လေသည်။

သို့သော် အဘိုးအိုထံမှ ကောင်းကင်အပျက်အစီးခန်းမ၏ အသေးစိတ် အချက်အလက်များကို ကြားသိရပြီးနောက် စုယွီ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့၏။

‘ကောင်းကင်အပျက်အစီးခန်းမကို ထိန်းချုပ်ခြင်းက သိပ်မဆိုးတဲ့ အကြံအစည် ဖြစ်ကောင်း ဖြစ်နိုင်မယ်’

ကောင်းကင်အပျက်အစီးခန်းမ၏ အင်အားသည် မြေကမ္ဘာ အင်မော်တယ် နန်းတော်အောက် နည်းပါးခြင်းက အခင်းအကျင်း တာအို အင်အားစု ကြီးနှစ်ခု ဖြစ်သော ကြယ်ခူး မျှော်စင်နှင့် လညွှန် အဆောက်အအုံ တို့ကဲ့သို့ပင် ကောင်းကင်အပျက်အစီးခန်းမ၏ စွမ်းအားသည် သူ၏ မြင်ကွင်း အတွင်း၌ ရှိနေကြောင်း ဖော်ပြနေပေသည်။

All Chapters