← Chapters

အခန်း ၇၀၄

Vol. 47 Ch. 704

အခန်း ၇၀၄

Vol. 47 Ch. 704

အခန်း (၇၀၄) - အင်မော်တယ် လက်နက်တုလော... ယွဲ့ အင်မော်တယ် မျှော်စင် (အပိုင်း ၃)

ဒါက သူ ရန်မစနိုင်သည့် အရာမျိုး မဟုတ်ပေ။ ကောင်းကင်အပျက်အစီးခန်းမသည် သတင်းအချက်အလက် စုဆောင်းရေးကို အဓိကထားပြီး သူ၏ သတင်းအချက်အလက် အင်အားစု တည်ထောင်လိုသော အကြံအစည်နှင့် ကွက်တိကျနေ၏။

အကယ်၍ သူသာ ကောင်းကင်အပျက်အစီးခန်းမကို သိမ်းပိုက်နိုင်မည်ဆိုလျှင် အကောင်းဆုံးပင် ဖြစ်လာတော့မည်။

သို့သော်ငြား အချိန်တိုအတွင်း ထိုကိစ္စကို လုပ်ဆောင်နိုင်ရန် မလွယ်ကူလှပေ။ လတ်တလောတွင် တွေးကြည့်ရုံသာ တတ်နိုင်ပါသေး၏။

သူ၏ စွမ်းအားများ မြင့်မားလာပြီး အခွင့်အရေး ရလာချိန်တွင် ထိုကိစ္စကို အကောင်အထည် ဖော်နိုင်ကောင်း ဖော်နိုင်ပါမည်။

စုယွီသည် အခြားကိစ္စရပ်များစွာကို ဆွေးနွေးပြီးနောက် ညနေစောင်းမှသာ ထွက်ခွာလာခဲ့၏။ သူ၏ ကျင့်ကြံခြင်း အဆင့်အတန်းများ တိုးတက်လာပြီး အရှင်သခင်ကြီး အန်းယွဲ့အား အနိုင်ယူနိုင်နေလင့်ကစား ထိုအဘိုးအို အပေါ်၌မူ ကြီးမားသော ရိုသေလေးစားမှုကို ပြသနေဆဲပင်။ အကြောင်းမူကား အရှင်သခင်ကြီး အန်းယွဲ့သည် အတိတ်က သူ့ကို များစွာ ကူညီပေးခဲ့ဖူးသောကြောင့်ပင်။

*

ရက်အနည်းငယ် ကြာပြီးနောက်။

စုယွီသည် တာ့ယွဲ့ နန်းတော်တွင် တာအိုမိတ်ဆွေ ရှုယွီနှင့် တွေ့ဆုံခဲ့၏။ နှစ်ပေါင်း နှစ်ရာကျော် ကုန်လွန်သွားခဲ့ပြီ ဖြစ်ရာ တာအိုမိတ်ဆွေ ရှုယွီသည် အများကြီး ရင့်ကျက်လာခဲ့ပြီး အသက် သုံးဆယ်ကျော် အရွယ်ခန့် ပေါက်နေလေပြီ။

သူ၏ အရှိန်အဝါသည် အမြုတေဖွဲ့စည်း‌ခြင်း အထွတ်အထိပ် အဆင့်တွင် ရပ်တန့်နေပြီး မူလဝိဉာဉ်သို့ မတက်လှမ်းနိုင်သေးပေ။

တွေ့ဆုံချိန်အတွင်း တာအိုမိတ်ဆွေ ရှုယွီသည် အနည်းငယ် တွေဝေနေဟန် ရှိ၏။

သို့ရာတွင် စုယွီက သူ့ကို ထိုင်ရန် လက်ဟန်ပြလိုက်ပြီး မိတ်ဆွေအတွက် ကိုယ်တိုင် လက်ဖက်ရည် ကျိုပေးလိုက်သည်။ ပေါ့ပေါ့ပါးပါး စကားစမြည် ပြောဆိုပြီးနောက် သူတို့ နှစ်ဦးသည် အတိတ်ကကဲ့သို့ သက်သောင့်သက်သာရှိပြီး လွတ်လပ်သော ပတ်ဝန်းကျင်သို့ ပြန်လည် ရောက်ရှိသွားကြ၏။

သို့သော် စုယွီက သူ လာရောက်ရသည့် အကြောင်းရင်းကို ဖွင့်ဟလိုက်သောအခါ တာအိုမိတ်ဆွေ ရှုယွီ မှင်သက်သွားတော့သည်။

“သတင်းအချက်အလက် အဖွဲ့အစည်း တစ်ခု တည်ထောင်မယ်... တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာရဲ့ အလယ်ပိုင်း ဒေသမှာ”

“ဒါက... ညီအစ်ကိုစု... တာ့ယွဲ့စံအိမ် အကြောင်းလောက်ပဲ ဆိုရင်တော့ ကျွန်တော် လုပ်နိုင်ကောင်း လုပ်နိုင်ပါလိမ့်မယ်”

“ဒါပေမဲ့ တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ တစ်ခုလုံးမှာ ကြီးမားတဲ့ သတင်းအချက်အလက် အဖွဲ့အစည်း တစ်ခု တည်ဆောက်ဖို့ ဆိုတာကတော့... ကျွန်တော့်မှာ အရည်အချင်း မရှိသေးဘူးလို့ ထင်တယ်”

တာအိုမိတ်ဆွေ ရှုယွီက ခါးသီးစွာ ရယ်မောလိုက်၏။ ထိုအဆိုပြုချက်ကြောင့် အံ့အားသင့်သွားကြောင်း သိသာလှပေသည်။

စုယွီက အေးအေးဆေးဆေးပင် ရှင်းပြလိုက်သည်။

“တာအိုမိတ်ဆွေ ရှုယွီ... မိတ်ဆွေက သတင်းအချက်အလက် အဖွဲ့အစည်းတွေရဲ့ ဖွဲ့စည်းပုံနဲ့ လုပ်ငန်းစဉ်တွေကို ရင်းနှီးပြီးသားပါ... မိတ်ဆွေ လုပ်ရမှာက ကျွန်တော့်အတွက် သင်္ဘောကို ဦးဆောင်ပေးဖို့ပဲ... လူသစ် စုဆောင်းတာတို့... အဖွဲ့အစည်းရဲ့ လုံခြုံရေးတို့လို ကျန်တဲ့ ကိစ္စ အားလုံးကို ကျွန်တော် တာဝန်ယူ ဖြေရှင်းပါ့မယ်”

တာအိုမိတ်ဆွေ ရှုယွီအား စိတ်ချစေရန် စုယွီသည် အနက်ရောင် ချပ်ဝတ် စစ်သည်တော်ကိုပင် ဆင့်ခေါ်ပြလိုက်၏။

မူလဝိဉာဉ် အထွတ်အထိပ် အဆင့်ရှိ အရှင်သခင် တစ်ပါးက ကျောထောက်နောက်ခံ အဖြစ် ရှိနေသည်ဖြစ်ရာ သူသည် စကားသက်သက် ပြောနေခြင်း မဟုတ်ဘဲ တကယ်တမ်း အကောင်အထည်ဖော်ရန် စီစဉ်နေကြောင်း ထင်ရှားလှပေသည်။

တာအိုမိတ်ဆွေ ရှုယွီမှာ ထုံကျဉ် ဆွံ့အသွားပြီး စုယွီအား စိုက်ကြည့်နေမိ၏။ အချိန်အတော်ကြာ စဉ်းစားပြီးနောက် သူက အဖြေပေးလိုက်သည်။

“ဒီကိစ္စကို ကျွန်တော့် ဆရာနဲ့ ဆွေးနွေးကြည့်ပါ့မယ်... အားလုံး အဆင်ပြေရင် အဖြေ ပြန်ပေးပါ့မယ်”

သူသည် လွတ်လပ်သူ တစ်ယောက် မဟုတ်ပေ။ အကယ်၍ သူသာ တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာတွင် သတင်းအချက်အလက် အဖွဲ့အစည်းသစ် တစ်ခု တည်ထောင်ရန် စုယွီနှင့် ပူးပေါင်းလိုပါက ကောင်းကင်အပျက်အစီးခန်းမမှ သေချာပေါက် ထွက်ခွာရမည် ဖြစ်လေသည်။

တာ့ယွဲ့စံအိမ်တွင် လဝက်ခန့် နေထိုင်ပြီးနောက် တာအိုမိတ်ဆွေ ရှုယွီသည် နောက်ဆုံးတွင် အဖြေပေးလာခဲ့၏။

တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ၌ သတင်းအချက်အလက် အဖွဲ့အစည်းသစ် တစ်ခု တည်ထောင်ရန် သူသည် စုယွီနှင့် ပူးပေါင်းကာ ကောင်းကင်အပျက်အစီးခန်းမမှ ထွက်ခွာလာခဲ့လေပြီ။

ရှေ့ဆက်ရမည့် လမ်းခရီးသည် မသေချာ မရေရာလှသော်ငြား တာအိုမိတ်ဆွေ ရှုယွီနှင့် သူ၏ ဆရာ နှစ်ဦးစလုံးက စုယွီ၏ ထူးကဲသော စွမ်းရည်များကြောင့် စမ်းသပ်ကြည့်သင့်သည်ဟု ယုံကြည်ခဲ့ကြ၏။

ကောင်းကင်အပျက်အစီးခန်းမက မပေးစွမ်းနိုင်သော အခွင့်အရေးများကိုပင် သူ ရရှိနိုင်ကောင်း ရရှိလာနိုင်ပေသည်။

တာအိုမိတ်ဆွေ ရှုယွီထံမှ သဘောတူညီချက် ရရှိပြီးနောက် ကိုယ်ပွားရုပ်သေးသည် နေရာရွှေ့ပြောင်း အခင်းအကျင်းကို အသုံးပြုကာ သူ့အား ပိုင်ဟွာ ဂိုဏ်းသို့ ချက်ချင်း ခေါ်ဆောင်သွားတော့၏။ အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်ကို သတင်းအချက်အလက် အဖွဲ့အစည်း၏ အစပြုရာ နေရာအဖြစ် သတ်မှတ်လိုက်ပြီး ခရမ်းရောင်ကျောက်စိမ်းတံခါး ဂူစံအိမ်ကို ပင်မ ဌာနချုပ် အဖြစ် ယာယီ သတ်မှတ်လိုက်လေသည်။

သတင်းအချက်အလက် အဖွဲ့အစည်းကို ယွဲ့ အင်မော်တယ် မျှော်စင်ဟု အမည်ပေးလိုက်၏။ အကြောင်းမူကား စုယွီသည် အရိုင်းနယ်မြေ အတွင်းရှိ ယွဲ့ အင်မော်တယ် နန်းတော် ဟုခေါ်သော လျှို့ဝှက်ဆန်းကြယ်သည့် အပျက်အစီး တစ်ခုကို တစ်ချိန်က စူးစမ်းလေ့လာခဲ့ဖူးသောကြောင့်ပင်။

ထိုနေရာသည် အလွန်တရာ ထူးကဲလှပေသည်။ အသာမန်ဆုံး ရုပ်သေး တစ်ရုပ်သည်ပင် အနက်ရောင် ချပ်ဝတ် စစ်သည်တော် ကဲ့သို့ ထိပ်တန်း စတုတ္ထအဆင့် ရုပ်သေး တစ်ရုပ် ဖြစ်နေခဲ့သည် မဟုတ်ပါလော။

စုယွီသည် ၎င်း၏ ဂုဏ်သတင်းကို ယူငှားကာ သူ၏ ကိုယ်ပိုင် သတင်းအချက်အလက် အဖွဲ့အစည်း၏ ကံကြမ္မာကို အတည်တကျ ဖြစ်စေရန် စီစဉ်ခဲ့ပြီး အနာဂတ်တွင် မိုးပြာငရဲ အင်မော်တယ် နန်းတော်နှင့်ပင် ဆက်သွယ်နိုင်ကောင်း ဆက်သွယ်လာနိုင်ပေ၏။

All Chapters