အခန်း ၂၃၇
Vol. 24 Ch. 237
အခန်း (၂၃၇) အနာဂတ်မှာ ဘယ်သူက အချောင်ရသွားမလဲ
နန်ကုန်းယွီ၏ စကားကို ကြားချိန်၌ နန်ကုန်းရိုရွှေက ခေါင်းအမြန်ခါယမ်းလိုက်၏။
"ရှောင်ယွီ... ငါ အကုန်လုံးကို သဘောကျတယ်... ပြောင်းစရာ မလိုပါဘူး”
နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်သည်။
"ဒါဆို ဝိညာဉ် ရတနာ ရဲ့ စွမ်းဆောင်ရည်ပိုင်းနဲ့ ပတ်သက်ပြီး လိုအပ်ချက်တွေ ရှိသေးလား”
"အဲ့ဒါက... ပေါ့ပေါ့ပါးပါးပဲ ပြောပြလိုက်ရမလား”
နန်ကုန်းရိုရွှေ အနည်းငယ် အံ့အားသင့်သွား၏။
ဝိညာဉ် ရတနာ ဆိုသည်မှာ တိုက်ခိုက်ခြင်းနှင့် ကာကွယ်ခြင်း သက်သက်သာ မဟုတ်ဘူးလော။
သူမအတွက် နောက်ထပ် ဘာတွေ ရှိနိုင်ဦးမည်နည်း။
နန်ကုန်းယွီက ပြုံးလိုက်သည်။
"ဒါဆို ကျွန်တော့်ရဲ့ စိတ်ကူးအတိုင်းပဲ ဖန်တီးပေးလိုက်မယ်”
"အင်း”
နန်ကုန်းရိုရွှေက အမြန် ခေါင်းညိတ်လိုက်၏။
"ရှောင်ယွီ... နင် ကောင်းမယ်ထင်တာ အကုန် ဖန်တီးလို့ရတယ်... နင်လုပ်ပေးသရွေ့ ဒုတိယအစ်မတော် က အကုန် သဘောကျပါတယ်”
နန်ကုန်းယွီက ပြုံးလိုက်သော်လည်း ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး ပြန်မေးလိုက်သည်။
"ဒုတိယအစ်မတော်... အပြင်ပန်းကို ထင်ပေါ်ချင်တာလား... ဒါမှမဟုတ် သာမန်ပဲ ထားရမလား”
"ထင်ပေါ်တာ... သာမန်ဆိုတာကဘာပြောတာလဲ”
နန်ကုန်းရိုရွှေ အနည်းငယ် နားမလည်ဖြစ်သွား၏။
နန်ကုန်းယွီက ရယ်မော၍ ရှင်းပြသည်ကို သူမ တွေ့လိုက်ရသည်။
"သာမန်ပဲ ထားတယ်ဆိုတာက ကျွန်တော့်လိုမျိုး ဝိညာဉ် ရတနာ မှာ ဖုံးကွယ်ခြင်း ကမ္ပည်းစာတွေ ထွင်းထွင်းထားတာကို ပြောတာ... အဲ့ဒီအခါကျရင် ဝိညာဉ်ဧကရာဇ် အဆင့်တောင်မှ ဝိညာဉ် ရတနာ ရဲ့ အဆင့်ကို လုံးဝ မသိနိုင်တော့ဘူး... ဒါက ဝိညာဉ် ရတနာ မှန်းတောင် သိမှာမဟုတ်ဘူး”
"ဒါပေမဲ့ ဒုတိယအစ်မတော် က ထင်ထင်ပေါ်ပေါ် နေချင်တယ်ဆိုရင်တော့ ဖုံးကွယ်ခြင်း ကမ္ပည်းစာတွေ မထည့်တော့ဘူး... အဲ့ဒီအခါကျရင် အခြားသူတွေက ခင်ဗျား ဝတ်ဆင်ထားတာတွေ အားလုံးက ဝိညာဉ် ရတနာ တွေမှန်း ချက်ချင်း သိသာသွားလိမ့်မယ်”
ထိုစကားကို ကြားချိန်၌ နန်ကုန်းရိုရွှေက မျက်တောင်ခတ်လိုက်ပြီး အကြောင်းပြချက်မရှိဘဲ ယခင် မြင်ကွင်းတစ်ခုကို ပြန်လည်အမှတ်ရသွားကာ သူမ၏ နှလုံးသားထဲတွင် အေးစက်သွားခြင်းကို မထိန်းချုပ်နိုင်ခဲ့ချေ။
သူမ အမြန် ခေါင်းခါယမ်းလိုက်သည်။
"ကိုယ့်ကြွယ်ဝမှုကို ပြသနေစရာ မလိုပါဘူး... သာမန်ပဲ နေတာ ပိုကောင်းတယ်... အခြားသူတွေက လျှို့ဝှက်ပြီး လိုချင်တပ်မက်နေတာက သေချာပေါက် ကောင်းတဲ့အရာ မဟုတ်ဘူးလေ”
"ကောင်းပါပြီ... နားလည်ပါပြီ”
နန်ကုန်းယွီက ခေါင်းညိတ်လိုက်ပြီး လက်နှစ်ဖက်ဖြင့် လက်ဟန်များကို အမြန်ဖန်တီးလိုက်ရာ မရေမတွက်နိုင်သော ကမ္ပည်းစာများက ဟင်းလင်းပြင် နယ်ပယ်ထဲတွင် အလိုအလျောက် ထွက်ပေါ်လာပြီး ဆေးဖိုဖျက်ဆီးခြင်း သန့်စင်သောမီးတောက် ၏ အကူအညီဖြင့် ထိုပစ္စည်းများထဲသို့ အားလုံး ထွင်းထွင်းဝင်ရောက်သွားပေ၏။
ဤမြင်ကွင်းကို ကြည့်ရင်း နန်ကုန်းရိုရွှေသည် အကြောင်းပြချက်မရှိဘဲ အလွန်အံ့အားသင့်သွားခဲ့သည်။
သူမသည် အခြားသော လက်နက်သွန်းလုပ်သူများ လက်နက်သွန်းလုပ်သည်ကို မြင်ဖူးခဲ့သည်။
ဥပမာအားဖြင့် ကြီးကြပ်ရေးရုံး မှ ဆရာများပင် ဖြစ်သည်။
သို့သော် ဤကဲ့သို့ မြင်ကွင်းမျိုးကိုတော့ သေချာပေါက် တစ်ခါမျှ မမြင်ဖူးခဲ့ချေ။
ထိုဆရာများ၏ လက်နက်သွန်းလုပ်ခြင်း တွင် ကမ္ပည်းစာများသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခြင်း ဖြစ်ပြီး နန်ကုန်းယွီ လောက် အလွန်အကျွံ မဖြစ်ခဲ့ပေ။
မကြာမီ နန်ကုန်းယွီသည် ဆေးဖိုဖျက်ဆီးခြင်း သန့်စင်သောမီးတောက် ကို ရုပ်သိမ်းလိုက်ရာ ထို ဝိညာဉ် ရတနာ များသည် လေထဲတွင် လွင့်မျောနေပြီး တစ်ခုစီတိုင်းမှ ဝိညာဉ်အလင်းရောင် တစ်ချက်စီ လက်သွားပြီးနောက် ပျောက်ကွယ်သွားပေ၏။
သာမန်ပစ္စည်းများကဲ့သို့ ဖြစ်သွားသော များပြားလှသည့် ဝိညာဉ် ရတနာ များကို ကြည့်ရင်း နန်ကုန်းရိုရွှေ အံ့အားသင့်သွားသည်။
အကယ်၍ ဤအရာများသည် ဝိညာဉ် ရတနာ များမှန်း မသိခဲ့ပါက မည်သူမဆို မြင်မြင်ချင်း သာမန်ပစ္စည်းများဟုသာ ထင်မှတ်သွားပေလိမ့်မည်။
"ဒုတိယအစ်မတော်... သွေးတစ်စက်နဲ့ သိမှတ်ပြုလိုက်”
နန်ကုန်းယွီက အနည်းငယ် ပြုံးကာ ပြောလိုက်၏။
"ကျေးဇူးပါပဲ ရှောင်ယွီ”
နန်ကုန်းရိုရွှေက ဝမ်းသာပီတိဖြစ်နေသော အမူအရာဖြင့် ဝိညာဉ် ရတနာ များဆီသို့ ခုန်ဆွခုန်ဆွ သွားကာ ဤ ဝိညာဉ် ရတနာ များကို ဝမ်းသာအားရ ကြည့်ရှုနေပေသည်။
စုစုပေါင်း ပစ္စည်းဆယ့်နှစ်ခု ရှိသည်။
ဝိညာဉ်ဓား၊ ဆံထိုး၊ နားကပ်၊ ဆွဲကြိုး၊ လက်ကောက်၊ သိုလှောင်လက်စွပ်၊ ရင်ခံ၊ အတွင်းခံအင်္ကျီ၊ အတွင်းခံဘောင်းဘီ၊ ခြေအိတ်ရှည်၊ ဘွတ်ဖိနပ် နှင့် စကတ်ရှည် တို့ပင် ဖြစ်၏။
ခေါင်းအစ ခြေအဆုံး လက်နက်တပ်ဆင်ထားသကဲ့သို့ပင်။
နန်ကုန်းရိုရွှေက သူမ၏ လက်ချောင်းကို ခပ်ဖွဖွ ရှရာပေးလိုက်ပြီး သွေးစက် ဆယ့်နှစ်စက် ညှစ်ထုတ်ကာ ဝိညာဉ် ရတနာ ဆယ့်နှစ်ခုပေါ်သို့ ကျဆင်းစေလိုက်သည်။
ထို ဝိညာဉ် ရတနာ များက သူမ၏ သွေးများကို စုပ်ယူသွားသည်ကို တွေ့လိုက်ရပြီး ဝိညာဉ်အလင်းရောင် တစ်ချက် လက်သွားကာ သူမ၏ တန်ထျန်း အတွင်းသို့ ချက်ချင်း ဝင်ရောက်သွားပေ၏။
ဤ ဝိညာဉ် ရတနာ များ အားလုံး၏ တည်ရှိမှုကို ခံစားလိုက်ရချိန်၌ နန်ကုန်းရိုရွှေ၏ မျက်လုံးများ ပြူးကျယ်သွားသည်။
"အကုန်လုံး... အကုန်လုံးက အဆင့်မြင့်ဝိညာဉ်ရတနာ တွေချည်းပဲလား”
သူမ အံ့အားသင့်စွာ မော့ကြည့်လိုက်ပြီး နန်ကုန်းယွီကို ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေမိ၏။
"ရှောင်ယွီ... နင် နောက်နေတာလား... အဆင့်မြင့်ဝိညာဉ်ရတနာ တွေကို လက်ကားပေးမလို့လား”
နန်ကုန်းယွီက ပြုံးလိုက်သည်။
"လောလောဆယ်တော့ ကျွန်တော်က အဆင့်မြင့် ဝိညာဉ်ရတနာ ပဲ ဖန်တီးနိုင်သေးတယ်... နောက်ပိုင်းကျရင် ဒုတိယအစ်မတော် ကို ဘုရင် ရတနာ၊ ပြီးရင် ဧကရာဇ် ရတနာ နဲ့ ဧကရာဇ် လက်နက် တွေအထိ အဆင့်မြှင့်တင်ပေးမယ်”
"ဒါဆိုရင် ငါ တကယ်ပဲ မျှော်လင့်နေပါပြီ”
နန်ကုန်းရိုရွှေ၏ မျက်နှာပေါ်တွင် အပြုံးတစ်ပွင့် ပေါ်လာခဲ့သည်။ ထိုအခါမှသာ နန်ကုန်းယွီက သူတို့အတွက် ဘုရင်ရတနာများကို ကိုယ်တိုင် ဖန်တီးပေးမည်ဟု ပြောခဲ့စဉ်က အမှတ်တမဲ့ ပြောခဲ့ခြင်း မဟုတ်ကြောင်း သူမ နားလည်သွားခဲ့၏။
ဝိညာဉ်အရှင်မြတ်အဆင့်၌ပင် ဤသို့သော လက်နက်သွန်းလုပ်ခြင်း နည်းလမ်းကို ပိုင်ဆိုင်ထားပြီး ဖြစ်ရာ၊ အနာဂတ်တွင် သူ၏ ကျင့်စဉ်အဆင့် ပိုမို မြင့်မားလာသောအခါ ဘုရင်ရတနာများ၊ ဧကရာဇ်ရတနာများနှင့် ဧကရာဇ်လက်နက်များကို သန့်စင်ဖန်တီးခြင်းမှာ ပြဿနာတစ်ခု ဖြစ်ဦးမည်လော။
ထိုအတွေးကို တွေးမိလိုက်သည်နှင့် နန်ကုန်းရိုရွှေ၏ မျက်နှာပေါ်တွင် ဝမ်းသာပီတိများ ပိုမို ထင်ရှားလာခဲ့သည်။ သူမသည် အဝတ်အစားများကို အမြန်ချွတ်လိုက်ရာ နန်ကုန်းယွီ၏ မျက်လုံးထောင့်များပင် အနည်းငယ် တွန့်ကွေးသွားခဲ့၏။
ထို့နောက် သူမ စိတ်ကူးလိုက်ရုံမျှဖြင့် ဝိညာဉ်ရတနာများအားလုံးသည် သူမ၏ ခန္ဓာကိုယ်ပေါ်တွင် တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့ကြသည်။
အရာအားလုံး ပြီးပြည့်စုံသွားပြီး ပန်းရောင်စကတ်ရှည် ဝတ်ဆင်ထားသော အလွန်လှပလှသည့် မိန်းမငယ်လေးတစ်ဦး နန်ကုန်းယွီ၏ ရှေ့တွင် ထွက်ပေါ်လာပေသည်။
သူမ၏ စကတ်ရှည်သည် ပွင့်အာနေသော မက်မွန်ပန်းကဲ့သို့ ပေါ့ပါးလွင့်မျောနေပြီး သူမ၏ ခြေလှမ်းများနှင့်အတူ ညင်သာစွာ ယိမ်းနွဲ့နေ၏။
စကတ်ရှည်၏ အရောင်များက တောက်ပပြီး နူးညံ့ကာ သူမ၏ အသားအရေကို သိုးဆီခဲကျောက်စိမ်းကဲ့သို့ ဖြူဖွေးသွားစေပြီး လောကရှိ နတ်သမီးလေးတစ်ပါးကဲ့သို့ ထင်မှတ်ရစေပေသည်။
နန်ကုန်းရိုရွှေ၏ မျက်နှာသွင်ပြင်က ချောမောလှပပြီး ပါးပြင်တွင် အနည်းငယ် နီမြန်းနေကာ နူးညံ့သိမ်မွေ့သော မျက်နှာကျနှင့် ညကောင်းကင်ယံတွင် တောက်ပနေသော ကြယ်ကလေးများကဲ့သို့ ကြည်လင်တောက်ပသော မျက်လုံးများ ရှိနေ၏။
သူမ၏ နှုတ်ခမ်းများက ချယ်ရီသီးများကဲ့သို့ နီမြန်းနေပြီး အနည်းငယ် ကွေးတက်နေသော နှုတ်ခမ်းထောင့်များတွင် ငြင်းဆန်၍မရနိုင်လောက်အောင် ဆွဲဆောင်မှုရှိသော ချိုမြိန်သည့် အပြုံးတစ်ခု ရှိနေပေသည်။
သူမ၏ ဆံပင်များက ရေတံခွန်ကဲ့သို့ နောက်ကျောတွင် ဖြာကျနေပြီး လေပြေညင်းထဲတွင် ညင်သာစွာ လွင့်မျောနေကာ သင်းပျံ့သော ရနံ့တစ်ခုကို ထုတ်လွှတ်နေ၏။
သွယ်လျသော ခန္ဓာကိုယ်လေးသည် စကတ်ရှည်အောက်တွင် ပို၍ ကျက်သရေရှိပြီး ဆွဲဆောင်မှုရှိနေပေသည်။
သူမ၏ သပ်ရပ်လှပသော နားရွက်များတွင် သေးငယ်ကျော့ရှင်းသော နားကပ်တစ်စုံကို ချိတ်ဆွဲထားပြီး လည်ပင်းတွင် တောက်ပသော်လည်း ကျက်သရေရှိသော ဆွဲကြိုးတစ်ကုံးကို ဆင်မြန်းထားရာ သူမ၏ ဖြူဖွေးသော အသားအရေပေါ်သို့ ကျဆင်းနေပြီး ပန်းရောင်စကတ်ရှည်နှင့် အလွန်လိုက်ဖက်ကာ အထူးပင် မြင့်မြတ်ကျက်သရေရှိနေပေသည်။
ဤမြင်ကွင်းကို ကြည့်ရင်း နန်ကုန်းယွီ၏ စိတ်နှလုံးထဲတွင် ထူးဆန်းသော နာကျင်မှုတစ်ခု ဖြစ်ပေါ်လာသည်။
‘ဒီလောက် လှပလွန်းတဲ့ အမျိုးသမီးလေးကို အနာဂတ်မှာ ဘယ်ငနဲက အချောင်ရသွားမလဲ ဆိုတာ မသိဘူး…’’
သို့သော် ထိုအတွေးက သူ၏ စိတ်ထဲတွင် တစ်ချက်သာ ဖြတ်ပြေးသွားပြီး သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့တစ်ခု ထွက်ပေါ်လာပေ၏။
‘ဒါက သူ့ရဲ့ ရင်းနှီးတဲ့ ဒုတိယအစ်မတော် ပဲလေ’
ဤရင်းနှီးမှုက ဆက်ဆံရေး သက်သက်သာ မဟုတ်ဘဲ သူတို့ ဘယ်လို သဟဇာတဖြစ်ဖြစ် နေထိုင်ကြသလဲ ဆိုတာနဲ့လည်း သက်ဆိုင်တယ်လေ။
ဤမျှဆိုလျှင် သူ ကျေနပ်သင့်ပြီ မဟုတ်လော။
နန်ကုန်းယွီက ပြုံး၍ ချီးကျူးလိုက်သည်။
"ဒုတိယအစ်မတော် က တကယ်ကို ပြိုင်ဘက်ကင်းတဲ့ နတ်သမီးလေးပဲ... ဒီဝတ်စုံကို ဝတ်ဆင်လိုက်တဲ့အခါ အလှကို ပြီးပြည့်စုံအောင် ပြသနိုင်တယ်... ကြည့်နေရုံနဲ့တင် ကျွန်တော့် စိတ်နှလုံးတွေ တုန်လှုပ်ပြီး ကိုယ့်ကိုယ်ကိုယ်တောင် မထိန်းချုပ်နိုင်တော့ဘူး”
"သြော်... တကယ်လား”
နန်ကုန်းရိုရွှေက ရှေ့သို့ ဖွဖွလှမ်းကာ အနားသို့ တိုးကပ်လာပြီး နန်ကုန်းယွီကို ကြည့်၍ ရယ်မောလိုက်၏။
"ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ရ ခက်နေပြီလား... ရှောင်ယွီ က ဘာလုပ်ချင်လို့လဲ”
နန်ကုန်းယွီက ဤမျှ နီးကပ်နေသော သူမ၏ လှပလှသည့် မျက်နှာလေးကို ကြည့်ရင်း စိတ်လှုပ်ရှားသွားသည်။
"ကျွန်တော် တစ်ခုခု လုပ်လို့မရဘူလား”
"ဟိ ဟိ”
နန်ကုန်းရိုရွှေ၏ မျက်နှာ အနည်းငယ် နီမြန်းသွားသော်လည်း သူမက ခေါင်းလောင်းသံကဲ့သို့ ရယ်မောလိုက်၏။
"တကယ်လို့ ရှောင်ယွီက သဘောကျတယ်ဆိုရင် ငါက သေချာပေါက် ကန့်ကွက်စရာ မရှိပါဘူး”
ထို့နောက် သူမက ခပ်ဖွဖွ ရယ်မောကာ မေးလိုက်သည်။
"ရှောင်ယွီ... အစ်မတော် ရဲ့ နှုတ်ခမ်းနီနီလေးတွေကရော…”
"အင်း”
နန်ကုန်းယွီက တစ်ခဏမျှ စဉ်းစားပြီးနောက် ခေါင်းခါလိုက်၏။
"ခုနကလိုမျိုး အခြေအနေမှာတော့ မရှိပါဘူး”
"ဟိဟိ”
နန်ကုန်းရိုရွှေ၏ ငွေရောင်ခေါင်းလောင်းသံကဲ့သို့ ရယ်သံက ကျင့်ကြံခြင်း အခန်းထဲတွင် ထွက်ပေါ်လာသည်။
"ဒါဆို ငါက တစ်ပွဲ အသာရသွားပြီလို့ ပြောလို့ရတယ် မဟုတ်လား”
နန်ကုန်းယွီ၏ နှုတ်ခမ်းထောင့်က အနည်းငယ် တွန့်ကွေးသွားပေ၏။
ဤ ဒုတိယအစ်မတော် က အခုထိ အစ်မ ရွှယ် နဲ့ နှိုင်းယှဉ်နေတုန်းပဲလား။
‘ဒါပေမဲ့ မဟုတ်ဘူးလေ…’