← Chapters

အခန်း ၁၈၂

Vol. 19 Ch. 182

အခန်း ၁၈၂

Vol. 19 Ch. 182

အခန်း ၁၈၂

လက်သီးချက်တစ်ချက်က တဟုန်ထိုး ထွက်ပေါ်လာခဲ့သည်။

၎င်းကို မြင်လိုက်ရသောအခါ ဝူဖန်းသည် သူ၏ရင်ဘတ်ဆီသို့ သေမင်း၏ အရိပ်အယောင်များ ဖြတ်ပြေးသွားသည်ကို ချက်ချင်းပင် ခံစားလိုက်ရသည်။

သူသည် အလျင်အမြန်ပင် လက်နှစ်ဖက်ကို ယှက်ကာ ရင်ဘတ်ကို ကာကွယ်လိုက်ပြီး လက်သီးထိမှန်မည့် အခိုက်အတန့်တွင်ပင် အနက်ရောင် အဆိပ်ရည်များကို သုံးခွက်မျှ ထွေးအန်ထုတ်လိုက်သည်။

သို့သော်လည်း ထိုအဆိပ်ရည်များသည် မျက်လုံးနီ ဝံပုလွေကြီး၏ လက်တစ်ဖက်ဖြင့် ကာကွယ်ခြင်းကို ခံလိုက်ရပြီး လက်ကျောပေါ်သို့သာ ကျရောက်သွားခဲ့သည်။

အရင်တစ်ခေါက်ကဲ့သို့ပင် ထိုအဆိပ်ရည်များမှာ တံတွေးကဲ့သို့သာ ကပ်ငြိနေခဲ့ပြီး မည်သည့် တုံ့ပြန်မှုမျှ ဖြစ်ပေါ်မလာခဲ့ချေ။

သူ၏ တန်ပြန်တိုက်ခိုက်မှုမှာ အချည်းနှီး ဖြစ်သွားခဲ့သော်လည်း မျက်လုံးနီ ဝံပုလွေကြီး၏ လက်သီးချက်ကမူ အားပါးတရ ပစ်လွှတ်လိုက်ပြီ ဖြစ်သည်။

ဝူဖန်းသည် သူ၏လက်မောင်းများကို အသုံးပြု၍ ရင်ဘတ်ကို အမိအရ ကာကွယ်ထားခဲ့သော်လည်း ပြင်းထန်လှသော ထိခိုက်မှုအားလုံးမှာ သူ၏လက်မောင်းများပေါ်သို့ ကျရောက်လာသောအခါ ဝူဖန်း၏ ဦးနှောက်မှာ ပြင်းထန်စွာ တုန်ခါသွားခဲ့ရသည်။

၎င်းနောက်တွင်မူ ခံစားရသော ဝေဒနာမှာ ရင်ဘတ်ကို ဓားဖြင့် အပိုင်းပိုင်း ခုတ်ထစ်ခံလိုက်ရသကဲ့သို့လည်းကောင်း၊ လက်တစ်ဖက်က အတွင်းသို့ နက်ရှိုင်းစွာ နှိုက်ယူလျက် နှလုံးသားကို ညှစ်ခြေလိုက်သကဲ့သို့လည်းကောင်း ပြင်းထန်သည်။

ဤအသက်ရှူကြပ်လောက်အောင် ခံစားရသော ဝေဒနာမှာ ခန္ဓာကိုယ်တစ်ခုလုံးသို့ ချက်ချင်းပင် ပြန့်နှံ့သွားခဲ့ရာ သူသည် စွမ်းအားအရှိန်အဟုန်မဲ့သွားခဲ့ရတော့သည်။

ထိုအချိန်တွင် သူ၏ နှလုံးခုန်သံများပင် ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ဤအခြေအနေအထိ ရောက်ရှိလာမှတော့ သူရှေ့မှလူသည် လူသားမဟုတ်ဘဲ သူ၏ ချီစွမ်းအင်များကို ဖုံးကွယ်ထားသော မိစ္ဆာကြီးတစ်ကောင် ဖြစ်ကြောင်း သူ မသိဘဲ မနေနိုင်တော့ပေ။

၎င်းမှာ နက်နဲသောနယ်ပယ် အလယ်အလတ်ကျင့်ကြံသူ မိစ္ဆာကြီးတစ်ကောင်ပင်။

ဘန်း

ဝူဖန်းသည် ထိုလက်သီးချက်ကြောင့် တိုက်ရိုက်ပင် လွင့်စင်သွားခဲ့ပြီး အနီးအနားရှိ တောင်ကုန်းငယ်တစ်ခုပေါ်သို့ အရှိန်ပြင်းစွာဖြင့် ကျသွားခဲ့သည်။

ညဉ့်နက်ယံ၏ အေးစက်မှုအောက်တွင် သူ၏ပါးစပ်ထောင့်မှ စီးကျလာသော သွေးစက်များမှာ အလွန်ပင် ရှင်းလင်းလှပြီး ည၏ အရိပ်အယောင်များနှင့်အတူ ထိုသွေးစက်များမှာ ပိုမို၍ပင် အေးစက်သွားခဲ့ရသည်။

"ဟုန်ယဲ့"

လင်ယွန်းသည် တိုးညှိးစွာ အော်ခေါ်လိုက်ပြီး ဝူဖန်းရှိရာသို့ အပြေးအလွှား ရောက်ရှိသွားကာ တောင်ကုန်းစောင်းပေါ်တွင် လဲလျောင်းနေသော သူ့အား အမြန်ဆုံး ထိန်းမပေးလိုက်ရင်း "ဟုန်ယဲ့... မင်း ဘာဖြစ်သွားတာလဲ" ဟု စိုးရိမ်တကြီး မေးလိုက်သည်။

ဝူဖန်းသည် ပါးစပ်ထဲရှိ သွေးများကို ရေတစ်ခွက်အလား မျိုချလိုက်ပြီးနောက် တုန်ယင်နေသော အသံဖြင့် "သခင်ကြီး... ဒါက သူ့ရဲ့ စွမ်းအားတွေကို ဖုံးကွယ်ထားတဲ့ မိစ္ဆာကြီးတစ်ကောင်ပါ။ သူက နက်နဲသောနယ်ပယ် အလယ်အလတ်အထိ ရောက်နေပြီ" ဟု ပြောလိုက်သည်။

"နက်နဲသောနယ်ပယ် အလယ်အလတ် မိစ္ဆာကြီး"

လင်ယွန်းသည် မျက်လုံးနီ ဝံပုလွေကြီးဆီသို့ ချက်ချင်းပင် အာရုံစိုက်လိုက်သည်။

မှောင်မိုက်သော ညဉ့်နက်အတွင်း၌ ဝူဖန်းကို လက်သီးဖြင့် ထိုးနှက်လိုက်သူ၏ ခန္ဓာကိုယ်မှာ အလွန်ပင် သန်မာထွားကျိုင်းလှပြီး သူ၏ရှေ့မှောက်ရှိ ဝူဖန်းမှာမူ ကလေးတစ်ယောက်အလား သေးငယ်နေခဲ့သည်။

အဆင့်မရှိသော ဂိုဏ်းငယ်လေးတစ်ခု၏ အထက်တွင် ဤကဲ့သို့ နက်နဲသောနယ်ပယ် အလယ်အလတ်ရှိသော မိစ္ဆာကြီးတစ်ကောင် ရှိနေလိမ့်မည်ဟု သူမ လုံးဝ မယုံကြည်နိုင်ခဲ့ချေ။

နက်နဲသောနယ်ပယ် အလယ်အလတ်က အရာရာကို လွှမ်းမိုးထားနိုင်သော မိစ္ဆာကြီးများသာ ဖြစ်သည်။

"ဘာကိစ္စနဲ့များ ဒီလို လူသူတိုးမပေါက်တဲ့ တောင်ကုန်းပေါ်မှာ လာပြီး အိပ်နေရတာပါလိမ့်"

အနည်းငယ် ယုတ္တိမရှိဟု ထင်ရသော်လည်း ပြိုင်ဘက်၏ စွမ်းအားကို သူမကိုယ်တိုင် မခန့်မှန်းနိုင်သောကြောင့် ဝူဖန်း၏ စကားကို ယုံကြည်ရတော့မည်ပင်။

ဝူဖန်းသည်လည်း မိစ္ဆာတစ်ကောင် ဖြစ်သည့်အားလျော်စွာ မိစ္ဆာတို့၏ စွမ်းအားကို ပိုနားလည်

သလို သူ့ကို တိုက်ခိုက်လိုက်သူ၏ အဆင့်အတန်းကိုလည်း အကဲခတ်နိုင်သည်။

ဝူဖန်းသည် ယခုအခိုက်အတန့်တွင် ထပ်မံ၍ မတ်တတ်ရပ်လိုက်ပြီး သူ၏ ကိုင်းညွှတ်နေသော ခန္ဓာကိုယ်ကို လင်ယွန်း၏ရှေ့မှောက်တွင် ကာကွယ်ပေးလိုက်ရင်း "သခင်ကြီး... သခင်ကြီး အလုပ်ကိစ္စကိုသာ ဆက်လုပ်ပါ။ ဟုန်ယဲ့က ဒီမိစ္ဆာကြီးကို ဒီမှာပဲ ထိန်းချုပ်ထားပေးပါ့မယ်" ဟု ပြောလိုက်သည်။

"ဒါပေမဲ့..."

"ဘာမှ ဒါပေမဲ့မရှိဘူး... နောက်ထပ် အချိန်ဆွဲနေရင် ကျွန်တော့်ရဲ့ အသက်သက်တမ်း ဆယ်နှစ်စာတွေ အလကား ဖြစ်သွားလိမ့်မယ်"

စကားဆုံးသည်နှင့် ဝူဖန်းသည် မြေပြင်ပေါ်သို့ အလျင်အမြန် ခုန်ချလိုက်ပြီး သူ၏ လက်များကို ရှေ့ခြေထောက်များအဖြစ်လည်းကောင်း ခြေထောက်များကို နောက်ခြေထောက်များအဖြစ်

လည်းကောင်း ပြောင်းလဲလိုက်ရာ သူ၏ မိစ္ဆာအသွင်ကို ဖော်ထုတ်လိုက်တော့သည်။

၎င်းမှာ အလွန်ပင် ထည်ဝါလှသော နီရဲသည့် မြင်းကြီးတစ်ကောင်ဖြစ်ပြီး ခွာများတွင် လက်သည်းများပါရှိကာ ပါးစပ်တွင်လည်း အစွယ်များ ထွက်ပေါ်နေခဲ့သည်။

မျက်လုံးနီ ဝံပုလွေကြီးသည် ၎င်းကို မြင်လိုက်ရသည့်အခါ အံ့အားသင့်သွားပြီး "ဝူဖန်း" ဟု ရေရွတ်လိုက်မိသည်။

မိစ္ဆာဘုရင်တစ်ဦးအနေဖြင့် အခြားသော မိစ္ဆာကြီးများကို သူအောက်သို့ သွတ်သွင်းလိုသော ဆန္ဒမှာ ချက်ချင်းပင် ပြင်းထန်လာခဲ့သည်။

ဝူဖန်းသည် အလွန်ရှားပါးလှသော မိစ္ဆာကြီးတစ်ကောင် ဖြစ်ပြီး အရှေ့အိုင်တစ်ခွင်လုံးတွင်ပင် ဒုတိယမြောက် မရှိနိုင်လောက်အောင်ပင်။

အကယ်၍သာ သူသည် နက်နဲသောနယ်ပယ် အလယ်အလတ်အထိ ကြီးထွားလာပါက သူ၏ပါးစပ်မှ ထွက်သော အဆိပ်ရည်ဖြင့်ပင် နက်နဲသောနယ်ပယ် အဆင့်နိမ့် ကျင့်ကြံသူများကို အရိုးစုများအဖြစ် ချက်ချင်း ပြောင်းလဲပစ်နိုင်စွမ်း ရှိသည်။

ထိုကဲ့သို့သော မိစ္ဆာကြီးတစ်ကောင်ကို သူ၏ လက်အောက်ခံအဖြစ် ထားရှိရခြင်းက အလွန်ပင် ဂုဏ်ယူစရာ ကောင်းသည်။

သူ့ကို လက်သီးဖြင့် သတ်ဖြတ်ပစ်လိုသော အတွေးမှာလည်း သူ၏စိတ်ထဲမှ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

အခြားတစ်ဖက်တွင်မူ ဝူဖန်းသည် သူ၏အသက်ကိုပင် ပဓာနမထားဘဲ အဆင်သင့် ဖြစ်နေသည်ကို မြင်လိုက်ရသော လင်ယွန်းသည် မနှစ်မြို့စွာဖြင့် နောက်လှည့်လိုက်ပြီး တောင်ထိပ်ဆီသို့ ဦးတည်သွားရန် ကြိုးပမ်းလိုက်သည်။

မျက်လုံးနီ ဝံပုလွေကြီးက ချက်ချင်းပင် ဟုန်းခနဲ နှာမှုတ်လိုက်ပြီး "မိန်းမပျိုလေး... မင်းရဲ့ ကိစ္စတွေကို အပြီးသတ်ပြီးရင် ထွက်သွားလို့ ရမယ်လို့ ထင်နေတာလား" ဟု လှောင်ပြောင်လိုက်သည်။

ထိုစကားသံဆုံးသည်နှင့် မျက်လုံးနီ ဝံပုလွေကြီးမှာ မြားတစ်စင်းအလား ပြေးထွက်သွားခဲ့သည်။

လင်ယွန်း၏ ကျောပြင်ဆီသို့ လက်သီးချက်ကို ရွယ်လိုက်သည်ကို မြင်လိုက်ရသောအခါ ဝူဖန်းသည် အလျင်အမြန်ပင် ခုန်ချလိုက်ပြီး လင်ယွန်း၏ နောက်ကွယ်မှနေ၍ လေးခွာကို အားကုန်

ထုတ်ကာ ပြေးလွှားလိုက်ပြီးနောက် ခေါင်းကိုမော့ကာ သွားများကို ဖြဲလျက် မျက်လုံးနီ ဝံပုလွေကြီး၏ လက်သီးချက်ကို ရင်ဆိုင်ရန် အဆင်သင့် ဖြစ်နေခဲ့သည်။

"ဖယ်စမ်း"

ဟိန်းဟောက်သံတစ်ချက် ထွက်ပေါ်လာပြီးနောက် မျက်လုံးနီ ဝံပုလွေကြီးသည် ဝူဖန်း၏အနားသို့ လျှပ်တစ်ပြက်အတွင်း ရောက်ရှိသွားကာ လက်ကိုဆန့်၍ ဝူဖန်းအား တိုက်ရိုက်ပင် ရိုက်ထုတ်လိုက်ရာ ဝူဖန်းမှာ လွင့်စင်သွားခဲ့ရတော့သည်။

နက်နဲသောနယ်ပယ် အဆင့်နိမ့်ရှိ မိစ္ဆာကြီးတစ်ကောင်က မျက်လုံးနီ ဝံပုလွေကြီး၏ ရှေ့မှောက်၌မူ ခြင်ကောင်တစ်ကောင်မျှသာ ရှိသည်။

လင်ယွန်းသည် ခေါင်းကိုလှည့်ကြည့်လိုက်ရာ ဝူဖန်းတစ်ယောက် ရိုက်ထုတ်ခြင်းခံလိုက်ရပြီး တစ်ပြိုင်နက်တည်းမှာပင် ထိုမိစ္ဆာကြီးသည် သူမ၏ အနီးကပ်ဆုံးအကွာအဝေးသို့ တဟုန်ထိုး ချဉ်းကပ်လာနေသည်ကို မြင်တွေ့လိုက်ရသည်။

အသက်ဘေးအန္တရာယ် ကြုံတွေ့လာရသည့်အဆုံး သူမသည် ဘယ်ဘက်လက်ထက်ရှိ သွေးကြောတံခါးကို အလောတကြီး ဖွင့်လှစ်လိုက်ရတော့သည်။

ဘန်း

သွေးကြောတုန်ခါသံများ မြည်ဟီးသွားခဲ့သည်။

သွေးကြောတံခါး၏ တုန်ခါမှုနှင့်အတူ လင်ယွန်းသည် ခေါင်းလောင်းငယ်တစ်လုံးကို ထုတ်ယူလိုက်သည်။

ချွင်ချွင်ချွင်

ထိုအသံနှင့်အတူ အဆုံးအစမဲ့လှသော အလင်းတန်းများသည် ခေါင်းလောင်းအတွင်းမှ ပေါက်ကွဲကာ ထွက်ပေါ်လာခဲ့ပြီး မျက်လုံးနီ ဝံပုလွေကြီးထံသို့ တရစပ် ဦးတည်သွားခဲ့တော့သည်။

"ငါ့ရဲ့ မြင်းကို နာကျင်အောင်လုပ်ရဲတယ်ပေါ့... ဒါဆိုရင်တော့ ငါ့ရဲ့ ပြည့်စုံခြင်းအဆင့်ရှိတဲ့အဝါရောင်အဆင့် အလယ်အလတ် သွေးကြောကျင့်စဉ်ကို မြည်းစမ်းကြည့်စမ်း"

ဤအဆုံးအစမဲ့ အလင်းတန်းတိုက်ကွက်ဟူသည် မူလက သူမ၏ ပြိုင်ဘက်များကို တိုက်ခိုက်

ရန်အတွက် ရည်ရွယ်ထားခြင်း ဖြစ်ပြီး ထိုသူများမှာ ဤဆုကြေးငွေကို လုယူကြမည့် စစ်

မှန်သော ရန်သူများ ဖြစ်ကြသည်။

သူမသည် ဤတိုက်ကွက်ကို အသုံးပြု၍ နက်နဲသောနယ်ပယ် အလယ်အလတ်ရှိသော ပြိုင်ဘက်တစ်ဦးကို သတ်ဖြတ်ကာ သူ၏ အရှိန်အဝါကို ကျော်စောစေရန် ကြံရွယ်ထားခဲ့ခြင်းပင်။

သို့သော် ယခုအခါတွင်မူ ယွင်လန်တောင်ပေါ်မှ ရုတ်တရက် ပေါ်ထွက်လာသော နက်နဲသောနယ်ပယ် အလယ်အလတ် မိစ္ဆာကြီးက သူမ၏ ဝူဖန်းကို ခွေးတစ်ကောင်အလား ရိုက်နှက်နေခဲ့ရာ သူမအနေဖြင့် သည်းခံနိုင်စွမ်း မရှိတော့ချေ။

ယနေ့ညတွင်မူ ဆန်းဝူမြို့တော်အတွင်းရှိ နက်နဲသောနယ်ပယ် အလယ်အလတ် ကျင့်ကြံသူများ ယွင်လန်တောင်ထက်မှ တိုက်ပွဲအရှိန်အဝါကို အာရုံခံမိသွားကြမည်ကို ဂရုမစိုက်တော့ဘဲ ထိုအဝါရောင် အဆင့် အလယ်အလတ် သွေးကြောကျင့်စဉ်ကို အသုံးပြု၍ ရှေ့မှောက်ရှိ မိစ္ဆာကြီးကို အရင်ဆုံး သတ်ဖြတ်ပစ်ရန် ဆုံးဖြတ်လိုက်တော့သည်။

သူမသည် ယနေ့ညတွင် ဝမ်ပင်း၏ ခေါင်းဆုကြေးငွေကို ရယူရန် စိတ်မစောတော့ချေ။

သို့သော်လည်း ဤနက်နဲသောနယ်ပယ် အလယ်အလတ် မိစ္ဆာကြီးကိုမူ သေချာပေါက် ရင်ဆိုင်ရမည်ပင်။

အလင်းတန်းများသည် မျက်လုံးနီ ဝံပုလွေကြီးထံသို့ ရိုက်ခတ်မိသွားသည့်အခါ မျက်လုံးနီ ဝံပုလွေကြီးထံမှ နာကျင်စွာ အော်ဟစ်ညည်းတွားသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဝူးးးး

နာကျင်စွာ အော်ဟစ်သံနှင့်အတူ မျက်လုံးနီ ဝံပုလွေကြီးက တဖြည်းဖြည်းနှင့် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားခဲ့ရသည်။

လင်ယွန်းသည် ပြိုင်ဘက်ကို အေးစက်စွာ ဆက်လက်စိုက်ကြည့်နေခဲ့ပြီး ခေါင်းလောင်းသံမှာ ပိုမိုပြင်းထန်လာခဲ့ကာ ထွက်ပေါ်လာသော အလင်းတန်း အရေအတွက်မှာလည်း ပိုမို၍ များပြားလာခဲ့သည်။

သို့သော်ငြားလည်း အလင်းတန်းများမှာ အလွန်အမင်း များပြားလှသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပြန့်ကျဲ၍ လွင့်မျောသွားခဲ့ရသည်။

ထိုအလင်းတန်းများနှင့် ထိမိသမျှသော သစ်ပင်စည်ပိုင်းမှန်သမျှက မည်မျှပင် ထူထပ်သည်ဖြစ်စေ တိုက်ရိုက် ထိုးဖောက်ဖျက်ဆီးခြင်းကို ခံလိုက်ရတော့သည်။

ဖြတ်….

သစ်ပင်တစ်ပင်ကျိုးသွားသည့် အသံနှင့်အတူ ကျိုးပြတ်သွားခဲ့ရသည်။

၎င်းနောက် ဒုတိယတစ်ပင်၊ တတိယတစ်ပင်...

ပြိုင်ဘက်ကို ဖိနှိပ်ထားနိုင်သည်ကို မြင်လိုက်ရသည့်အခါ လင်ယွန်း၏ မျက်နှာထက်တွင် အပြုံးတစ်ခု ဖျတ်ခနဲ ပေါ်ထွက်လာခဲ့ပြီး "မိစ္ဆာကြီး... ဒါက ငါ့လမ်းကို ပိတ်ဆို့ခဲ့တဲ့အတွက် ပေးဆပ်ရတဲ့ တန်ဖိုးပဲ" ဟု ပြောလိုက်သည်။

မျက်လုံးနီ ဝံပုလွေကြီးသည် မူလက အလင်းတန်းများကို ကာကွယ်ရန် သူ၏လက်မောင်းကို အသုံးပြုနေခဲ့ခြင်း ဖြစ်သော်လည်း ရုတ်တရက်ဆိုသလို သူစိုက်ပျိုးထားခဲ့သော သစ်ပင်အများစုမှာ ထိုအလင်းတန်းများကြောင့် ပျက်စီးဆုံးရှုံးသွားခဲ့ရသည်ကို မြင်လိုက်ရသည့်အခါ သူ၏ သွေးကဲ့သို့ နီရဲနေသော မျက်ဝန်းများက ချက်ချင်းပင် အေးစက်သွားခဲ့တော့သည်။

သူသည် မြေပြင်ကို ခြေတစ်ချက် ပြင်းထန်စွာ ဆောင့်လိုက်ရင်း ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်တော့သည်။

ဆိတ်ငြိမ်နေသော ညဉ့်နက်သန်းခေါင်ယံကြီးသည် ထိုဟိန်းဟောက်သံကြောင့် ချက်ချင်းပင် နိုးထလာခဲ့ရတော့သည်။

လင်ယွန်း၏ အပြုံးမှာလည်း ရုတ်တရက် ရပ်တန့်သွားခဲ့ရသည်။

"ငါ့ရဲ့ သစ်ပင်တွေ"

ထိုသို့ မြေပြင်ကို ဆောင့်လိုက်သည်နှင့်တစ်ပြိုင်နက် မျက်လုံးနီ ဝံပုလွေကြီးသည် သူ၏ စစ်မှန်သော အသွင်သဏ္ဌာန်ကို ဖော်ထုတ်လိုက်တော့သည်။

သူသည် လင်ယွန်း၏ရှေ့မှောက်၌ သုံးပေမျှ မြင့်မားသော အရွယ်အစားဖြင့် မတ်တတ်ရပ်နေခဲ့ပြီး တောင်ကုန်းငယ်တစ်ခုပမာ သူမထံသို့ ဦးတည်ရွေ့လျားလာခဲ့သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ လင်ယွန်း၏ မျက်နှာမှာ ချက်ချင်းပင် ဖြူဖျော့သွားခဲ့ရတော့သည်။

သူမသည် ခြေလှမ်းအချို့ နောက်ဆုတ်လိုက်ရပြီး ခေါင်းလောင်းသံမှာလည်း ရပ်တန့်သွားခဲ့ရသည်။

"မိစ္ဆာဘုရင်"

လင်ယွန်းအနေဖြင့် သူရှေ့မှောက်ရှိ မိစ္ဆာကြီးမှာ သာမန်မိစ္ဆာတစ်ကောင် မဟုတ်ဘဲ အုပ်စိုးသူအရှိန်အဝါရှိသော မိစ္ဆာဘုရင်တစ်ကောင် ဖြစ်နေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့မိချေ။

ဒဏ္ဍာရီများအရ မိစ္ဆာဘုရင်များဟူသည် နက်နဲသောနယ်ပယ် အဆင့်မြင့်ကျင့်ကြံသူများနှင့် ရင်ဘောင်တန်းနိုင်စွမ်းရှိပြီး အဆင့်မြင့်ကျင့်ကြံသူများပင်လျှင် ထိုသူတို့ကို ရန်စရန် မဝံ့ရဲကြချေ။

သူတို့၏ စွမ်းအားက နက်နဲသောနယ်ပယ် အလယ်အလတ် ကျင့်ကြံသူများကို ဟင်းသီးဟင်းရွက်များအလား အသာလေး ချေမှုန်းပစ်နိုင်စွမ်း ရှိသည်။

အကယ်၍သာ သူတို့သည် သူတို့၏ နယ်မြေအတွင်းမှ ထွက်ခွာလာခဲ့မည်ဆိုပါက အရှေ့အိုင်တစ်ခွင်လုံး၌ မည်သူတစ်ဦးတစ်ယောက်မျှ တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။

ဒါပေမဲ့... အဲဒီလို အုပ်စိုးသူအရှင်ကြီးမျိုးက ဒီ မသေမျိုးဂိုဏ်းမှာ သစ်ပင်စိုက်ပျိုးနေတာတဲ့လား။

မသိစိတ်ကပင် သူမ၏ နှလုံးသားအတွင်း၌ ဆုတ်ခွာလိုသော စိတ်ဆန္ဒများ ချက်ချင်း ဖြစ်ပေါ်လာခဲ့တော့သည်။

သူမ ကောင်းစွာနားလည်ထားသည်မှာ အကယ်၍ ယခုအခါ မဆုတ်ခွာပါက ယနေ့ညတွင် သူမထိုနေရာ၌ သေဆုံးရမည်မှာ အသေအချာပင်။

လင်ယွန်းက ချက်ချင်းပင် "ဟုန်ယဲ့... ပြေးတော့" ဟု အော်ဟစ်လိုက်သည်။

သို့သော်လည်း သူမ အော်ဟစ်လိုက်သည့် အခိုက်အတန့်မှာပင် မျက်လုံးနီ ဝံပုလွေကြီးသည် တဟုန်ထိုး ပြေးဝင်လာသော ဝူဖန်းအား လက်တစ်ဖက်တည်းဖြင့် အမိအရ ဖမ်းဆွဲလိုက်ပြီး သူ၏ပါးစပ်အတွင်းသို့ တိုက်ရိုက် ထည့်သွင်းလိုက်တော့သည်။

ဂျွတ်ခနဲ အသံများနှင့်အတူ ဝူဖန်း၏ အရိုးများမှာ လျှပ်တစ်ပြက်အတွင်း ကြေမွသွားခဲ့ရတော့သည်။

ထို့နောက် ကြီးမားလှသော လက်ဝါးကြီးက လင်ယွန်းထံသို့ ဝှေ့ယမ်းလျက် ကျရောက်လာခဲ့သည်။

လင်ယွန်းသည် ၎င်းကို တားဆီးရန် သွေးကြောကျင့်စဉ်ကို အလျင်အမြန် ထုတ်ဖော်လိုက်သော်လည်း အဆုံးအစမဲ့လှသော အလင်းတန်းများမှာ ခြင်ကောင်ကို ရိုက်ထုတ်လိုက်သကဲ့သို့ တိုက်ရိုက်ပင် ပျယ်လွင့်သွားခဲ့ရသည်။

နောက်တစ်စက္ကန့်တွင်မူ လင်ယွန်းသည် ရိုက်ထုတ်ခြင်း ခံလိုက်ရတော့သည်။

သူမသည် မီတာတစ်ရာကျော်မျှ လွင့်စင်သွားခဲ့ရပြီး ကိုင်းညွတ်နေသော ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်၏ အောက်သို့ ပြုတ်ကျသွားခဲ့ရသည်။

အင့်….ဖူး….

လင်ယွန်းသည် သွေးတစ်လုတ်ကို ချက်ချင်းပင် အန်ထုတ်လိုက်ရပြီး ရင်ဘတ်ဆီမှ ပြင်းထန်လှသော ဝေဒနာများ တဟုန်ထိုး ထွက်ပေါ်လာခဲ့ကာ ဦးနှောက်မှာလည်း မူးဝေနောက်ကျိသွားခဲ့ရသဖြင့် သွေးကြောတံခါးကို ဆက်လက်ဖွင့်လှစ်ထားနိုင်စွမ်း မရှိတော့ချေ။

သူမသည် လွတ်မြောက်ရန်အတွက် အားယူ၍ ထရပ်ရန် ကြံရွယ်လိုက်စဉ်မှာပင် မျက်လုံးနီ ဝံပုလွေကြီး၏ လက်ညှိုးနှင့် လက်မကြားတွင် ညှပ်ဆွဲခြင်းကို ခံလိုက်ရပြီး သူ၏ မျက်လုံးချင်းဆုံရာ ရှေ့မှောက်သို့ ရောက်ရှိသွားခဲ့တော့သည်။

မျက်လုံးနီ ဝံပုလွေကြီးသည် အသက်ကို ပြင်းထန်စွာ ရှူသွင်းလိုက်ရာ လင်ယွန်း၏ ဖရိုဖရဲဖြစ်နေသော ဆံနွယ်များမှာ နောက်သို့ လွင့်မျောသွားခဲ့ရပြီး သူမ၏မျက်နှာထက်တွင်လည်း အကျိအချွဲအချို့ ပေကျံသွားခဲ့ရသည်။

ထို့နောက်တွင်မူ မျက်လုံးနီ ဝံပုလွေကြီးသည် သူမအား ကျိုးပဲ့ပျက်စီးသွားသော သစ်ပင်များရှိရာသို့ ပစ်ချလိုက်ရင်း ဒေါသတကြီးဖြင့် "မိန်းမပျိုလေး... မင်းအနေနဲ့ ငါ့ရဲ့ ဒီသစ်ပင်တွေကို ပြန်ပြီး မစိုက်ပေးနိုင်ဘူးဆိုရင်တော့... ငါက မင်းကို စားပစ်မယ်" ဟု ပြောလိုက်တော့သည်။

All Chapters