အခန်း ၁၈၃
Vol. 19 Ch. 183
အခန်း ၁၈၃
လင်ယွန်းသည် မြေပြင်ပေါ်သို့ ပစ်ချခြင်းခံလိုက်ရပြီး သူမ၏ မျက်နှာနှင့် ခန္ဓာကိုယ်တစ်ခုလုံးမှာ စိုစွတ်လှသော မြေဆီလွှာများနှင့် အတင်းအကျပ် ပွတ်တိုက်မိသွားခဲ့ရကာ ပါးစပ်ထောင့်မှလည်း သွေးစက်များ တရစပ် စီးကျနေဆဲပင်။
သူမသည် မျက်မှောင်ကြုတ်လျက် မျက်ဝန်းအစုံ၌ ထိတ်လန့်တုန်လှုပ်မှု အရိပ်အယောင်များ အထင်အရှား ပေါ်ထွက်နေခဲ့တော့သည်။
သူမ ကောင်းစွာ နားလည်ထားသည်မှာ ဤမိစ္ဆာဘုရင်၏ ရှေ့မှောက်၌မူ သူမသည် အလွန်အမင်း သေးငယ်လွန်းကာ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ပင်။
မည်မျှပင် ရုန်းကန်တွန်းလှန်ပါစေဦးတော့ အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။
အကယ်၍သာ သူမ၏ အဆုံးအစမဲ့ အလင်းတန်းကျင့်စဉ်သာ အထွတ်အထိပ် ပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိထားခဲ့ပါကခုခံနိုင်စွမ်း အခွင့်အရေး အနည်းငယ် ရှိကောင်းရှိနိုင်သည်။
သို့သော်လည်း ၎င်းမှာ ခုခံနိုင်ရုံမျှသာ ရှိပေလိမ့်မည်။
သူမသည် ခေါင်းကို တဖြည်းဖြည်း လှည့်ကြည့်လိုက်ရာ မျက်လုံးနီ ဝံပုလွေကြီးမှာ လူသားအသွင်သို့ ပြန်လည်ပြောင်းလဲသွားခဲ့ပြီးဖြစ်ကာ သူမရှိရာသို့ ပေါက်ပြားတစ်လက် ပစ်ပေးလိုက်ရင်း "မိန်းမပျိုလေး... မင်းအနေနဲ့ ဒီတောင်ပေါ်က သစ်ပင်အားလုံးကို ပြန်မစိုက်ဘူးဆိုရင်တော့... သေဖို့သာ ပြင်ထားလိုက်တော့" ဟု အမိန့်ပေးလိုက်သည်ကို မြင်တွေ့လိုက်ရသည်။
လင်ယွန်းသည် သူဘေးနားရှိ ပေါက်ပြားကို ကြည့်ရင်း ဝူဖန်းတစ်ယောက် အရှင်လတ်လတ် ဝါးမြိုခြင်း ခံလိုက်ရသည့် မြင်ကွင်းက သူမ၏ ဦးနှောက်အတွင်း၌ ဖျတ်ခနဲ ပေါ်ပေါက်လာခဲ့သည်။
သူမသည် လက်ကို တဖြည်းဖြည်း ဆန့်ထုတ်လျက် ပေါက်ပြားကို ကိုင်လိုက်မိသည်။
သူမ၏ စိတ်ဝိညာဉ်အတွင်း၌မူ ဖော်ပြမတတ်အောင် ကြီးမားလှသော အရှက်သိက္ခာကျမှုကို ခံစားလိုက်ရတော့သည်။
"ဒီလောက် အရှိန်အဝါကြီးတဲ့ မိစ္ဆာဘုရင်ကြီးက မသေမျိုးဂိုဏ်းထဲမှာ ဘာကိစ္စနဲ့ သစ်ပင်တွေ လိုက်စိုက်နေရတာလဲ။
သူ့လိုပုဂ္ဂိုလ်မျိုးကို ဒီလို လယ်ယာသုံးကိရိယာတွေ ကိုင်ခိုင်းထားတာက သူ့ကို သတ်ပစ်လိုက်တာထက်တောင် ပိုပြီးတော့ ခံရခက်နေဦးမှာပဲ"
သူမသည် မြေပြင်ပေါ်၌ လဲလျောင်းလျက် စိတ်ထဲမှ ကျိန်ဆဲနေဆဲမှာပင် ရုတ်တရက် ခြေထောက်တစ်ချက်က သူမ၏ နံဘေးသို့ ပြင်းထန်စွာ ကန်ကျောက်လိုက်သဖြင့် နာကျင်
လွန်း၍ မျက်နှာ ပျက်သွားခဲ့ရပြီး မျက်လုံးနီ ဝံပုလွေကြီး၏ အေးစက်လှသော စကားသံကလည်း ပဲ့တင်ထပ်၍ ထွက်ပေါ်လာခဲ့ပြန်သည်။
"ထစမ်း"
လင်ယွန်းသည် အခြားရွေးချယ်စရာမရှိဘဲ ဝေဒနာကို အောင့်အည်းသည်းခံလျက် တဖြည်းဖြည်း မတ်တတ်ရပ်လိုက်ရပြီး မြေပြင်ပေါ်ရှိ ပေါက်ပြားကို ကုန်း၍ ကောက်ယူလိုက်ရတော့သည်။
...
ဤအခိုက်အတန့်တွင် ယွင်လန်တောင်ထိပ်၌မူ ဝမ်ပင်းသည် ဖြစ်ပျက်ခဲ့သမျှသော အရာအရပ်ရပ်ကို အစအဆုံး မြင်တွေ့ခဲ့ရပြီးဖြစ်ရာ သူ၏ နှုတ်ခမ်းထောင့်စွန်းများ၌ သိမ်မွေ့လှသော အပြုံးတစ်ခု ပေါ်ထွက်နေခဲ့သည်။
သူသည် ခေါင်းကို ခါယမ်းလိုက်ရင်း စနစ်ဆီသို့ “မိစ္ဆာမြူခိုးတွေကို ဖယ်ရှားပစ်လိုက်ပါတော့” ဟု ပြောလိုက်သည်။
ခဏမျှအကြာတွင် စနစ်၏ အသံ ထွက်ပေါ်လာခဲ့သည်။
"ဖယ်ရှားခြင်း ပြီးဆုံးပါပြီ"
ထို့နောက် ဝမ်ပင်းသည် တင်းယွီအဆောင်ဆီသို့ ပြန်လည်ဝင်ရောက်သွားခဲ့တော့သည်။
တင်းယွီအဆောင်နှင့် အိပ်ဆောင်ဧရိယာအကြားရှိ ဆက်သွယ်မှုကို ဖွင့်လှစ်လိုက်ပြီးနောက် ဝမ်ပင်းသည် နဂါးအမျက်ကျင့်စဉ်၏ ချီစွမ်းအင်စီးဆင်းမှုများကို လက်ခံရရှိရင်း စတင်၍ အိပ်စက်အနားယူလိုက်တော့သည်။
ပြောရမည်ဆိုပါက သူသည် နက်နဲသောနယ်ပယ်အတွင်းသို့ ဝင်ရောက်နိုင်ခဲ့သည့် အချိန်မှစ၍ နဂါးအမျက်ကျင့်စဉ်သည်လည်း တဖြည်းဖြည်းနှင့် စဉ်ဆက်မပြတ် တိုးတက်လာခဲ့ခြင်းပင်။
ဝမ်ပင်း၏ ခန့်မှန်းချက်အရ လာမည့် လအနည်းငယ်အတွင်း၌ ဤတိုက်ကွက်သည် ပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။
တစ်နှစ်အတွင်း၌မူ အထွတ်အထိပ် ပြည့်စုံခြင်းအဆင့်သို့ သေချာပေါက် ရောက်ရှိနိုင်သည်။
သူသည် ထိုညက ရဲ့ရှီအာ၏ အထွတ်အထိပ် ရောက်ရှိနေသော သွေးကြောကျင့်စဉ်ကို မြင်တွေ့ခဲ့ရပြီးဖြစ်ရာ ၎င်းမှာအဝါရောင်အဆင့် အဆင့်နိမ့်မျှသာ ဖြစ်သော်လည်း ၎င်း၏ စွမ်းရည်မှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းသည်။
နဂါးအမျက်ကျင့်စဉ်သာ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားပါက တူညီသောအဆင့်ရှိ အခြားသော ကျင့်စဉ်များထက် အဆမတန် ပိုမို၍ စွမ်းအားကြီးမားလာမည်မှာ အမှန်ပင်။
သို့သော်ငြားလည်း သူသည် ဤကျင့်စဉ်တစ်ခုတည်းကိုသာ အဓိကထား၍ ကျင့်ကြံရန် စိတ်ကူးမရှိချေ။
သူသည် မီးနဂါးသိုင်းနှင့် မီးလျှံဝိညာဉ်ခန္ဓာ တို့ကိုသာ အဓိကထား၍ ကျင့်ကြံလိုပြီး သူ၏ ငရဲမီးလျှံ သွေးကြောထူးခြားမှု နှင့် ပေါင်းစပ်လျက် ပိုမို၍ အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရန် ရည်ရွယ်ထားခြင်းပင်။
နံနက်ခင်း အရုဏ်ဦးအလင်းတန်းများ ပေါ်ထွက်လာသည့် အချိန်တွင်မူ တင်းယွီအဆောင်အတွင်းရှိ ဝမ်ပင်းသည် ကျင့်ကြံခြင်းမှ နိုးထလာခဲ့ပြီး ပြတင်းပေါက်ပြင်ပရှိ ကောင်းကင်ယံကို လှမ်းကြည့်လိုက်ရာ အချိန်မှာ မစောတော့ကြောင်း သိရှိလိုက်သဖြင့် အိပ်ဆောင်ဧရိယာနှင့် ဆက်သွယ်မှုကို ချက်ချင်းပင် ပိတ်သိမ်းလိုက်သည်။
သို့သော်လည်း သူသည် တင်းယွီအဆောင်မှ ထွက်ခွာလိုက်သည်နှင့်တစ်ပြိုင်နက် လမ်းထောင့်
တစ်နေရာ၌ အကြီးအကဲဝမ်နှင့်အတူ စစ်တုရင်ကစားနေသော ယွီမိုနှင့် ကစားနည်းကို နားမလည်ကြသော်လည်း စိတ်ဝင်တစားဖြင့် ဝိုင်းအုံကြည့်ရှုနေကြသော လူအုပ်ကြီးနှင့် ထိပ်တိုက် တိုးမိသွားခဲ့တော့သည်။
ထိုစဉ် ယွီမို၏ အသံ ထွက်ပေါ်လာခဲ့သည်။
"အဘိုး... ရှုံးပြီဗျ"
ယွီမိုသည် ပြုံးရွှင်စွာဖြင့်ပင် သူ၏ စစ်တုရင်ရုပ်ကို ချမှတ်လိုက်ပြီးနောက် လက်ထဲရှိ ကျန်ရှိသော ရုပ်များကို ဘေးတစ်ဖက်သို့ ဖယ်ရှားလိုက်သည်။
တစ်ပြိုင်တည်းမှာပင် အနိုင်ရရှိသွားသည့်အတွက် ဂုဏ်ယူဝင့်ကြွားသော အမူအရာကိုလည်း ထုတ်ဖော်ပြသလိုက်သေးသည်။
အကြီးအကဲဝမ်ကမူ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်လျက် ရုတ်တရက် ထရပ်လိုက်ကာ "တကယ်ကို တပည့်ကို ပညာသင်ပေးလိုက်တာက ဆရာ့ကို ထမင်းငတ်အောင် လုပ်တာပဲဗျာ။ သူ့ကို စစ်တုရင် မသင်ပေးခဲ့သင့်ဘူး" ဟု ညည်းတွားရင်း ထွက်ခွာသွားခဲ့တော့သည်။
၎င်းကို ကြားလိုက်ရသည့်အခါ ဘေးပတ်ဝန်းကျင်ရှိ လူအားလုံးမှာ မအောင့်နိုင်ဘဲ ဝုန်းခနဲ ရယ်မောလိုက်ကြတော့သည်။
သူတို့သည် ဝမ်ပင်း လျှောက်လှမ်းလာသည်ကို မြင်လိုက်ရသည့်အခါ ချက်ချင်းပင် ညီညီညာညာဖြင့် "ဂိုဏ်းချုပ်... မင်္ဂလာနံနက်ခင်းပါဗျာ" ဟု နှုတ်ဆက်လိုက်ကြသည်။
ဝမ်ပင်းက ခေါင်းညိတ်ပြလိုက်သည်။
ထိုစဉ် ချင်ရှန်းက အလောတကြီးပင် "ဂိုဏ်းချုပ်... မနေ့ညက တောင်ပေါ်ကနေ တိုက်ပွဲဖြစ်တဲ့ အသံတွေ ထွက်လာတာကို ကြားမိလားဗျာ" ဟု မေးလိုက်သည်။
မနေ့ညက အသံများမှာ အလွန်ပင် ကျယ်လောင်လှသော်လည်း သူသည် သွားရောက်စစ်ဆေးရန် မဝံ့ရဲခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် ထွက်ပေါ်လာသော အရှိန်အဝါတစ်ခုတည်းဖြင့်တင် သူ့ကို ကြောက်ရွံ့တုန်လှုပ်သွားစေရန် လုံလောက်ခြင်းကြောင့်ပင်။
ဝမ်ပင်းသည် စူးစမ်းလိုစိတ် ပြင်းပြနေသော ချင်ရှန်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် "ကြားတာပေါ့" ဟု ပြန်ဖြေလိုက်သည်။
ယခုအခါ ချင်ရှန်းတစ်ယောက်တည်းတင်မကဘဲ လူအားလုံးကလည်း ညီညာစွာဖြင့် "ဂိုဏ်းချုပ်... မနေ့ညက ဘာတွေ ဖြစ်ခဲ့တာလဲဗျာ" ဟု ထပ်မေးကြပြန်သည်။
"မင်းတို့ကိုယ်တိုင်ပဲ သွားပြီး ကြည့်လိုက်ကြတော့လေ"
ထိုသို့ပြောပြီးနောက် ဝမ်ပင်းသည် ယွင်လန်တောင်၏ အခြားတစ်ဖက်သို့ ဦးတည်သော လမ်းကလေးအတိုင်း ခြေလှမ်းလှမ်းခဲ့ရာ မျက်လုံးနီ ဝံပုလွေကြီး အလုပ်လုပ်နေသည့် နေရာဆီသို့ ရောက်ရှိလာခဲ့တော့သည်။
သို့သော်လည်း ယခုအခါတွင်မူ မျက်လုံးနီ ဝံပုလွေကြီးသည် ဘေးတစ်ဖက်၌ သက်တောင့်သက်သာ လဲလျောင်းနေခဲ့ပြီး ပေါက်ပြားကို အားစိုက်၍ ခုတ်နေရရှာသော လင်ယွန်းအား တရစပ် ဆဲဆိုကြိမ်းမောင်းနေခဲ့သည်။
ရောက်ရှိလာသော လူအုပ်ကြီးမှာမူ မသေမျိုးဂိုဏ်းထဲ ဘာလို့ လူစိမ်းတစ်ယောက် ရေဋက်နေတာလဲဟု နားလည်နိုင်ကြဘဲ အံ့အားသင့်နေကြတော့သည်။
ရန်လီလီ က "ဂိုဏ်းချုပ်... ဒါက ဘယ်သူလဲဗျာ" ဟု မေးလိုက်သည်။
ဝမ်ပင်းက ပြန်လည်ဖြေကြားခြင်း မပြုဘဲ လဲလျောင်း၍ အနားယူနေသော မျက်လုံးနီ ဝံပုလွေကြီးအား အေးစက်စွာဖြင့် "မျက်လုံးနီ" ဟု အော်ခေါ်လိုက်တော့သည်။
မျက်လုံးနီ ဝံပုလွေကြီးသည် လန့်ဖျတ်သွားခဲ့ရပြီး အလျင်အမြန်ပင် မတ်တတ်ရပ်ကာ ဂေါ်ပြားတစ်လက်ကို ဆွဲကိုင်လိုက်ရင်း ပြုံးရွှင်စွာဖြင့် "ဂိုဏ်းချုပ်... မင်္ဂလာနံနက်ခင်းပါဗျာ" ဟု လျှောက်တင်လိုက်သည်။
ထို့နောက်တွင်မူ သူသည် ပတ်ဝန်းကျင်ရှိ ပျိုးပင်တစ်ပင်မျှ ကောင်းကောင်းမွန်မွန် မကျန်တော့သော မြေပြင်ကို ဝေ့ဝဲကြည့်ရှုလိုက်ပြီး အလောတကြီးပင် "အထင်မလွဲပါနဲ့ ကျွန်တော် ပျင်းရိနေတာလည်း မဟုတ်သလို သစ်ပင်တွေ မစိုက်ခဲ့တာလည်း မဟုတ်ပါဘူး။ မနေ့ညက စိုက်ထားတဲ့ ပျိုးပင်တွေအကုန်လုံး ဒီမိန်းမပျိုလေးကြောင့် ပျက်စီးသွားရတာပါ။ နက်နဲသောနယ်ပယ် အလယ်အလတ် တစ်ဦးဖြစ်ပြီးတော့ သန်းခေါင်ယံကြီးမှာ ကျွန်တော့်ရဲ့ ပျိုးပင်တွေကို လာပြီး ဖျက်ဆီးနေတာ... ကျွန်တော်ကသာ အစစ်အမှန် နစ်နာသူပါဗျာ" ဟု ဆင်ခြေပေးလိုက်တော့သည်။
ထိုသို့ပြောဆိုလိုက်ရင်း မျက်လုံးနီ ဝံပုလွေကြီးသည် သနားကရုဏာသက်ဖွယ် အမူအရာကို ထုတ်ဖော်ပြသလိုက်သည်။
သို့သော်ငြားလည်း သူ၏ ခန္ဓာကိုယ်မှာ ထွားကျိုင်းသန်မာလွန်းလှသဖြင့် ထိုကဲ့သို့သော သနားစဖွယ် အမူအရာမျိုးမှာ အလွန်ပင် ကမောက်ကမ ဖြစ်နေခဲ့ချေပြီ။
မျက်လုံးနီ ဝံပုလွေကြီးက သူ၏နောက်ကွယ်ရှိ အမျိုးသမီးအား လက်ညှိုးထိုးပြလိုက်သည့် အခိုက်အတန့်တွင် ရန်လီလီနှင့် အခြားသူများ၏ အကြည့်အားလုံးမှာ သူမထံသို့ စုပြုံရောက်ရှိသွားခဲ့တော့သည်။
"ဒါက နက်နဲသောနယ်ပယ် အလယ်အလတ် ကျင့်ကြံသူလား... ထူးထူးခြားခြားတော့ မရှိပါဘူးနော်"
"သန်းခေါင်ယံကြီးမှာ ပျိုးပင်တွေကို လာပြီး ဖျက်ဆီးတယ်ဆိုတော့... သူမရဲ့ အရည်အချင်းကလည်း မသေးဘူးပဲ"
သူမ၏ရှေ့မှောက်ဆီမှ ထွက်ပေါ်နေသော လူစုလူဝေး၏ ဝေဖန်ဆွေးနွေးသံများကို ကြားလိုက်ရသည့်အခါမှသာ လင်ယွန်းသည် သူမ၏တွေဝေငေးမောနေသော အခြေအနေမှ ပြန်လည်နိုးထလာခဲ့ပြီး လူအများ၏ ပြောဆိုချက်များကို ကြားသိရပြီးနောက် ချက်ချင်းပင် ခါးသီးလှသော အပြုံးတစ်ခုကို ဖော်ပြလိုက်မိတော့သည်။
သူမသည် နက်နဲသောနယ်ပယ် အလယ်ပိုင်းရှိ ပုဂ္ဂိုလ်တစ်ဦးဖြစ်လင့်ကစား ယခုအခါတွင်မူ မည်သည့်သိက္ခာသမာဓိမျှမရှိဘဲ ဤနေရာ၌ အသက်ရှင်နေရရှာသည်။
ဒါတွေအားလုံးက သစ်ပင်လေးနည်းနည်းပဲ ပျက်စီးသွားခဲ့ရတဲ့ ကိစ္စကြောင့်ပဲ။
ထို့နောက် သူမသည် သူမ၏ဦးခေါင်းကို ဖြည်းညှင်းစွာမော့လျက် မလှမ်းမကမ်းတွင်ရှိသော ဝမ်ပင်းအား လှမ်းကြည့်လိုက်မိသည့်အခါသူမ၏စိတ်အာရုံအတွင်း၌ အေးစက်လှသော ခခံစားချက်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။
ဤလူသည် ပန်းချီကားချပ်ထဲ၌ပါရှိသော ပုဂ္ဂိုလ်အတိအကျပင်။
သို့သော် အနှိုင်းမဲ့အစွမ်းရှိသော မိစ္ဆာဘုရင်ကြီးက ဤမျှအခြေအနေအထိ ယဉ်ကျေးပျူငှာစွာ ဆက်ဆံနေသည်ကို မြင်တွေ့လိုက်ရသည့်အခါ လင်ယွန်းတစ်ယောက် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့ရသည်။
"မိစ္ဆာဘုရင်တစ်ကောင်က လူသားတစ်ယောက်ရဲ့ လက်အောက်ကို တကယ်ပဲ ခေါင်းငုံ့ပြီး ခစားနေတာလား။
မိစ္ဆာဘုရင်တွေရဲ့ သိက္ခာဆိုတာ အသက်ထက်တောင် တန်ဖိုးထားရတဲ့အရာ မဟုတ်ဘူးလား။ အဲဒီလောက်ထိ စွန့်လွှတ်နိုင်စရာ အကြောင်းမရှိပါဘူး... ဒါမှမဟုတ်ရင်ရော မနေ့ညက ဖြစ်ပျက်ခဲ့သမျှတွေက ငါ့ကို ဖမ်းဖို့ ဆင်ထားတဲ့ ထောင်ချောက်တစ်ခုခုများ ဖြစ်နေမလား"
သူမသည် ချက်ချင်းပင် သူမ၏အာရုံခံစားမှုကို ဝမ်ပင်းထံသို့ စူးစိုက်လိုက်ရာ ဝမ်ပင်း၏ ကျင့်ကြံခြင်းအဆင့် စွမ်းရည်ကို စိုးစဉ်းမျှ ခွဲခြားသိရှိနိုင်ခြင်းမရှိသည့်အခါ သူမ၏ရင်တွင်း၌ အေးစက်လှသော အကြောက်တရားများ လွှမ်းမိုးသွားခဲ့ရတော့သည်။
"ငါက နက်နဲသောနယ်ပယ် အလယ်ပိုင်းအထိ ရောက်နေတဲ့သူတစ်ယောက်ပဲ။ ဒါတောင် ဒီလောက် ငယ်ရွယ်တဲ့ လူငယ်လေးတစ်ယောက်ရဲ့ ကျင့်ကြံမှုအဆင့်ကိုတောင် ဘာမှန်းမခန့်မှန်းနိုင်ဘူးတဲ့လား။ ဒါကတော့ တကယ့်ကို အဓိပ္ပာယ်မရှိတဲ့ ကိစ္စပဲ"
အချိန်အတော်ကြာမှ ထိုထိတ်လန့်တုန်လှုပ်မှုဒဏ်မှ ရုန်းထွက်ကာ နိုးထလာခဲ့ပြီးနောက် လင်ယွန်းသည် စိတ်ထဲမှနေ၍ တိတ်တဆိတ် သစ္စာဆိုလိုက်မိတော့သည်။
"ဒီမစ်ရှင်ရဲ့ ဆုကြေးငွေက အဖြူရောင်ကျောက်တုံး ငါးဆယ်မကလို့... တစ်ရာပဲပေးပေး၊ ငါဘယ်တော့မှ လာတော့မှာမဟုတ်ဘူး"
သို့သော်လည်း ဤသစ္စာဆိုချက်မှာ ယခုအခါ၌ အသုံးမဝင်တော့ပေ။
အဘယ်ကြောင့်ဆိုသော် သူမသည် ထိုနေရာ၌ ပိတ်မိနေသောကြောင့်ပင်။
ဝူဖန်လည်း ပျောက်ကွယ်သွားခဲ့ကာ သူမအနေဖြင့် သစ်ပင်များကိုသာ စိုက်ပျိုးနေရဦးမည်
ဖြစ်ပြီးအကယ်၍ မစိုက်ပျိုးခဲ့ပါက သေဆုံးခြင်းနှင့်သာ ရင်ဆိုင်ရပေလိမ့်မည်။
သို့သော်ငြားလည်း မျှော်လင့်ချက်မျှင်လေးတစ်ခုကို ဆုပ်ကိုင်ထားဆဲဖြစ်သဖြင့် လင်ယွန်းက နှပြောလိုက်သည်။
"ဂိုဏ်းချုပ်ဝမ်... ဒါက အထင်လွဲမှုတစ်ခုပါ။ တကယ်ကို အထင်လွဲသွားတာပါ။ ကျွန်မက ကုန်းလင်တောင်တန်းက လာတာပါ။ တောင်ပေါ်ကို တက်လာတဲ့အချိန်တုန်းက မတော်တဆ ပျိုးပင်တွေကို နင်းမိသွားခဲ့တာမို့... ကျွန်မကို ထွက်ခွာခွင့်ပြုပါဦးရှင်"
ဝမ်ပင်းက ပြုံးလျက် "ဒါက ငါ့ရဲ့ကိစ္စမဟုတ်ဘူး... မင်းကို ဖမ်းဆီးခဲ့တာက မျက်လုံးနီပဲလေ။ မင်းကို ဘယ်တော့ ပြန်လွှတ်ပေးမလဲဆိုတာ သူ့ကိုပဲ သွားပြီးတော့ မေးလိုက်ပါ" ဟု ပြန်ဖြေလိုက်သည်။
လင်ယွန်းသည် ချက်ချင်းပင် မျက်လုံးနီတောက်တောက်ရှိသော မျောက်ဝံကြီးထံသို့ လှမ်းကြည့်လိုက်မိသည်။
သို့သော်လည်း သူမ ပြန်လည်ရရှိလိုက်သည်မှာ ဒေါသတကြီးဖြင့် အော်ဟစ်မောင်းထုတ်သံသာ ဖြစ်သည်။
"ဘာကို စိုက်ကြည့်နေတာလဲ။ မြန်မြန်ဆန်ဆန် ကျင်းတူးစမ်း... မင်း သေချင်နေတာလား"
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ ရန်လီလီနှင့် အခြားသော တပည့်များမှာ မည်သည့်အကြောင်းကြောင့်မှန်းမသိဘဲ ရယ်မောမိကြတော့သည်။
အရှေ့ဘက်အိုင်တစ်ခွင်တွင် အင်အားကြီးမားလှသော အုပ်ချုပ်သူတစ်ဦးဖြစ်သည့် နက်နဲသောနယ်ပယ် အလယ်ပိုင်းပုဂ္ဂိုလ်တစ်ဦးမှာ ယခုအခါတွင်မူ မျက်လုံးနီကြီး၏ ဖမ်းဆီးခြင်းကို ခံထားရလျက် သစ်ပင်စိုက်ပျိုးနေရရှာပြီး မာနတရားများလည်း လုံးဝဥဿုံ ကွယ်ပျောက်နေခဲ့ချေပြီ။
အကယ်၍ ဤအကြောင်းအရာကို အပြင်လူများအား ပြောပြခဲ့မည်ဆိုပါက မည်သူကမျှ ယုံကြည်နိုင်ကြလိမ့်မည် မဟုတ်ပါချေ။
ခေတ္တမျှ ကြည့်ရှုပြီးနောက်တွင်မူ လူတိုင်းသည် အသီးသီး လူစုခွဲသွားခဲ့ကြပြီး ကျောက်ယီမှာမူ ဝမ်ပင်း၏ ခေါ်ဆောင်မှုနှင့်အတူ တောင်အောက်ခြေဆီသို့ လိုက်ပါသွားခဲ့တော့သည်။
ဝမ်ပင်းသည် စားပွဲနှင့် ကုလားထိုင်များကို အသင့်ပြင်ဆင်ပြီးနောက် စနစ်၏ အကူအညီဖြင့် ဂိုဏ်းချုပ်ဆောင်မကြီး၏ ဆွဲဆောင်မှုစွမ်းရည်ကို ဖွင့်လှစ်လိုက်ရင်း တပည့်သစ်များ ရောက်ရှိလာမည့်အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။
သို့သော်ငြားလည်း အတန်ကြာအောင် စောင့်ဆိုင်းနေခဲ့လင့်ကစား မည်သူမျှ ရောက်ရှိမလာခဲ့ချေ။
ဝမ်ပင်းသည် ကျောက်ယီအား ယွင်လန်တောင်ခြေ၌သာ စောင့်ဆိုင်းနေစေခဲ့ပြီးနောက် သူကိုယ်တိုင်မူ ဆန်းဝူမြို့တော်အတွင်းသို့ လှည့်လည်သွားလာရင်း ကြယ်သုံးပွင့်အဆင့်ရှိသော ပါရမီရှင်များကို တက်ကြွစွာ ရှာဖွေရန် ထွက်ခွာခဲ့တော့သည်။
စနစ်၏ မစ်ရှင်များကို အောင်မြင်အောင် လုပ်ဆောင်ရန်မှာ အလွန်ပင် အရေးကြီးသည်။
သို့သော်လည်း သူသည် ရေကြည်လမ်းမကြီးမှ ထွက်ခွာလိုက်သည်နှင့်တစ်ပြိုင်နက် ခြောက်ကပ်နေသော လမ်းမကြီးကို မြင်တွေ့လိုက်ရသဖြင့် ဝမ်ပင်းတစ်ယောက် အနည်းငယ် ဝေခွဲမရ ဖြစ်သွားခဲ့ရသည်။
ပုံမှန်အားဖြင့်ဆိုပါက အရောင်းအဝယ်ပြုလုပ်ရမည့် အချိန်အခါဖြစ်သော်လည်း လမ်းမ၏ ဘေးတစ်ဖက်တစ်ချက်စီတွင်ရှိသော ဆိုင်ခန်းများအားလုံးမှာ တံခါးများကို အသေပိတ်ထားကြပြီး လမ်းလျှောက်သူ တစ်ဦးတစ်ယောက်မျှပင် မမြင်တွေ့ရသည့်အပြင် လမ်းဘေး၌ အမြဲတမ်း ကျင်လည်ကျက်စားနေတတ်သော လေလွင့်ခွေးများကိုပင် မြင်တွေ့ရခြင်း မရှိတော့ချေ။
သူသည် လျှောက်လှမ်းလာရင်းနှင့်ပင် မုရုံသီနှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ခဲ့ရတော့သည်။
မုရုံသီသည် စစ်စခန်းမှ ထူးချွန်လှသော အထူးတပ်ဖွဲ့ဝင် တစ်ဒါဇင်ခန့်ကို ဦးဆောင်လာရင်း ဝမ်ပင်းအား မြင်တွေ့လိုက်ရသည့်အခါ "ဂိုဏ်းချုပ်ဝမ်... ဘယ်အရပ်ကို ဦးတည်ပြီးသွားနေတာလဲခင်ဗျာ" ဟု လှမ်း၍ မေးလိုက်သည်။
"ဒီအတိုင်း ပတ်ပတ်လည်ကို လိုက်ကြည့်နေတာပါ။ ဘာပြဿနာများ ရှိလို့လဲ"
"ဘာပြဿနာမျှ မရှိပါဘူးခင်ဗျာ... ဒါနဲ့ ဂိုဏ်းချုပ်ဝမ် မနေ့ညက ဘာထူးခြားမှုမျိုးမှ ဖြစ်မလာခဲ့ဘူးမလား"
မုရုံသီက ထိုသို့ ပြောဆိုနေစဉ်အတွင်း သူ၏မျက်ဝန်းထဲ၌ စိုးရိမ်ပူပန်မှုများ ထင်ဟပ်နေခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် သူသည် မနေ့ညက တောင်ထိပ်ဆီမှ ထွက်ပေါ်လာသော မိစ္ဆာအိုကြီးတစ်ကောင်၏ ဟိန်းဟောက်သံကို ကြားသိထားခဲ့ခြင်းကြောင့်ပင်။
ဝမ်ပင်းက "မနေ့ညက ဘာဖြစ်စရာ ရှိမှာလဲ။ ဒါနဲ့... လမ်းမပေါ်မှာ ဘာဖြစ်လို့ လူတစ်ယောက်မှ မရှိရတာလဲ" ဟု ပြန်လည်မေးမြန်းလိုက်၏။
"ဒါက မြို့တော်ဝန်ရဲ့ အမိန့်ကြောင့်ပါ"
မုရုံသီသည် မနေ့ညက မည်သည့်အရာမျှ ထူးခြားစွာ ဖြစ်ပျက်မလာခဲ့ကြောင်း ကြားသိလိုက်ရသည့်အခါမှသာ သက်ပြင်းတစ်ချက်ကို အသာချလိုက်မိပြီး "မနေ့ညတုန်းက... နက်နဲသောနယ်ပယ် အလယ်ပိုင်းရှိတဲ့ ပုဂ္ဂိုလ်အမြောက်အမြား မြို့ထဲကို ဝင်လာခဲ့ကြတယ်လေ။ ဒါကြောင့်မို့လို့ မြို့တော်ဝန်က လမ်းမတွေကို ရှင်းလင်းထားဖို့ အမိန့်ပေးခဲ့တာပါ။ ဂိုဏ်းချုပ်ဝမ်အနေနဲ့လည်း... အထူးဂရုစိုက်ပါဦးခင်ဗျာ" ဟု သတိပေးလိုက်တော့သည်။
"အင်း"
ဝမ်ပင်းက ခေါင်းညိတ်ပြလိုက်၏။
သူသည် ခေတ္တမျှ တွေးတောလိုက်ပြီးနောက် "ဒီဆန်းဝူမြို့တော်ထဲမှာ... အသက် ၁၅ နှစ်အရွယ်နဲ့ ခန္ဓာကိုယ်သန့်စင်ခြင်း ပဉ္စမအဆင့်ကို ရောက်နေတဲ့သူမျိုး ရှိတယ်ဆိုတာ မင်း သိထားလား" ဟု မေးလိုက်သည်။
"မရှိပါဘူးခင်ဗျာ... ဒါနဲ့ ဂိုဏ်းချုပ်ဝမ်က ဘာဖြစ်လို့ ဒီအကြောင်းကို မေးမြန်းရတာလဲဆိုတာ ကျွန်တော် နားမလည်ပါဘူးခင်ဗျာ"
မုရုံသီသည် ဝမ်ပင်းက ဘာဖြစ်လို့ ဒီလိုမေးခွန်းမျိုးကို မေးရတာလဲဟူသည်ကို ဇဝေဇဝါ ဖြစ်နေမိရှာသည်။
"ဘာမျှမဟုတ်ပါဘူး။ ဒီအတိုင်းပါပဲ... ဒါဆိုရင်တော့ ငါသွားလိုက်ဦးမယ်။ မင်းလည်း မင်းရဲ့အလုပ်တွေကို ဆက်လုပ်လိုက်ပါဦး"
ထိုသို့ ပြောဆိုပြီးနောက် ဝမ်ပင်းသည် မုရုံသီအား နှုတ်ဆက်လိုက်ပြီး ခြေလှမ်းများကို ရှေ့သို့လှမ်းလျက် သူ၏ခရီးကို ဆက်လက်လျှောက်လှမ်းသွားခဲ့တော့သည်။
မုရုံသီသည် ဝမ်ပင်း၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရှုမိရင်း ရင်လေးနေမိသည်။
"ဒီဂိုဏ်းချုပ်လေးကတော့... မြို့ထဲ ရောက်လာတဲ့ နက်နဲသောနယ်ပယ် အလယ်ပိုင်းက လူကြီးတွေကို ဘာမှ ဂရုစိုက်ပုံမပေါ်ပါလား။ တကယ်ပဲ စိုးရိမ်ပူပန်မှုဆိုတာ လုံးဝကို မရှိတာပဲ"