← Chapters

အခန်း ၁၈၄

Vol. 19 Ch. 184

အခန်း ၁၈၄

Vol. 19 Ch. 184

အခန်း။ ၁၈၄

ယခုမူ သူသည် လမ်းမပေါ်၌ တစ်ဦးတည်း လျှောက်လှမ်းနေရရှာသည်။

မုရုံသီသည် သူ့နောက်သို့ အမီလိုက်သွားချင်သော်လည်း မြို့ထဲသို့ ဝင်ရောက်လာသူမှာ နက်နဲသောနယ်ပယ် အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေသည်ကို သိလိုက်ရသဖြင့် အားတင်းထားရသည်။

လိုက်သွားခြင်းက အကူအညီဖြစ်မည့်အစား ဝန်ပိစေရုံသာ ရှိပေလိမ့်မည်။

မုရုံသီမှာ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ၁၃ ဆင့်မြောက်တွင်သာ ရှိသေးသူဖြစ်ရာ နက်နဲသောနယ်ပယ်ပုဂ္ဂိုလ်တစ်ဦးနှင့် ယှဉ်လျှင် ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်သည်။

အဆင့်မြင့်ပုဂ္ဂိုလ်တို့အတွက် သူ့ကို ညှစ်သတ်ခြင်းမှာ လက်ညှိုးတစ်ချက်နှိပ်လိုက်ရသလောက်ပင် လွယ်ကူလှသည်။

နက်နဲသောနယ်ပယ် အလယ်အလတ်အဆင့်အကြောင်း ပြောရန်ပင် မလိုတော့ပေ။

ဝမ်ပင်း ထွက်ခွာသွားသည်ကို ငေးကြည့်ရင်း မုရုံသီသည် စိတ်ထဲမှ တိုးတိုးလေး ဆုတောင်းပေးလိုက်မိသည်။

“ဝမ်မျိုးနွယ်ရဲ့ သားငယ်လေး ကံကောင်းပါစေ"

ထိုအချိန်တွင် ဝမ်ပင်းသည် လူသူကင်းမဲ့သော လမ်းမ၏ အဆုံးသို့ ရောက်ရှိသွားချိန်၌ သူ၏ နားထဲသို့ စနစ်၏ အသံတစ်ခု ပေါ်ထွက်လာသည်။

“သခင် ဆွဲဆောင်မှု အောင်မြင်ပါပြီ။ အမြင့်ပေ တစ်ထောင်အကွာမှာ ကြယ်သုံးပွင့်အဆင့် ပါရမီရှိတဲ့ ပုဂ္ဂိုလ်တစ်ဦး ကောင်းကင်ပေါ်မှာ ရှိနေပါတယ်"

“ရောက်လာပြီပေါ့”

ဝမ်ပင်းသည် ဝမ်းသာအားရ ဖြစ်သွားကာ ကောင်းကင်သို့ အလျင်အမြန် မော့ကြည့်လိုက်သည်။ အမှန်ပင် ယွင်လန်တောင်၏ အမြင့်ပေ တစ်ထောင်အထက်တွင် အရိပ်မည်းနှစ်ခုသည် တောင်ပံမျိုးနွယ်စု၏ မိစ္ဆာဘုရင်ကြီးများအဖြစ် ဝဲပျံနေကြသည်။

...

မိုးထိအောင် မြင့်မားသော အရပ်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသည် ထိုမိစ္ဆာဘုရင်ကြီး၏ နောက်ကျောတွင် မတ်တတ်ရပ်နေကြသည်။

အမျိုးသားမှာ အသက် ၂၅ နှစ်အရွယ် လူငယ်တစ်ဦးဖြစ်သည်။

ဓားသွားကဲ့သို့ မျက်ခုံး၊ ကြယ်တာရာကဲ့သို့ မျက်ဝန်းတို့ဖြင့် ပုံပန်းသဏ္ဌာန်မှာ ချောမောပြေပြစ်လှသည်။

ထူးခြားသည်မှာ သူ၏ မျက်လုံးနှစ်ဖက်က အရောင်တစ်မျိုးစီဖြစ်နေခြင်းပင်။ ဘယ်ဘက်မျက်လုံးမှာ အဖြူရောင်ဖြစ်ပြီး ညာဘက်မျက်လုံးမှာ အမည်းရောင်ဖြစ်သည်။

သူ၏ရှေ့ရှိ ပေနှစ်ဆယ်ရှည်လျားသော ရွှေရောင်လင်းယုန်ကြီး၏ နောက်တွင်မူ အရွယ်တူ အမျိုးသမီးတစ်ဦး ရပ်နေသည်။

သူမ၏ မျက်ခုံးနုနုနှင့် သစ်အယ်သီးကဲ့သို့ မျက်ဝန်းတို့မှာ တင့်တယ်လျက် ကျောက်စိမ်းဖြင့် ထုဆစ်ထားသကဲ့သို့ နုနယ်လှပသည်။

တစ်နိုင်ငံလုံးကို လှုပ်ခတ်သွားစေမည့် အလှပိုင်ရှင် မဟုတ်သော်လည်း သူမ၏ ကျက်သရေမှာ လူအုပ်ထဲတွင်ပင် တစ်ချက်ကြည့်ရုံဖြင့် ခွဲခြားသိနိုင်လောက်အောင် ထူးခြားနေသည်။

လူငယ်လေးသည် ထိုမိန်းမပျိုကို ကြည့်နေစဉ် သူ၏မျက်ဝန်းထဲတွင် နူးညံ့မှုတို့ လွှမ်းခြုံနေသည်။

ထိုနူးညံ့မှုများသည် ရေပြင်ကဲ့သို့ စီးဆင်းသွားသော်လည်း ပြန်လည်ရရှိလိုက်သည်မှာမူ အေးစက်သော အကြည့်တစ်ချက်သာ ဖြစ်သည်။

မိန်းကလေးက အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။

“လင်းခယ်ဝူ ရှင် မသဘောပေါက်သေးဘူးလား"

လင်းခယ်ဝူသည် ခေါင်းခါယမ်းလိုက်ပြီး သူမ၏ လက်ကို ဆုပ်ကိုင်လိုဟန်ဖြင့် လက်လှမ်းလိုက်သည်။

သို့သော် သူတို့ကြားတွင် မိစ္ဆာဘုရင်ကြီး၏ ခြားနားမှုက ဝေးကွာလွန်းနေသည်။

လင်းခယ်ဝူ၏ လက်သည် လေထဲတွင်သာ ယမ်းခါနေလျက် “ဝမ်ယန် ဒါပေမဲ့ ကိုယ် မင်းကို ချစ်တယ်လေ” ဟု ပြောလိုက်သည်။

“ချစ်တယ် ဟုတ်လား”

ဝမ်ယန်ဟု အမည်ရသော မိန်းကလေးမှာ ရယ်မောလိုက်သည်။

လင်းခယ်ဝူ၏ စကားကို သူမ မုသားဟု မထင်ပေ။

သူ၏ မျက်လုံးများထဲတွင် သူမအပေါ် ထားရှိသည့် မေတ္တာကို သူမ နက်နက်ရှိုင်းရှိုင်း ခံစားမိသည်။

သို့သော် မေတ္တာဆိုသည်မှာ စားသောက်ဖွယ်ရာ မဟုတ်သလို သူမအနေဖြင့်လည်း လင်းခယ်ဝူကို ချစ်မနေပေ။

လွန်ခဲ့သည့်အချိန်က သူပေးအပ်ခဲ့သော ပျော်ရွှင်မှုတို့မှာ အတိတ်တွင်သာ ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။

ယခုမူ သူတို့က မိတ်ဆွေများအဖြစ်သာ ရှိတော့သည်။

လင်းခယ်ဝူမှာ အလျှော့မပေးလိုသေးဘဲ ဆက်ပြောသည်။

“ဝမ်ယန် မသွားပါနဲ့တော့ကွာ။ ကိုယ်နဲ့အတူ ပြန်လိုက်ခဲ့ပါ ကိုယ့်မှာရှိသမျှ အကုန်လုံးကို မင်းကို ပေးပါ့မယ်"

ဝမ်ယန်က ချက်ချင်းပင် အေးစက်စွာ ပြန်တုံ့ပြန်လိုက်သည်။

“ရွှမ်းဆယ်ကန်မှာရှိတဲ့ ကြယ်သုံးပွင့်အကယ်ဒမီရဲ့ ထိပ်တန်းကျောင်းသားနေရာကိုရော ရှင် ပေးနိုင်လို့လား"

“ကိုယ်... ကိုယ်လေ...”

လင်းခယ်ဝူ စကားတို့ ဆွံ့အသွားသည်။

ထိုမြင်ကွင်းကို မြင်သောအခါ ဝမ်ယန်သည် အေးဆေးစွာပင် ပြောလိုက်သည်။

“ရှင် မပေးနိုင်ဘူးဆိုရင် ရှိသမျှ အကုန်ပေးမယ်ဆိုတဲ့ စကားတွေကို ပြောနေဖို့ မလိုပါဘူး။ လင်းခယ်ဝူ ရေက အောက်ကို စီးဆင်းပြီး လူတွေကတော့ အပေါ်ကို တက်လှမ်းကြရတယ်။ ကျွန်မ ဝမ်ယန် ဒီတောက်ပနေသောမှန်ရေကန်ကို စွန့်ခွာလာရတာ အကြောင်းရင်းက ရိုးရှင်းပါတယ်။ ကျွန်မ ရွှမ်းဆယ်ကန်ရဲ့ ကြယ်သုံးပွင့်အကယ်ဒမီမှာ တပည့်အဖြစ် နေရာရသွားလို့ပဲ"

ယခင်က သူတို့သည် ကမ္ဘာတစ်ခုတည်းတွင် အတူရှိခဲ့ကြသော်လည်း ယခုအချိန်မှစ၍ သူတို့၏ လမ်းကြောင်းများမှာ လုံးဝ ကွဲပြားသွားပြီ ဖြစ်သည်။

ကြယ်သုံးပွင့်အကယ်ဒမီသို့ ဝင်ရောက်လိုက်သည်နှင့် သူမသည် ပိုမိုအားကောင်းလာမည်ဖြစ်ပြီး အသက် ၂၅ နှစ်မပြည့်မီ နက်နဲသောနယ်ပယ်သို့ပင် ရောက်ရှိသွားနိုင်သည်။

နောင်တစ်ချိန်တွင် တောက်ပနေသောမှန်ရေကန်တစ်ခုလုံးကိုပင် သူမ ဦးဆောင်သွားနိုင်ပေလိမ့်မည်။

လင်းခယ်ဝူအတွက်မူ သူသည် သုံးပွင့်အဆင့်သာရှိသော မိသားစုမျိုးနွယ်တွင် မယားငယ်မှ ပေါက်ဖွားလာသူ တစ်ဦးသာ ဖြစ်သည်။

သူ၏ ပါရမီက လည်း သိပ်မမြင့်မားပေ။

အပြင်လူတို့မျက်စိတွင် သူ၏ အဆင့်အတန်းမှာ မြင့်မားသည်ဟု ထင်ရသော်လည်း အကယ်ဒမီကျောင်းသားတို့နှင့် ယှဉ်လိုက်ပါက ဘာမျှမဟုတ်ပေ။

သူမနှင့် ယှဉ်လျှင် သူတို့နှစ်ဦးကြားတွင် အနာဂတ်ဟူ၍ လုံးဝမရှိနိုင်တော့ချေ။

လင်းခယ်ဝူမှာ အလျှော့မပေးဘဲ ဆက်ပြောလိုက်သည်။

“ဒါက ကောင်းတဲ့ကိစ္စပါပဲ။ ကိုယ် မင်းနဲ့အတူ လိုက်သွားလို့ ရတာပေါ့။ ရွှမ်းဆယ်ကန်အထိ ခရီးက မိုင်တစ်သောင်းလောက် ဝေးပေမဲ့ လမ်းခရီးတစ်လျှောက်လုံး မင်းကို ကိုယ် စောင့်ရှောက်ပေးနိုင်ပါတယ်”

“ခယ်ဝူ ရှင် နားမလည်သေးဘူးလား။ ရှင်နဲ့ကျွန်မက ကမ္ဘာတစ်ခုတည်းကလူတွေ မဟုတ်တော့ဘူး”

“မင်းက ဒီမှာ ကိုယ်က ဒီမှာ ဘယ်လိုလုပ်ပြီး ကမ္ဘာတစ်ခုတည်းကလူတွေ မဟုတ်ရမှာလဲ”

ထိုစကားကို ကြားလိုက်ရသောအခါ ဝမ်ယန်သည် စိတ်ပျက်လက်ပျက် ဖြစ်သွားရသည်။

လင်းခယ်ဝူတစ်ယောက် တကယ်ပဲ မိုက်မဲနေတာလား ဒါမှမဟုတ် မိုက်မဲဟန်ဆောင်နေတာလားဆိုသည်ကို သူမ ဝေခွဲ၍မရပေ။

သို့သော် သူတို့နှစ်ဦးမှာ တစ်ချိန်က မိတ်ဆွေများ ဖြစ်ခဲ့ဖူးသည်ကို သတိရကာ သူမ၏ လေသံကို အနည်းငယ် ပြုပြင်လိုက်သည်။

“ခယ်ဝူ ရှင် နားလည်အောင် ကြိုးစားပါ။ ကျွန်မ ဝမ်ယန်က အားနည်းသူတွေကို မနှစ်သက်ဘူး။ ရှင်က အခု အရမ်းအားနည်းနေတယ်။ အကယ်၍ အသက် ၂၅ နှစ်မတိုင်ခင် နက်နဲသောနယ်ပယ်ကို ရောက်အောင် ကြိုးစားနိုင်မယ်ဆိုရင် ကျွန်မဆီ လာခဲ့ပါ။ အဲဒီအခါကျမှ ကျွန်မ ရှင့်ကို လက်ခံပေးမယ်”

လင်းခယ်ဝူ၏ မျက်နှာမှာ ချက်ချင်းပင် လင်းလက်သွားကာ “တကယ်လား” ဟု မေးလိုက်သည်။

ဝမ်ယန်က “တကယ်ပါ” ဟု ခပ်တိုးတိုးလေး ပြန်ဖြေသည်။

ထိုစကားကို ပြောပြီးနောက် သူမသည် လင်းခယ်ဝူကို နှုတ်ဆက်ကာ ရွှေရောင်လင်းယုန်ပေါ်၌ ရပ်လျက် ဝေးရာသို့ ပျံသန်းထွက်ခွာသွားသည်။

မကြာမီပင် ကောင်းကင်ယံတွင် သူမ၏ အရိပ်အယောင် ပျောက်ကွယ်သွားသည်။

ဝမ်ယန် ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း လင်းခယ်ဝူမှာ အားရကျေနပ်စွာ ပြုံးနေဆဲပင်။

ထို့နောက် လင်းခယ်ဝူက တိုးတိုးလေး ရေရွတ်လိုက်သည်။

“သူမ နောက်ဆုံးတော့ ငါ့ကို လက်ခံဖို့ သဘောတူလိုက်ပြီ”

သုံးနှစ်….

ထိုသုံးနှစ်အတွင်း သူ မေတ္တာစကားများကို အမြဲတစေ ပြောခဲ့ကာ သူမကို အကောင်းဆုံးအရာများ ပေးဆပ်ခဲ့သည်။

သူ လိုချင်ခဲ့သည့်အရာမှာ ဝမ်ယန်၏ အသိအမှတ်ပြုမှုပင်။

အခုဆိုရင် တစ်ဝက်လောက်တော့ အောင်မြင်သွားပြီ ဟားဟား….

သို့သော် ရယ်မောက။ ပျော်ရွှင်ပြီးနောက် သူ၏ရှေ့မှောက်ရှိ ပြဿနာများက သူ၏ အပြုံးကို တဖြည်းဖြည်း ပျောက်ကွယ်သွားစေသည်။

ဝမ်ယန်ဆိုသည်မှာ အသက် ၂၃ နှစ်တွင် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်၁၃ ဆင့်မြောက်သို့ ရောက်ရှိနေသည့် ပါရမီရှင်ဖြစ်သည်။

အကယ်၍ သူမသာ ကြယ်သုံးပွင့်အကယ်ဒမီသို့ ဝင်ရောက်နိုင်ပါက နောင်တစ်ချိန်တွင် နတ်ဘုရားနက်နဲသောနယ်ပယ်သို့ပါ ရောက်ရှိသွားနိုင်ပေမည်။

သူမသည် စွမ်းအားကြီးသူများကိုသာ နှစ်သက်မြတ်နိုးသူ ဖြစ်သည်။

သို့သော် သူမ သတ်မှတ်ပေးလိုက်သော အသက် ၂၅ နှစ်မတိုင်ခင် နက်နဲသောနယ်ပယ်သို့ ရောက်ရမည်ဟူသော စည်းကမ်းမှာ ကောင်းကင်သို့ တက်လှမ်းရသည်ထက်ပင် ခက်ခဲနေတော့သည်။

ရာစုနှစ်များစွာအတွင်း တောက်ပနေသောမှန်ရေကန်တွင် ထိုကဲ့သို့ ပါရမီရှင်မျိုး တစ်ဦးသာ ပေါ်ထွက်ခဲ့ဖူးသည်။

ထိုသူမှာ ယခု အသက် ၂၄ နှစ်ရှိနေပြီဖြစ်ပြီး အဖိုးတန်အရင်းအမြစ်များစွာဖြင့် အားဖြည့်ထားသော်လည်း ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်၁၂ ဆင့်မြောက်၌သာ ရှိနေသေးသည်။

တစ်နှစ်အတွင်း ငါ ဘယ်လိုလုပ်ပြီး ဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးရမလဲ။

ထိုအချိန်တွင် ဝမ်ပင်းသည် ချင်ရှန်း ဖန်တီးပေးထားသည့် တိမ်တောင်ပံလင်းယုန်ကို စီးနင်းကာ လင်းခယ်ဝူ၏ အနီးသို့ ရောက်ရှိလာပြီး “လူငယ်လေး ကံကြမ္မာကို ဆန့်ကျင်ပြီး အောင်မြင်ချင်လား” ဟု မေးလိုက်သည်။

“ဘယ်သူလဲ”

လင်းခယ်ဝူသည် သတိဝီရိယရှိစွာဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

အခြေအနေကို စူးစမ်းပြီးနောက် ဝမ်ပင်းကို မြင်သော်လည်း အရေးတယူ မရှိလှပေ။

လင်းခယ်ဝူ လှည့်ထွက်ခွာရန် ပြင်ဆင်နေစဉ် ဝမ်ပင်းက ဆက်ပြောလိုက်သည်။

“လူငယ်လေး ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်၁၂ ဆင့်ကနေ တစ်နှစ်အတွင်း နက်နဲသောနယ်ပယ်ကို ရောက်ဖို့ဆိုတာ တကယ်တော့ သိပ်မခက်ခဲပါဘူး... မသေမျိုးဂိုဏ်းကိုသာ ဝင်ခဲ့ပါ။ မင်း အံ့အားသင့်ဖို့ကောင်းတဲ့အဟာတွေကို မျက်ဝါးထင်ထင် တွေ့မြင်ရလိမ့်မယ်"

လင်းခယ်ဝူသည် အသက်အရွယ်ငယ်ရွယ်သော ဝမ်ပင်းကို တစ်ချက်ကြည့်လိုက်ကာ အံ့အားသင့်စွာဖြင့် “မင်းက ငါ့ရဲ့ အဆင့်ကို သိနိုင်တာလား” ဟု မေးလိုက်သည်။

အဆင့်တူ သို့မဟုတ် ပထမဆုံး အဆင့်၌ အချင်းချင်း၏ စွမ်းအားကို သိရှိနိုင်ခြင်းမှာ ပုံမှန်ပင်။ သို့သော် သူ့ထက် အသက်ငယ်သောသူက သူ့စွမ်းအားကို တိတိကျကျ ထောက်ပြလိုက်ခြင်းမှာ အံ့အားသင့်စရာပင်။

လင်းခယ်ဝူ စိတ်ဝင်စားသွားသည်ကို မြင်သောအခါ ဝမ်ပင်းက ဆက်ပြောသည်။

“တစ်နှစ်အတွင်း ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်၁၃ ဆင့်မြောက်ကို ရောက်ဖို့ဆိုတာ အရင်းအမြစ်တွေရှိရင် ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သွေးကြောတံခါးကို ဖွင့်လှစ်နိုင်ဖို့ကတော့ မဖြစ်နိုင်သလောက်ပါပဲ။ မသေမျိုးဂိုဏ်းကို ဝင်လိုက်ပါ။ အဲဒါက မင်းရဲ့ အနာဂတ်ပါပဲ"

“မသေမျိုးဂိုဏ်းက ငါ့ကို ကူညီပေးနိုင်လို့လား”

ထိုစကားကို ကြားလိုက်ရသဖြင့် လင်းခယ်ဝူ ပြုံးလိုက်မိပြီး ထွက်ခွာသွားလိုသည့် စိတ်ကူးတို့လည်း လွင့်ပျယ်သွားသည်။

တစ်ချက်ကြည့်ရုံဖြင့် သူ၏ အဆင့်ကို သိနိုင်သော လူငယ်လေးတစ်ယောက် ပြောသည့်အရာကို စူးစမ်းကြည့်ဖို့ ထိုက်တန်သည်။

သို့သော် သူသည် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်၁၂ ဆင့်မြောက်တွင် ရှိနေသော်လည်း တစ်ဖက်လူ၏ အဆင့်ကို မခန့်မှန်းနိုင်ပေ။

ထိုအချက်ကပင် သူ၏ သိလိုစိတ်ကို ပိုမိုမြင့်တက်လာစေသည်။

မျှော်လင့်ချက်အပြည့်ဖြင့် လင်းခယ်ဝူက အလျင်အမြန်ပင် မေးလိုက်သည်။

“မိတ်ဆွေ ဒီ မသေမျိုးဂိုဏ်းက ကြယ်အဆင့် ဘယ်လောက်ရှိသလဲ”

All Chapters