← Chapters

အခန်း ၁၈၇

Vol. 19 Ch. 187

အခန်း ၁၈၇

Vol. 19 Ch. 187

အခန်း။ ၁၈၇

လင်းခယ်ဝူ ထွက်ခွာသွားပြီးနောက် ဝမ်ပင်းသည် ကျပန်းအဆောက်အအုံ အဆင့်မြှင့်တင်မှုဆုလာဘ်ကို ရရှိရန် မျှော်လင့်ချက်ဖြင့် တင်းယွီခန်းမဆောင်သို့ ချက်ချင်းသွားလိုက်သည်။ “ရွှေဒင်္ဂါး သုံးသိန်းလောက် ချွေတာပေးပါဦး။ အကုန်လုံး မင်းလက်ထဲမှာပဲ ရှိတယ်နော်”

စုဆောင်းမှုပြီးဆုံးသည်နှင့် စနစ်၏အသံမှာ ချက်ချင်းပင် ထွက်ပေါ်လာသည်။

ဝမ်ပင်း၏ ရင်ထဲတွင် တဒိတ်ဒိတ်ခုန်နေပြီး လက်ဝါးပြင်များ၌ပင် ချွေးစေးများ ပျံလာသည်။ ထိုအချိန်၌ သူ၏ ဦးနှောက်မှာ ဗလာဖြစ်သွားရသည်။

“ကျပန်းအဆောက်အအုံ အဆင့်မြှင့်တင်မှုက တင်းယွီခန်းမဆောင်ပါ”

ထိုအသံကို ကြားလိုက်ရသောအခါ ဝမ်ပင်း၏ နှုတ်ခမ်းများမှာ တဖြည်းဖြည်းချင်း ကွေးညွတ်သွားကာ အံ့အားသင့်ဖွယ် အပြုံးတစ်ခု ဖြစ်လာသည်။

သူသည် ထိုင်ခုံမှ ချက်ချင်းထလိုက်ပြီး တင်းယွီခန်းမဆောင်၏ ပြတင်းပေါက်ဆီသို့ လျှောက်သွားကာ ယွင်လန်တောင်ဘက်သို့ လှမ်း၍ အော်ဟစ်လိုက်သည်။

ရွှေဒင်္ဂါး သုံးသိန်းကို ချွေတာနိုင်ခဲ့ပြီကွ……

ယခုတွင် သူ၏လက်ထဲ၌ ရှိနေသော ရွှေဒင်္ဂါးသောင်းနှင့်ချီ၍ အခြားအရာများအတွက် အသုံးပြုနိုင်တော့မည်။

ဥပမာအားဖြင့် အဆောက်အအုံအားလုံးကို တစ်ခါစီ အဆင့်မြှင့်လိုက်ခြင်းမျိုး ဖြစ်သည်။ ဤသည်မှာ စကားပလ္လင်ခံခြင်းသာ ဖြစ်သည်။

မီးဖိုချောင်ကိုတော့ ထပ်ပြီး အဆင့်မြှင့်ချင်စိတ် မရှိပေ။

အတိုချုပ်ဆိုရလျှင် ရွှေဒင်္ဂါး သောင်းနှင့်ချီ၍ လုပ်စရာကိစ္စများစွာ ရှိနေသည်။

စနစ်က “ဂိုဏ်းချုပ် ဒီလောက်ထိတောင် စိတ်လှုပ်ရှားစရာ လိုလို့လား” ဟု မေးသည်။

“မင်းကတော့ တောင်ထိပ်မှာနေတော့ တောင်အောက်က ဒုက္ခတွေကို ဘယ်သိပါ့မလဲ။ တပည့်တွေဆီက ဝင်ငွေကိုပဲ အားကိုးမယ်ဆိုရင် ရွှေဒင်္ဂါးသုံးသိန်း စုမိဖို့ အနည်းဆုံး ဆယ်လလောက် ကြာဦးမှာ။ ဒါပေမဲ့ ငါ့မှာ ဆယ်လလောက် စောင့်ဖို့ အချိန်မရှိဘူး"

ဂိုဏ်းပေါင်းစုံ မဟာမိတ်၏ ပြဿနာများမှာ ဆက်တိုက်ဆိုသလို ရောက်လာလိမ့်မည်။ အစွန်းရောက်နယ်ပယ်တောင်မှာလည်း ဝှက်ထားသော အန္တရာယ်တစ်ခု ဖြစ်သည်။ ဟန်ဝမ် သေဆုံးသွားသည်ကို မကြာမီ သိရှိသွားကြလိမ့်မည်။

ထိုအခါ သက်သေရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အစွန်းရောက်နယ်ပယ်တောင်က မသေမျိုးဂိုဏ်းကို ပစ်မှတ်ထားကာ တာဝန်ခံခိုင်းလိမ့်မည်မှာ အသေအချာပင်။

အဘယ်ကြောင့်ဆိုသော် ဟန်ဝမ်သည် ဆန်းဝူမြို့၌ သေဆုံးသွားခဲ့ခြင်းကြောင့်ပင်။ ဆန်းဝူမြို့တွင် နက်နဲသောနယ်ပယ် ပုဂ္ဂိုလ်တစ်ဦးကို သတ်ဖြတ်နိုင်သူမှာ သူ၏ မသေမျိုးဂိုဏ်းသာ ရှိသည်။

အခြားတစ်ဖက်တွင်လည်း နဂါးမင်းမှာ စိတ်တိုင်းကျ ခိုင်းစား၍ မရပေ။

အရေးကြီးသော အချိန်အခါမျိုးတွင်သာ အသုံးပြုနိုင်ပြီး မသေမျိုးဂိုဏ်းမှ ထွက်ခွာခွင့်မရှိပေ။ သို့သော် မိစ္ဆာဝိညာဉ်ဓားမှာမူ မတူပေ။ သူသည် စွမ်းအားကြီးမားပြီး လွတ်လပ်စွာ သွားလာနိုင်သည်။

စိတ်လှုပ်ရှားမှုများပြီးနောက် စနစ်၏ စာတန်းတစ်ခု ပေါ်လာသည်။

[တင်းယွီခန်းမဆောင် အဆင့်မြှင့်တင်နေသည်...]

[အဆင့်မြှင့်တင်ရန် ကြာမြင့်ချိန် နှစ်နာရီ။]

ထို့နောက် သူသည် တင်းယွီခန်းမဆောင်မှ အပြင်သို့ ထုတ်ပယ်ခံလိုက်ရသည်။

သို့သော် ဤတစ်ကြိမ်တွင် ထုတ်ပယ်ခံလိုက်ရခြင်းမှာ အလွန်ပင် စိတ်ကျေနပ်စရာ ကောင်းလှသည်။

"တင်းယွီခန်းမဆောင်ကသာ ငါ့ကို ဒီလိုမျိုး အကြိမ်ကြိမ် ထုတ်ပယ်ပေးလိုက်ရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ"

အောက်သို့ လျှောက်သွားရင်း ဝမ်ပင်းက “စနစ် တင်းယွီခန်းမဆောင်ကို နောက်တစ်ကြိမ် ထပ်မြှင့်လိုက်ရင် မိစ္ဆာဝိညာဉ်ဓားက ဘယ်အဆင့်ကို ရောက်သွားမလဲ” ဟု မေးသည်။

“တစ်ဝက်တစ်ပျက် နတ်ဘုရားနက်နဲသောနယ်ပယ် ဖြစ်သွားပါမယ်"

“နတ်ဘုရားနက်နဲသောနယ်ပယ်ဆိုတာ ဘာလဲ”

ဤအကြောင်းနှင့် ပတ်သက်၍ ဝမ်ပင်းတွင် မည်သည့် အယူအဆမျှ မရှိသလို မိဘများထံမှလည်း တစ်ခါမျှ မကြားဖူးခဲ့ပေ။

အရှေ့ရေကန်တွင် နက်နဲသောနယ်ပယ် အဆင့်မြင့် ပိုင်ရှင်များမှာပင် လျှို့ဝှက်စွာနေထိုင်ကြသော လူများ ဖြစ်ကြပြီး ခြေတစ်ချက်စောင့်ရုံနှင့် အရှေ့ရေကန်ကို တုန်ခါသွားစေနိုင်သည်။

ဒီနတ်ဘုရားနက်နဲသောနယ်ပယ်က နက်နဲသောနယ်ပယ်ထက် ပိုမြင့်တဲ့ အဆင့်တစ်ခုလား။

စနစ်က ပြန်ဖြေသည်။

“နက်နဲသောနယ်ပယ်မှာ ကမ္ဘာမြေကို ခွဲဖြတ်ခြင်း အကြောလမ်းကြောင်း ကို ဖွင့်လှစ်ရပြီး နတ်ဘုရားနက်နဲသောနယ်ပယ်မှာ ဖြည့်ဆည်းခြင်း အကြောလမ်းကြောင်း ကို ဖွင့်လှစ်ရပါတယ်။ ဘယ်ဘက်တစ်ခု၊ ညာဘက်တစ်ခုပေါ့။ တစ်ဝက်တစ်ပျက် နတ်ဘုရားနက်နဲသောနယ်ပယ်ဆိုတာက ဖြည့်ဆည်းခြင်း အကြောလမ်းကြောင်း မပွင့်ခင်မှာ အကြောလမ်းကြောင်းတွေ ဖောက်ထွက်သွားတာပါ။ နတ်ဘုရားနက်နဲသောနယ်ပယ်ထဲ မဝင်ခင်မှာ ကြာမြင့်တဲ့အချိန်တစ်ခု လိုအပ်ပါသေးတယ်။ ဒါက သိမ်မွေ့တဲ့ အဆင့်တစ်ခုပါပဲ"

ဝမ်ပင်းက “အကြောလမ်းကြောင်းတွေ ပွင့်သွားပြီဆိုရင် ဖြည့်ဆည်းခြင်း အကြောလမ်းကြောင်းကရော ကမ္ဘာမြေကို ခွဲဖြတ်ခြင်း အကြောလမ်းကြောင်းနဲ့ တပြိုင်နက်တည်း မပွင့်နိုင်ဘူးလား” ဟု မေးသည်။

“ကမ္ဘာမြေကို ခွဲဖြတ်ခြင်း အကြောလမ်းကြောင်း တံခါးက ကောင်းကင်နှင့်မြေကြီး ချီစွမ်းအင်တွေနဲ့ ပြည့်နေတဲ့ အဇ္ဈတ္တအဆင့်အထိ ဖွင့်ရတာပါ။ ဖြည့်ဆည်းခြင်း အကြောလမ်းကြောင်းကတော့ အကြောလမ်းကြောင်းဆိုင်ရာ ချီစွမ်းအင် အများကြီး လိုအပ်ပါတယ်။ ကောင်းကင်ကနေ ချီစွမ်းအင်ကို စုပ်ယူရတာက နှေးကွေးတဲ့ လုပ်ငန်းစဉ်တစ်ခုပါ။ တချို့က တစ်လပဲ လိုပေမဲ့ တချို့ကျတော့ ဆယ်လ၊ တစ်နှစ် ဒါမှမဟုတ် သုံးနှစ်တောင် ကြာတတ်ပါတယ်။ အနှစ်သာရအားဖြင့် ပြောရရင် ဖြည့်ဆည်းခြင်း အကြောလမ်းကြောင်းက အမှန်တကယ် ပြည့်ဝမှသာ ပွင့်တာပါ။ စုပ်ယူလိုက်တဲ့ အကြောလမ်းကြောင်း ချီစွမ်းအင် များလေလေ နတ်ဘုရားနက်နဲသောနယ်ပယ်ထဲ ဝင်ရောက်ပြီးတဲ့နောက်မှာ ပိုမိုသန်မာလေလေ ဖြစ်မှာပါ”

“နားလည်ပြီ"

ဝမ်ပင်း ခေါင်းညိတ်လိုက်သည်။ နတ်ဘုရားနက်နဲသောနယ်ပယ်ကို ရောက်ရှိရန် သူသည် အလွန်ပင် မျှော်လင့်တောင့်တနေမိတော့သည်။

ဆန်းဝူမြို့၌။

ဟွမ်းချိန်နှင့် မုရုံသီတို့သည် မသေမျိုးဂိုဏ်းအနီးရှိ မြို့ရိုးပေါ်တွင် ရပ်နေကြပြီး အဝေးတစ်နေရာသို့ ငေးမောကြည့်ရှုနေကြသည်။

သူတို့ဘေးတွင် မြို့ရိုးကို ပြုပြင်နေသော အလုပ်သမား ရာနှင့်ချီရှိနေပြီး သူတို့ရှေ့တွင်မူ လူသူကင်းမဲ့နေသော လမ်းမကြီးများ ရှိနေသည်။

နှစ်ဦးစလုံးသည် နောက်ဆုံးအခြေအနေကို စောင့်ကြည့်နေကြသည်။

ခဏအကြာတွင် ဟွမ်းချိန်၏အကြည့်မှာ ကောင်းကင်ယံတွင် ပျံဝဲနေသော သိမ်းငှက်တစ်ကောင်ဆီသို့ ရောက်သွားသည်။ ၎င်းမှာ ထောက်လှမ်းရေးတွင် အလွန်ထက်မြက်သည်ဟု နာမည်ကြီးသည့် တိမ်တိုက်သိမ်းငှက်ဖြစ်သည်။

တစ်စုံတစ်ခုသော အရေးကြီးသည့်အရာ ဖြစ်ပျက်တော့မည်ကို နှစ်ဦးစလုံး နားလည်လိုက်ကြသည်။

ဟွမ်းချိန်က ဘေးမှ မုရုံသီကို ချက်ချင်း လှည့်ပြောလိုက်သည်။

“လူတွေကို ယွင်လန်တောင်နဲ့ ဝေးဝေးမှာနေဖို့ အကြောင်းကြားလိုက်ပါ။ မြို့ရိုးပြုပြင်ရေးကိုလည်း ခဏရပ်ထားလိုက်ဦး"

မုရုံသီက ခေါင်းညိတ်သည်။ နောက်တစ်ခဏတွင် သူ လျင်မြန်စွာ ပြေးထွက်သွားသည်။ နက်နဲသောနယ်ပယ် အလယ်အလတ်အဆင့် ပုဂ္ဂိုလ်များအကြား တိုက်ပွဲဖြစ်ပွားပါက ရိုက်ခတ်မှုမှာ အလွန်ပြင်းထန်မည်ဖြစ်ပြီး သာမန်လူများ ခံနိုင်ရည်ရှိမည်မဟုတ်ကြောင်း သူ နားလည်ထားသည်။

ထိုအချိန်တွင် မုရုံချီသည် စားသောက်ဆိုင်ခေါင်မိုးပေါ်တွင် ထိုင်နေပြီး တစ်ကီလိုမီတာအကွာရှိ ယွင်လန်တောင်ကို ငေးကြည့်နေရင်း မသိစိတ်ဖြင့် ဦးခေါင်းကို ကုတ်နေမိသည်။

ပြီးခဲ့သည့်ညက လင်ယွန်း၏လက်မှ လွတ်မြောက်လာပြီးနောက်ပိုင်း သူသည် ဤမုန်တိုင်း စတင်လာမည့်အချိန်ကို စောင့်မျှော်နေခဲ့ခြင်းပင်။

ပြီးခဲ့သည့်ညက ယွင်လန်တောင်မှ မိစ္ဆာသားရဲတစ်ကောင်၏ ဟိန်းသံ ထွက်ပေါ်လာခဲ့သည်။ တစ်ကီလိုမီတာကျော် ဝေးကွာနေသော်လည်း ထိုအသံ၏ ဖိအားမှာ သူ၏ အရေပြားကိုပင် ကျိန်းစပ်သွားစေသည်။

ထိုအသံပိုင်ရှင်သည် သူနှင့် အဆင့်ချင်း မနိမ့်ဘူးဟု သူ ခန့်မှန်းမိသည်။

ထိုဟိန်းသံကြောင့် ညဉ့်ယံမှာ တိတ်ဆိတ်သွားခဲ့ပြီး ထိုအချိန်မှစ၍ ယနေ့အထိ တစ်စုံတစ်ရာ ဖြစ်ပျက်လာခြင်း မရှိပေ။ မြို့ထဲသို့ ဝင်ရောက်လာသူများမှာလည်း လေထဲပျောက်ကွယ်သွားသကဲ့သို့ပင်။

မုရုံချီသည် ဆန်းဝူမြို့တွင် နက်နဲသောနယ်ပယ် အလယ်အလတ်အဆင့် ပုဂ္ဂိုလ် အနည်းဆုံး သုံးဦးရှိသည်ဟု ခံစားမိသော်လည်း ယခုအခါ မည်သူမျှ မရှိတော့ပေ။

သူတို့အားလုံး အရိပ်ထဲတွင် ပုန်းကွယ်ရင်း မည်သူ အရင်လှုပ်ရှားမလဲဆိုသည်ကို စောင့်

ကြည့်နေကြမှန်း သူ သိလိုက်သည်။

"ဘာလို့လဲဆိုတော့ ဒါက ဆုငွေအတွက် လုပ်ပေးရတဲ့ တာဝန်တစ်ခုဖြစ်ပြီး တာဝန်အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို အပ်နှံနိုင်မှသာ ဆုကြေးကို ရမှာ။

လင်ယွန်းတစ်ယောက်တည်းနဲ့တင် အခြေအနေတွေက ရှုပ်ထွေးနေပြီ ဖြစ်တဲ့အထဲမှာ... နောက်ထပ် ဘယ်သူကများ ငါ့ကို ထပ်ပြီး အံ့အားသင့်စရာတွေနဲ့ ကြုံတွေ့စေဦးမလဲ"

ထိုသို့ တွေးတောနေစဉ် လမ်းတစ်ဖက်စွန်းမှ တုတ်ကောက်သံတစ်ချက် ထွက်ပေါ်လာသည်။ မီတာတစ်ရာအကွာတွင် မုရုံချီသည် လူအုပ်ထဲမှ ထိုအသံကို အာရုံခံမိသည်။

ထိုတုတ်ကောက်သံမှာ သစ်သားခေါင်းလောင်းသံနှင့် ဆင်တူနေသည်။

ခပ်သံသံနှင့် ထွက်ပေါ်လာသော ထိုအသံမှာ လေထုထဲတွင် ပဲ့တင်ထပ်နေသည်။

“သူများ ဖြစ်နေမလား"

မုရုံချီ၏စိတ်ထဲတွင် သက်ကြီးရွယ်အိုတစ်ဦး၏ ပုံရိပ် ပေါ်လာသည်။

မကြာမီပင် အဘိုးအိုတစ်ဦးကို တွဲကူပေးထားသည့် အမျိုးသမီးတစ်ဦး ချဉ်းကပ်လာသည်။ အဘိုးအိုက သူ့ကို တစ်ချက်ကြည့်လိုက်သည်။

ထိုစူးရှသော မျက်လုံးများမှ ထွက်ပေါ်လာသည့် အကြည့်မှာ မုရုံချီကို အလိုလို တံတွေးမြိုချမိစေသည်။

တစ်ချိန်တည်းမှာပင် အဘိုးအို၏ အသံမှာ သူ၏နားထဲသို့ တိုးဝင်လာသည်။

“မုရုံချီ မင်းက ကြယ်နှစ်ပွင့် ဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက်ပဲ။ ဒီအဘိုးကြီးနဲ့ ဆုငွေကို တကယ်ပဲ ယှဉ်ပြိုင်ချင်နေတာလား"

မုရုံချီက အနေရခက်စွာ ပြုံးကာ “ကျွန်တော်က ရှုခင်းကြည့်ရင်း အပန်းဖြေနေတာပါ။ အကြီးအကဲ” ဟု ပြန်ဖြေသည်။

“ထွက်သွားစမ်း မဟုတ်ရင် သေမယ်”

အဘိုးအို၏ အေးစက်စက် အကြည့်ကို ရလိုက်သည့်အခါ မုရုံချီ၏ မျက်နှာမှာ ပြောင်းလဲသွားသည်။

အဘိုးအို၏ မျက်လုံးထဲတွင် အသတ်အဖြတ် ဝါသနာပါမှုများကို မြင်လိုက်ရသဖြင့် သူသည် ခေါင်မိုးပေါ်မှ ချက်ချင်းဆင်းကာ ဝေးဝေးသို့ ထွက်ပြေးသွားသည်။

လုံခြုံသည့်နေရာ ရောက်မှသာ မုရုံချီသည် စိတ်သက်သာရာ ရသွားသည်။

လင်ယွန်းအပြင် တခြား ဆုငွေလိုက်ရှာသူများမှာလည်း ရိုးရှင်းသူများ မဟုတ်ကြပေ။ အကြောက်ဆုံးအချက်မှာ သူတို့ထဲတွင် ရူးသွပ်သူအချို့ ရှိနေခြင်းပင်။

ပင်လယ်ထောင်ပေါင်းများစွာ ဂိုဏ်းမှ ဝေချန်းကျွင်းပင် ရောက်လာသည်။

သူသည် ဂိုဏ်းချုပ်ကြီး သုံးဦးနှင့် ယှဉ်နိုင်သည့် အင်အားကြီးမားသူဖြစ်ပြီး လင်ယွန်းနှင့် လုံးဝမနှိုင်းယှဉ်နိုင်သော ပုဂ္ဂိုလ်ဖြစ်သည်။

All Chapters