အခန်း ၅၄၈
Vol. 47 Ch. 548
အပိုင်း (၅၄၈)
ဧကရာဇ်မင်းမြတ်သည် တစ်ကိုယ်လုံး အေးစက်သွားကာ သူ၏ ရှေ့မှောက်၌ ဝပ်စင်းဒူးထောက်နေကြသော အမတ်မင်းများအား ဆွံ့အစွာ ငေးစိုက်ကြည့်နေမိတော့၏။
လွန်ခဲ့သော ညီလာခံတုန်းက အောက်ယွီကို ဝိုင်းဝန်းရိုက်သတ်ရန် စီမံစဉ်၌ တစ်စုံတစ်ယောက်က လျှို့ဝှက်စွာ ဝင်ရောက်စွက်ဖက်ပြီး လူစားလဲသည့် ပြဇာတ်ကို ကပြသွားခဲ့ဖူးသည်။
ထိုစဉ်ကတည်းက နန်းတွင်း၌ ဧကရာဇ်ဟောင်းကို တိတ်တဆိတ် သစ္စာခံထောက်ခံနေကြသည့် အင်အားစုများ ရှိနေကြောင်း ဧကရာဇ် ကောင်းစွာ ရိပ်စားမိခဲ့သည်။ ယခုတွင်မူ အမှောင်ထဲ၌ ပုန်းကွယ်နေခဲ့သော ထိုသူများအားလုံးသည် နေအလင်းရောင်အောက်သို့ အလုံးအရင်းဖြင့် ထွက်ပေါ်လာကြပြီ ဖြစ်၏။
ဤမျှအထိ အခြေအနေများ တစ်ပတ်ပြန်လည်သွားခဲ့ပြီ ဖြစ်ရာ ဧကရာဇ် အနေဖြင့် ယခုအခါ မည်သို့ ဆက်လက် လုပ်ဆောင်ရတော့မည်နည်း။
သူ့ဘက်၌ ကျန်ရှိနေသေးသော သုံးပုံနှစ်ပုံမျှသော အမတ်များကို ဦးဆောင်ကာ ဧကရာဇ်ဟောင်း၏ အင်အားစုနှင့် အသေအလဲ အပြတ်အသတ် ရင်ဆိုင်တိုက်ခိုက်ရမည်လား။ သို့မဟုတ် မျက်စိရှေ့တွင် ပုန်ကန်ခြားနားနေသည့် ဤသုံးပုံတစ်ပုံသော အမတ်များကို ရာထူးအာဏာများမှ အတင်းအကျပ် ထုတ်ပယ်ပစ်ရမည်လား။
ထိုတင်သာမက တောင်ပိုင်းမြို့တော်ကို အခြေပြု တည်ထောင်ပြီးလျှင် တောင်ပိုင်းကျိုးအင်ပါယာကြီး တစ်ခုလုံးကို မြောက်ပိုင်းနှင့် တောင်ပိုင်းဟူ၍ နှစ်ခြမ်းခွဲပစ်လိုက်ရမည်လား။ တွေးတောဆင်ခြင်ကြည့်လိုက် ချိန်မှာတော့ ထိုနည်းလမ်းများအားလုံးမှာ ယခုအခြေအနေတွင် လုံးဝ ဖြစ်နိုင်ခြေမရှိတော့သော အရာများသာ ဖြစ်တော့သည်။
ဧကရာဇ်သည် တစ်ချက်လေးမှ မလှုပ်ရှားဘဲ တောင့်တင်းစွာ ရပ်နေရင်း ဧကရာဇ်ဟောင်း မတ်တတ် ရပ်လိုက်သည့် အချိန်တွင် သူထက်ပင် အရပ်ပိုရှည်နေကြောင်း သတိထားမိလိုက်၏။
‘ဧကရာဇ်ဟောင်း... ခင်ဗျားရဲ့ စိတ်ထားက တကယ်ကို နက်နဲတာပဲ။ တကယ်ကို ဖုံးကွယ်ထားနိုင်တာပဲ။ လက်နှစ်ဖက် လှုပ်ရှားလို့ ရနေတာကိုတောင် လေဖြတ်နေသလို ဟန်ဆောင်ထားပြီး အသက်ကြီးကာ အားနည်းနေတဲ့ ပုံစံမျိုး တမင် ပြသထားတာ။ အခုလို မတ်တတ်ရပ်လိုက်တဲ့ မြင်ကွင်းနဲ့ လူတွေကို ပြင်းထန်တဲ့ ရိုက်ခတ်မှု ပေးဖို့အတွက် မဟုတ်လား။’
သုံးမိနစ်ခန့်ကြာပြီးနောက် လူတိုင်း၏ အကြည့်များအောက်တွင် ဧကရာဇ် ဝမ်ယွင်သည် ဒူးထောက်လိုက်ပြီး ပြောလိုက်၏။ “သားတော်… ဧကရာဇ်ဟောင်းကို အာဏာ ပြန်လည် ရယူပြီး နိုင်ငံတော်ကို အုပ်ချုပ်ပေးဖို့ လျှောက်တင်ပါတယ်။”
ဧကရာဇ်ကိုယ်တိုင် ဒူးထောက်သွားသည်ကို မြင်တွေ့ရချိန်မှာတော့ကျန်ရှိနေသော သုံးပုံနှစ်ပုံသော အမတ်များ အားလုံးလည်း ဒူးထောက်လိုက်ကြပြီး ဦးညွတ်လျက် ပြောလိုက်ကြသည်။ “ကျုပ်တို့ ဧကရာဇ်ဟောင်းကို အာဏာ ပြန်လည် ရယူပြီး နိုင်ငံတော်ကို အုပ်ချုပ်ပေးဖို့ လျှောက်တင်ပါတယ်။”
ဤသို့ဖြင့် အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များ အားလုံး ဒူးထောက်ကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်ကြ၏။ “ဧကရာဇ်ဟောင်းကို အာဏာ ပြန်လည် ရယူပြီး နိုင်ငံတော်ကို အုပ်ချုပ်ပေးဖို့ လျှောက်တင်ပါတယ်။”
ဟေးပင်းထိုင် အကြီးအကဲ နန်ကုန်းချော့ အပါအဝင် အားလုံး မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကြတော့သည်။
ယွင်ကျုံးဟဲ့သည် ယခုတွင် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်နိုင်ပြီး ဤအခြေအနေသည် မင်ခေတ်မှ သောင်းမန် အရေးအခင်း (တံခါးလုယူခြင်း အရေးအခင်း)ကဲ့သို့ မဖြစ်ပေါ်လာခဲ့ချေ။
မင်ရင်ကျုံး ဧကရာဇ် အာဏာ ပြန်လုပြီးနောက် ကျင်ထိုက် ဧကရာဇ်ကို ချက်ချင်း ဖယ်ရှားပစ်ခဲ့သည်။ သို့ပေမည့် သူတို့က ညီအစ်ကိုများ ဖြစ်ကြပြီး အသက်တစ်နှစ်သာကွာဟကာ နှစ်ဦးစလုံး အင်အား အကောင်းဆုံး အရွယ်တွင် ရှိနေကြသည်။
ထျန်းယန် နှင့် ဝမ်ယွင် တို့မှာမူ ဖခင်နှင့် သား ဖြစ်ကြပြီး လူအများ၏ အမြင်တွင် ထျန်းယန် ဧကရာဇ်သည် အသက်ကြီးနေပြီ ဖြစ်သည်။ ထျန်းယန် ဧကရာဇ်ကို ထောက်ခံခြင်းသည် တစ်နည်းအားဖြင့် အိမ်ရှေ့စံမင်းသား ကျိုးလီကို ထောက်ခံခြင်း ဖြစ်သော်လည်း ကျိုးလီ၏ အခြေခံအုတ်မြစ်မှာ အလွန် အားနည်းလွန်းနေသေး၏။
ဧကရာဇ်ဟောင်းက ဧကရာဇ်ကို ကြည့်သော အကြည့်များမှာ လျင်မြန်စွာ နူးညံ့သွားပြီး တုန်ယင် အက်ကွဲနေသည့် အသံဖြင့် ပြောလိုက်သည်။ “ဧကရာဇ်... ဒီနေ့ကစပြီး ကိုယ်တော်တို့ သားအဖ နှစ်ယောက် စည်းလုံးညီညွတ်စွာနဲ့ အခက်အခဲတွေကို အတူတူကျော်ဖြတ်ကြတာပေါ့။”
ဧကရာဇ်က ဦးညွတ်လျက် လျှောက်တင်လိုက်၏။ “သားတော်... အမိန့်တော်ကို ခံယူပါတယ်။ ခမည်းတော် အာဏာ ပြန်လည် ရယူပြီး နိုင်ငံတော်ကို အုပ်ချုပ်ပေးတဲ့အတွက် သားတော် အရမ်းကို ကျေးဇူးတင် ဝမ်းသာရပါတယ်။”
တစ်ခဏအတွင်းမှာပင် ဖခင်နှင့် သားကြားက ချစ်ခင်ကြင်နာမှုများ ချက်ချင်း ပြန်လည် ရရှိသွားသလို ဖြစ်သွားတော့သည်။
ဧကရာဇ်ဟောင်းသည် ဘီးတပ်ကုလားထိုင်ပေါ်သို့ ဖြည်းညင်းစွာ ပြန်လည် ထိုင်ချလိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်၏။ “ဧကရာဇ်...ကျိန့်ဟိုင်မြို့စား စီးပြန်း ဟာ ပုန်ကန်သွားပြီဆိုတော့ သူ့ရဲ့သား စီးကွမ်ဟာ ပြိုင်ပွဲမှာ အောက်ယွီရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရတာက အောက်ယွီမှာ အပြစ်မရှိဘူးလို့ သတ်မှတ်လို့ ရပြီလား။”
ဧကရာဇ်က ပြန်ပြောလိုက်သည်။ “ဧကရာဇ်ဟောင်းရဲ့ အမိန့်တော် အတိုင်းပါပဲ။”
ဧကရာဇ်ဟောင်းက အမိန့်ပေးလိုက်၏။ “လာကြစမ်း... အောက်ယွီကို ကြိုးဖြည်ပေးလိုက်။”
မကြာမီမှာပင် အောက်ယွီ၏ကြိုးများကို ဖြည်ပေးလိုက်ကြသည်။
ဧကရာဇ်ဟောင်းက ဆက်ပြောလိုက်၏။ “အောက်ယွီ... ခင်ဗျားရဲ့ စာပေစွမ်းရည်ဟာ ပထမတန်းစားပါပဲ။ မဟုတ်ရင်လည်း ချန်လန်ပြည်နယ်ရဲ့ ကျွမ့်ယွမ် ဖြစ်လာမှာ မဟုတ်ဘူးလေ။ ကျုပ်တို့ရဲ့ နန်းတွင်း စာမေးပွဲ ပထမဆု ရရှိသူ အသစ် ရှိလား။”
အောက်မင် ချက်ချင်း ထွက်လာပြီး ဒူးထောက်ကာ လျှောက်တင်လိုက်သည်။ “ကျုပ် ရှိပါတယ်။”
ဧကရာဇ်ဟောင်းက မေးလိုက်၏။ “အောက်မင်... ဒီ အောက်ယွီက ခင်ဗျားရဲ့ ညီလေ။ သူ့ရဲ့ ပါရမီကို ခင်ဗျား ဘယ်လိုထင်လဲ။”
အောက်မင်က ချက်ချင်း ပြန်ဖြေလိုက်သည်။ “ကျုပ်ရဲ့ညီ အောက်ယွီရဲ့ ပါရမီဟာ အရမ်းကို ထူးချွန်ထက်မြက်ပါတယ်။ ကျုပ်တောင် သူ့ကို အရှုံးပေးရပါတယ်။”
ဧကရာဇ်ဟောင်းက ပြုံးလျက် ပြောလိုက်၏။ “ကျွမ့်ယွမ်ရဲ့ ပါရမီနဲ့ တကယ်ကို ထိုက်တန်ပါတယ်။ နှိမ့်ချပြီး သတိထားတတ်တာပဲ။ ဒါပေမဲ့ သူ ပြောတဲ့ စကားက မမှားပါဘူး။ ဒီတစ်ကြိမ် နွေဦး စာမေးပွဲနဲ့ နန်းတွင်း စာမေးပွဲမှာ အောက်ယွီက ရိုလန်နိုင်ငံကို ကိုယ်စားလှယ် အဖြစ် သွားခဲ့ရလို့ နှောင့်နှေးသွားခဲ့တာပါ။
ဒါက နိုင်ငံတော်ကိစ္စကြောင့် ကိုယ်ရေးကိုယ်တာကိစ္စကို စွန့်လွှတ်လိုက်ရတာပဲ။ ကိုယ်တော်က အောက်ယွီကို ကျင်ရှီ (ပညာတတ်) အဆင့်အတန်း ပေးသင့်တယ်လို့ ထင်တယ်။ ခင်ဗျားတို့ ဘယ်လို ထင်လဲ။ ဧကရာဇ်၊ ယဉ်ကျေးမှု ဝန်ကြီးဌာန၊ နိုင်ကော်...
“နိုင်ကော်၏ ပထမ ဝန်ကြီးချုပ် ချက်ချင်း ဒူးထောက်ကာ လျှောက်တင်လိုက်သည်။ “ဧကရာဇ်ဟောင်း... အောက်ယွီကို ကျင်ရှီ အဆင့်အတန်း ပေးလိုက်ရင် သူတောင် နစ်နာသွားပါသေးတယ်။ သူ့ရဲ့ ပါရမီတွေနဲ့ဆိုရင် နောက်သုံးနှစ်နေလို့ နွေဦး စာမေးပွဲကို ဝင်ဖြေရင်ကျွမ့်ယွမ် မဖြစ်ရင်တောင် ထိပ်ဆုံး သုံးယောက် စာရင်းဝင်ဖို့က သေချာသလောက် ရှိနေတာပါ။”
ဧကရာဇ်က အရိုအသေပေးကာ လျှောက်တင်လိုက်၏။ “ဧကရာဇ်ဟောင်းရဲ့ အမိန့်တော် အတိုင်းပါပဲ။”
ဧကရာဇ်ဟောင်းက အမိန့်ပေးလိုက်သည်။ “အမိန့်တော် ရေးလိုက်.... အောက်ယွီကို ကျင်ရှီ အဆင့်အတန်း ချီးမြှင့်လိုက်တယ်။ ဝူကျစ်... (နိုင်ကော်၏ ပထမ ဝန်ကြီးချုပ်) သူ့ကို ခင်ဗျားနောက် လိုက်ခိုင်းပြီး ယွမ်ဝိုက်လန် (ဝန်ကြီးဌာန လက်ထောက်အရာရှိ) တစ်ယောက် အဖြစ် တာဝန်ပေးလိုက်ရင် ဘယ်လိုလဲ။”
ဤစကား ထွက်ပေါ်လာချိန်မှာတော့ လူအများအပြား၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားတော့၏။
‘ဒါက ဘာအဓိပ္ပာယ်လဲ။ အောက်ယွီဟာ နိုင်ကော်ထဲကို တိုက်ရိုက် ဝင်ရောက်သွားပြီလား။ အရင်က သူဟာ နိုင်ငံခြားရေးဝန်ကြီးဌာနမှာပဲ ဖြစ်ဖြစ်၊ နက္ခတ်ဗေဒင်ရုံးလို အေးတိအေးစက် နေရာမျိုးမှာပဲ ဖြစ်ဖြစ် တာဝန် ထမ်းဆောင်ခဲ့ရတာလေ။ အခုတော့ ယွမ်ဝိုက်လန် ဆိုတဲ့ ရာထူးလေး တစ်ခုပဲ ဖြစ်ပေမယ့် နိုင်ကော်ထဲကို တိုက်ရိုက် ဝင်ရောက်သွားပြီပေါ့။’
ပထမ ဝန်ကြီးချုပ်က ဒူးထောက်ကာ လျှောက်တင်လိုက်သည်။ “ကျုပ် အမိန့်တော်ကို ခံယူပါတယ်။ အရမ်းကို လိုလားပါတယ်။”
ဧကရာဇ်က ပြောလိုက်၏။ “အောက်ယွီရဲ့ ပါရမီတွေနဲ့ဆိုရင် ဒီရာထူးကို သေချာပေါက် တာဝန်ယူနိုင်မယ်လို့ ယုံကြည်ပါတယ်။”
ဧကရာဇ်ဟောင်းက ပြောလိုက်သည်။ “ဟုတ်သားပဲ။ နောက်ထပ်ကိစ္စတစ်ခု ရှိသေးတယ်။ အဲဒါကတော့ အောက်ရှင်းရဲ့ကိစ္စပဲ။ မြောက်ဘက်ကို တိုက်ခိုက်တဲ့ စစ်ပွဲမှာ သူ တာဝန်ယူရမယ့် အပိုင်း ရှိပေမယ့် သူ့ရဲ့ ဖျောက်ချီ စစ်သူကြီးချုပ် ရာထူးကို ရုပ်သိမ်းလိုက်ပြီလေ။ ပြီးတော့ တောင်ပိုင်းရဲ့ ပုန်ကန်မှုကို နှိမ်နင်းရာမှာလည်း သူတို့က အကျိုးဆောင်မှုတွေ ရှိခဲ့တယ် မဟုတ်လား။”
ဧကရာဇ်ဟောင်း၏ အကြည့်များမှာ ဧကရာဇ်ထံသို့ ရောက်ရှိသွား၏။
တောင်ပိုင်းဒေသ၏ ပုန်ကန်ခြားနားမှုကို မည်သို့ပုံစံဖြင့် အောင်မြင်စွာ နှိမ်နင်းခြေမှုန်းခဲ့သည်ဆိုသော အချက်ကိုမူ လူတိုင်း ကောင်းစွာ သိရှိထားကြပြီး ဖြစ်သည်။
ထိုစဉ်က ဒုတိယမင်းသား ကျိုးကျီသည် စစ်ရေးအကျပ်အတည်း အခြေအနေကို ကောင်းစွာ အကဲခတ်မိပြီး၊ အခွင့်ကောင်းကို အရယူကာ အချိန်ကိုက် ဝင်ရောက်စွက်ဖက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်၏။
သို့ပေမည့် ဤစကား ထွက်ပေါ်လာသည်နှင့် တပြိုင်နက် အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များ အားလုံး ချက်ချင်း သတိထားမိသွားကြသည်။
အောက်ရှင်း အပေါ် ရန်ငြိုးထားသူ အများအပြား ရှိနေကြောင်း ထင်ရှားလေသည်။ အဘယ်ကြောင့်ဆိုသော် ဤလူသည် အလွန် ဖြောင့်မတ်တည်ကြည်လွန်းပြီး သူသာ အာဏာကို ချုပ်ကိုင်ထားပါက လူတိုင်း၏ အကျိုးအမြတ်များ ထိခိုက်နစ်နာသွားမှာ ဖြစ်သောကြောင့်ပင်။
အကယ်၍ သူ့ကို တောင်ပိုင်း စစ်သေနာပတိချုပ်အဖြစ် ပြန်လည် ခန့်အပ်လိုက်မည်ဆိုပါက ယခင်က သူတို့ ခိုးစားထားသော အကျိုးအမြတ်များကို ပြန်လည် အန်ထုတ်ရမည် မဟုတ်ပါလား။
ဤကဲ့သို့သော စိတ်ခံစားချက်ကို ဧကရာဇ်ဟောင်း နှင့် အောက်ယွီ တို့ ရှင်းလင်းစွာ ခံစားမိကြသည်။
ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “အောက်ရှင်းရဲ့ ဖျောက်ချီ စစ်သူကြီးချုပ် ရာထူးကို ရုပ်သိမ်းလိုက်တာတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ ဘွဲ့ကိုပါ ရုပ်သိမ်းလိုက်တာကတော့ သိပ်မသင့်တော်ပါဘူး။ ဒီလိုလုပ်ရင် ဘယ်လိုလဲ။ အောက်တုန်းက အနောက်ဘက် နယ်စပ်ကို စောင့်ရှောက်ရတာ ပင်ပန်းတဲ့အတွက် သူ့ကို ဖိန်ရှီးဟောက် အဖြစ် ခန့်အပ်လိုက်မယ်။ အောက်ရှင်းကို နုလန်ဟောက် ဘွဲ့ ပြန်ပေးလိုက်မယ်။ ဘယ်လိုလဲ။”
ဧကရာဇ်က ပြန်ပြောလိုက်သည်။ “ခမည်းတော်ရဲ့ အမိန့်တော် အတိုင်းပါပဲ။”
ဧကရာဇ်ဟောင်းက မေးလိုက်၏။ “အောက်မင်... ခင်ဗျားအဖေရဲ့ကိစ္စနဲ့ ပတ်သက်ပြီး ခင်ဗျား ဘယ်လို ထင်လဲ။”
အောက်မင်က ဦးညွတ်လျက် လျှောက်တင်လိုက်သည်။ “ဧကရာဇ်ဟောင်းက ကျုပ်တို့ အောက်မိသားစုကို ဒီလောက်တောင် ချစ်ခင်မြတ်နိုးပြီး တစ်မိသားစုတည်းမှာ ဟောက် ဘွဲ့ နှစ်ခုတောင် ပေးသနားတဲ့အတွက် ကျုပ် အရမ်းကို ဝမ်းသာပီတိ ဖြစ်ရပါတယ်။ ဖခင်ကိုယ်စား ဧကရာဇ်ဟောင်းရဲ့ကျေးဇူးတော်ကို ကျေးဇူးတင်ပါတယ်။”
ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “အဲဒါဆို ဒီနေ့တော့ ဒီလောက်ပဲ ထားလိုက်ကြတာပေါ့။ မနက်ဖြန် ညီလာခံကျမှ ဆက်ဆွေးနွေးကြတာပေါ့။”
ထိုနေရာတွင် ရှိနေသော အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များ အားလုံး ဒူးထောက် နှုတ်ဆက်ကြပြီးနောက် ညီလာခံမှ တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားကြတော့သည်။
ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “ဧကရာဇ်...ကိုယ်တော်ကို ချန်အန်းနန်းဆောင်ထဲ တွန်းပို့ပေးလို့ ရမလား။”
ဧကရာဇ်က ပြန်ပြောလိုက်သည်။ “သားတော် အမိန့်တော်ကို ခံယူပါတယ်။”
ချန်အန်း နန်းဆောင်သို့ ပြန်ရောက်ပြီးနောက် ဧကရာဇ်ဟောင်းက ထပ်ပြောလိုက်၏။ “ဧကရာဇ်... အရင်တုန်းက အနောက်ဘက် ဆင်ခြေဖုံးက ရှန်ချင်းနန်းဆောင်မှာရှိတဲ့ အစေခံတွေ၊ မိန်းမစိုးတွေကို ကိုယ်တော် သုံးရတာ အဆင်ပြေနေပြီမို့ သူတို့ကို ပြန်ခေါ်ပေးပါ။”
ဧကရာဇ်က ပြန်ပြောလိုက်သည်။ “သားတော် အမိန့်တော်ကို ခံယူပါတယ်။”
ဤသည်မှာ ယနေ့ညတွင် သူ အပြောအများဆုံး စကားပင် ဖြစ်၏။
ဧကရာဇ်က မေးလိုက်သည်။ “ဟုတ်သားပဲ... တော်ဝင် သက်တော်စောင့်တပ်ရဲ့ ဒု-တပ်မှူး လီထျဲ့ရှင်း ရှိသေးလား။”
ဧကရာဇ်က ပြန်မဖြေဘဲ မိန်းမစိုးအိုကြီး ဟောက်ချန်က ပြန်ဖြေလိုက်၏။ “အရှင်မင်းမြတ်ကို လျှောက်တင် ပါတယ်။ လီထျဲ့ရှင်း ဟာ နေမကောင်းလို့ အိမ်မှာ အနားယူနေပါတယ်။”
ဧကရာဇ်ဟောင်းက ပြောလိုက်သည်။ “သာမန် ဖျားနာတာလေးကို အိမ်မှာ အနားယူစရာ လိုလို့လား။ တိုင်းပြည်က အခက်အခဲ ဖြစ်နေတဲ့ အချိန်မှာ သူ့ကို အခုချက်ချင်း အလုပ်ပြန်ဆင်းခိုင်းလိုက်။”
မိန်းမစိုးအိုကြီးဟောက်ချန်က ပြန်ပြောလိုက်၏။ “ကျုပ် အခုပဲ အမိန့်တော် သွားပို့ခိုင်းလိုက်ပါ့မယ်။”
ဧကရာဇ်ဟောင်းက ပြောလိုက်သည်။ “ခင်ဗျားကိုယ်တိုင် သွားစရာ မလိုပါဘူး။ ဟောက်ကျန့်ကို သွားခိုင်းလိုက်ပါ။ သူက ငယ်လည်း ငယ်သေးတယ်၊ ခြေလက်လည်း သန်စွမ်းသေးတယ်လေ။”
ပေါ့ပေါ့ပါးပါး စကားတစ်ခွန်းဖြင့် မိန်းမစိုးအိုကြီး ဟောက်ကျန့်သည် ဧကရာဇ် သင်္ချိုင်းမှနေ၍ ပြန်လည် ခေါ်ဆောင်ခံရပြီး အဆင့်အမြင့်ဆုံး မိန်းမစိုး တစ်ဦး ဖြစ်လာခဲ့တော့၏။
ထို့နောက် ဧကရာဇ်ဟောင်းက ထပ်ပြောလိုက်သည်။ “ကလေးမလေး ရှန်ရှန်းကို မတွေ့ရတာ တော်တော်ကြာပြီ။ အရမ်း လွမ်းနေပြီ။ သူ့ကို လာတွေ့ခိုင်းလိုက်ပါ။ မကြာသေးခင်က သူ့ရဲ့ စောင်းတီးတဲ့ ပညာတွေများ ကျဆင်းသွားပြီလား မသိဘူး။ ဧကရာဇ်လည်း နေပြီး နားထောင်သွားပါလား။”
ဧကရာဇ်က ပြန်ပြောလိုက်၏။ “ကောင်းပါပြီ။ သားတော်လည်း ခမည်းတော်နဲ့အတူ နားထောင်ပါ့မယ်။”
မကြာမီမှာပင် မင်းသမီး ရှန်ရှန်း သည် ချန်အန်းနန်းဆောင် အတွင်းသို့ ဝင်ရောက်လာတော့၏။ သူမသည် အကျယ်ချုပ် ချခံထားရသည်မှာ လပေါင်းများစွာကြာမြင့်နေပြီဖြစ်ရာ ဧကရာဇ်ဟောင်းကို မြင်တွေ့ရချိန် မှာတော့ ငိုကြွေးလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း လုံးဝ မငိုကြွေးခဲ့ချေ။
သူမ ဝင်ရောက်လာသည်နှင့် တပြိုင်နက် ပြုံးရွှင်စွာဖြင့် နှုတ်ဆက်လိုက်ရာ ချန်အန်းနန်းဆောင် တစ်ခုလုံး ပန်းများ ပွင့်လန်းသွားသကဲ့သို့ ဖြစ်သွားတော့၏။
သူမသည် မကြာသေးမီက မည်သည့်ကိစ္စမှ မဖြစ်ပွားခဲ့သကဲ့သို့၊ မည်သည့် ဆင်းရဲဒုက္ခကိုမှ မခံစားခဲ့ရသကဲ့သို့ပင် ဖြစ်နေသည်။
......................