အခန်း ၅၅၃
Vol. 47 Ch. 553
အပိုင်း (၅၅၃)
နာရီဝက်ခန့် အကြာတွင် ယွီကျန်း သည် ညီလာခံသို့ ရောက်ရှိလာပြီး တော်ဝင်တရားရုံး အကြီးအကဲ၏ အရာရှိ ဝတ်စုံကို နေရာမှာတင် ဝတ်ဆင်လိုက်တော့၏။
ချက်ချင်းပဲ သူ၏ စိတ်နှလုံးထဲတွင် အလွန် စိတ်လှုပ်ရှားသွားရတော့သည်။ ‘နှစ်ပေါင်း ဘယ်လောက်တောင် ကြာသွားပြီလဲ။ အခုမှပဲ ဒီ အရာရှိ ဝတ်စုံကို ပြန်ဝတ်ခွင့် ရတော့တယ်။’
အမှန်တကယ်၌ အမတ်ကြီး ယွီကျန်း သည် ဝန်ကြီးဌာန ခြောက်ခုကို အုပ်ချုပ်ရန် တစ်ခါမှ မတွေးဖူးခဲ့သလို နိုင်ကော် အတွင်းသို့ ဝင်ရောက်ရန်လည်း မတွေးဖူးခဲ့ချေ။ သူ၏ တစ်သက်တာ အမြင့်ဆုံး ရည်မှန်းချက်မှာ စုံစမ်းစစ်ဆေးရေးရုံးအကြီးအကဲ ဖြစ်လာရန်ပင် ဖြစ်၏။
သို့ပေမည့် သူသည် အလွန် ဖြောင့်မတ်လွန်းသောကြောင့် ရာထူးများ တဖြည်းဖြည်း ကျဆင်းလာခဲ့ပြီး နောက်ဆုံးတွင် သာမန် ပြည်သူ တစ်ယောက် အဖြစ်သို့ပင် ရောက်ရှိသွားခဲ့ရသည်။
သူသည် တစ်နေ့နေ့တွင် ညီလာခံ သို့ ပြန်လည် ရောက်ရှိလာနိုင်လိမ့်မည်ဟု လုံးဝ မထင်မှတ်ခဲ့မိချေ။ ယခင်က သူ၏ကျောင်းသားသည် ယခုအခါ ညီလာခံတွင် သူ၏ အားကိုးရာ ဖြစ်လာခဲ့သည်။ ဤသည်မှာ အမတ်ကြီး ယွီကျန်း၏ ပထမဆုံးအကြိမ် ညီလာခံတွင်ကျောထောက်နောက်ခံ ရှိသည့် ခံစားချက်ကို ရရှိခြင်း ဖြစ်၏။
အမတ်ကြီး ယွီကျန်း သည် အောက်ယွီ ရှိရာသို့ တစ်ချက်ကြည့်လိုက်မိသည်။ အကယ်၍ အခြားကျောင်းသား တစ်ဦးဖြစ်သူ စုမန် သာ ရှိနေသေးပါက ဤအချိန်သည် သူ၏ အရည်အချင်းများကို အပြည့်အဝ ပြသနိုင်မည့် အချိန်ပင် ဖြစ်ပေလိမ့်မည်။
အရာရှိ ဝတ်စုံကို ဝတ်ဆင်လိုက်ပြီးနောက် အမတ်ကြီး ယွီကျန်း၏ စိတ်နှလုံးထဲတွင် တိုက်ခိုက်လိုစိတ်များ ပြည့်နှက်လာတော့၏။ နှစ်ပေါင်းများစွာ မြိုသိပ်ထားခဲ့ရသော မတရားမှုများကို ဖော်ထုတ်ရန် သူ၏ ဓားသည် ထက်မြက်နေဆဲလား။ သွေးစွန်းနိုင်သေးလား ဆိုသည်ကို မကြာမီ သိရတော့မှာဖြစ်သည်။
ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “ယွီကျန်း... ခင်ဗျား အရင်ဆုံး တော်ဝင်တရားရုံးရဲ့ နေရာကို ပြန်သွားလိုက်။ တင်ပြစရာ ရှိရင် ဒီကိစ္စပြီးမှ တင်ပြပါ။”
ယွီကျန်းက ပြန်ပြောလိုက်သည်။ “ကျုပ် အမိန့်တော်ကို ခံယူပါတယ်။”
ထို့နောက် သူသည် လူသတ်လိုသော အရိပ်အယောင်များဖြင့် တော်ဝင်တရားရုံး၏ နေရာသို့ ပြန်လည် ဝင်ရောက်သွားတော့၏။
ဧကရာဇ်ဟောင်းက မေးလိုက်သည်။ “တော်ဝင်တရားရုံး အကြီးအကဲနေရာအတွက် အသင့်တော်ဆုံးသူကို ရှာတွေ့သွားပြီ ဆိုတော့ တရားလွှတ်တော်ချုပ် အကြီးအကဲ နေရာအတွက်ကော။ အရာရှိရွေးချယ်ခန့်ထားရေး ဝန်ကြီးဌာနက အကြံပြုချင်တဲ့သူ ရှိလား။”
ယခုအချိန်တွင် အရာရှိရွေးချယ်ခန့်ထားရေး ဝန်ကြီး ရှီထျန်းဖန် အနေဖြင့် စကားပြောရန် အဆင်မပြေတော့ချေ။ အဘယ်ကြောင့်ဆိုသော် သူ၏ လက်အောက်တွင် ဒု-ဝန်ကြီး နှစ်ဦး ရှိနေသေးသောကြောင့် သူ တစ်ယောက်တည်း အားလုံးကို သိမ်းပိုက်ထားရန် မသင့်တော်သောကြောင့် ဖြစ်၏။
ချက်ချင်းပဲ အရာရှိရွေးချယ်ခန့်ထားရေး ဝန်ကြီးဌာန၏ လက်ဝဲ ဒု-ဝန်ကြီးက လျှောက်တင်လိုက်သည်။ “ဧကရာဇ်ဟောင်း၊ ဧကရာဇ်မင်းမြတ်... ကျုပ်ကတော့ ယခင် တရားလွှတ်တော်ချုပ် ဒု-အကြီးအကဲ ကျန်းဝမ်ချန် ကို အကြံပြုချင်ပါတယ်။”
အရာရှိရွေးချယ်ခန့်ထားရေး ဝန်ကြီးဌာန၏ လက်ယာ ဒု-ဝန်ကြီးက လျှောက်တင်လိုက်၏။ “ဧကရာဇ်ဟောင်း၊ ဧကရာဇ်မင်းမြတ်... ကျုပ်ကတော့ ပိုကျိုးမြို့စား မင်ကျင်းယွမ်ကို အကြံပြုချင်ပါတယ်။”
တရားလွှတ်တော်ချုပ် အကြီးအကဲ နေရာအတွက် ပြိုင်ဆိုင်မှု စတင်လာပြီဖြစ်ပြီး အရာရှိရွေးချယ်ခန့်ထားရေး ဝန်ကြီးဌာန၏ ဒု-ဝန်ကြီး နှစ်ဦးက မတူညီသော သူများကို အကြံပြုလာသောကြောင့် ရှီထျန်းဖန်၏ မျက်နှာ အနည်းငယ် ပျက်သွားတော့သည်။
တရားလွှတ်တော်ချုပ် အကြီးအကဲ ရွေးချယ်ရေးကိစ္စကိုပင် အရာရှိရွေးချယ်ခန့်ထားရေး ဝန်ကြီးဌာနက တညီတညွတ်တည်း မဆုံးဖြတ်နိုင်ခြင်းသည် သူ ရှီထျန်းဖန်၏ အရည်အချင်း မရှိမှုကို ပြသရာ ရောက်နေသည် မဟုတ်ပါလား။
သို့ပေမည့် တခြားနည်းလမ်း မရှိချေ။ အရာရှိရွေးချယ်ခန့်ထားရေး ဝန်ကြီးဌာန၏ လက်ယာ ဒု-ဝန်ကြီးသည် ဧကရာဇ်ဟောင်းကို ထောက်ခံသူ ဖြစ်ပြီး၊ လက်ဝဲ ဒု-ဝန်ကြီးသည် လင်ကုန်း၏ အဖွဲ့အစည်းမှဖြစ်ကာ ဧကရာဇ်ကို ထောက်ခံသူ ဖြစ်သည်။
တော်ဝင်တရားရုံး အကြီးအကဲ နေရာအတွက် ဧကရာဇ်၏ အဖွဲ့အစည်းသည် မည်သူကမှ ယွီကျန်းကို မယှဉ်နိုင်ကြောင်း သိရှိထားကြသည်။ သူ၏ အပြစ်ကင်းစင်မှုကို အလွယ်တကူ သက်သေပြနိုင်ပြီး သူ၏ အတွေ့အကြုံများမှာလည်း အလွန် ရင့်ကျက်နေပြီဖြစ်ရာ တော်ဝင်တရားရုံး အကြီးအကဲ သာမက စုံစမ်း စစ်ဆေးရေးရုံးအကြီးအကဲ နေရာအတွက်ပင် လုံလောက်နေ၏။
သို့ပေမည့် ဤ တရားလွှတ်တော်ချုပ် အကြီးအကဲ နေရာကိုမူ လုံးဝ အလျှော့ပေး၍ မရနိုင်ချေ။ တရား လွှတ်တော်ချုပ် ဒု-အကြီးအကဲ ကျန်းဝမ်ချန် သည် တရားလွှတ်တော်ချုပ်၏ ဒုတိယ အကြီးအကဲ ဖြစ်သောကြောင့် ရာထူးတိုးမြှင့်ခံရခြင်းမှာ ပုံမှန်သာ ဖြစ်သည်။
မင်ကျင်းယွမ် သည်လည်း အောက်ယွီ၏ ဆရာများအနက် တစ်ဦးဖြစ်ပြီး ထိုစဉ်က ချန်လန်ပြည်နယ်၏ ပြည်နယ် စာမေးပွဲတွင် ဒုတိယ စစ်ဆေးသူ ဖြစ်ခဲ့၏။
သူသည် မူလက မြို့တော် အရာရှိ တစ်ဦးဖြစ်ပြီး ချန်လန် ပြည်နယ်၏ ဒုတိယ စစ်ဆေးသူအဖြစ် တာဝန်ယူ ပြီးနောက် စာမေးပွဲ မသမာမှု အမှုကို ဖြေရှင်းရာတွင် အကျိုးဆောင်မှု ရှိခဲ့သောကြောင့် ပိုကျိုး မြို့စား အဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရသည်။
သူသည် စတုတ္ထအဆင့် အရာရှိ တစ်ဦး ဖြစ်သောကြောင့် တရားလွှတ်တော်ချုပ် အကြီးအကဲ အဖြစ် တိုက်ရိုက် ရာထူးတိုးမြှင့်ခံရရန်မှာ အမှန်တကယ်ပင် အလွန် ခက်ခဲလေသည်။ နောက်ဆက်တွဲ အနေဖြင့် အဖွဲ့နှစ်ဖွဲ့သည် တရားလွှတ်တော်ချုပ် အကြီးအကဲ နေရာ အတွက် အပြင်းအထန် အချေအတင် ဆွေးနွေးကြတော့၏။
နောက်ဆုံးတွင် အရာရှိရွေးချယ်ခန့်ထားရေး ဝန်ကြီး ရှီထျန်းဖန်က ပြောလိုက်သည်။ “ဒါဆိုရင်လည်း... ယခင် တရားလွှတ်တော်ချုပ် ဒု-အကြီးအကဲ ကျန်းဝမ်ချန်ကို တရားလွှတ်တော်ချုပ် အကြီးအကဲအဖြစ် ရာထူးတိုးပေးပြီး၊ ပိုကျိုးမြို့စား မင်ကျင်းယွမ်ကို တရားလွှတ်တော်ချုပ် ဒု-အကြီးအကဲ အဖြစ် ရာထူးတိုးပေးလိုက်တာက ပိုကောင်းပါတယ်။”
ဤစကား ထွက်ပေါ်လာချိန်မှာတော့ နှစ်ဖက်စလုံး ငြိမ်သက်သွားကြတော့၏။
ဧကရာဇ်ဟောင်းက ပြောလိုက်သည်။ “ရှီထျန်းဖန်ရဲ့ ဒီစကားက တိုင်းပြည်အတွက် စဉ်းစားတဲ့ စကားပါ။ ဧကရာဇ်... မင်း ဘယ်လို ထင်လဲ။
ဧကရာဇ်က ပြန်ပြောလိုက်၏။ “သားတော်က ဧကရာဇ်ဟောင်းရဲ့ ဆုံးဖြတ်ချက် အတိုင်းပါပဲ။”
‘အရှင်မင်းမြတ်... ဒီတစ်ခွန်းတည်းပဲ တတ်တာလား။ အသံဖမ်းစက်လား။’
သို့ပေမည့် ဤ တရားလွှတ်တော်ချုပ် အကြီးအကဲ နေရာအတွက် အားပြိုင်မှုတွင် ဧကရာဇ်သည် အရှုံးမပေးခဲ့ဘဲ အနည်းဆုံးတော့ တရားလွှတ်တော်ချုပ် အကြီးအကဲ နေရာကို ရယူနိုင်ခဲ့သည်။
ဤအားပြိုင်မှုကြီးသည် နောက်ဆုံးတွင် အနည်းငယ် ငြိမ်သက်သွားပြီး လူတိုင်းလည်း အနည်းငယ် စိတ်သက်သာရာ ရသွားကြ၏။
သို့ပေမည့် သတိထားမိသူများကမူ အောက်ယွီ သည် ဤအားပြိုင်မှုတွင် အကြီးမားဆုံး အကျိုးအမြတ် ရရှိသူ ဖြစ်ကြောင်း တွေ့ရှိလိုက်ရ၏။ အဘယ်ကြောင့်ဆိုသော် သူ၏ ပြည်နယ် စာမေးပွဲတွင် ကြုံခဲ့ရသော ဆရာ နှစ်ဦးစလုံးသည် အဆင့်မြင့် အရာရှိကြီးများ အဖြစ် ရာထူးတိုးမြှင့်ခံလိုက်ရသောကြောင့် ဖြစ်သည်။
ပဉ္စမအဆင့် အရာရှိငယ်လေး တစ်ယောက်က အဆင့်မြင့် အရာရှိကြီး နှစ်ဦးကို ရာထူးတိုးမြှင့်ပေးနိုင်ခဲ့သည်မှာ အမှန်တကယ် လူငယ် အာဏာရှင် တစ်ဦးဖြစ်လို့နေ၏။
ဤသို့ဖြင့် ညီလာခံ ကျင်းပနေသည်မှာ ငါးနာရီခန့် ရှိနေပြီဖြစ်ရာ ပြီးဆုံးသင့်ပြီ မဟုတ်ပါလား။ ယနေ့အတွက် အရေးကြီးသောကိစ္စများလည်း ဆွေးနွေးပြီးသွားပြီ မဟုတ်ပါလား။
သို့ပေမည့် ထိုအချိန်တွင် ယွင်ကျုံးဟဲ့ ထွက်လာပြီး ပြောလိုက်၏။ “ဧကရာဇ်ဟောင်း၊ ဧကရာဇ်မင်းမြတ်... ကျုပ်မှာ လျှောက်တင်စရာ ရှိပါတယ်။”
ဤစကား ထွက်ပေါ်လာချိန်မှာတော့ လူတိုင်း အနည်းငယ် တုန်လှုပ်သွားကြတော့သည်။ ‘အောက်ယွီ... ခင်ဗျား ဘာလုပ်ချင်နေတာလဲ။ ဒီနေ့ ခင်ဗျားရဲ့ အောင်မြင်မှုတွေက အရမ်းကြီးမားနေပြီလေ။ ခင်ဗျားရဲ့ ဆရာ နှစ်ယောက်လုံး အဆင့်မြင့် အရာရှိကြီးတွေ ဖြစ်သွားပြီပဲ။ ခင်ဗျား ဘာလိုချင်သေးတာလဲ။’
ဧကရာဇ်ဟောင်းက အမိန့်ပေးလိုက်၏။ “နုလန်ဟောက်... ပြောပါ။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ကျုပ် နိုင်ကော်မှာ လန်ကျိုးကနေ လာတဲ့ အစီရင်ခံစာ ဆယ်စောင်ကျော်လောက် လက်ခံရရှိထားပါတယ်။ တချို့က လန်ကျိုးက ခရိုင်ဝန်တွေဆီက ဖြစ်ပြီး တချို့ကတော့ လန်ကျိုးမြို့စား ဆီကပါ။ ဒါပေမဲ့ အားလုံးကကိစ္စတစ်ခုတည်းကို ပဲ အစီရင်ခံထားတာပါ။ လန်ကျိုးက ဒုက္ခသည်တွေကို ဝေငှပေးတဲ့ ဆန်တွေထဲမှာ ပုပ်သိုးနေတဲ့ ဆန်တွေ အများကြီး ပါဝင်နေတယ်တဲ့။”
ဧကရာဇ်ဟောင်းကမေးလိုက်၏။ “အင်း... အဲဒီ အစီရင်ခံစာတွေ ဘယ်မှာလဲ။”
ယွင်ကျုံးဟဲ့ သည် အစီရင်ခံစာ အထပ်လိုက်ကို တင်ပြလိုက်ပြီး ဧကရာဇ်ဟောင်းနှင့် ဧကရာဇ်တို့ကို ဖတ်ရှုစေလိုက်သည်။
အမတ်များသည် ဤစကားကို ကြားရချိန်မှာတော့ အနည်းငယ် အံ့ဩသွားကြ၏။ ‘ဒုက္ခသည်တွေကို ဝေငှတဲ့ ဆန်တွေက သေချာပေါက် ဆန်ဟောင်းတွေပဲ ဖြစ်မှာပေါ့။ အသက်ရှင်ဖို့ လမ်းစ ရတာကိုပဲ ကျေးဇူးတင်သင့်တာ၊ ဘာတွေ အများကြီး ရွေးချယ်နေသေးတာလဲ။ အောက်ယွီ... ခင်ဗျား ဒီလောက် သေးငယ်တဲ့ကိစ္စကို ကြီးကျယ်အောင် လုပ်ပြီး ဘာလုပ်ချင်နေတာလဲ။’
ဧကရာဇ်ဟောင်းသည် ဤအစီရင်ခံစာများကို ကြည့်ရှုပြီးနောက် မျက်နှာ ချက်ချင်း အေးစက်သွားပြီး ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “ဘဏ္ဍာရေးဝန်ကြီးဌာန... ဒါ ဘယ်လို ဖြစ်တာလဲ။ လန်ကျိုးက ဒုက္ခသည်တွေက အရမ်းကို ဆင်းရဲဒုက္ခ ရောက်နေကြပြီ။ နေ့တိုင်း အလုပ်တွေ အများကြီး လုပ်ရပေမယ့် ဆန်ပြုတ် နှစ်ပန်းကန် လောက်နဲ့ပဲ အသက်ဆက်နေရတာကို ပုပ်သိုးနေတဲ့ ဆန်တွေ သွားပေးရသလား။ ပြီးတော့ လန်ကျိုးရဲ့ တပ်တော်တွေ၊ လန်ကျိုး ရေတပ်တွေကလည်း ဒီဆန်တွေကို စားနေရတာနော်။”
ဘဏ္ဍာရေး ဝန်ကြီး၏ မျက်နှာ ပျက်ယွင်းသွားတော့၏။ ‘ဒါက ဘာအဓိပ္ပာယ်လဲ။ ဧကရာဇ်ဟောင်းက ကျုပ်ကို အပြစ်ပေးချင်နေတာလား။ အဲဒီတုန်းက ကျုပ်က ဒူးထောက်ပြီး ဧကရာဇ်ဟောင်း အာဏာ ပြန်လုတာကို မထောက်ခံခဲ့လို့လား။
ဧကရာဇ်ဟောင်း... ခင်ဗျားက အရမ်းကို အလောတကြီး ဖြစ်လွန်းမနေဘူးလား။ ကျုပ်က ဝန်ကြီးဌာန ခြောက်ခုက ဝန်ကြီး တစ်ယောက်လေ။ အခုချိန်မှာ ခင်ဗျားရဲ့ အကြီးမားဆုံး ရန်သူက ကျိန့်ဟိုင်မြို့စား မဟုတ်ဘူးလား။ ကျိန့်ဟိုင်မြို့စားရဲ့ ပုန်ကန်မှုကို မနှိမ်နင်းနိုင်သေးဘဲနဲ့ နန်းတွင်းက အမတ်တွေကို အပြစ်ပေးဖို့ လုပ်နေတာ အရမ်းကို စောလွန်းမနေဘူးလား။ ဧကရာဇ်မင်းမြတ်က အမတ်တွေနဲ့ ပူးပေါင်းပြီး ပြန်လည် တိုက်ခိုက်လာမှာကို မကြောက်ဘူးလား။’
ချက်ချင်းပဲ ဘဏ္ဍာရေး ဝန်ကြီးသည် အလျင်အမြန် ထွက်လာပြီး လျှောက်တင်လိုက်သည်။ “ဧကရာဇ်ဟောင်း၊ ဧကရာဇ်မင်းမြတ်ကို လျှောက်တင်ပါတယ်။ ဘဏ္ဍာရေး ဝန်ကြီးဌာနက စုဆောင်းထားတဲ့ ဆန်တွေဟာ ဆန်သစ်တွေ မဟုတ်ပေမယ့် နှစ်နှစ်အတွင်းက ဆန်တွေ ဖြစ်လို့ လုံးဝ ပုပ်သိုးနေတာမျိုး မဖြစ်နိုင်ပါဘူး။ လုံးဝ မဖြစ်နိုင်ပါဘူး။”
ဧကရာဇ်ဟောင်းက မေးလိုက်၏။ “လန်ကျိုးကို ပို့တဲ့ ဆန်တွေက လုံးဝ မပုပ်သိုးဘူးဆိုတာ ခင်ဗျား သေချာလား။”
ဘဏ္ဍာရေး ဝန်ကြီးက ပြန်ဖြေလိုက်သည်။ “သေချာပါတယ်။ လုံးဝ မပုပ်သိုးပါဘူး။”
ဧကရာဇ်ဟောင်းက အေးစက်စက်ဖြင့် ပြောလိုက်၏။ “ဒါဆို လန်ကျိုးရဲ့ အမတ်တွေထဲက တစ်ယောက်ယောက်ကများ ကိုယ်ကျိုးအတွက် အလွဲသုံးစား လုပ်ပြီး ငွေရှာနေတာလား။ ကျိုးလီက အထူးကိုယ်စားလှယ် အဖြစ် ဘယ်လို အလုပ် လုပ်နေတာလဲ။
လူတိုင်း အနည်းငယ် အံ့ဩသွားကြတော့သည်။ ‘ကျိုးလီက ခင်ဗျားကို အသေအလဲ ထောက်ခံသူတစ်ဦး ဖြစ်ပါလျက် သူ့ကိုပါ အပြစ်တင်နေတာလား။’
ထိုအချိန်တွင်ပင် အပြင်ဘက်မှ အသံကျယ်ကျယ်ဖြင့် အော်ဟစ်သံများ ထွက်ပေါ်လာတော့၏။ “ဧကရာဇ်ဟောင်း၊ ဧကရာဇ်မင်းမြတ်... လန်ကျိုးကနေ အရေးပေါ်သတင်း ရောက်လာပါတယ်။ လန်ကျိုးကနေ အရေးပေါ်သတင်း ရောက်လာပါတယ်။”
ဧကရာဇ်ဟောင်းက ပြောလိုက်သည်။ “လန်ကျိုးက ဘာပြဿနာတွေ ဖြစ်လာပြန်ပြီလဲ။ သူ့ကို ဝင်လာခိုင်းလိုက်။”
ခဏအကြာတွင် ဖုန်ပေကျံနေသော လူတစ်ဦး ဝင်ရောက်လာပြီး ဒူးထောက်ကာ လျှောက်တင်လိုက်၏။ “ကျုပ် နန်ကုန်းလျူ... ဧကရာဇ်ဟောင်းကို အရိုအသေပေးပါတယ်။ ဧကရာဇ်မင်းမြတ်ကို အရိုအသေပေးပါတယ်။ လန်ကျိုးမှာ ပြဿနာကြီးသွားပါပြီ။ ပြဿနာကြီးသွားပါပြီ။”
ဧကရာဇ်ဟောင်းက မေးလိုက်သည်။ “ပြောစမ်း။”
နန်ကုန်းလျူက ပြောလိုက်၏။ “နန်းတွင်းကနေ လန်ကျိုးကို ပို့လိုက်တဲ့ ဆန်တွေက ပုပ်သိုးပြီး အစိမ်းရောင်တွေတောင် ထွက်နေပါတယ်။ ဒုက္ခသည်တွေ စားပြီးတဲ့နောက်မှာ တစ်ယောက်ပြီး တစ်ယောက် အဆိပ်မိကုန်ကြပါတယ်။
အခု သေကြေဒဏ်ရာရသူ အရေအတွက်က သုံးထောင်ကျော်နေပါပြီ။ ပြီးတော့ ဆက်တိုက် တိုးလာနေပါတယ်။ အထူးကိုယ်စားလှယ် မင်းသားက ချန်ဟိုင်ပြည်နယ် တစ်ခုလုံးက သမားတော်တွေကို ခေါ်ယူထားပေမယ့် သေဆုံးသူ အရေအတွက် တိုးလာတာကို မတားဆီးနိုင်သေးပါဘူး။”
ဤစကား ထွက်ပေါ်လာချိန်မှာတော့ ညီလာခံ တစ်ခုလုံး အံ့ဩတုန်လှုပ်သွားကြတော့၏။ ဤကိစ္စသည် အမှန်တကယ်ပင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အလွန် ရူးသွပ်မိုက်မဲစွာဖြင့် လုံးဝ ပုပ်သိုးနေသော ဆန်များကို ဒုက္ခသည် များကို စားသုံးစေရန် ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
သာမန် ပုပ်သိုးမှုမျိုးဆိုလျှင် လူမသေနိုင်ချေ။ ယခု ဤဆန်များသည် လုံးဝ ပုပ်သိုးနေပြီး မှိုဆိပ်များ မည်မျှအထိ ပါဝင်နေမည်နည်း။ စားသုံးလိုက်ပါက သေချာပေါက် အများအပြား သေဆုံးသွားမှာဖြစ်၏။
ဧကရာဇ်ဟောင်း သည် ဒေါသထွက်လွန်းသောကြောင့် တစ်ကိုယ်လုံး တုန်ယင်လာပြီး တုန်ယင် အက်ကွဲနေသည့် အသံဖြင့် ပြောလိုက်သည်။ “ကောင်းကင်ဘုံက ခွင့်လွှတ်မှာ မဟုတ်ဘူး...ကောင်းကင်ဘုံက ခွင့်လွှတ်မှာ မဟုတ်ဘူး။ ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ အမတ်တွေ... လန်ကျိုးကို ပို့လိုက်တဲ့ ဆန်တွေက မပုပ်သိုးဘူး၊ အဆိပ် မရှိဘူးဆိုတာ ခင်ဗျားတို့ သေချာလား။”
ချက်ချင်းပဲ ဘဏ္ဍာရေး ဝန်ကြီးဌာန၏ အမတ်များ အားလုံး မြေပြင်ပေါ်တွင် ဒူးထောက်ကာ အဆက်မပြတ် ဦးညွတ်လျက် လျှောက်တင်လိုက်ကြ၏။ “ဧကရာဇ်ဟောင်း... ကျုပ်တို့ရဲ့ ခေါင်းတွေနဲ့ အာမခံရဲပါတယ်။ လန်ကျိုးကို ပို့လိုက်တဲ့ ဆန်တွေက ဆန်ဟောင်းတွေ ဖြစ်ပေမယ့် လုံးဝ မပုပ်သိုးပါဘူး။ အရှင်လည်း သိတဲ့အတိုင်း လွန်ခဲ့တဲ့ နှစ်နှစ်ကျော်က တာယင်အင်ပါယာနဲ့ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲမှာ နှစ်ရှည်လများ သိမ်းဆည်းထားတဲ့ ဆန်တွေ အားလုံး စားသုံးကုန်သွားပါပြီ။ ပုပ်သိုးနေတဲ့ ဆန်တွေ ဘယ်မှာ ရှိတော့မှာလဲ။”
ဧကရာဇ်ဟောင်းက အေးစက်စက်ဖြင့် ပြောလိုက်သည်။ “ဒါဆိုရင် တစ်ယောက်ယောက်က လန်ကျိုးကို ပို့မယ့် ဆန်ကောင်းတွေကို ပုပ်သိုးနေတဲ့ ဆန်တွေနဲ့ အစားထိုးပြီး နိုင်ငံတော်ရဲ့ ဘေးအန္တရာယ်ကနေ ငွေရှာနေတာပေါ့။ ချက်ချင်း လူထောင်ချီ သေဆုံးသွားစေတာ ဘယ်လောက်တောင် အံ့ဩတုန်လှုပ်စရာ ကောင်းလိုက်လဲ။ စုံစမ်း... စုံစမ်း... စုံစမ်းကြ...”